အရှိန်အဝါ။အရင်းအမြစ်များအတွက် အရေးတကြီး အလိုအပ်ဆုံး
Vol. 4 Ch. 56
လူပုအိုကြီးသည် စိတ်ကိုစုစည်းလိုက်ပြီး အိတ်တစ်အိတ် ထုတ်လိုက်ကာ ရတနာတစ်ခုသဖွယ် ကမ်းပြီး ပြောလိုက်သည်။
“ သခင်။ဒါတွေက လင်းလက်ကျောက်တွေနဲ့ တစ်ခြားပစ္စည်း တွေပါ။စုစုပေါင်း သလင်းကျောက်နက် ဒင်္ဂါး ၁၅ပြား ကျပါတယ်။ ”
ထိုအိတ်ထဲတွင် အရည်အသွေး အမျိုးမျိုးရှိသည့်လင်းလက်ကျောက် ၅တုံး ၆တုံးအပါအဝင် စုစုပေါင်း ပစ္စည်း ၁၀ခု ရှိသည်။သို့ရာတွင် မှော်စတိုးဆိုင်၌ သာမန်အရည်အသွေးရှိသည့် လင်းလက်ကျောက် တစ်တုံးသည် သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြား ကျသင့်သည့်အတွက် ယခုပစ္စည်းများသည် အတော်လေး တန်လှ၏။
“ တော်တယ်။အခုကစပြီးတော့ တခြားကိစ္စတွေကို စိတ်မပူနဲ့တော့။မှော်ပစ္စည်းတွေရဖို့ကိုပဲ အာရုံစိုက်ထား။အဓိကအားဖြင့်တော့ လင်းလက်ကျောက်ပေါ့။ပိုများလေ ပိုကောင်းလေပဲ။ပိုက်ဆံကိစ္စကိုတော့ မင်းစိတ်ပူစရာ မလိုဘူး။ငါ နည်းလမ်းရှာလိုက်မယ်။ ”
ဂျက်စီအရှေ့၌ ချီးကျူးခံရသည့်အတွက် လူပုအိုကြီး ပျော်ရွှင်သွားပြီး ပြောလိုက်သည်။
“ ဒီလိုပါ။သခင်။လင်းလင်းကျောက်က အရိပ်နက် အင်ပါယာက ထုတ်တဲ့ မထင်မရှားပစ္စည်းတစ်မျိုးပါပဲ။အဲ့ဒါကြောင့် ကုန်သည်တွေက အများကြီး မသိုလှောင်ထားဘူး။ဒါပေမဲ့ ဆယ်ဗာလို့ခေါ်တဲ့ ကုန်သည်မှာ တစ်သုတ်ရှိတယ်လို့ သတင်းရထားတယ်။ဒါပေမဲ့ ဈေးက တော်တော်လေး မြင့်တယ်။အရည်အသွေးမြင့်တာဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၁၈ပြား၊အလယ်အလတ် အရည်အသွေးဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၉ပြား၊အရည်အသွေးနိမ့်တာဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၂ပြား။သခင်က အားလုံးလိုချင်တယ်ဆိုရင်တော့ သလင်းကျောက်နက်ဒင်္ဂါး ၆၀၀ပြား ကနေ ၇၀၀ပြားအထိ လိုအပ်လိမ့်မယ်။ ”
ချန်လွေ့သည် မကြာခင်ကမှ သလင်းကျောက်နက်ဒင်္ဂါး ၇၅၀ပြား အနိုင်ရရှိခဲ့သည်။ဆုလာဒ်ဖြစ်သည့် သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြားနှင့်ပေါင်းလျှင် ဤလင်းလက်ကျောက် တစ်သုတ်ကို ဝယ်ရန် လုံလောက်ပြီဖြစ်သည်။လွန်ခဲ့သော ၁၀ခန့်က ချန်လွေ့တွင် အရှိန်အဝါ ၃၅၀၀၀ ရှိခဲ့သော်လည်း ယခုတွင် အရှိန်အဝါ ၃၀၀၀ သာကျန်တော့သည်။လေ့ကျင့်ရေးကွင်း၌ သုံးစွဲရန် မလုံလောက်တော့ပေ။ထို့ပြင် ရက်၂၀ကြာလျှင် ရီကာကို တိုက်ခိုက်ရမည်ဖြစ်၍ ချန်လွေ့သည် အရှိန်အဝါ အမြောက်အများ လိုအပ်သည်။ထို့ကြောင့် လူပုအိုကြီး၏ သတင်းအချက်အလက်သည် အချိန်ကိုက်ပင် ဖြစ်သည်။
“ ဆယ်ဗာကို ငါသိတယ်။ ”
အမှောင်နတ်သူငယ် ရုတ်တရက် ပြောလိုက်သည်။
“ အဲ့ဒီကောင်က ရွံစရာကောင်းတယ်။ပြီးတော့ သူ့မှာ တပည့်တွေ အများကြီး ရှိတယ်။မင်းသူ့ကို တိုက်ရိုက် ရင်ဆိုင်မယ်ဆိုရင် မင်းကို လုံးဝ ဝါးမျိုသွားမှာ။ ”
လူပုအိုကြီး ခေါင်းညိတ်လိုက်သည်။
“ ဆာ-ဂျက်စီ ပြောတာ မှန်တယ်။ဆယ်လ်ဗာရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူး။ဒါပေမဲ့ သူ့က အစွမ်းထက်တယ်။လင်းလက်ကျောက်လိုမျိုး မထင်မရှား စီးပွားရေးလုပ်ငန်းက ဟန်ပြသက်သက်ပဲ။သူက ကလိမ်ကကျစ် ကုန်သွယ်တာတွေကို တိတ်တဆိတ် လုပ်နေတယ်လို့ သတင်းတွေ ထွက်နေတယ်။ ”
ချန်လွေ့ ခဏတိတ်ဆိတ်သွားပြီး ဂျက်စီကို မေးလိုက်သည်။
“ ဆယ်ဗာ လက်အောက်က အစွမ်းထက်တဲ့သူတွေက ဘယ်သူတွေလဲ။ ”
“ အစွမ်းထက်ဆုံးကတော့ ဂရော် လို့ခေါ်တဲ့ အဇရူပဒေဝတာပဲ။သူက အလယ်ဆင့်နတ်ဆိုး အမြင့်ဆုံးအပိုင်းအထိ ရောက်သွားပြီ။ဒါပေမဲ့လည်း သူရဲ့အစွမ်းက ရီကာကို မယှဉ်နိုင်ဘူး။ကျန်တာတွေကတော့ အလယ်ဆင့်နတ်ဆိုးတွေပါပဲ။မင်းငါ့ကို သလင်းကျောက်နက်ဒင်္ဂါး ၃၀ ပေးရင် ဒီခရီးမှာ မင်းနဲ့လိုက်သွားပေးမယ်။ ”
ဈေးကြီးလိုက်တာ။သလင်းကျောက်နက်ဒင်္ဂါး ၃၀ ဆိုတာက ခရမ်းသလင်းကျောက်နက်ဒင်္ဂါး ၃၀၀၀နဲ့ ညီမျှတယ်။
လူပုအိုကြီး ထခုန်လုမတတ် ဖြစ်သွားသည်။ထိုပိုက်ဆံကို သူတို့သားအဖအား ပေးလိုက်လျှင် ၃နှစ်စာ အသက်ရှင်ရန် လုံလောက်ပေသည်။သူ၏သခင် အက်ဂ်ယောသည် ချက်ချက်းပင် သဘောတူလိုက်သည်။
“ ကောင်းတယ်။သဘောတူတယ်။ ”
အရှိန်အဝါလိုအပ်ချက်သည် အရေးမကြီးသေးသည့်အတွက် ချန်လွေ့သည် သလင်းကျောက်နက်ဒင်္ဂါး ၃၀ တတ်နိုင်သေးသည်။ဤခရီးသည် အောင်မြင်ရပေမည်။ကျဆုံး၍မရပေ။
“ မင်း ဒဏ်ရာတွေ ပြန်ကောင်းဖို့ အချိန် ဘယ်လောက်လိုလဲ။ ”
ချန်လွေ့သည် ဂျက်စီကို မေးလိုက်သည်။အမှောင်နတ်သူငယ် လက်တစ်ချောင်းထောင်သည်ကို မြင်လိုက်ပြီး ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ဒီဒီ။သန်ဘက်ခါ မနက်ကျရက် ဝတ်ရုံဂိုဏ်းဆီကို ငါလာမယ်။အဲ့ဒါအချိန်ကျရင် မင်းက ဆယ်ဗာကို ဆယ်သွယ်ပြီးတော့ လင်းလက်ကျောက်တွေအားလုံး လိုချင်တယ်လို့ ပြောလိုက်သည်။ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ မင်းပြောလို့ရတယ်။ ”
ဒီဒီ အလျင်အမြန် သဘောတူလိုက်သည်။ချန်လွေ့ ကြာကြာ မနေတော့ဘဲ စမ်းသပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်လိုက်သည်။ထိုအချိန်တွင် တော်ဝင်မင်းသမီး၏ အမိန့်ကြောင့် ချန်လွေ့ကို နန်းတော်အစောင့်များ မေးခွန်းမထုတ်ကြပေ။ထို့ပြင် နှစ်လစမ်းသပ်ချက်ကို သိထားသည့် အဲဒက်စ်သည်လည်း အစွမ်းကုန် ထောက်ပံ့ပေးသည်။ချန်လွေ့သည် “ မဟာဆရာသခင်ကို စိန်ခေါ် ” နေရကြောင်း အဲဒက်စ်မသိပေ။တစ်စုံတစ်ယောက် လိမ်ထားခဲ့ခြင်းဖြစ်သည်။ချန်လွေ့၏ “ အမွေအနှစ် ”မှ ဆေးရည်နှင့်ဆိုင်သည့် အံ့ဩစရာတစ်ခုခု ယူဆောင်လာနိုင်မည်ဟုသာ အဲဒက်စ် မျှော်လင့်နေသည်။
ချန်လွေ့သည် အတွင်းရေးမှူး အသွင် ပြန်ယူလိုက်သည့်အခါ [ အသက်အောင့် ] အစွမ်းကို အသက်သွင်းလိုက်သည်။အခြားသူများ၏ မျက်လုံးထဲ၌ ချန်လွေ့သည် စွမ်းအားမဲ့သည် လူသားတစ်ယောက်သာ ဖြစ်သည်။
အန္တရာယ်ကင်းကြောင်း၊စိတ်ပူရန်မလိုကြောင်း ပြောထားသည့် စာတစ်စောင်ကို ပါ့ဂ်လီအိုထံပို့ပေးရန် ခီဂူကို ချန်လွေ့ ပြောလိုက်သည်။ယခင် အချိန်များတွင် ခီဂူသည် ရေကန်ပြာနှင့် စမ်းသပ်ခန်းကို ခေါက်တုံ့ခေါက်ပြန် သွားလာနေရသည့်အတွက် လမ်းကြောင်းကို ရင်းနှီးနေပြီဖြစ်သည်။ဝိုင်ဗန် ထွက်သွားပြီးနောက် ချန်လွေ့သည် အခန်းထဲ ပြန်လိုက်သည်။
ယခင်နေ့ရက်တွင်များတွင် ကြယ်စွမ်းအင် ထိန်းချုပ်မှု တိုးတက်ခြင်းနှင့် ကြွက်သားသန်မာမှုသည် အတွေ့အကြုံတန်ဖိုးကို တဟုန်ထိုး တိုးတက်စေခဲ့သည်။အတွေ့အကြုံတန်ဖိုးသည် ဂဏန်းပြသမှုသာ ဖြစ်သည်။၁၀၀% ပြည့်သွားလျှင် “ အဆင့်တက် ”မည်ဟု မဆိုလိုပေ။လက်ရှိအဆင့်ကို ကျွမ်းကျင်သွားပြီဟုသာ ဆိုလိုခြင်းဖြစ်သည်။အချက်အလက်ပြဇယားရှိ အမျှင် အရိုးခြောက်သည်လည်း လုံးဝ အစိုင်အခဲ ဖြစ်သွားပြီ ဖြစ်သည်။၎င်းသည် သူ၏ ၁၀ရက် အထူးလေ့ကျင့်ရေး၏ ရလာဒ်ဖြစ်သည်။အတိအကျပြောရလျှင် အချိန်၅ဆ လေးကြိမ်နှင့် အချိန်၂ဆ တစ်ကြိမ် သုံးခြင်းသည် အချိန်တစ်လနှင့် ညီမျှပေသည်။
လူသားပုံရိပ်၏ ပြောင်းလဲမှုများသည် ချန်လွေ့၏ စွမ်းအားကို အယ်ခိတ်၏ တည်ငြိမ်သောအဆင့်ဖြစ်သည့် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းသို့ ရောက်ရှိသွားစေသည်။ထို့ပြင် ခန္ဓာကိုယ်၏ ခုခံမှုစွမ်းရည်များလည်း အကြီးအကျယ် တိုးမြှင့်သွားသည်။ယနေ့တွင် ပြိုင်ကွင်းရှိ တိုက်ပွဲသည် ပြင်းထန်ပြီး ဒဏ်ရာ အများအပြား ရရှိခဲ့သော်လည်း အမှန်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပေ။စိတ်ဒဏ်ရာသာ ရခဲ့သည်။လန့်စ်နှင့် တိုက်ခိုက်ခဲ့သည်နှင့်ယှဉ်လျှင် ၎င်းသည် အတော်လေး ပျော့သည်။
ယနေ့တွင် ဂျက်စီ၏ အနှိုင်းမဲ့ တိုက်ကွက်ကို ချန်လွေ့ ဖောက်ထွင်းနိုင်ခဲ့ခြင်းမှာ [ သရုပ်ခွဲမျက်လုံး ] ကြောင့် ဖြစ်သည်။ဂျက်စီ၏ အရိပ်၅ခုတွင် တစ်ခုကိုသာ ခွဲခြမ်း၍ရပြီး ၎င်းသည် ခန္ဓာကိုယ် အစစ်အမှန်ဖြစ်သည်။အခြား ပုံရိပ်ယောင်များကို သာမန်မျက်လုံးများ၊ခံစားချက်များဖြင့် မဝေခွဲနိုင်သော်လည်း [ သရုပ်ခွဲမျက်လုံး ] အစွမ်းကိုမူ မလှည့်စားနိုင်ပေ။၎င်းသည် ချန်လွေ့ကို နောက်ထပ် တိုက်ပွဲများအတွက် ဉာဏ်အလင်းရစေခဲ့သည်။
“ အရိုးခြောက် ” လုံးဝ မာကြောသွားပြီးနောက် “အယ်ခိတ်” အလင်းလုံးမှ ဗဟိုပြုသည့် မြောက်များလှစွာသော အမျှင်များကို “ အရိုးခြောက် ” က မစုပ်ယူခဲ့ပေ။ထိုအမျှင်များသည် အရိုးခြောက်ပေါ်တွင် ထူးဆန်းစွာ စုစည်းကျယ်ပြန့်လာပြီး “ ကြွက်သား ” အပိုင်းအစများ ဖြစ်လာပုံရသည်။
မြေဆွဲအားမြင့် လေ့ကျင့်ရေးကွင်းမှ အတွေ့အကြုံများအရ ထို“ကြွက်သား”များသည် “ အရိုးခြောက် ” ကဲ့သို့ အစိုင်အခဲဖြစ်သွားသည့်အခါ [ သန့်စင်ခန္ဓာ ] ဟုဖော်ပြထားသော အယ်ခိတ်အခြေအနေသည် ပြီးပြည့်စုံသွားမည်ကို ချန်လွေ့သိသည်။အကယ်၍ ချန်လွေ့သာ အယ်ခိတ် အခြေအနေကို ပြီးစီးသွားပြီး ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို အစပြုနိုင်ခဲ့လျှင် နောက်ထပ် အခြေအနေသို့ ချိုးဖောက်ပြီး အမြင့်ဆင့်နတ်ဆိုးကို ယှဉ်ပြိုင်နိုင်ခြင်းသည် စိတ်ကူးယဉ် မဟုတ်တော့ပေ။
ခန္ဓာကိုယ်ကို လေ့ကျင့်ရန် အကောင်းဆုံးနည်းမှာ မြေဆွဲအားဥပဒေ ဖြစ်ကြောင်း အတွေ့အကြုံများက သက်သေပြခဲ့ပြီးလေပြီ။လက်ရှိ အခြေအနေ၌ မြေဆွဲအားနှစ်ဆသည် အသုံးသိပ်မဝင်တော့ပေ။မြေဆွဲအား၄ဆ ပြုလုပ်သင့်သည်။သို့သော်လည်း မြေဆွဲအား၄ဆဆိုလျှင် အချိန်ဥပဒေသ တစ်ခုမျှ မသုံးလျှင်တောင် တစ်နေ့အတွက် အရှိန်အဝါ ၄၀၀၀ ကုန်ကျပေမည်။လူပုအိုကြီး ပေးလိုက်သည့် ပစ္စည်းများမှ အရှိန်အဝါ စုစုပေါင်း ၁၅၀၀ ကို ချန်လွေ့ ရရှိခဲ့သည်။ရှိရင်းစွဲ ၃၀၀၀ နှင့်ပေါင်းလျှင် စုစုပေါင်း အရှိန်အဝါ ၄၅၀၀ ရှိပြီဖြစ်သည်။ သန်ဘက်ခါ ဆယ်ဗာနဲ့ ကုန်သွယ်တဲ့နေ့ ပြီးတဲ့အထိ စောင့်လိုက်မယ်လေ။
ဤရက်ပိုင်းများတွင် ချန်လွေ့သည် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်သည်။အရာအားလုံးကို အကောင်းမွန်ဆုံး အခြေအနေ၌သာ လုပ်ဆောင်သင့်ပေသည်။သို့မဟုတ်ပါက နှောင့်နှေးကြန့်ကြာနိုင်ပေသည်။ မနက်ဖြန်မနက် ငါနားလိုက်ရင် ကောင်းမယ်။ပြီးရင် အထူးလေ့ကျင့်ဖို့ အဆိပ်နဂါးဆီကို ညပိုင်းသွားလိုက်မယ်။
ချန်လွေ့သည် အာရုံတက်ချိန်တွင် အိပ်ယာထပြီး တစ်ခုခုစားလိုက်သည်။သူ အပြင်ထွက်လိုက်သည့်အခါ စလီနှင့် ဆုံသွားသည်။မှင်စာသည် ချန်လွေ့ကို ကိစ္စတစ်ခု သတင်းပို့လိုက်သည်။“ ခေါင်းဖြတ်စက် ” ပန်းပဲဆိုင်ပိုင်ရှင် ဇက်ခ်က သတ္တုရိုင်းအပြုန်း အသုတ်ကြီးတစ်သုတ် ဝယ်ယူခဲ့ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် ချန်လွေ့ကို ရှာချင်နေခြင်း ဖြစ်သည်။သို့သော်လည်း ထိုအချိန်သည် ချန်လွေ့၏ သီးသန့်အချိန်ဖြစ်သည့်အတွက် စလီသည် အဲဒက်စ်၏ အမိန့်အတိုင်း ချန်လွေ့ကို မနှောင့်ယှက်ရဲခဲ့ပေ။အခုတွင် သူ၏သခင် ထွက်လာသည်ကို တွေ့လိုက်ရသည့်အတွက် မှင်စာသည် ခပ်မြန်မြန် သတင်းပို့လိုက်သည်။
သတ္တုရိုင်းများသည် အရှိန်အဝါ အများအပြား မပေးစွမ်းသော်လည်း လက်ရှိတွင် အရှိန်အဝါများကို အသည်းအသန် လိုအပ်နေသည့်အတွက် ပန်းပဲဆိုင်သို့ ချန်လွေ့ အပြေးသွားခဲ့သည်။
ဇက်ခ်သည် သလင်းကျောက်ပါသည့် “ သတ္တုရိုင်း အပြုန်း ” အမြောက်အများကို တမင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။၎င်းတို့ကို ဘာမှမလုပ်နိုင်သည့်အတွက် စိုးရိမ်နေစဉ် ချန်လွေ့လာသည်ကို တွေ့လိုက်ရာ ဇက်ခ် ချက်ချင်း ပျော်ရွှင်သွားသည်။
“ ဇက်ခ်။တော်ဝင်မင်းသမီးက ငါ့ကို တာဝန်တစ်ခု ပေးထားလို့ ဒီနှစ်လအတွင်းငါ အလုပ်များနေတာ။အဲ့ဒါကြောင့် နောက်ကျသွားတယ်။တောင်းပန်ပါတယ်။ ”
လူသား၏ တောင်းပန်စကားသည် ဇက်ခ်ကို ကျေနပ်သွားစေသည်။
“ မိတ်ဆွေ။မင်းကအခု အမှောင်လမြို့ရဲ့ အတွင်းရေးမှူး ဖြစ်နေပြီလေ။တော်ဝင်မင်းသမီးခိုင်းတဲ့ တာဝန်က ပိုအရေးကြီးတာပေါ့။မင်းဒီကို အချိန်ယူပြီး လာကူညီတာကို ငါတကယ်ပဲ ကျေးဇူးတင်ပါတယ်။ ”
ချန်လွေ့ အများကြီး မရှင်းပြဘဲ ဇက်ခ်၏ ပုခုံးကို ပုတ်လိုက်သည်။
“ ကောင်းပြီလေ။ငါတို့က မိတ်ဆွေတွေပဲ။အားနာစရာ မလိုပါဘူး။သတ္တုရိုင်းတွေကို သွားကြည့်ရအောင်။ ”
ဇက်ခ်သည် ချန်လွေ့ကို ခြံဝင်းထဲသို့ ချက်ချင်း ခေါ်သွားလိုက်သည်။သတ္တုရိုင်းအများအပြားရှိပြီး အတုံး၁၀၀လောက် ရှိပေမည်။သတ္တုရိုင်းများပေါ်ရှိ သလင်းကျောက်များမှာ ယခင်ကထက် ပို၍များနေသည်။ပန်းပဲသမား၏အမြင်၌ ၎င်းတို့သည် အသုံးမဝင်သည့် သတ္တုရိုင်းများသာ ဖြစ်သော်လည်း ချန်လွေ့အတွက်မူ အရှိန်အဝါများ ဖြစ်နေသည်။
“ ချန်လွေ့။သတ္တုရိုင်းတွေ အများကြီးပဲ... ”
ဇက်ခ်သည် ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်သည်။
“ မင်းမှာ အမှုန် လုံလုံလောက်လောက် ယူလာလားတော့မသိဘူး။မလောက်ရင်လည်း ဆရာသခင်ဆီကနေ ဝယ်ဖို့ ငါမင်းကို ပိုက်ဆံပေးလိုက်မယ်။ ”
ပိုများလေ ကောင်းလေပေါ့....
ချန်လွေ့ စိတ်ထဲတွင် ပြောလိုက်ပြီး ခေါင်းခါလိုက်သည်။
“ စိတ်မပူပါနဲ့။လောက်ပါတယ်။ဒါပေမဲ့ သလင်းကျောက်တွေကို ပြောင်းလဲပြီးရင် ကျန်တဲ့ အမှုန်တွေကိုတော့ စုဆောင်းထားရမယ်။ပြီးရင် အဲ့ဒါတွေကို သုတေသနလုပ်ဖို့အတွက် ဆရာအဲဒက်စ်ကို ပေးရမယ်။ ”
အဇရူပဒေဝတာသည် ချက်ချင်း သဘောတူလိုက်သည်။ချန်လွေ့လည်း ချက်ချင်းပင် အမှိုက်ကို ရတနာပြောင်းသည့်အလုပ် စတင်လုပ်တော့သည်။ဇက်ခ်အတွက် စိတ်ရှုပ်စရာ သလင်းကျောက်များသည် မှော်ဆန်ဆန် အမှုန်ဖြစ်သွားကြပြီး သတ္တုရိုင်းသည်လည်း “ ပြန်လည်ရှင်သန် ” လာသည့်အတွက် ဇက်ခ် ပျော်ရွှင်သွားသည်။သတ္တုရိုင်းအပြုန်းများ၌ သလင်းကျောက် ပိုများလေလေ အရှိန်အဝါများများ ရရှိလေဖြစ်သည်။ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင် အရှိန်အဝါ ၄၀၀၀ကျော် ချန်လွေ့ ရရှိသွားပြီး စုစုပေါင်းအနေဖြင့် အရှိန်အဝါ ၉၀၀၀ နားကပ်သွားလေပြီ။
ချန်လွေ့သည် ဇက်ခ်စုဆောင်းထားသည့် အမှုန်များကို လက်ခံပြီး ပြောလိုက်သည်။
“ ဇက်ခ်။မင်းနောက်တစ်ခါ သတ္တုရိုင်းတွေ ဝယ်ရင် ငါ့ကို အသိပေးဦး။အချိန်ရတာနဲ့ ဒီကို အမြန်ဆုံး လာခဲ့မယ်။ ”
“ ကျေးဇူး အများကြီး တင်ပါတယ်။ ”
ဇက်ခ် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
“ ငါ့ညီ နဲ့ ငါက သတ္တုရိုင်းတွေအများကြီး သုံးပြီးသွားပြီ။ပြီးတော့လည်း ဒီနှစ် မိုင်းတွင်း အခြေအနေက တော်တော်ဆိုးတယ်။အဓိက မိုင်းတွင်းပေါက်ကို သူခိုးဓားပြတွေ သိမ်းလိုက်ပြီလို့ ကြားတယ်။ဒီသတ္တုရိုင်း အပြုန်းတွေက အဓိက မိုင်းတွင်းပေါက်ကနေ မိုင်းလုပ်သားတွေ အသက်နဲ့ရင်းပြီး ခိုးလာတာတွေပဲ။ ”
အနောက်ပိုင်းရှိ ကုန်သွယ်ရေး လမ်းကြောင်းကို သူခိုးဓားပြများ ထိန်းချုပ်ထားကြောင်းကို ရှီရာထံမှ ချန်လွေ့ သိခဲ့ရသည်။သို့သော်လည်း သူတို့၏ ထိန်းချုပ်မှုသည် မိုင်းတွင်းအထိ ရောက်လာမည်ဟု မထင်ထားခဲ့ပေ။စွန့်ပစ်ခံ မိုင်းတွင်းသည် အရှိန်အဝါ ဆယ်ခုကျော်လောက်သာ ထောက်ပံ့ပေးနိုင်သော်လည်း “ နည်းရောင်းများရောင်း တောင်းပြည့် ” ဟူသော စကားပုံလည်း ရှိနေသေးသည်။နှစ်ရာပေါင်းများစွာ စုဆောင်းထားသည့် သတ္တုရိုင်းများသည် အရှိန်အဝါ တော်တော်များများ ပေးစွမ်းနိုင်ပေလိမ့်မည်။
လက်ရှိတွင် ချန်လွေ့သည် လင်းလက်ကျောက်ကဲ့သို့ မှော်ပစ္စည်းများကို အရေးတကြီးစုဆောင်းရန် လိုအပ်နေသည်။ထို့ပြင် ကုန်ကျစရိတ်လည်း မြင့်မားသည့်အတွက် ရေရှည်မသင့်တော်ပေ။နှစ်လ စမ်းသပ်ချက်ပြီးသွားလျှင် မိုင်းတွင်းများဆီသွားပြီး သတ္တုရိုင်း အပြုန်းများကို “ စာရင်းရှင်း ” ရပေမည်။၎င်းသည် အမှိုက်ကို ရတနာအဖြစ်ပြောင်းသည့် နှစ်ဖက်စလုံး အကျိုးရနိုင်သည့် အခြေအနေဖြစ်သည်။
ပန်းပဲဆိုင်မှ ထွက်သွားပြီးနောက်တွင် အဲလစ်၏ အသစ်ဖွင့်သည့်စတိုးဆိုင်ကို ချန်လွေ့ တွေးမိလိုက်သည်။ယခင်နေ့ရက်များ၌ အရေးတကြီး အထူးလေ့ကျင့်မှုများကြောင့် ဖွင့်ပွဲကို ချန်လွေ့ မတက်ရောက်နိုင်ခဲ့ပေ။ယခုတွင် ချန်လွေ့၌ လုပ်စရာ မရှိတော့သည့်အတွက် သွားကြည့်ရပေတော့မည်။
လမ်းကျယ်ကို ရောက်သည့်အခါ လမ်းအဆုံး၌ “ထူးဆန်းသော ” ဆိုင်တွင် [ မင်းသမီး လက်လီ စတိုး ] ဟူသော မှော်စာလုံးကြီးကြီး(၃)လုံး ရေးထားသည့် ဆိုင်းဘုတ်ကို ချန်လွေ့ တွေ့လိုက်သည်။