← Chapters

မိုင်ဇာ အခြေအနေ၏ အံ့ဩဖွယ်ရာများ

Vol. 5 Ch. 72

မိုင်ဇာ အခြေအနေ၏ အံ့ဩဖွယ်ရာများ

Vol. 5 Ch. 72

ရှီရာ အမှန်တကယ် တည်ကြည်လေးနက်သွားသည်။

“ ချန်လွေ့။မင်း နတ်ဆိုးဘုံကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။ဒီ အက်ဂ်ယောကို မင်းဘာလို့ဒီလောက် ယုံကြည်နေရတာလဲ။မင်း သူ့အကြောင်း ဘယ်လောက်သိလဲ။ ငါသိရသလောက်ဆို သူ့ရဲ့ဇစ်မြစ်က လျို့ဝှက်ဆန်းကြယ်တယ်။သူ့ရဲ့အစွမ်းကလည်း တော်တော်လေး ထူးဆန်းတယ်။ပြိုင်ပွဲမှာသူက တစ်လအတွင်း ပြိုင်ပွဲသုံးပွဲ ဝင်ပြိုင်ခဲ့တယ်။ ပွဲတိုင်းမှာ ပြိုင်ဘက်တွေက သူ့ထက် တစ်ဆင့်မြင့်ကြတာချည်းပဲ။ နောက်တိုက်ပွဲတစ်ခုမှာ အက်ဂ်ယောက ဂျိုးဆက်ပ်ရဲ့ လက်အောက်ခံ အရတ်စ်ကို ရင်ဆိုင်ရမှာ။မင်းက သတိရှိပြီးတော့ ပါးနပ်တဲ့သူပဲ။ဒီလိုလူမျိုးက သူ့ရဲ့အားနည်းချက်ကို မသိရင် ထိန်းချုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာကို မင်းလည်းသိမှာပဲ။ငါက အမှန်တရားကို ပြောနေတာပါ။ငါမင်းကို တကယ်ပဲ ယုံကြည်တာပါ။အဲ့ဒါကြောင့် ငါသူ့ကို မယုံကြည်နိုင်ဘူး။ ”

ရှီရာသည် မြို့ထဲရှိ သတင်းအချက်အလက်များ တော်တော်လေး တိတိကျကျ ရထားလေသည်။ချန်လွေ့သည် မူလက “ အက်ဂ်ယောကို ကျွန်တော့်ကိုယ်ကျွန်တော် သိသလိုမျိုး သိတယ် ” ဟူ၍ ပြောချင်ခဲ့သည်။သို့သော်လည်း ရှီရာ၏ ခွဲခြမ်းစိတ်ဖြာမှုသည် အလွန်ပင် အကျိုးသင့် အကြောင်းသင့်လှသည်။ထို့ကြောင့် ထိုကဲ့သို့ ချန်လွေ့ပြောလိုက်လျှင် ဖော်ကောင်လုပ်သလိုမျိုး ဖြစ်သွားပေမည်။ရုတ်တရက် ချန်လွေ့သည် အဆိပ်နဂါးနှင့် ပြုလုပ်ထားသည့် သဟဇီဝစာချုပ်အကြောင်း တွေးမိသွားပြီး အကြံတစ်ခု ပေါ်လာ၏။

“ စိတ်ချပါ။တော်ဝင်မင်းသမီး။ကျုပ်တစ်ခါက သူ့ကိုကယ်ခဲ့ပြီးတော့ သဟဇီဝစာချုပ် ချုပ်အောင်လုပ်ထားပါတယ်။သူရဲ့စွမ်းရည်က တော်တော်လေး ထူးဆန်းတယ်။ ကျွန်တော့်ကို နောက်ထပ် စာချုပ်တစ်ခုချုပ်နိုင်အောင် လုပ်လို့ရတယ်။ ”

ချန်လွေ့သည် အမှန်တကယ်ပင် ယုံကြည်ချက် ရှိနေပုံပေါ်သည်။

“ တကယ်တော့ ဒါက ရိုးရှင်းပါတယ်။မင်းသမီးက ကျွန်တော့်ရဲ့ အသက်ကို ထိန်းချုပ် ထားမယ်ဆိုရင် အက်ဂ်ယောရဲ့ အားနည်းချက်ကို ထိန်းချုပ်ထားသလိုပါပဲ။ ”

“ မင်း...... ”

ရှီရာ၏ ခန္ဓာကိုယ် ကြက်သေသေသွားပြီး ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့် လိုက်သည်။သူ၏ ခရမ်းရောင်မျက်လုံးများထဲတွင် ဖော်ပြ၍မရသည့် တောက်ပမှုများ စီးဆင်းနေသည်။ရှီရာ၏ နှုတ်ခမ်း အနည်းငယ် လှုပ်ရှားသွားပြီး တစ်ခုခု ပြောချင်နေပုံ ပေါ်သည်။သို့သော်လည်း ဘာမှ မပြောလိုက်ပေ။နောက်ဆုံး၌ ရှီရာ တဖြည်းဖြည်း ပြန်တည်ငြိမ်သွားသည်။

ငါက ဘာဖြစ်လို့လဲ။ ချန်လွေ့ ‌ဇဝေဇဝါ အနည်းငယ် ဖြစ်သွားသည်။

ရှီရာသည် ရုတ်တရက် အေးစက်စက် ပြောလိုက်သည်။

“ ကောင်းပြီလေ။မင်းပြောတာကို ငါသေသေချာချာ စဉ်းစားပေးမယ်။ဘာမှမရှိတော့ဘူး ဆိုရင် ပြန်ပြီး နားတော့။ ”

ငါတစ်ခုခု မှားပြောမိတယ်လို့ မထင်ပါဘူး။ဘာလို့ သူ့မျက်နှာ ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ။မိန်းမတွေက တကယ့်ကို ခန့်မှန်းရခက်ခဲတာပဲ.....

ချန်လွေ့ အမှန်တကယ် စိတ်ရှုပ်သွားသော်လည်း သူဌေးဖြစ်သူက ထွက်သွားခိုင်းသည့် အတွက် ငြင်း၍မရပေ။ထို့ကြောင့် ချန်လွေ့ ပြောလိုက်သည်။

“ ဒါဆိုလည်း ကျွန်တော်အခုပဲ ပြန်လိုက်ပါဦးမယ်။ ”

“ မှတ်ထား...ကိုယ့်ကိုယ်ကို သိပ်ပြီး ဖိအားမပေးနဲ့ဦး။ ”

ချန်လွေ့ ကြောင်သွားသည်။ ငါနားကြားမှားနေတာလား။အဲ့ဒါက... ဂရုစိုက်တာလား။ရှီရာဆီက‌နေ ဒီလိုစကားမျိုးကြားရတာ ပထမဆုံးပဲ ထင်တယ်။

၎င်းသည် တုံးတိဖြစ်ပြီး အေးစက်သည်။

ထိုအချိန်၌ ချန်လွေ့၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသည့် ခံစားချက်တစ်ခု ဖြစ်လာသည်။ရှီရာနှင့်အတူ ကြာကြာနေလေလေ ခံစားချက်သည် ပို၍ရှင်းလင်း လာသည်။တိတိကျကျပြောရလျှင် ၎င်းသည် ချန်လွေ့အလိုချင်ဆုံး ခံစားချက် ဟုတ်လိမ့်မည် မဟုတ်ပေ။မိတ်ဆွေရင်း သို့မဟုတ် လူယုံလိုမျိုးပင် ဖြစ်သည်။

သို့မဟုတ်ပါက ချန်လွေ့သည် ကိုယ်လိုချင်နေသည်ကို မသိ၍လည်း ဖြစ်နိုင်သည်။ သို့သော်လည်း တစ်ခုသေချာသည်မှာတော့ ထိုခံစားချက်သည် အားနည်းပြီး သိမ်မွေ့ကာ သဘာဝဆန်သည်။

ရှီရာသည် ချန်လွေ့၏ အနည်းငယ် အံ့အားသင့်သွားပုံကိုမြင်လိုက်ပြီး သူပြောလိုက်သည့် လေသံသည် အနည်းငယ် မသင့်တော်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ရှီရာ စကားလမ်းကြောင်းပြောင်းပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် ချန်လွေ့ ပြန်ဖြေသည်ကို ကြားလိုက်ရသည်။

“ ဟုတ်ပါပြီ။မင်းသမီး ရောပဲ။ ”

ရုတ်တရက် ရှီရာသည် နှလုံးသားထ၌ အနည်းငယ် နွေးထွေးသွားသည်။သူ စကားထပ်‌ မပြောခင်မှာပင် လူသားအတွင်းရေးမှူးသည် တံခါးပေါက်မှ ထွက်သွားသည်ကို တွေ့လိုက်သည်။

တစ်နည်းနည်းဖြင့် ရှီရာ၏ ခံစားချက်သည်လည်း ပို၍ကောင်းမွန်လာသည်။

အမှန်တကယ်ပင် မနေ့ညက မှော်စတိုး၌ သောင်းကြမ်းပြီး ဂန်ခီကို ‌သိုလှောင်လက်ပတ် ပေးလိုက်ခြင်းသည် မီးကတ်စ် အသက်ပြန်ရှင်လာ၍ မဟုတ်ပေ။ချန်လွေ့သည် [ ရုပ်ဖျက်ခြင်း ] အစွမ်းဖြင့် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။အဲလန်ကို မှော်ပစ္စည်းများ အမှန်တကယ်ပေးခဲ့သော်လည်း တစ်စုံတစ်ယောက် အလိုအပ်ဆုံး မှော်ပစ္စည်းများကို “ မီကတ်စ် ” ယူထားခဲ့သည်။ရွိုင့်စ်၏ အချိန်ကိုက် ရောက်ရှိမလာမှုသည်လည်း အလွန် ကောင်းမွန်လှသည်။ရွိုင့်စ်သည် မီကတ်စ်ထက် အစွမ်းထက်သည်။သို့သော်လည်း သူတို့နှစ်ယောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မီကတ်စ်၏ မီးတောက်အဆိပ်သည် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သွားခဲ့သည်။မီကတ်စ်ကို “ သတ် ” ပြီးနောက်တွင် ရွိုင့်စ်သည် အလောင်းကိုသယ်ပြီး ပြိုင်ကွင်းဆီ ပြန်လာခဲ့သည်။အရတ်စ်လည်း ထိတ်လန့်သွားသည်။

အက်ဂ်ယောကို လက်စားချေရန် မီကတ်စ်ကို အဲလန်လွှတ်လိုက်သော်လည်း ရွိုင့်စ် တားဆီးခဲ့ကြောင်း၊ ထို့အတွက် မီကတ်စ် ဒေါပွကာ မှော်စတိုးကို လုယက်ခဲ့ကြောင်းကို အရတ်စ်အား ရွိုင့်ပြောလိုက်သည်။အရတ်စ်လည်း ဒေါသထွက်သွားပြီး အဲလန်၏စံအိမ်သို့ လာရာလမ်းတစ်ယောက်၌ ရွိုင့်စ်နှင့်အတူ တိုက်ခိုက်ခဲ့သည်။နောက်ပိုင်းတွင် ခါရွန် မိသားစုမှ ဆာရာဒို ပေါ်လာသည်။အရတ်စ်သည်ဆာရာဒိုနှင့်အမြဲပင် ယှဉ်ပြိုင်ချင်ခဲ့သည်။ သူတို့နှစ်ယောက် ချက်ချင်းပင် အပြင်းအထန် တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။သူတို့၏ မူလက “ ရင်းနှီးသည့် ” ဆက်ဆံရေးသည် ရုတ်တရက်ပင် အဆုံးစွန်ထိ ပျက်စီးသွားတော့သည်။

တကယ့်တရားခံမှာတော့ နန်းတော်မှ ထွက်ခွာသွားပြီးနောက်တွင် စမ်းသပ်ခန်းရှိ အခန်းထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

မနေ့ညက ချန်လွေ့ မိုင်ဇာအခြေအနေသို့ တက်လှမ်းသွားသည့်အခါ အရင်ဆုံး မီကတ်စ်နှင့် တိုက်ခိုက်ခဲ့ရသည်။ထို့နောက် ရွိုင့်စ် လိုက်ဖမ်းခြင်းကို ခံရသည်။နောက်ဆုံး၌ ကိစ္စတစ်ခုလုံးကို ဆောင်ရွက်ပြီးသည့်အခါ တောင့်မထားနိုင်တော့ဘဲ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ယခုတွင် ချန်လွေ့သည် စိတ်အေးလက်အေးဖြစ်နေသည့်အတွက် စွမ်းအားအသစ်များကို လေးလေးနက်နက် စူးစမ်းကြည့်တော့သည်။

ထိုလေဟာနယ် ထဲတွင် တိမ်တိုက်ကဲ့သို့ အငွေ့များ ပြောင်းလဲသွားပြီး ထုထည်ပို၍ တိုးလာသည်။အလယ်ပိုင်းတွင် ပြင်းထန်သည့် အပူတစ်ခု ရှိနေသည့် ပုံစံမျိုးဖြစ်ပြီး အနီရောင် ဖြစ်နေသည်။ထိုအပူကို အဝေးကပင် ခံစား၍ရသည်။မူလက ပြန့်ကြဲပြီး ပျံဝဲနေသည့် အမှုန်များအတွင်း၌ ကြီးမားသည့် အတုံးများ ထပ်ဖြည့်ထားပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။

ဒီ “ စတင်ခြင်းမျက်နှာပြင် ”က ကောင်းကောင်းလေး လုပ်ထားတာပဲ။အပူချိန်၊ မျက်နှာပြင်အနေအထားနဲ့ အချိန်တို့အပါအဝင် အားလုံးကအတော်လေး ယုတ္တိရှိတယ်။ ငါနားမလည်တာက တိမ်တိုက်က ဘာကို ကိုယ်စားပြုတာလဲ ဆိုတာကိုပဲ။

ချန်လွေ့သည် ၎င်းထံသို့ အသိစိတ်ကို ရွေ့လိုက်သည်။ခံစားချက်သည် ပို၍ယုတ္တိ ရှိလာသည်။တိမ်တိုက်မှ အပူသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပုံရသော်လည်း ချန်လွေ့၏အသိစိတ်ကို နွေးထွေးရုံသာ ဖြစ်စေသည်။ဤလေဟာနယ်ထဲရှိ အရာအားလုံးသည် သူ့ကိုမထိခိုက်စေနိုင်သည့်အတွက် ရုတ်တရက် ချန်လွေ့သည် သူ့ကိုယ်သူ ဤနေရာ၏ ဖန်တီးရှင်သဖွယ် ထူးထူးဆန်းဆန်း ခံစားလာရသည်။

ချန်လွေ့သည် အာကာသထဲ၌ ခဏလောင် လျှောက်ပတ်ကြည့်လိုက်သည်။ထို့နောက် စိတ်ပြောင်းလိုက်ပြီး ကြယ်စင်စု နတ်ဘုရားကျောင်းရှိ ပုလ္လင်ဆီသို့ ချက်ချင်း ပြန်လာခဲ့သည်။

အလင်းမျက်နှာပြင်ရှိ “ အချက်အလက်” ရှိ အစိတ်အပိုင်းတစ်ခု၌ “ အယ်ခိတ် ” အလင်းဖြူလုံး ရှိနေဆဲဖြစ်သည်။ဝမ်းဗိုက်တစ်ဝိုက်ရှိ အယ်ခိတ်အပေါ် အစိတ်အပိုင်းတွင် “ မိုင်ဇာ ”အဝါရောင်အလင်းလုံးအသစ် ရှိနေသည်။ချန်လွေ့၏ ဦးနှောက်ထဲရှိ အချက်အလက် အသစ်အရဆိုလျှင် နောက်ထပ်နယ်ပယ်သည် “ အလီယော့သ် ” ဖြစ်သည်။ချန်လွေ့ အဆင့်တက်သွားတိုင်း ခက်ခဲမှုသည် ဆပွားတိုးသွားမည်ဖြစ်သည်။ မြေဆွဲအား လေ့ကျင့်ရေးကွင်းသည် အမှန်တကယ်ပင် လေ့ကျင့်ရန်အကျိုးရှိသည့် နေရာဖြစ်သည်။သို့သော်လည်း အယ်ခိတ်အခြေအနေကိုကြည့်လျှင် နောက်ထပ် ကြယ်အဆင့်ကို တက်လှမ်းရန်အတွက် အဓိကလိုအပ်ချက်သည် တိုက်ပွဲအတွင်း ဉာဏ်အလင်းရခြင်း ဖြစ်သည်။ထို့ကြောင့် နောက်ထပ်အဆင့်သို့ တက်လှမ်းရန်အတွက် ချန်လွေ့သည် မြေဆွဲအားတိုးမြှင့်ထားသည့်လေ့ကျင့်ရေးကိုသာ မှီခို၍ မရတော့ပေ။

ထိုအချိန်တွင် သုံးဖက်မြင် လူသားခန္ဓာကိုယ်ရှိ “ အရိုးခြောက် ” နှင့် “ ကြွက်သား ” တို့သည် နယ်ပယ်ချိုး‌ဖောက်စဉ်ကလိုမျိုး ကြယ်မှုန်များ ဖြစ်သွားကြသည်။မူလ အမျှင်များကို ကြယ်မှုန်များ အစားထိုးသွားပြီး ခန္ဓာကိုယ်ထဲ၌ ဖြည်းဖြည်းချင်း စီးဆင်းနေသည်။ထိုစီဆင်းမှုမှ ထုတ်လုပ်သည့် စွမ်းအင်သည် အယ်ခိတ်အခြေအနေထက် များစွာပို၍ပြင်းထန်ပြီး ၎င်းသည် မိုင်ဇာအခြေအနေ၏ အစွမ်းအသစ်ပင် ဖြစ်သည်။

အယ်ခိတ်အခြေအနေ၌ အဓိက လေ့ကျင့်ခြင်းသည် “ ခန္ဓာကိုယ် ” ကို သန့်စင်ရန်ဖြစ်ပြီး မိုင်ဇာအခြေအနေသည် “ စွမ်းအား ”ကို သန့်စင်ရန် ဖြစ်သည်။

ထိုအချိန်၌ အခြေအနေပြဇယားတွင် အရှိန်အဝါတန်ဖိုးကို ၇၅၀၁ ဟု ပြသထားသည်။ မနေ့က မီကတ်စ် လိုက်ဖမ်းခြင်း ခံရသည့်အခါ အရှိန်အဝါ ၄၀၀၀၀ တန်ဖိုးရှိသည့် ဆေးရည်(၄)ပုလင်းသောက်ခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ထို့နောက် ချန်လွေ့ အဆင့်တက်သွားသည့်အခါ နောက်ထပ်အရှိန်အဝါ ၁၀၀၀၀ အသုံးပြုခဲ့သည်။ထို့ကြောင့် အရှိန်အဝါ ၃၀၀၀ ကျော်သာ ကျန်တော့သည်။တစ်ညတည်းဖြင့် အရှိန်အဝါ ၇၅၀၀အထိ တိုးမြင့်လာမည်ဟု ချန်လွေ့လုံးဝ မထင်ထားခဲ့ပေ။

မိုင်ဇာအခြေအနေသို့ ရောက်ပြီးသည့်အခါ [ အလိုအလျောက် အရှိန်အဝါ စုပ်ယူ ] နှုန်းသည် အယ်ခိတ်အခြေအနေထက် ပိုမြင့်သွားသော်လည်း တစ်ညတည်းဖြင့် ၄၀၀၀ တိုးလာရန် မဖြစ်နိုင်ပေ။၎င်းသည် ထိခိုက်မှုကို ၃၀% စုပ်ယူပေးပြီး အရှိန်အဝါအဖြစ် ပြောင်းလဲပေးသည့် [ ထိခိုက်မှုစုပ်ယူခြင်း ] အစွမ်းကြောင့် ဖြစ်ပေမည်။

ထို အလိုအလျောက်အစွမ်းသည် အတော်လေး ကောင်းလှသည်။တိုက်ပွဲအတွင်း၌သာမက အဆိပ်နဂါးနှင့် အထူးလေ့ကျင့်စဉ်တွင်လည်း အရှိန်အဝါများ အလိုအလျောက် တိုးပွား လာနိုင်သည်။သို့သော်လည်း မနေ့ညက ဒဏ်ရာများသည် အတော်လေး ပြင်းထန် လှသည်။ထို့ကြောင့် ထိုကဲ့သို့ ဖွံ့ဖြိုးမှုနှုန်း ဆက်ဖြစ်ရန် မဖြစ်နိုင်တော့ပေ။

အစွမ်းအရဆိုလျှင် [ ထိခိုက်မှုစုပ်ယူခြင်း ] စွမ်းအားနှင့် [ အရှိန်အဝါဓားသွား ] စွမ်းအားတို့ကို ပြသပြီးပြီဖြစ်သည်။မနေ့ညက အဖြစ်အပျက်ကြီး၌လည်း [ ရုပ်ဖျက်ခြင်း ] အစွမ်း၏အသုံးဝင်ပုံကို သက်သေပြ ပြီးပြီဖြစ်သည်။ချန်လွေ့ စမ်းကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် လူပုလေးအဖြစ် ပြောင်းသွားသည်။အဝတ်အစားများကိုပါအတူတူ ရုပ်ဖျက်၍ ရလေသည်။သို့သော်လည်း ဤအစွမ်းသည် အကန့်အသတ် မရှိသည် မဟုတ်ပေ။ခန္ဓာကိုယ်၏ စုစုပေါင်းဒြပ်ထုသည် ကိန်းသေအနေအထားဟု ဆိုထားလျှင် ၎င်းသည် ခန္ဓာကိုယ်ကို အထူးနည်းလမ်းဖြင့် ကျုံ့ခြင်း၊ဆွဲဆန့်ခြင်းနှင့် ညီမျှပေသည်။ သို့သော် ၎င်းသည် ဒြပ်ထု၏ ဖွဲ့စည်းပုံကို မပြောင်းလဲနိုင်ပေ။ထို့ကြောင့် ချန်လွေ့ ပန်းပွင့် သို့မဟုတ် လေပြေအဖြစ် မပြောင်းလဲနိုင်ပေ။သို့သော်လည်း ချန်လွေ့ကဲ့သို့ လူသား အသွင်ကို တစ်ခါတစ်ရံဖုံးကွယ်ရသည့်သူအဖို့ ၎င်းသည် အတော်လေး အသုံးဝင်လှသည်။

မည်သို့ပင် ဆိုစေကာမူ ၎င်းသည် [ ရုပ်ဖျက်ခြင်း ] သာဖြစ်သည်။[ အသွင်ပြောင်းခြင်း ] မဟုတ်ပေ။

တစ်ခုတည်းကျန်သည့် အစွမ်းသည် [ အထူးစိစစ်မှု ] အစွမ်းဖြစ်သည်။၎င်းသည် တစ်ခါအသုံးပြုလျှင် အရှိန်အဝါ ၁၀၀၀၀ ကုန်ကျပြီး နာရီဝက်သာ ခံသည်။“ အထူး ” ဟူသော စကားလုံး၏ ဆိုလိုရင်းကို ချန်လွေ့ မသိပေ။မိုင်ဇာအခြေအနေရှိ [ သရုပ်ခွဲမျက်လုံး ]သည် ပြိုင်ဘက်၏ မျိုးနွယ်ကို ပြသနိုင်သည်။ထို့ကြောင့် ၎င်းသည် မျိုးနွယ်နှင့်လုံးဝ မသက်ဆိုင်လောက်ပေ။နောက်ပိုင်းမှ ၎င်းကို လေ့လာ၍ရပေမည်။

မိုင်ဇာအခြေအနေသို့ တက်လှမ်သွားပြီးနောက်တွင် ချန်လွေ့သည် စူပါစနစ်ကို ပို၍ရှင်းလင်းစွာ နားလည်လာသည်။စူပါစနစ်ကို “ စူပါဆင့်ကဲပြောင်းလဲခြင်းစနစ် ” ဟူ၍ ခေါ်သင့်ပေသည်။စနစ်သည် အရှိန်အဝါကို “ လောင်စာ ” အနေဖြင့်သုံးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းဖြင့် ပို၍ ဆင့်ကဲပြောင်းလဲနိုင်သည်။အတွေ့အကြုံတန်ဖိုးသည် ခန္ဓာကိုယ်၏ စွမ်းအားအပြည့်အစုံကို ဂဏန်းတန်ဖိုး သတ်မှတ်ပေးခြင်းသာ ဖြစ်သည်။အတွေ့အကြုံ တန်ဖိုး ၁၀၀% ပြည့်သွားခြင်းသည် လက်ရှိ ဆင့်ကဲပြောင်းလဲခြင်းအဆင့်၌ အပြည့်အဝ ရင့်ကျက်သွားပြီး‌ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ရန်အတွက် အခြေခံလိုအပ်ချက် ပြည့်စုံသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော်လည်း အယ်ခိတ်အခြေအနေမှ မိုင်ဇာအခြေအနေသို့ အဆင့်တက်သွား သကဲ့သို့ပင် ဆင့်ကဲပြောင်းလဲခြင်း အောင်မြင်ရန်အတွက် အတွေ့အကြုံတန်ဖိုး ၁၀၀% သည် မလုံလောက်ပေ။အခြေအနေ တစ်ခုခုနှင့် ကိုက်ညီရပေမည်။ နောက်ထပ် နယ်ပယ်တစ်ခုသည် အလီရော့သ် ဖြစ်သည်။မည်သို့အဆင့်တက်ရန်အတွက် စဉ်းစားရန် စောနေသေးသည်။ထို့ကြောင့် ချန်လွေ့သည် မိုင်ဇာအခြေအနေ၏ စွမ်းအားကို အရင်ဦးဆုံး အပြည့်အဝ ဆုပ်ကိုင်နိုင်အောင် လုပ်ရပေမည်။

မီကတ်စ်ကို တိုက်ခိုက်သည့်အချိန်တွင် ချန်လွေ့သည် အရှိန်အဝါ ၄၀၀၀၀ တန်ဖိုးရှိ ဆေးရည်(၄)ပုလင်း သောက်ခဲ့သည်။သို့သော်လည်း မှော်စတိုးမှ ခိုးယူခဲ့သည့် မှော်ပစ္စည်းများကို အရှိန်အဝါအဖြစ်သို့ ပြောင်းလဲလျှင် ရရှိသည့် အရှိန်အဝါကို ဆပွားတိုးပေးနိုင်သည်။အခုတွင် မီကတ်စ် သေသွားပြီဖြစ်သည့်အတွက် သက်သေ မရှိတော့ပေ။ထို့ပြင် စစ်သားများ “ သက်သေ ”အဖြစ် ရှိကြပြီး ဂန်ခီသည် မှော်ပစ္စည်းများပါဝင်သည့် သိုလှောင်လက်ပတ်ကို အဲလန်ဆီ ပေးခဲ့သည်။ထို့ကြောင့် အရာရှိ အဲလန်သည် ကြားမှ ဒဏ်ခံရပေတော့မည်။

ချန်လွေ့သည် ထိုပစ္စည်းများကို ပြောင်းလဲချင်စိတ် မရှိသေးဘဲ လဲလှယ်ဌာနသို့ သွားလိုက်သည်။ကြယ်နှစ်ပွင့်သို့ ရောက်ပြီဖြစ်၍ အသစ်လဲလှယ်နိုင်သည့် ပစ္စည်းများ ရှိနေပြီဖြစ်သည်။ဆေးရည် အမျိုးအစားထဲတွင် နောက်ထပ် ဆေးရည်မည်း လေးမျိုး ထပ်ဖြည့်ထားသည်။၎င်းတို့သည် အမှန်တကယ်ပင် မဟာဆရာသခင် အဆင့် “ ထာဝရ ” ဆေးရည်များဖြစ်ကြသည်။

ထာဝရစွမ်းအား၊ထာဝရအမြန်နှုန်း၊ထာဝရခန္ဓာ၊ထာဝရစိတ် တို့ပင် ဖြစ်သည်။

ထာဝရဆေးရည်များသည် ဂျုံအခွံချွတ်သကဲ့သို့ ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးနိုင်ပြီး အစွမ်းတစ်မျိုးမျိုးကို ထာဝရ တိုးစေနိုင်သည်။၎င်းသည် “ ခန္ဓာသန့်စင်ခြင်း ” နှင့် ဆင်တူသည်။သို့သော်လည်း ၎င်းသည် အစွမ်းတစ်ခုတည်းကိုသာ ဦးတည်ထားသည်။ ထို့ပြင် ထာဝရဆေးရည်သည် တစ်သက်လုံးတွင် တစ်ကြိမ်သာ သုံး၍ရသည်။ထပ်သုံးလျှင် အကျိုးမရှိတော့ပေ။တစ်နည်းပြောရလျှင် ထာဝရစွမ်းအားဆေးရည် တစ်ပုလင်း သောက်ပြီးသွားလျှင် နောက်ထပ်ဆေးရည်(၁၀)ပုလင်း ထပ်သောက်လျှင်တောင် ဘာမှအကျိုးသက်ရောက်မှု မရှိတော့ပေ။

ထိုသို့ဆိုလျှင်တောင် ထာဝရ ဆေးရည်များသည် အတော်လေး အစွမ်းထက်လှသည်။ အဆင့်မတက်ခင်က မီကတ်စ်ကို လုံးဝမယှဉ်နိုင်ခဲ့ကြောင်း ချန်လွေ့ သတိရလိုက်သည်။ သို့သော်လည်း စစ်မှန်ဆေးရည်များ သောက်လိုက်သည့်အခါ အမြင့်ဆင့်နတ်ဆိုး၏ အစွန်းနားရောက်သွားပြီး မီကတ်စ်ကို တိုက်ခိုက်နိုင်ရုံ ဆိုသလို ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ဆေးရည်၏ အာနိသင်များသည် ‌အတော်လေး ထင်ရှားလှသည်။

ဈေးနှုန်းသည် ထိုက်တန်လှသည်။ထာဝရ‌ဆေးရည် တစ်ပုလင်းကို အရှိန်အဝါ ၁၀၀၀၀၀ ကျသင့်သည့်အတွက် ချန်လွေ့ခဏတာ ငြိမ်သက်သွားသည်။ဆေးရည်များအပြင် အပင် အမျိုးအစားတစ်ခုလည်း လဲလှယ်ရေးပစ္စည်းထားထဲ၌ ပေါင်းထည့်ထားသည်။အပင် အမျိုးအစားအောက်တွင် အခရာအစေ့ နှင့် အရှိန်အဝါအသီးပင် ဟူ၍ နှစ်မျိုးသာရှိသည်။

အခရာအစေ့ - ကြယ်စင်စုဥယျာဉ်၏ အမြုတေ။ဥယျာဉ်ထဲရှိ အပင်များအားလုံး၏ ကြီးထွားမှုကို အလိုအလျောက် ထိန်းညှိ ထိန်းချုပ်နိုင်သည်။မှော်မှုန်များကိုသုံးပြီး အဆင့်မြှင့်နိုင်သည်။အပင်များ၏ ကြီးထွားနှုန်းသည် အဆင့်အလိုက် တိုးသည်။တစ်ခုလျှင် အရှိန်အဝါ ၅၀၀၀ ကျသင့်သည်။

အရှိန်အဝါ သစ်သီးပင် - ရင့်မှည့်ပြီးလျှင် အသီးသီးသည်။စားပြီးလျှင် အရှိန်အဝါ တိုက်ရိုက်တိုးသည်။အဆင့်အလိုက် အရှိန်အဝါ ပမာဏတိုးသည်။တစ်ပင်လျှင် အရှိန်အဝါ ၅၀၀ ကျသင့်သည်။

ချန်လွေ့၏ မျက်လုံးများ တောက်ပသွားသည်။အရှိန်အဝါသည် စူပါနစ်၏ အခြေခံ လောင်စာဖြစ်ပြီး အလိုအပ်ဆုံး အရင်းအမြစ် ဖြစ်သည်။ပစ္စည်းများကို စုပ်ယူ၍သာ အရှိန်အဝါ တိုး၍ရလျှင် တစ်နေ့တစ်ချိန်၌ ကုန်ခမ်းသွားနိုင်သည်။အရှိန်အဝါ သစ်သီးပင် ပေါ်ထွက်လာခြင်းသည် မျှော်လင့်ချက်အသစ်များကို သယ်ဆောင်လာခဲ့သည်။စွမ်းအင် ပြန်ဖြည့်တင်းခြင်းပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ပြီဟု မျှော်လင့်၍ ရပြီဖြစ်သည်။

ဒါနဲ့ ကြယ်စင်စုဥယျာဉ် ဆိုတာက ဘာပါလိမ့်။ ချန်လွေ့တွေးလိုက်ပြီး အဆောက်အအုံ၏ အလင်းမျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်သည်။အထဲတွင် အခြား အဆောက်အအုံတစ်ခု ရှိနေလေသည်။

All Chapters