လှေသမားထွတ်ကို ပြန်တွေ့ခြင်း
Vol. 117 Ch. 1631
ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်ဆီသို့ ထိုလူနောက်မှလိုက်သွားလိုက် သည်။ ထိုနေရာသည် အလှမ်းမဝေးလှပေ။ အဲဒါကြောင့် သူ သူမကို လာတွေ့ တုန်းက သူ့ရောင်ဝါကို အာရုံမခံမိဘူးလို့ ဟိန်းသံလေးပြောတာကိုး။
အဝင်ကိုစောင့်သည့် အစောင့်တချို့မှလွဲပြီး လက်ဖက်ရည်တစ်ဆိုင်လုံး မှာ လစ်ဟာနေသည်။ သို့သော် ကာကွယ်ရန် လူလည်း များများစားစားမရှိလှ ပေ။ သူမသည် တတိယအထပ်ရှိ သီးသန့်အခန်းရှိရာသို့လိုက်သွားရာ အထဲမှ အမျိုးသားအား ပြောသံကို ကြားလိုက်ရသည် “သခင် မိန်းကလေးယူယူ ရောက် ပါပြီ”
“ဝင်လာခဲ့ပါ”
ရင်းနှီးသောအသံ… သို့သော် ပျင်းရိသည့် အသံပါနေသည်။
ရှီမာယူယူသည် တံခါးကိုတွန်းကာ ဝင်သွားလိုက်သည်။ အထဲတွင် ထိုင် နေသော လူနှစ်ယောက်ကို မြင်သောအခါ သူမ မှင်တက်သွားသည်။
သူမသည် လှေသမားထွတ်ကို မြင်လိုက်ရခြင်းကြောင့် အံ့ဩသွားခြင်း မဟုတ်ဘဲ သူ့ဘေးတွင် တည်ငြိမ်စွာဖြင့် လက်ဖက်ရည်သောက်နေသော သူတော်စင် မိန်းမပျိုကို တွေ့လိုက်ရသောကြောင့် အံ့ဩခြင်းဖြစ်သည်။
ဟိန်းသံလေးသည် သူတော်စင်မိန်းမပျိုအား မြင်သည်နှင့် တံခါးမှပျံဝင် လာကာ သူမအရှေ့ရှိ မုန့်များအရှေ့သို့ ဆင်းသက်လိုက်သည်။
“ဘာတွေ ငေးနေတာလဲ၊ သူမက ထောင်မျိုးနွယ်ကိစ္စမှာ ဝင်မပါရအောင် လို့ ဟိန်းသံလေးတို့ကို ဖြားယောင်းခိုင်းထားတာမဟုတ်ဘူးလား” လှေသမား ထွတ်သည် တိုးညင်းစွာပြောလိုက်သည်။
ထိုအခိုက်တွင် သူတော်စင်မိန်းမပျိုသည် ခေါင်းမော့ပြီး သူမကို ကြည့် လေသည်။ သို့သော် သူမ မျက်လုံးတွင် အပြစ်တင်သည့် အကြည့်မရှိပေ။
သူမသည် ရယ်မောကာ လျှောက်သွားပြီး သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
သူမ ဟိန်းသံလေးကို မြင်လိုက်စဉ်က သူတော်စင်မိန်းမပျို ဤမြို့ပေါ်သို့ ရောက်နေပြီကို ခန့်မှန်းမိပြီးသာဖြစ်သည်။ သူမ အံ့ဩမိသည်မှာ သူတော်စင် မိန်းမပျိုသည် သာမာန်လူများ၏ အထက်တွင်ရှိသကဲ့သို့ တသီးတသန့်နေခြင်း မျိုးမဟုတ်ဘဲ ဆူညံနေသောမြို့ထဲတွင် လက်ဖက်ရည်ထိုင်သောက်နေခြင်းပင် ဖြစ်သည်။
သူမက ဒီလိုလာပြီး ချိန်းတွေ့နေတာတော့ မဟုတ်ဘူးမလား။
လှေသမားထွတ်မှ ထောင်မျိုးနွယ်အကြောင်း မည်သို့သိသည်ကိုတော့ သူမ မသိပေ။ သို့သော် သူ့ပုံစံကိုကြည့်ရင်းနှင့် သူ၏ သရုပ်မှန်မှာ မရိုးရှင်းသည် ကိုတော့ သိသည်။
“မင်းက ဟောမျိုးနွယ်ကို ဝင်ချင်လို့လား” လှေသမားထွတ်သည် သူမ နှုတ်ဆိတ်နေသည်ကို စိတ်မဝင်စားဘဲ ဆက်မေးလေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ဖုံးကွယ်မနေတော့ပေ။ သူက ထောင်မျိုးနွယ် အကြောင်းသိထားမှတော့ ဒီအကြောင်းသိတာက မထူးဆန်းတော့ပါဘူးလေ။
“မင်းက ထောင်မျိုးနွယ်ကို နားလည်လို့လား”
“နားလည်ပါတယ်… ရှင် ကျွန်မကို ပေးတဲ့စာစောင်ထဲကပါ” ရှီမာယူယူ ပြောလိုက်သည်။
“….”
လှေသမားထွတ်သည် အစပိုင်းတွင် ထိုကောင်မလေး ထောင်မျိုးနွယ်ကို လျင်မြန်စွာပင် မည်သို့နားလည်သလဲဟု သိချင်နေကာ မဆိုးလှဟု ထင်မိ၏။ သူမ၏ နောက်စကားတစ်ခွန်းမှာ သူ၏အတွေးများကို ထုတ်မပြောရန် တား ထားလိမ့်မည်ဟု ထင်မထားပေ။
“မင်းက ဟောမျိုးနွယ်ထဲက သတင်းကိုသိမှတော့ မင်းလုပ်ဖို့ ကြိုးစားနေ တဲ့ကိစ္စက ဘယ်လောက် အန္တရာယ်များလဲဆိုတာ သိသင့်တယ်၊ ငါကူညီပေးဖို့ လိုသေးလား” လှေသမားထွတ် မေးလိုက်သည်။
ရှီမာယူယူသည် မျက်လုံးပင့်ကာ ကြည့်လိုက်သည်။
“ငါ မင်းကို ကူညီလိုက်ရင် မင်းရဲ့ဆရာတွေ ဘေးကင်းကင်း လွတ်လာမှာ ပဲ” လှေသမားထွတ်သည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“ဘာတွေများ သိထားသေးလဲ ကျွန်းသခင်” ရှီမာယူယူသည် တစ်လုံးချင်း စီပြောလိုက်သည်။
“မင်းက ဘယ်လိုလုပ် ငါ့သရုပ်မှန်ကို သိတာလဲ” လှေသမားထွတ် မေး လိုက်သည်။ သူ ရထားသော သတင်းအရ သူမသည် သူ့အကြောင်းကို စုံစမ်း ခြင်း မပြုခဲ့ပေ။
“ကျွန်မ မှန်းလိုက်တာပါ” ရှီမာယူယူသည် ထိုအကြောင်းကို ဆက်မပြော လိုသဖြင့် ပြောလိုက်သည် “ရှင့်မှာ ဘာအပေးအယူများရှိမလဲ ပြောပါဦး”
လှေသမားထွတ်သည် သူမကို ကူညီနိုင်ပါက သူမသည် လှည့်ပတ်သွား နေရန်မလိုတော့ပေ။ သေချာသည်မှာ အပေးအယူကို အရင်လုပ်မှ မှန်မည်။
“တကယ်တော့ ဘာမှတော့မဟုတ်ပါဘူး မင်း ဒီမှာ သုံးလေးနှစ်လောက် နေမယ်လို့ ကတိပေးရုံပဲ” လှေသမားထွတ် ပြောလိုက်သည်။
သူ၏ အပေးအယူမှာ အလွန်ရိုးရှင်းပြီး သဘောတူရန် လွယ်မည်ဟု သူ ခံစားရသည်။ ရှီမာယူယူသည် သူ့ကို ငြင်းမည်မဟုတ်ပေ။
သို့သော် ရှီမာယူယူသည် မစဉ်းစားဘဲ ငြင်းဆန်လိမ့်မည်ဟု သူ ထင် မထားပေ။
“ကျွန်မမှာ လုပ်စရာတွေရှိသေးတယ် ဒီမှာနေလို့မရဘူး” သူမ ပြောလိုက် သည် “ရှင် ကျွန်မကို ကူညီပေမဲ့ ကိစ္စတွေက လွယ်သွားမှာပဲရှိတာ အပြင်မှာက ကျွန်မလုပ်ရမယ့် အရေးကြီးကိစ္စတွေ ရှိသေးတယ်”
လှေသမားထွတ်သည် စိတ်မတိုဘဲ ဟိန်းသံလေးကို ညွှန်ပြကာ ပြောလေ သည် “ဒါဆိုရင်လည်း ဒီကောင်လေးကို သုံးလေးနှစ်လောက် ချန်ထားခဲ့လိုက် ပေါ့၊ သူက အားကောင်းလားလို့ပြောရပြန်ရင်လည်း မဟုတ်ပြန်ဘူး၊ အစွမ်းအစ ရှိလားလို့ မေးရင်လည်း ရှိမနေပြန်ဘူး၊ သူက တစ်နေကုန် စားဖို့ သောက်ဖို့နဲ့ ပျော်ပါးဖို့ပဲသိတယ်၊ သူက မင်းလုပ်ချင်တဲ့ကိစ္စမှာ အသုံးဝင်မှာမဟုတ်ဘူး အဲဒါ ကြောင့် သူက မင်းဘေးမှာမရှိလည်း ကိစ္စမရှိဘူးလေ”
မုန့်များအကြား ခေါင်းနစ်နေသော ဟိန်းသံလေးသည် အန္တရာယ်ကို အာရုံ ခံမိသဖြင့် ပါးစပ်ကို အမြန်ပင် သုတ်ကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက် သည်။
“ယူယူ ယူယူ ငါ့ကို ဒီမှာတစ်ယောက်တည်း ထားမသွားပါနဲ့” သူသည် ရှီမာယူယူ၏ အင်္ကျီကို ဆုပ်ကိုင်ကာ သနားစဖွယ်ကြည့်လေသည်။
ရှီမာယူယူက မစဉ်းစားရသေးပေမဲ့ သူက အပြင်မှာ တစ်ချိန်လုံး ပြဿနာ ရှာဖို့ပဲသိတာလေ။ ယူယူက သဘောတူလိုက်ရင် ဘယ်လိုလုပ်မလဲ။
သူသာ ဒါကိုသိရင် ကံကောင်းလေးနဲ့ စောစော ပြန်လိုက်လာပါတယ်။
လှေသမားထွတ်သည် သူမကို ကြည့်ပြီး ဆုံးဖြတ်ချက်ကို စောင့်နေသည်။
ဤတစ်ချိန်တွင် သူမသည် ချက်ချင်းမငြင်းဆန်ပေ။
“ဟိန်းသံလေးကို ဘာလို့ထားသွားစေချင်တာလဲ” သူမ မေးလိုက်သည်။
“သူတော်စင်လေးကို အဖော်ပြုပေးဖို့ပါ သူမက သူများကို သဘောကျ တယ်ဆိုတာ ရှားတယ်လေ” လှေသမားထွတ် ပြောလိုက်သည်။
“ဒါဆိုရင် ဘာလို့ကံကောင်းလေးကို မရွေးတာလဲ”
“ကံကောင်းလေးကလည်း မင်းနောက်လိုက်ပေမဲ့ မင်းမှာဆုံးဖြတ်နိုင်စွမ်း မရှိဘူး ငါသာ သူ့ကိုရွေးလိုက်ရင် မင်းက သေချာပေါက် သဘောတူမှာမဟုတ် ဘူးလေ ဒါပေမဲ့ ဒီကောင်လေးက မတူဘူး သူက မင်းရဲ့စာချုပ်သားရဲပဲ၊ သူ သဘောမတူရင်တောင် မင်းပေးလိုက်လို့ရတယ်” လှေသမားထွတ်သည် တစ်လုံးချင်း ပြောလေသည်။
စာချုပ်၏ စွမ်းအားကြောင့် စာချုပ်သားရဲများသည် သူတို့သခင်ဖြစ်သူ၏ အမိန့်ကို မနာခံ၍မရပေ။
ဟိန်းသံလေးသည် တောင့်တင်း၍နေလေပြီ။ ရှီမာယူယူမှ ကောင်းမွန်စွာ ဆက်ဆံလာခဲ့ကာ သူ မလုပ်ချင်သည့်အရာကို တောင်းဆိုခဲ့ခြင်းမရှိသဖြင့် ထို မေးခွန်းကို တစ်ခါမှမတွေးဖူးပေ။ သို့သော် သူမသာ တကယ်ပဲ ဤနေရာတွင် နေခဲ့ရန် အမိန့်ပေးပါက သူငြင်းဆန်ရန်မဖြစ်နိုင်ပေ။
သူ ထိုအကြောင်းကို စဉ်းစားမိသောအခါ တည်တံ့လာပြီး အရင်လို မတက်ကြွတော့ပေ။
ရှီမာယူယူသည် သူ့အား ထိုပုံစံအတိုင်းမြင်သောအခါ စနောက်မနေတော့ ဘဲ လှေသမားထွတ်ကို ပြောလိုက်သည် “ဟိန်းသံလေးက ကျွန်မ ငယ်ငယ် ကတည်းက အတူရှိလာတာပါ သူနဲ့ခွဲနေလိုက်ရင် သူက နေ့တိုင်းဒီလိုပုံအတိုင်း ဖြစ်နေလိမ့်မယ် ရှင်တို့လည်း သူ့ကိုဒီလိုပုံစံအတိုင်း မဖြစ်စေချင်ဘူးထင်ပါ တယ်”
ဟိန်းသံလေးသည် ထိုစကားကို ကြားသောအခါ စိတ်အားတက်ကြွသွား လေသည်။ သို့သော် သူသည် သနားစဖွယ် အပြုအမူဆက်လုပ်လေသည်။
“ထားလိုက်ပါတော့” ထိုစကားပြောလာသူမှာ သူတော်စင်မိန်းမပျိုပင် ဖြစ်သည်။
ရှီမာယူယူ ပြုံးလိုုက်သည် “တကယ်တော့ ရှင် အပြင်ကိုသွားပြီး ကြည့် သင့်တယ်လို့ ကျွန်မထင်တယ် ရှင် မတူညီတဲ့ကမ္ဘာကို တွေ့ရမှာပါ”
“အပြင်ထွက်ရမယ်ဟုတ်လား”
“ဟုတ်တယ်… ရှင်က ကျွန်းမှာပဲ တစ်ချိန်လုံးရှိနေပြီးတော့ အပြင်က ဘယ်လိုပုံစံရှိလဲဆိုတာကို မသိဘူးလေ၊ အပြင်မှာ ဘယ်လိုတွေ အသက်ရှင် အောင်နေရမလဲဆိုတာကိုလည်း မသိဘူး၊ ရှင်သာ နေရာတွေ အများကြီးကို သွားချင်ရင် တူညီတဲ့ကိစ္စတွေကို ကမ္ဘာကြီးကို မတူညီတဲ့မြင်ကွင်းကနေ မြင်ရ မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ရဲ့ ကျွန်းသခင် တောင် တစ်ချိန်လုံး အပြင်ထွက်ပြီးလည်နေတာမဟုတ်ဘူးလား၊ သူက ရှင့်ရဲ့ အဖော်ဖြစ်ပေးမှာပါ”
လှေသမားထွတ်၏ မျက်နှာထားသည် ချက်ချင်းပင် မှောင်မည်းသွားလေ တော့သည်။ ဒီကောင်မလေးက ဘာတွေပြောနေတာလဲ။ သူက အရမ်းကြိုးစား တဲ့ ကျွန်းသခင်လေ ဟုတ်တယ်မလား။ သူက ဘယ်တုန်းက နေ့တိုင်း အပြင် ထွက်ပြီး ကစားလို့လဲ။ ဒါက သွားပုပ်လေလွင့်ပြေတာပဲ။ ဒါ အရှက်ခွဲတာပဲ။
ဒါပေမဲ့ ကျွန်းကနေ ထွက်ပြီး လည်ရမယ်ဟုတ်လား။ ဒီအကြံလည်း မဆိုး ဘူးပဲ။
သူတော်စင်မိန်းမပျိုနှင့် လှေသမားထွတ်တို့သည် တစ်ယောက်နှင့် တစ် ယောက် သိလာသည်မှာ ကြာပြီဖြစ်ရာ သူ့ကို ထိုပုံစံအတိုင်းမြင်လိုက်သည်နှင့် ပျော်ရွှင်နေသည်ကို သိလိုက်သည်။ ဒါပေမဲ့ အပြင်ထွက်ပြီး လည်မယ်ဟုတ် လား။ သူသည် ထိုသို့လုပ်ရန် အရင်က မစဉ်းစားဖူးပေ။
“အစ်မကြီးသူတော်စင် သွားလိုက် သွားလိုက်ပါ ကျွန်တော်ပြောမယ် အပြင်လောကက အရမ်းကိုမိုက်တာ၊ လုပ်စရာတွေ အများကြီးရှိသလို အရသာ ရှိတာတွေလည်း အများကြီးပဲ အဲဒီကအစားအစာတွေက ယူယူ့ရဲ့လက်ရာ လောက် မကောင်းပေမဲ့…”
ရှီမာယူယူသည် ဟိန်းသံလေး၏ အော်ဟစ်နေသံကို မခံနိုင်တော့သဖြင့် သူ့ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။
“သူတော်စင်လေး ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲက ပြီးသွားပြီဆိုတော့ ဒီကျွန်းမှာက လုပ်စရာမရှိတော့ဘူးလေ၊ ဘာလို့ အပြင်ထွက်ပြီးမလည်ရမှာလဲ” လှေသမားထွတ်သည်လည်း တိုက်တွန်းလေသည်။
“ဒါဆိုလည်း ကောင်းပြီလေ”
“အခုသွားရင် ဘယ်လိုလဲ” လှေသမားထွတ်သည် စိတ်မြန်သူဖြစ်သည်။
“ဒီကိစ္စကို ဂရုမစိုက်တော့ဘူးလား”
“ဒီကိစ္စက သူမနဲ့ ဟောမျိုးနွယ်ကြားက ရန်ငြိုးလေ ငါတို့က ဘာလို့ကြား ဝင်ရမှာလဲ ဒီကောင်မလေး ကျွန်းကိုနှစ်ပိုင်း မပိုင်းရင်ပြီးတာပဲ” လှေသမား ထွတ်သည် ပထမတစ်ခွန်းကို သူတော်စင်မိန်းမပျိုကိုပြောခြင်းဖြစ်ကာ ဒုတိယ တစ်ကြောင်းမှာ ရှီမာယူယူအား သတိပေးခြင်းဖြစ်သည်။
ရှီမာယူယူသည် ရယ်မောပြီး သဘောတူလိုက်သည်။
သူမ ကျွန်းကို နှစ်ပိုင်းမပိုင်းရင် ပြီးတာပဲ။ သူမကိုပေးတဲ့ ဒီလုပ်ပိုင်ခွင့်က တော်တော်ကြီးတာပဲ။
***