တုန်လိုင်လီကိုသတ်ခြင်း ၂
Vol. 117 Ch. 1633
ရှီမာယူယူသည် လက်နှစ်ဖက်ကိုတွန်းလိုက်ရာ လက်ဖဝါးနှစ်ဖက်မှ စွမ်းအင်များ လျှံထွက်လာသည်ကို သူ မြင်လိုက်ရသည်။
ထိုနေရာမှ လူများသည် သူမ၏ လွှမ်းမိုးနိုင်မှုကို လွှတ်နေသည်ကို သိကြ သည်။
စံတင်အဆင့်တောင် မရောက်သေးတဲ့ လူတစ်ယောက်က လွှမ်းမိုးမှုကို လွှတ်နိုင်တယ်။
သူမ အကြည့်ကို မြင်သည်နှင့် တုန်လိုင်လီနှင့် တုနန်ဟော်တို့၏ အမူအရာများသည် အလွန်ရှုပ်ထွေးသွားကြသည်။ သူတို့သည် ပါရမီရှင်များဖြစ် ကြသော်လည်း သူမနှင့်ယှဉ်လျှင် များစွာ နောက်ကောက်ကျကျန်ခဲ့လေပြီ။
အရေးအကြီးဆုံးမှာ ထိုကဲ့သို့လူမျိုးသည် လူမသိ သူမသိ နှိမ့်ချစွာနေ တတ်သော ရန်သူဖြစ်နေခြင်းပင်။
သူမသာ မိတ်ဆွေဖြစ်ပါက သူမနှင့် တိုက်ခိုက်ရန်ပင် မလိုပေ။ သူမတွင် ထိုကဲ့သို့ ကဒ်များရှိသည်ကို သိပါက သူမကို လာသတ်မည်မဟုတ်ပေ။
တကယ်တော့ မည်သူမဆို ထိုကဲ့သို့ အရည်အချင်းရှိပါက တခြားသူမကို ကြွားဝါရန် မစောင့်နိုင်ပေ။ ရှီမာယူယူက ဘာလို့ ဒီလောက်တောင် ပိပိရိရိ ဖုံးပြီး နေနေတာလဲ။
ဤနေရာတွင် ရှိနေသော တခြားသူများအတွက်ကတော့ သူမတွင် လွှမ်းမိုးမှုရှိနေသည်ကို သိသော်လည်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သဖြင့် အလွန် တရာအံ့ဩနေကြသည်။
ရှီမာရှုံ့ချီ သက်ပြင်းချလိုက်သည် “သူမ လွှမ်းမိုးမှုက ငါတို့ထက်တောင် ကြီးသေးသလို ပိုပြီးလည်းလုံခြုံတယ်”
“အဲလိုလား” ဟွမ်ရင်ရင် ထိုစကားပြောလိုက်သော်လည်း မျက်နှာမှ အပြုံးမှာ ပိုအသက်ဝင်လာသည်။
ရှီမာလျူရွှမ်နှင့် ဖန်ကျိရှင်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ လက်မခံနိုင်သလိုဖြစ်နေကြသည်။ သူတို့သည် လူငယ် မျိုးဆက်ထက် တစ်ဆင့်မြင့်သည်။ သူမ၏ သည်ဖခင်နှင့် ဆရာတို့သည် အနည်းငယ် လိုအပ်နေသည်။
ကြည့်ရသည်မှာ သူတို့သည် အခုကစပြီး ပို၍ကြိုးစားလုပ်ရတော့မည့်ပုံ ပင်။
ဟန့်မြောင်ရွှမ်နှင့် တခြားနှစ်ယောက်မှာလည်း ငိုင်နေမိကြသည်။ သူမက တကယ်ပဲ… အရမ်းအားကောင်းတာပဲ။
ရှီမာယူယူသည် သူတို့တုံ့ပြန်မှုများကို မစဉ်းစားနိုင်ဘဲ သူမ၏ လွှမ်းမိုးမှု ကို ထုတ်လွှတ်ပြီး အားလုံးကို အထဲသို့ သွင်းလိုက်သည်။ ထိုအခါမှပင် အားလုံး မှာ မှင်တက်နေကြသည်ကို သူမ သတိထားမိလိုက်တော့သည်။ သူမသည် မျက်မှောင်ကို အသာအယာကြုတ်ကာ ပြောလိုက်သည် “အဘိုး အဘွား ငေးငိုင် နေဖို့အချိန်မရှိဘူး”
သူမ ပြောလိုက်ပြီးနောက် အားလုံးသည် သတိပြန်ဝင်လာကာ တုန်လိုင်လီနှင့် တုနန်ဟော်တို့ကို ဆက်တိုက်ခိုက်ကြလေသည်။
သူမ၏ လွှမ်းမိုးမှုပိုင်နက်နယ်မြေအတွင်းတွင် သူမသည် တုန်လိုင်လီနှင့် တုနန်ဟော်တို့၏ စွမ်းအားကို ဖိနှိပ်သည်။ လျင်မြန်စွာပင် ဖန်ကျိရှင်းသည် သူမ ကို စိတ်ထဲမှချီးကျူးမိသည်။
သူမ မသေခင်အထိ တုန်လိုင်လီသည် ယနေ့ ဤနေရာတွင် သူမ အသက် သေလိမ့်မည်ဟု ထင်မထားပေ။ ပျောက်ဆုံးနေသောနေရာတွင် သူမသည် အသက်ဆုံးရှုံးလိုက်ရတော့မည်။
သူမ ကျသွားသည့်တိုင်အောင် မျက်လုံးများမှာ အပြူးသားဖြစ်နေသည်။ သူမသည် မလိုလားစွာပင် သေဆုံးသွားရသည်။
တုနန်ဟော်သည်လည်း လျင်မြန်စွာပင် အသက်လုနေရတော့သည်။ ထိုအခိုက်တွင် သူသည် အသက်ရှုသွင်းသည်အထက် အသက်ရှုထုတ်မှုကိုသာ အများဆုံးလုပ်ရတော့သည်။
ရှီမာယူယူသည် ကျန်ရှိသည့် မသေလူများ၊ တုန်လိုင်လီ၏ အလောင်းနှင့် တုနန်ဟော်တို့ကို ဝိညာဉ် စေတီထဲသို့ ထည့်လိုက်ပြီး အားလုံးကိုလည်း အထဲသို့ထည့်လိုက်သည်။
“သူ့ကို အရှင်ထားထား” သူမသည် ဝိညာဉ်လေးကို ညွှန်ကြားလိုက်သည်။
ထိုအခိုက်တွင် သူမသည် မသေလူများနှင့် ရှင်းချင်လိုစိတ်မရှိသေးပေ။ သူတို့ ဝိညာဉ်စေတီအတွင်း ဝင်သွားသရွေ့ သူ သေဖို့တောင်းဆိုလျှင်တောင် သေခွင့်မရှိပေ။
ရှီမာယူယူသည် ထိုနေရာအားရှင်းလင်းပြီးနောက် ထွက်လာခဲ့လိုက် သည်။ ခဏအကြာတွင် ထိုအရှုပ်အထွေးအသံများကို ကြားပြီးနောက် ပြေးလာ ကြသည့် လူများရှိသည်။
“ခုနက ဒီနေရာမှာ လွှမ်းမိုးမှုရောင်ဝါရှိခဲ့တယ် ဒီနေရာမှာ ဘယ်စံတင် ကျွမ်းကျင်သူက တိုက်ခိုက်ခဲ့တာလဲမသိဘူး”
သူတို့ မည်သို့ပင် ကြိုးစားခန့်မှန်းစေကာမူ ထိုလူသည် ရှီမာယူယူ ဖြစ် လိမ့်မည်ဟု ထင်မထားကြပေ။
တခြားကိစ္စများမဖြစ်စေရန် ရှီမာယူယူသည် ထွက်လာပြီးနောက် ပြန်သွားသည်။ သူမသည် လူအုပ်ထဲသို့ ဝင်ရောလိုက်သည်။ သူတို့ ဆွေးနွေးမှု မှာ အဆုံးသတ် သူမလုပ်လိုက်သော အတားအဆီးကိုသာ ဗဟိုပြုနေကာ သူမ ဖြစ်ကြောင်းကို မသိကြတော့မှသာ စိတ်အေးသွားတော့သည်။
သို့သော် သူတို့သည် မြို့ကိုဝင်သည်နှင့် လူတစ်ယောက်သည် သူမနောက် သို့ နောက်ယောင်ခံလိုက်နေသည်ကို သတိထားမိလိုက်သည်။ သူမနောက်သို့ မည်သည့်အချိန်ကတည်းကပင် လိုက်နေသည်ကို သူမ မသိပေ။ သူသာ အစော က မြင်ကွင်းကို မြင်လိုက်ပါက သူမ ပြဿနာတက်မည်ဖြစ်သည်။
သို့သော် သူမသည် ဤခန့်မှန်းချက်ကို ငြင်းဆိုလိုက်သည်။ ဤတစ်ကြိမ် တွင် သူမ လွှမ်းမိုးမှုကို သူတို့ရှိသည့်နေရာ တစ်ကီလိုမီတာပတ်လည်ကိုသာ လုပ်ခဲ့သည်။ အကယ်၍သာ အထဲတွင် တစ်စုံတစ်ယောက်ရှိနေပါက သူမ မသိ စရာအကြောင်းမရှိပေ။
သူမ ထိုအကြောင်းအားတွေးမိသည်နှင့် ထိုလူသည် လူအုပ်ထဲဝင်ရော သည့် အချိန်မှစပြီး လိုက်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
သူမသည် မြို့ထဲသို့ ဝင်သည်နှင့် တည်းခိုဆောင်ဆီသို့ တိုက်ရိုက်ပြန် လိုက်သည်။ သူမ အခန်းသို့ရောက်သောအခါ အားလုံးကို ခေါ်ထုတ်လိုက်သည်။
သို့သော် သူတို့သည် အောင်နိုင်သော တိုက်ပွဲကြောင့် မပျော်ရွှင်နိုင်ပေ။ ထိုအစား အားလုံးမှာ အတွေးလွန်နေကြပုံပင်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် နားမလည်သောအကြည့်ဖြင့် ကြည့် လိုက်သည်။ ဒီလူတွေက ထွက်လာပြီးတော့ ဘာလို့ မပျော်မရွှင်ဖြစ်နေကြတာ လဲ။
နောက်ဆုံးတော့ ပြောလာသူမှာ ရှီမာလျူရွှမ်ဖြစ်သည် “အဲဒီတုနန်ဟော် က ခေါင်းမာတယ် ငါတို့တွေ အလှည့်ကျ မေးခွန်းမေးနေတာတောင် မသေလူ တွေအကြောင်းကို တစ်ခွန်းမှထွက်မလာဘူး”
“သူ့ကို မေးတောင်မေးပြီးကြပြီလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် သူ့ကိုအရင်ထားရမယ်လို့ ပြောထားတယ်မလား”
“အဲလိုမလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “တုနန်ဟော်ရဲ့ ခန္ဓာကိုယ်မှာလည်း သေဆုံးခြင်းရောင်ဝါ နည်းနည်းရှိနေတယ် အဲဒါကြောင့် သူက နာတာကျင်တာကို ခံစားရမှာမဟုတ်ဘူး”
သူသည် နာကျင်မှုကိုမခံစားရသဖြင့် အကြမ်းနည်းနှင့် မေးမြန်းခြင်းသည် သူ့အတွက် အသုံးမဝင်ပေ။
“မင်းပြောတဲ့ သူ့ အသိစိတ်ပင်လယ်ထဲ ဝင်တဲ့နည်းလမ်းသုံးဖို့လည်း ကြိုးစားကြည့်တယ်၊ ဒါပေမဲ့ သူက ချိပ်ပိတ်ထားတာကို တွေ့လိုက်တယ် အဲဒါ ကိုထိလိုက်တာနဲ့ သူ့စိတ်တွေ ကြေမွသွားမှာပဲ” ဖန်ကျိရှင်းသည် စိတ်ပျက်နေ ကာ သူ့ကိုယ်သူ အသုံးမဝင်သလိုခံစားရသည်။
လူတစ်ယောက်၏ စိတ်ကွဲကြေသွားပါက သူ၏ ကျန်သည့်ဘဝတစ် လျှောက်တွင် ရူးသွားမည်ဖြစ်ကာ သူ၏ မှတ်ဉာဏ်များကို သိရန် နည်းလမ်းမရှိ တော့ပေ။
အကြောင်းမှာ သူသည် ထိုအရာများကို ပြန်စဉ်းစားနိုင်စွမ်းမရှိတော့ သောကြောင့်ဖြစ်သည်။
အဲဒါကြောင့် အကုန်လုံးက စိတ်နဲ့လူနဲ့မကပ်နိုင်တာကိုး။ သူတို့က သူ့ကို ဖိအားပေးလို့လည်းမရ မှတ်ဉာဏ်ကိုလည်း ဖတ်မရဖြစ်နေတာလေ။ တုနန်ဟော်က တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးထင်တယ်
ထိုအရာကို နားလည်သွားသောအခါ သူမ ပြုံးပြီးပြောလိုက်သည် “စိတ်ပူ ဖို့မလိုပါဘူး ကျွန်မတို့ မြို့ထဲကိုဝင်တုန်းက နောက်ယောင်ခံလိုက်ခံရတာကို ခံစားမိတယ်”
“အဲတော့ ငါးမျှားချိတ်မှာ ငါးမိပြီပေါ့” ဟန့်မြောင်ရွှမ်သည် ပျော်ရွှင်စွာ အော်လေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ သူတို့က လွယ်လွယ်နဲ့ အစာ လာဟပ်မှာမဟုတ်ဘူး”
“အင်း ညီမတို့ အစီအစဉ်ရဲ့ နောက်တစ်ဆင့်ကို စလို့ရပြီ”
နောက်တစ်နေ့တွင် ရှီမာယူယူနှင့် တခြားသူများသည် အခန်းပြန်အပ်ကြ သည်။ မိုမျိုးနွယ်တို့ အခန်းပြန်အပ်ချိန်တွင် ရှီမာယူယူသည် လိပ်နက်မြို့မှ ဝူမျိုးနွယ်၏ ဖိတ်စာရထားခြင်းကြောင့် ဧည့်သည်အဖြစ်သွားလိုက်ပြီကို သိလိုက်ရသည်။
မိုရှဲယန် ထိုသတင်းကိုရသောအခါ မျက်ခုံးမှာ အသာအယာကြုတ်သွားပြီး သူမ မည်သို့လုပ်မည်ဟူသော စကားကို ရေရွတ်မိသည်။ သူ့ဘေးမှလူများသည် ရှုပ်ထွေးသွားကြသည်။
သူမက ဧည့်သည်အဖြစ်နဲ့ပဲသွားတာလေ အန္တရာယ်တောထဲသွားတာမှ မဟုတ်တာ။ သူတို့သခင်လေးက ဘာလို့ ဒီလိုသက်ပြင်းချတာလဲ။
သို့သော် မိုရှဲယန်သည် မည်သည့် ဖြေရှင်းချက်မှမထုတ်ပေ။ သူသည် လိပ်နက်မြို့မှ အဖြစ်အပျက်များကိုသာ အာရုံစိုက်ထားရန် သူ့လူများကို ညွှန် ကြားလိုက်သည်။
ရှီမာယူယူနှင့် တခြားသူများသည် ဝူမျိုးနွယ်၏ ဝင်ပေါက်တွင် ရပ်နေကြ သည်။ သူတို့သည် မြင့်မြတ်ထူးကဲသော ကျောက်ခြင်္သေ့ကို ကြည့်ပြီး သူမကို လက်ယက်ခေါ်နေသကဲ့သို့ ခံစားရလေသည်။
ဝူမျိုးနွယ်.. တကယ်ပဲ သူမကို ရင်းနှီးသလို အငွေ့အသက်ပေးတာပဲ။
သူမသည် အနည်းငယ် ထူးဆန်းသည်ဟု ခံ့စားရသည်။ သူမသည် ဝူမျိုးနွယ်နှင့် အရင်ကမတွေ့ဖူးတာကို ဘာလို့ရင်းနှီးသလို ခံစားရတာလဲ။
“အားလုံးပဲ ဒီဘက်ကိုကြွပါ”
သူတို့ကို လာကြိုသူမှာ ဘဏ္ဍာထိန်းဖြစ်ကာ သူတို့ကို နွေးထွေးစွာ ကြိုဆို လေသည်။
အဝင်ပေါက်တွင် အားလုံး ငေးငိုင်နေကြသည်မှာ ယဉ်ကျေးသော အပြုအမူတော့မဟုတ်ပေ။
“တောင်းပန်ပါတယ် ကျွန်မတို့က ဒီလိုပစ္စည်းတွေကို မြင်ရလေ့မရှိသလို ဒီကျောက်ခြင်္သေ့နှစ်ရုပ်က အရမ်းထူးခြားတယ်လို့ခံစားမိလို့ ကြည့်မိတာပါ” ရှီမာယူယူ ရှင်းပြလေသည်။
“မိန်းကလေးယူယူ ကြင်နာလွန်းနေပါပြီ” ဘဏ္ဍာထိန်းသည် ပြုံးပြီးပြော လေသည် “သခင်ကြီးက အားလုံးကို အထဲမှာစောင့်နေပါတယ်”
“ကျေးဇူးပြုပြီး” ရှီမာရှုံ့ချီသည် ဦးဆောင်ကာ ဝင်သွားသည်။
ဒီမှာ သူမကိုရင်းနှီးတဲ့သူမရှိသလို ရင်းနှီးတဲ့ အမူအရာလည်းမရှိပါဘူး။ ဘာလို့ ဒီလောက် ရင်းနှီးသလိုဖြစ်နေတာလဲ။
ဘဏ္ဍာထိန်းသည် အထဲသို့ ဦးဆောင်ဝင်သွားရာ လမ်းပေါ်မှ တစ်ချိန်လုံး စောင့်ကြည့်နေသူမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
***