← Chapters

အရှိန်အဝါဓားသွား နှင့် နက်ဝါငှက် - ရွိုင့်စ်

Vol. 5 Ch. 68

အရှိန်အဝါဓားသွား နှင့် နက်ဝါငှက် - ရွိုင့်စ်

Vol. 5 Ch. 68

ချွန်ထက်လှသည် ကောက်ရိတ်ဓားသည် ဝီခနဲမြည်နေရင်း ချန်လွေ့ဆီသို့ အဆိပ်ပြင်းမြွေ သဖွယ် ရောက်လာသည်။အမြန်နှုန်းမှာ ထင်ထားသည်ထက် ပိုနေသည်။ချန်လွေ့ ထိတ်လန့်သွားပြီး ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ချန်လွေ့သည် ချိန်းကြိုးကို သေသေချာချာ ရှောင်လိုက်သော်လည်း သူ၏ဝတ်ရုံ ပြတ်ရှသွားပြီး လက်မောင်းပေါ်၌ ဒဏ်ရာတစ်ခုဖြစ်သွားကာ အနည်းငယ်ပူလောင်သွား၏။

ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာပင် ချိန်းကြိုးသည် ထပ်မံရောက်ရှိလာသည်။ ကြောက်မက်ဖွယ်ရာ ထက်မြက်မှုကြောင့် ချန်လွေ့ တည့်တည့် မရင်ဆိုင်ရဲတော့ပေ။ ထို့ကြောင့် နောက်ဆုတ်ပြီး ရှောင်လိုက်ပြန်သည်။ယခင်တစ်ခါကကဲ့သို့ပင် ဘေးနားမှ ချိန်းကြိုးဖြတ်သွားသည့်အခါ ဒဏ်ရာတစ်ခု ဖြစ်သွားပြန်သည်။

မီကတ်စ်သည် ချိန်းကြိုးကို လှည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

“ ငါပြောဖို့ မေ့သွားတယ်။ငါ့မီးတောက်ပါရမီရဲ့ အဓိကလုပ်ဆောင်ချက်က တိုးမြှင့်ပေးတာ မဟုတ်ဘူး။အနားက ဖြတ်သွားရင်တောင် အားသက်ရောက်မှုကို ခံရဦးမှာပဲ။မင်းအခု ငါ့မီးတောက်ချိန်းကြိုးရဲ့ အဆိပ်မိသွားပြီ။မင်းရဲ့ခွန်အား တဖြည်းဖြည်း ကျဆင်းလာပြီးတော့ နောက်ဆုံးကျရင် အဆိပ်ကြောင့် သေသွားမှာပဲ။ဒါပေမဲ့ မင်းမသေခင် ငါမင်းကို အစိတ်စိတ် ပိုင်းပစ်မယ်။ ”

အခြားအရာများဆို အ‌လုပ်ဖြစ်ဦးမည်။သို့သော်လည်း အဆိပ်သည် ချန်လွေ့အတွက် အရှိန်အဝါသာဖြစ်သည့်အတွက် လုံးဝ စိုးရိမ်မနေပေ။ထိုချိန်းကြိုးသည် အမှန်တကယ်ပင် ထက်လှပြီး အထူးစွမ်းအား တချို့လည့် ပါရှိဟန်တူသည်။အဆိပ်အပြင် ၎င်း၏ ထိခိုက်နိုင်စွမ်းသည်လည်း အတော်လေး အံ့ဩစရာကောင်းလှသည်။ထို့ပြင် မဟာနတ်ဆိုး၏ လက်နက် ကျွမ်းကျင်မှု ပါရမီကြောင့် ချိန်းကြိုးသည် ပို၍အစွမ်းထက်သွားလေသည်။အဝေးမှ တိုက်ခိုက်၍ရသည့်အတွက် ချန်လွေ့သည် အနားမကပ်နိုင်တော့ပေ။

ယခုတွင် [ အရုဏ်ဦးပစ်ချက် ] ကိုလည်း မသုံးနိုင်တော့ပေ။အခြားနည်းလမ်းတစ်ခု ရှာရပေမည်။ထို့ကြောင့် ချန်လွေ့သည် မီကတ်စ်၏ ဓားသွားကို ရှောင်တိမ်းရာ၌သာ အာရုံစိုက်နေရသည်။

ချိန်းကြိုး၏ ဒြပ်ပစ္စည်းကြောင့်လား၊မီးတောက်တိုးမြှင့်မှု ကြောင့်လား မသိပေ။ ချိန်းကြိုးသည် အဆုံးအစမရှိ ရှည်ထွက်နိုင်နေသည်။ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ပိုပို၍ တိုးလာသည်။သို့သော်လည်း [ နက္ခတ်သဏ္ဍာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] အစွမ်းတို့ကြောင့် ချန်လွေ့၏ တိုက်ခိုက်ရေးစွမ်းအားကို သက်ရောက်မှု မရှိခဲ့ပေ။

မီကတ်စ်သည် ဆက်တိုက်ဆိုသလို ပြင်းထန်စွာ တိုက်ခိုက်နေသော်လည်း အက်ဂ်ယောကို မသတ်နိုင်သေးပေ။သူ မျက်မှောင်ကြုတ်လာသည်။ အစကတော့ ငါအချိန်ဆွဲပြီးတော့ မီးတောက်ချိန်းကြိုးရဲ့ အဆိပ် အစွမ်းပြအောင် လုပ်မလို့ပဲ။ဒါပေမဲ့ အချိန်ကြာ သွားတာတောင် အက်ဂ်ယောက အားအင်ပြည့်နေတုန်းပဲ။သူကို အဆိပ်က လုံးဝသက်ရောက်မှု မရှိဘူးပဲ။ကြည့်ရတာ ငါ့ရဲ့ အနှိုင်းမဲ့တိုက်ကွက်ကို သုံးရတော့မယ်နဲ့တူတယ်။

မီကတ်စ်သည် တိုက်ခိုက်ရေး အတွေ့အကြုံရင့်ကျက်သည့်အတွက် ချန်လွေ့၏ စည်းချက်ကို ဖြည်းဖြည်းချင်း သဘောပေါက်သွားသည်။မီကတ်စ် တယ်လီပို့ခုန်လိုက်ပြီး ချန်လွေ့ရှေ့၌ ပေါ်လာ၏။သူတမင် စုစည်းထားသည့် နတ်ဆိုးမီးတောက် ပေါက်ကွဲသွားပြီး သူ၏အစွမ်းသည် အဆုံးစွန်အထိ တိုးမြင့်သွားသည်။မီကတ်စ် အော်ပြောလိုက်သည်။

“ [ မီးတောက်မြွေ တိုက်ခိုက်မှု ] ”

ချိန်းကြိုး၏ အားသာချက်မှာ အဝေးမှ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ယခုတွင် မီကတ်စ်သည် ထိုအားသာချက်ကို စွန့်ခွာပြီး အနီးကပ်လာသည့်အတွက် သူ့မှာ စွမ်းအားပြင်းတိုက်ခိုက်တစ်ခု ရှိ၍ဖြစ်ပေမည်။ချန်လွေ့ အသေအချာ သတိထားနေရင်း သူ၏စိတ်ထဲ၌ ပြင်းထန်သည့် သေရေးရှင်ရေး အငွေ့အသက် ခံစားရလိုက်သည်။ချန်လွေ့ အရှေ့ရှိ မြင်ကွင်းပြောင်းသွားပြီး ချိန်းကြိုးသည် ဧရာမ အဆိပ်ရှိ မီးတောက်မြွေများအဖြစ် ပြောင်းသွားပြီး ချန်လွေ့ကို လာကိုက်တော့သည်။ ဒါက ပုံရိပ်ယောင်လား။ဒါမှမဟုတ် မှော်ပညာလား။

ချိန်းကြိုးသည် သက်ရှိမဟုတ်သည့်အတွက် ချန်လွေ့ဘာမှ စိစစ်၍ မရပေ။

မြောက်များလှစွာသော “ အဆိပ်ရှိမြေများ ” သည် ချန်လွေ့ကို ချက်ချင်း ဝါးမျိုလိုက်သည်။ဝတ်ရုံပုံရိပ်သည် မီးတောက်ကြောင့် လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားသည်။

ဤတိုက်ခိုက်မှုအတွက် မီကတ်စ် သုံးလိုက်ရသည့် စွမ်းအင်သည် အတော်လေး ကြီးမားသည်။သို့သော်လည်း ရန်သူကို နှိမ်နင်းနိုင်လိုက်သည့် မဟာနတ်ဆိုးသည် ပျော်မနေဘဲ မျက်မှောင်ကြုတ်နေသည်။သူမော့ကြည့်လိုက်ရာ ကိုယ်တုံးလုံး လူတစ်ယောက်သည် အမြင့်ကြီး ခုန်လွှားနေသည်ကို တွေ့လိုက်သည်။ထိုသူသည် မီးတောက်မြွေများထံမှ လွတ်မြောက်ခဲ့သည့် ချန်လွေ့ပင် ဖြစ်သည်။ခုနက လောင်ကျွမ်းသွားသည်မှာ ဝတ်ရုံသာ ဖြစ်သည်။

ထိတ်လန့်စရာ ဒဏ်ရာအချို့သာ ချန်လွေ့၏ ခန္ဓာကိုယ်၌ ထပ်ရသွားသည်။ ကံကောင်းစွာပင် ချန်လွေ့သည် နောက်ဆုံးအခိုက်အတန့်၌ ပျောက်ကွယ်တော့မည့် ကွက်လပ်မှတစ်ဆင့် လွတ်မြောက်နိုင်ခဲ့လေသည်။ချန်လွေ့သည် အန္တရာယ်မှ လွတ်သွားသော်လည်း ဇောချွေးများပြန်နေလေသည်။မီကတ်စ်၏ ချိန်ကြိုးသည် ရာနှင့်ချီသည့် မြွေများအဖြစ် ပြောင်းလဲသွားခြင်းသည် ပုံရိပ်ယောင်မဟုတ်ပေ။[ နက္ခတ်သဏ္ဍာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့သည် အစွမ်းထက်သော်လည်း မသေနိုင်တော့သည် မဟုတ်ပေ။တည့်တည့်ထိသွားခဲ့လျှင် ချန်လွေ့ သေချာပေါက် သေသွားပေမည်။“ ငါမင်းကို အစိတ်စိတ် ပိုင်းပစ်မယ် ” လို့ မီကတ်စ် ပြောခဲ့တာ ဒါကြောင့်ကိုး။သူ့မှာဒီလို အနှိုင်းမဲ့တိုက်ကွက် ရှိနေတာပဲ။

မီကတ်စ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။သူ၏ နတ်ဆိုးမီးတောက် ကျွမ်းလောင်သွားပြီး လက်ကျန် စွမ်အားများကို အလျင်အမြန် စုစည်းလိုက်သည်။ မီကတ်စ် နှာမှုတ်လိုက်ပြီး ကောင်းကင်မှ ကျလာသည့်ပုံရိပ်ကို စွမ်းအားကုန်သုံးထားသည့် [ မီးတောက်မြွေ တိုက်ခိုက်မှု ] ဖြင့် တိုက်ခိုက်လိုက်တော့သည်။

ချန်လွေ့တွင် တယ်လီပို့ အစွမ်းလည်းလည်းမရှိပေ။လေထဲ၌ ‌ထောက်ပံ့ပေးသည့် နေရာမရှိသည့်အတွက် ပျံ၍လည်း မရပေ။ထို့ကြောင့် ချန်လွေ့ မရှောင်နိုင်တော့ပေ။ ခြေထောက်အောက်ရှိ ရာနှင့်ချီ မြွေများကို ရင်ဆိုင်နေရသော်လည်း ချန်လွေ့၏ စိတ်ထဲ၌ လွန်စွာ တည်ငြိမ်နေ၏။သူ၏လက်ထဲရှိ စွမ်းအားသည် ထူးဆန်းပြီး သတ္တုကဲ့သို့ပင် ဖျော့ဖျော့လေး လင်းလက်လာသည်။

မကြာမီတွင် ချန်လွေ့၏ ပြုတ်ကျသည့် ပုံရိပ်သည် မီးတောက်မြွေ ရာနှင့်ချီနှင့် တိုက်မိသွားသည်။ဝုန်းခနဲ အသံမြည်ကာ မီးတောက်မြွေများ၌ ဗဟိုမှ ကြီးမားသည့် အားတစ်ခု ပေါက်ထွက်သွားပြီး ၁၀မီတာအကွာသို့ ပြန့်နှံ့သွားသည်။၎င်း ဖြတ်သွားတိုင်း ကျောက်တုံးနှင့်ဖုန်မှုန့်တို့ လွင့်ပျံနေလေသည်။

မီးခိုးများကြားတွင် မီးတောက်မြွေ ရာနှင့်ချီသည် ရုတ်တရက် ရပ်တန့်သွားပြီး ခါးလယ်မှ ခုတ်ဖြတ်ခံလိုက်ရသည်ကို ရေးရေးလေး မြင်နိုင်ပေသည်။ဖုန်မှုန့်များ ပျောက်သွားသည့်အခါ မီးတောက်မြွေများ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ ခရမ်းရောင် လရောင်အောက်၌ အရိပ်နှစ်ခုသည် အချင်းချင်း ကျောခိုင်းနေကြသည်။ တစ်ယောက်သည် မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်နေပြီး ကျန်တစ်ယောက်သည် မတ်တပ်ရပ်နေသည်။

ဒူးတစ်ဖက်ထောက်နေသူသည် ချန်လွေ့ဖြစ်သည်။သူ၏ကျောဘက်တွင် ထက်လှသည့် ကောက်ရိတ်ဓားသည် ညာဘက်ရင်ဘတ်အထိ နစ်ဝင်နေသည်။ဓားထိပ်၌ သွေးစက်များ တတောက်တောက်ကျနေပြီး ချန်လွေ့တစ်ကိုယ်လုံး၌ ဓားထောင်ချီ အခုတ်ခံထား ရသကဲ့သို့ ကြောက်မက်ဖွယ်ရာ ဒဏ်ရာအမျိုးအစား အမျိုးမျိုး ပြည့်နှက်နေသည်။ အခြားကောက်ရိတ်ဓားတစ်ဖက်ကို မတ်တပ်ရပ်နေသည့် မီက်စ် ကိုင်ထားလေသည်။

မဟာနတ်ဆိုးသည် သူ့လက်ထဲရှိ ချိန်းကြိုးကို ငေးကြည့်ရင်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။သူတစ်ခုခု ပြောချင်နေသော်လည်း သူ၏ပွင့်နေသော ပါးစပ်သည် အသံမထွက်နိုင်တော့ပေ။မကြာမီတွင် အနက်ရောင်ချိန်းကြိုးသည် အလယ်တည့်တည့်မှ နှစ်ပိုင်းပြတ်သွားပြီး ချွန်ထက်သည့် ဓားသွားဖြင့် ခုတ်ဖြတ်ထားခံရသကဲ့သို့ ချောမွေ့နေသည်။တစ်ချိန်တည်းမှာပင် မီကတ်စ်၏ မျက်ခုံးသည် ဝင်ရိုးအနေနှင့် ဖြစ်သွားပြီး ခေါင်းမှ ပေါင်ကြားအထိ မျဉ်းဖြောင့်ဒဏ်ရာတစ်ခု ဖြစ်သွားပြီး သွေးများ ဒလလော ထွက်လာသည်။မီကတ်၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ချန်လွေ့သည် ဘယ်ဘက်လက် ထုတ်လိုက်ပြီး ကျောဘက်မှ ကောက်ရိတ်ဓား လက်ကိုင်တိုကို ဆွဲကိုင်လိုက်သည်။ချန်လွေ့ ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူ့တစ်ကိုယ်လုံး နာကျင်စွာ တုန်ခါသွားပြီး အံကြိတ်ကာ သည်းခံလိုက်သည်။ချန်‌လွေ့သည် ခန္ဓာကိုယ်ထဲ နစ်ဝင်နေသည့် ကောက်ရိတ်ဓားကို ဘယ်လက်ဖြင့် အတင်းဆွဲထုတ်လိုက်သည်။သွေးများပန်းထွက်သွားပြီး ချန်လွေ့ ပင့်သပ်ရှိုက်လိုက်သည်။

မီကတ်စ်၏ တိုက်ခိုက်မှုသည် ချန်လွေ့ဘဝ၌ အန္တရာယ်အရှိဆုံး တိုက်ပွဲ ဖြစ်ခဲ့သည်။[ မီးတောက်မြွေတိုက်ခိုက်မှု ] အတွင်းသို့ ချန်လွေ့ အတင်းဝင်သွားသည့်အခါ စူးရှသည် အာရုံကို မှီခိုခဲ့သော်လည်း မရေတွက်နိုင်လောက်သည့် ခုတ်ဖြတ်ရာများကို ရရှိခဲ့သည်။မီကတ်စ်၏ သေစေနိုင်သည့်တိုက်ကွက်ကို အလိုအလျောက်တုံ့ပြန်မှုဖြင့် မရှောင်နိုင်ခဲ့လျှင် မြေပြင်ပေါ်သို့ လဲကျနေသည်မှာ ချန်လွေ့ ဖြစ်နေမည် ဖြစ်သည်။

မီကတ်စ်သည် အစွမ်းအသစ်ဖြစ်သည့် [ အရှိန်အဝါဓားသွား ] ဖြင့် အသတ်ခံလိုက် ရခြင်းဖြစ်သည်။[ အရှိန်အဝါဓားသွား ] ၏ ထိခိုက်မှုသည် ထင်ထားသည်ထက် ပိုပြင်းထန်ပြီး မီကတ်စ်နှင့် ချိန်းကြိုးကိုပါ နှစ်ပိုင်း ဖြစ်သွားစေသည်။[ အရှိန်ဝါဓားသွား ]သည် တစ်ခါသုံးလျှင် အရှိန်အဝါ ၂၀သာကုန်သော်လည်း ၎င်းသည် ထပ်တိုးကုန်ကျမှုသာ ဖြစ်သည်။အမှန်တကယ်ပင် ကြယ်စွမ်းအင်လည်း ကုန်ဆုံးပေသည်။[ အရုဏ်ဦးပစ်ချက် ] သည် ၎င်းထက် ကြယ်စွမ်းအင်သုံးစွဲမှု ပိုမိုနည်းပါးသည်ဟု ချန်လွေ့ ခံစားရသည်။ အနည်းဆုံးတော့ ချန်လွေ့သည် ချက်ချင်း ကုန်ခမ်းသွားသကဲ့သို့ မခံစားခဲ့ရပေ။

ယခုတစ်ခေါက် ချန်လွေ့၏ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။အထူးသဖြင့် ညာဘက်ရင်ဘတ်ပင် ဖြစ်သည်။သူ၏အဆုတ်သည် ဖောက်ထွင်းခံရပြီး သွေးများ အဆက်မပြတ် စီးကျနေသည်။ကံကောင်းစွာပင် ချန်လွေ့၌ အဓိက အလိုအလျောက်အစွမ်း နှစ်မျိုးဖြစ်သည့် [ နက္ခတ်သဏ္ဍာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့ ရှိနေသေးသည်။သို့မဟုတ်ပါက [ မီးတောက်မြွေတိုက်ခိုက်မှု ] နှင့်ရင်ဆိုင်သည့် အခါတွင် ချန်လွေ့သည် အပိုင်းပိုင်း ပြတ်သွားပေလိမ့်မည်။ချန်လွေ့သည် ကုသဆေးရည်တစ်ပုလင်း လဲလှယ်ပြီး သောက်ကာ သွေးတိတ်အောင် လုပ်လိုက်သည်။ ထို့နောက် ဝတ်ရုံအသစ်ထုတ်ကာ ဝတ်လိုက်သည်။

မီကတ်စ်၏ အလောင်း၌လည်း သိုလှောင်လက်ပတ်တစ်ခု ရှိနေသည်။အထဲ၌ ပစ္စည်းကောင်းများ ရှိနိုင်လေသည်။ချန်လွေ့သည် သူ၏ အမြတ်အစွန်းများကို ကောက်ယူရန် ပြင်လိုက်၏ မျက်လုံးများရုတ်တရက် တောက်ပသွားပြီး သူ့လက်ထဲ၌ မျက်နှာဖုံးတစ်ခု ပေါ်လာသည်။ချန်လွေ့သည် အလျင်အမြန်ပင် မျက်နှာကို ဖုံးကွယ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ ထွက်လာတော့။မဟာနတ်ဆိုးတွေအားလုံးက ပုန်းနေရတာကို ကြိုက်ကြတာလား။ ”

“ အိုး။မင်းတကယ်ပဲ ငါ့ကို သတိထားမိတာလား။ ”

သစ်ပင်ကြီးတစ်ပင်နောက်၌ လက်ခုတ်သံ ပေါ်ထွက်လာသည်။

“ ခုနကတိုက်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ချီးကျူးရမယ်။မင်းက မီကတ်စ်၏ [ မီးတောက်မြွေ တိုက်ခိုက်မှု ] ကိုတောင် အတင်းဖောက်ထွက်နိုင်ခဲ့တယ်။ မီကတ်စ်ကို မင်းသတ်နိုင်တယ်ဆိုတော့ကာ အမှောင်လမြို့မှာ မင်းကို နာမည်ကောင်းရှိတယ်လို့ သတ်မှတ်လို့ရနေပြီ.... ”

မိုင်ဇာ အခြေအနေသို့ ရောက်သွားပြီးနောက် ချန်လွေ့သည် စောင့်ကြည့်ခံရသည့် ခံစားချက်မျိုး ရနေသည်။ထိုပုဂ္ဂိုလ်ကို ချန်လွေ့ တွေ့ရှိသွားသည်မှာ [ သရုပ်ခွဲမျက်လုံး ] ၏ အကွာအဝေးအတွင်းသို့ ချဉ်းကပ်လာ၍ဖြစ်သည်။

မိုင်ဇာအခြေအနေတွင် [ သရုပ်ခွဲမျက်လုံး ] ၏ သက်ရောက်မှုအကွာအဝေးသည် နှစ်ဆဖြစ်သွားသည်။၎င်းသည် တစ်ဖက်သူ၏ မျိုးနွယ်ကို ပြသနိုင်သည်။မဟာနတ်ဆိုး နှင့် စွမ်းအားအကဲဖြတ်မှု [ D ] ဟူ၍သာဖော်ပြပြီး ကျန်ရှိသည်များကို မသိရပေ။

ထိုသူသည် ဖြည်းဖြည်းချင်း ထွက်လာပြီး အမှန်တကယ်ပင် မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ထိုသူ၏ မျက်နှာကို ချန်လွေ့သေသေချာချာ မြင်လိုက်ရသည့်အခါ ထိတ်လန့် တုန်လှုပ်သွားသည်။ထိုသူသည် အမှန်တကယ်ပင် ဂျိုးဆက်ပ်၏ လက်အောက်ရှိ အမြင့်ဆင့်နတ်ဆိုး သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရွိုင့်စ်ပင် ဖြစ်သည်။

နှံကောင်က နောက်မှရှိတဲ့ နက်ဝါငှက်ကို သတိမထားမိဘဲနဲ့ ပုစဉ်းရင်ကွဲနောက်ကို လိုက်နေသလိုပဲ။တစ်ဖက်မှာ ပုန်းနေမယ့် နက်ဝါငှက်တစ်ကောင် ရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး။

“ ဆာ-အရတ်စ်က တကယ်ပဲ တည်ငြိမ်တာပဲ။အကြာကြီး တိတ်တိတ်လေး ကြည့်နေတယ်။ ”

ချန်လွေ့ အလျင်အမြန် တွေးလိုက်သည်။ရွိုင့်စ် ဤနေရာ၌ ပေါ်လာရခြင်းသည် ပြိုင်ကွင်းမှ ထွက်ကတည်းက နောက်လိုက်နေ၍ ဖြစ်ပေမည်။ ငါခုနက အသက်ရင်းပြီး မီကတ်စ်ကို တိုက်ခိုက်နေတာ။အခြားကိစ္စတွေကို အာရုံမထားမိခဲ့ဘူး။ငါ့ရဲ့မျက်နှာကို ရိုင့်စ် မြင်သွားပြီလား။

သတင်းအချက်အလက် အရဆိုလျှင် ရွိုင့်စ်သည် ရဲရင့်ပြီး ဉာဏ်ထက်သည်။အတော်လေး ပညာရှိလှသည်။သို့သော်လည်း သူ၏ အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းသည် အပြောသက်သက် မဟုတ်ပေ။ဤအပိုင်း၌ သူသည် အစွမ်းထက်ဆုံးထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။လက်ရှိတွင် ချန်လွေ့သည် ရုပ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းနေပြီး ဒဏ်ရာများမှာလည်း ပြင်းထန်လှသည့်အတွက် လုံးဝ မတိုက်ခိုက်နိုင်ပေ။

ရွိုင့်စ်၏ နောက်ထပ်စကားသည် ချန်လွေ့ကို ကြက်သီးများ ထသွားစေသည်။

“ တကယ်တော့ တည်ငြိမ်နေတာက မင်းပါပဲ။ဒါကိုတော့ ငါတကယ်ပဲ လေးစားမိတယ်။ မင်းကို အလုပ်သင်တပည့်လေးလို့ခေါ်ရမလား။ဒါမှမဟုတ် ဆာ-အတွင်းရေးမှူးလို့ ခေါ်ရမလား။ ”

ချန်လွေ့ အစိုးရိမ်ဆုံးအရာ ဖြစ်လာလေပြီ။ရွိုင့်စ်သည် ချန်လွေ့၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို တကယ်ပင် ရှာတွေ့သွားလေပြီ။

“ မင်းပြောလိုက်တာကို ငါနားမလည်ဘူး။ ”

ချန်လွေ့၏ နှလုံးသည် တဒိတ်ဒိတ် ခုန်နေ၏။ထို့နောက် အသစ်ရထားသည့် အစွမ်းများကို တွေးမိလိုက်ပြီး ရုတ်တရက် အကြံတစ်ခု ရသွားသည်။

“ မင်းရဲ့ကိုယ်နံ့ကို ပြောင်းလဲဖို့ ဘာနည်းလမ်းသုံးခဲ့လဲဆိုတောတော့ ငါမသိဘူး။ မင်းရဲ့အစွမ်းက တဟုန်ထိုး တိုးတက်သွားသလို မင်းရဲ့မူလလူသားနံ့ကလည်း ပျောက်ကွယ်သွားတယ်။ ”

ရွိုင့်စ်သည် ချန်လွေ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“ မီကတ်စ်ကို မင်းသတ်လိုက်တာ ငါမမြင်ခဲ့ရရင် စွမ်းအားမဲ့ပြီးတော့ သတ္တိမရှိတဲ့ လူသားက ဒီလိုအစွမ်းတွေကို ဖုံးကွယ်ထားမယ်ဆိုတာကို ငါယုံမှာ မဟုတ်ဘူး။ ”

ထိုသို့ပြောပြီး မဟာနတ်ဆိုးသည် စဉ်းစားကြည့်နေဟန်တူသည်။

“ ဒါဆိုရင်တော့ အရင်က ကောင်းကင်တိုက်ပွဲမှာ အဲလန်ရှုံးသွားတာက မထူးဆန်းတော့ဘူး။မင်းမှာ သားရဲထိန်းကျောင်းစွမ်းရည် ရှိဖို့များတယ်လေ... ”

ချန်လွေ့ တိတ်တဆိတ် ထိတ်လန့်သွားသည်။ရွိုင့်စ်၏ ဉာဏ်ပညာသည် အမှန်တကယ်ပင် ထူးခြားလှသည်။ရန်လိုတတ်သည့် အရတ်စ်သည် ရွိုင့်စ်နှင့် လုံးဝယှဉ်၍မရနိုင်ပေ။ ချန်လွေ့ ‌ချက်ချင်းပြောလိုက်သည်။

“ ငါရှင်းပြစရာ မလိုဘူး။မင်းငါ့မျက်နှာကို မြင်ချင်ရင် ကိစ္စမရှိပါဘူး။ဒါပေမဲ့ အရတ်စ်လိုမျိုး ငါ့ရဲ့စိန်ခေါ်မှုကို မင်းလက်ခံရမယ်။ ”

“ တကယ်လား။ဒါဆိုလည်း ငါ့ရဲ့သိချင်စိတ်ကို ဖြည့်ဆည်းပေးပါဦး။ ”

ရွိုင့်စ်သည် မျက်နှာဖုံးနောက်က မျက်လုံးများကို ပြုံးကာ စိုက်ကြည့်လိုက်သည်။

“ ပြီးတော့လည်း အခု မင်းမှာ တခြားရွေးစရာ ရှိတဲ့ပုံ မပေါ်ဘူး။ ”

ချန်လွေ့သည် အသစ်ရထားသည့် [ ရုပ်ဖျက်ခြင်း ] အစွမ်းကိုသုံးပြီး မျက်နှာဖုံးကို ချွတ်ကာ ခေါင်းပေါ်မှ ဝတ်ရုံကို မတင်လိုက်သည်။ရွိုင့်စ် သေသေချာချာကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ဤမျက်နှာကို သူ မရင်းနှီးပေ။၎င်းသည် ပုံမှန်သာ ဖြစ်သည်။မျက်လုံးများသာ တောက်ပနေသည်။

ရွိုင့်စ်သည် အသံဩဩနှင့် ပြောလိုက်သည်။

“ မင်းက...တော်ဝင်မိသားစုဝင်လား။ခုနက မီကတ်စ်ကို သတ်လိုက်တဲ့ အနှိုင်းမဲ့ တိုက်ကွက်က ထူးခြားတဲ့ ပါရမီတစ်ခုလား။ ”

ချန်လွေ့ကို ရွိုင့်ကို ထိုလမ်းကြောင်းအတိုင်း တော်တော်လေး စဉ်းစားစေချင်သည့် အတွက် ခေါင်းညိတ်လိုက်သည်။ရုတ်တရက်ပင် ရွိုင့်၏ရယ်သံကို ချန်လွေ့ ကြားလိုက်ရသည်။

“ ငါ့ကို လွယ်လွယ်နဲ့ လိမ်လို့ရမယ် ထင်နေလား။မင်းက ပေါ်လာတိုင်း မျက်နှာဖုံး တပ်ထားတယ်။ဒီတော့ မင်းဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားချင်တာပဲဖြစ်ရမယ်။ မင်းအခု လွယ်လွယ်နဲ့ မျက်နှာဖုံးချွတ်လိုက်တယ်ဆိုတော့ ဒါကမင်းရဲ့ မျက်နှာအမှန် မဟုတ်တာ ငါလုံးဝနီးပါး သေချာတယ်။ပြီးတော့လည်း ခုနကတိုက်ပွဲမှာ မင်းရဲ့မျက်နှာ အစစ်ကို ငါတွေ့ခဲ့တယ်လေ။ငါက အရတ်စ်နဲ့ မတူဘူး။အဲ့လို စိန်ခေါ်မှုတွေကို ငါစိတ်မဝင်စားဘူး။ ”

ချန်လွေ့ စိုးရိမ်သွားသည်။ ရွိုင့်စ်က ကိုင်တွယ်ရမလွယ်တဲ့သူ တစ်ယောက်ဆိုတာ အသေအချာပဲ။

မဟာနတ်ဆိုး၏ ရယ်သံသည် ပို၍ ကြက်သီးထစရာ ကောင်းလာသည်။

“ ပြီးတော့ မင်းအစက ဆေးရည်မည်းတွေ သောက်လိုက်တာ မဟုတ်လား။ငါက မီကတ်စ်လိုမျိုး ဦးနှောက်မရှိတဲ့ ငတုံးမဟုတ်ဘူး။ဒါဆို ဆရာသခင်အဲဒက်စ်က တကယ်ပဲ မဟာဆရာအဆင့်ကို တက်လှမ်းသွားပြီလား။မင်းဝှက်ထားတဲ့ လျို့ဝှက်ချက်တွေက နည်းနည်းပါးပါး မဟုတ်ဘူး။တကယ်တော့ ဒီပဟေဠိတွေကို ဖြေရှင်းဖို့က အလွယ်လေးပါ။ မင်းကိုငါဖမ်းပြီး ဖြည်းဖြည်း စစ်ဆေးလို့ ရတာပဲ။ ”

ရယ်သံရပ်သွားသည်နှင့် ထိုသူသည် ချန်လွေ့ရှေ့သို့ ရောက်နေပြီး ဖြစ်သည်။၎င်းသည် တယ်လီပို့ခုန်ခြင်း မဟုတ်ဘဲ သူ၏ကိုယ်ပိုင် အမြန်နှုန်းသာ ဖြစ်သည်။ထိုအမြန်နှုန်းသည် နတ်ဆိုးမီးတောက် သုံးထားသည့် မီကတ်စ်ထက် အနည်းဆုံး သုံးဆခန့် ပိုမြန်လေသည်။

All Chapters