ခေါင်းစဉ်မဲ့
Vol. 117 Ch. 1636
ဟောကျိသည် သူမ ပြောလိုက်သည့်စကားကြောင့် ဒေါသထွက်ခြင်းမရှိ ဘဲ မျက်နှာတွင် နွေးထွေးသော အပြုံးပင်ဖြစ်သွားသေးသည်။
“တကယ်တော့ ကျုပ်တို့က မင်းကို ကောင်းကောင်းလေး ပြုစုချင်တာပါ ဒါပေမဲ့ မင်းကို ဖိတ်စာသုံးခါပို့ပြီးတာတောင် မင်းဘက်က ဘာမှပြန်မတုံ့ပြန် လာဘူးလေ”
ရှီမာယူယူသည် သူနှင့် မဖြေရှင်းလိုတော့ကာ ပြောလိုက်သည် “ရတယ် လေ ဘာမှမပြောစရာမရှိတော့ဘူး၊ ကျွန်မကို ဘာရည်ရွယ်ချက်နဲ့ ဒီကိုခေါ်လာ တာလဲ၊ ရှင်တို့က ကျွန်ကို ဂုဏ်ပြုပေးရုံသက်သက်တော့ ဒီကိုခေါ်လာတာ မဖြစ်နိုင်ဘူး တည့်တည့်ပဲပြောလိုက်ပါ ကျွန်မက ခန့်မှန်းရတာကိုမကြိုက်ဘူး”
“မိန်းကလေးယူယူက ပွင့်လင်းပြီး တည့်တိုးပြောတတ်တဲ့လူဖြစ်လိမ့် မယ်လို့ ကျုပ်ထင်မထားဘူးပဲ” ဟောကျိ ဆက်ပြောလေသည် “ဒါဆိုလည်း ကျုပ်လှည့်ပတ်ပြောမနေတော့ပါဘူး ကျုပ်တို့ဟောမျိုးနွယ်ကို ဝင်နိုင်မလားလို့ မင်းကိုမေးဖို့ ဖိတ်လိုက်တာပါ”
သူသည် ရပ်ပြီး ရှီမာယူယူ၏ တုံ့ပြန်ချက်ကို ကြည့်သည်။ သို့သော် သူမ သည် မည်သည့်တုံ့ပြန်ချက်မှမပြုပေ။
“မင်းသာ ဟောမျိုးနွယ်ကို ဝင်တာနဲ့ မင်းကိုဧည့်သည်အကြီးအကဲဖြစ်ခွင့် ပေးမယ်၊ လက်ဆောင်နဲ့ တန်ရာတန်ကြေးလည်း မလျော့စေရသလို ဟော မျိုးနွယ်ကိုလည်း ရာထူးအမြင့်နဲ့ဝင်လာလို့ရမယ်” ဟောကျိ ပြောလိုက်သည်။
ရှီမာယူယူသည် အဖက်မလုပ်ဘဲ နေတုန်းပင်။
“မင်းက ပျောက်ဆုံးနေတဲ့နယ်မြေကို ရောက်နေမှတော့ အံ့ဖွယ်မျိုးနွယ် ရဲ့ ဆက်ခံသူတွေကို သိမှာပေါ့”
ရှီမာယူယူသည် မျက်လုံးပင့်ပြီး သူ့ကိုကြည့်ပြီး ပြောလိုက်သည် “သိတယ်”
သူမသည် အံ့ဖွယ်မျိုးနွယ် အကြောင်းကို စိတ်ဝင်စားပြီး ပြန်တုံ့ပြန်လာ သည်ကို ဟောကျိသိလိုက်ရသည်။ သူ ဆက်ပြောလေသည် “မင်းက အံ့ဖွယ် မျိုးနွယ်အကြောင်းသိမှတော့ အံ့ဖွယ်မျိုးနွယ်ရဲ့ မျိုးဆက်အကြောင်းလည်း သိမှာပေါ့”
“အဲတော့ဘာဖြစ်လဲ” သူမ၏ အသံမှာ လျစ်လျူရှုသံပေါက်တုန်းပင်။ အံ့ဖွယ်မျိုးနွယ်၏ ဆက်ခံသူများဟု ကြားရသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိ ပေ။
သူမသည် အံ့ဖွယ်မျိုးနွယ်၏ ဆက်ခံသူများအကြောင်း သိရုံတင်မကဘဲ အဆက်အစပ်ပါ ရှိနေသေးသည်။
“မင်းသိလား ဟောမျိုးနွယ်က အံ့ဖွယ်မျိုးနွယ်ရဲ့ ဆက်ခံသူတွေပဲ” ဟောကျိသည် အရှက်ကင်းမဲ့စွာဖြင့် ဆွေမျိုးစပ်လေသည်။
ရှီမာယူယူသည် နောက်ဆုံးတွင် မျက်လုံးများ လှုပ်ရှားလာသည်။ အကြောင်းမှာ သူထင်သလို ငါးစာဟပ်ခြင်းမဟုတ်ဘဲ သူ၏ အရှက်ကင်းမဲ့မှု ကြောင့် အံ့ဩသွားခြင်းဖြစ်သည်။
သူတို့က အံ့ဖွယ်မျိုးနွယ်ရဲ့ ဆက်ခံသူတွေ ဟုတ်လား။ ဘယ်လိုလုပ် ဒီလို မျိုးပြောနိုင်ရတာလဲ။ သူတို့ ဒီအချိန်ထိ ရှင်သန်နိုင်တာက အံ့ဖွယ်မျိုးနွယ်ရဲ့ ဆက်ခံသူဖြစ်နေလို့ကြောင့်မဟုတ်ဘဲ အညှာတာမဲ့ပြီး လူတွေအများကြီးကို အကျဉ်းချထားလို့လေ။
“မင်းသာ ဟောမျိုးနွယ်ကို ဝင်လိုက်တာနဲ့ မင်းရဲ့သွေးသားကို အံ့ဖွယ် မျိုးနွယ်နဲ့ ချည်နှောင်ဖို့ လျှို့ဝှက်နည်းပေးမယ် ပျောက်ဆုံးနေတဲ့နယ်မြေက အံ့ဖွယ်နေရာမှာလည်း ကျင့်ကြံလို့ရမယ်”
သူ ထိုသို့ပြောလိုက်ချိန်တွင် ရှီမာယူယူ၏ အမူအရာပြောင်းသွားလိမ့်မည် ဟု သူထင်ထားသည်။ သို့သော် သူမသည် မျက်လွှာချထားပြီး သူ့ကိုနောက် တစ်ခါပင် ပြန်မကြည့်တော့ပေ။
ထိုအချိန်တွင် ဟောကျိသည် ဒေါသထွက်သွားသော်ငြား သူမတွင် ငွေအပ်ကျွမ်းကျင်သည့် အရည်အချင်းရှိသည်ကို သတိရသွားပြီး ချုပ်ထိန်းလိုက် ရသည်။
“မိန်းကလေးယူယူ ဝင်နိုင်မလား”
ရှီမာယူယူသည် သူ့ကို ဂရုမစိုက်ချင်သော်လည်း သူသည် သူမကို ဆက်တိုက်ဖိအားပေးနေသဖြင့် မတတ်သာတော့ဘဲ ပြောလိုက်သည် “အံ့ဖွယ် မျိုးနွယ်ရဲ့ ဆက်ခံသူတွေ….” သူမ စကားဆွဲပြောလိုက်သည်နှင့် ဟောကျိ၏ မျက်လုံးများသည် တောက်ပလာသည်။ သူမသည် လေသံပြောင်းပြီး ပြော လိုက်သည် “စိတ်မဝင်စားဘူး”
ဟောကျိသည် သူ့သက်တမ်း နှစ်ပေါင်းထောင်ချီအကြာမှ ရှီမာယူယူ ကစားသည်ကို ခံလိုက်ရမည်ဟု ထင်မထားပေ။ သူသည် ဒေါသကိုမချုပ်တည်း နိုင်တော့ဘဲ အော်လိုက်သည် “ရှီမာယူယူ ငါ့စကားတွေကို ပေါ့သေးသေးမထင် နဲ့”
“ရှင်တို့ ကျွန်မကို ဒီလိုနည်းလမ်းနဲ့ခေါ်လာကတည်းက ပေါ့သေးသေး ထင်ပြီးသားဆိုတာ မသိဘူးလား” ရှီမာယူယူ ထေ့ငေါ့လိုက်သည်။
“ဟင်း မင်းကို မျိုးနွယ်ကိုလာအောင် ဖိတ်လိုက်တာကိုတောင် ဂုဏ်ယူရ ဦးမယ်၊ မင်း သဘောမတူရင် ပြေလည်ဖို့ တခြားနည်းလမ်းတွေရှိသေးတယ်” ဟောကျိ ခြိမ်းခြောက်လေသည်။
“ကျွန်မက ရှင်တို့ဆီ ဘယ်တော့မှဝင်မှာမဟုတ်ဘူး” ရှီမာယူယူသည် ခိုင်မာစွာပင် ပြောလေသည်။
“မင်း ဒီကိုမင်းအဖေနဲ့တခြားသူတွေရယ် အတူလာတယ်ဆိုတာ ငါတို့သိ တယ်၊ သူတို့ထွက်လာရင် အန္တရာယ်ဖြစ်သွားမှာကိုမကြောက်ဘူးလား” ဟောကျိသည် ထိုစကားပြောရာတွင် ယုံကြည်ချက်ရှိမနေပေ။
ထိုအကြောင်းအရင်းကြောင့်ပင် ရှီမာယူယူကို ဖမ်းမိသည့်အချိန်တွင် သူ ပေါ်မလာခြင်းဖြစ်သည်။ သူမသည် ဖိတ်စာကိုလက်မခံသဖြင့် သူတို့နှင့် မပတ်သက်လိုကြောင်းကို သူ မြင်နိုင်သည်။ ထို့ကြောင့်ပင် အပိုအစီအစဉ်အနေ နှင့် သူမကို ဖမ်းရန် လူလွှတ်လိုက်ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူတို့သည် မည်သူကိုမှ မမြင်ခဲ့ရကြောင်းကို သတိထားမိခဲ့သည်။ ထိုလူများသည် အငွေ့များသဖွယ် ပျောက်ကွယ်သွားခဲ့ သည်။
ရှီမာယူယူသည် သူမ၏မိသားစုဝင်များကို အသုံးချပြီး ခြိမ်းခြောက်နေ သည်ကို ကြားသောအခါ လျစ်လျူရှုကာ မျက်လုံးမှိတ်ပြီး မဖြစ်နိုင်ဟု တိုးညင်း စွာပြောလိုက်သည်။
သူမသည် ရှင်းအောင်ပြောသည် “ရှင်ဘယ်လိုပဲပြောပြော ကျွန်မက သဘောတူမှာမဟုတ်ဘူး ရှင့်ကိုလည်း အခုမတွေ့ချင်ဘူး”
ဟောကျိသည် ခေါင်းဆောင်ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သဖြင့် မာနရှိသည်။ သူသည် အစောပိုင်းက ဖျောင်းဖျသည်မှာ သူမ၏ ရွှေအပ်ပညာကြောင့် ဖြစ်သည်။ အခု အခြေအနေမှာ တင်းမာသဖြင့် သူသည် အံကြိတ်ပြီး ပြောလိုက်သည် “ဒီအတွက်ကြောင့်နဲ့ မင်းသေမှာကို မကြောက်ဘူး လား”
ရှီမာယူယူ သူ့ကို လျစ်လျူရှုထားလိုက်သည်။
“ဟင်း စဉ်းစားဖို့ မင်းမှာ အချိန်နှစ်ရက်ရှိတယ်”
ဟောကျိသည် စိတ်မရှည်တော့ရာ ထိုစကားပြောပြီးသည်နှင့် ထွက်သွား လေသည်။
သူ ထွက်သွားလိုက်သည်မှာ သေချာသည်နှင့် ရှီမာယူယူသည် နားရွက် များကို ပွတ်သပ်လိုက်သည်။ သူ၏ အဓိပ္ပာယ်မရှိ စကားများကို ကြားရသည်မှာ သူမအတွက် နားယားစရာပင်။
“မင်းက သူ့ကို အဲလိုမျိုးဒေါသထွက်နေရင် အလုပ်လုပ်လို့ဖြစ်ဦးမှာလား” မီအာသည် သူမပခုံးပေါ်တွင် ထိုင်လိုက်သည်။
“သူ့လိုလူက စွမ်းအားမရှိဘူး သူ့ကိုတခြားသူတွေ အထင်သေးတာကို အမုန်းဆုံးပဲ၊ ငါသာ အဲလိုမလုပ်ရင် သူက ငါ့ဆီမှာပဲ အချိန်ဖြုန်းနေဦးမှာပဲ ပြီးတော့ ငါက… အချိန်မဖြုန်းချင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဟင်း…” မီအာသည် တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
သူ သက်တောင့်သက်သာ မဖြစ်နေသည်ကို မြင်ပြီးနောက် ရှီမာယူယူ သည် သူ၏ ဆံပင်ကိုပုတ်ပြီး ပြောလိုက်သည် “မင်းက ဒီမှာအချုပ်ခံထားရတာ ကို မကြိုက်ဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ ဆရာတို့အတွက် သည်းခံပေးပါ”
မီအာသည် မပြောတော့ဘဲ သူမကို အခက်တွေ့အောင် မလုပ်တော့ပေ။
သူမ ခန့်မှန်းထားသလိုပင် နှစ်ရက်ကြာပြီးနောက်တွင် ဟောမျိုးနွယ်ဝင် များ ရောက်လာကြသည်။ သို့သော် ဤတစ်ကြိမ်တွင် မုတ်ဆိတ်ဖြူနှင့် အဘိုး ကြီးတစ်ယောက် ပါလာသည်။
“မိန်းကလေးယူယူ စဉ်းစားပြီးပြီလား” သူ မေးလိုက်သည်။
“ဘာမှ စဉ်းစားစရာမလိုဘူး ကျွန်မက ဟောမျိုးနွယ်ကိုဝင်မှာမဟုတ်ဘူး ရှင်တို့ ကျွန်မကိုလွှတ်ပေးလိုက်တာ ကောင်းမယ် မဟုတ်ရင် ကျွန်မအဘိုးက ရှင်တို့ကို အလွတ်ပေးမှာမဟုတ်ဘူး” ရှီမာယူယူသည် အချုပ်ခံထားရသဖြင့် ဒေါသတကြီး ပြောလိုက်သည်။
အဘိုးကြီးသည် ဆက်မပြောတော့ဘဲ သက်ပြင်းချလေသည် “အဲလိုဆိုမှ တော့ သခင်မလေးယူယူကိုလည်း အဲအထဲကိုထည့်လိုက်ပါတော့”
သူသည် ပြောပြီးသည်နှင့် ဆေးတစ်လုံးထုတ်ကာ ရှီမာယူယူကို တိုက် လိုက်သည်နှင့် သူမ မူးဝေသွားပြီးမကြာလိုက်ပေ… မေ့မြောသွားတော့သည်။
သူမ သတိလွတ်သွားချိနတ်တွင် ထိုအကြီးအကဲသက်ပြင်းချပြီး ညည်းညူလိုက်သည်ကို ကြားလိုက်ရသည် “အာ.. နှမြောဖို့ကောင်းလိုက်တာ…”
ရှီမာယူယူ သတိပြန်ဝင်လာချိန်တွင် အိမ်တစ်အိမ်တွင်ရောက်နေသည်။ သို့သော် ထိုအိမ်သည် အခန်းထက်ပင် ကြမ်းတမ်းသည်။
သူမ နိုးလာချိန်တွင် အရင်တစ်ခေါက်ကကဲ့သို့ နေမကောင်းမဖြစ်သဖြင့် ထိုစဉ်က သောက်ခဲ့သည့် ဆေးမဟုတ်သည်ကို သိလိုက်ရသည်။ သူမ ထပြီး ထွက်သွားရာ ခြံဝန်းသည် သေးငယ်လွန်းသည်ကို တွေ့လိုက်သည်။ အိမ်နှစ်လုံး အပြင် ခြံဝန်းသည် အခန်းသုံးခန်းစာသာ ကျယ်ဝန်းလေသည်။ ပတ်ပတ်လည် တွင် ကြီးမားသောတံတိုင်းများရှိပြီး အရင်ဘဝက ထောင်ကဲ့သို့ စောင့်ကြည့်ခံ နေရသကဲ့သို့ ခံစားရသည်။
ခြံဝန်းတံခါးသည် သေချာပေါက် သော့ပိတ်ထားသည်။
“ငါတို့ ဘယ်ရောက်နေတာလဲ” နေရာမှာ သေးလွန်းသဖြင့် ကြည့်စရာ ဘာမှမရှိပေ။ ထို့ကြောင့် သူမသည် တံခါးကိုမှီပြီး မီအာကိုမေးရင်းနှင့် ကောင်းကင်အား ကြည့်လိုက်သည်။
ဆရာတို့သာ ဤနေရာတွင် ဆယ်နှစ်ကျော် ပိတ်လှောင်ခံထားရပါက… စဉ်းစားလိုက်ရုံနှင့်တင် သူမ ရင်နာမိသည်။
“ကျွန်းတစ်ကျွန်းပေါ်မှာပဲ” မီအာသည် သူဘေးတွင် ပေါ်လာသည် “ဒီကျွန်းမှာ လက်ရွေးစင်စံတင်ကျွမ်းကျင်သူတွေရှိတယ်”
ရှီမာယူယူသည် ခေတ္တမျှ မှိုင်တွေသွားသည်။ လက်ရွေးစင် စံတင်အဆင့် တွေဟုတ်လား။ သူတို့က ဧကရာဇ်အဆင့်ရောက်ဖို့ အဆင့်တစ်ဝက်ပဲလိုတော့ တာမဟုတ်လား။
***