← Chapters

စစ်မှန်ဆေးရည်အတွဲလိုက် တိုးမြှင့်မှု။အဆုံးသတ်

Vol. 5 Ch. 66

စစ်မှန်ဆေးရည်အတွဲလိုက် တိုးမြှင့်မှု။အဆုံးသတ်

Vol. 5 Ch. 66

“ သေစမ်း။ ”

အဲလန် နှာမှုတ်လိုက်သည်။သူ၏ခန္ဓာကိုယ်၌ မီးတောက်များ လောင်ကျွမ်းနေသည်။ အဲလန်၏လက်ထဲ၌ အရိုးရှည် ကောက်ရိတ်ဓား ထွက်ပေါ်လာပြီး ချန်လွေ့ရှေ့သို့ တယ်လီပို့ခုန်လိုက်ကာ ခေါင်းကို ခုတ်ရန် ကြိုးစားလိုက်သည်။

ခါရွန်မိသားစုသည် သူတို့၏ တစ်ဦးတည်းသောကလေးကို ပျိုးထောင်ရန်အတွက် အပတ်တကုတ်ကြိုးစားခဲ့ကြရသည်။လက်ရှိတွင် အဲလန်သည် အလယ်ဆင့်နတ်ဆိုး အထွတ်အထိပ်သို့ ရောက်နေပြီး အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ထို့ကြောင့် ထိုရိုက်ချက်သည် ပြင်းထန်လှသည်။ရီကာနှင့် တိုက်ခိုက်စဉ်က ချန်လွေ့သည် အင်အားအမြောက်အများ ကုန်ဆုံးသွားခဲ့သော်လည်း အဲလန်ကို ကြောက်မနေပေ။ချန်လွေ့ သတိထားနေသည်ကို မျက်တစ်ဖက် မဟာနတ်ဆိုးကို ဖြစ်သည်။

ချန်လွေ့သည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး နောက်မဆုတ်ဘဲ ရှေ့တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ကောက်ရိတ်ဓား ထိတော့မည်အချိန်၌ ဘေးဘက်သို့ ရုတ်တရက် ရွှေ့လိုက်ပြီး ကောက်ရိတ်ဓားကို လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ပစ်ထိုးလိုက်သည်။ဝတ်ရုံ၏ ထောင့်တစ်နေရာ ပြတ်ရှသွားသည်။နောက်ထပ် အဲလန် မတိုက်ခိုက်နိုင်ခင်မှာပင် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် လက်သီးတစ်ချက်က သူ၏ဝမ်းဗိုက်သို့ ရောက်ရှိလာသည်။ အဲလန်သည် ချက်ချင်းပင် နာကျင်စွာဖြင့် ခါးကိုင်းကျသွားသည်။

မျက်တစ်ဖက် မဟာနတ်ဆိုးသည် အဲလန် လွဲသွားသည်ကိုတွေ့ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။ထို့နောက်တွင် အဲလန်၏လက်မောင်းကို ပြိုင်ဘက်ဖြစ်သူက ဆွဲကိုင်လိုက်သည်ကို သူတွေ့လိုက်ရသည်။နံပါတ်(၆၄)သည် အားဖြင့် ဆွဲပစ်လိုက်ရာသည် အဲလန်သည် မဟာနတ်ဆိုးဆီသို့ လွင့်သွားလေသည်။

အဲလန် မျှခြေမညီတော့ဘဲ လေထဲ၌ လွင့်နေသည်။ကံကောင်းစွာပင် သူ့ကို တစ်စုံတစ်ယောက်က ဖမ်းပေးလိုက်သည်။ထိုသူမှ မျက်တစ်ဖက် မဟာနတ်ဆိုးပင် ဖြစ်သည်။အဲလန် ချက်ချင်း အောပြောလိုက်သည်။

“ မီကတ်စ်။သူ့ကိုသတ်ပစ်လိုက်။ ”

မီကတ်စ် အသာလေး ခေါင်းညိတ်လိုက်သည်။ထို့နောက် သူ အဲလန်ကို ဖမ်းနေစဉ် အက်ဂ်ယော၏ ပုံရိပ် ဖြတ်ခနဲပျောက်သွားပြီး ညကောင်းကင်ထဲ ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။မျက်တစ်ဖက်မဟာနတ်ဆိုး လှောင်ပြုံးပြုံးလိုက်ပြီး ထိုနေရာ၌ပင် ချက်ချင်း ပျောက်ကွယ်သွားသည်။အဲလန်၏ ဒေါသသံသည် မီကတ်စ်နောက်မှ ထွက်ပေါ်လာသည်။

“ မီကတ်စ်။သူ့ကို ဖမ်းမိရင် မင်းရဲ့မီးတောက်နဲ့ သူ့ကို သေတဲ့အထိ နှိပ်စက်လိုက်။ ”

သူတို့၏နောက်ဘက်ရှိ အမိုး၌ တည်ငြိမ်နေသည့် အနီရောင်မျက်လုံးတစ်စုံသည် လရောင်အောက်ရှိ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။

အဆင့်နှစ်ခု ခြားနားချက်မှာ ပုံမှန် အပိုင်းခြားနားခြင်း စိန်ခေါ်ပွဲကဲ့သို့ မရိုးရှင်းပေ။ အခြေခံအားဖြင့် နိုင်နိုင်ချေ လုံးဝ မရှိပေ။ထို့ပြင် ချန်လွေ့၏ ဒဏ်ရာနှင့် သက်လုံတို့လည်း ပြန်မကောင်းသေးပေ။ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုးကို မယှဉ်နိုင်သေးပေ။ထို့နောက် မတိုက်ခိုက်ဘဲ ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မီကတ်စ်၏ အစွမ်းကို အထင်မသေးသင့်ပေ။သူနောက်မှ တင်းတင်းကြပ်ကြပ် လိုက်လာနေပြီး ချန်လွေ့သည်လည်း အမှန်တကယ်ပင် မျက်ခြေမဖြတ်နိုင်ပေ။ချန်လွေ့၏ အမြန်နှုန်းသည် အလယ်ဆင့်နတ်ဆိုး၌ အကောင်းဆုံးဖြစ်သော်လည်း အမြင့်ဆင့်နတ်ဆိုး၏ မျက်လုံးထဲတွင် ပုံမှန်သာဖြစ်သည်။ ထို့ပြင် မီကတ်စ်၏ တယ်လီပို့ခုန်ခြင်းမှာလည်း ရီကာထက် ပိုဝေးပြီး ပြန်လည် အသုံးပြုနိုင်ချိန်မှာလည်း ပို၍တိုတောင်းသည်။သူတို့၏ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်။အကယ်၍ ချန်လွေ့သည် စစ်မှန်လေပေါ်လမ်းလျှောက် ဆေးရည်ကို လဲလှယ်ပြီး မသောက်ခဲ့လျှင် ဖမ်းမိလုနီးပါး ဖြစ်သွားပေမည်။

ထိုကဲ့သို့အခြေအနေ၌ ချန်လွေ့သည် စမ်းသပ်ခန်းရော၊ဝတ်ရုံဂိုဏ်းကိုပါ မပြန်နိုင်တော့ပေ။သူ၏ဒဏ်ရာများမှာလည်း အသေးစားမဟုတ်သည့်အတွက် အနှေးနှင့်အမြန် ဖမ်းမိသွားပေလိမ့်မည်။ရုတ်တရက် ပါ့ဂ်လီအို၏စကားကို ချန်လွေ့ သတိရလိုက်ပြီး လမ်းကြောင်းပြောင်းကာ မြို့ဂိတ်ဆီသို့ အပြေးသွားတော့သည်။

ယနေ့ညတွင် မြို့ဂိတ်ကို အဇရူပဒေဝတာ ဂန်ခီ ဦးဆောင်၍ စောင့်ကြပ်ရသည်။ ဂန်ခီသည် လေတိုက်သွားသည်ကိုသာ ခံစားလိုက်ရသည်။တစ်ခုခု ဖြတ်သွားဟန် တူသော်လည်း အမှောင်ထဲ၌ သူသေသေချာချာ မမြင်ရပေ။သူ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ထပ် လေညင်းတစ်ခု ဖြတ်သွားပြန်သည်။စစ်သားအားလုံးလည်း အံ့အားသင့်သွားကြသည်။

မီကတ်စ်သည် စိတ်အနှောင့်အယှက်ဖြစ်လာသည်။အက်ဂ်ယောသည် အလယ်ဆင့် နတ်ဆိုး အစွမ်းသာရှိသော်လည်း အမြန်နှုန်းမှာ အမှန်တကယ် ထူးခြားလှသည်။ရီကာနှင့် တိုက်ခိုက်စဉ်ကထက် ပို၍မြန်ဆန်သည်။ပို၍စိတ်ရှုပ်စရာကောင်းသည်မှာ သူ၏ ဉာဏ်များမှုပင် ဖြစ်သည်။အက်ဂ်‌‌ယောသည် မြေပြင်အနေအထားကို အသုံးချပြီး စက်ဝိုင်းပတ်ကာ အခေါက်ခေါက် သွားခဲ့သည်။အက်ဂ်ယောကို မီကတ်စ် မိလုနီးပါး ဖြစ်သွားခဲ့သည်မှာ သုံးလေးခေါက် ရှိပြီဖြစ်သည်။သို့သော်လည်း သူ လွတ်မြောက်သွားပြန်သည်။

သို့သော်လည်း အက်ဂ်ယော မည်မျှပင် ဉာဏ်များစေကာမူ ကွာခြားချက်မှာတော့ ရှိနေသေးသည်။မီကတ်စ်သည် အတွေ့အကြုံရင့်ကျက်၏။သူ စိတ်ငြိမ်အောင် ပြုလုပ်လိုက်ပြီး အက်ဂ်ယော၏ တည်နေရာကိုသာ တင်းတင်းကြပ်ကြပ် အာရုံစိုက်‌တော့သည်။

ချန်လွေ့သည် တဖြည်းဖြည်းနှင့် မတောင့်ခံနိုင်တော့သလို ခံစားလာရသည်။[ နက္ခတ်သဏ္ဍာန် ] သည် သက်လုံနှင့် ဒဏ်ရာများကို အလျင်အမြန် ပြန်ကောင်းစေနိုင်သော်လည်း အကန့်အသတ်တစ်ခု ရှိနေသေးသည်။ထို့ပြင် ဒဏ်ရာများနှင့် အမြန်ပြေးရသည့်အတွက် ခွန်အားကိုပို၍ သုံးစွဲရသည်မှာ အသေအချာပင် ဖြစ်သည်။စစ်မှန် လေပေါ်လမ်းလျှောက် ဆေးရည်၏ သက်ရောက်မှုမှာ မိနစ်(၂၀) ဖြစ်သည်။၎င်းသည် မဟာဆရာသခင်အဆင့် ဖြစ်သော်လည်း နောက်ထပ် အသုံးပြုနိုင်ရင် တစ်နာရီ စောင့်ရပေဦးမည် ဖြစ်သည်။တစ်နည်းပြောရလျှင် တစ်နာရီအတွင်း ဆေးရည်သောက်လျှင် ဘာအကျိုးမှ မရှိခြင်း ဖြစ်သည်။အခုတော့ အာနိသင် ကုန်သွားလေပြီ။

လမ်းကြောင်းပြောင်းနေရင်း ချန်လွေ့ အနည်းငယ် နှေးသွားရာ ချက်ချင်းပင် မီကတ်စ် လိုက်မှီသွားသည်။မီကတ်စ်၏ ခန္ဓာကိုယ်သည် မီးတောက်ဖြင့် လင်းလက်နေပြီး တယ်လီပို့ ပါရမီကို သုံးကာ ချန်လွေ့ရှေ့၌ ကွက်တိပိတ်ဆို့လိုက်သည်။

ချန်လွေ့တွင် လမ်းကြောင်းပြောင်းရန် အချိန် မရှိတော့ပေ။မီကတ်စ်သည်လည်း ချန်လွေ့ကို ခြေထောက်ဖြင့် ဝှေ့ရမ်းကန်ထည့်လိုက်သည်။ချန်လွေ့သည် ၎င်းကို သေသေချာချာမမြင်ရသည့်အတွကိ အထူးလေ့ကျင့်ရေးနှင့် တကယ့်တိုက်ပွဲများမှ လေ့ကျင့်ခဲ့သည့် ခံစားချက်များကိသာ အသုံးချရတော့သည်။ချန်လွေ့သည် လက်နှစ်ဖက်ဖြင့် ထိုကန်ချက်ကို ခုခံလိုက်သည်။သူ၏လက်နှစ်ဖက်လုံး သံမဏိထူဖြင့် အရိုက်ခံရသလို ခံစားလိုက်ရပြီး ကွဲကြေသွားသလို ဖြစ်သွားသည်။ကြီးမားလှသည့် အားကြောင့် ချန်လွေ့ တစ်ကိုယ်လုံး အဝေးသို့ လွင့်စင်သွားသည်။

ချန်လွေ့ မြေပေါ်သို့ မကျသေးခင်မှာပင် မီကတ်စ် ဖမ်းလိုက်သည်။ထို့နောက် မီကတ်စ်သည် လက်မောင်းကို လွှဲလိုက်ပြီး ချန်လွေ့ကို အပေါ်သို့ လွင့်သွားအောင် လုပ်လိုက်သည်။လေထဲ၌ မီကတ်စ် ပြန်ပေါ်လာပြီး လက်သီးများဖြင့် ချန်လွေ့ကို ထုချလိုက်သည်။ချန်လွေ့သည် အရိုးကျိုးသံများကို ကြားလိုက်ရပြီး ကြယ်ကြွေ သကဲ့သို့ပင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။တိုက်မိသည့်နေရာသည် စူးရှသည့် နာကျင်မှုကြောင့် ဘာမှမခံစားတော့ပေ။ချန်လွေ့ ချက်ချင်း ထမနိုင်တော့ပေ။

ရှီရာပေးထားသည့် အချက်အလက်များထဲတွင် မီကတ်စ်သည် အဲလန်ဘေး၌ နေရန်အတွက် ခါရွန်မိသားစုက စီစဉ်ပေးထားသည့် သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်သည်။သူ၏အစွမ်းသည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းဖြစ်သည်။ အဆင့်ကွာခြားချက်မှာ တော်တော်လေး ကြီးမားလှသည်။ချန်လွေ့၏ အစွမ်းသည် အလယ်ဆင့်နတ်ဆိုး၌ အစွမ်းထက်ဆုံးနှင့် ညီမျှသော်လည်း ယခုမှ အမြင့်ဆင့်နတ်ဆိုးသို့ တက်လှမ်းသည့်သူတစ်ယောက် ရှေ့၌ ရပ်နေလျှင် အားနည်းချက် ရှိနေသေးသည်။

ထို့ကြောင့်ပင် အသီနာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သွားသည့်အခါ အဲလန်သည် အသီနာကို လက်လျှော့လုနီးပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

“ မင်းကို ဖမ်းရတာ တော်တော် အလုပ်ရှုပ်တာပဲ။မင်းကို ထူးခြားတဲ့ အလယ်ဆင့် နတ်ဆိုးလို့ သတ်မှတ်လို့ရတယ်။ ”

ချန်လွေ့ရှေ့၌ မီကတ်စ် ပေါ်လာ၏။

“ ဒါပေမဲ့လည်း အစွမ်းထက်ဆုံး အလယ်ဆင့်နတ်ဆိုးက အလယ်ဆင့်နတ်ဆိုး ပါပဲလေ။ ဒီနေ့ မင်း သေချာပေါက် သေရမယ်။ ”

အခြေအနေကိုကြည့်ရသလောက် ချန်လွေ့သည် ရေကန်ပြာဆီသို့ မရောက်နိုင်တော့ပေ။ နောက်ဆုတ်၍လည်း မရတော့သည့်အတွက် သေသည်အထိ ချန်လွေ့ တိုက်ခိုက်ရပေမည်။ ချန်လွေ့ အံကြိတ်လိုက်သည်။သူ၏ ဒဏ်ရာနှင့် သက်လုံကို ဂရုမစိုက်နိုင်တော့ပေ။ချန်လွေ့သည် ကျန်ရှိသည့် ကြယ်စွမ်းအင်ကိုစုစည်းပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ကာ ဖြည်းဖြည်းချင် ထလိုက်သည်။သူ၏လက်ထဲ၌ ပုလင်းများပေါ်ထွက်လာပြီး အလျင်အမြန် ‌သောက်ပစ်လိုက်သည်။

“ မင်း ထနိုင်ဦးမယ်လို့ ငါမထင်ခဲ့ဘူး။ ”

မီကတ်စ်၏ အကြည့်သည် ချန်လွေ့သောက်လိုက်သည့် ဆေးရည်များထံ ရောက်ရှိသွားပြီး ထိတ်လန့်သွားသည်။

“ မင်းခုနက သောက်လိုက်တာက ဆေးရည်မည်းတွေလား။မဖြစ်နိုင်တာပဲ။ ”

ချန်လွေ့ ပြန်မဖြေဘဲ ဆေးရည်အစွမ်းပြရန် စောင့်နေလိုက်သည်။မီကတ်စ် ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။

“ အဆိပ်မဟာသခင် တစ်ယောက်ရှိမယ်ဆိုရင် နတ်ဆိုဘုံတစ်ခုလုံးကို ထိတ်လန့်သွားစေမှာ ကြာပြီ။ဒီပုလင်းတွေက ဆေးရည်မည်း မဖြစ်နိုင်ဘူး။ဒါတွေက အရောင်တူတဲ့ ကုသဆေးရည် ဒါမှမဟုတ် တိုးမြှင့်ဆေးရည်ပဲ ဖြစ်ရမယ်။အဆင့်မြင့်တာနဲ့ အဆင့်နိမ့်တာရဲ့ ကွာခြားချက်ကို မင်းသတိမထားမိဘူးလား။မင်းတကယ်ပဲ ဆေးရည်မည်းတွေ သောက်မယ်ဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။သေခြင်းတရားကို စိတ်အေးလက်အေးနဲ့ လက်ခံလိုက်တာက ပိုမကောင်းဘူးလား။ ”

“ မင်းမသေခင် ပိုပြီး ခံစားရချင်တယ်ဆိုတော့လည်း ဆာ မီကတ်စ်ဆိုတဲ့ ငါက မင်းကို ဖြည့်ဆည်းပေးရတာပေါ့...... ”

စကားပြောပြီးနောက်တွင် မီကတ်စ်သည် ချန်လွေ့ရှေ့သို့ ရောက်သွားလေပြီ။လေထဲ၌ ဝီခနဲဖြစ်နေသည့် လက်သီးသည် ချန်လွေ့၏ ရင်ဘတ်ကို တည့်တည့်ထိသွားသည်။ ထူးဆန်းသည်မှာ ချန်လွေ့၏ တုံ့ပြန်မှုဖြစ်သည်။သူ၏ တိုက်ခိုက်မှု နှင့် ခုခံမှု စွမ်းရည်တို့သည် အလွန်တိုးတက်သွားသည်။ချန်လွေ့သည် မီကတ်စ်၏ လက်သီးချက်ကို ခုခံနိုင်ခဲ့သည်။သို့သော်လည်း ကျန်သည့်အားကို မခုခံနိုင်‌ဘဲ နောက်ဘက်သို့ ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။

ချန်လွေ့သည် ခန္ဓာကိုယ်ကို အတင်းမရပ်လိုက်ဘဲ မီကတ်စ်၏ အားကိုသုံးကာ လက်သီးချက်ကို ဘေးသို့ ဦးတည်စေလိုက်သည်။တစ်ချိန်တည်းမှာပင် ချန်လွေ့သည် ဘေးဘက်သို့ လှည့်လိုက်ပြီး မီကတ်စ်၏ နံရိုးကို အားကုန်ကန်လိုက်သည်။ ထိတော့မည့်အချိန်တွင် နံရိုးရှေ့၌ လက်တစ်ဖက်ပေါ်လာပြီး ချန်လွေ့၏ ကန်ချက်ကို တားဆီးလိုက်သည်။ထိုလက်သည် ချန်လွေ့၏ခြေထောက်ကို ကိုင်ပြီး အရိုးကျိုးစေရန် အတွက် ခပ်မြန်မြန် လိမ်လိုက်သည်။အဆိပ်နဂါးသည် ထိုလှည့်ကွက်မျိုး ခဏခဏ သုံးသည့်အတွက် ချန်လွေ့သည် ပုံမှန်အတိုင်း တုံ့ပြန်လိုက်သည်။ချန်လွေ့သည် အားကိုအခွင့်ကောင်းယူပြီး ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အခြားခြေထောက်ဖြင့် မီကတ်စ်မျက်နှာကို တည့်တည့်ပင် ကန်ထည့်လိုက်သည်။

မီကတ်စ်သည် နောက်သို့အနည်းငယ်ဆုတ်သွားပြီး မျက်နှာ၌ ပူလောင်သည့် နာကျင်မှုကို ခံစားရလိုက်သည်။အလယ်ဆင့်နတ်ဆိုး၏ အကန်ခံရမည်ဟု မမျှော်လင့်ထားသည့် အတွက် မီကတ်စ်၏ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်သွားသည်။ဒဏ်ရာ အပြင်းအထန် မရသွားသော်လည်း ၎င်းသည် အရှက်ရစရာဖြစ်သည်။မီကတ်စ်သည် ဒေါသတကြီးဖြင့် နှာမှုတ်လိုက်ပြီး အရှိန်တင်ကာ ချန်လွေ့၏ နံရိုးကို ပစ်ထိုးလိုက်သည်။

ချန်လွေ့သည် စူးရှသည့် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။စစ်မှန်သံမဏိနံရံ ဆေးရည်ကြောင့် မဟုတ်လျှင် ထိုလက်သီးချက်ကြောင့် နံရိုးသုံးလေးချောင်း ကျိုးသွားပေမည်။မီးကတ်စ်၏ ဒေါသ မလျော့သွားပေ။ချန်လွေ့နောက်သို့ တယ်လီပို့ခုန်ပြီး ထိုးလိုက်ပြန်သည်။ချန်လွေ့ နှာမှုတ်ပြီး လှည့်ကာ ကန်လိုက်သည်။ ယခုအချိန်တွင်တော့ မီကတ်စ်သည် ချန်လွေ့၏ ခြေထောက်ကို မဖမ်းရဲတော့ဘဲ ရှောင်တိမ်းလိုက်သည်။

ဆေးရည်၏ အာနိသင်ကြောင့် ချန်လွေ့အင်အား အများကြီး တိုးမြင့်သွားသည်။ ကွာခြားချက် လျော့ကျသွားပြီး တစ်ခါတစ်လေ ပြန်တိုက်နိုင်သော်လည်း အဆင့် တစ်ဆင့်မြင့်နေသည့် မီကတ်စ်ကို ချန်လွေ့လုံးဝ မယှဉ်နိုင်ပေ။ခဏကြာ ခုခံပြီးနောက်တွင် မီကတ်စ်၏ ပြင်းထန်သည့် ထိုးချက်များအောက်၌ ချန်လွေ့သည် ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ ဖြစ်သွားသည်။ချန်လွေ့၏ ခန္ဓာကိုယ်သည် သစ်ပင်ကြီး တစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိသွားပြီး အရာဖြစ်သွားသည်။ထို့နောက် ဧရာမ သစ်ပင်ကြီးသည် နှစ်ပိုင်းပြတ်သွားပြီး ကျယ်လောင်စွာ ပြုတ်ကျသွားသည်။

ချန်လွေ့၏ အာရုံခံအင်္ဂါ၅ခုမှ သွေးများထွက်လာပြီး အရိုးအားလုံးလည်း ကျိုးကြေသွားပုံ ပေါ်သည်။ကြယ်စွမ်းအင်ကို အသုံးပြုရန် မဖြစ်နိုင်တော့ပေ။လှုပ်ရှားမှုအနည်းငယ် တိုင်းသည် တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို ထကြွစေသည်။ ဒါပေမဲ့ ချန်လွေ့ ဒီအတိုင်း လက်လျော့လိုက်သင့်လား။

ယခုတွင် ချန်လွေ့သည် သွေးရောင်လက် လန့်စ်၏ ခြိမ်းခြောက်မှုကို ကြောက်ခဲ့သည့် လူသစ်လေး မဟုတ်တော့ပေ။မြေဆွဲအားလေးဆ လေ့ကျင့်ရေးကွင်း၌ ကြယ်စွမ်းအင် မသုံးဘဲ သေခြင်း ရှင်ခြင်းကို အကြိမ်ကြိမ်ရင်ဆိုင်ပြီး စိတ်စွမ်းအား စမ်းသပ်ချက်ကို ကြုံတွေ့ခဲ့ပြီးလေပြီ။

ရှေ့တက်မသွားနိုင်တဲ့အခါ ဆက်လုပ်နေရဦးမှာပဲ။ပြောရမယ်ဆိုရင်တော့ စိတ်စွမ်းအားက ခန္ဓာကိုယ်ကို ဆုံးဖြတ်ပေးတယ်။

မီကတ်စ်သည် ချန်လွေ့ရှေ့သို့ တယ်လီပို့ ခုန်လိုက်သည်။သူအသေသတ်ရန် ပြင်လိုက်စဉ် “ အက်ဂ်ယော ” သည် မတ်မတ်နေလိုက်ပြီး သူ့ကို ထူးဆန်သည့် အမူအရာတစ်ခု လုပ်လိုက်သည်။အက်ဂ်ယောသည် ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်ကို ထိန်းထားပြီး ညာဘက်လက်ချောင်းများကို ဖွင့်ထားလိုက်သည်။

မီကတ်စ်သည် အရေးကြီးပုဂ္ဂိုလ်များခုံတန်း၌ မပေါ်လာခဲ့သော်လည်း တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။အထူးသဖြင့် အရတ်စ်သည် လက်နှစ်ဖက်ဖြင့် အလင်းလုံကို ကိုင်လိုက်သည့် အခြေအနေဖြစ်သည်။မီကတ်စ်၏ သွေးများ ချက်ချင်း အေးစက်သွားသည်။တစ်ချိန်တည်းမှာပင် သူ၏အရှေ့၌ အလင်းလုံးကြီး တောက်ပနေလေသည်။

“ [ အရုဏ်ဦးပစ်ချက် ] ”

ဆေးရည်မည်းဖြင့် တိုးမြှင့်ထားသည် [ အရုဏ်ဦးပစ်ချက် ] သည် ချန်လွေ့၏ အကြီးမားဆုံး တိုက်ကွက် ဖြစ်သလို နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်နေသည်။

မီကတ်စ်သည် ခုနကပင် တယ်လီပို့ခုန်လိုက်သည့်အတွက် ဤကဲ့သို့ အရေးပေါ် အခြေအနေ၌ အခြားဘာမှ တုံ့ပြန်၍ မရတော့ပေ။သူ လက်ထုတ်လိုက်ပြီး အလင်းလုံးကို ဖမ်းလိုက်သည်။အလင်းလုံးကို သိလိုက်သည့်အခါ မီကတ်စ်တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။သူ့လက်ပေါ်ရှိ ဖိအားသည် ထင်ထားသည်ထက် ပိုများနေသည်။ အရတ်စ် မည်သည့်အတွက်ကြောင့် လက်နှစ်ဖက် သုံးကာ ခုခံရကြောင်းကို သူသဘောပေါက်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ မီးတောက် စတင်လောင်ကျွမ်းလာပြီး သူ၏ခန္ဓာကိုယ်သည် ထိန်းမရဘဲ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကာ ခြေလှမ်းတိုင်း၌ နက်ရှိုင်းသည့် ခြေရာများ ကျန်နေခဲ့သည်။

၇လှမ်း ၈လှမ်းမြောက်တွင် မီကတ်စ် နှာမှုတ်လိုက်ပြီး လက်ကို လွှဲလိုက်သည်။ ဘောလုံးကို ပစ်ထုတ်သလိုမျိုးပင်ဖြစ်သည်။[ အရုဏ်ဦးပစ်ချက် ] သည် ဘေးဘက်သို့ လွင့်စင်သွားသည်။၎င်းသည် လမ်းတစ်လျှောက်ရှိ သစ်ပင်သုံးလေးပင်ကို ဖျက်ဆီးပစ် လိုက်ပြီး နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားသည်။

မီကတ်စ်ဘာမှ မဖြစ်ကြောင်း တွေ့လိုက်ရာ ချန်လွေ့သည် မျက်နှာ‌ဖုံးနောက်၌ ခါးသီးစွာ ပြုံးနေရင်း မောဟိုက်နေသည်။ထို [ အရုဏ်ဦးပစ်ချက် ] သည် သူ၏လက်ကျန် ကြယ်စွမ်းအင်များကို ကုန်ခမ်းသွားစေပြီး ဆေးရည်မည်း၏ အာနိသင်လည်း အချိန်ကုန်သွားပြီ ဖြစ်သည်။ဆေးရည်အာနိသင် ဖြည်းဖြည်းချင်း လျော့ကျလာသည်ကို ချန်လွေ့ ခံစားရလိုက်သည်။သူ၏ ပြင်းထန်သည့် ဒဏ်ရာကြီးများလည်း ရှိနေသေးသည့်အတွက် လက်ချောင်းတစ်ချောင်းမနိုင်ရန်ပင် အလွန်ခက်ခဲနေသည်။

အလယ်ဆင့်နတ်ဆိုး နှင့် အမြင့်ဆင့် နတ်ဆိုးကြားရှိ ကွာခြားချက်သည် အလွန် ကြီးမားလှသည်။တိုးမြှင်း ဆေးရည်များ သောက်ပြီးသော်လည်း ချန်လွေ့၏ နောက်ဆုံးတိုက်ကွက်သည် အလုပ်မဖြစ်ပေ။

“ အလယ်ဆင့်နတ်ဆိုး တစ်ယောက်က ငါ့ကို ဒီလောက်အထိ တိုက်ခိုက်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။မင်းက အသွင်မပြောင်းနိုင်ဘူး။တယ်လီပို့ မခုန်နိုင်ဘူး။ဒီတော့မင်းက တော်ဝင်မိသားစုကပဲ ဖြစ်ရမယ်။ပြီးတော့ မင်းကလည်း ပါရမီရှင်ပဲ။အနာဂတ်မှာ မင်းက နတ်ဆိုးဘုရင် အဆင့်အထိကိုပါ ရောက်နိုင်တယ်။ကံမကောင်းတာက မင်းမှာ အနာဂတ် မရှိတော့ဘူး။ ”

မီကတ်စ်သည် သွေးပေနေသောလက်ဝါးကို အံ့အားသင့်စွာ ကြည့်ပြီး ရက်ရက်စက်စက် ပြုံးလိုက်သည်။

“ သခင်အဲလန်က မင်းကို မီးတောက်တွေကြားမှာ နာနာကျင်ကျင်နဲ့ သေစေဖို့ အမိန့်ပေးခဲ့တာ ဆိုတော့ မင်းမသေခင် ငါ့ရဲ့မီးတောက်ပါရမီကို မြည်းစမ်းခွင့် ပေးလိုက်မယ်။ ”

All Chapters