မြေဆွဲအား လေးဆ
Vol. 5 Ch. 62
အယ်ခိတ်အခြေအနေကို ချိုးဖောက်နိုင်ပြီး ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်ရှိသွားလျှင် လဲလှယ်၍ရမည့် အမျိုးအစားများ ရရှိနိုင်မှု တိုးမြင့်သွားမည်ကို ချန်လွေ့ သေချာသိသည်။ထို့ပြင် ကြယ်သုံးပွင့်၊ကြယ်လေးပွင့်လည်း ရှိနေသေးသည်။ တစ်စုံတစ်ယောက်သည် စိတ်ကူးယဉ် အိပ်မက်များထဲ၌ နစ်မြုပ်နေတော့သည်။
သို့သော်လည်း “စစ်မှန်” ဆေးရည်များ၏ ဈေးနှုန်းသည် မနည်းလှပေ။တစ်ပုလင်းကို အရှိန်အဝါ ၁၀၀၀၀ ပေးရသည်။ဆေးရည်ဖြူ တစ်ပုလင်းသည် အရှိန်အဝါ ၁၀၀၀ မှ ၂၀၀၀ အထိရှိပြီး သာမန်ဆေးရည်များမှာ အရှိန်အဝါ ၁၀၀ မှ ၃၀၀ အထိသာ ကျသင့်သည်။
ချန်လွေ့၏ နောက်ဆုံး ကုသဆေးရည်ကို ဂျက်စီထံ ပေးလိုက်သည့်အတွက် ဌာနမှ ကုသဆေးရည်တစ်ပုလင်းကို အရှိန်အဝါ ၁၀၀ နှင့်လဲလှယ်ကာ သောက်လိုက်သည်။ အာနိသင်သည် အဲဒက်စ် ဖော်စပ်ထားသည်ထက် ပိုစွမ်းကြောင်း ချန်လွေ့ သိသွားသည်။ ဒဏ်ရာ ပြန်ကောင်းနှုန်းလည်း ပိုတိုးတက်လာသည်။ကြယ်စွမ်းအင်တစ်ခုတည်းသာ မဖြည့်တင်းသေးခြင်း ဖြစ်သည်။
ဤသာမန် ဆေးရည်များ သို့မဟုတ် ဆရာသခင်အဆင့် ဆေးရည်များသည် စူပါစနစ် “ မဟာဆရာသခင် ” အဆင့်က ဖော်စပ်သည်ဖြစ်ကြောင်း ချန်လွေ့ မှန်းဆခဲ့သည်။ထို့ကြောင့် သူတို့၏ အာနိသင်သည် သာမန်ဆရာသခင်များထက် ပို၍သာနေခြင်းပင် ဖြစ်သည်။ပုံမှန်အားဖြင့် ချန်လွေ့သည် အဲဒက်စ်၏ တပည့်ဖြစ်သည်။သို့သော်လည်း တကယ့်လက်တွေ့တွင်မူ သူတို့သည် နီးနီးကပ်ကပ် ရင်းနှီးကြလေသည်။ချန်လွေ့ မျက်နှာအရေထူလျှင် ဆေးရည်များကို သောက်၍ ရပေသည်။လဲလှယ်ဌာနရှိ ဆေးရည်များသည် အရှိန်အဝါ သုံးရသည် မဟုတ်ပါလား။ အထူးသဖြင့် “ စစ်မှန် ” ဆေးရည်မည်းများ ဖြစ်သည်။ပထမဦးမှာ ၎င်းသည် အလွန်ဈေးကြီးသည်။ဒုတိယအနေဖြင့် ၎င်းကို ထုတ်ဖော်ပြသရန် အချိန်ကောင်း မဟုတ်သေးပေ။ထို့ကြောင့် အနာဂတ်တွင် လိုအပ်နိုင်သည်များအတွက် ချန်လွေ့ သိမ်းထားရပေမည်။
လုံလုံလောက်လောက် အနားယူပြီးနောက်တွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လိုက်သည်။ကြယ်စွမ်းအင် မသုံးဘဲ မြေဆွဲအားနှစ်ဆကို ချန်လွေ့ အသားကျနေပြီ ဖြစ်သည်။ယခုအကြိမ်၌ ချန်လွေ့ကို မြေဆွဲအားလေးဆကို စမ်းကြည့်ချင်ခဲ့သည်။ အချိန်ဥပဒေသမှာတော့ ငါးဆပင် ဖြစ်နေသေးသည်။
မူလက ချန်လွေ့၏ အမြင်၌ မြေဆွဲအားလေးဆသည် မြေဆွဲအားနှစ်ဆ၏ ဖိအားကို နှစ်ဆတိုးခြင်းသာဖြစ်သည်။လက်ရှိအစွမ်းဖြင့် ကြယ်စွမ်းအား မသုံးဘဲ အကောင်းဆုံး ကြိုးစားပြီး ထိန်းကြည့်မည်ဟု တွေးခဲ့သည်။သို့သော်လည်း မြေဆွဲအားလေးဆ အခြေအနေသို့ ရောက်သွားသည့်အခါ ၎င်းသည် ပုံမှန်နံပါတ်များ၊ ပေါင်းထည့်ခြင်းများနှင့် တိုင်းတာ၍မရကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။
ဥပမာအနေဖြင့် လူတစ်ယောက်၏ အလေးချိန် ကန့်သတ်ချက်သည် ၂၀၀ ကီလိုဂရမ် ဆိုလျှင် ရှိရှင်းစွဲ ၁၀၀ ကီလိုဂရမ်တွင် နောက်ထပ် ၁၀၀ ကီလိုဂရမ် ထပ်ပေါင်းသည့်အခါ ထောက်ပံ့နိုင်သေးသည်။နောက်ထပ် ၁၀၀ ကီလိုဂရမ်ထပ်ပေါင်းလိုက်လျှင် လုံးဝ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။နောက်ဆုံးကောက်ရိုးကြောင့် ကုလားအုတ် ခါးကျိုးသကဲ့သို့ပင် ဖြစ်သည်။
စွမ်းအား ပေါင်းထည့်ခြင်းသာ မဟုတ်ဘဲ ကန့်သတ်ချက်များကို စိန်ခေါ်ခြင်းနှင့် ပိုတူနေသည်။
မြေဆွဲအားနှစ်ဆသို့ ပထမဆုံးရောက်စဉ်ကထက် ချန်လွေ့သည် ဆယ်ဆပို၍ နေမထိထိုင်မသာ ဖြစ်နေသည်။ချန်လွေ့၏ မူလအလေးချိန် ၆၅ ကီလိုဂရမ်သည် ရုတ်တရက် ၂၆၀ ကီလိုဂရမ် ဖြစ်သွားသည်။အသက်ရှူခြင်းဖြစ်စေ၊အတွင်းအင်္ဂါများ၏ လှုပ်ရှားမှုများပင်ဖြစ်စေ စုစည်းမှုများအောက်တွင် ဝန်အဆတိုးသွားသည်။ ရယ်စရာ အနေအထားဖြင့် ကြမ်းပြင်ပေါ်၌ လဲနေလျှင်ပင် ချန်လွေ့ ခေါင်းနည်းနည်း မူးနေသေးသည်။
ငါတအား လောပြီး တစ်ခါတည်း အချိန်ငါးဆကို ရွေးလိုက်မိတာလား။၅ရက်လုံး ဒီလိုပဲ နေရမှာလား။ဘယ်လိုပဲဖြစ်ဖြစ်ပါ။အရှိန်အဝါ ၉၀၀၀ ကို ငါဖြုန်းလို့ မဖြစ်ဘူး။
ချန်လွေ့သည် မျက်နှာနီပြီး မျက်လုံးများ ရဲတောက်နေကာ ကြမ်းပြင်၌ လဲလျောင်းနေသည်။လက်ချောင်းများကို ချန်လွေ့ လှုပ်ရှားကြည့်သည်။ ကြယ်စွမ်းအား ငါသုံးလိုက်ရင် လိုက်လျောညီထွေဖို့ ပိုမြန်သွားမှာပဲ။သိပ်လည်း ခက်တော့မှာ မဟုတ်ဘူး။ သို့သော်လည်း မြေဆွဲအားနှစ်ဆတွင် တွေ့ကြုံရပြီးနောက် ဤကဲ့သို့ အခြေအနေ၌ ကြယ်စွမ်းအား အသုံးပြုမှု နည်းလေလေ [ သန့်စင်ခန္ဓာ ] ၏ အကျိုးကျေးဇူး ပိုများလေလေ ဖြစ်သည်။
ကြယ်စွမ်းအားသုံးခြင်းကို မတားဆီးနိုင်လျှင် ချန်လွေ့သည် ခံစားရမှုများကို ကြယ်စွမ်းအားအပေါ် မီခိုရန်အကျင့်ဖြစ်သွားနိုင်ပြီး လေ့ကျင်ရေး၏ အကျိုးကျေးဇူး သည်လည်း များစွာ လျော့ကျသွားပေမည်။ထို့ကြောင့် ချန်လွေ့သည် မည်သည့်စွမ်းအားမှ မသုံးဘဲ ကြောက်မက်ဖွယ်ရာဖိအားကို ခံနိုင်ရန် ကိုယ်ပိုင်ခွန်အားကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။အကန့်အသတ်များကို ချိုးဖောက်ချင်လျှင် ချန်လွေ့သည် သေအံ့ဆဲဆဲ အခြေအနေအထိ ကိုယ့်ကိုယ်ကိုယ် တွန်းပို့ရပေမည်။ယခုအချိန်၌ ကိုယ့်ကိုယ်ကို နှိပ်စက်ထားမှသာ စစ်မြေပြင်၌ ရန်သူကို နှိပ်စက်နိုင်မည် ဖြစ်သည်။
ချန်လွေ့သည် မတောင့်ခံနိုင်တော့ဟု ခံစားရသည့် အချိန်သုံးလေးချိန်ရှိသည်။သို့ သော်လည်း အံကြိတ်ကာ မရရအောင် ဖြတ်သွားလိုက်သည်။လက်ချောင်းများ ဖြည်းဖြည်းချင်း လှုပ်ရှားခြင်းမှ ခန္ဓာကိုယ်.....ကို ထောက်ပံ့ကာ ထိုင်ကြည့်သည်။ ထကြည့်သည်။ပြုတ်ကျသည်။ပြန်ထကြည့်သည်။၎င်းသည် ခန္ဓာကိုယ်ကို လေပေါ်တွင် တင်ပြီး မြေဆွဲအား တူဖြင့် ထပ်ကာထပ်ကာ ထုရိုက်ကာ သန့်စင်အောင် လုပ်သကဲ့သို့ပင် ဖြစ်သည်။၎င်းသည် စိတ်စွမ်းအားအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ခွန်အားကို ဆောင်ပုဒ်များ အော်ဆိုနေခြင်းမှ ရရှိနိုင်သည်မဟုတ်ပေ။စစ်မှန်သည့် အစွမ်းအတွက် ဖြတ်လမ်းမရှိပေ။ငပျင်း ပါရမီရှင်သည် အရူးတစ်ယောက်သာ ဖြစ်သည်။ထို့ပြင် ချန်လွေ့သည်လည်း ပါရမီရှင်တစ်ယောက် မဟုတ်ပေ။
လိပ်ပြာနီ နယ်မြေ၌ အခန်းတစ်ခန်းထဲတွင် ပစ္စည်း ကွဲကြေသံများ အဆက်မပြတ် ကြားနေရသည်။အချိန်အတော်ကြာမှသာ ရပ်တန့်သွား၏။
ဂျိုးဆက်ပ်သည် လက်သီးကျစ်ကျစ်ဆုပ်ကာ မောဟိုက်နေသည်။အခန်းသည် လုံးဝရှုပ်ပွနေပြီ ဖြစ်သည်။နေရာတိုင်း၌ ကျိုးပဲ့နေသည့် အပိုင်းအစများရှိနေပြီး ခိုင်မာသည့် သစ်သားစားပွဲလည်း ကျိုးကြေနေသည်။အိမ်ဖော်ဝတ်ရုံဝတ်ထားသည့် ကဝေမ သုံးလေးယောက်၏ အလောင်းများလည်းရှိနေကာ ကြမ်းပြင်၌ သွေးများ ပြည့်နေသေည်။
ဂျိုးဆက်အပြင် အခြားအသက်ရှိသည့် နတ်ဆိုးတစ်ယောက်သာ ရှိနေသည်။၎င်းသည် လူသားနှင့်ဆင်တူသာ် အလတ်အလတ်အရွယ်အစားရှိသော ယောကျာ်း တစ်ယောက် ဖြစ်ပြီး သန္ဓေပြောင်းသွေးမျိုးဆက် ပါရှိသည့် မဟာနတ်ဆိုး တစ်ယောက်လည်း ဖြစ်သည်။
ဂျိုးဆက်ပ် ဒေါသပြေသည်အထိ ထိုသူသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ နောက်ဆုံး၌ သူ စကားစပြောလိုက်သည်။
“ ခါနီတာက သခင်ပြိုင်ပွဲရှုံးတဲ့ အခွင့်အရေးကို တမင်ဆုပ်ကိုင်ပြီးတော့ အမှောင်လမြို့ကို ဖိနှိပ်ဖို့ ဘုရင်ခံရဲ့အမိန့်ကို သခင် မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ စွတ်ဆွဲခဲ့တာ။လိပ်ပြာနီနယ်မြေ ကိုယ်စား ပြိုင်ပွဲသွားကြည့်ခဲ့တဲ့ ဝေါ်လွန်ကလည်း အခွင့်အရေးကို အရယူပြီးတော့ အရှင်သခင်ကို အရှင်က အရှက်ရစေပြီးတော့ အဖိုးတန်ဝိုင်ဗန် နှစ်ကောင်ကိုပါ အမှောင်လမြို့ဆီ ဆုံးရှုံးခဲ့ရတယ်လို့ ပြောခဲ့တယ်။အဲ့ဒါကြောင့် အရှင်သခင်က တော်တော်လေး ဒေါသထွက်သွားတာ။ဘယ်ဘက်မှမနေတဲ့ ဝေါ်လွန် နဲ့ တခြားအဘိုးကြီးတွေက ခါနီတာဘက် ရောက်သွားပြီဆိုတာ အသေအချာပဲ။ ကျွန်တော်တို့ ပြင်ဆင်ဖို့လိုတယ်။သခင်အခု လုပ်ရမှာက စိတ်အေးအေးထားဖို့ပဲ။ ”
ဂျိုးဆက်ပ် သုံးလေးခေါက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက်ဆုံး၌ စိတ်ငြိမ်သွားသည်။
“ လီဒို။မင်းပြောတာ မှန်တယ်။ကျဆုံးမှုက တကယ့် အမှန်တရားပဲ။ဒေါသထွက်နေလို့ ဘာမှ အကျိုးမထူးဘူး။အဲ့ဒီသောက် ခါနီတာက ငါလဲကျနေတဲ့အချိန် အခွင့်ကောင်း ယူတတ်လွန်းတာ တစ်ခုပဲ။အမှောင်လမြို့ကို သိမ်းယူဖို့အတွက် ငါ့နေရာမှာ သူ့ကို အစားထိုးဖို့ ခမည်းတော်ရှေ့မှာ သုံးလေးခေါက်လောက် ပြောခဲ့တယ်။ပြီးတော့လည်း ခမည်းတော်က တကယ်ပဲ မငြင်းခဲ့ဘူး။ ”
“ သူ မငြင်းခဲ့ဘူး။ဒါပေမဲ့ သဘောလည်း မတူခဲ့ဘူးလေ။တကယ်တော့ သခင် နဲ့ ခါနီတာက ပထမဆုံး ဆက်ခံသူနေရာကိုပဲ ယဉ်ပြိုင်နေကြတာ။အရှင်သခင်ရဲ့နေရာကို တကယ်ယှဉ်ပြိုင်နေရတာ မဟုတ်ဘူး။ပြီးတော့လည်း အရှင်သခင်က အသက်ကြီးပြီး အားမနည်းသေးဘူး။အဲ့ဒါကြောင့်ပဲ သူက မျှခြေညီအောင် လုပ်နေတာ။ ”
လီဒို အသာလေး ပြုံးလိုက်သည်။
“ ပြိုင်ကွင်းက ကျရှုံးမှုကို ပြန်ပြင်လို့မရမှတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင် သဘောထားကြီးရမယ်။ဒါက ခါနီတာရဲ့ သဘောထားသေးသိမ်မှုကို ပြသနေတယ်။ နောက်ထပ်တစ်ဆင့်က သခင်ဘယ်လို တန်ပြန်တိုက်ချင်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ”
ဂျိုးဆက်ပ် အသံတိုးတိုးလေး ပြောလိုက်သည်။
“ မကြာခင်ကပဲ ရွိုင့်စ်က အရေးကြီးသတင်း ပို့ထားတယ်။အမှောင်လမြို့မှာရှိတဲ့ အဲဒက်စ်က မဟာဆရာသခင်အဆင့် ဆေးရည်တွေ ဖော်စပ်ဖို့ ကြိုးစားနေတဲ့ပုံပဲ။ ”
“ မဟာဆရာသခင်အဆင့် ဆေးရည် ဟုတ်လား။ ”
လီဒို ကြက်သေသေသွားသည်။
“ အဲ့ဒီ အဲဒက်စ်က အင်ပါယာမြို့က နံပါတ်(၁) အဆိပ်ဆရာကို အဆိပ်ခတ်ပြီး သတ်လိုက်တဲ့ အမှောင်နတ်သူငယ်လား။နတ်ဆိုးဘုံမှာ အဆိပ်မဟာသခင် မရှိတာ နှစ်ပေါင်းထောင်နဲ့ချီကြာပြီ။မဟာဆရာသခင် အဆင့်ရောက်ဖို့ကြိုးစားတဲ့သူတွေကလည်း မနည်းဘူး။ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ဘူး။ဒီ အဲဒက်စ်ကရော အောင်မြင်ဖို့ သေချာလား။ ”
“ သူ့မှာ ကျရှုံးနိုင်ချေ ၉၉% ရှိရင်တောင် ကျန်တဲ့ ၁%ကို ငါတို့ ဂရုမစိုက်လို့ မဖြစ်ဘူး။ ”
ဂျိုးဆက်ပ်သည် တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ အဲက်စ်ကို နဂိုက တော်ဝင်မင်းသမီး ရှီရာ ထောက်ပံ့ပေးထားတာ။အဲ့ဒါကြောင့် သူက ဆရာသခင်အဆင့် စာမေးပွဲကို ကပ်ပြီး အောင်သွားတာ။ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ သူ့ရဲ့ ဆေးပညာ သုတေသနတွေက ဒီလောက်အတိုင်းအတာအထိ ရောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။ပြီးတော့ သူကဖုံးကွယ်ထားတာ။သူ့လက်ထဲမှာ ဆန်ဒရို မသေခဲ့ရင် သူ့အစွမ်းကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။တကယ်လို့ သူအောင်မြင်သွားခဲ့ရင် ဘုရင်ခံအိုစီဒန်တောင် သူ၏လုပ်ရှားမှုတွေကို ပြန်စဉ်းစားရမယ်..... ”
လီဒို စဉ်းစဉ်းစားစားနှင့် ခေါင်းညိတ်လိုက်သည်။
“ ဒီအတိုင်းဆိုရင် အဲဒက်စ် မဟာဆရာသခင် မဖြစ်ရင်တောင် သူ့ရဲ့ လက်ရှိ ဂုဏ်သတင်း၊အစွမ်းနဲ့ ကျုပ်တို့အထောက်အပံ့ ဖြစ်လာရင်တော့ အရှင်သခင်တောင် ဆက်ခံသူနေရာကို သခင့်ဆီကိုပဲ ဘက်လိုက်လာမှာပဲ။ ”
“ အဲဒက်စ်က ဆေးရည်တွေနဲ့ စမ်းသပ်နေတုန်း ကုန်ကြမ်းပစ္စည်းတချို့ ကုန်သွားတယ်။မှော်စတိုးဆိုင်ကနေ အလကားနမူနာပုံစံတွေ လာတောင်းဖို့ သူ့ရဲ့လူသားတပည့်ကို စေခိုင်းလိုက်ဖူးတယ်။ရွိုင့်စ်က အဲ့ဒါကို ကောင်းကောင်းလေး ကိုင်တွယ် လိုက်နိုင်တယ်။သူက ကုန်ကြမ်းပစ္စည်း တစ်ခုတိုင်းကို တစ်ခုလုံးအပြည့် လက်ဆောင်ပေးခဲ့တယ်။အနည်းဆုံးတေ့ ဒါက အဲဒက်စ်ရဲ့ နှလုံးသားထဲမှာ ထင်မြင်ချက် ကောင်းကောင်း ကျန်ခဲ့မှာပဲ။ ”
လီဒို၏ မျက်လုံးများ တောက်ပသွားသည်။
“ ကြည့်ရတာ ကျွန်တော်တို့တွေ ကုန်ကြမ်းပစ္စည်းအမြောက်အများ ဆက်ပြီး ထောက်ပံ့မယ်ဆိုရင်.... ”
“ မဖြစ်နိုင်ဘူး။မင်းသမီးရှီရာအပေါ် အဲဒက်စ်၏ သစ္စာရှိမှုကို လူတိုင်းသိကြတယ်။ အင်ပါယာမြို့တော်က သူ့ကိုဖိတ်ကြားတာတောင် သူဂရုမစိုက်ဘူး။ ”
ဂျိုးဆက်ပ်၏ မျက်နှာ၌ ကျောချမ်းဖွယ် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။
“ ဒါပေမဲ့ လူတိုင်းမှာ အားနည်းချက်ရှိတယ်။အရင်တစ်ခေါက် ဆရာသခင်စိန်ခေါ်ပွဲမှာ တုန်းက အဲဒက်စ်၏ ပျောက်ဆုံးနေတဲ့ ညီမနဲ့ပတ်သက်ပြီး ဆန်ဒရို ခြိမ်းခြောက်ခဲ့တယ်။ အဲဒါက တကယ်ပဲ အဲဒက်စ်ကို ဒေါသထွက်စေခဲ့တယ်။အဲဒက်စ်က သူ့ရဲ့အစွမ်းအမှန်ကို ထုတ်ပြပြီးတော့ ဆေးရည်တစ်ပုလင်းတည်းနဲ့ ဆန်ဒရိုကို အငွေ့ဖြစ်အောင် လုပ်ခဲ့တယ်။ အဲ့ဒါကြောင့် အဲဒက်စ်ကို ထိန်းချုပ်ဖို့အတွက် သူ့ညီမက အဓိကသော့ချက်ပဲ။ လီဒို။မင်းကို ဒီကိစ္စ တာဝန်ပေးလိုက်မယ်။ဘယ်လိုပဲဖြစ်ဖြစ် သဲလွန်စ ရအောင်ရှာလာခဲ့။ ”
“ နားလည်ပါပြီ။သခင်။ ”
လီဒို ဦးညွတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်သည်။ထို့နောက် အပြင်ဘက်မှ ကြောက်နေသည့် အစေခံများကို လက်ဝှေ့ရမ်းလိုက်သည်။ထိုအချိန်မှသာ အစေခံ အနည်းစုသည် အထဲဝင်ပြီး အပျက်အစီးများကို ရှင်းလင်းရဲတော့သည်။
ကြယ်စင်စု နတ်ဘုရားကျောင်းရှိ လေ့ကျင့်ရေးကွင်း၌ -
နောက်ဆုံးတွင် ချန်လွေ့သည် မြေဆွဲအားလေးဆ နှင့် အချိန်၅ရက်ကို ခုခံနိုင်ခဲ့သည်။ အိပ်စက်ရန်အတွက်သာ ချန်လွေ့သည် စနစ်မှ ထွက်သွားသည်။ထို့နောက် ခက်ခဲသည့် လေ့ကျင့်ရေးကို ချက်ချင်း ဆက်လုပ်တော့သည်။ယခုအကြိမ်တွင် မြေဆွဲအား လေးဆ နှင့် ဆယ်ရက် ဥပဒေသကို သုံးလိုက်သည်။
ပျင်းစရာကောင်းသည့် ကိုယ့်ကိုယ်ကို နှိပ်စက်မှုအချိန်ကြား၌ ချန်လွေ့အတွက် တစ်ခုတည်းသော ဖြေလျှော့သည့်နည်းလမ်းမှာ တွေးတောခြင်းသာ ဖြစ်သည်။ အနာဂတ်ဦးတည်ဘက်အကြောင်း တွေးလိုက်၊အမှောင်လမြို့ ဖွံ့ဖြိုးရေးအကြောင်း တွေးလိုက်၊အမှောင်လမြို့ ရန်သူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ တွေးလိုက် လုပ်နေပြီး.....ကိစ္စများသာမက လူများအကြောင်းကိုပါ တွေးနေတော့သည်။
ဘဲနှုတ်သီးလိုပဲ ပေကပ်ကပ်နိုင်ပြီးတော့ နဂါးဆိုတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်။
နောက်ကျောကိုပဲ ပြပြီးတော့ သတ်ဖြတ်ချင်စိတ်တွေနဲ့ ကစားရတာ ကြိုက်တဲ့ ရေခဲတုံး တော်ဝင်မင်းသမီး။
စိတ်အားထက်သန်၊သဘောထားကြီးပြီးတော့ ရင်ဘတ်ပုတ်လိုက်တဲ့အခါ မျက်စိကို ဖမ်းစားတဲ့ လူကြမ်းမိန်းကလေး။
ညစ်ညမ်းစာအုပ်တွေ စုဆောင်းတဲ့၊စိတ်နှလုံးမကောင်းပြီး အရွယ်နှင့်မလိုက်တဲ့၊ မူးဝေတုတ်ချောင်းနဲ့ အလစ်ရိုက်တဲ့ လိုလီလေး။
မဟာဆရာသခင်ရဲ့ အမွေအနှစ်ကနေ ဆေးရည်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို စိတ်ရောကိုယ်ပါ လေ့လာချင်ပြီးတော့ “ အီးပေါက်ဘုရင် ” လို့ မတော်မတရား အကွက်ဆင်ခံရတဲ့ ဆရာသခင်။
နမ်းရှိုက်ရုံနဲ့ လူတွေကိုခြောက်သွေ့အောင် စုပ်ယူနိုင်တဲ့၊မျက်လုံးမှိတ်ပြရုံနဲ့ လူတွေကို ညို့ယူနိုင်တဲ့၊ငါ့ရဲ့အစေခံ မဖြစ်ချင်တဲ့ မာယာရှင်လေး။
……
ကြိုစားခြင်း၊ကျဆုံးခြင်း၊ပြန်ကြိုးစားခြင်း ထပ်ကာထပ်ကာ ပြုလုပ်ပြီးနောက်တွင် ချန်လွေ့၏ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကန့်အသတ်သည် ထပ်ကာထပ်ကာ စိန်ခေါ်ခံရပြီး “ အယ်ခိတ် ” အလင်းလုံးမှလာသည့် အမျှင်များသည်လည်း အစီအစဉ်တကျ သိပ်သည်းသွားကြသည်။
မင်းသမီး လက်လီ စတိုး၌ -
စီးပွားရေးလုပ်ငန်းသည် ကောင်းသထက် ကောင်းလာပြီး မင်းသမီးလေးအဲလစ်သည် တစ်နေ့လုံးပြုံးနေသော်လည်း ခီရာကဲ့သို့ ဂရုပြုတတ်သည့်သူသည် အဲလစ် မကြာခဏ ငေးငိုက်ပြီး သတိလွတ်နေသည်ကို သတိထားမိသည်။တစ်ခါတစ်ရံတွင် အဲလစ်သည် တစ်ယောက်တည်းကြားနိုင်သည့်အသံဖြင့် ကိုယ့်ကိုယ်ကိုယ် စကားပြောနေတတ်သည်။
“ ဟွန့်။အသီနာကို ငါအကျောမပေးနိုင်ဘူး။ ”
“ စာအုပ်ထဲက ရင်သား ဖွံဖြိုးနည်းလမ်းတွေက ဘာလို့ အသုံးမဝင်ရတာလဲ။ ”
“ ချန်လွေ့စုတ်။သူငါ့ကို ထပ်ပြီး လာမရှာဘူး။သူက တကယ်ပဲ ရင်သားကြီးတဲ့ မိန်းမတွေကိုပဲ သဘောကျတာလား.... ”
အမှောင်လမြို့ တစ်နေရာရာရှိ လျို့ဝှက်ခန်း၌ -
အသီနာသည် တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်နေ၏။သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံနေသည့် မီးတောက်နီသည် တည်ငြိမ်သည့် အသက်ရှူသံနှင့်အတူ ယိမ်းထိုးနေလေသည်။
အသီနာ သက်ပြင်းချလိုက်ရာ မီးတောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။အသီနာ မျက်လုံးဖွင့်လိုက်ပြီး နီမြန်းသည့် မျက်ဝန်းများသည် ပြင်းထန်သည့် အပူရှိနေသည့် ကျောက်မျက်ရတနာ ကဲ့သို့ပင် ဖြစ်နေသည်။
ထပြီး ခြေဆန့်လက်ဆန့် ပြုလုပ်ပြီးနောက် အသီနာသည် ချောမွေ့လှသည့် မျက်နှာကို ရုတ်တရက် ထိကြည့်လိုက်သည်။သူ၏ မှတ်ဉာဏ်များထဲက ကျန်နေသည့် အပူမျိုး ကဲ့သို့ပင် ဖြစ်သည်။
“ အဲဒီ....သူအဆင်ပြေရဲ့လား။ ”
နန်းတော် အတွင်းဝင်း ဥယျာဉ်၌ -
ရေကန်အစွန်း၌ အထီးကျန်နေသည့် ပုံရိပ်တစ်ခုသည် ရေခဲရုပ်ထုကဲ့သို့ ငြိမ်သက်စွာ မတ်တပ်ရပ်နေ၏။လေညှင်းလေးများကြောင့် သူ၏ ရွှေဝါရောင်ဆံပင်ရှည်ရှည်လေးနှင့် စကတ်အဖြူရောင်တို့ ညင်သာစွာ လှုပ်ယမ်းနေသည်။
နက်ရှိုင်းသည့် ခရမ်းရောင် မျက်လုံးတစ်စုံသည် ရေမျက်နှာပြင်ပေါ်ရှိ ပုံရိပ်ကို စိုက်ကြည့်နေသည်။အချိန်အတော်ကြာပြီးနောက်တွင် ရှီရာသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး ညကောင်းကင်ရှိ အထီးကျန်မှု နှင့် အလှတရားချင်း ဆင်တူနေသော လနှစ်စင်းကို ကြည့်လိုက်သည်။
ကွာခြားချက်မှာ သူတို့သည် တစ်စင်းတည်း ဟုတ်မနေခြင်းပင်။
မင်းကရော။