ပထမဆုံးအနမ်း။ညစ်ညမ်းစာအုပ်များရဲ့ “သားကောင်”
Vol. 4 Ch. 59
အဲလစ်၏ အသက်ရှူသံများ မြန်ဆန်လာပြီး ချန်လွေ့နား ကပ်လာသည်။အဲလစ် ခဏတုံ့ဆိုင်းသွားသည်။ထို့နောက် သူ၏ နူးညံပြီး နွေးထွေးသော နှုတ်ခမ်းတစ်စုံကို ချန်လွေ့၏ နှုတ်ခမ်းနှင့် ထိလိုက်သည်။
ချန်လွေ့၏ ဦးနှောက်ပွင့်ထွက်သွားသည်။သူ၏ နှုတ်ခမ်းမှ ထူးဆန်းသော ခံစားချက်တစ်ခုသည် တစ်ကိုယ်လုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားသည်။ ချန်လွေ့၏ ဉီးနှောက် ခေတ္တ ကွက်လပ်ဖြစ်သွားပြီး ခဏ အကြာတွင် သတိပြန်ဝင်လာသည်။ ပြန်လည်မွေးဖွားပြီးတော့ ငါ့ရဲ့ ပထမဆုံးအနမ်းက ဒီလိုကြီး ဖြစ်သွား တာလား။ အဲလစ်၏ ခန္ဓာကိုယ်တုန်ခါနေပြီး ပို၍ပင် မသက်မသာ ခံစားနေရသည်။မြေပေါ်တွင် ထောက်ထားသောလက်များ အားနည်းလာပြီး အဲလစ်၏ နူးညံ့သော ခန္ဓာကိုယ်သည် ချန်လွေ့ပေါ်သို့ လဲကျသွားသည်။
ချန်လွေ့သည် ပြန်လည်မွေးဖွားပြီးနောက် ပထမအနမ်း အကြောင်းကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ ချစ်စိတ်ပြင်းပြတဲ့ အသီနာ၊ညှို့ငင်တတ်တဲ့ ခီရာ၊ပြီးတော့ ရေခဲတုံး တော်ဝင် မင်းသမီး ရှီရာလည်း ပါသေးတယ်။ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲလစ်ကတော့ အဲ့ဒီအထဲ လုံးဝမပါဘူး။
ချန်လွေ့သည် ဤဘဝ၌ ပထမဆုံးအနမ်းကို အဲလစ်က ဤကဲ့သို့ နည်းဖြင့် “ယူသွား”မည်ဟု တစ်ခါမှ မတွေးမိ ခဲ့ပေ။လှပသော စိတ်ကူးယဉ်များနှင့် ရမ္မက်ဆန္ဒများသည် ထိုတုတ်ချောင်းကြောင့် အားလုံးကြေမွ ပျက်စီးခဲ့ရလေပြီ။ လိုလီလေးသည် ဆက်လက်၍ စမ်းသပ် စူးစမ်းပြန်သည်။
ယခုတစ်ခေါက်၌ အဲလစ်သည် ပိုမိုကျွမ်းကျင်လာသည်မှာ အသေအချာပင်ဖြစ်သည်။ အဲလစ်၏ နူးညံ့သည့် နှုတ်ခမ်း များသည် တစ်စုံတစ်ယောက်ကို ပို၍ပင် ထူးဆန်းအောင် ခံစားရစေသည်။ ဒီခံစားချက်က တကယ်တော့ မဆိုး ပါဘူး။ဒါပေမဲ့ နေရာတစ်ခုကတော့ နိုးထလာနေပြီ။
မဖြစ်ဘူး။ငါထိန်းထားရမယ်။မဟုတ်လို့ကတော့ မကောင်းတာတစ်ခုခု ဖြစ်သွားမှာပဲ။
ခဏအကြာတွင် လိုလီလေးသည် အနည်းငယ် ကြွလိုက် သည်။ထို့နောက် စာရွက်လှန်သံများကို ချန်လွေ့ကြား လိုက်ရသည်။သိုလှောင်လက်ကောက်ထဲ ထည့်သိမ်းထား လိုက်သည့် ညစ်ညမ်းစာအုပ်များကို ချန်လွေ့ ချက်ချင်း တွေးမိလိုက်သည်။
စာအုပ်အဖုံးကို မကြည့်ဘဲနဲ့တောင် စာအုပ်နာမည်ကို ငါမှန်းနိုင်တယ်။ တကယ်ပါပဲ။ငါက အဲ့ဒီညစ်ညစ်စာအုပ်တွေရဲ့ လက်တွေ့ ပစ်မှတ် ဖြစ်သွားပြီ……
ခဏအကြာတွင် မွှေးရနံ့ ပြန်ချဉ်းကပ်လာသည်။ယခု တစ်ခေါက်တွင် လိုလီလေးသည် အမှန်တကယ်တွင် ချန်လွေ့ပါးစပ်ထဲသို့ လျှာထိုးထည့်လိုက်သည်။ချန်လွေ့ သည် သတိလစ်နေသည့်အတွက် မဆင်မခြင် မလုပ်ရဲပေ။ ထို့ကြောင့် အံကြိတ်ထားကာ မလျှော့ပေးရဲချေ။ အဲလစ်၏ စိုစွတ်နေသည့်လျှာသည် ခဏတာ ပိတ်မိနေပြီး ပင်ပန်းသလိုခံစားလာရသည်။ထို့ကြောင့် အဲလစ်သည် ချန်လွေ့၏ ရင်ဘတ်ပေါ်တွင် မှီပြီး မောဟိုက်နေသည်။
လိုလီလေးကို ရင်သားကြီးပြီး ကလေးရုပ်နှင့် ကောင်မလေးတစ်ယောက်ဟု သတ်မှတ်၍ မရသော် လည်း အဲလစ်၏ရင်သားများသည် အတော်လေး ကြီးလှသည်။ချန်လွေ့ကို ပို၍ပင် အော်ငိုစေချင်သည့် အရာမှာ “အယ်ခိတ်” အခြေအနေကို ကိုယ်စားပြုသည့် ဟိုအစိတ်အပိုင်းကို မထိန်းထားနိုင်တော့ခြင်းပင် ဖြစ် သည်။နောက်ဆုံး၌ ၎င်းသည် အခြေခံဗီဇဖြင့် တုံ့ပြန် လိုက်သည်။ ဒါက တကယ့်သားရဲပဲ။
လိုလီလေးသည် တင်ပါး၏ ပုံမှန်မဟုတ်သည့်အရာကို ခံစားရဟန်တူသည်။ထို့ကြောင့် သိချင်စိတ်ဖြင့် ထလိုက်ပြီး ဘာဖြစ်လဲဆိုတာကို ကြည့်ချင်နေသည်။
ထပ်ပြီး ဟန်ဆောင်၍ မရတော့ကြောင်း ချန်လွေ့သိသွား သည်။အဲလစ်သည် အမှန်တကယ်ပင် ယောကျ်ားလေး၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို လေ့လာချင်လျှင် ချန်လွေ့ သည် နှာဘူးတစ်ယောက် မဖြစ်ချင်သော်လည်း လူပျိုရည် ထိန်းနိုင်တော့မည်မှာ မသေချာတော့ပေ။
ချန်လွေ့ အနည်းငယ် လှုပ်ရှားလိုက်ပြီး သမ်းချင်ယောင် ဆောင်လိုက်သည်။ထို့နောက် အာခေါင်ခြောက်နေသည်ကို စိုစွတ်စေရန်အတွက် တံတွေးမျိုချလိုက်သည်။
ချန်လွေ့ လှုပ်ရှားလိုက်သည့် အချိန်တွင် အဲလစ်သည် ဓာတ်လိုက်သကဲ့သို့ တုန်လှုပ်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ထိုအမြန်နှုန်းသည် ဂျက်စီထက် အများကြီး နှေးလွန်းသည်။ချန်လွေ့သည် ဝေဝါးနေသည့် မျက်လုံးများကို ပွတ်သပ်ပြီး ယခုမှနိုးလာဟန် ဆောင် လိုက်သည်။
“ အာ။အဲလစ်။မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”
အဲလစ်သည် မူလက လှည့်ပြီး ထွက်ပြေးချင်ခဲ့သည်။ သို့သော်လည်း ချန်လွေ့၏ မေးခွန်းကို ကြားလိုက်သည့် အခါ အမြန် ပြန်လှည့်ပြီး ပြုံးပြလိုက်သည်။
“ ရှင် ပြန်မလာသေးလို့ ကျွန်မ လာကြည့်တာ။ရှင် သတိ လစ်နေတာကို ကျွန်မတွေ့လို့ လာကူညီတာ။ ”
ပြေးတော့မယ့်ပုံစံနဲ့ လာကူညီတယ် ဟုတ်လား။ မင်းရဲ့ လက်ကိုလည်း နောက်မှာ ဝှက်ထားတယ်။အဲ့ဒါက သိုလှောင်လက်ကောက်ထဲမှာ အချိန်မီ မသိမ်းနိုင်ခဲ့တဲ့ စာအုပ်တွေပဲ။
လိုလီလေးသည် အလွန်တည်ငြိမ်နေပုံပေါ်သည်။သို့သော် မျက်နှာပေါ်ရှိ နီမြန်းမှုကိုတော့ မဖုံးကွယ်နိုင်ပေ။အဲလစ် သည် ရှက်နေသည့် ပန်းသီးစိမ်းကဲ့သို့ ဖြစ်နေပြီး အကောင်းဆုံး ပန်းသီးစိမ်းလည်းဖြစ်သည်။သို့သော်လည်း မမှည့်သေးသည်မှာတော့ မမှည့်သေး သည်သာဖြစ်သည်။ ကြိုတင်ခူးလိုက်၍ တစ်စုံတစ်ယောက်၏အစ်မသိသွား လျှင် အပြစ်ဒဏ်သည် အငယ်ခံ သင်းကွပ်ခံရနိုင်လေသည်။
ထို့ပြင် ဤကိစ္စ၌ ချန်လွေ့သည် အပြစ်မဲ့သည့်သားကောင် တစ်ကောင်သာ ဖြစ်သည်။ ချောင်းရိုက်တာ၊အတင်းနမ်းတာ၊တွန်းချတာ….. ကြည့်ရ တာ နတ်ဆုံးဘုံက တကယ် အန္တရာယ်များတဲ့ ဂြိုလ် တစ်ခုပဲ။ဒါပေမဲ့လည်း ကံမကောင်းတာက ကမ္ဘာကို ငါပြန်လို့မရတော့ဘူး…..
စောစော “မထ” မိခဲ့၍ ချန်လွေ့ နောင်တ ရနေသည်။ထို အချိန်တွင် ချန်လွေ့၏ နှုတ်ခမ်းများကြား၌ နွေးထွေးမှု ရှိနေပြီး ရင်ဘတ်ထဲ၌ ဖော်မပြတတ်သည့် ခံစားချက် တစ်ခု ရှိနေသည်။ချန်လွေ့ ခေါင်းကြမ်းကြမ်းခါလိုက်ပြီး ထူးဆန်းသည့် အတွေးများအားလုံးကို ဖယ်ထုတ်လိုက်သည်။ထို့နောက် ချန်လွေ့ပြောလိုက်သည်။
“ ကျေးဇူးပါပဲ။အဲလစ်။ဘာဖြစ်သွားလဲ ငါမသိဘူး။ငါ့ခေါင်း နောက်ဘက်မှာ တစ်ခုခု ခံစားလိုက်ရပြီးတော့ ငါဘာမှ မမှတ်မိတော့ဘူး။အခုငါ ခေါင်းမူးနေတုန်းပဲ။ ဒီ ကျောက်စိမ်းနဂါးမောက်သီးတွေ ခူးပြီးတော့ တစ်ခါတည်းပြန်ကြရအောင်။ နောက်တစ်ခေါက်မှ ပျော်ပွဲစား လုပ်ကြမယ်လေ။ဟုတ်ပြီလား။ ”
လိုလီလေးသည် အပြစ်မကင်းသကဲ့သို့ ခံစားသွားရသည်။ ထို့ကြောင့် မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်သည်။သူတို့ နှစ်ယောက် လှည့်ထွက်သွားသည့်အခါ မထိမ်းနိုင်တော့ သည့် ရယ်သံတစ်ခု ကြားလိုက်ရဟန်တူသည်။အဲလစ် လည်း သံသယဖြင့် လှည့်ပတ် ကြည့်လိုက်သည်။၊ သို့သော်လည်း ဘာမှမတွေ့ခဲ့ပေ။ချန်လွေ့သည် ဘာမှ မကြားချင် ယောင်ဆောင်လိုက်သော်လည်း စိတ်ထဲ၌ ကျိန်ဆဲနေလေ၏။ သောက် ပါ့ဂ်လီအို။ဒင်းက ငါတို့ နှစ်ယောက်လုံးကို တစ်ချိန်လုံး ထိုင်ကြည့်နေတာပဲ။
ကမ္ဘာကြီး ပြောင်းလဲသွားပြီ။ဒီနေ့ ငါတကယ် မမျှော်လင့် ဘဲ ကျဆုံးခဲ့ရပြီ။ တော်ဝင်မင်းသမီးက အတိတ် ဖြစ်သွား ပြီးတော့ လိုလီလေးက တော်ဝင်လမ်းစဉ်ဖြစ်သွားပြီလား။
အမှောင်လမြို့ကို ရောက်သည့်အခါ လိုလီလေးသည် ချန်လွေ့ကို ချန်ထားပြီး မင်းသမီးလက်လီစတိုးဆီသို့ ဒေါသတကြီးဖြင့် အပြေးသွားလိုက်သည်။
အဲလစ် ဒေါသထွက်ရသည့် အကြောင်းရင်းသည် အလွန် ရိုးရှင်းလှသည့်အတွက် ချန်လွေ့ ကြောင်သွားသည်။ လမ်းတစ်လျှောက်၌ လိုလီလေးသည် စကားပြောရန် ရှောင်နေပြီး အချိန်အကြာကြီးနေမှ မေးလိုက်သည်။
“ အသီနာလိုမျိုး “ဖွံ့ဖွံ့ဖြိုးဖြိုး” ရင်သားတွေရှိတဲ့ သူကို ရှင်ပိုပြီး သဘောကျလား။ ”
တစ်စုံတစ်ယောက်သည် ကိုယ့်မေးခွန်းနှင့်ကိုယ် လွှမ်းမိုး ခံလိုက်ရသည်။ချန်လွေ့လည်း ခေါင်းညိတ်လိုက်မိသည်။
အဲလစ်၏ ခပ်ပြုံးပြုံးအမူအရာသည် ချက်ချင်းမည်းမှောင် သွားပြီး ချို၃ချောင်းကြံ့ဆီ အမြန်သွားလိုက်သည်။
ချန်လွေ့ သက်ပြင်းချလိုက်သည်။ ဟားရား။ဒါလည်းကောင်းပါတယ်။မဟုတ်ရင် ညစ်ညမ်း စာအုပ်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ဘယ်လိုတွေ ဆက် ဖြစ်မလဲဆိုတာ ငါလည်းမသိဘူး။
ညပိုင်းတွင် အထူးလေ့ကျင့်ရန်အတွက် ရေကန်ပြာ ဆီသို့ သွားသည့်အခါတွင် ပါ့ဂ်လီအိုသည် ချန်လွေ့အား အရှက်မဲ့စွာ ဟားတိုက်ရယ်မောတော့သည်။ရွံစရာ အဆိပ် နဂါးသည် အဲလစ်၏ အသံကိုပင် အတုလုပ်ပြီး ချန်လွေ့ အား “အစ်ကို”ဟု ခေါ်လိုက်သေးသည်။ချန်လွေ့ ကြက်သီး များထသွားပြီး ပါ့ဂ်လီအိုကို အသက်ရင်း၍ တိုက်ရိုက် မိတော့မလို ဖြစ်သွားခဲ့သည်။
နောက်ဆုံး၌ အဆိပ်နဂါးသည် အဓိကကိစ္စဆီ ပြန်သွား လိုက်ပြီး မနေ့ည အောင်ပွဲအကြောင်းကို ချန်လွေ့အား အသေးစိတ် မေးလိုက်သည်။နောက်ထပ် ပြိုင်ဘက်သည် ဘယ်ရော့ ရီကာ ဖြစ်သည်။အချက်အလက် အရဆိုလျှင် ရီကာတွင် သန်မာသည့် တိုက်စစ်နှင့်ခံစစ် ရှိသည်။သူ၏ တိုက်ကွက်များမှာ ရက်စက်သည်။သူသည် ပြိုင်ကွင်းရှိ အလယ်ဆင့်နတ်ဆိုးများထဲ၌ အစွမ်းထက်ဆုံးဖြစ်သည်။
ရီကာသည် နာမည်ကြီးသော်လည်း ပထမဆုံးတိုက်ပွဲ နှစ်ပွဲပြီးနောက်တွင် ချန်လွေ့သည် ပို၍ပင် ယုံကြည်ချက် တိုးပွားလာသည်။ချန်လွေ့၏ အစွမ်းထက်ဆုံးတိုက်ကွက် ဖြစ်သည့် [ အရုဏ်ဦးပစ်ချက် ] မသုံးရသေးသည်ကိုလည်း မေ့မထားသင့်ပေ။
အယ်ခိတ် အခြေအနေရှိ “အရိုးခြောက်”၏ ခိုင်မာမှုသည် ချန်လွေ့၏ ခံစစ်ကိုအကြီးအကျယ် တိုးတက်စေခဲ့သည်။ အမျှင် “ကြွက်သား” များသာ “အရိုးခြောက်”ကဲ့သို့ ကျစ်လစ်သွားခဲ့လျှင် ချန်လွေအစွမ်းသည် နောက်ထပ် အဆင့်တစ်ခုဆီသို့ရောက်ရှိသွားမည် ဖြစ်သည်။အဓိက သော့ချက်မှာ ယနေ့ အလဲအလှယ်၌ အရှိန်အဝါ မည်မျှ ရရှိနိုင်မည် ဆိုသည့် အချက်ပင် ဖြစ်သည်။
နောက်တစ်နေ့၌ ဝတ်ရုံနှင့်ချန်လွေ့သည် စခန်းသို့ ရောက်လာသည်။လူပုအိုကြီးသည် ထိုနေရာ၌ စောင့်ဆိုင်း နေပြီ ဖြစ်သည်။ ချန်လွေ့မေးလိုက်သည်။
“ ဆယ်ဗာကို မင်းဆက်သွယ်ပြီးပြီလား။ ”
လူပုအိုကြီးသည် ပြန်ဖြေလိုက်သည်။
“ ကျုပ် ဆက်သွယ်ပြီးပါပြီ။ဒါပေမဲ့ စာပြန်တဲ့သူက ဆယ်ဗာရဲ့ အစွမ်းထက်ဆုံး လက်အောက်ခံဖြစ်တဲ့ ဂရော်ပဲ။နောက်၂နာရီကျရင် အဖြေပေးမယ်လို့ သူပြော တယ်။အခုက အဲ့ဒီအချိန်ရောက်တော့မယ်။ ”
“ ဂျက်စီ ဘယ်မှာလဲ။ ”
လူပုအိုကြီး မျက်မှောင်ကြုတ်လိုက်သည်။
“ သူက မနက်အစောကြီး အပြင်ထွက်သွားလိုက်တယ်။ သူ့ကိုစောင့်စရာ မလိုဘူး။အချိန်မီ ပြန်လာမယ် လို့ ပြောသွားတယ်။သူက ပိုက်ဆံယူပြီး ထွက်ပြေးသွား မှာကို ကျုပ် စိုးရိမ်မိတယ်။ ”
ချန်လွေ့ အေးအေးဆေးဆေး ပြောလိုက်သည်။
“ သူက အဲ့လိုလူမျိုး ဟုတ်မယ်မထင်ဘူး။အချိန်ကျရင် သူပေါ်လာမယ်လို့ ယုံထားလိုက်တာပေါ့။ ”
လူပုအိုကြီး ထပ်ပြောချင်သော်လည်း မှင်စာအသေးလေး တစ်ယောက် ပြေးဝင်လာသည်။
“ ဆယ်ဗာတို့အဖွဲ့က စာပြန်လာတယ်။သခင်နဲ့ ဆာဒီဒီ တို့ကို အရှေ့တောင် နယ်မြေမှာရှိတဲ့ (၄)လမ်းက ရှေးအိမ် ကို လာဖို့ပြောတယ်။ကျုပ်လို့ လှည့်စားမှာစိုးတဲ့ အတွက် နှစ်ယောက်ပဲလာဖို့ ခွင့်ပြုထားတယ်။ ”
“ ရှေးအိမ်လား။အဲ့ဒါက ဆယ်ဗာရဲ့ အသိုက်ပဲ။အဲ့ဒီ ကောင်ရဲ့ ဂုဏ်သတင်းက ကောင်းတာ မဟုတ်ဘူး။ သခင်။ဒီအရောင်းအဝယ်ကို မေ့လိုက်ကြရအောင်။ ”
လူပုအိုကြီး ကြောက်နေဟန်တူသည်။
“ ဒါတွေအားလုံးက အရေးကြီးတဲ့အချိန်မှာ ဂျက်စီ ပျောက်နေလို့ပဲ။ ”
ချန်လွေ့ ပြောလိုက်သည်။
“ သွားကြတာပေါ့။မင်း လမ်းပြ။ ”
“ သခင် ”
လူပုအိုကြီး ကြက်သီးထသွားပြီး ဆက်လက်၍ ဖျောင်းဖျချင်ခဲ့သည်။
“ အဲ့ဒီလင်းလက်ကျောက်တွေကို ငါရမှဖြစ်မယ်။ ”
ချန်လွေ့ နောက်လှည့်ပြီး လူပုအိုကြီးကို ပြောလိုက်သည်။
“ ဒါကမင်းအတွက် နောက်ဆုံးစမ်းသပ်ချက်ပဲ။မင်းမသွား ရဲရင် ငါမင်းကိုအတင်း မသွားခိုင်းပါဘူး။ဒါပေမဲ့ နောက်ကျ ငါ့ကို သခင်လို့ ထပ်မခေါ်နဲ့တော့။ ”
လူပုအိုကြီး ထိတ်လန့်သွားသည်။ယခင်နေ့ရက်များ၌ သူတို့သားအဖ ခက်ခက်ခဲခဲ နေခဲ့ရသည့်အချိန်များ ခေါင်း ထဲ ဝင်လာခဲ့သည်။အက်ဂ်ယောနှင့် ဆုံတွေ့ပြီး သူ့ “ သခင်”၏ ယုံကြည်မှုကြောင့်သာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ကြောင်း သူတွေးမိလိုက်သည်။လူပုအိုကြီး ခဏ စဉ်းစားချင့်ချိန်လိုက်ပြီး အံကြိတ်ကာ ရှေ့ထွက် သွားလိုက်သည်။
ကျေးဇူးကြောင့်လား၊စွန့်စား၍ ကြွယ်ဝမှုကို ရှာဖွေရန် အတွေးကြောင့်လား မသိပေ။လူပုအိုကြီးသည် ဘဝ၌ အရေးအကြီးဆုံး ခြေလှမ်းကို လှမ်းလိုက်လေပြီ။ လူပုအိုကြီး ပြောသည့်အတိုင်းသည် ဆယ်ဗာ၏ အသိုက်သည် အမှန်တကယ်ပင် မရိုးရှင်းပေ။(၄)လမ်း တစ်လျှောက်၌ ဆယ်ဗာ၏လက်အောက်ခံများ ပြည့် နေ၏။အများစုမှာ အကောင်တောင့်ပြီး ရုပ်ဆိုးကြသည်။
လူပုအိုကြီးသည် လမ်းလျှောက်နေရင်း ပိုပို၍ ကြောက် လာသည်။သို့သော်လည်း ရောက်နေပြီဖြစ်၍ အားတင်း ကာ ရှေ့ဆက်သွားရတော့သည်။ရှေးအိမ်၏ခြံဝင်းသည် အတော်လေးကျယ်လှသည်။စံအိမ်တစ်ခုနှင့်ပင် ဆင်တူ လေသည်။လုံခြုံရေး အလွှာလွှာ အထပ်ထပ်ကို ကျော် ဖြတ်ပြီးနောက်တွင် ဆယ်ဗာကိုခန်းမတစ်ခု၌ သူတို့ တွေ့လိုက်ရသည်။
ဆယ်ဗာသည် သက်လတ်ပိုင်း သေရွာပြန်တစ်ယောက် ဖြစ်သည်။သူ၏ခန္ဓာကိုယ်သည် ပိန်ပါးသော်လည်း မှော် အရှိန်အဝါ ဖျော့ဖျော့လေးတစ်ခုက ဝန်းရံထားသည်။ လှစ်ဟာ ပြနေသည့် ဝတ်စုံဝတ်ထားသောဆွဲဆောင်မှု ရှိသည့် ကဝေမတစ်ယောက်ကို သူဖက်ထားသည်။ ဆယ်ဗာဘေး၌ ကြံ့ခိုင်သည့် အဇရူပဒေဝတာ တစ်ယောက်ရှိသည်။ ထိုသူသည် ဆယ်ဗာ၏ အစွမ်း ထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်ပြီး သာမန် အဇရူပဒေဝတာများ၏ အထွတ်အထိပ်ကို ရောက်ရှိ သွားလေပြီ။
ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းပြီး သွားလေပြီ။ဆယ်ဗာ နှင့် ဂရော်တို့၏ အစွမ်းကို [ E ] ဟု ပြသထားသည်။တစ်နည်းပြောရလျှင် သူတို့သည် အလယ်ဆင့်နတ်ဆိုးများ ဖြစ်ကြသည်။[ E ] အဆင့်ရှိသည့် နတ်ဆိုးများ သုံးလေးယောက်လောက် ရှိနေသေးသည်။ ထိုသူများထဲမှ နှစ်ယောက်သည် တိုင်နောက်၌ ပုန်းနေကြသည်။
ဂျက်စီနှင့် တိုက်ခိုက်ပြီးနောက်တွင် [ သရုပ်ခွဲမျက်လုံး ]၏ ဆန်းကြယ်မှုများကို ချန်လွေ့ ပို၍ သဘောပေါက် လာသည်။၎င်းသည် အစွမ်းကို စစ်ဆေးကြည့်၍ရပြီး နတ်ဆိုးသားရဲများနှင့် ဆက်သွယ်စကားပြော၍ ရရုံသာမက ပုန်းနေသည့် ရန်သူများကိုလည်း ရှာဖွေ နိုင်ပေသည်။သို့သော်လည်း အကွာအဝေး၌ အကန့် အသတ် ရှိသည်။
ဆယ်ဗာသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ကဝေမ တိုက်သည့် ဝိုင်ကို တစ်ငုံ သောက်လိုက်သည်။ဆယ်ဗာ၏ ငှက်လက်သည်းနှင့်တူသည် လက်ဝါးသည် ကဝေမ၏ ဖွံ့ဖြိုးလှသည့် ရင်သားကို ပွတ်သပ်နေလိုက်သည်။
ဆယ်ဗာသည် ပုံမှန်အတိုင်း မေးလိုက်သည်။
“ မင်းက ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယော လား။ ”
“ ဟုတ်တယ်။ ”
ချန်လွေ့သည် အဓိကကိစ္စဆီ တစ်ခါတည်းသွားပြီး မေး လိုက်သည်။
“ မင်းမှာ လင်းလက်ကျောက် တစ်သုတ် ရောင်းဖို့ရှိတယ် လို့ ကြားတယ်။ ”
“ မင်းဝယ်နိုင်တာ သေချာလား။ ”
ဆယ်ဗာ၏ အမူအရာသည် မထီလေးစားမှုများ ပြည့်နေသည်။
“ မင်း ပိုက်ဆံယူလာလား။ ”
ချန်လွေ့သည် လက်ဝှေ့ရမ်းလိုက်ရာ ကြီးမားပြီး ပြည့် လျှံ နေသည့် အိတ်တစ်အိတ် ပေါ်လာသည်။ထိုအိတ်လှုပ် ခတ်သည့်အခါ ပွတ်တိုက်သံများမှတစ်ဆင့် သလင်း ကျောက်နက်များ ဖြစ်ကြောင်းကို အတွေ့အကြုံရှိသူသည် ပြောနိုင်လေသည်။ သူ၏သခင် အလျင်အမြန်ပင် ပိုက်ဆံကို ထုတ်လိုက်သည် ကို တွေ့လိုက်ရာ လူပုအိုကြီး၏ နှလုံးသား၌ ကြောက်လန့် သွားသည်။သို့သော်လည်း သူစကား မပြောရဲပေ။
“ မင်းမှာ သိုလှောင် ကိရိယာတောင် ရှိတာပဲ။ ”
ဆယ်ဗာ၏မျက်လုံးများ၌ လိုချင်စိတ်များပြသနေသည်။
“ အရည်အသွေးမြင့် ၁၅ခု၊အရည်အသွေးလတ်၁၀ခု၊ အရည်အသွေးနိမ့် အခု၅၀ ရမယ်။စုစုပေါင်း သလင်း ကျောက်နက် ၂၀၀၀ ကျမယ်။လိုချင်ရင် ပိုက်ဆံပေး။ ”
မူရင်းဈေးနှင့် မှော်စတိုးရှိ လက်လီဈေးထက် သုံးဆ လောက် ပိုများသည်ကို ကြားလိုက်ရာ လူပုအိုကြီးမနေနိုင် တော့ဘဲ ချန်လွေ့၏ ဝတ်ရုံကို ဆွဲလိုက်သည်။
“ သခင်.... ”
ချန်လွေ့သည် တည်တည်ငြိမ်ငြိမ်ပင် ဈေးဆစ်လိုက်သည်။
“ ဒီလိုမထင်မရှား ပစ္စည်းတွေက အများကြီး မရပါဘူး။ ငါ အားလုံးကို သလင်းကျောက်နက် ၆၀၀ နဲ့ယူမယ်။ ”
“ ငါ့ပိုက်နက်ထဲမှာ မင်းက ဈေးဆစ်ရဲတယ်လား။ ”
ဆယ်ဗာသည် ပြက်လုံးတစ်ခု ကြားလိုက်ရသလို ဖြစ်သွားသည်။သူ၏လက်ထဲရှိ ကဝေမသည်လည်း ပြုံး လိုက်သည်။ဘေးနားရှိ သူ၏တပည့်များလည်း ဟားတိုက် ကြလေတော့သည်။ဂရော် တစ်ယောက်တည်းပင် မရယ်ချေ။ပတ်ဝန်းကျင်ကို သေချာ ကြည့်နေ၏။
ဆယ်ဗာသည် အေးစက်စွာ ရယ်လိုက်သည်။
“ ငါစိတ်ပြောင်းသွားပြီး။သလင်းကျောက်နက် ဒင်္ဂါး ၅၀၀၀ နဲ့ မင်းရဲ့ သိုလှောင်ကိရိယာ ပေးရမယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ဒါက ဈေးကြီးလွန်းတယ်။ငါ မတတ်နိုင်ဘူး။ ”
“ ဒါက လင်းလက်ကျောက် ဈေးနှုန်းလို့ ဘယ်သူပြောလဲ။ လင်းလက်ကျောက်တွေကို ရောင်းဖို့ ငါလုံးဝ မရည်ရွယ် ထားခဲ့ဘူး။ ”
ဆယ်ဗာ လှောင်ပြုံးပြုံးလိုက်သည်။
“ အဲ့ဒါက မင်းတို့နှစ်ယောက်ရဲ့ အသက်တွေကို ဝယ်ဖို့ အတွက် ပိုက်ဆံပဲ။မင်းတို့က ဆန္ဒမရှိမှတော့ ဒီမှာပဲ သေလိုက်တော့။လုပ်လိုက်ကြ။ ”