ကြီးမားသော အဖြစ်အပျက်
Vol. 5 Ch. 71
ညဉ့်နက်ပိုင်းတွင် မှော်စတိုးဆိုင်တစ်ဆိုင်မှ ကျယ်လောင်လှသည့် ဆူညံသံကြောင့် အနီးအနားရှိ နတ်ဆိုးများ နိုးကုန်ကြသည်။အော်သံများကို တစ်လမ်းလုံးနီးပါး ကြားနေရသည်။
“ ရွိုင့်စ်။မင်းက သခင်လေးအဲလန်ရဲ့ အကြံကို ဖျက်ဆီးရဲတယ်ပေါ့။ဒီနေ့ ငါ မှော်စတိုးဆိုင်ကို ဖျက်ဆီးပစ်မယ်။ ”
အဝေးတစ်နေရာမှ ဒေါသထွက်နေသော ရွိုင့်စ်၏အသံလည်း ထွက်ပေါ်လာသည်။
“ မီကတ်စ် ”
မှော်စတိုးဆိုင်ကို ဖျက်ဆီးခဲ့သည့် မီကတ်စ်သည် ထိုအသံကိုကြားလိုက်ရာ မတိုက်ခိုက်ရဲတော့ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။မှော်စတိုးဆိုင်သို့ ရွိုင့်စ် ရောက်လာသည့်အခါ အသက်ရှင်ကျန်နေသည့် သေရွာပြန် ဂရော်ဂစ်သည် ထိတ်လန့်စွာဖြင့် မီကတ်စ် ထွက်ပြေးသွားသည့်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
……
အချိန် အနည်းငယ် ကြာပြီးနောက်
မြို့ဂိတ်တွင် အရှိန်မြန်မြန် ပြေးနေသည့် မီကတ်စ်၏ပုံရိပ် ရပ်တန့်သွားသည်။ဂန်ခီသည် အဲလန်၏ လက်အောက်ခံဖြစ်သည်။ထို့ကြောင့် ခါရွန်မိသားစု၏ အမြင့်ဆင့်နတ်ဆိုးကို မှတ်မိသည်။ဂန်ခီက “ ဆာ-မီကတ်စ် ” ဟု အော်ပြောလိုက်သည့်အခါ မီကတ်စ်သည် သိုလှောင် လက်ပတ်တစ်ခုကို အခြားစစ်သားများရှေ့သို့ ပစ်ပေးလိုက်သည်ကို တွေ့လိုက်သည်။၎င်းကို ဂန်ခီ အလျင်အမြန် ဖမ်းလိုက်သည်။
“ အပြန်လမ်းမှာငါ့ကို ရွိုင့်က တားနေလို့။ဒါကို သခင်လေးအဲလန်ဆီ ချက်ချင်း သွားပေးလိုက်။ဒီထဲမှာ မှော်စတိုးဆိုင်ကနေ ငါခိုးထားတဲ့ ပစ္စည်းတွေ ရှိတယ်.... ”
မီကတ်စ်၏စကား မဆုံးသေးခင်မှာပင် ရွိုင့်စ်၏အသံ အနောက်မှ ထွက်လာ၏။
“ မီကတ်စ်။သောက်ရူး။ငါမင်းကို သတ်ပစ်မယ်..... ”
မီကတ်စ် စကားပြောရန် အချိန်မရတော့ပေ။သူ၏ပုံရိပ် လှုပ်ရှားသွားလေပြီး လေကဲ့သို့ ပြေးသွားကာ မြို့ဂိတ်အကျော်၌ ပျောက်ကွယ်သွားသည်။လက်ပတ်ကို ဂန်ခီ သိမ်းထားလိုက်သည်။ထို့နောက် သူ့ရှေ့၌ ရွိုင့်စ် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ပြီး ထိတ်လန့်သွားသည်။ကံကောင်းစွာပင် ရွိုင့်စ်သည် မီကတ်စ်ကို ဖမ်းဆီးရန်သာ အာရုံထားနေသည့်အတွက် ဂန်ခီကဲ့သို့ ပမွှားလေးကို “ အာရုံ ” မထားခဲ့ပေ။ရွိုင့်သည်လည်း ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်ပြီး ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။
……
အချိန် အတော်အတန် ကြာသွားလေသည်။
ရွိုင့်စ်သည် အားပျက်နေသည့် ပုံစံနှင့်အတူ မြို့ဂိတ်၌ ပြန်ပေါ်ခဲ့ပြီး ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအနည်းငယ် ရှိနေသည်။ထို့နောက် သူ ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။
ဂန်ခီသည် အဲလန်၏ စံအိမ်ဆီသို့ အပြေူသွားပြီး သိုလှောင်လက်ပတ်ကို ပေးလိုက်သည်။အဲလန်ဖွင့်ကြည့်လိုက်ရာ မှော်ပစ္စည်း အများအပြားကို တွေ့လိုက်ရသည်။ဂန်ခီပြောသည်ကို နားထောင်ပြီး အဲလန်စဉ်းစားနေလိုက်သည်။ မီကတ်စ်က အက်ဂ်ယောနောက် လိုက်နေတာ မဟုတ်လား။ဘယ်လိုလုပ်သူက ရွိုင့်စ်နဲ့ ပြဿနာ တက်သွားတာလဲ။ဒါတွေအားလုံးကို မှော်စတိုးကနေ ခိုးထားတာပဲ။ဒါပေမဲ့ မီကတ်စ် တော်တယ်။ဒီထဲမှာ ရောင်းဖို့အတွက် မဟုတ်တဲ့ အဖိုးတန်မှော်ပစ္စည်း နှစ်မျိုးရှိတယ်။ဒါတွေကို ငါမျက်စိကျနေတာ ကြာပြီ။ဒီတစ်ခေါက် သူတကယ် ရအောင် ယူပေးခဲ့တာပဲ။သူက တကယ် အလိုက်သိတာပဲ။ဂျိုးဆက်ပ်ကအခု အမှောင်လမြို့မှာ ရှိမနေဘူး။ဒီအရှုပ်ထုပ်ကို ငါဘယ်လို ရှင်းရမလဲ။
ထိုအချိန်၌ အဝင်ဝမှ ထူးဆန်းသော သတ္တုကဲ့သို့ အသံတစ်သံ ထွက်ပေါ်လညသည်။
“ ခါရွန်မိသားစုကကောင်။အခုချက်ချင်း ထွက်လာခဲ့။ ”
ကဝေမတစ်ယောက် အပြေးသွားပြီး သတင်းပို့လိုက်သည်။
“ မကောင်းတော့ဘူး။သခင်လေး အဲလန်။အရတ်စ်နဲ့ ရွိုင့်စ်တို့က ဆာ-မီကတ်စ်၏ အလောင်းကိုယူလာပြီး ဒီကိုလာတဲ့လမ်းမှာ တိုက်ခိုက်နေကြတယ်။ ”
မီကတ်စ် သေသွားပြီ။ ထိုသတင်းသည် အဲလန်ကို တုန်လှုပ်သွားစေသည်။ကိစ္စများသည် ပို၍ထူးဆန်းလာသည်ဟု သူခံစားရလိုက်ပြီး တစ်ခါတည်း အဖြေမရှာနိုင်ခဲ့ပေ။ အဲလန်သည် စားပွဲကို ဒေါသတကြီးဖြင့် ထုရိုက်လိုက်သည်။
“ တောက်။ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြေပြနိုင်မလား။ ”
ယနေ့ညသည် စည်ကားပြီး အိပ်မရသည့် ညတစ်ညဖြစ်မှာတော့ အသေအချာပင် ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် အမှောင်လတစ်မြို့လုံးသည် မနေ့ညကဖြစ်ခဲ့သည့် အဖြစ်အပျက်အကြီးကြီးကို အားတက်သရော ဆွေးနွေးနေကြသည်။
မနေ့ညနေက ပြိုင်ကွင်း၌ ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။ နံပါတ်(၆၄) အက်ဂ်ယောသည် အရာရှိ အဲလန် နှင့် ဘယ်ရော့ ရီကာတို့ကြားရှိ ညစ်ပတ်သည့် လုပ်ဆောင်ချက်ကို ဖော်ထုတ်ခဲ့သည်။ရလာဒ်အနေဖြင့် ရီကာကို ပြိုင်ကွင်းပိုင်ရှင် အရတ်စ်က သတ်ပစ်လိုက်သည်။ထို့နောက် အလွန်အံ့အားသင့်စရာ ကောင်းသည့် သတင်းတစ်ခုကို ကြေညာလိုက်သည်။နောက်တစ်လ၌ အက်ဂ်ယောသည် အရတ်စ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
သို့သော်လည်း ၎င်းသည် ထိတ်လန့်စရာ အစပင်ဖြစ်သည်။ပြိုင်ကွင်းမှ အက်ဂ်ယော ထွက်သွားပြီးနောက်တွင် အဲလန်၏ လက်တုံ့ပြန်မှုကိုခံရပြီး ခါရွန်မိသားစု၏ အမြင့်ဆင့် နတ်ဆိုး မီကတ်စ်၏ နောက်လိုက်မှုကို ခံရသည်။ထိုအချိန်တွင် ဘဏ္ဍာရေး အရာရှိ ဂျိုးဆက်ပ်၏ လက်အောက်ခံ ရွိုင့်စ်သည် သူတို့နှင့် ဆုံခဲ့သည်။သူ၏မိတ်ဆွေ အရတ်စ်က နောက်လ၌ စိတ်ခေါ်ပွဲကို အများသိအောင် ကြေညာခဲ့သည့်အတွက် အရတ်စ်သည် အက်ဂ်ယောကို မီကတ်စ်မသတ်အောင်တားဆီးခဲ့သည်။
ရွိုင့်စ် သတိမထားမိချိန်တွင် မီကတ်စ်သည် မီးတောက်ဖြင့် အဆပ်ခတ်လိုက်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ထိုအချိန်၌ အက်ဂ်ယောသည် အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး ထွက်ပြေးသွားခဲ့သည်။မီကတ်စ်သည် အက်ဂ်ယောကို လိုက်မမှီတော့ပေ။ ထို့ကြောင့် သူ၏ဒေါသကို ဂျိုးဆက်ပ်၏ မှော်စတိုးဆီ ပုံချခဲ့သည်။မှော်စတိုးကို သူဖျက်ဆီးလိုက်ပြီး ပစ္စည်းများအားလုံးကို ခိုးယူသွားခဲ့သည်။ဒေါသထွက်နေသည့် ရွိုင့်စ်သည် အဆိပ်မိသည်ကို ဂရုမစိုက်နိုင်တော့ဘဲ မီကတ်စ်ကို မြို့ပြင်အထိ လိုက်သတ်ခဲ့သည်။ထို့ပြင် မြို့ဂိတ်သို့ မီကတ်စ် ရောက်သည့်အခါ မှော်စတိုးမှ ခိုးထားသည့်အရာများ ထည့်ထားသည့် သိုလှောင်လက်ပတ်ကို ဂန်ခီဆီ ပစ်ပေးခဲ့သည်။ ထိုအကြောင်းကို အစောင့်စစ်သားများအားလုံ သက်သေလုပ်ပေးနိုင်သည်။
အဆိပ်မိသည့် ရွိုင့်စ်သည် အရတ်စ်ထံ သွားခဲ့သည်။သူတို့သည် မီကတ်စ်၏ အလောင်းကိုသယ်ပြီး အဲလန်စံအိမ်၌ လာရာလမ်းတစ်လျှောက်၌ တိုက်ခိုက်ခဲ့ပြီး နတ်ဆိုးအများအပြားကို ထိခိုက်စေခဲ့သည်။အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုးဖြစ်သည့် ခါရွန်မိသားစုမှ ဆာရာဒိုပင် တထိတ်တလန့် ဖြစ်သွားသည်။ဆာရာဒိုနှင့် အရတ်စ်တို့၏ တိုက်ပွဲသည် ပြင်းထန်လှပြီး နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ ရွိုင့်စ်နှင့် အရတ်စ်တို့သည် ဒဏ်သာသက်သာရန် ပြိုင်ကွင်းသို့ပြန်ပြီး ဆာရာဒိုသည် မီကတ်စ်၏ အလောင်းကို ပြန်ရယူခဲ့သည်။ယခုတွင် သူတို့၏ဆက်ဆံရေးသည် လွန်စွာ တင်းမာသွားလေပြီ။
မနေ့ညက မှော်စတိုးကို မီကတ်စ် ဖျက်ဆီးသည့်အရာ ရွိုင့်စ် အချိန်ကိုက် မရောက်လာခဲ့လျှင် ဆိုင်ထဲရှိ သေရွာပြန် ဂရော်ဂစ် သေသွားနိုင်သည်။အနီးအနားရှိ ဒေသခံများသည် ဖျက်ဆီးသံများဖြင့် ရွိုင့်စ်၏ ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားခဲ့ရသည်။ထိုအချိန်က အခြေအနေကို တော်တော်များများက ကွက်ကွက်ကင်းကင်း ဖော်ပြနိုင်ကြသည်။အချို့သူများသည် မီကတ်စ်နှင့် ရွိုင့်စ်တို့၏ တိုက်ပွဲကို ကိုယ်တိုင် တွေ့ရသလို ပြောဆိုနေကြသည်။ဆာရာဒိုနှင့် အရတ်စ်တို့၏ တိုက်ပွဲကို မြင်သည့် သူများက ပိုများလေသည်။ယခုတွင် အရာရှိ အဲလန်၏ စံအိမ် တစ်ဝိုက် နယ်မြေများ၌ ထိတ်လန့်ဖွယ်ရာ တိုက်ပွဲ လက္ခဏာများကို မြင်နိုင်ပေသည်။
မြို့ထဲရှိ အကြီးမားဆုံး အင်အားစုနှစ်ခုသည် မျက်မုန်းကျိုးနေကြပြီး အချိန်အရွေး စစ်ပွဲဖြစ်သွားနိုင်သည်။ထို့ကြောင့် အမှောင်လမြို့၏ အရှင်သခင်ဖြစ်သည့် တော်ဝင် မင်းသမီးလည်း ထိုင်ကြည့်နေ၍ မရတော့ပေ။ရှီရာသည် ကြားဝင်ဖြန်ဖြေပေးရန်အတွက် အကြီးအကဲဂါ့စ်ကို အထူးတလည် စေလွှတ်ခဲ့ပြီး မြို့ထဲမှ ကြီးကြီးမားမား မတိုက်ခိုက် ကြရန် သူတို့ကို သတိပေးခဲ့သည်။
အမှန်တကယ်တွင် အပျော်ရွှင်ဆုံးမှာ ဖြန်ဖြေပေးရသည့် အဖွဲ့ဖြစ်သည်။အကြီးအကဲဂါ့စ် “ ဖြန်ဖြေ ” ရန် ကြိုးစားသည့်အခါ အပေါ်ယံတွင် နှစ်ဖက်စလုံးကို တားမြစ်ရန် ဖြစ်သော်လည်း အမှန်တကယ်တွင် တိတ်ဆိတ်စွာ လှုံ့ဆော်နှိုးဆွပေးသည့် စကားလုံးများကို ရွေးချယ်ပြီး သုံးနှုန်းခဲ့သည်။
တစ်ညလုံးအလုပ်ရှုပ်နေသည့် ချန်လွေ့သည် စမ်းသပ်ခန်းသို့ပြန်လာပြီး မနားခဲ့ သော်လည်း နန်းတော်ရှိ ကောင်စီခန်းမ၌ ပေါ်လာခဲ့သည်။
“ ချန်လွေ့လား။ ”
ချန်လွေ့ကို ရှီရာ မတွေ့ရသည်မှာ တစ်လကျော်ပြီဖြစ်သည်။ရှီရာ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်လေး သန်းနေသည်။ရှီရာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ မင်းရောက်လာပြီပဲ။မနေ့ညတုန်းက အဖြစ်အပျက်ကြီးတစ်ခုကို ကြားပြီးပြီလား။ ဒါကတကယ့်ကို ဘုရားမတာပဲ။ ”
“တော်ဝင်မင်းသမီးက ဘုရား မတာကို ဘာလို့ယုံကြည်ရတာလဲ။ဒါက တစ်စုံတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုလို့ ကျုပ်ထင်တယ်။ကံကောင်းခြင်း နတ်ဘုရားမ တောင် ပြင်ဆင်ထားတဲ့သူတွေကို အမြဲတမ်း ဂရုစိုက်ရတာပဲလေ။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ တော်ဝင်မင်းသမီးကို အရေးကြီးတာနှစ်ခု သတင်းပို့ဖို့အတွက် ကျွန်တော် လာခဲ့တာ။ ”
ရှီရာသည် အမှန်တကယ်ပင် ပါးနပ်သည်။ချန်လွေ့၏ စကားနောက်ရှိ အဓိပ္ပာယ်ကို အနည်းငယ် သဘောပေါက်သွားသည်။အဲလန်နှင့် ဂျိုးဆက်ပ်ကြားရှိ ရုတ်တရက် ဖြစ်လာသော ပဋိပက္ခသည် အတွင်းဇာတ်လမ်းတစ်ခု ရှိနေသည်။“ သူတို့အချင်းချင်း ပြန်တိုက်အောင်လုပ်မယ် ” ဆိုတဲ့ အကြံအစည်ကို သတိရသွားပြီး ရှီရာ၏မျက်လုံးများ တောက်ပသွားသည်။သို့သော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။
“ ပြောပါဦး။ ”
ချန်လွေ့ လေးနက်သွားပုံပေါ်သည်။
“ တော်ဝင်မင်းသမီး။ရိုင်းပြတဲ့ မေးခွန်းကို မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။အရှင်မ ကျုပ်ကိုလုံးဝ ယုံကြည်လား။ ”
“ မင်းက ငါ့ရဲ့ ယုံကြည်မှုကို ရသွားပါပြီ။ ”
ရှီရာ အသာလေး မျက်မှောင်ကြုတ်လိုက်သည်။
“ မင်းပြောချင်တာ တစ်ခုခု ရှိလို့လား။ ”
“ ကောင်းပါပြီ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ အရှင်မကို တစ်ယောက်ယောက်နဲ့ ကျုပ်မိတ်ဆက်ပေးချင်တယ်။သူက အရှင်မကို တွေ့မှာတော့ မဟုတ်ဘူး။ဒါပေမဲ့ ကျုပ်ကို ယုံကြည်သလို သူ့ကို ယုံကြည်ပေးပါ။ ”
“ ဘယ်သူလဲ။ ”
“ မနေ့ညက အဖြစ်အပျက်ရဲ့ တကယ့် တရားခံဖြစ်တဲ့ အက်ဂ်ယောပါ။ ”
တကယ့် တရားခံလား။ ရှီရာ အလွန်အံ့အားသင့်သွားသည်။မနေ့ညက အဖြစ်အပျက်သည် အဲလန်၏ ညစ်ပတ်သည့် အကြံကို ပြိုင်ကွင်းအတွင်း၌ နံပါတ်(၆၄) ဖြစ်သော အက်ဂ်ယော ထုတ်ဖော်ပြောလိုက်၍ ဖြစ်သည်။နောက်ပိုင်းတွင် ၎င်းသည် အင်အားကြီး နှစ်ခုကြားရှိ တိုက်ပွဲ ဖြစ်သွားသည်။နောက်ပိုင်း အဖြစ်အပျက်များ မရှိလျှင် နောက်တစ်လ၌ အရတ်စ်ကို စိန်ခေါ်ရမည့် အက်ဂ်ယောသည် အမှောင်လမြို့၏ အဓိကအာရုံစိုက်စရာ ဖြစ်နေပေမည်။သို့သော်လည်း ယခုအဖြစ်အပျက်ကြီးထဲ၌ အက်ဂ်ယောသည် ဇာတ်ကောင်ငယ်လေး တစ်ယောက်သာ ဖြစ်နေလေသည်။
ချန်လွေ့၏ စကားအရဆိုလျှင် အက်ဂ်ယောသည် မနေ့ညက “ အဖြစ်အပျက် ” ၏ အဓိကပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။အားလုံးနီးပါးက ၎င်းကို သတိမမူလိုက်မိကြချေ။
“ တော်ဝင်မင်းသမီး နားလည်မယ်ဆိုရင် အဆင်ပြေပါပြီ။ဒုတိယတစ်ခုကိုလည်း အက်ဂ်ယောကပဲ ရှာတွေ့ထားတာပါ။ဆယ်လ်ဗာကို ဝတ်ရုံဂိုဏ်းက အစားထိုး လိုက်တယ်ဆိုတာ အရှင်မင်းသမီး သိပြီးလောက်ပါပြီ။သူက ချော်ရည်ပြာနယ်မြေရဲ့ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတစ်ခုကို ရှာတွေ့ထားတယ်။နားထောင်ပြီးရင် အရှင်မင်းသမီး စိတ်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ”
ချော်ရည်ပြာ နယ်မြေလား။ ရှီရာ အနည်းငယ် သိချင်သွားသည်။ဆယ်ဗာသည် နတ်ဆိုးများကို ချော်ရည်ပြာနယ်မြေသို့ ကုန်ကူးနေကြောင်း ချန်လွေ့ပြောသည်ကို ကြားလိုက်ပြီး သူခိုးဓားပြများမှ အန္တရာယ်ကင်းကင်းဖြင့် ဖြတ်သွားနိုင်သည့် တံဆိပ်ပြားကို မြင်လိုက်သည့်အခါ ရှီရာ မတ်တပ်ရပ်လိုက်သည်။ရှီရာ၏ မျက်လုံးထဲမှ ထိန်းချုပ်၍မရသည့် အမျက်ဒေါသများ လက်နေသည်။
“ ချော်ရည်ပြာ အရှင်သခင် တီတွန်က သန်းခေါင်နေအရှင်ကို ဒေါသထွက်အောင် လုပ်ခဲ့ဖူးတယ်။သူ့ရဲ့နယ်မြေနဲ့ မိသားစုကို ပယ်ဖျက်ခံရနီးပါး ဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ငါ့ရဲ့ခမည်းတော် ဂါရမ်းက အသနားခံလိုက်ပြီး သက်သာရာ ရသွားပြီး အပြစ်ဒဏ်မခံရတော့တာ။ငါ့ခမည်းတော် ဆုံးပါးသွားတော့ သူက ငါ့ကို ထောက်ပံ့ကြောင့် တစ်ခေါက်မက ပြသတယ်။သူက တကယ်ပဲ နောက်ကွယ်မှာ ဒီလိုလုပ်နေမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ”
“ တော်ဝင်ဝင်းသမီး။စိတ်ထိန်းပါဦး။ ”
ချန်လွေ့ မတ်တပ်ရပ်ပြီး ရိုရိုသေသေ ပြောလိုက်သည်။
“အမှောင်လမြို့က အခုအခြေအနေ မကောင်းနေဘူး။မဆင်မခြင် လှုပ်ရှားလို့ မဖြစ်ဘူး။ကျွန်တော်တို့ စိတ်ရှည်မှရမယ်။အပေါ်ယံတော့ ချော်ရည်ပြာနယ်မြေနဲ့ ကျွန်တော်တို့ရဲ့ “ ပတ်သက်မှု ” ကို ထိန်းထားပြီးတော့ အစားအစာ ပြဿနာကို အမြန်ဆုံး ဖြေရှင်းရမယ်။တောင်ပိုင်းက သူခိုးဓားပြတွေကိုတော့ သင့်တော်တဲ့ အချိန်တစ်ခုကျရင် အပြတ်ရှင်းလို့ရတယ်..... ”
ချန်လွေ့သည် တဖြည်းဖြည်း စိတ်ညိမ်သွားသည့် ရှီရာကို တစ်ချက်ကြည့်ပြီး လက်ထဲမှ တံဆိပ်တစ်ခု ပစ်ပေးလိုက်သည်။
“ အချိန်ကျလာရင် ဒီပစ္စည်းက အသုံးဝင်နိုင်တယ်။ ”
ရှီရာ အသာလေး ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ မင်းရဲ့ မဟာဆရာသခင် စမ်းသပ်ချက်က အခြေအနေ ဘယ်လိုရှိလဲ။ ”
“ တစ်ဝက်တော့ ပြီးသွားပါပြီ။ရှေ့မှာ အန္တရာယ်တွေ ရှိနေသေးပေမဲ့ လမ်းကြောင်း ကတော့ ချောမွေ့နေတုန်းပဲ။တကယ့်စမ်းသပ်ချက်က အဆုံးသတ်မှပါ။ဒီနှစ်ရက် လောက်မှပဲ ကောင်းကောင်း အနားယူလို့ရတာ။ ”
ချန်လွေ့ ညာဘက်ရင်အုံရှိ ဒဏ်ရာသည် အတော်လေး ပြင်းထန်သည်။ကျောက်စိမ်းပုလဲ နှင့် ကုသေဆေးရည်များ သောက်ပြီးသွားသော်လည်း လွန်ခဲ့သောညက သုံးလေးနာရီသာ အိပ်ခဲ့ရသည့်အတွက် အပြည့်အဝ ပြန်မကောင်းသေးပေ။သို့သော်လည်း [ နက္ခတ်သဏ္ဍာန် ] ၏ အတွင်းစွမ်းရည်နှင့်ဆိုလျှင် နှစ်ရက်အတွင်း လုံးဝ ပြန်ကောင်းနိုင်လောက်မည်။
“ ဒါနဲ့ မှော်မှုန်က တော်တော့်ကို မယုံကြည်နိုင်စရာပဲ။လူပုငယ်လေးရဲ့ စွမ်းရည်ကလည်း မဆိုးလှဘူး။မှော်မှုန်နဲ့ မြေသားအရည်အသွေးညံ့ကို တိုးမြှင့်ပြီးတဲ့အခါမှာ ကောက်ပဲ သီးနှံတွေကို တကယ်ပဲ အောင်အောင်မြင်မြင်နဲ့ စိုက်ပျိုးနိုင်ခဲ့တယ်။အဲ့ဒါက ရင့်မည့်တဲ့ ကာလကို သုံးလေးဆလောက် လျော့ကျသွားစေသလို အထွက်နှုန်းကလည်း အများကြီး တိုးတက်သွားတယ်။နယ်မြေအစွန်းနားက ခေါင်တဲ့ မြေရိုင်းတစ်ခုကို ရွေးထားဖို့ ဂါ့စ်ကို ပြောထားတယ်။အဲ့ဒါမှာ ကောက်ပဲသီးနှံတွေကို အမြောက်အများ စိုက်ပျိုးမှာ။အဲ့ဒါ အောင်မြင်သွားရင်တော့ အမှောင်လမြို့မှာ နှစ်ထောင်ချီ ဖြစ်နေတဲ့ အစားအစာ ပြဿနာကို ဖြေရှင်းသွားနိုင်ပြီ။မဖြစ်ထွန်းတဲ့ နယ်မြေကနေပြီးတော့ အင်ပါယာရဲ့ အကြီးမားဆုံး စပါးကျီ ဖြစ်သွားနိုင်တယ်။ငါတို့မှာ မှော်မှုန်တွေ အများကြီးမရှိတာ တစ်ခုပဲ။မင်းထပ်ပြီး လုပ်နိုင်သေးလား။ ”
“ အဲ့ဒါကလား။ကျွန်တော် မှော်မှုန်တွေ အများကြီး အပိုလုပ်ထားတယ်။ သေချာထုတ်ပြီးပြီးတော့ နန်းတော်ဆီကို နောက်ကျရင် ပို့ပေးလိုက်မယ်။ ”
ထိုစကားသည် သူ၏ လုပ်ဆောင်ချက်များကို ကြွားလုံးထုတ်နေခြင်းပင် ဖြစ်သည်။
ချန်လွေ့သည် အန္တရာယ်ကြီးသည် အမွေအနှစ်စမ်းသပ်ချက်ကို ဖြတ်သန်းနေရ သော်လည်း မှော်မှုန်များ “ ထုတ်လုပ်ရန် ” မှတ်မိနေသေးကြောင်းကို တွေ့လိုက်ရာ ရှီရာ၏ မျက်လုံးထဲ၌ လေးစားမှုများ ပြည့်နှက်သွားသည်။ထို့နောက် ရှီရာ ပြောလိုက်သည်။
“ ပြီးတော့ မင်းရဲ့ အစီအစဉ်က တော်တော်လေး ထူးချွန်တယ်။အဲလစ်ရဲ့ မင်းသမီးလက်လီစတိုး လုပ်ငန်းကလည်း အံ့ဩဖွယ်ရာပဲ။ဝီဝီပဟေဠိ တစ်ခုတည်းကို သလင်းကျောက်နက်ဒင်္ဂါး ၅၀၀၀၀ နဲ့ ရောင်းထွက်သွားတယ်။ပိုက်ဆံလိုရင် ငါ့ကိုပြောလို့ရတယ်။ဒီပိုက်ဆံတစ်ဝက်ကို မင်းပိုင်တာပဲလေ။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ရပါတယ်။ကျွန်တော့်မှာ လောက်ပါတယ်။အမှောင်လမြို့ကအခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရန်ပုံငွေကို အမြန်လိုအပ်နေတာ။အဲ့ဒီပိုက်ဆံတွေကို တော်ဝင်မင်းသမီး သုံးချင်သလို သုံးလို့ရပါတယ်။ ”
၎င်းသည် အမှန်တကယ်ပင်ဖြစ်သည်။ ဆယ်ဗာထံမှ ချန်လွေ့သည် ပိုက်ဆံအများကြီး ရရှိခဲ့သည် မဟုတ်ပါလား။
ရှီရာသည် ချန်လွေ့ကို ကြည့်ပြီး ဘာမှမပြောဘဲ အသာလေး ခေါင်းညိတ်လိုက်သည်။
“ အက်ဂ်ယောက ဒီတစ်ခေါက် အဲလန်ကို အာခံမိသွားပြီ။ဝတ်ရုံဂိုဏ်းကို အရှင်မင်းသမီးက သင့်တော်တဲ့ အကာအကွယ် ပေးနိုင်မလားလို့ ကျွန်တော် စဉ်းစားနေတာ။နောက်ပိုင်း အစီအစဉ်တွေမှာ ဝတ်ရုံဂိုဏ်းက အရေးကြီးတဲ့ စစ်တုရင်ရုပ်တစ်ရုပ် ဖြစ်လာဖို့ များတယ်။ ”
ရှီရာ ခဏစဉ်းစားပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
“ ကံဆိုးချင်တော့ ငါ သူ့ကို မယုံဘူး။ ”