← Chapters

မမျှော်လင့်ထားတဲ့ တွေ့ရှိမှု

Vol. 5 Ch. 61

မမျှော်လင့်ထားတဲ့ တွေ့ရှိမှု

Vol. 5 Ch. 61

မြေအောက်ဂိုဒေါင်ထဲ ဝင်ပြီးသည့်အခါ မည်သည့်အတွက်ကြောင့် ဆယ်လ်ဗာ တုံ့ဆိုင်းနေသည်ကို ချန်လွေ့ သဘောပေါက်သွားသည်။ဂိုဒေါင်ထဲတွင် လင်းလက်ကျောက်များ သိုလှောင်ထားသည့် သေတ္တာ သုံးလေးလုံးရှိသည်။ဂိုဒေါင်းဘေး အကျဉ်းခန်းထဲ၌ သော့ခတ်ထားသည့် နတ်ဆိုးဒါဇင်လောက်လည်း ရှိနေသေးသည်။ ထိုသူများထဲတွင် ကဝေမများ၊အမှောင်နတ်သူငယ်၊အဇရူပဒေဝတာ နှင့် မဟာနတ်ဆိုး နှစ်ယောက်ပင် ပါသည်။သူတို့အားလုံးသည် ကလေးနှင့် အမျိုးသမီးများသာ ဖြစ်ကြသည်။သူတို့အားလုံးသည် ကိုယ်လုံးတီးဖြစ်နေပြီး မှော်လက်ထိပ်များဖြင့် ချုပ်ထားခံရကာ စိတ်ဓာတ်ကျနေကြသည်။

အမှောင်လမြို့တွင် အမျိုးသမီးများနှင့် ကလေးများ မကြာခဏပျောက်ဆုံးသွားသည့် အဖြစ်အပျက်များအကြောင်း ရှီရာ၏ နယ်မြေမှတ်တမ်းစာအုပ်၌ ရေးထားသည်ကို ချန်လွေ့ ရုတ်တရက် သတိရသွားသည်။ထို့နောက် ချက်ချင်းပင် သဘောပေါက်သွား၏။ ချန်လွေ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ မင်းပိုက်ဆံတွေ အများကြီးရတာ ဒါကြောင့်ကိုး။လင်းလက်ကျောက်လိုမျိုး မထင်မရှား စီးပွားရေးလုပ်ငန်းက အပေါ်ယံ ဖြစ်နေတာပဲ။ဒီနတ်ဆိုးတွေကို ဘယ်နေရာဆီ ကုန်ကူးမလို့လဲ။ဈေးက ဘယ်လောက်လဲ။ ”

အက်ဂ်ယော စိတ်ဝင်စားပုံရသည်ကို ဆယ်လ်ဗာမြင်သွားရာ သူသက်ပြင်းချပြီး ပြန်ဖြေလိုက်သည်။

“ ဆာက တကယ့်ကို နားလည်တတ်တဲ့ သူပဲ။ဒီနတ်ဆိုးတွေကို ချော်ရည်ပြာ နယ်မြေဆီ ကုန်ကူးမှာပါ။သူတို့ လေလံဆွဲတဲ့ ဈေးနှုန်းက တော်တော်လေး မြင့်တယ်လေ။ဆာ ဆန္ဒရှိတယ်ဆိုရင် ဒါက ကျုပ်တို့ ဝတ်ရုံဂိုဏ်းရဲ့ အကြီးမားဆုံး ဝင်ငွေ အရင်းအမြစ် ဖြစ်လာမှာ..... ”

ချော်ရည်ပြာ နယ်မြေ။ ၎င်းသည် လိပ်ပြာနီ နယ်မြေ၏ လုပ်ဆောင်ချက်ဖြစ်မည်ဟု ချန်လွေ့ မူလက ထင်ခဲ့သည်။သို့သော်လည်း အမှန်တကယ်မှာ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။ပြဿနာတစ်ခုကို ချန်လွေ့ ချက်ချင်း တွေးမိသွားသည်။ချော်ရည်ပြာ နယ်မြေသည် အမှောင်လမြို့၏ တောင်ဘက်တွင် ရှိ၏။လမ်းကြောင်းကို သူခိုးဓားပြများက ပိတ်ဆိုးထားသည့်အတွက် သွား၍ မရတော့ပေ။ ဒီနတ်ဆိုးတွေကို ဘယ်လို ကုန်ကူးတာပါလိမ့်။

ဆယ်လ်ဗာ၏ စိတ်နှစ်မှုသည် အလွန် ပြင်းထန်လှသည်။သူ့ကို လက်ခံရန် မျှော်လင့်ချက်ဖြင့် ချက်ချင်းပင် သူ့ကိုယ်သူ ဝတ်ရုံဂိုဏ်းသားတစ်ယောက် အနေဖြင့် သတ်မှတ်လိုက်သည်။ဆယ်လ်ဗာသည် ယခုအချိန်၌ အသက်သာ ရှင်ချင်နေသည်။ ထို့ကြောင့် ထပ်ပြီး မြှောက်ပင့်လိုက်သည်။

“ ဒီအမျိုးသမီးတွေထဲမှာ အပျိုစင် သုံးလေးယောက်လောက် ပါတယ်။ဆာ သဘောကျမယ်ဆိုရင် ဆန္ဒရှိသလို ခံစားကြည့်လို့ရပါတယ်။ကျုပ်ရဲ့ အတွေ့အကြုံအရတော့ အမှောင်နတ်သူငယ်မျိုးနွယ်ရဲ့ မိန်းမပျို‌လေးက အကောင်းဆုံးပဲ။ဆာလည်း စမ်းကြည့်သင့်တယ်။ကျုပ်..... ”

“ အမှောင်နတ်သူငယ် မိန်းမပျိုလေး ဟုတ်လား။ ”

ချန်လွေ့သည် ဆယ်လ်ဗာကို သတ်ချင်တဲ့စိတ်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ ဒီလိုလုပ်ငန်းမျိုးနဲ့ ပတ်သတ်ချင်တာ ကြာပြီ။ဒီလို တိုက်ဆိုင်မှုမျိုး ရှိမယ်လို့ မထင်ထားခဲ့ဘူး။ဒါက ဘုရားသခင်ပေးတဲ့ အခွင့်အရေးတစ်ခုပဲ။ငါသိရ သလောက်ဆိုရင် ချော်ရည်ပြာနယ်မြေဆီကို သွားတဲ့ လမ်းကြောင်းပေါ်က သူခိုးဓားပြတွေ အစွမ်းထက် ကြတယ်ဆိုပဲ။ဒီလမ်းကြောင်းကို သွားလို့မရလောက်ဘူး။မင်းငါ့ကို လိမ်နေတာလား။ ”

ဤအမှိုက်ကောင်အား မရှင်းပစ်ခင် ဤပြဿနာကို အရင်ဖြေရှင်းရန် လိုအပ်သည်။

“ မလိမ်ပါဘူး။ ”

ဆယ်လ်ဗာ အလျင်အမြန် ရှင်းပြလိုက်သည်။

“ ဆာကို ပေးလိုက်တဲ့ ပစ္စည်းတွေထဲမှာ တံဆိပ်ပြားတစ်ခု ပါတယ်။အဲ့ဒါကို ပြလိုက်ရင် သူခိုးဓားပြတွေက ဆာ့ကို ဖြတ်သွားခွင့် ပေးမှာပါ။ ”

တံဆိပ်ပြား ဟုတ်လား။

ချန်လွေ့ စိတ်ထဲဝင်ကြည့်လိုက်ရာ သိုလှောင်ခန်းထဲရှိ ဒင်္ဂါးပြားများကြားတွင် တံဆိပ်ကို တွေ့လိုက်ရသည်။ထို့နောက် စိတ်ဖြင့်စေခိုင်းလိုက်ရာ ချန်လွေ့၏ လက်ထဲ၌ လက်ဝါးအရွယ် အပြာရောင် တံဆိပ်ပြားတစ်ခု ပေါ်လာသည်။၎င်းပေါ်တွင် အနက်ရောင် ခေါင်းနှစ်လုံး နဂါးပုံတစ်ခု ပါရှိသည်။

“ မင်းပြောတာ ဒီတံဆိပ်ပြားလား။မင်းဒါကို ဘယ်ကနေ ရတာလဲ။ ”

အက်ဂ်ယောတွင် လက်ချောင်း၌ရော လက်ကောက်ဝတ်၌ရော သိုလှောင်ကိရိယာ မရှိကြောင်းကို ဆယ်လ်ဗာ သေသေချာချာ တွေ့လိုက်ရသည်။တံဆိပ်ပြားသည် ဘယ်ကမှန်းမသိ ပေါ်လာခြင်းဖြစ်သည်။ချန်လွေ့တွင် လေဟာနယ် မှော်ပညာရှိကြောင်း ဆယ်ဗာပို၍ သေချာသွားပြီး ချန်လွေ့၌ နောက်ခံကောင်းကောင်း ရှိမည်ဟု ထင်သွားသည်။ထို့ကြောင့် ဆယ်လ်ဗာ မလိမ်ရဲတော့ဘဲ အမှန်အတိုင်း ဖြေလိုက်သည်။

“ အရင်တစ်ခါ ချော်ရည်ပြာနယ်မြေမှာ ဆေးပင်တွေ ခူးနေတုန်းက လာဗတ်လို့ခေါ်တဲ့ မဟာနတ်ဆိုးနဲ့ ဆုံခဲ့တယ်။တံဆိပ်ပြားကို သူပဲပေးခဲ့တာ။နတ်ဆိုးကုန်ကူးတာကိုလည်း သူပဲမိတ်ဆက်ပေးခဲ့တာ။လမ်းပေါ်မှာ ကျုပ် သူခိုးဓားပြတွေကို တွေ့တဲ့အခါ လာဗတ်ရဲ့ နာမည်ကိုပြောပြီးတော့ တံဆိပ်ပြား ထုတ်ပြလိုက်ရုံပဲ။ပိုက်ဆံနည်းနည်းပေးရင် ပိုကောင်းတာပေါ့။ဒါဆိုရင် ဆေးပင်တွေ ဖြစ်ဖြစ် နတ်ဆိုးတွေဖြစ်ဖြစ် ကူးသန်း ရောင်းဝယ်တဲ့အခါ လမ်းကြောင်းက အဆင်ပြေ ချောမွေ့သွားမှာ။နတ်ဆိုးကုန်ကူးတဲ့ လုပ်ငန်းက ၆လနေရင် တစ်ခါလုပ်တယ်။နောက်ဆုံး အရောင်းအဝယ်က လွန်ခဲ့တဲ့ နှစ်လတုန်းက ပြီးသွားပြီ။အဲ့ဒါကြောင့် ‌ဒီအမျိုးသမီးတွေကို ဆာ အလိုရှိသလို သုံးဆောင်လို့ရပါတယ်။သူတို့သေတဲ့အထိ ကစားမယ်ဆိုရင်တောင် ဘာမှ မဖြစ်ပါဘူး။ ”

အသေးစိတ်များကို ချန်လွေ့ ထပ်မေးလိုက်သည်။တောင်ဘက်ရှိ သူခိုးဓားပြများသည် ချော်ရည်ပြာနယ်မြေမှ လာကြောင်းကို ချန်လွေ့ အတည်ပြုနိုင်ခဲ့သည်။အဘက်ဘက်မှ ကြည့်လိုက်လျှင် သူခိုးဓားပြများကို အစိုးရက အမှန်တကယ် စေလွှတ်ခြင်း ဖြစ်နိုင်သည်။ ရှီရာ၏ အချက်အလက်များတွင် အိမ်ရှေ့မင်းသား ဂါရမ်းက အစောပိုင်းနှစ်များတွင် ချော်ရည်ပြာ အရှင်သခင်ကို များစွာ မြှောက်စားသည်ဟု ရေးထားသည်။သူတို့သည် အမှောင်လမြို့ကို တိတ်တဆိတ် ထောက်ပံ့ကြသူများဖြစ်သည်။သူတို့သည် အပြုံးနောက်ကွယ်၌ လျို့ဝှက်အကြံအစည်များရှိနေသည့် ကျေးဇူးမသိတတ်သော နတ်ဆိုးများ ဖြစ်နေမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။

နယ်မြေတစ်ခု၏ ဖွံ့ဖြိုးမှုကို ငွေကြေးအရင်းအမြစ်များ၊ဆောက်လုပ်ရေး၊လူဦးရေ အစရှိသည်တို့နှင့် ခွဲခြားထား၍ မရပေ။နှစ်ပေါင်းများစွာကြာအောင် ချော်ရည်ပြာ နယ်မြေသည် ရှီရာကို အပေါ်ယံ၌သာ ထောက်ပံ့ခဲ့ပြီး ဆေးပင်အမြောက်အများနှင့် လူဦးရေ အရင်းအမြစ်များကို နောက်ကွယ်၌ ထိုကဲ့သို့နည်းလမ်းကိုသုံးကာ ခိုးယူနေခဲ့သည်။တစ်ချိန်တည်းမှာပင် “ သူခိုးဓားပြများ ” ကို စေလွှတ်ပြီး အင်ပါယာမြို့တော်ကို ကျေနပ်စေရန်အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။အမှောင်လမြို့တွင် ထိုကဲ့သို့ ကုန်သွယ်ရေးနှင့် ပတ်သက်နေသည်မှာ ရှီရာ တစ်ယောက်တည်း ဟုတ်မည် မထင်ပေ။အတိုင်းအတာ အချို့အထိ နှစ်ဖက်စလုံးမှ အကျိုးအမြတ်ရနေသည့် ချော်ရည်ပြာနယ်မြေသည် လိပ်ပြာနီနယ်မြေထက် ပို၍ရက်စက်ပြီး ပို၍ပင် ကောက်ကျစ်လှသည်။

၎င်းသည် မ‌ထင်ထားသည့် တွေ့ရှိမှုတစ်ခု ဖြစ်ပြီး အတော်လေး အရေးကြီးလှသည်။

ဆယ်ဗာဆီမှ အချက်အလက် တော်တော်များများကို အစ်အောက်ကြည့်ပြီးနောက် ချန်လွေ့သည် စိတ်ရှည်ရှည်နှင့် မေးလိုက်သည်။

“ သေချာစဉ်းစားဦး။မင်းငါ့ကို သေသေချာချာ မပြောရသေးတာ ရှိသေးလား။ ”

ဆယ်လ်ဗာ ခဏစဉ်းစားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။

“ ထပ်မရှိတော့ဘူးဆိုတာ သေချာပါတယ်။ကျုပ် မဖုံးကွယ်ထားရဲပါဘူး။ဆာ့ လက်အောက်မှာ ကျုပ်အကောင်းဆုံးလုပ်ပြီးတော့ ဝတ်ရုံဂိုဏ်းကို နောက်ထပ်အဆင့် ထိရောင်အောင် ကျုပ်တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်။ ”

“ သိပ်ကောင်းတယ်။ ”

ကျေနပ်စွာဖြင့် ချန်လွေ့ခေါင်းညိတ်လိုက်သည်။နောက်စကားတစ်ခွန်းသည် ဆယ်လ်ဗာ မျက်နှာမှ အပြုံးကို အေးခဲသွားစေသည်။

“ ကံမကောင်းတာကတော့ အခု မင်းမှာတန်ဖိုး မရှိတော့ဘူး။ ”

၎င်းသည် ဆယ်ဗာ၏ဘဝ၌ နောက်ဆုံး ကြားခဲ့ရသည့် စကားဖြစ်သည်။

အရှေ့တောင်ဘက် ဘလော့ရှိ နံပါတ်(၄) လမ်းသည် ဆယ်လ်ဗာ၏ ပိုင်နက် ဖြစ်ခဲ့သည်။ အရှေ့တောင်ဘက် ဘလော့ရှိ အကြီးမားဆုံး အင်အားစုများထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။သို့သော်လည်း အပြောင်းအလဲတစ်ခု၌ ဆယ်ဗာ၏ ရှေးအိမ်သည် ပိုင်ရှင်ပြောင်းသွားပြီး ဝတ်ရုံဂိုဏ်းဟုခေါ်သော အဖွဲ့အစည်း အသေးလေးတစ်ခု၏ ပိုက်နက်ဖြစ်သွားသည်။ဆယ်ဗာ၏ တပည့်အချို့လည်း ဝတ်ရုံဂိုဏ်း၌ အညံ့လာခံကြတော့သည်။

ထူးဆန်းစွာပင် ဤနယ်မြေရှိ စည်းမျဉ်းနှင့်ဥပဒေ ခေါင်းဆောင်ဖြစ်သည့် နာဂျစ်သည် ဤကိစ္စကို လုံးဝ ဂရုမစိုက်ခြင်းပင်။နာဂျစ်သည် အလိုက်သိစွာဖြင့် ဝတ်ရုံဂိုဏ်းကို ထောက်ခံကြောင်း ဖော်ပြလိုက်သည်။အမှန်တကယ်တွင် နာဂျစ်သည်လည်း တိတ်တဆိတ် အကျိုးအမြတ်များ ရခဲ့ပြီဖြစ်သည်။

‌ဂရော်အား [ အရုဏ်ဦးပစ်ချက် ] ဖြင့် ချန်လွေ့ အဆုံးသတ်လိုက်သည်ကို မြင်ပြီးနောက် ဂျက်စီ တိတ်ဆိတ်နေခဲ့သည်။သူ့ကို ချန်လွေ့ သလင်းကျောက်နက်ဒင်္ဂါး ၃၀၀ ပေးသည့်အချိန်၌ ဂျက်စီ ပြောလိုက်သည်။

“ အဲ့ဒီနေ့တုန်းက မင်းတကယ်ပဲ ဓားသွေးကျောက် လိုချင်တာလား။ဒါမှမဟုတ် ငါ့ကို သနားနေတာလား။ ”

ချန်လွေ့ ဘာမှမရှင်းပြဘဲ ပြန်မေးလိုက်သည်။

“ အခု မင်းမှာ ဓားသွေးကျောက် လုပ်ဖို့ သတ္တိ မရှိတော့ဘူးလား။ ”

ထိုစကားသည် အမှောင်နတ်သူငယ်ကို ဒေါသထွက်သွားစေပြီး သူ၏မျက်လုံးများ စူးရှလာသည်။

“ နောက်လ ဒီအချိန်ကျရင် ငါမင်းကို စိန်ခေါ်မယ်။ ”

“ ကောင်းဝယ်။အဲ့ဒီမတိုင်ခင်တော့ မင်း ဝတ်ရုံဂိုဏ်းမှာပဲ နေနေ။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ဤကဲ့သို့ သူမျိုးကို ကိုင်တွယ်ရန်အတွက် ရန်စဖို့ လိုအပ်ပေသည်။ဂျက်စီသည် ဝတ်ရုံဂိုဏ်းအတွက် ဒုတိယသခင်ကဲ့သို့ ဖြစ်‌နိုင်ပေသည်။

“ ဂရော်ကို အလစ်တိုက်ပြီး သတ်နိုင်လို့ ပျော်မနေနဲ့။ဘယ်ရော့ ရီကာက အလယ်ဆင့်နတ်ဆိုးဘုရင်လို့ သတ်မှတ်ခံထားရတာ။ဂရော်လိုမျိုး အားနည်းနဲ့သူနဲ့ ယှဉ်လို့မရဘူး။မင်းရဲ့ အနှိုင်းမဲ့တိုက်ကွက်က သူ့ကို နည်းနည်းပဲ ထိခိုက်နိုင်မယ်။ရီကာရဲ့ တိုက်ခိုက်မှု၊ခုခံမှု နဲ့ အစွမ်းတွေက ကြောက်ခမန်းလိလိပဲ။အမြန်နှုန်းကို မှီခိုပြီးတော့လည်း မင်းသူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ထိပ်တိုက်ရင်ဆိုင်ရင်လည်း လက်ရှိအစွမ်းနဲ့ဆို သုံးလေးမိနစ်အတွင်း မင်းအသတ်ခံရမှာပဲ။ ”

ဒီကောင်က ငါ့ကို သတိပေးနေတာလား။။

ချန်လွေ့သည် အမှောင်နတ်သူငယ်ကို ထူးထူးဆန်းဆန်းကြည့်ပြီး ပြုံးလိုက်သည်။

“ မင်းပြောတာ မှန်နိုင်ပါတယ်။ဒါပေမဲ့ ဒါက ငါ့ရဲ့လက်ရှိ အစွမ်းပဲလေ။ ”

အမှောင်နတ်သူငယ်သည် အေးစက်စွာဖြင့် ဟမ့်ခနဲ နှာမှုတ်လိုက်သည်။

ချန်လွေ့သည် ဝတ်ရုံဂိုဏ်းတွင် အချိန်အကြာကြီး မဖြုန်းခဲ့ပေ။ဂျက်စီ နှင့် လူပုပိကြီးကို အသေးစိတ်ကိစ္စများ လွှဲထားလိုက်ပြီး နန်းတော်စမ်းသပ်ခန်းသို့ ပြန်လာလိုက်သည်။ ဆယ်ဗာနေရာတွင် ဝတ်ရုံဂိုဏ်း အစားထိုးလိုက်သော်လည်း နတ်ဆိုးကုန်ကူးသည့် အလုပ်နှင့် ပတ်သက်ရန် မဖြစ်နိုင်သေးပေ။ဖမ်းခံရသည့် အမျိုးသမီးနှင့်ကလေးများကို ပြန်လွှတ်လိုက်ပြီး အိမ်ခြေယာမဲ့များကိုတော့ ဝတ်ရုံဂိုဏ်းတွင် နေစေလိုက်သည်။

ဆယ်ဗာ၏ အခြေခံအုတ်မြစ်သည် အလွန်ပင် ခိုင်မာလှသည်။လူအင်အားနှင့် ပိုင်နက်များစွာရှိသည်။ချန်လွေ့၏ အစွမ်းနှင့်ဆိုလျှင် ဤအခြေအနေကို ကောင်းကောင်း အသုံးချပြီး အခြားနည်းလမ်းဖြင့် တရားဝင်အလုပ်များ လုပ်နိုင်မည် ဖြစ်သည်။သို့သော်လည်း ၎င်းသည် ချန်လွေ့၏ အဓိကဦးစားပေး မဟုတ်သည့်အတွက် နှစ်လစမ်းသပ်ချက် ပြီးသည်အထိ စောင့်ရပေမည်။

ရှေးအိမ်မှ ရရှိခဲ့သည်များမှာ အတော်လေး များလှသည်။ခံစားခဲ့ရသော ဒဏ်ရာ များမှာလည်း မပြောပလောက်ပေ။လင်းလက်ကျောက် အပုံလိုက်သည် အရှိန်အဝါ ၃၀၀၀၀ ကျော် ပေးစွမ်းနိုင်သည်။ဂိုဒေါင်ထဲရှိ ကျန်သည့် မှော်ပစ္စည်းများနှင့် ပေါင်းလိုက်သည့်အခါ မူလအရှိန်အဝါ ၉၀၀၀ မှ စုစုပေါင်းအရှိန်အဝါ ၇၀၀၀၀ ကျော်အထိ‌‌ရောက်သွားလေသည်။ထို သလင်းကျောက်နက်ဒင်္ဂါးများကို ချန်လွေ့ သေသေချာချာ မရေတွက်လိုက်ပေ။ဝတ်ရုံဂိုဏ်းအတွက် ရန်ပုံငွေ အနေဖြင့် ငွေအိတ်နှစ်အိတ်ကို လူပုအိုကြီးထံ ချန်လွေ့ ပေးလိုက်သည်။

ရက်၂၀ ကျန်နေသေးသည်။ချန်လွေ့သည် လက်ရှိ အလယ်ဆင့် အစွမ်းဖြင့် အမြင့်ဆင့်ကို ယှဉ်လျှင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ဂရော်၏အစွမ်းသည် ပြိုင်ကွင်းရှိ အလယ်ဆင့်နတ်ဆိုးဘုရင် ရီကာကို မယှဉ်နိုင်ဟု ဂျက်စီ ပြောခဲ့သည်။ယနေ့တိုက်ပွဲ၌ အဆင့်တူ တိုက်ခိုက်ရေးသမားများကို အလွယ်တကူ အနိုင်ယူသကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် [ အရုဏ်ဦးပစ်ချက် ] ကိုလည်း တစ်နေ့နှစ်ကြိမ်သာ အသုံးပြု၍ရပေသည်။ တစ်ချက်ပစ်လျှင် ကြယ်စွမ်းအင်တစ်ဝက် ကုန်ဆုံးမည် ဖြစ်သည်။အချိန်ကိုက် မသုံးနိုင်ခဲ့လျှင် ဆိုးကျိုးဖြစ်နိုင်ပေသည်။ထို့ကြောင့် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းရှိ အချိန်ဥပဒေသကို အပြည့်အဝ အသုံးချရမည် ဖြစ်သည်။

အနားယူပြီး ပြန်သက်သာသွားပြီးနောက်တွင် ချန်လွေ့သည် သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ “ လဲလှယ်ဌာန ” အဆောက်အအုံကို ရွေးချယ်လိုက်သည်။ ယခုတွင် ချန်လွေ့၌ အရှိန်အဝါ ၇၀၀၀၀ ကျော်ရှိပြီး သလင်းကျောက်နက် ဒင်္ဂါးများမှာလည်း ၁၀၀၀၀၀နီးပါးရှိသည့်အတွက် အရှိန်အဝါ ၁၀၀၀ ကိုသုံးပြီး လဲလှယ်ဌာနကို အသက်သွင်းခြင်းသည် အသေးအဖွဲလေးသာ ဖြစ်သည်။

လေ့ကျင့်ရေးကွင်းနှင့် သိုလှောင်ဂိုဒေါင်တို့၏ ဗိသုကာလက်ရာများနှင့်မတူပဲ လဲလှယ်ဌာနသည် လျို့ဝှက်ဆန်းကြယ်ပြီး ထည်ဝါနေသည်။အတွင်းသို့ဝင်ပြီးသည့်အခါ အလင်းမျက်နှာပြင် ပေါ်လာသည်။ကြယ်စု‌ဆောင်းသူ၊ ကြယ်တစ်ပွင့်၌ လဲလှယ်မှု သတ်မှတ်ထားသည်ဟု ဖော်ပြထားသည်။အခြားအဓိက အမျိုးအစားများလည်း ရှိနေသေးသည်။ဆေးရည်အမျိုးအစားများမှ လွဲလျှင် ကျန်သည့်အမျိုးအစားများမှာ မီးခိုးရောင် ဖြစ်နေကြသည်။ကြယ်တစ်ပွင့်သည် ဆေးရည်များကိုသာ လဲလှယ်၍ ရပုံပေါ်သည်။

ပထမစာမျက်မှာ၌ ဖော်ပြထားသည်မှာ အမူးပြေဆေးရည်၊ကုသဆေးရည်၊ အဆိပ်ဖြေဆေးရည်၊သက်လုံဖြည့်မှုန့်၊စိတ်ဝိညာဉ်ဖြည့်မှုန့် နှင့် ပုံမှန် အဆိပ်ဆရာများ ဖော်စပ်နိုင်သည့် သာမန်ပစ္စည်းများသာ ဖြစ်သည်။ကျန်ရှိသည်များမှာ ဆရာသခင် အဆင့်များသာ ဖော်စပ်၍ရသည့် အားတိုးဆေးရည်၊လေပေါ်လမ်းလျှောက် ဆေးရည်၊ သံမဏိနံရံ ဆေးရည်၊စိတ်ဝိညာဉ်ဆေးရည်များ အပြင် အခက်အခဲမြင့် သက်လုံဖြည့် ဆေးရည်၊အခက်အခဲမြင့် စိတ်ဝိညာဉ်ဖြည့် ဆေးရည်၊ဒြပ်စင်တစ်မျိုး တိုးမြှင့်ဆေးရည် အစရှိသည့် ဆေးရည်ဖြူများဖြစ်ကြသည်။

ထိုစာမျက်နှာကို လှန်ပြီးနောက်တွင် ဒုတိယစာမျက်နှာက ဆေးရည်၁၀မျိုး ရှိနေသည်။ အားလုံးသည် ဆေးရည်မည်းများ ဖြစ်ကြသည်။ထိုနာမည်သည် ချန်လွေ့ကို အမှန်တကယ် အံ့ဩသင့်သွားစေသည်။

စစ်မှန်ခွန်အား ဆေးရည်၊စစ်မှန်လေပေါ်လမ်းလျှောက် ဆေးရည်၊စစ်မှန်စိတ်ဝိညာဉ်‌ ဆေးရည်၊စစ်မှန်သံမဏိနံရံ ဆေးရည်၊ စစ်မှန်မြေတိုးမြှင့် ဆေးရည်၊စစ်မှန်ရေတိုးမြှင့် ဆေးရည်၊စစ်မှန်မီးတိုးမြှင့် ဆေးရည်၊စစ်မှန်လေတိုးမြှင့်ဆေးရည်၊စစ်မှန်အမှောင်တိုးမြှင့် ဆေးရည်၊စစ်မှန်အလင်းတိုးမြှင့် ဆေးရည်........

ဆေးရည်ဖြူကို အဆိပ်သခင်၏ သင်္ကေတဟုပြောလျှင် ဆေးရည်မည်းသည် ကျော်လွှား၍မရနိုင်လောက်သည့် အဆိပ်မဟာသခင်ကို ကိုယ်စားပြုပေသည်။

နတ်ဆိုးဘုံ၌ မဟာဆရာသခင် မပေါ်ထွက်သည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာပြီဖြစ်သည်။ဆေးရည်မည်း ဆယ်မျိုးထဲမှ တစ်မျိုးကို ယူထုတ်လိုက်လျှင် ဆေးဝါးနည်းပယ်သာမက အဂ္ဂိရတ်နယ်ပယ်အပြင် နတ်ဆိုးဘုံတစ်ခုလုံးပါ ထိတ်လန့်သွားပေမည်။

ဆေးရည်ဖြူများနှင့်ယှဉ်လျှင် “ စစ်မှန် ” ဆေးရည်များ၌ “ စစ်မှန် ” ဟူသောစကားလုံးကို တမင်ထည့်ထားခြင်း ဖြစ်သည်။နှစ်မျိုးစလုံးသည် ခွန်အားကို တိုးစေသော်လည်း အာနိသင်မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားပေသည်။ဥပမာပြောရလျှင် ခွန်အားဆေးရည်သည် ခွန်အားကို ၃၀% တိုးစေပြီး ၁၀မိနစ်အထိသက်ရောက်မှုရှိသည်။၁၀မိနစ်ကျော်သွားလျှင် ဘေးထွက်ဆိုးကျိုးဖြစ်သည့် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ တစ်ပုလင်းသောက်ပြီးလျှင် နှစ်နာရီခြားပြီးမှာသာ နောက်တစ်ပုလင်းသောက်၍ရသည်။ သို့မဟုတ်ပါက အာနိသင်မရှိပေ။

စစ်မှန်ခွန်အား ဆေးရည်သည် ပို၍အာနိသင်ရှိပြီး ပို၍လည်း ကြာရှည်ခံသည်။၎င်းသည် ခွန်အားကို ၆၀% တိုးစေပြီး မိနစ်၂၀အထိ အာနိသင်ရှိသည်။အစွမ်းသက်ရောက်မှု အချိန်ကုန်သွားလျှင် မည်သည့် ဘေးထွက်ဆိုးကျိုးမှ မခံစားရပေ။ထို့ပြင် တစ်ပုလင်း သောက်ပြီး တစ်နာရီမပြည့်သေးခင်မှာပင် နောက်တစ်ပုလင်း သောက်နိုင်ပေသည်။

“ စစ်မှန် ” ဆေးရည်များသည် မဟာဆရာသခင်၏ ပဏာမဆေးရည်များသာ ဖြစ်သည်။ရှေ့ဆက်သွားလျှင် “ ထာဝရ ” ဆေးရည်များရှိပြီး ၎င်းတို့သည် အစွမ်းအမျိုးမျိုးကို အပြီးတိုင် တိုးပွားစေနိုင်သည်။ထို့ပြင် အဆိပ်ဆရာတစ်ယောက်၏ အမြင့်ဆုံးပန်းတိုင်နှင့် ဆင်တူသည့် ထာဝရအသက်ရှင်ခြင်း ဆေးရည် နှင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်လည်း ရှိနေသည်။

တိုက်ဆိုင်စွာပင် ထိုဆေးရည်တစ်ခုတည်းကပင် မဟာဆရာသခင်၏ ဆက်ခံသူဟူသော ချန်လွေ့၏ အထောက်အထားကို သက်သေထူပေးနိုင်ပေမည်။ထို့ပြင် ၎င်းသည် ကြယ်တစ်ပွင့်အတွင်း၌ လဲလှယ်၍ရသည့် ပစ္စည်းတစ်ခုသာ ဖြစ်သည်။

All Chapters