← Chapters

ဓားသွေးကျောက်

Vol. 4 Ch. 55

ဓားသွေးကျောက်

Vol. 4 Ch. 55

ချန်လွေ့သည် ခုခံနေရသော်လည်း ဂျက်စီ၏အခြေအနေသည် ကြာကြာ မခံနိုင်ကြောင်းကိုမှန်းဆမိပြီး ဉာဏ်သုံး ကာ ရှောင်ရှားနေလိုက်သည်။ပါ့ဂ်လီအို၏ငညစ် လေ့ကျင့် ရေးကို ကျေးဇူးတင်ရပေမည်။ ဂျက်စီ၏ အမြန်နှုန်းသည် ယခင်ထက် ပို၍မြန်လာသော်လည်း အဆိပ်နဂါးထုတ်လွှတ်သည့် အမြင့်ဆုံးဖိအား အဆင့်လောက် မရောက်သေးပေ။ထို့ကြောင့် အရိုက်ခံနေရသော်လည်း အမှောင်နတ်သူငယ်၏ တိုက်ခိုက်မှုများကို ချန်လွေ့ ရှောင်နိုင်နေခြင်းဖြစ်သည်။

ဂျက်စီအဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင် [ ထိမ်းမရ သိမ်းမရ ] ပါရမီကို အသုံးပြုခဲ့သည့် လန့်စ် ကဲ့သို့ပင် အစွမ်းအား လျော့ကျလာတော့သည်။

ချန်လွေ့သည် အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်သည်။ချန်လွေ့ ပြန်တိုက်ရန်ပြန်လိုက်စဉ် ဂျက်စီသည် နှာမှုတ်လိုက်ပြီး အမြင့်ကြီးခုန်လိုက်ကာ အပေါ်စီးမှ ဓားမြှောင်နှစ်လက်ဖြင့် ထိုးချလိုက်သည်။ဤကဲ့သို့ လေထဲတိုက်ခိုက်မှုသည် ကြမ်းတမ်းသော်လည်း လေထဲတွင် အထောက်အပံ့မရှိသည့်အတွက် အလွယ်အတူ ပြန်တိုက်နိုင်ပေသည်။ဂျက်စီကဲ့သို့ အမြန်နှုန်း အမျိုးအစားအတွက် ၎င်းသည် ဉာဏ်မရှိသည့် အကွက်တစ်ကွက်ဖြစ်သည်။

သို့သော်လည်း လေထဲရှိဂျက်စီသည် ရုတ်တရက် ဝေဝါးသွားပြီး ဂျက်စီ၅ယောက်ဖြစ်သွားကာ ချန်လွေ့ဆီသို့တပြိုင်နက် ဆင်းလာကြသည်။ချန်လွေ့ ပြာသွား၏။ထို၅ယောက်ထဲတွင် ၄ယောက်သည် [ နောက်ကျန်ပုံရိပ် ]ဖြစ်သည်ကို ချန်လွေ့သိသည်။သို့သော်လည်း တစ်ယောက်ချင်းစီ၌ “ လျှပ်စီးခန္ဓာကိုယ် ” ရှိနေသည့်အတွက် ထိုကဲ့သို့ အသည်းအသန် အခြေအနေ၌မခွဲခြားနိုင်သည့်အတွက် ချန်လွေ့ အလျင်အမြန် ရှောင်ရှားလိုက်သည်။ဂျက်စီ၅ယောက်သည် အမြန်နှုန်းကိုအဆုံးထိတင်လိုက်ပြီးချန်လွေ့ကို ဝိုင်းထားလိုက်သည်။ ဓားမြှောင်၁၀လက်ကို ချန်လွေ့ ရှောင်မနိုင်တော့ပေ။

၎င်းသည် ဂျက်စီကို အနိုင် အရှုံး ခွဲခြားပေးနိုင်မည့် နောက်ဆုံးနှင့် အစွမ်းထက်ဆုံး အကွက်ဖြစ်သည်။ပရိတ်သတ်များသည် နံပါတ်(၆၄)ကို ပုံရိပ်၅ခု ဝင်တိုက်သည်ကို တွေ့လိုက်ကြသည်။တုန်ခါသွားပြီးနောက်တွင်ပုံရိပ်တစ်ခုသည် နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်လဲကျသွားသည်။

ထိုပုံရိပ်သည် ၅ကိုယ်ခွဲလိုက်သည့် “ ဝံပုလွေလျင် ”ဂျက်စီပင် ဖြစ်သည်။ထိုအချိန်တွင် အမှောင်နတ်သူငယ်လက်ထဲ၌ ဓားမြှောင်မရှိတော့ပေ။တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေပြီး မြေပြင်ပေါ်၌ တစောင်းလဲနေသည်။သူဒဏ်ရာအပြင်းအထန် ရသွားဟန်တူသည်။

ထိုကဲ့သို့ လျှပ်စီးကိုယ်ပွား အသေတိုက်ကွက်ကို ပြိုင်ဘက်ဖြစ်သူက အမှန်တကယ် ဖြေရှင်းနိုင်ခဲ့သည်။ဂျက်စီ၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နေ၏။ထို့ပြင် သူ၏ရင်ဘတ်ကို တစ်ချိန်တည်း၌ လက်သီး၅ချက်ထိသွားခဲ့သည်။ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ‌ ပေါက်ကွဲစွမ်းအားသည် အမှောင်နတ်သူငယ်၏ လက်ကျန် အင်အားကို လုံးဝဖျက်ဆီးလိုက်သည်။

တိုက်ပွဲတစ်ခုလုံး၌ ဂျက်စီသည် ပြိုင်ဘက်ဖြစ်သူကို ဖိနှပ်နေခဲ့ပြီး နံပါတ်(၆၄)၏ တန်ပြန်တိုက်ခိုက်မှုများသည်အောင်မြင်ပုံမရချေ။သို့သော်လည်းနောက်ဆုံးအချိန်၌ဂျက်စီသည် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။အမှန်တကယ်တွင် ဂျက်စီသည် “ ဝံပုလွေလျင် ” ပုံစံအတိုင်း ရန်သူကို တစ်ကွက်တည်းဖြင့် အနိုင်ယူရပေမည်။

မျက်နှာဖုံးဝတ် နံပါတ် (၆၄) သည် ခံစားချက်မဲ့သကဲ့သို့ပင်ဖြစ်သည်။သူသည် ပုခုံးပေါ်မှ ဓားမြှောင်ကို အလျင်အမြန်ဖယ်ရှားလိုက်ပြီး မြေပြင်ပေါ်မှ ဓားမြှောင်ကို ကန်ထုတ်လိုက်သည်။ထို့နောက် သွေးတိတ်အောင် မစောင့်တော့ဘဲဂျက်စီထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။

ဂျက်စီသည် ချဉ်းကပ်လာသည့် မျက်နှာဖုံးနှင့်နတ်ဆိုးကိုကြည့်ပြီး မျက်လုံးများ တဖြည်းဖြည်း အေးချမ်းသွားသည်။လန့်စ်ကဲ့သို့ သူ မတောင်းပန်ခဲ့ဘဲ မေးလိုက်သည်။

“ ငါ့ရဲ့ [ နောက်ကျန်ပုံရိပ် ] ကို မင်းဘယ်လို ဖြေရှင်းလိုက်တာလဲ။ ”

နံပါတ်(၆၄) တိတ်ဆိတ်နေသည်။ပြိုင်ဘက်ဖြစ်သူသည်စကားမပြောချင်ကြောင်းကို ဂျက်စီ သဘောပေါက်သွားပြီး ဆက်မမေးတော့ဘဲ အေးဆေးနေကာ အသတ်ခံရရန်စောင့်နေလိုက်သည်။တိုက်ပွဲဝင်ရန်အတွက် ပြိုင်ကွင်းဆီခြေချပီးသည့် အချိန်မှစ၍ ဂျက်စီသည် သေခြင်း ရှင်ခြင်းကို စွန့်ခွာထားခဲ့သည်။နံပါတ်(၆၄)သည် သူ၏အနှိုင်းမဲ့တိုက်ကွက်၏ဟာကွက်ကို မြင်သွားပြီး သူ၏ခုခံမှုကိုအတင်း ဖျက်စီးရန်အတွက် ဓားချက်ကို သည်းခံထားခဲ့ခြင်းဖြစ်သည်။နံပါတ်(၆၄)သည် အမှန်တကယ်ပင်ရက်စက်ပြီး အစွမ်းထက်လှသည်။

ဂျက်စီသည် ဤကဲ့သို့မသေချင်ကြောင်း ပြောချင်သော်လည်း အရှုံးပေးလိုက်သည်။

ပရိတ်သတ်တို့သည် အမှောင်နတ်သူငယ်ကို သတ်ရန်နံပါတ်(၆၄)အား အော်ဟစ်နေပြီး ပွက်လောရိုက်နေသည်။အမှောင်နတ်သူငယ်ကြောင့် ပိုက်ဆံနိုင်သူများနှင့် ရှံးသူများလည်း အတူတူပင် ဖြစ်သည်။နှစ်မျိုးစလုံးသည် အနိုင်ရရှိသူကို အတူတူပင် လေးစားကြသည်။ ဤ နတ်ဆိုးဘုံဤပြိုင်ကွင်း၌ အနိုင်ရရှိသူသည် ရှင်ဘုရင်ပင် ဖြစ်သည်။

“ ခုနက အကွက်က ပိုပြီး အစွမ်းထက်သင့်တယ်။ ”

နံပါတ်(၆၄)၏အသံ ထွက်လာသည့်အခါပရိတ်သတ်များ တည်ငြိမ်သွားပြီး ပြိုင်ဘက်၏သေဆုံးမှုကို ကြေညာရန် စောင့်နေကြသည်။

ဂျက်စီသည် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ ခုနက မကျွမ်းကျင်သေးတဲ့ အနှိုင်းမဲ့တိုက်ကွက်ပဲ။ငါ့မှာလုံးဝကျွမ်းကျင်ဖို့ အချိန်မရှိလို့။ မဟုတ်ရင်သေရမယ့်သူက မင်းပဲဖြစ်ရမှာ။ ”

နံပါတ်(၆၄) တိတ်ဆိတ်သွားပြန်သည်။ခဏ အကြာတွင်သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ဒါဆိုလည်းအဲ့ဒါကို လုံးဝကျွမ်းကျင်တဲ့အထိ ငါစောင့်ပေးမယ်။ ”

တိုက်ပွဲကို စောင့်ကြည့်နေကြသည့် နတ်ဆိုးများသည်အရှုံးသမား ကို နံပါတ်(၆၄) လွှတ်ပေးလိုက်ကြောင်းတွေ့လိုက်သည့်အခါ ပွက်လောရိုက်သွားပြန်သည်။

ပြိုင်ဘက်ဖြစ်သူက သူ့ကိုမသတ်ကြောင်းတွေ့လိုက်သည့်အခါ ဂျက်စီ အံ့ဩသွားပြီး လွှတ်ခနဲ မေးလိုက်သည်။

“ ဘာလို့လဲ။ ”

“ ငါက ရန်သူတွေကို မသနားတတ်ဘူး။ ”

နံပါတ်(၆၄)၏ အဖြေသည် နတ်ဆိုးကဲ့သို့ပင် ဖြစ်သည်။

“ ငါ့ရဲ့ ကောက်ရိတ်ဓားက ဓားသွေးကျောက်တစ်ခုလိုအပ်နေလို့ပဲ။ ”

အရတ်စ်သည် ချန်လွေ့နှင့် အမှောင်နတ်သူငယ်တို့စကားပြောနေသည်ကို နားထောင်နေသည်။

“ ဓားသွေးကျောက် ” ဟူသောစကားလုံးကို ကြားလိုက်ရသည့်အခါ အရတ်စ်၏ မျက်လုံးများ အရောင်တောက်သွားပြီး မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုထင်ရှားလာသည်။

“ ဓားသွေးကျောက် ဟုတ်လား။”

ဂျက်စီသည် ဒဏ်ရာများကို ဖုံးထားလိုက်ပြီးဖြည်းဖြည်းချင်း ထလိုက်ပြီး အေးစက်စက်ပြောကာလှည့်ထွက်သွားလိုက်သည်။

“ မင်းဒါကို နောင်တရလိမ့်မယ်။ ”

နံပါတ်(၆၄)သည် ဂျက်စီကိုလည်းမကြည့်၊ ပရိတ်သတ်များ၏ မကျေနပ်ချက်များကိုလည်း ဂရုမစိုက်ပေ။သူ အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံများဆီသို့ ကြည့်လိုက်ရာ အရတ်စ်နှင့် အကြည့်ချင်း ဆုံသွားသည်။

တစ်ဖက်မျက်လုံးထဲရှိ ခိုင်မာသည့် ယုံကြည်ချက်ကိုခံစားမိလိုက်ပြီး မဟာနတ်ဆိုးလှောင်ပြုံးပြုံးလိုက်သည်။ထို့နောက် အရတ်စ် ရုတ်တရက်ထလိုက်ပြီး သတ္တုကဲ့သို့ထူးဆန်းသည့်အသံသည် ပြိုင်ကွင်းတစ်ခုလုံးထဲသို့ပျံ့နှံ့သွားသည်။

“ ဒီတိုက်ပွဲမှာ နံပါတ်(၆၄) အနိုင်ရတယ်။နောက်ထပ်ရက်ပေါင်း၂၀ကြာရင် နံပါတ်(၆၄)က အလယ်ဆင့်နတ်ဆိုးမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ “ ဘယ်ရော့ ”ရီကာ ကို စိန်ခေါ်ရမယ်။ ”

[ ဘယ်ရော့ = လက်သည်းများရှိပြီး ကြာပွတ်ကိုင်သည့် မီးနတ်ဆိုး။ ]

ဓားသွေးကျောက် ဟုတ်လား။မင်းလိုချင်ရင် ငါမင်းကို ဆက်ပြီးပေးမယ်။အဲ့ဒါကလည်း အစွမ်းထက်ဆုံးပဲဖြစ်ရမယ်။

ပရိတ်သတ်များသည် ထိုစကားကြောင့် လုံးဝအုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

ဒါက လုံးဝကို စိတ်လှုပ်ရှားစရာပဲ။

နံပါတ်(၆၄)က ဂျက်စီကို ဒီနေ့ အနိုင်ယူလိုက်ပေမယ့်ရီကာက ဘယ်သူလဲ။ ပြိုင်ကွင်းထဲမှာရှိတဲ့ အလယ်ဆင့်နတ်ဆိုးထဲမှာ ရှင်ဘုရင်လေ။အမြင့်ဆင့် နတ်ဆိုးဖြစ်ဖို့ခြေတစ်လှမ်းပဲလိုတဲ့ အစွမ်းထက်ဆုံး အလယ်ဆင့်နတ်ဆိုးပဲ။

ရီကာကို စိန်ခေါ်ရဲသည့် အလယ်ဆင့်နတ်ဆိုး မရှိသည်မှာ အတော်ကြာပြီဖြစ်သည်။မည်သည့် အမြင့်ဆင့်နတ်ဆိုးမှ အရတ်စ်ကို စိန်ခေါ်မရဲ သကဲ့သို့ပင် ဖြစ်သည်။နံပါတ်(၆၄)၏ နောက်ထပ် ပြိုင်ဘက်သည် အလယ်ဆင့်နတ်ဆိုး၏ ရှင်ဘုရင် ဖြစ်လိမ့်မည်ဟုမည်ဟု မည်သူမှမထင်ထားခဲ့ပေ။

ဒါက အလယ်ဆင့်နတ်ဆိုးတွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဖြစ်မှာသေချာတယ်။

ဂျက်စီ ထိတ်လန့်သွားသည်။သူ နောက်ပြန်လှည့်ပြီးနံပါတ်(၆၄)ကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။

အရတ်စ်ကိုယ်တိုင် ပြိုင်ဘက်ရွေးပေးခံရသည့် နံပါတ်(၆၄)သည် စိန်ခေါ်စာကို ကြားပြီးနောက်တွင် အေးအေးဆေးဆေးပင် ရပ်နေ၏၊။ သူ၏ မျက်နှာဖုံးသည် အမူအရာကို ဖုံးပေးနိုင်ကောင်းနိုင်လိမ့်မည်။သို့သော်လည်း မျက်နှာဖုံးနှင့် နတ်ဆိုးသည် အကြောက်အလန့်မရှိဟုဂျက်စီ၏ မသိစိတ်ထဲ၌ ခံစားနေရသည်။

နောက်ဆုံး၌ နံပါတ်(၆၄) တစ်ခုခုပြောလိုက်သည်။၎င်းသည် အရတ်စ်၏ “မသင့်တော်သည့်” အစီအစဉ်ကိုကန့်ကွက်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မဟုတ်ပေ။သူ၏ အက်ကွဲကွဲအသံသည် ထူးထူးခြားခြား တည်ငြိမ်နေ၏။

“ကျုပ်နိုင်ထားတဲ့ငွေ ပြန်ယူလို့ရပြီ ထင်တယ်။”

ကဝေမ မျက်လုံး မှိတ်ပြလိုက်ပြီး ညှို့ဓာတ်အပြည့်ဖြင့်ကနွဲ့ကလျ လမ်းလျှောက်လာသည်။

“ ဒါကရှင် ဒီနေ့လောင်းပြီးတော့ ရလာတဲ့ ဆုလာဒ်ပဲ။ကျွန်မက အစွမ်းထက်တဲ့သူကို သဘောအကျဆုံးပဲ။ကျွန်မနဲ့အတူ အိပ်ယာပေါ်မှာ “အောင်နိုင်သူ” ဂိမ်းကစားဖို့ စိတ်ဝင်စားလား။အခမဲ့ပါပဲ။”

[ “ အောင်နိုင်သူ” ဆိုတဲ့နာမည်ကို ကျန့်ထူ လို့ခေါ်တဲ့အမ်အမ်အိုအာပီဂျီ ဂိမ်းကနေ ယူထားတာပါ။ ]

ချန်လွေ့သည် ပိုက်ဆံအိတ်ကို လက်ခံပြီး ကဝေမကိုထူးထူးဆန်းဆန်းကြည့်လိုက်သည်။ အောင်နိုင်သူတဲ့လား။ဒီနာမည်ကို ရင်းနှီးသလိုပဲ။ သို့သော်လည်း ထိုကဲ့သို့ “အခမဲ့”ဂိမ်းကို ကစားရန်မတတ်နိုင်သည့်အတွက် ချန်လွေ့ ငြင်းလိုက်သည်။

ယနေ့အောင်ပွဲသည် ချန်လွေ၏ ယုံကြည်ချက်ကို ပိုမိုတိုးတက်စေခဲ့သည်။ပို၍ခက်ခဲသည့် ရန်သူများကို ရင်ဆိုင်ရမည် ဖြစ်သောလည်း ချန်လွေ့ လုံးဝမကြောက်ပေ။ချန်လွေ့ စနောက်လိုက်သည်။

“ နောက်တစ်ခါကျရင် မင်းရဲ့ ဝတ်စုံကို ပိုပြီးသီးသန့်လုပ်ထား။ယူနီဖောင်း ဝတ်ထားရင် ပိုကောင်းမယ်။ငါ စိတ်ဝင်စားလောက်တယ်။ ”

နေပါဦး။ယူနီဖောင်းနဲ့ ကဝေမလား။အဲ့ဒါက….ခီရာရဲ့ပုံရိပ်မဟုတ်လား။ ဟုတ်သားပဲ။ တော်ဝင်မင်းသမီးကနောက်နှစ်လကြာရင် ငါ့ကို အမြုတေစုပ် မာယာရှင်ချီးမြှင့်မှာ မဟုတ်လား။အာ..ငါဘာတွေ စဉ်စားနေ…။…အဲ့ဒီသောက် ညှို့ငင်တဲ့ ပါရမီတော့။

ချန်လွေ့ ခေါင်းခါလိုက်ပြီး အတွေးများကို ဖယ်ရှားလိုက်ကာ ထွက်ခွာသွားတော့သည်။

ကဝေမ ကြောင်သွားသည်။သူမသည် ချန်လွေ့ကိုနှောင့်ယှက်ပြီးယူနီဖောင်းအကြောင်း မေးကြည့်ချင်ခဲ့သည်။သို့သော်လည်းချန်လွေ့သည် အမှန်တကယ်ပင် ခေါင်းခါလိုက်ပြီးခံစားချက်ကင်းမဲ့စွာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရလေသည်။

ချန်လွေ့ ပြိုင်ကွင်းမှ ထွက်ခွာပြီးနောက်တွင် လမ်းတစ်ဖက်သို့ ချက်ချင်းသွားလိုက်သည်။သူ၏ လက်ရှိအမြန်နှုန်းသည် သာမန်တော့ မဟုတ်ပေ။မျက်စိတစ်မှိတ်အတွင်း၌ လမ်းသုံးလေးကို ဖြတ်သွားလိုက်ပြီး လူသူကင်းမဲ့သည့် နေရာသို့ရောက်သည့်အခါရပ်တန့်လိုက်သည်။

“ မင်းဘာလို့ ငါ့နောက် လိုက်နေတာလဲ။ ”

ချန်လွေ့ နောက်လှည့်ပြီး မေးလိုက်သည်။

အမှောင်နတ်သူငယ်သည် ချန်လွေ့နောက်တွင်ပေါ်လာပြီး မေးလိုက်သည်။

“ ငါက ရှုံးသွားပြီ။ဘာလို့ ငါ့ကို မင်းရဲ့ ဓားသွေးကျောက်ျဖြစ်စေချင်တာလဲ။ ”

ချန်လွေ့ ပုခုံးတွန့်ပြီး ပြန်ပြောလိုက်သည်။

“ တစ်ယောက်ယောက်မြင်အောင် လုပ်ခဲ့တာလို့ ပြောမယ်ဆိုရင် မင်းယုံမှာလား။ ”

“ ဟမ့်။ငါ့ကို ကလေးထင်နေလား။မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ”

ဂျက်စီသည် စက်ဆုပ်စွာ ခေါင်းခါလိုက်သည်။

ချန်လွေ့ သက်ပြင်းချလိုက်သည်။ ငါ အမှန်အတိုင်း ပြောတယ်လေ။ဒါပေမဲ့ သူမယုံသေးဘူး။ဒီအတွေးများတဲ့ကောင်းကို ရှင်းထုတ်ဖို့ ငါ နည်းလမ်းတစ်ခုတော့ ရှာရမယ်။

“ ဓားသွေးကျောက်က ဓားသွေးကျောက်ပဲ။ပေါက်ကရတွေ ပြောမနေနဲ့။မင်းပိုပြီး အစွမ်းထက်လာနိုင်လား။ ”

“ ဒါပေါ့။ ”

ဂျက်စီသည် ခိုင်မာစွာ တုံ့ပြန်လိုက်သည်။

“ ဒါပေမဲ့ ငါမင်းကို သတိပေးထားမယ်။မင်းတစ်ခါရှုံးသွားတာနဲ့ ကောက်ရိတ်ဓားဖြစ်တဲ့ မင်းကလည်းထာဝရ ကျိုးပဲ့သွားမှာ။ ”

“ ဓားသွေးကျောက်ကြောင့် ကျိုးပဲ့သွားတဲ့ကောက်ရိတ်ဓားကို မင်းမြင်ဖူးလား။ ”

ချန်လွေ့ တုံးတိပြောလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။သို့သော်လည်း အမှောင်နတ်သူငယ်သည် နီးနီးကပ်ကပ်လိုက်လာနေသေးသည်။

ဒီကောင်က နောက်လိုက်ရတာကို စွဲနေတာပဲ။

“ မင်းဘာလို့ ငါ့နောက်လိုက်နေသေးတာလဲ။ ”

အမှောင်နတ်သူငယ်လည်း တုံးတိ ပြန်ဖြေလိုက်သည်။

“ ဓားဆီကနေ ဓားသွေးကျောက် ထွက်သွားရင်ဓားသွေးကျောက်လို့ ခေါ်လို့ရသေးလား။ ”

မင်းငါ့ဆီက ထွက်သွားလည်း အမှောင်နတ်သူငယ်ဖြစ်နေဦးမှာပဲ။

ချန်လွေ့ ဆွံ့အသွားပြီး စိတ်ထဲ၌ ပြောလိုက်သည်။

ဂျက်စီ လိုက်နေသည့်အတွက် ချန်လွေသည် စမ်းသပ်ခန်းသို့ ပြန်သွား၍ မရနိုင်သေးပေ။ဂျက်စီသည် သူ့ထက်မြန်သည့်အတွက် ချန်လွေ့ မလွတ်နိုင်ပေ။ ကြံရာမရသည့်အဆုံးဝတ်ရုံဂိုဏ်း ဌာနချုပ်ဆီသို့ ချန်လွေ့ သွားလိုက်သည်။

လူပုအိုကြီး ဒီဒီသည် ချန်လွေ့( အက်ဂ်ယော ) သွေးများပေကျံနေသည်ကို တွေ့လိုက်ရာ ထိတ်လန့်သွားသည်။

“ သခင်။သခင့်ရဲ့ ဒဏ်ရာတွေ…..”

ဒီဒီ စကားပြောပြီးနောက်တွင် သူ၏သခင်နောက်၌ ခန့်ညားသည့် အမှောင်နတ်သူငယ် တစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုသူသည် နာမည်ကြီး “ ဝံပုလွေလျင် ”ဖြစ်ကြောင်းကို ဒီဒီ ချက်ချင်း မှတ်မိသွားသည်။သနားစရာအမှောင်လူပု၏ အားနည်းသည့် ဝိညာဉ်သည် ထိတ်လန့်သွားပြန်ပြီး စကားပင် မပြောနိုင်တော့ပေ။

“ ဒီဒီ။ဝတ်ရုံ အသစ်တစ်ခု သွားယူပေး။”

သခင်၏ စကားကြောင့် ဒီဒီ နိုးသွားပြီး အိမ်ထဲသို့ အမြန်ပြေးသွားလိုက်သည်။

“ ဒါက ဝတ်ရုံဂိုဏ်းပဲ။ငါက ခေါင်းဆောင် အက်ဂ်ယော။”

ချန်လွေ့သည် ဂျက်စီကို မိတ်ဆက်ပေးလိုက်ပြီးဆေးရည်နှစ်ပုလင်း ထုတ်လိုက်ကာ တစ်ပုလင်းကိုသောက်လိုက်ပြီး ကျန်တစ်ပုလင်းကို အမှောင်နတ်သူငယ်ဆီ ပစ်ပေးလိုက်သည်။

၎င်းကို ဂျက်ကို ကိုင်ပြီး အဖုံးဖွင့်ကာ အနံ့ခံလိုက်သည်။၎င်းသည် ကုသဆေးရည်ဖြစ်ကြောင်း သိလိုက်သည်။ဂျက်စီ ခဏ တုံ့ဆိုင်းသွားပြီး အားလုံးသောက်လိုက်သည်။ထိုဆေးရည်၏ အာနိသင်သည် အံ့ဩစရာကောင်းလောက်အောင် မြင့်မားလှသည်။သာမန် ပစ္စည်းများနှင့်တခြားစီ ဖြစ်သည်။အမှောင်နတ်သူငယ်၏ ဒဏ်ရာအပြင်းအထန် ရထားသော ရင်ဘတ်သည် အတော်လေးသက်သာသွားပြီး သူ၏မျက်လုံးထဲ၌ ခံစားချက်များရှုပ်ထွေးနေသည်။

လူပုအိုကြီးသည် ဝတ်ရုံတစ်ခု အလျင်အမြန် ထုတ်ပေးလိုက်သည်။ချန်လွေလည်း သွေးစွန်းနေသည့် ဝတ်ရုံကိုချွတ်လိုက်ပြီး အသစ်လဲလိုက်သည်။နောက်တစ်ကြိမ်၌ဝတ်ရုံ အသစ်များနှင့် မျက်နှာဖုံးများကို သိုလှောင်ခန်းထဲ၌ အပိုထားထား သင့်လေပြီ။

အက်ဂ်ယော ပေါ်ရှိ ကြောက်မက်ဖွယ် ဓားဒဏ်ရာသည်အတော်လေး ပြန်ကောင်းသွားသည်ကို ဂျက်စီ သတိထားမိသွားသည်။အချို့ဒဏ်ရာများသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ဒါက ကုသဆေးရည် အစွမ်းကြောင့်ဒီလောက်မြန်သွားတာလား။ဒါမှမဟုတ်….

“ မင်း ဓားသွေးကျောက် ဖြစ်ချင်ရင် ဝတ်ရုံဂိုဏ်းမှာနေ။ဒီနေ့ကစပြီးတော့ တစ်လတစ်ခါ မင်းငါ့ကို စိန်ခေါ်လို့ရတယ်။ ”

လူပုအိုကြီး ထိတ်လန့်သွားပြန်သည်။

ဒီလေသံကို ကြည့်ရတာ ဂျက်စီကို သခင်က အနိုင်ယူခဲ့တာလား။

၎င်းသည် ချန်လွေ့၏ လျှပ်တစ်ပြတ် ပေါ်လာသည့်အကြံဖြစ်သည်။အက်ဂ်ယောအတွက် နောက်ထက်အစပြုရန်အတွက် ဝတ်ရုံဂိုဏ်းကို အသုံးချရန် ချန်လွေ့စီစဉ်ထားခဲ့သည်။သူ မရှိသည့်အချိန်၌ အစွမ်းထက်သူတစ်ယောက် စောင့်ကြပ်ပေးရန်လိုသည်။ဂျက်စီ၏ တိုက်ခိုက်ရေးစွမ်းအားသည် မေးခွန်းထုတ်စရာ မရှိပေ။ဂျက်စီကိုယ်တိုင် ရောက်နေပြီ ဖြစ်သည့်အတွက်ချန်လွေ့လည်း အားမနာတော့ပေ။

ဂျက်စီ မျက်မှောင်ကြုတ်လိုက်သည်။သူ စဉ်းစားနေပုံရသည်။သူ အမှန်တကယ် မငြင်းပယ်ခဲ့ပေ။

All Chapters