သေချာပေါက်ရှုံးရမယ်။အဲလန်ရဲ့ ခြိမ်းခြောက်မှု
Vol. 5 Ch. 63
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပြီး ညခင်းပိုင်းသို့ရောက်လာလေပြီ။ယနေ့တွင် ပြိုင်ကွင်း၌ ပုံမှန်လူအုပ်ကြီးထက် နှစ်ဆပိုများနေသည်။တိုက်ပွဲများအတွင်း ထိုကဲ့သို့ မြင်ကွင်းမျိုး မဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ပရိတ်သတ်အရေအတွက်နှင့် ပတ်ဝန်းကျင်အခြေအနေသည် စင်ပေါ်ရှိ အလယ်ဆင့် နတ်ဆိုး ကနဦးပိုင်း အဇရူပဒေဝတာ နှစ်ယောက်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူတို့၏တိုက်ပွဲ ပို၍ပြင်းထန်လာသည်။သို့သော်လည်း ပရိတ်သတ်အများစုမှာ သူတို့၏တိုက်ပွဲကို လာကြည့်သည် မဟုတ်ပေ။နောက်လာမည့်တိုက်ပွဲကို စောင့်နေခြင်း ဖြစ်သည်။၎င်းသည် ယနေ့၏ နောက်ဆုံးတိုက်ပွဲလည်းဖြစ်ပြီး တိုက်ခိုက်ရေးသမားများမှာ “ ဘယ်ရော့ ” ရီကာ နှင့် လျို့ဝှက်ဆန်းကြယ်သည့် နံပါတ်(၆၄) တို့ဖြစ်သည်။
ပြိုင်ကွင်း၏ အလယ်ဆင့်နတ်ဆိုးများထဲ၌ အစွမ်းထက်ဆုံးဖြစ်သည့် မဟာနတ်ဆိုး “ ဘယ်ရော့ ” ရီကာသည် တိုက်ပွဲပေါင်း ၁၀၀ကျော် တိုက်ခိုက်ခဲ့ပြီး ၂၇ပွဲ နိုင်ပွဲဆက် ရရှိခဲ့သည်။အလယ်ဆင့်နတ်ဆိုး ဘုရင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။ ရီကာသည် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်ဟု သတင်းများထွက်နေသည်။ရီကာကို မည်သူမှ မစိန်ခေါ်ရဲသည်မှာ သုံးလရှိနေပြီ ဖြစ်သည်။
နံပါတ်(၆၄)သည် ယခင်က မထင်မရှား ဖြစ်သော်လည်း သူ၏အတွေ့အကြုံသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။လက်ရှိတွင် ယခုပွဲသည် သူ၏ သုံးပွဲမြောက်တိုက်ပွဲ ဖြစ်သည်။“ သွေးရောင်လက် ” လန့်စ်နှင့် တိုက်ခိုက်ရသည့် ပထမဆုံးတိုက်ပွဲ၌ နံပါတ်(၆၄)သည် ပြန်မတိုက်နိုင်သည်အထိ ဖိနှိပ်ခံခဲ့ရသည်။[ ထိန်းမရသိမ်းမရ ] ပါရမီကို လန့်စ် သုံးလိုက်သည့်အခါ အခြေအနေ ပြောင်းပြန်ဖြစ်သွားပြီး လန့်စ်ကို နံပါတ်(၆၄) သတ်ပစ်နိုင်ခဲ့သည်။ဒုတိယတိုက်ပွဲဖြစ်သည့် “ ဝံပုလွေလျင် ” ဂျက်စီနှင့်ပွဲတွင် နံပါတ် (၆၄)သည် ဂျက်စီ၏ ဆပွား အသေတိုက်ကွက်ကို ချိုးဖောက်နိုင်ခဲ့ပြီး အနိုင်ယူ နိုင်ခဲ့သည်။ အကြောင်းတချို့ကြောင့် နံပါတ်(၆၄)သည် ဂျက်စီကို မသတ်ပစ်ခဲ့ပေ။ တတိယတိုက်ပွဲတွင် နံပါတ်(၆၄)သည် အလယ်ဆင့်နတ်ဆိုးဘုရင် ဖြစ်သည့် ရီကာနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
နံပါတ်(၆၅)၏ တိုက်ပွဲသုံးပွဲသည် အလယ်ဆင့်နတ်ဆိုး၏ ကနဦးပိုင်း၊အလတ်ပိုင်း နှင့် အမြင့်ပိုင်း တို့ဖြစ်သည်။တိုက်ပွဲတိုင်းတွင် ကြီးကြီးမားမား ကွာဟချက်ရှိနေသည်။ တတိယတိုက်ပွဲသည် နံပါတ်(၆၄)က အံ့ဩဖွယ်ဖြစ်ရပ်ကို ဖန်တီးနိုင်မနိုင်ပေါ်တွင် အားလုံး မူတည်နေသည်။
နံပါတ်(၆၄)သည် အရှေ့တောင်လမ်း၌ အသစ်ဖွဲ့စည်းထားသည့် “ ဝတ်ရုံဂိုဏ်း ” ခေါင်းဆောင် အက်ဂ်ယောဖြစ်ကြောင်း သတင်းနှံ့စပ်သူများထံမှ သိရသည်။လွန်ခဲ့သော လဝက်ခန့်တွင် အက်ဂ်ယောသည် နာမည်ကြီး မှောင်ခိုကုန်သည် ဆယ်ဗာဆီသို့ အရောင်းအဝယ်လုပ်ရန် သွားခဲ့သည်။သို့သော်လည်း ဆယ်လ်ဗာသည် နံပါတ်(၆၄)ကို လုယက်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။အကျိုးဆက်မှာတော့ ဂျက်စီနှင့် နံပါတ်(၆၄) တို့သည် နံပါတ်(၄) လမ်းကို ရှင်းလင်းပစ်ခဲ့ပြီး ဆယ်လ်ဗာနှင့် အလယ်ဆင့်နတ်ဆိုး အမြင့်ပိုင်းဖြစ်သည့် ဂရော်ကိုပါ သတ်ပစ်ခဲ့သည်။ဤသို့ဖြင့် ရှေးအိမ်သည် ဝတ်ရုံဂိုဏ်း၏ ဌာနချုပ် ဖြစ်သွားလေသည်။သိပ်မကြာခင်တွင် ဝတ်ရုံဂိုဏ်းသို့ နတ်ဆိုးအများအပြား ဝင်ရောက်လာပြီး အရှိန်အဟုန်လည်း တဖြည်းဖြည်း တိုးတက်လာသည်။
ထိုတိုက်ပွဲရလာဒ်ကြောင့် ပရိတ်သတ်များသည် နံပါတ်(၆၄) အက်ဂ်ယောကို ပို၍ အကောင်းမြင်လာပြီး လောင်ကြေးအဆမှာလည်း အမှန်တကယ်ပဲ အများကြီး ကွာဟမနေတော့ပေ။
အရတ်စ်သည် ပုံမှန်အတိုင်းတွင် အရေးကြီးပုဂ္ဂိုလ် ခုံတန်း၌ ထိုင်နေ၏။သေရွာပြန် ခိုင်သန်အပြင် အခြားသူနှစ်ယောက်လည်း ရှိနေသည်။တစ်ယောက်မှာ ငြိမ်ဝပ်ပိပြားရေးအရာရှိ အဲလန် ဖြစ်ပြီး ကျန်တစ်ယောက်သည် အရတ်စ်၏ မိတ်ဆွေ၊ ဂျိုးဆက်ပ်၏ ကောက်ရိတ်ဓားသုံးလက်မှ တစ်လက်ဖြစ်သည့် ရွိုင့်စ် ဖြစ်သည်။
အရတ်စ် နှင့် ရွိုင့်စ်တို့သည် အချင်းချင်း စကားပြောနေကြပြီး အဲလန်ကို သိပ်ပြီး ဂရုမစိုက်ကြပေ။အဲလန်လည်း ဝင်ပြောကြည့်သည်။သူတို့နှစ်ယောက်က ဂရုမစိုက် ကြောင်းကို သဘောပေါက်သွားပြီး အဲလန်ရှက်သွားခဲ့သည်။သို့သော်လည်း အတွေ့အကြုံရင့်ကျက်သည့် အမြင့်ဆင့်နတ်ဆိုးနှစ်ယောက်နှင့်အတူ အရေးကြီး ပုဂ္ဂိုလ်ခုံတန်း၌ ထိုင်နေရခြင်းသည် ကိုယ်ပိုင်အစွမ်းအစကြောင့်မဟုတ်ဘဲ ခါရွန် မိသားစု၏ သခင်လေးဟူသော ဂုဏ်ပုဒ်ကြောင့်သာ ဖြစ်ကြောင်းကို အဲလန် နားလည်သည်။
အဲလန်သည် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်မနေတော့ပေ။သို့သော်လည်း တစ်ချက်တစ်ချက် သရော်ပြုံး ပြုံးနေသည်။
ပြိုင်ကွင်း၏ ပြင်ဆင်ရေးခန်း၌ ချန်လွေ့သည် ပုံမှန်အတိုင်းပင် မျက်နှာဖုံးတပ်ထားပြီ ဝတ်ရုံဝတ်ထားကာ အပြင်ဘက်မှ အားပေးသံများကို ငြိမ်သက်စွာ နားထောင်နေ လိုက်သည်။ဆရာသခင်စိန်ခေါ်ပွဲ၌ ပြိုင်ကွင်းထဲသည့် ပထမဆုံးခြေချသကဲ့သို့ တင်းမာမှုများ မသက်မသာခံစားရမှုများ မရှိတော့ဘူး အလွန်အမင်း တည်ငြိမ်နေ၏။
ခွန်အားသာ တိုးတက်လာသည်မဟုတ်ပေ။စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလဲသွားသည်။
အခြားသူများ၏ အမြင်တွင် လဝက်သာ ဖြစ်သော်လည်း လေ့ကျင့်ရေးကွင်း ပိုင်ဆိုင်သည့် ချန်လွေ့အတွက် သုံးလ ကြာမြင့်ခဲ့သည်။ထို့ပြင် မြေဆွဲအားလေးဆ ပတ်ဝန်းကျင်၌လည်း နေခဲ့ရသည်။နဂိုအရှိန်အဝါ ၇၀၀၀၀ လည်း ကုန်ဆုံးသွားပြီဖြစ်သည်။လေ့ကျင့်ရေး ကြားတွင် ဆယ်လ်ဗာ၏ပိုက်ဆံဖွင့် လူပုအိုကြီးဝယ်လာသည့် ပစ္စည်းများကို နှစ်ကြိမ် ကူးပြောင်းလိုက်သေးသည်။တကယ့်လက်တွေ့တွင်လည်း ပါ့ဂ်လီအိုနှင့် အထူး လေ့ကျင့်ရေး ပြုလုပ်ခဲ့သည်။ချန်လွေ့တွင် အရှိန်အဝါ ၅၀၀၀၀၀ ကျော် ကျန်နေသေးသည်။၎င်းကို ချန်လွေ့ မသုံးချင်သည် မဟုတ်ပေ။သုံးရန် မလိုအပ်ဟုသာ ချန်လွေ့ ထင်ခဲ့သည်။
သုံးလလေ့ကျင့်ရေးသည် အထင်ကြီးလောက်စရာ ရလာဒ်ကို ရရှိခဲ့စေခဲ့သည်။ မြေဆွဲအားလေးဆသည် ချန်လွေ့အတွက် ဘာမှ မဟုတ်တော့ပေ။နောက်ဆုံး လေ့ကျင့်ရေး၌ ချန်လွေ့သည် သစ်တောနေရာကို ရွေးချယ်ခဲ့သည်။ချန်လွေ့သည် မြေဆွဲအားသစ်တောကို မြေပြန့်ကဲ့သို့ ခုန်ချလိုက်သည်။၎င်းသည် ကြက်ကန်းဆန်အိုး တိုးခြင်းမဟုတ်ပေ။ရင်ဆိုင်ရသည့် ဖိအားနှင့် နာကျင်မှုကို ချန်လွေ့ ကိုယ်တိုင်အသိဆုံး ဖြစ်သည်။အစပိုင်းတွင် ချန်လွေ့သည် သေလုမျောပါးအကြိမ်ကြိမ် ဖြစ်ခဲ့သည်။ သို့သော်လည်း အလျှော့မပေးသည့် စိတ်စွမ်းအားဖြင့် နောက်ဆုံး၌ ချန်လွေ့ ကျော်ဖြတ် နိုင်သွားသည်။
ဤကဲ့သို့ ကြိမ်ဖန်များစွာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ခုခံမှုအောက်တွင် ခန္ဓာကိုယ် ကန့်သတ်များသည် ထပ်ကာထပ်ကာ ကျိုးပေါက်သွားတော့သည်။
အခြေအနေပြဘားတန်းရှိ သုံးဖက်မြင် လူသားခန္ဓာကိုယ်တွင်လည်း အယ်ခိတ် အခြေအနေ၏ ဗဟိုအလင်းလုံးမှလာသည့် ဖောက်ထွင်းမြင်ရသော ကြွက်သားနှင့် အရိုးများသည် သိပ်သည်းသွားကြသည်။၎င်းတို့သည် လှည့်ပတ်သွားလာနေကြသည့် မြောက်များလှစွာသော အမျှင်များနှင့်ပေါင်းစပ်သွားသည်။ဖော်ပြထားသည့် အတွေ့အကြုံတန်ဖိုးသည် အနီရောင်ဖြစ်သွားပြီး ၁၀၀% ပြနေသည်။
ဤအချက်အလက်သည် အယ်ခိတ် အခြေအနေတွင် [ သန့်စင်ခန္ဓာ ] ၏ လုပ်ငန်းစဉ်နှင့် ချန်လွေ့၏ ကြယ်စွမ်းအင်အပေါ် ထိန်းချုပ်မှုသည် လုံးဝရင့်ကျက်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသနေသေည်။ချန်လွေ့တွင် နောက်ထပ်နယ်ပယ်တစ်ခုကို ချိုးဖောက်နိုင်မည့် အခြေခံလိုအပ်ချက်များ ရှိနေပြီဖြစ်သည်။သို့သော်လည်း နောက်ထပ် ကြယ်ဆင့်ကဲပြောင်းလဲခြင်းကို မည်ကဲ့သို့ အသက်သွင်းပြီး “ မိုင်ဇာ ” အခြေအနေသို့ မည်သို့ ဝင်ရောက်ရမည်ကို ချန်လွေ့ သေချာမသိပေ။အချိန်အကန့်အသတ်ကြောင့် မြေဆွဲအားရှစ်ဆနှင့် လိုက်လျောညီထွေဖြစ်ရန် မလိုအပ်သေးပေ။အဆိပ်နဂါးပြောသည့် အတိုင်းဆိုလျှင် လေ့ကျင့်ရေးပြင်းအား တိုးတက်သွားလျှင်တောင် ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ပေးနိုင်သည်။အကျိုးကျေးဇူး သိပ်မများလှပေ။အဆင့်တက်ရန် အကောင်းဆုံး အခွင့်အရေး ရရှိဖို့အတွက် ချန်လွေ့သည် တကယ့်တိုက်ပွဲကို မှီခိုရမည်ဖြစ်သည်။
ထို့ကြောင့် ဤတိုက်ပွဲသည် အဆင့်တက်နိုင်မည့်သော့ချက် ဖြစ်နိုင်သည့်အတွက် ချန်လွေ့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ချန်လွေ့သည် အပေါ်ယံ၌ တည်ငြိမ် နေပုံပေါ်သည်။သို့သော်လည်း စိတ်ထဲတွင် အလွန်တက်ကြွနေသည်။ယခင်တစ်ခေါက် ဂျက်စီနှင့် တိုက်ခိုက်စဉ်က သတိထားခြင်းမျိုးနှင့် လုံးဝ ကွဲပြားနေသည်။
“ နံပါတ်(၆၄)။ဆာ အက်ဂ်ယောလား။ ”
ရင်းနှီးသည့် အသံတစ်ခုသည် အပေါက်ဝမှ ထွက်လာသည်။
ထိုအချိန်တွင် ပြင်ဆင်ရေးအခန်းသို့ မည်သူမှ ဝင်လာရမည်မဟုတ်ပေ။ချန်လွေ့ ကြည့်လိုက်ရာ ၎င်းသည် အဲလန်၏ လက်အောက်ခံဖြစ်သည့် သေရွာပြန် နာဂျစ်ဖြစ်သည်။ ဆယ်ဗာကို ချန်လွေ့သတ်ပြီး ရှေးအိမ်ကို သိမ်းယူလိုက်သည့်အခါ နာဂျစ်သည် ငြိမ်ဝပ်ပိပြားရေးအရာရှိ အဲလန်ကိုယ်စား လာရောက်စုံစမ်းခဲ့သည်။နောက်ဆုံး၌ သလင်းကျောက်နက်ဒင်္ဂါးအချို့ ပေးလိုက်ရာ ရှေးအိမ်၌ ဝတ်ရုံဂိုဏ်း၏ လုပ်ဆောင်ချက်ကို လက်ခံလိုက်တော့သည်။
ရုတ်တရက်ကြီး ဒီအခန်းထဲကိုဝင်လာတာ သူ့မှာ ဘာအကြံအစည်ရှိလို့ပါလိမ့်။
“ တကယ် ဆာ-အက်ဂ်ယော ပဲကိုး။ ”
နာဂျစ်သည် ဤဝတ်ရုံဝတ်၊မျက်နှာဖုံးတပ် နတ်ဆိုးနှင့် သူစိမ်းမဟုတ်ပေ။ယခုတွင် အက်ဂ်ယော၏ အစွမ်းသည် ရီကာကို စိန်ခေါ်ရဲသည်အထိ အလွန်ကြောက်မက်ဖွယ် ကောင်းလာပြီ ဖြစ်သည်။ကံကောင်းစွာပင် ယခင်တစ်ယောက်၌ ဝတ်ရုံဂိုဏ်းသို့ သွားစဉ်က ခန်ဂီနှင့်နာဂျစ်တို့သည် အက်ဂ်ယောကို ပြဿနာမရှာခဲ့ပေ။
“ ဆာ။ကျုပ်ဒီကို လာရတာက အရာရှိ အဲလန်ရဲ့ အမိန့်ကြောင့်ပါ။သူက ဆာ့ကို ကိစ္စတစ်ခု ကတိပေးစေချင်တယ်။ ”
အဲလန်လား။ပေါက်ကရတွေပြောတဲ့ သနားစရာကောင်ပဲ။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ ဘာကိစ္စလဲ။ ”
နာဂျစ်သည် တည်ငြိမ်ရန်အတွက် အကောင်းဆုံးကြိုးစားပြီး ပြောလိုက်သည်။
“ ဒီလိုပါ။ဝတ်ရုံဂိုဏ်းက ဆယ်လ်ဗာကို သတ်ပြီးတော့ ရှေးအိမ်ကို သိမ်းလိုက်တဲ့ အဖြစ်အပျက်က တော်တော်လေး ပြဿနာရှိပြီးတော့ ဖြေရှင်းရခက်တယ်။သိပ်မကြာခင် အဲ့ဒါကို မင်းသမီးရှီရာဆီ တင်ပြရတော့မှာ။မင်းသမီးရှီရာက အင်ပါယာ အစောင့်တွေ လွှတ်ပြီး ဖိနှိပ်ခိုင်းလိုက်ရင် ဆာအဲလန်တောင် ဝတ်ရုံဂိုဏ်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ ”
“ ဝေ့ဝိုက်ပြောမနေနဲ့။လိုရင်းကိုပြော။ ”
ချန်လွေ့စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်သည်။ဤစကားလုံးများဖြင့် အခြားသူများကိုသာ ခြောက်လှန့်၍ ရပေသည်။အဲလန်ဖြစ်ဖြစ် နာဂျစ်ဖြစ်ဖြစ် အက်ဂ်ယောသည် ရှီရာ၏ အယုံကြည်ရဆုံး အကြံပေးဖြစ်ကြောင်း ထင်မိကြမည် မဟုတ်ပေ။ ပြီးတော့လည်း ဒီနာဂျစ်က လာဘ်ငွေတွေ အများကြီးရထားတာပဲ။ဒါပေမဲ့ အခုတော့ ငါ့ကိုပြဿနာ လာရှာနေပြီ။တော်တော် မသိတတ်တဲ့ နတ်ဆိုးပဲ။
“ ဆာက နားလည်တတ်တဲ့သူပဲ။ ”
နာဂျစ် ပြုံးပြီး ပြောလိုက်သည်။
“ ဆာအဲလန်က ဒီကိစ္စကို ဖုံးဖိထားပြီးတော့ အရှေ့တောင်ဘလော့မှာ ဝတ်ရုံဂိုဏ်းကို တရားဝင်နေရာတစ်ခု ပေးလို့ရတယ်။သတ်မှတ်ချက်ကတော့ ရှင်းပါတယ်။ဒီတိုက်ပွဲမှာ ဆာအက်ဂ်ယောက ရီကာကို ရှုံးရမယ်။ ”
ခြိမ်းခြောက်ပြီးတော့ အရှုံးပေးခိုင်းတာလား။
ချန်လွေ့ နှာမှုတ်လိုက်ရာ နာဂျစ်သည် မမြင်နိုင်သည့် သတ်ဖြတ်ချင်စိတ်ကို ခံစား လိုက်ရသည်။နာဂျစ် ချက်ချင်း ကြောက်ရွံ့သွားပြီး တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။
“ ရီကာ ရှုံးမယ်လို့ထင်လို့လား။အဲလန်က ငါ့ကို အမြင့်ကြီးမှန်းထားတာပဲ။ ”
ချန်လွေ့ အေးစက်စက် ပြောလိုက်သည်။
“ ငါသဘောမတူရင် အဲလန်က ငါနဲ့ဝတ်ရုံဂိုဏ်းကို ရှင်းပစ်မှာလား။ ”
နာဂျစ် ဗလုံးဗထွေး ရှင်းပြလိုက်သည်။
“ စိတ်ထိန်းပါ။ဆာ။ကျုပ်က ဆာအဲလန်ပြောတာကို ပြန်ကြားပေးရတဲ့ ပမွှားလေးပါပဲ။ ဆာ ကျုပ်ကိုသတ်ဖို့ ဘာမှအကျိုးမရှိပါဘူး။ဒီလိုပါ။ရီကာက ခါရွန်မိသားစုအပေါ် သစ္စာဆို ထားတယ်။အဲ့ဒါကြောင့် ဆာအဲလန်က ရီကာကို ဘာမတော်တဆမှုမှ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ဆာ အရှုံးပေးဖို့ သဘောတူမယ်ဆိုရင် ပြိုင်ကွင်းမှာ ဘာအန္တရာယ်မှရှိမှာ မဟုတ်ပါဘူး။ ”
နောက်ဆုံး၌ သတ်ဖြတ်ချင်စိတ်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ အက်ဂ်ယော၏ အက်ကွဲကွဲ အသံ ထွက်ပေါ်လာသည်။
“ ဒီလိုဆိုမှတော့ သူကျေနပ်အောင် လုပ်ပေးမယ်လို့ အဲလန်ကိုပြောလိုက်။ ”
ယခုမှ နာဂျစ် စိတ်သက်သာရာ ရသွားသည်။အက်ဂ်ယောကို ဒေါသထွက်အောင် လုပ်မိပြီး အသက်ရှုံးဆုံးရမည်ကို နာဂျစ် စိုးရိမ်နေသည်။ထိုစကားကိုကြားသည့်အခါ နာဂျစ်သည် လွတ်ငြိမ်းချမ်းသာခွင့် ရသကဲ့သို့ ဖြစ်သွားသည်။နာဂျစ် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ ကျေးဇူးပါပဲ။ဆာ။တိုက်ပွဲအတွက် ပြင်ဆင်မယ့်ဆာ့ကို နာဂျစ် မနှောင့်ယှက်တော့ပါဘူး။ အခုပဲ သွားပါတော့မယ်။ ”
နာဂျစ်ထွက်သွားသည်ကို ချန်လွေ့တွေ့လိုက်သည်။ ပုံမှန်အတိုင်းဆိုရင် ငါအရှုံးပေးရင် ပေးမှာ။အခုတော့ ငါရှုံးလို့မရတော့ဘူး။အရတ်စ်ရဲ့ ခြိမ်းခြောက်မှု မရှိရင်တောင် မိုင်ဇာနယ်ပယ်ကို အမြန်ဆုံး ချိုးဖောက်ရောက်နိုင်ဖို့အတွက် အားကုန်ထုတ်မှာပဲ။
ဟုတ်တယ်။“ဆာ” အဲလန်။အဲ့ဒီအချိန်ကျရင် မင်း “ကျေနပ်” သွားအောင် ငါလုပ်ပြမယ်။
လက်ရှိတိုက်ပွဲသည် အဇရူပဒေဝတာ တစ်ယောက်သေပြီး အဆုံးသတ်သွားပြီ ဖြစ်သည်။ အနည်းငယ် သန့်ရှင်းပြီးနောက်တွင် မှော်အသံချဲ့စက်နှင့်အတူ နောက်ဆုံးပွဲစဉ် စတင်တော့သည်။
သန်းပေါင်းများစွာသော မျက်လုံးများအောက်တွင် ယှဉ်ပြိုင်မည့်သူ နှစ်ယောက်သည် ပြိုင်ကွင်းအလယ်၌ ပေါ်လာကြသည်။
ရီကာသည် ပုံမှန် မဟာနတ်ဆိုး တစ်ယောက်၏ ပုံစံကဲ့သို့ပင်ဖြစ်သည်။အရပ်မြင့်သည်။ အသားနီသည်။ခေါင်းပေါ်တွင် အနည်းငယ်အရောင်တောက်နေသည့် ဂျိုနက်ကွေး နှစ်ချောင်းရှိသည်။အချိန်မရွေး ပေါက်ကွဲနိုင်သည့် အမူအကျင့်ရှိသည်။
သို့သော် မျက်နှာဖုံးနှင့် ဝတ်ရုံနှင့်သာ ရှိသေးသည့် နံပါတ်(၆၄)သညိ အတော်လေး ပိန်ပါးပြီး အမူအကျင့်မှာလည်း သိုသိုသိပ်သိပ်ပင် ဖြစ်သည်။ရီကာ၏ အသွင်အပြင်နှင့် ယှဉ်လျှင် နံပါတ်(၆၄)သည် အတော်လေး နိမ့်ကျပေသည်။
အရေးကြီးပုဂ္ဂိုလ်စားပွဲမှ ရွိုင့်သည် နံပါတ်(၆၄)ကို ခဏစိုက်ကြည့်လိုက်ပြီး သူ၏ တည်ငြိမ်သော မျက်လုံးများတွင် အနည်းငယ်အံ့ဩမှုများ ပေါ်လာသည်။ရွိုင့်ပြုံးပြီး ပြောလိုက်သည်။
“ အရတ်စ်။ကြည့်ရတာ မင်းမှာ အမြင်ကောင်းကောင်း ရှိတဲ့ပုံပဲ။ဒီနံပါတ်(၆၄)က မရိုးရှင်းဘူး။ ”
အပေါ်ယံတွင် နံပါတ်(၆၄)သည် မထည်ဝါသော်လည် နံပါတ်(၆၄)၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တို့ တစ်သားတည်း ပေါင်းစပ်သွားပြီဖြစ်ကြောင့် ရွိုင့်ကဲ့သို့ အစွမ်းထက်သောသူက သေချာပေါက် ပြောနိုင်လေသည်။နံပါတ်(၆၄)၏ အမူအကျင့်သည် မထင်ရှားလှသော်လည်း အခြားသူများအပါ် သူ၏အမြင်သည် ရီကာထက် မနိမ့်ကျပေ။
အရတ်စ်၏ မျက်လုံးများသည်လည်း အက်ဂ်ယော၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေ၏။ အရတ်စ်၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ခနဲဖြစ်သွားပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
“ အလယ်ဆင့်နတ်ဆိုး အထွတ်အထိပ်ပဲ။ဒါက တကယ့်ကို အံ့ဩစရာပဲ။ဒါပေမဲ့...... သိပ်ကောင်းတယ်။ ”
“ ဒါက ရီကာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲပဲ ဖြစ်မှာလို့ ငါထင်ခဲ့တာ။ဒါပေမဲ့ လက်ရှိ အခြေအနေကိုကြညိ့ရင်တော့ ရလာဒ်ကိုပြောဖို့ ခက်တယ်။ ”
ရွိုင့် စဉ်းစားပြီး ပြောလိုက်သည်။
“ နံပါတ်(၆၄)က မဟာနတ်ဆိုးဆိုရင် အခုသူက နဂိုပုံစံမှာပဲ ရှိနေတာပဲ။သူ့ရဲ့ တိုက်ပွဲ ပုံစံကို သုံးလိုက်တာနဲ့ သူက အမြင့်နတ်ဆိုးကို ရောက်သွားဖို့ များတယ်။ဒါဆိုရင်တော့ ရီကာ ဒုက္ခရောက်ပြီ။ ”
အရတ်စ်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ ဟုတ်တယ်။အရင် တိုက်ပွဲနှစ်ခုလုံးမှာ အက်ဂ်ယော တစ်ခါမှ အသွင်မပြောင်းခဲ့ဘူး။
“ ဒါပေမဲ့ ဒါက လုံးဝမသေချာဘူး။ ”
ရွိုင့်သည် ဝိုင်တစ်ငုံသောက်ပြီး ဆက်ပြောလိုက်သည်။
“ အသွင်ပြောင်းတာက အဆင့်ကျော်သွားတာ မဟုတ်ဘူး။မဟာနတ်ဆိုး အမြင့်ဆင့်တွေ အများကြီးက အသွင်ပြောင်းသွားရင်တော့ အမြင့်ဆင့်မှာပဲ ရှိနေသေးတာ။သူတို့၏ ခွန်အားပဲ တိုးတက်သွားတယ်။ပြီးတော့လည်း ဒီကောင်က မဟာနတ်ဆိုး ဟုတ်ချင်မှ ဟုတ်မယ်။သူက သနားစရာ တော်ဝင်မိသားစုတစ်စုရဲ့ မျိုးဆက် ဖြစ်နိုင်တယ်။ ”
အရတ်စ်သည် အက်ဂ်ယော ပြောဖူးသည့် “ ဂုဏ်သိက္ခာဆုံးရှုံးမှု ” ကို ပြန်သတိရသွားပြီး ဖြစ်နိုင်ကြောင်း တွေးမိသွားသည်။အရတ်စ် မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်ထားသည်။ နောက်ဆုံး၌ ထိုအကြောင်းကိုထပ်မစဉ်းစားရန်ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲက တိုက်ပွဲပဲ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခုကို ငါအမှန်တကယ်ခံစားနိုင်မယ်ဆိုရင် သူက မဟာနတ်ဆိုးဘဲဖြစ်ဖြစ် တော်ဝင်မိသားစုဝင်ပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ဒါက အရတ်စ် ဆိုတဲ့ ငါပဲ။
အဲလန်သည် ဘေးဘက်မှ နားထောင်ရန် အနည်းငယ် ကြောက်သွားသည်။ အက်ဂ်ယောသည် သာမန်ဟုသာ ထင်ရသော်လည်း ရီကာကို အနိုင်ယူနိုင်သည့် အခွင့်အရေး ရှိနေပေသည်။ထိုအချိန်တွင် အရေးကြီးပုဂ္ဂိုလ်များ ခုံတန်း၌ သေရွာပြန် နာဂျစ် ပေါ်လာသည်ကို အဲလန် တွေ့သွားသည်။
အဲလန်သည် နာဂျစ်၏ အမူအရာကို မြင်လိုက်ပြီး ပို၍အန္တရာယ်ကင်းသလို ခံစားသွား ရသည်။ထို့နောက် အဲလန်သည် နာဂျစ်ကို ချီးမွမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ချက်ချင်း လောင်းကြေးထပ်ရန် နာဂျစ်ကို အချက်ပြလိုက်သည်။နာဂျစ် သဘောပေါက် သွားပြီး အလျင်အမြန် လှည့်ထွက်သွားလိုက်သည်။