ဖော်ထုတ်နိုင်ပြီ။[ အထူးစိစစ်မှု ]ရဲ့ လျို့ဝှက်ဆန်းကြယ်မှု
Vol. 5 Ch. 75
ညပိုင်းတွင် ဝိုင်ဗန်တစ်ကောင်သည် တောင်ပံခတ်နေပြီး ရေကန်ပြာ၌ ပေါ်လာသည်။
ထူးဆန်းစွာပင် ချန်လွေ့သည် ပါ့ဂ်လီအိုကို ပုံမှန်မြင်ရေကျ နေရာများ၌ ရှာမတွေ့ခဲ့ပေ။ ချန်လွေ့စိတ်ထဲ၌ အနည်းငယ် စိုးရိမ်လာပြီး နောက်ဆုံးမျှော်လင့်ချက်ဖြင့် ရေကန်ပြာ ဆီသို့ လမ်းလျှောက်သွားကာ ရေငုပ်ပြီးရှာဖွေချင်ခဲ့သည်။
ချန်လွေ့နောက်မှ ကောက်ကျစ်သည့် ရယ်သံတစ်ခု ထွက်လာသည်။
“ လူသားအစ်ကို။အင်္ကျီချွတ်လိုက်တာ ရေချိုးမလို့လား။ ”
ချန်လွေ့သည် ထိုအသံကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။“ လူသားအစ်ကို ” ဟူသောစကားလုံးသည် ချန်လွေ့ကို ကြက်သီးများ ထသွားစေသည်။ နောက်သို့လှည့်ကြည့်လိုက်ရာ ချန်လွေ့ ဘာကိုမှ မတွေ့ရပေ။
“ ပါ့ဂ်လီအို။ချီးထုပ်။ခင်ဗျားအခု မထွက်လာခဲ့ရင် ကျုပ်ပြန်တော့မယ်။ ”
“ ဟီးဟီး......ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ မခြိမ်းခြောက်တော့ဘူးလား။အစ်ကို။ ”
နောက်ဆုံး၌ အဆိပ်နဂါး၏ပုံရိပ်သာ လေဟာနယ်ပေါက်မှ ပေါ်လာသည်။သို့သော်လည်း ချန်လွေ့ကို ရွံအောင်လုပ်ဖို့ သတိရသေးသည်။
“ ခင်ဗျားအဲ့ဒါကို ပြောနေတုန်းပဲ။ ”
ချန်လွေ့ရွေ့လိုက်ပြီး အဆိပ်နဂါးဆီ ပြေးသွားလိုက်သည်။
“ ခင်ဗျားက တကယ့်ကို ရွံစရာပဲ။ ”
“ မင်းက ပိုမြန်လာပြီပဲ။ ”
အဆိပ်နဂါး၏ မျက်လုံးများ တောက်ပသွားသော်လည်း အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ရှေ့၌ မမြင်ရသည့်အားတစ်ခုက တားဆီးနေသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရပြီး ရှေ့ဆက်သွား၍ မရတော့ပေ။ချန်လွေ့သည် အကွက်တစ်ကွက်ကို သတိရလိုက်ပြီး “ တံတိုင်း ” ကို လက်သီးဖြင့် ထိုးလိုက်သည်။၎င်းသည် တကယ့်ဒြပ်ဝတ္ထုတစ်ခုကို ထိသလိုပင် အသံထွက်လာသည်။ထို့ပြင် ထို“တံတိုင်း”သည်လည်း အလွန်တောင့်တင်း လှပြီး ထိခိုက်မှုအားလုံးကို တန်ပြန်ထိစေနိုင်သည်။၎င်းသည် ချန်လွေ့ကို စိတ်လှုပ်ရှား သွားစေသည်။အနည်းငယ် နိမ့်ပါးခြင်းသည် ချန်လွေ့ကို ချက်ချင်းပင် ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်စေခဲ့သည်။
“ မင်းရဲ့ တိုက်ခိုက်မှုတောင် ပို၍အစွမ်းထက်လာတာပဲ။ ”
ထိုသို့ ပြောပြီးနောက်တွင် ချန်လွေ့သည် အမြင့်ကြီးခုန်တက်ပြီး လက်ကိုဓားပုံစံလုပ်ကာ ရိုက်ချလိုက်သည်ကို ပါ့ဂ်လီအို မြင်လိုက်သည်။ပ့ါဂ်လီအိုသည် ပါ့ဂ်လီအိုပင် ဖြစ်သည်။ ချန်လွေ့လက်ထဲတွင် ဧရာမ ဒဏ္ဍာရီလာလက်နက်သဖွယ် ကြောက်မက်ဖွယ်ရာ ထက်မြက်မှုထုတ်လွှတ်နေသည့် ထူးဆန်းသောစွမ်းအားကို ချက်ချင်းပင် ပါ့ဂ်လီအို သတိထားမိလိုက်သည်။
“ သောက်ကောင်။မရူးစမ်းနဲ့။ ”
ပါ့ဂ်လီအိုသည် ရှေ့၌ ချက်ချင်းပေါ်လာပြီး ချန်လွေ့ ထိတ်လန့်သွားသည်။ချန်လွေ့သည် မိုင်ဇာအခြေအနေ၏ [ အရှိန်အဝါဓားသွား ] ကို အသုံးပြုနေပြီး ရပ်တန့်ရန် နောက်ကျ သွားလေပြီ။ထို့နောက် ပါ့ဂ်လီအိုသည် လက်မောင်းကို လျှပ်စီးကဲ့သို့ ဝှေ့ရမ်းလိုက်သည်။ “ ဓားသွား ” သည် ပါ့ဂ်လီအို၏ လက်မောင်းကို ထိသွားပြီး သတ္တုနှစ်ခု ပွတ်တိုက်သည့် အသံ ထွက်ပေါ်လာသည်။
[ အရှိန်အဝါဓားသွား ] သည် အခိုင်မာဆုံးဒိုင်းကာပေါ်သို့ စိုက်ဝင်သွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။ဒိုင်းကာပေါ်တွင် [ အရှိန်အဝါဓားသွား ] ၏ ထက်မြက်မှုကို ကွယ်ပျောက်စေသည့် ထူးဆန်းသော တုန်ခါမှုအားတစ်ခု ရှိနေသည်။ကျန်ရှိသည့် စွမ်းအားသည် “ ဒိုင်းကာ ”၏ ခုခံမှုကို မချိုးဖောက်နိုင်ပေ။ချန်လွေ့သည် တုန်ခါမှု ဒဏ်ကြောင့် လွင့်စင်သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။
ပါ့ဂ်လီအိုလည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်နေသည်။[ အရှိန်အဝါဓားသွား ]ကို ခုခံလိုက်သည့် လက်မောင်းသည် ဘာမှမထိခိုက်ပေ။ သူ့လက်နောက်ရှိ နဖူးပေါ်၌ ပြတ်ရှရာ အသေးလေးရှိနေသည်။၎င်းသည် ထက်မြက်သည့်ဓားသွားဖြင့် လှီးဖြတ်နေသကဲ့သို့ပင် ဖြစ်သည်။
အဆိပ်နဂါး၏ ခန္ဓာကိုယ်သည် အလွန်ထူးခြားလှသည်။ထို့ကြောင့် ဓားရာသည် ချက်ချင်းပြန်ကောင်းသွားပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်။သို့သော် သူ၏စိတ်ထဲရှိ အံ့အားသင့်မှုကိုတော့ ထိန်းသိမ်းရ ခက်ခဲနေသည်။ခုနက တိုက်ကွက်ကို လုံးဝ ခုခံလိုက်သော်လည်း ထူးခြားဆန်းပြားသည့် အားတစ်ခုသည် မယုံကြည်နိုင် လောက်အောင် ခုခံမှုကို ဖြတ်သွားပြီး သူ့ကို ထိခိုက်စေခဲ့သည်။
ချန်လွေ့သည် မတ်တပ်ရပ်ပြီး စိတ်ထဲ၌ လေးစားမှုများ ပြည့်နှက်သွားပြီး [ အရှိန်အဝါဓားသွား ] ကြောင့် “ ဘာမှမဖြစ်သည့် ” ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ သူက ငေါ့တော့တော့ ပြောပေမဲ့ သူ့ရဲ့အစွမ်းက အထင်ကြီးလောက်စရာပဲ။သူ့ကို ချိပ်ပိတ်ထားတာ ပယ်ဖျယ်သွားပြီးတော့ နတ်ဆိုးအရှင်သခင်စွမ်းအား ပြန်ရသွားရင် ဘယ်လောက်တောင် အစွမ်းထက်သွားမှာလဲ။
“ မင်းပြောတာ....မှန်တယ်။မင်းပြောတဲ့အတိုင်းဆို ဒါက ပုံမှန်မဟုတ်ဘူး။တော်တော့်ကို ပုံမှန်မဟုတ်ဘူး။ ”
အဆိပ်နဂါးသည် မခံမရပ်နိုင် ဖြစ်ပုံရသည်။
“ မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ပြောတဲ့အထိ ဒဏ်ရာရခဲ့တယ်။အခုတော့ မင်းကလုံးဝ ပြန်ကောင်းသွားပြီးတော့ မင်းရဲ့စွမ်းအားနဲ့ အမြန်နှုန်းက နောက်တစ်ဆင့်ကို ထပ်ရောက်သွားပြန်ပြီ။ပြီးတော့ ခုနက လျို့ဝှက်နည်းစနစ်ကလည်း တော်တော်လေး ထူးဆန်းတယ်။ငါ့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်။မင်းဒီအတိုင်းဆက်ပြီး စွမ်းအားတိုးသွားမယ်ဆိုရင် သုံးလေးနှစ်အတွင်းမှာပဲ နတ်ဆိုးဘုံတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီ။ ”
စကားပြောနေရင်း အဆိပ်နဂါးသည် လကို လေထဲတွင် ဝှေ့ရမ်းလိုက်သည်။ထို့နောက် အချင်း(၁)မီတာရှိသည့် အမှတ်နှစ်ခုသည် နောက်ဘက်ရှိ မြေပြင်ပေါ်၌ ပေါ်လာပြီး ထူးထူးဆန်ဆန်း အလင်းရောင် တောက်နေသည်။
“ ဒါကို ဒဏ်ရာရတယ်လို့ ခေါ်တာလား။ ”
ချန်လွေ့သည် အဆိပ်နဂါး၏ နဖူးကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ထို့နောက် အမှတ်နှစ်ခုကို ကြည့်လိုက်သည်။
“ ဒီနှစ်ခုက ဘာတွေလဲ။ ”
“ မင်း နဂါးထွင်းစာကိုတောင် မေ့သွားပြီလား။ ”
ပါ့ဂ်လီအို ဆူပူလိုက်သည်။
“ တော်တော်မသိတဲ့ကောင်ပဲ။ဒါပေမဲ့ ဒီတစ်ခေါက်မင်း အရမ်းကံကောင်းသွားတယ်။ ခုနကသုံးလိုက်တဲ့ လျို့ဝှက်တိုက်ကွက်က မဟာဆရာသခင်ရဲ့ အမွေအနှစ်ပဲ ဖြစ်ရမယ်။ဒါပေမဲ့ မင်းလက်ထဲရောက်နေတာ နှမြောစရာပဲ။ခုနက မင်းတိုက်ခိုက်တဲ့ ဟာက [ တန်ပြန် ] ထွင်းစာပဲ။မင်းအဲ့ဒါကို လုံးဝ မဖျက်ဆီးနိုင်ရင် မင်းတိုက်ခိုက်တာ ပိုပြင်းလေလေ တန်ပြန်ထိခိုက်မှု ပိုပြင်းလေလေပဲ။အခုငါက မဟာနတ်ဆိုးဘုရင် အစွမ်းရှိတယ်။အဲ့ဒါကြောင့် ထွင်းစာကလည်း မဟာနတ်ဆိုးဘုရင်အစွမ်းပြတယ်။ မင်းရဲ့လက်ရှိအစွမ်းနဲ့ဆိုရင် မင်းရဲ့ လျို့ဝှက်တိုက်ကွက်ဘယ်လောက်ပဲကြမ်းကြမ်း ထွင်းစွာကို ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ငါမင်းကို မတားခဲ့ရင် အခုဆိုမင်း ကိုယ့်အစွမ်းနဲ့ကိုယ် ပြန်ခံနေရပြီ။ ”
ပါ့ဂ်လီအို အဘယ့်ကြောင့် နှောင့်ယှက်ချင်ကြောင်းကို နားလည်သွားပြီး ချန်လွေ့ သိမ့်သိမ့်တုန်သွားသည်။ထို့နောက် ချန်လွေ့သည် ချက်ချင်းကို စိတ်ကိုရှင်းအောင် လုပ်လိုက်သည်။ ကြည့်ရတာ မနေ့ညက မီကတ်စ်ကို သတ်ပြီးတော့ ငါ့ကိုယ်ငါ ကျေနပ်အားရနေတာ ထင်တယ်။[ အရှိန်အဝါဓားသွား ] က ဘယ်လောက်ပဲ အစွမ်းထက်ထက် အကန့်အသတ်တော့ ရှိတယ်။ငါသေချာ ဂရုစိုက်ရမယ်။
“ ဒါနဲ့မင်း ထွင်းစာတွေကို မလေ့လာဖြစ်ဘူးလား။ ”
အခြားအမှတ်တစ်ခုကို ပါ့ဂ်လီအို လက်ညှိုးထိုးပြလိုက်သည်။
“ ဒါကဘာလဲဆိုတာ မှတ်မိလား။ ”
“ ဒါက.... ”
ချန်လွေ့၏ ထွင်းစာအပေါ်နားလည်မှုသည် အလွတ်မှတ်ခြင်း၌သာ ကျန်ရှိနေပြီး နားလည်မှုသည် အခြေခံသာ ရှိနေသည်။မှတ်ထားတဲ့ မှတ်ဉာဏ်များကို ပြန်လည်မွှေနှောက်နေစဉ်တွင် အသိပေးချက်တစ်ခုကို ချန်လွေ့ ခံစားလိုက်ရသည်။
“ အမည်မရှိ မီတာဒေတာ ရှာတွေ့၏။[ အထူးစိစစ်မှု ]ကို အသက်သွင်းချင် ပါသလား။ ”
ချန်လွေ့ ကြောင်သွားသည်။ [ အထူးစိစစ်မှု ] တဲ့လား။ဒါက တော်တော်လေးကို ဈေးကြီးတဲ့ အစွမ်းပဲ။တစ်ခါသုံးရင် အရှိန်အဝါ ၁၀၀၀၀ ကုန်တယ်။ပြီးတော့လည်း နာရီဝက်ပဲ ခံတယ်။အခုငါ့မှာ အရှိန်အဝါ ၁၁၀၀၀၀ ရှိသည်။စူပါစနစ်ရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ဖို့အတွက် စမ်းကြည့်ရမှာပဲ။
“ အသက်သွင်းလိုက်။ ”
ချန်လွေ့ စိတ်ထဲ၌ အတည်ပြုပြီးနောက်တွင် စိတ်ဝိညာဉ်သည် ချက်ချင်း မြင့်မား သွားသည်ဟု ခံစားလိုက်ရသည်။ချန်လွေ့သည် ထူးဆန်းသောနည်းဖြင့် စာဖတ်နေပြီး ဦးနှောက်ထဲ၌ အပိုင်းများကို ခွဲခြမ်းစိစစ်ကြည့်နေလိုက်သည်။၁၀မိနစ်ကျော်ကြာ ပြီးနောက် ချန်လွေ့ ကြောင်တောင်တောင် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး ပါ့ဂ်လီအို ခေါင်းခါလိုက်သည်။နဂါးထွင်းစာ၏ ခက်ခဲမှုသည် အလွန်မြင့်မားသည်။နဂါး တစ်ကောင်ပင် အလွယ်တကူ မကျွမ်းကျင်နိုင်ပေ။ ဒီဘာမှမသိတဲ့ကောင်အတွက်တော့ နတ်ဆိုးအရှင်သခင် ရောက်ဖို့ထက် ပိုပြီးခက်ခဲမှာပဲ။ငါစိတ်ရှည်ပြီးတော့ သူ့ကို ဖြည်းဖြည်းချင်း သင်ပေးမှပါလေ.....
“ ထားလိုက်တော့။မင်းရဲ့ ဉာဏ်နဲ့ဆို.... ”
ပါ့ဂ်လီအို စကားမဆုံးသေးခင်မှာပင် ချန်လွေ့ အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“ ပါ့ဂ်လီအို။အခုပဲ ခင်ဗျားသိသမျှ ထွင်းစာ ပညာတွေအားလုံးကို ပြောပြ။ဘာလို့လဲ မမေးနဲ့။မြန်မြန်ပြော။ ”
ပါ့ဂ်လီအို ကြောင်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။မြေပြင်ပေါ်တွင် ရေးဆွဲပြီး အဆိပ်နဂါး စတင်သင်ကြားပေးတော့သည်။ခဏပြောပြီးနောက်တွင် ပါ့ဂ်လီအိုသည် အနားယူချင်ခဲ့သည်။သို့သော်လည်း လူသားမျက်လုံးများသည် သူ့ကိုစိုက်ကြည့်နေပြီး အမြန်ပြောလိုက်သည်။
“ မြန်မြန်။ဆက်ပြောနေ။ပိုမြန်လေ ပိုကောင်းလေပဲ။တစ်ခါတည်းအကုန်ပြီးသွားရင် အကောင်းဆုံးပေါ့။ ”
ဒီကောင်ဘယ်တုန်းက ဒီလောက်သင်ချင်စိတ် ထက်သန်သွားရတာလဲ။အဆိပ်နဂါးသည် တစ်ခုခုထူးခြားနေသည်ကို သိသော်လည်း ဂရုမစိုက်တော့ဘဲ သိသမျှအားလုံးကို လေထဲတွက် ပုံဆွဲပြရင်း ပြောပြလိုက်သည်။
ချန်လွေ့သည် လုံးဝသဘောပေါက်ရန် ကြိုးစားနေသည်မဟုတ်ဘဲ အားလုံးကို မှတ်မိရန် အာရုံစိုက်နေသည်။နာရီဝက် ကုန်ဆုံးသွားလေပြီ။ချန်လွေ့ အာရုံမထားဘဲ အဆိပ်နဂါး စကားပြောပြီးသည့်အထိ [ အထူးစိစစ်မှု ]ကို အသက်သွင်းလိုက်ပြန်သည်။
“ ကောင်းပြီ။အခု ကျုပ်ကို မနှောင့်ယှက်နဲ့တော့။ ”
ချန်လွေ့၏ ဦးနှောက်သည် ကွန်ပျူတာတစ်ခုကဲ့သို့ ခံစားရပြီး လျင်မြန်စွာ သိုလှောင်၊ ခွဲခြမ်းစိစစ်၊တွက်ချက်နေပြီး မှတ်ထားသည့် အချက်အလက်များကိုပင် ဖော်ထုတ် နေလေသည်။
ချန်လွေ့ သစ်ကိုင်းတစ်ကိုင်းယူပြီး မြေပြင်ပေါ်၌ စတင် ရေးဆွဲတော့သည်။
အစပိုင်းတွင် ပါ့ဂ်လီအို ခေါင်းခါလိုက်သည်။သို့သော်လည်း နောက်ပိုင်းရောက် လာလေလေ ပို၍အံ့အားသင့်လာလေလေ ဖြစ်သွားသည်။ချန်လွေ့ရေးဆွဲလိုက်သည့် ထွင်းစာသည် ပါ့ဂ်လီအိုထင်ထားသည်ထက် အစွမ်းနိမ့်ကျသော်လည်းပိုပြီး တိတိကျကျရှိလာပြီး အမှားကင်းလုနီးပါး ဖြစ်သွားသည်။
ဒုတိယ [ အထူးစိစစ်မှု ] ၏ သက်ရောက်မှုရှိသည့်အချိန် ကုန်သွားလေပြီ။ အချက်အလက်သည်လည်း လုံးဝစိစစ်ပြီးသွားလေပြီ။၎င်းကို ချန်လွေ့၏စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်စေသည့် အမှတ်တံဆိပ်ကဲ့သို့ စိစစ်အချက်အလက်များဟု ခေါ်သင့်ပေသည်။ထိုပညာရပ်ကို ချန်လွေ့ လုံးဝကျွမ်းကျင်သလို ဖြစ်သွားပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်သကဲ့သို့ပင် ဖြစ်သွားလေသည်။
သေချာသည်မှာ ၎င်းသည် အဆိပ်နဂါးထံမှ အသိပညာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။သို့သော်လည်း ကျန်ရှိသည်များမှာ မှတ်ဉာဏ်ထဲတွင် စွဲထင်ကျန်ရစ် နေသည်။ထို့ကြောင့် ချန်လွေ့သည် [ အထူးစိစစ်မှု ] ကို ဆက်လက်အသက်သွင်းပြီး လျို့ဝှက်ဆန်းကြယ်မှုများကို ပို၍ဖော်ထုတ်နိုင်ပေမည်။
“ ခင်ဗျားရဲ့ ထွင်းစာနှစ်ခုမှာ တစ်ခုက [ တန်ပြန် ] ၊ ပြီးတော့ နောက်တစ်ခုက [ ပုံးကွယ် ] ။ ကျုပ်ရဲ့ ပုံထဲမှာတော့ ဒါက [ မီးတောက် ] ကို ကိုယ်စားပြုတယ်။ဒါက [ ပေါက်ကွဲ ] ကို ကိုယ်စားပြုတယ်။ဒီတော့ ဒီအမျှင်က [ အဆိပ်နဲ့တယ်လီပို့ ] ကို ကိုယ်စားပြုတယ်။ ဟုတ်တယ်မလား။ ”
ပါ့ဂ်လီအိုကို ချန်လွေ့ မေးလိုက်သည်။
ပါ့ဂ်လီအိုသည် မသိလိုက်ပဲ ခေါင်းညိတ်လိုက်မိသည်။ရုတ်တရက် သူရှေ့တက်သွားပြီး ချန်လွေ့ကို ဝါးစားတော့မတတ် ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
ချန်လွေ့လည်း ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသည်။ဒီ အဆိပ်နဂါးရဲ့ အသိုက်က ခါးကျိုးတောင်မှ ရှိတာလား။
“ မင်းက လူသားထက် နဂါးဖြစ်မယ်လို့ ငါပိုပြီး သံသယရှိလာပြီ။ ”
ပါ့ဂ်လီအိုသည် အံကြိတ်ရင်း ပြောလိုက်သည်။
“ နဂါးတစ်ကောင်တောင် နဂါးထွင်းစာကို ဒီလောက်မြန်မြန် မကျွမ်းကျင်နိုင်ဘူး။ ”
ပ့ါဂ်လီအိုသည် နဂါးထွင်းစာ တော်သည်။ထိုနယ်ပယ်၌ သူ့ကိုယ်သူ အသိပညာနှင့် အတွေ့အကြုံ နှစ်ပေါင်း ၁၀၀၀၀ နီးပါး နှစ်မြုပ်ထားခဲ့သည်။ထို့ကြောင့် ပါ့ဂ်လီအိုသည် နတ်ဆိုးဘုံရှိ နဂါးများကြားထဲ၌ အတော်လေး နာမည်ကြီးသည်။သို့သော်လည်း ဘာမှမသိသည့် လူသစ်တစ်ယောက်ဖြစ်သည့် လူသားတစ်ယောက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် အဓိကများကို အမှန်တကယ် ကျွမ်းကျင်သွားမည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းသည် ယခင်ကကဲ့သို့ ရိုးရိုးအလွတ်မှတ်ခြင်းမျိုး မဟုတ်ပေ။လုံးဝ နားလည် သဘောပေါက်ခြင်း ဖြစ်သည်။
“ မဟာဆရာသခင်။ဒါက မဟာဆရာသခင်ရဲ့ အမွေအနှစ်ကြောင့် ဖြစ်ရမယ်။ ”
ပါ့ဂ်လီအို အလျင်အမြန် တုံ့ပြန်ပြီး ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
“ အဲ့ဒီ ဆရာသခင်ဝူခုန်းက သေချာပေါက် နဂါးပဲဖြစ်ရမယ်။ဒါမှမဟုတ် ဒဏ္ဍာရီလာ နဂါးဘိုးဘေးပဲ ဖြစ်ရမယ်။ဘာလို့ ဘိုးဘေးက ဒီလိုအရှက်မရှိတဲ့ လူသားကို ဂရုစိုက် ၏ရ တာလဲ။ငါ့လို အစွမ်းထက် ရုပ်ချောပြီး ပါရမီရှိတဲ့ နဂါးကိုကျတော့ လျစ်လျူရှုထားတယ်။ ”
“ ခင်ဗျား မနာလိုဖြစ်နေပြန်ပြီ။ဒါက နဂါးတစ်ကောင်ရဲ့ စရိုက်မဟုတ်ဘူး။ ”
ချန်လွေ့သည် စက်ဆုပ်သည့်ဟန်ဖြင့် နှုတ်လမ်းကို ပြူးထွက်အောင် လုပ်လိုက်သည်။ သို့သော်လည်း ချန်လွေ့သည် စိတ်ထဲ၌ အလွန်ပျော်ရွှင်နေသည်။ ဒါဆို ဒါက [ အထူးစိစစ်မှု ]ရဲ့ လျို့ဝှက်ဆန်းကြယ်မှုပေါ့။အရှိန်အဝါ ၂၀၀၀၀ သုံးလိုက်ရတာက လုံးဝတန်တယ်။စိတ်ရှုပ်စရာ အကောင်းဆုံး နဂါးထွင်းစာတွေကို ဖြေရှင်းသွားနိုင်ပြီ။ ဒါကိုသုံးပြီး အားလုံးကို လေ့လာလို့ရင် ငါ စူပါမင်း မဖြစ်သွားဘူးလား။
ဒါပေမဲ့ “ အမည်မသိ မီတာဒေတာ ” ဆိုတာကို ငါနားမလည်သေးဘူး။[ အထူးစိစစ်မှု ] ရဲ့ ပစ်မှတ်အတွက်က တားမြစ်ချက်တချို့ ရှိနိုင်လောက်တယ်။
စူပါစနစ်သည် ဧရာမရတနာကြီးသိုက် ကဲ့သို့ပင် ဖြစ်သည်။ယခုတွင် ချန်လွေ့သည် သော့ရထားပြီ ဖြစ်သော်လည်း ထိပ်ဆုံးအဆင့်ထိသာ တူးနိုင်သေးသည်။ကျန်ရှိသည် များကို ဆက်လက်ရှာဖွေရန်အတွင် သေချာပေါက် ထိုက်တန်နိုင်ပေသည်။
ပါ့ဂ်လီအိုက သူမည်သည့်အတွက်ကြောင့် မရရှိကြောင်း ဝူခုန်းကို ညည်းတွားနေကြောင်း ချန်လွေ့ကြားသွားပြီး ခေါင်းခါလိုက်သည်။ နဂါးဘိုးဘေးဆိုတာက ဘာကြီးလဲ။သူက မျောက်တစ်ကောက်ပဲလေ။ပြီးတော့ သူက ကမ္ဘာဦးခေတ် စတိုးဆိုင်ရဲ့ အကြီးမားဆုံး မျောက်အထူးတံဆိပ်ဖြစ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးမျောက်ပဲ။
ထိုအချိန်တွင် ချန်လွေ့သည် ပြင်းထန်လှသည့် မူးဝေမှုကို ရုတ်တရက် ခံစားလိုက်ရပြီး တစ်လောကလုံး ချာချာလည်နေသည်။[ အထူးစိစစ်မှု ]အတွင်း၌ မြင့်မားခဲ့သည့် စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် အားနည်းလာသည်။ချန်လွေ့တစ်ကိုယ်လုံး ယိမ်းယိုင်နေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျပေတော့မည်။
ပါ့ဂ်လီအို ချန်လွေ့တစ်ခုခု ဖြစ်နေကြောင်း သတိထားမိလိုက်ပြီး အလျင်အမြန်ပင် ချန်လွေ့ကို ဖမ်းလိုက်ကာ မြေပြင်ပေါ်၌ ဖြည်းဖြည်း ထိုင်ချစေခဲ့သည်။
ချန်လွေ့သည် မြေပြင်ပေါ်၌ ထိုင်နေရင်း အနည်းငယ် သက်သာသွားသည်။အမြဲတမ်း ပြည့်လျှံနေသည့် စိတ်ဝိညာဉ်သည် လွန်စွာ ကုန်ခမ်းသွားသလို ချန်လွေ့ ခံစားလိုက် ရသည်။ချန်လွေ့ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့သည်မှာ အံ့ဩစရာမရှိပေ။
ကြည့်ရတာ [ အထူးစိစစ်မှု ]က သာမန်ကာလျှံကာ သုံးလို့ရတဲ့ အစွမ်းမဟုတ်တဲ့ပုံပဲ။ စိတ်ဝိညာဉ် လိုအပ်ချက်က တော်တော်လေး မြင့်တယ်။နှစ်ခေါက် ဆက်တိုက်သုံး လိုက်တော့ ငါ့ရဲ့ စိတ်ဝိညာဉ်က တကယ်ပဲ ကုန်ခန်းသွားတယ်။
ထိုအချိန်တွင် ချန်လွေ့သည် အရှိန်အဝါ ၂၀၀၀ ကျသင့်သည့် စိတ်ဝိညာဉ်ဖြည့်တင်း ဆေးရည်တစ်ပုလင်း ချက်ချင်း လဲလှယ်လိုက်ပြီး သောက်လိုက်သည်။သို့သော်လည်း မဟာဆရာသခင်တစ်ယောက် ဖော်စပ်ထားသည်နှင့် ညီမျှသော ထိုဆေးရည်ဖြူသည် ထင်သလောက် အစွမ်းမထက်ပေ။[ နက္ခတ်သဏ္ဍာန် ] စွမ်းရည်နှင့်အတူ စိတ်ဝိညာဉ် ပြန်ဖြည့်တင်းမှုသည် အနည်းငယ်သာ ပိုမြန်လာသည်။၎င်းသည် ဆေးရည်၏ အာနိသင်ကြောင့် မဟုတ်ဘဲ [ အထူးစိစစ်မှု ] ၏ ဘေးထွက်ဆိုးကျိုးကြောင့်ပင် ဖြစ်သည်။
အဆိပ်နဂါးတွင် မေးစရာအများကြီး ရှိနေသည်။သို့သော်လည်း ချန်လွေ့၏ အခြေအနေကိုမြင်သွားပြီး ဆက်မမေးတော့ဘဲ အနားယူရန်အတွက် ချန်လွေ့ကို ဝိုင်ဗန်ပေါ် တင်ပေးကာ တင်ပေးလိုက်သည်။ယခုအခြေအနေတွင် ချန်လွေ့သည် သာမန် [ သရုပ်ခွဲမျက်လုံး ] ကို မသုံးနိုင်ပေ။ကံကောင်းစွာပင် ခီဂူသည် လမ်းကြောင်းကို ရင်းနှီးနေပြီဖြစ်၍ အမိန့်ပေးစရာ မလိုတော့ဘဲ နန်းတော်ရှိ စမ်းသပ်ခန်းဆီသို့ တည့်တည့် ပျံသန်းသွားလိုက်သည်။
ချန်လွေ့သည် အခန်းထဲ ပြန်သွားလိုက်သည်။မကြုံစဖူး စိတ်ပင်ပန်းမှုများ ခံစားနေရသည့်အတွက် တစ်ခါတည်း အိပ်ပျော်သွားတော့သည်။