← Chapters

ကောလဟလများ

Vol. 117 Ch. 1634

ကောလဟလများ

Vol. 117 Ch. 1634

ရှီမာယူယူသည် ဝူမျိုးနွယ်ခေါင်းဆောင်ကို မြင်လိုက်ချိန် တစ်ခဏတွင် မှင်တက်မိသည်။

သူ့ကို အလွန်ရင်းနှီးသလိုရှိသည်။ တစ်စုံတစ်ယောက်နှင့် သေချာပေါက် ခပ်ဆင်ဆင်ရှိသည်။

“အစောပိုင်းက ဖြေရှင်းစရာကိစ္စလေးတွေရှိလို့ ဧည့်မကြိုမိတာ စိတ်မရှိ ပါနဲ့”

“အတင်းဝင်လာတာ ကျုပ်တို့ပါ၊ ကျုပ်တို့ကျွန်းပေါ်ရောက်တော့ မိသားစု ခေါင်းဆောင်ကြီးဝူရဲ့နာမည် ကြားခဲ့ရပါတယ် ဒီနေ့တော့ တွေ့ရပြီပဲ” ရှီမာရှုံ့ချီ သည် ပြောလိုက်သည်။

“ဟားဟား အထဲကိုကြွပါ” ခေါင်းဆောင်ဝူသည် ပြုံးကာ သူတို့ကို ဧည့်ခန်းဆောင်သို့ ဦးဆောင်ခေါ်သွားလေသည် “ခင်ဗျားတို့က အပြင်ကလာ တယ်လို့ကြားတယ် ဒီကိုရောက်လာမှတော့ ကြာကြာလေးနေကြပေါ့”

“ဒါက… ခင်ဗျားကို အနှောင့်အယှက်ပေးသလို မဖြစ်ဘူးလား” ရှီမာရှုံ့ချီ ပြောလိုက်သည် “ဒီကိုလာရတဲ့ အရေးအကြီးဆုံးကိစ္စက ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကိုတက်ဖို့ပဲလေ၊ အခုတွေ့ဆုံပွဲလည်းပြီးပြီဆိုတော့ အချိန်တန်ရင် ပြန်ရမှာပဲ”

“အချိန်နည်းနည်းရသေးတယ်မဟုတ်ဘူးလား၊ ကျုပ်တို့ ဝူမျိုးနွယ်မှာ နှစ်ရက်လောက်ပဲ နေလိုက်ပါ၊ ဒီမှာက ဘယ်သူနဲ့မှလည်း ရင်းနှီးတာမဟုတ်ဘူး အဲတော့ ဘာလို့ ဒီမှာမနေတာလဲ” ခေါင်းဆောင်ဝူသည် နွေးထွေးစွာပြောလေ သည်။

“အဲလိုဆိုလည်း ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ရှီမာယူယူသည် ကျိုးနွံစွာပင် ထိုင်လိုက်သည်။ သူမသည် အဘိုးဖြစ်သူနှင့် ခေါင်းဆောင်ဝူတို့၏ ကျီစားမှုများကို နားထောင်မနေပေ။ ရုတ်တရက် သူမ စိတ်ထဲတွင် လေးထင့်လာသည်။

ဝူမျိုးနွယ်…(၁)၊(၂) ထိုမျိုးရိုးနာမည်နှစ်ခုသည် မတူပေ။ တစ်ခုနှင့်တစ်ခု မှာ အလွန်ကွဲပြားကြသည်။ သို့သော် သူမသည် မသိစိတ်မှတွေးမိနေတုန်းပင်။

ဝူလင်းယူသည် အဘိုးနတ်ဆိုးမိုမှ ကောက်ယူခဲ့သော ကလေးပင်ဖြစ်၏။ သူ မည်သည့်နေရာမှလာသည် သူ၏ နာမည်အရင်းမှာ မည်သို့ဖြစ်သည်ကို တော့ သူမ မသိပေ။ အဘိုးနတ်ဆိုးသည် အသက် တစ်နှစ် နှစ်နှစ်အရွယ် ဝူလင်းယူကို အသက်ဘယ်လောက်လဲဟု မေးရာတွင် သူသည် ‘ဝူ’ ဟုသာပြန် ပြောခဲ့သဖြင့် ဝူလင်းယူဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု အဘိုးနတ်ဆိုးပြောဖူး သည်။

ထိုစဉ်က သူသည် အလွန်ငယ်ရွယ်သည်။ အဲဒီတော့ သူပြောတဲ့ ‘ဝူ’ က ဘာစာလုံးလဲ။

အတွေးလွန်သည်မှာ သူမ အပြစ်မဟုတ်ပေ။ တကယ်ပင်… ခေါင်းဆောင် ဝူနှင့် ဝူလင်းယူတို့သည် အလွန်ပင် တူသည် ထို့အပြင် ဝူမျိုးနွယ်သည် သူမကို ရင်းနှီးသော ခံစားချက်ကို ပေးနိုင်သည်။

သူမ အခုမှ စဉ်းစားမိသည်။ ထိုကျောက်ခြင်္သေ့မှာ ဘာကြောင့် ရင်းနှီး သလိုခံစားရသည်ကို သိသွားလေပြီ။ သူမသည် ထိုကဲ့သို့ ကျောက်ခြင်္သေ့ကို ဝူလင်းယူ၏ လောကအသေးတွင် မြင်ဖူးသည်။ သို့သော် ထိုအရာသည် လက်သီးဆုပ် အရွယ်အစားသာရှိသည်။

ထိုအရာသည် သူနှင့် မလိုက်ဖက်ဟု သူမ သူ့ကိုပြောခဲ့ဖူးသည်။ သူ နောက်မှ ပြန်ပြောသည်မှာ ထိုကျောက်ရုပ်ထုသည် သူငယ်စဉ်က မှော်ဝင် လက်စွပ်အတွင်းမှ တွေ့ခဲ့သည့်ပစ္စည်းဖြစ်သည်ဟုပင်

အဲဒါကြောင့်ကိုး…

ဝူမျိုးနွယ်နှင့် ဝူလင်းယူတို့ ဆက်နွယ်မှု ရှိမရှိကို သူမ မသိပေ။ သို့သော် သူမသည် တစ်ခုခုပြောလိုက်ရန် အစီအစဉ်မရှိပေ။ သူမသည် သူ့ကိုနောက်မှ ပြောရမည်။ သူ စုံစမ်းချင်ပါက သူကိုယ်တိုင်လုပ်လိမ့်မည်။ သူ မလုပ်ချင်ပါက လည်း ဤအခြေအနေကို ကျော်သွားပေးမည်ဖြစ်သည်

သူမ စဉ်းစားပြီးရင်း စဉ်းစားကာ ဘာမှထုတ်မပြောတော့ပေ။ သူမသည် ဆရာဖြစ်သူတို့ အရင်က ဤနေရာသို့လာဖူးသည်ကို ပြန်တွေးမိပြီး ရှီမာရှုံ့ချီနှင့် ခေါင်းဆောင်ဝူတို့ စကားစပြတ်နေချိန်တွင် မေးလိုက်သည် “ခေါင်းဆောင်ဝူ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲတုန်းက ရှုဂျင်းနဲ့ ဟော်လန်တို့က ခေါင်းဆောင် ရဲ့ အိမ်တော်ကို လာခဲ့တယ်လို့ ကြားခဲ့တယ်”

ခေါင်းဆောင်ဝူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ဝန်ခံတော့သည် “လာခဲ့တယ် အဲတုန်းက ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ ပြီး သွားတဲ့အချိန်ပဲ ကျုပ် သူတို့ကိုလည်း ဖိတ်ခဲ့တယ် အဲတုန်းက သူတို့ကို ဖိတ်တဲ့ လူအရမ်းများတာ ဒါပေမဲ့ ကျုပ်တို့ကိုပဲ အဖြေပြန်ပေးခဲ့တယ် ဒါပေမဲ့ သူတို့က နေ့တိုင်းကိုတော့သွားနေတာပဲ”

“ဒါဆိုရင် သူတို့ ဒီကိုလာတုန်းက ဘာမှမပြောဘူးလား” ရှီမာယူယူ မေး လိုက်သည်။

“ဘာမှမပြောဘူးလား” ခေါင်းဆောင်ဝူသည် ရှီမာယူယူကို နားမလည် သလိုကြည့်လိုက်သည် “သူတို့က လာပြီးတော့ အလ္လပသလ္လပပြောရုံပဲ သူတို့ကို ကျုပ်တို့မျိုးနွယ်ထဲဝင်ဖို့ပြောပေမဲ့ သူတို့လက်မခံကြလို့ ထပ်မပြောတော့ဘူး ပြီးတော့ သူတို့ထွက်သွားကြတာပဲ”

“ဒါဆိုရင် သူတို့ဘယ်သွားမယ်လို့ ပြောတာတို့ မေးတာတို့ရော လုပ်သွား သေးလား” ရှီမာယူယူ မေးလိုက်သည်။

“မိန်းကလေးရှီမာက သူတို့ကို စိတ်ဝင်စားနေတဲ့ပုံပဲ” ခေါင်းဆောင်ဝူ ပြောလိုက်သည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ကျွန်မ ခေါင်းဆောင်ကို မဖုံးကွယ်‌ တော့ပါဘူး ဂိုဏ်းတုန်းက ရှုဂျင်းက ကျွန်မဆရာဖြစ်ပြီး ဟော်လန်က ကျွန်မရဲ့ ဆေးပညာဆရာပါ၊ ပျောက်ဆုံးနေတဲ့ နေရာကိုလာပြီးတော့ သူတို့နဲ့ အဆက် အသွယ်ပြတ်သွားတယ်၊ ဒီတစ်ခေါက်က ကျွန်မဆရာကိုရှာဖို့လာတာပါ”

“ဟော်လန်က မင်းရဲ့ဆေးပညာဆရာလား” ခေါင်းဆောင်ဝူသည် အံ့ဩ သွားသည်။ သို့သော် သူသည် နားလည်သွားသည့်ပုံပင်။

အဲဒါကြောင့် သူတို့က လူနာတွေကို တစ်ချိန်တည်းကုနိုင်တာကိုး။ သူတို့ က အဆက်အစပ်ရှိနေကြတာပဲ။

“ဒီသုံးယောက်က ကျွန်မရဲ့ စီနီယာတွေပါ သူတို့လည်း ဆရာ့ကိုစိုးရိမ်နေ ကြတယ် အဲဒါကြောင့် သူတို့လည်းလိုက်လာကြတာ၊ ခေါင်းဆောင်ဝူက တစ်ခုခုသိတာရှိရင် ကျွန်မတို့ကို ပြောပြပါလား” ရှီမာယူယူသည် စိတ်အား ထက်သန်စွာ ပြောလေသည်။

“သူတို့ တစ်ခုခုပြောခဲ့သလားဆိုရင် မေးခွန်းတချို့မေးခဲ့တာပဲရှိတယ်” ခေါင်းဆောင်ဝူသည် ထိုစဉ်ကအဖြစ်ကို ပြန်တွေးလိုက်သည် “ကျုပ်တို့ ဘိုးဘေးကြီးက တစ်ခါ အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်ရှိဖူးတယ်၊ အဲဒါကြောင့် ဘိုးဘေးကြီးက အဲဒီခန္ဓာကိုယ်ပြဿနာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းလဲလို့ သူတို့မေးကြတယ်”

ရှီမာယူယူနှင့် ကျန်းကျူးရှန့်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထိုစဉ်က သူတို့သည် ရှီမာယူယူ၏ ခန္ဓာကိုယ်အတွက် အဖြေရှာရန် ကြိုးစားခဲ့ ကာ ဤနေရာတွင် အဖြေရှိသည်ဟု ဆိုခဲ့သည်။ သူတို့သည် အဖြေရှာရန် အတွက် ဤနေရာအထိလာလိမ့်မည်ဟု ထင်မထားပေ။

သူတို့ ဘာမှမပြောကြသဖြင့် ခေါင်းဆောင်ဝူ ဆက်ပြောလေသည် “ကျုပ် တို့ဘိုးဘေးကြီးမှာ တကယ်ပဲ အဲလိုခန္ဓာကိုယ်ရှိခဲ့တယ် ဒါပေမဲ့ အဲဒါကလွန်ခဲ့ တဲ့ နှစ်ပေါင်းသောင်းချီကကိစ္စလေ ဘယ်လိုဖြေရှင်းလိုက်လဲဆိုတာကို ကျုပ်တို့ က ဘယ်လိုလုပ်သိမှာလဲ အဲဒါကြောင့် တောင်းပန်စကားပဲပြောရတော့တာပေါ့”

“ဒါဆိုရင် ဘိုးဘေးကြီးက သူ့ရဲ့ခန္ဓာကိုယ်ကြောင့် သေဆုံးသွားခဲ့တာလား” ရှီမာလျူရွှမ် မေးလိုက်သည်။

“မဟုတ်ဘူး သူက အဲဒီခန္ဓာကိုယ်ကိစ္စနဲ့ ပတ်သက်ပြီး လျှို့ဝှက်နည်း တချို့သုံးပြီး ဖြေရှင်းခဲ့တယ်၊ ဒါပေမဲ့ သူ နတ်ဆိုးမျိုးနွယ်ကိုဝင်သွားတာ” ခေါင်းဆောင်ဝူ ပြောလိုက်သည်။

ရှီမာယူယူ၏ ရင်ခုန်သံများ မြန်လာသည်။

လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ…. အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်… မိုမျိုးနွယ်…. ဝူမျိုးနွယ်ရဲ့ ဘိုးဘေးကြီးက မိုရှားတော့ မဖြစ်နိုင်ပါဘူးနော် ဟုတ် တယ်မလား။ တကယ်သာ အဲလိုဆိုရင် မိုရှားနဲ့ ဝူလင်းယူတို့က…

“ခေါင်းဆောင်ဝူ အဲနေ့က ဆရာတို့က နောက်ထပ် ဘယ်နေရာကိုသွား မယ်လို့ ပြောသွားသေးလဲ” ဟန့်မြောင်ရွှမ်၏ စကားသည် သူမ၏ အတွေးရထား ကို ပြတ်သွားစေသည်။

“ကျုပ်တို့မှာ အဖြေမရှိဘူးလို့လည်း သူတို့ကြားရော စိတ်ပျက်သွားကြ တာပဲ၊ ပြီးတော့ သူတို့ အစီအစဉ်ကို ကျုပ်မေးတော့ သူတို့လည်းမသိသေးဘူး လို့ပြောသွားတယ်၊ သူတို့က တကယ်ပဲ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲမသိဘူး ဖြစ်နေတာ၊ အဲလိုဆိုမှတော့ သူတို့လည်း ဒီနေရာမှာမနေတော့ဘဲ ထွက်သွားဖို့ စီစဉ်ကြတယ်၊ အဲဒါကြောင့် သူတို့ ပျောက်သွားတယ်လို့သာ မပြောရင် ထွက် သွားလိုက်ပြီလို့ပဲ ကျုပ်ကထင်လိုက်တော့မှာ”

သူ ပြောနေသည်မှာ အမှန်ဖြစ်သည်ကို ရှီမာယူယူ သိသည်။ ရှုချင်းတို့ သည် အမှန်တကယ်ပင် ဤနေရာတွင်မရှိပေ။ ပြီးခဲ့သည့်တစ်ခေါက် လှေသမား ထွတ်ပြောပုံအရ ဟောမျိုးနွယ်သည် သံသယဝင်စရာပင်ဖြစ်သည်။

သူတို့သာ ဤအကြောင်းသဖြင့် များစွာစိတ်ပျက်ခြင်းမရှိပေ။ သည်လိုနှင့် သူတို့သည် ဝူမျိုးနွယ်၏ နွေးထွေးသောကြိုဆိုမှုကိုလက်ခံကာ သူတို့အတွက် လိပ်မည်းမြို့တော်သို့ လာရန် ဆင်ခြေတစ်ခုဖြစ်ခဲ့သည်။

နောက်ရက်များတွင် သူတို့သည် ဝူမျိုးနွယ်တွင်နေကြကာ ဝူမျိုးနွယ်၏ သမားတော်များ အဂ္ဂိရတ်ပညာရှင်များ၏ မေးခွန်းကို ဖြေပေးကြသည်။ သူတို့ သည် အေးအေးဆေးဆေးပင် ရက်များကို ဖြတ်သန်းကြသည်။

လျင်မြန်စွာပင် ပထမရသော သမားတော်သည် ဝူမျိုးနွယ်ဆီသို့သွားကာ ဧည့်သည်အဖြစ် နေထိုင်နေသည်ဆိုသည့် ကောလဟလများ ပျံ့လာရာ သူမ သည် ရက်ပေါင်းများစွာ မထွက်တော့ပေ

သူတို့သည် ဤနေရာတွင် သင့်မြတ်သော ဆက်ဆံရေးကို သဘောကျနေ ကြကာ တစ်ဖက်မှလူများသည် စိတ်မကောင်းဖြစ်ကြသည်။ သူတို့သည် ဖိတ်စာ ပို့လိုက်သော်လည်း ပြိုင်ဘက်ဖြစ်သော ဝူမျိုးနွယ်သို့ သွားခဲ့ကြသည်။ မိသားစုခေါင်းဆောင်ဟော၏ မျက်နှာမှာ အလွန်မည်းနက်နေည်။

“ခေါင်းဆောင် ရှီမာယူယူရဲ့ ဆေးပညာက တကယ်ပဲ ထူးချွန်တယ်၊ အထူးသဖြင့် သူမရဲ့ အပ်စိုက်ကုထုံးပဲ၊ သူမသာ အဲပညာကို ကျုပ်တို့ ဟော မျိုးနွယ်ကိုပေးနိုင်ရင် ကျုပ်တို့ဆေးပညာက အများကြီးခုန်တက်သွားမှာပဲ” လူ တစ်ယောက်ပြောလေသည်။

“ဟုတ်တယ် အစကတည်းက သူမရဲ့ အပ်စိုက်ကုထုံးကို ကြားဖူးတယ် ဒါပေမဲ့ မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ဖူးဘူး၊ ဒီတစ်ခေါက်တော့ ကျုုပ် မျက်စိပွင့် သွားတယ်” လူတစ်ယေဦက်ပြောလေသည် “အဲဒီမှာ ကျုပ်စီစဉ်ပေးတဲ့ လူနာ တချို့ပါတယ်၊ သူတို့ အခြေအနေကို ကျုပ်ကောင်းကောင်းသိတယ်၊ ဒီလောက် ရက်နည်းနည်းလေးနဲ့ သူတို့က နဂိုအခြေအနေအတိုင်း လုံးဝပြန်ကောင်းလုနီး ပါးပဲ”

“ခေါင်းဆောင် ကျုပ်တို့ နည်းလမ်းဟောင်းကိုပဲ သုံးရတော့မှာလား”

(၁) ခေါင်းဆောင်ဝူရဲ့ မျိုးရိုးနာမည် ဝူက吴 ဖြစ်ပြီး ဝူလင်းယူရဲ့ မျိုးနွယ် နာမည်ဝူက 巫 ဖြစ်ပါတယ်။

(၂) 吴 နဲ့ 巫 တို့က အရေးအသားကွဲပြီး အသံကတော့ ဝူလို့ပဲအသံထွက် ပါတယ်။

***

All Chapters