← Chapters

တုန်လိုင်လီကိုသတ်ခြင်း ၁

Vol. 117 Ch. 1632

တုန်လိုင်လီကိုသတ်ခြင်း ၁

Vol. 117 Ch. 1632

လှေသမားထါတ်သည် ချက်ချင်းပင် သူတော်စင်မိန်းမပျိုကိုဆွဲခေါ်သွား ပြီး သူမကို ခေါ်လာသော အစောင့်ကို ပြန်ပို့ခိုင်းလိုက်သည်။

အစောင့်များသည် သူမကို ပြန်ပို့ချိန် ထွက်မသွားခင် ပြောသွားလေသည် “မိန်းကလေးယူယူ မိန်းကလေး အန္တရာယ်တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရတယ်လို့ သခင်က ပြောလိုက်ပါတယ်”

ထိုသို့ပြောပြီးနောက် သူတို့နှင့်ဆက်သွယ်ရနိုင်မည့် နည်းလမ်းကို ထား သွားလေသည်။

ရှီမာယူယူသည် သူတို့ထွက်သွားသည်ကို ကြည့်ပြီး လက်ထဲမှ ပစ္စည်းကို ဝိညာဉ်စေတီအတွင်းထည့်ပြီး နောက်တစ်ခေါက်မကြည့်တော့ပေ။

လှေသမားထွတ်သည် သူမ၏ အခြေအနေကို သိနေသည်မှာ သူမနောက် သို့ နောက်ယောင်ခံလိုက်ခိုင်းခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ သူမ လုပ်ချင် သည့်ကိစ္စများကို ဝင်မပါသော်လည်း တစ်ချိန်လုံးစောင့်ကြည့်နေသည်မှာ သူမ ကို သက်တောင့်သက်သာမဖြစ်စေပေ။

သို့သော် သူမနောက် လိုက်မလာရန် တားဖို့အစွမ်းအစလည်းမရှိပေ။

သူမ လှည့်လိုက်သောအခါ ရုတ်တရက် ဝိညာဉ်စေတီအတွင်းမှ လှုပ်ရှားမှု ရှိလာသည်။ ဟန့်မြောင်ရွှမ်နှင့် တခြားသူများဆီမှ သတင်းရပြီးနောက် သူမ ဒေါသထွက်သွားသည်။ သို့သော် သူမသည် လူများဝင်ထွက်နေသော တည်းခို ဆောင်အဝင်ပေါက်တွင်သာ ရှိသေးသဖြင့် ဘာမှမတတ်နိုင်ပေ။ သူမသည် ရှိနေ သည့်နေရာမှ တိုက်ရိုက်ပင် ပျောက်ကွယ်သွားတော့သည်။

ကျားဖြူမြို့တော်သည် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲပြီးသွားသည်နှင့် အတားအဆီး ရုတ်သိမ်းလိုက်ရာ အားလုံးသည် မြို့ထဲသို့ လွတ်လပ်စွာ သွားလာ နိုင်သည်။ ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည်လည်း မြို့မှထွက်သွားခဲ့ကြ သည်။ သို့သော် မြို့စွန်သို့ရောက်သည်နှင့် လူတစ်စုမှ ရှေ့တွင် လာပိတ်မည်ဟု ထင်မထားခဲ့ပေ။

ရောက်လာသူများမှာ တုန်လိုင်လီနှင့် တုနန်ဟော်တို့ဖြစ်ကြောင်းကို မြင် လိုက်ရသည်။ ဟန့်မြောင်ရွှမ်သည် ဘာမှမပြောရသေးခင်မှာပင် ရှီမာယူယူ ပေး ထားသည့် ပစ္စည်းကို ခွဲလိုက်သည်။ ထို့ကြောင့်ပင် ရှီမာယူယူသည် သတင်းကို ချက်ချင်းရလိုက်ခြင်းဖြစ်သည်။

ဟန့်မြောင်ရွှမ် ထိုသို့ပြုမူလိုက်သည်ကို တုန်လိုင်လီ သတိထားမိသည်။ သို့သော် သူမသည် ဘာမှမပြောပေ။

“မင်းက အကူအညီတောင်းချင်တာလား” တုနန်ဟော်သည် သူတို့အား အထင်သေးစွာကြည့်လေသည် “ကောင်းတာပေါ့၊ ငါတို့ မင်းတို့ကိုရှင်းပြီးလို့ သူမ သတင်းရပြီးရောက်လာတာနဲ့ မင်းတို့ရဲ့ အလောင်းတွေ့ရမှာနဲ့အချိန်ကိုက် ပဲ၊ အဲအချိန်ကျမှ သူမကိုလည်းသတ်ပစ်ရမယ် ဟားဟားဟား”

“ဘယ်သူက ဘယ်သူ့ကိုသတ်ချင်တာလဲ” ရှီမာယူယူ၏ အသံသည် လေ ထဲမှထွက်လာကာ ချက်ချင်းပင် ဟန့်မြောင်ရွှမ်နှင့် တခြားသူများရှေ့တွင် ပေါ် လာသည်။

“ဘာလို့ ဒီလောက် မြန်မြန်ရောက်လာတာလဲ” တုန်လိုင်လီနှင့် တုနန်ဟော်တို့သည် အံ့ဩနေသည်။

သူတို့လူများသည် သူမနောက်သို့ တစ်လျှောက်လုံး နောက်ယောင်ခံ လိုက်ခဲ့ရာ သူမ မြို့ထဲတွင်ရှိသေးသည်ဟု သတင်းပါးခဲ့သည်။ သူမက ဘယ်လို လုပ် ဒီမှာ ရုတ်တရက်ကြီးပေါ်လာရတာလဲ။

သူတို့နှစ်ယောက်လုံးသည် ချက်ချင်းပင် တစ်စုံတစ်ခုကို စဉ်းစားမိသွား သည်။ သူမသည် အခုလိုပင် အသံမထွက်ဘဲ ပေါ်လာနိုင်သည်မှာ သူမ၏ လေဟာပြင်သိုင်းသည် သူတို့နှစ်ယောက်လုံးကို ဖိနှိပ်ထားသည်ကို သက်သေပြ နေသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို ကြည့်ကာ နှာရှုတ်လိုက်သည် “ရှင်တို့က ကျွန်မရဲ့ စီနီယာတွေကို သတ်ချင်တာလေ ဘယ်လိုလုပ် အချိန်ဆွဲ တော့မလဲ မဟုတ်ရင် ရှင်တို့ပြောသလိုပဲ ကျွန်မရောက်လာတာနဲ့ သူတို့ အလောင်းကိုပဲ တွေ့ရတော့မှာပေါ့”

“ဟင်း ဘယ်လိုပဲဖြစ်ဖြစ် မင်းရောက်လာတာနဲ့ ဘာမှမပြောင်းလဲနိုင်ပါ ဘူး” တုနန်ဟော်သည် ရှီမာယူယူ မည်မျှအားကောင်းသည်ကို နားမလည်ပေ။ ထို့ကြောင့် သူ့အတွက်ကတော့ ရှီမာယူယူရောက်လာသည်မှာ လူတစ်ယောက် ပိုသတ်လိုက်ရသည်ထက် မပိုပေ။

သို့သော် တုန်လိုင်လီအတွက်ကတော့ မတူပေ။ သူမသည် ရှီမာယူယူကို ထဲထဲဝင်ဝင်မသိသော်လည်း သူမနှင့်ပတ်သက်ပြီး ထူးဆန်းသော အကြောက် တရားရှိသည်။

သူမသည် ရှေးဟောင်းသတ္တုတွင်းသို့ ဝင်ကတည်းကပင် ဒဏ်ရာဆို၍ ခြစ်ရာပင် မရှိခဲ့ပေ။ သူမတွင် ရွှမ်ချုံးဟော်၏ ကာကွယ်မှုရှိသော်ငြား တခြားသူ သာဆိုလျှင် သူမ အဆင့်လောက်ရောက်မည်မဟုတ်ပေ။

သူတို့သည် သူမအား ရွံရှာသည်ကို ရှီမာယူယူ ခံစားမိသော်လည်း ဒေါသ မထွက်ပေ။

“ရှင်ပြောတာ ဟုတ်တယ် ကျွန်မတစ်ယောက်တည်းဆိုရင် ဘာမှ မပြောင်းလဲနိုင်ဘူး ဒါပေမဲ့… ကျွန်မက တစ်ယောက်တည်းလာတယ်လို့ ဘယ် တုန်းကပြောလို့လဲ” ရှီမာယူယူသည် အေးစက်စွာပြုံးလိုက်သည် “ကျွန်မက မတတ်သာဘဲပြောရတော့မှာပဲ၊ ရှင်တို့က ရဲတင်းလွန်းနေတာ ရှင်တို့နှစ် ယောက်တည်းနဲ့ ကျွန်မကိုသတ်ဖို့လာရဲသေးတယ်”

“မင်းတို့ လူနည်းနည်းလောက်ကတော့ သက်ညှာပေးတာထက်တောင် ပိုနေသေးတယ်”

“အဲလိုလား” ရှီမာယူယူ တစ်ချက်တွေးလိုက်သည်နှင့် ရှီမာလျူရွှမ်နှင့် တခြားသူများသည် သူမ အနောက်တွင် ပေါ်လာသည်။ သူမလက်တစ်ချက် ဝှေ့လိုက်သည်နှင့် ဗျိုင်းဖြူမျိုးနွယ်မှ အကြီးအကဲများပါ ပေါ်ထွက်လာသည်။

“ရှင်တို့ ဘာပဲလုပ်လုပ် ဒီနေ့တော့ နှစ်ယောက်လုံး လွတ်မှာမဟုတ်တော့ ဘူး” ရှီမာယူယူ ပြောလိုက်သည်။

တခြားအရာများကို မဆိုထားနှင့် ထိုနှစ်ယောက်သည် ကြင်နာပေးမှုကို လက်စားချေမှုအဖြစ်ပြောင်းကာ သူတို့ကို အကြောင်းမရှိဘဲသတ်ချင်ခဲ့သည်။ ထိုအကြောင်းအရင်း တစ်ခုတည်းနှင့်တင် သူတို့ကိုလွှတ်မပေးနိုင်ပေ။ ထို့အပြင် ထိုလူနှစ်ယောက်၏ အကျင့်စရိုက်မှာ လက်စားချေလိုသည့် စရိုက်ပင်ဖြစ် သည်။ သူမသာ သူတို့ကို ယနေ့လွှတ်ပေးလိုက်ပါက နောက်ပိုင်းတွင် အေးချမ်း မည့်နေ့ရှိလာတော့မည်မဟုတ်ပေ။

သို့သော် သူတို့နှစ်ယောက်သည် လျှို့ဝှက်မျိုးနွယ်များမှ ပါရမီရှင်များဖြစ် ကြကာ အသက်စောင့်ရှောက်သည့် ပစ္စည်းများစွာပိုင်ဆိုင်ကြသည်။ ထိုစဉ်က သူသည် ကြီးမြတ်သောဝူလင်း၏ မျက်စိရှေ့အောက်မှ ထွက်ပြေးနိုင်ခဲ့သည်။ ထို့ကြောင့် သူမ သူတို့ကို ဤနေရာတွင် သတ်လိုပါက လူပိုခေါ်ရန်သာ ရွေးချယ် ရတော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ယနေ့ သူတို့နှစ်ယောက်လုံး လွတ်မြောက်နိုင် မည်မဟုတ်ပေ။

တုန်လိုင်လီနှင့် တုနန်ဟော်တို့သည် ထိုလူများ ပေါ်လာသည်ကို အရင် အံ့ဩကြလေသည်။ ပြီးမှပင် သူတို့သည် ပြောကြလေသည် “ငါတို့က တကယ် ပဲ မင်းကိုလျော့တွက်မိတာပဲ၊ ဒါပေမဲ့ ဒီလူနည်းနည်းလောက်နဲ့ ငါတို့ကိုသတ် ချင်ရင် စိတ်ကူးယဉ်နေတာပဲ”

ထိုသို့ပြောပြီးနောက် သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့ဘေးတွင် အနက်ဝတ်လူတစ်စု ပေါ်လာလေသည်။

“မသေလူတွေ” စူးရှောင်ရှောင်နှင့် တခြားသူများသည် အရင်က မသေလူ များကို မမြင်ဖူးကြပေ။ သို့သော် ဝိညာဉ်စေတီအတွင်းတွင် ကိစ္စများစွာ ကြုံဖူး ထားသဖြင့် မသေလူများပေါ်လာသည်နှင့် သိလိုက်သည်။

တုနန်ဟော်သည် အေးစက်သော အပြုံးပြုံးလိုက်သည် “စိတ်ချပါ မင်းတို့ သေပြီးတာနဲ့ ဒီလိုဖြစ်လိမ့်မယ်”

“ရွံစရာကောင်းလိုက်တာ” ဟန့်မြောင်ရွှမ်သည် ရွံရှာစွာဖြင့် လက်ကို ယမ်းလိုက်သည် “ဒီမသေလူတွေကို မြန်မြန်ရှင်းရအောင်”

ရှီမာယူယူသည် တုနန်ဟော်ကို ကြည့်လိုက်သည်။ သူ့မှာ တကယ်ပဲ မသေလူတွေရှိနေတာပဲ။ ဒါဆိုရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်က တကယ်ပဲ တုနန်မျိုးနွယ်ရှိနေတယ်လို့ ဆိုလိုတာလား။

မည်သို့ပင်ဖြစ်စေကာမူ သူမ စိတ်ပြောင်းသွားသည်။ သူမသည် တုနန်ဟော်ကို အခုသတ်၍မရပေ။ သူမသည် မသေလူများနှင့် ပတ်သက်သည့် သတင်းများကို သူ့ဆီမှ ရရမည်။

“မသေလူတွေကို ကျွန်မကိုအပ်ထားလိုက် မိန်းမကိုသတ်ပြီး ယောက်ျား ကို ချန်ထားလိုက်” ရှီမာယူယူ ပြောလိုက်သည်။

သူမ စိတ်ပြောင်းသွားသည်ကို အားလုံး နားမလည်နိုင်ဖြစ်သွား သော်လည်း သူမ စကားကို နားထောင်ကြသည်။ ထို့ကြောင့်ပင် အားလုံးသည် တုန်လိုင်လီနှင့် တိုက်ခိုက်ကြပြီး တိုက်ချက်တိုင်းမှာ လူသတ်မည့် ရည်ရွယ် ချက်အပြည့်ပင်ဖြစ်သည်။ သူတို့ တုနန်ဟော်နှင့် ရင်ဆိုင်ရသောအခါ များစွာ ညင်သာရသည်။ အနည်းဆုံးတော့ သူ၏ ခြေလက်လေးချောင်းကျိုးသွားချိန် တွင် သူ၏ နှလုံးကို မတိုက်ခိုက်ပေ။

ရှီမာယူယူသည် ပထမဆုံးတိုက်ကွက်မှာပင် မသေလူများ၏ ရောင်ဝါကို ထိန်းချုပ်သည်။ အားကောင်းစွာ တိုက်ခိုက်တော့မည့် မသေလူများသည် သူမ ထိန်းချုပ်လိုက်သည်နှင့် မလှုပ်မယှက်ရပ်နေကြလေသည်။ သူတို့သည် တခြား သူများ လာသတ်ရန်စောင့်နေသည့်အလား ရပ်နေကြသည်။

တုနန်ဟော်သည် နောက်ဆုတ်သွားကာ မသေလူများ ဘာကြောင့် မလှုပ် ရသလဲဟု တွေးနေစဉ်မှာပင် ခေါင်းမော့ကြည့်ရာ မသေလူများမှာ ထိန်းချုပ်မရ တော့သည်ကို သိလိုက်ရတော့သည်။

ရှီမာယူယူ ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ မယုံနိုင်မှုများပြည့်နေ သည်ကို တွေ့လိုက်ရသည်။

“တုနန်ဟော် ဘယ်လိုဖြစ်ပြီး မသိဘဲနေရတာလဲ၊ မသေလူကိုသုံးတာက သေဖို့တောင်းဆိုလိုက်သလိုပဲ”

သူမ အပြုံးမှာ နူးညံ့သည်။ သို့သော် တုနန်ဟော်၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။ အကြောင်းမှာ သာမာန်နှင့် ကွဲထွက်နေသော တစ္ဆေ မျိုးနွယ်၏ အေးစက်မှုနှင့် မှုံ့မှိုင်းနေသော ရောင်ဝါသည် သူမဆီမှ ထွက်လာနေ ခြင်းကြောင့်ဖြစ်သည်။ သူ၏ တစ္ဆေရောင်ဝါမှာ မြင့်မြတ်သော လေထုပါဝင် သဖြင့် သူတို့ကို လေးစားသမှုပင်ဖြစ်စေသည်။

ထို့ကြောင့်ပင် မသေလူများကို သူမ ထိန်းချုပ်၍ရနေခြင်းဖြစ်သည်။ သေဆုံးခြင်းရောင်ဝါနှင့် တစ္ဆေရောင်ဝါတို့သည် ယှဉ်ရန်ပင်မလိုပေ။ သေဆုံး ခြင်းရောင်ဝါမရှိလျှင် မသေလူများကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

သူသာ ရှီမာယူယူကို အထင်မသေးဘဲ နည်းနည်းသာ အလေးအနက်ထား ခဲ့မယ်ဆိုရင် သူမအကြောင်းကို နည်းနည်းလောက် စုံစမ်းခဲ့မယ်ဆိုရင် သူမက တစ္ဆေမျိုးနွယ်၏ သွေးသားဖြစ်သည်ကို သိခဲ့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ ရှေ့တွင် ဘယ်လိုလုပ် မသေလူတွေကို ထုတ်ရဲတော့မလဲ။

“အား…”

သူစိတ်ပျံ့သွားသည်နှင့် တုန်လိုင်လီ၏ လက်မောင်းမှာ ထိုးဖောက်ခံ လိုက်ရပြီး မခံနိုင်တော့သဖြင့် အော်လိုက်သည်။

တုနန်ဟော် ထိုအရာကိုမြင်သောအခါ ဘယ်လိုလုပ် ဒီလိုတွေ ဆက်တွေး နိုင်ဦးမှာလဲ။ ယနေ့တွင် သူသည် အရေအတွက်သာသော်လည်း ဆက်၍မတိုက် ခိုက်နိုင်ပေ။ သူသည် လေဟာပြင်ကိုဖွင့်ကာ ထွက်ပြေးချင်သည်။ သို့သော် လေဟာပြင်မှာ အေးခဲနေပြီကို သိလိုက်ရတော့သည်။

သူသည် အလိုလုပ်ပင် ရှီမာယူယူရှိရာဆီသို့ ကြည့်လိုက်သည်။ သူမသည် အစပိုင်းတွင် သူမ၏ လေဟာပြင်ထိန်းချုပ်မှုအရည်အချင်းကို ပြသခဲ့သည်။ ပြီးနောက် ထိုစွမ်းရည်ရှိသူမှာ သူမတစ်ယောက်သာဖြစ်သည်။

သို့သော် သူ ပြန်စီမံရန်မစဉ်းစားမီမှာပင် ရှီမာယူယူသည် ပိုအံ့အားသင့် စရာကိစ္စကို လုပ်သွားလေသည်။

***

All Chapters