← Chapters

အကျဉ်းသားခေါ်လာခြင်း

Vol. 117 Ch. 1635

အကျဉ်းသားခေါ်လာခြင်း

Vol. 117 Ch. 1635

နည်းလမ်းဟောင်းဆိုသည်မှာ သူတို့လုပ်နေသည့် လက်ပြန်နည်းလမ်းကို ဆိုလိုခြင်းဖြစ်သည်။

တကယ်မှာ လတ်တလောတွင် ပျောက်သွားသော အပြင်လူများစွာရှိကြ သည်။ ထိုအဖြစ်ကို သတိထားမိသူများလည်းရှိကြကာ တချို့မှာ စုံစမ်းနေပြီဖြစ် သည်။

ထို့ကြောင့်ပင် အကျဉ်းအကြပ်အခြေအနေတွင် ဟောမျိုးနွယ်သည် လူမသိအောင် နေသင့်သည်။ သို့သော် ရှီမာယူယူ၏ အပ်စိုက်နည်းလမ်းမှာ အလွန်ဆွဲဆောင်နိုင်ပြီး သူတို့သည် ထိုဖြားယောင်းမှုကို လွန်ဆန်ရန်မတတ်နိုင် ပေ။

ထိုအချိန်မှာပင် ရှီမာယူယူသည် သူတို့အကြံကို သိသွားသည်။ သည်လိုနှင့် နောက်နေ့မနက်တွင် ရှီမာယူယူသည် သူမ လူများကိုခေါ်သွားကာ နှုတ်ဆက်ပြီးနောက် လူပြတ်သည့်နေရာသို့သွားကာ ဝိညာဉ်စေတီအတွင်းသို့ ထည့်ထားလိုက်သည်။ ထို့နောက် သူမသည် လမ်းများဆီသို့ အေးဆေးစွာပင် လျှောက်သွားတော့သည်။

သူမသည် ဆေးပင်ဆိုင်သို့ဝင်ပြီး လိုအပ်သည့် ဆေးပါဝင်ပစ္စည်းများကို စတင်ရှာတော့သည်။

“ဧည့်သည်တော် ဘာများကူညီပေးရမလဲ ဘာဆေးပင်ကိုရှာနေတာလဲ” ဆိုင်တာဝန်ခံသည် ထွက်လာသည်။ သူ၏ အပြုအမူမှာနွေးထွေးပြီး လုံ့လရှိ၏။

“အတိအကျကြီး လိုချင်တာတော့မရှိပါဘူး ဒီအတိုင်းပဲ ကျွန်မလိုချင်တဲ့ ထူးခြားတဲ့ဆေးပင်တွေ ဒီမှာရှိမလားလို့ ကြည့်ချင်တာပါ” ရှီမာယူယူသည် ထိုမျှ သာ ပြောလိုက်သည်။

ဆိုင်တာဝန်ခံသည် ကြည့်လိုက်သည်နှင့် အပြင်လူဖြစ်ကြောင်းကို သိပြီး ပြုံးကာ ပြောလေသည် “ဧည့်သည် ကျွန်တော်တို့ ကျွန်းမှာပဲရနိုင်တဲ့ ဆေးပင်ကို ပြောတာဖြစ်မယ် ဟုတ်လား”

“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဖြစ်နိုင်မယ်ဆိုရင် ရှေးကျလေလေ ပိုကောင်းလေလေပဲ”

“အဲဒီဆေးပင်တွေက ကျွန်တော်တို့ကျွန်းမှာပဲရတဘ်၊ ပြီးတော့ အရမ်း အဖိုးတန်ပြီး ဒုတိယအထပ်မှာပဲရတယ်” ဆိုင်တာဝန်ခံသည် နွေးထွေးစွာပြော လေသည်။

ရှီမာယူယူသည် ထိုဆေးပင်များကို ကြည့်ရာ သာမန်ဖြစ်လွန်းသည်ကို တွေ့လိုက်ရသည်။ လှည့်ပတ်ကြည့်ပြီးနောက် သူမ စိတ်ဝင်စားလောက်သည့် အရာမတွေ့ပေ။

“အဖိုးတန်တွေက ဒုတိယအထပ်မှာရှိတယ်ဆိုတော့ ဒုတိယအထပ်ကို သွားကြည့်တာပေါ့”

“ဧည့်သည် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ”

ဆိုင်တာဝန်ခံသည် သူမကို ဒုတိယအထပ်သို့ခေါ်သွားပြီး ကျွန်းမှ တားမြစ်ထားသော ဆေးများထားရှိရာ နေရာသို့ ဦးဆောင်ခေါ်သွားလေသည်။ သူ ပြောလေသည် “ဧည့်သည် ဒီနေရာပါ”

ရှီမာယူယူ ကြည့်လိုက်သည်။ ထိုဆေးပင်များသည် အောက်ထပ်မှ ဆေးပင်များထက် သာလွန်သည်။

“ဒါကငွေရေပင်လား” သူမသည် ပင်ရိုးတစ်ခုကို ကောက်ပြီး စစ်ဆေး လိုက်သည်။

“ဟုတ်ပါတယ် နှစ်တစ်ရာသက်တမ်းရှိ ငွေရေပင်ပါ” ဆိုင်တာဝန်ခံ ပြန် ဖြေလေသည်။

“နှစ်တစ်ရာသက်တမ်းက ဒီမှာဆိုရင် ရှားတယ်လို့ ပြောလို့ရတာလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလေသည်။

“ငွေရေပင်က ကျွန်းမှာ အတွေ့များပါတယ်၊ သူ့ရဲ့အသုံးဝင်မှုက စွယ်စုံရ လို့ တော်တော်များများက သုံးကြပါတယ်၊ အလိုအပ်ဆုံးဖြစ်လို့လည်း အများစု က တူးပြီးတာနဲ့သုံးလိုက်တာပဲ၊ ဒီလိုသက်တမ်းကို ရဖို့ဆိုတာ ရှားတယ်လို့ ပြော လို့ရပါတယ်” ဆိုင်တာဝန်ခံပြောလေသည်။

“သိပါပြီ” ရှီမာယူယူသည် နားလည်ပြီးနောက် ငွေရေပင်ကို ချလိုက်ကာ နောက်ဆေးပင် သေတ္တာဆီသို့ သွားလေသည်။

သူမသည် ဆေးပင်တစ်မျိုးကိုတွေ့သည်နှင့် မေးခွန်းမေးလိုက်ရမှပင်။ ဆိုင်တာဝန်ခံသည် သူမ မေးသမျှကို စိတ်ရှည်စွာဖြေပေးပြီး အထူးသဖြင့် သူမ စိတ်ဝင်စားသည့် ဆေးပင်အကြောင်းများကို ကောင်းမွန်စွာ ရှင်းပြသည်။

“ကျွန်မရွေးထားတဲ့ အဲဒီဆေးပင်တွေကို ထုပ်ပေးပါ” ရှီမာယူယူ ပြော လိုက်သည်။

“ကောင်းပါပြီ” ဆိုင်တာဝန်ခံသည် ဆေးပင်များကို ထုပ်ပိုးပြီးနောက် တစ်စုံတစ်ရာကို တွေးမိသည့်အလား လှည့်လာပြီး ရှီမာယူယူကို ပြောလေ သည် “ဧည့်သည် ဒီနေ့မှရောက်ပြီး မခင်းရသေးတဲ့ ဆေးပင်တွေရှိသေးတယ်၊ အဲဒါတွေကလည်း ရှားတယ် ကြည့်ချင်လား”

“ရှားတဲ့ဆေးပင်ဟုတ်လား၊ ဒါဆို ကျွန်မကိုပြပေးပါ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။

ဆိုင်တာဝန်ခံသည် အောက်ထပ်သို့ ဆင်းသွားပြီး နှစ်မိနစ်မပြည့်ခင်မှာ ပင် ပြန်လာသည်။ သူ့လက်ထဲတွင် သေတ္တာတစ်လုံးပါလာသည်။

ထိုသေတ္တာမှာ အလွန်လက်ရာကောင်းပြီး ရှုပ်ထွေးသော ဒီဇိုင်းများရှိနေ သည်ကို ရှီမာယူယူ မြင်လိုက်ရသည်။

ကျောက်စိမ်းသေတ္တာထဲတွင် ဆေးပင်အများအပြားရှိသည်။ ဆိုင်ထဲတွင် လည်း ထိုကဲ့သို့ သေတ္တာအမျိုးအစားများစွာရှိသည်။ ရှီမာယူယူသည် ထို သေတ္တာများကို အမှန်တကယ် စိတ်ဝင်စားမိသည်။

“ဒီထဲမှာ ဘာဆေးပင်ရှိတာလဲ” သူမသည် စပ်စုစွာဖြင့် မေးလိုက်သည်။

“ဧည့်သည် ဖွင့်ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်” ဆိုင်တာဝန်ခံသည် သူမ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရှီမာယူယူသည် သူ့ကို သံသယမဝင်တော့ဘဲ သေတ္တာကိုဖွင့်လိုက်သည်။ သို့သော် အထဲမှဆေးပင်ကို မတွေ့ရင်မှာပင် မီးခိုးဖြူများ ထွက်လာသည်။ သူမ သည် ရုတ်တရက် အနံ့တစ်ခုခုရလိုက်သလို ခံစားလိုက်ရကာ မတုံ့ပြန်နိုင်ခင်မှာ ပင် စားပွဲပေါ်သို့ လဲကျသွားတော့သည်။

သူမ မေ့လဲသွားသည်ကို ကြည့်ပြီး ဒုတိယအထပ်ရှိ အခန်းတစ်ခန်းမှ တံခါးပွင့်လာသည်။ အခန်းမှထွက်လာသော လူသုံးယောက်ထဲမှ ကိုယ်ရံတော် ဟု ယူဆရသော လူတစ်ယောက်လျှောက်လာသည်။

“ပြီးပြီလား” ကိုယ်ရံတော်မှ မေးလိုက်သည်။

ဆိုင်တာဝန်ခံသည် ချက်ချင်းပင် သူ၏ နွေးထွေးသော မျက်နှာထားကို တည်တံ့လိုက်ပြီး သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။

အစောင့်နှစ်ယောက်သည် ရှီမာယူယူ ဘေးသို့လာပြီး တစ်ယောက်မှာ သူမကို လက်မောင်းမှ ကောက်ယူသွားပြီး အစောကအခန်းဆီသို့ ဝင်သွားလေ သည်။ သူတို့သည် အသံမထွက်ဘဲ ဒုတိယအထပ်မှ ပျောက်ကွယ်သွားလေ သည်။

ရှီမာယူယူ နိုးလာသောအခါ ခေါင်းကိုက်နေပြီး တစ်ကိုယ်လုံးမှာ အားမရှိ သလိုခံစားရသည်။ သူမသည် လက်ကိုဆန့်တန်းကာ နားထင်ကိုပွတ်လိုက်ချင် သော်လည်း လုပ်မရဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သို့သော် သူမသည် ကျေနပ်သွားသလို သဲ့သဲ့ပြုံးလိုက်သည်။

“ဟင်း ရူးလိုက်တဲ့မိန်းမ ဒီလိုအခြေအနေဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲ လုပ်တယ်၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တာအပြင် တခြားနည်းလမ်းမရှိ တော့ဘူးလား” မီအာ၏ အသံသည် တစ်ဖက်မှထွက်လာကာ သူမ၏ပုံစံငယ် သည် အိပ်ယာဘေးတွင် ပေါ်လာသည်။

ရှီမာယူယူသည် သူ့စကားများထဲမှ ဝေဖန်မှုများကို လျစ်လျူရှုပြီးပြော လိုက်သည် “ဒါက တည့်တိုးအဖြစ်ဆုံး နည်းလမ်းပဲ”

“ဟင်း ဒါဆိုလည်း သွားလိုက်လေ” မီအာသည် မပျော်ရွှင်စွာဖြင့် ပြော‌ လေသည် “ဘာဆေးလဲ”

“လိမ္မော်နီနဲ့ဟာ” ရှီမာယူယူ ပြောလိုက်သည်။

မီအာသည် လိမ္မော်နီဆေးကို ထုတ်ပြီး သူမ ပါးစပ်ထဲသို့ ထည့်ပေးလိုက် သည်။ လျင်မြန်စွာပင် သူမသည် တစ်ကိုယ်လုံးကို ပြန်ထိန်းချုပ်နိုင်သွားတော့ သည်။

သူမ၏ ခန္ဓာကိုယ်သည် အဆိပ်ကို သူ့ဘာသာသူ ကုစားသွားနိုင်ရာ သူမ သည် အိပ်ယာပေါ်တွင် ထထိုင်ပြီး အခန်းကို စစ်ဆေးကြည့်လိုက်သည်။

အခန်းမှ မကြီးလှပေ။ ရိုးရှင်းစွာပင် ပြင်ဆင်ထားသည်။ သို့သော် ပစ္စည်း များမှာ အရည်အသွေးမြင့်ပစ္စည်းများဖြစ်ကြသည်

သူမသည် အဆိပ်မိထားပြီး ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမဲ့နေ၍လား မသိပေ… တံခါးတွင် အစောင့်တစ်ယောက်မှ ရှိမနေပေ။

“ဟောမျိုးနွယ်က တကယ်ပဲ ဘဝကိုပျော်မွေ့တတ်တာပဲ” ရှီမာယူယူ  ဖော်ပြလေသည်။

“ဟင်း” မီအာသည် သူမနှင့် အလိုက်ပြန်ဖြေပေးသည်။

“ဆရာတို့က ဘယ်မှာလဲမသိဘူး”

သူတို့လည်း သူမလိုမျိုး နေရာမှာပဲ ပိတ်ထားခံနေရတာလား။

“စဉ်းစားမနေနဲ့တော့ ငါတို့ဝင်လာကတည်းက အကုန်လုံးကို စစ်ကြည့် ပြီးပြီ၊ ဒါကခြံဝန်းသေးတစ်ခုပဲ ဒီမှာ မင်းတစ်ယောက်တည်းရှိတယ်” မီအာ ပြောလိုက်သည်။

ရှီမာယူယူသည် ကြားလိုက်သောအခါ ထိတ်လန့်သွားသည်။ သူမကို တစ် ယောက်တည်း ပိတ်ထားတယ်ဟုတ်လား။  ဒါဆိုရင် သူမကံက အဲလောက်မဆိုး သေးဘူးပဲ။ သူတို့က သူမကို ချက်ချင်းပိတ်ထားလိုက်ပြီ။

သူမ စဉ်းစားကြည့်ရာ အမှန်ပင်ဖြစ်နေသည်။ သူမသည် ဟောမျိုးနွယ်ဝင် တစ်ယောက်မှကို မတွေ့ရပေ။ သူမသာ သူတို့ဆီသို့ ဝင်လိုက်ပါက သူတို့သည် လျှို့ဝှက်နေရာသို့ ခေါ်သွားပြီး ပိတ်ထားမည်မဟုတ်ပေ။ နောက်မှ သူမကို ခေါ် တွေ့ပြီး ဝင်လိုသည် မဝင်လိုသည်ကို အတည်ပြုပြီးမှ ထိုအကျဉ်းခန်းသို့ပို့လျှင် လည်း နောက်မကျသေးပေ။

သည်လိုနှင့် သူမသည် စိတ်ငြိမ်ငြိမ်ထားကာ ဟော်မျိုးနွယ်ဝင်များ ပေါ် လာမည်ကို စောင့်နေလိုက်သည်

သူမကို စိတ်မပျက်စေပေ။ နောက်တစ်နေ့တွင် ဟောမျိုးနွယ်ဝင်များ ပေါ် လာသည်။ သူတို့သည် ရှီမာယူယူ နိုးလာသည်ကို မြင်သောအခါ မအံ့ဩကြပေ။

“ရှင်တို့က ဘယ်သူတွေလဲ” ရှီမာယူယူသည် အိပ်ယာပေါ်တွင် လှဲနေကာ အားနည်းပြီး ဘာမှမတတ်နိုင်သည့်ပုံပေါ်သည်။

“ကျုပ်က ဟောမျိုးနွယ်ခေါင်းဆောင်… ခေါင်းဆောင်ဟောပဲ”

“ဟောမျိုးနွယ်ဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ရှင် တို့ ကျွန်မကို ဘာလို့ဒီကိုခေါ်လာတာလဲ”

ဟောကျိသည် သူမ မေးခွန်းကိုပြန်မဖြေဘဲ သူမ၏ အိပ်ယာဘေးသို့ လျှောက်သွားပြီး ခေါင်းငုံ့ကာ သူမကိုကြည့်လေသည်။ သူ ရယ်မောလိုက်သည် “မိန်းကလေးယူယူ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲမှာ ပထမရခဲ့တယ်၊ မင်းကို ဂုဏ်ပြုဖို့ အခွင့်အရေးမရခဲ့ဘူး”

ရှီမာယူယူ၏ အမူအရာမှာ အေးစက်သွားပြီး နှာရှုတ်လိုက်သည် “လူတစ် ယောက်ကို အဆိပ်ခတ်ပြီး မေ့အောင်လုပ်လိုက်တယ်၊ ဒါကဟောမျိုးနွယ်က ဂုဏ်ပြုတဲ့ပုံစံလား အဲလိုဆိုရင် ကျွန်မက ဂုဏ်ပြုမခံရဲပါဘူး”

***

All Chapters