← Chapters

ခေါင်းစဉ်မဲ့

Vol. 117 Ch. 1637

ခေါင်းစဉ်မဲ့

Vol. 117 Ch. 1637

ဖန်ရူယန်မှလွဲပြီး ဤကမ္ဘာတွင် ဧကရာဇ်အဆင့်သို့ တက်သည့်သူမရှိပေ။ အကြောင်းမှာ သူတို့မှာ မကျင့်ကြံနိုင်သောကြောင့် မဟုတ်သလို အရည်အချင်း မရှိခြင်းကြောင့်လည်း မဟုတ်ဘဲ ကောင်းကင်ဥပဒေမှ ခွင့်မပြုခြင်းကြောင့် အဆင့်မတက်ခြင်းဖြစ်သည်။

ဖန်ရူယန်ကဲ့သို့ တခြားလမ်းမှ ဧကရာဇ်အဆင့်သို့ တက်သည့်သူမှာ တစ်  ယောက်ထက် ပိုနိုင်သော်လည်း သူမသည် မတွေ့ဖူးသလို ကြားလည်း မကြား ဖူးပေ။ ထို့ကြောင့် စံတင်အထွဋ်အဆင့် ရောက်နေသူများသည် တိုင်းပြည် အတွင်း လွတ်လပ်စွာ လျှောက်သွားနိုင်သည်။

သို့သော် အဆုံးသို့ရောက်လာသည်နှင့် ကျင့်ကြံရန် ခက်ခဲလာသည်။ အထူးသဖြင့် စံတင်အဆင့်နှင့် အထက်ရောက်လျှင် ပိုခက်ခဲသည်။ အဆင့်တက် ရန်ခက်သဖြင့် စံတင်အထွဋ်အဆင့် ကျွမ်းကျင်သူများ ဤနေရာသို့ရောက်လာ ရန်မှာ မလွယ်ပေ။

ပျောက်ဆုံးနေသော နယ်မြေမှ အရေးအကြီးဆုံး မိသားစုဖြစ်သော ဟော မျိုးနွယ်တွင် စံတင်အထွဋ်အဆင့်ကျွမ်းကျင်သူ အများအပြားရှိသည်မှာ ပုံမှန် ဖြစ်သည်။ ထိုစံတင်အထွဋ်ကျွမ်းကျင်သူများကို ကျွန်းပေါ်တွင်ထားပြီး အကျဉ်း ချခံရသူများကို စောင့်ကြည့်ခိုင်းသည်မှာတော့ အရည်အချင်းကို နှမြောစရာ ကောင်းလှသည်။

ထို့အပြင် သူတို့သည် အရေအတွက် အသင့်အတင့်ရှိသည်။ မယုံနိုင်စရာ ကောင်းလှသည်။

သို့‌သော် သူမသည် မီအာ၏စွမ်းအားကို သံသယမဝင်‌ပေ။ ဟောမျိုးနွယ် ထိုသို့လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို သိချင်ရုံသာဖြစ်သည်။

သူတို့သည် အကျဉ်းသားများကို စောင့်ကြည့်ရန် ထိုသို့များပြားသောလူ များကို လွှတ်မည်မဟုတ်ပေ။ သူမ ထွက်သွားလိုပါက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းအောင်လုပ်ရမည်ဖြစ်သည်။

ထိုအချိန်အတွင်းတွင် သူမ တစ်ခုရှင်းအောင်လုပ်ရမည်။ ဆရာတို့ ဤ ကျွန်းတွင်ရှိနေလားဟူ၍ပင်။

သူမသည် ဂိတ်တံခါးမှာ ပိတ်ထားခြင်းမရှိသဖြင့် တစ်စုံတစ်ရာတွေ့နိုင် မလားဟု လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ခြံဝန်းမှထွက်ရာ သူမခြံဝန်းလို ခပ်ဆင်ဆင်ခြံဝန်းများကိုတွေ့ ရလေသည်။ ခြံဝန်းများမှာ အတန်းလိုက်ဖြစ်နေသဖြင့် လူမည်မျှနေထိုင်သည် ကို သိချင်မိသည်။

သူမသည် ကပ်သွားလိုက်ချင်သော်လည်း ခြံဝန်းတစ်ခုစီမှာ ဝိညာဉ် အတားအဆီးများဖြင့် ကာထားသည်ကို သတိပြုမိလိုက်သည်။ သူမ အဝေးဆုံး သွားနိုင်သည်မှာ တံခါးပေါက်နှင့် ၁ မီတာအကွာဖြစ်ကာ ထွက်သွားရန်မဖြစ်နိုင် ပေ။

“ဒီမှာ ဘယ်တုန်းက အတားအဆီးလုပ်လိုက်တာလဲ” သူမသည် ရေရွတ် ရင်းနှင့် ခြံဝန်းကိုလှည့်ပတ်ကြည့်လိုက်သည်။

သူမသည် ဝိညာဉ်အတားအဆီးကို ဖြတ်သွားနိုင်သော်လည်း မသွားခဲ့ပေ။ သူမသည် အခုမှရောက်ခြင်းဖြစ်ကာ မည်သည့်အရာနှင့်မှ မရင်းနှီးသေးပေ။ စိတ်လိုက်မာန်ပါ လုပ်လိုက်ပါက ဆရာတို့ ရှိမရှိကို အတည်မပြုနိုင်မည့်အပြင် ရန်သူကိုပါ သတိပေးသလိုဖြစ်သွားမည်။

သူမသည် အံ့ဖွယ်အာရုံကိုလွှတ်ရန် ကြိုးစားသော်လည်း ဤနေရာတွင် သူမ၏အံ့ဖွယ်အာရုံမှာ အသုံးပြုမရဖြစ်နေသည်ကို သိလိုက်ရသည်။

“ဒါဘယ်နေရာလဲ” သူမကို ဝိညာဉ်အတားအဆီးဖြင့် အကျဉ်းချထားပြီး သူမ၏ အံ့ဖွယ်အာရုံကိုလည်း ကန့်သက်ထားသည်။ သူမရှိနေသော ခြံဝန်းမှလွဲ ပြီး အပြင်တွင် မည်သည့်အရာရှိသည်ကို မသိပေ။

“ဘာလို့ ငါ့ကိုသွားမကြည့်ခိုင်းတာလဲ” မီအာ အကြံပေးလေသည်။

ရှီမာယူယူသည် မီအာ၏ အစွမ်းအစကိုသိသည်။ သူထွက်သွားလျှင်လည်း အပြင်လူများသည် သတိထားမိမည်မဟုတ်ပေ။ သို့သော် သူမ စဉ်းစားကြည့် ပြီးနောက် ငြင်းဆိုလိုက်သည်။

“အခုတော့ မလိုသေးဘူး သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြတာ ပေါ့”

နောက်နှစ်ရက်တွင် သူမသည် အမေ့ခံလိုက်ရပြီဟုပင် ထင်ရသည်။ သူမ ဆီသို့ မည်သူမှရောက်မလာခဲ့ပေ။ စစ်ဆေးမေးမြန်းခြင်းမရှိသလို အတင်းအကျပ်လည်း မပြုပေ။ သူမသည် မည်သူကိုမှ မမြင်ရပေ။

သူမသည် တံခါးကိုခေတ္တမျှ စိုက်ကြည့်ပြီး ရုတ်တရက် ထွက်ကြည့်သည်။ သူမကို အတားအဆီး လာပိတ်သည်နှင့် တုန်လှုပ်ချောက်ချားပြီး ဖရိုဖရဲ ပြန် တိုက်ခိုက်လေသည်။

ဆူဆူညံညံအသံသည် အားလုံး၏ အာရုံကိုဖမ်းစားလိုက်ပြီး ဘေးခြံဝန်းမှ တချို့လူများသည် သူမကိုထွက်ကြည့်ကြလေသည်။

“မိန်းကလေး အားအကုန်မခံနဲ့တော့ ဒီကဝိညာဉ်အတားအဆီးကို ချိုးဖျက်မရဘူး” ဝဖိုင့်ဖိုင့်ဦးလေးကြီးသည် သူမကို သတိပေးလေသည်။

“မဖြစ်နိုင်ဘူး ကျွန်မ ဒါကို ဒီနေ့ဖြဲပစ်မှကိုဖြစ်မှာ ကျွန်မ ထွက်ချင်တယ်” သူမသည် ဝဖိုင့်ဖိုင့်ဦးလေးကြီးကို အော်လိုက်သည်

“အာ.. မိန်းကလေး ဖက်တီးက မင်းကိုမလိမ်ဘူး ဒီအတားအဆီးက တကယ်ပဲ ဖျက်မရဘူး” တစ်ဖက်မှ လူကြီးတစ်ယောက်သည် ဖျောင်းဖျလေ သည်။

“ဘာလို့လဲ”

သူတို့သည် အကြောင်းအရင်းကို မပြောနိုင်ဘဲ ခေါင်းကိုသာ ခါယမ်းကြ လေသည်။

ရှီမာယူယူသည် ဆက်ပြောလေသည် “ဒီမှာပဲ ကျွန်မ တစ်ဘဝလုံးနေသွား ရတော့မှာလား မနေချင်ဘူး”

“မိန်းကလေး ဒီရောက်နေပြီဆိုမှတော့ လက်ခံလိုက်ပါတော့” သူတို့ထဲမှ တစ်ယောက် ဖျောင်းဖျလေသည် “ငါတို့ ဒီကိုရောက်တာကြာနေပြီ ထွက်ပြေး တာ အောင်မြင်တဲ့သူ မတွေ့ဖူးဘူး ဒါပေမဲ့ သေသွားတဲ့လူတွေကိုတော့ အများ ကြီးတွေ့ပြီးပြီ”

“အဘိုး ဒီမှာရောက်နေတာ အရမ်းကြာနေပြီလား” ရှီမာယူယူ မေးလိုက် သည်။

“အင်း ငါ့ကိုယ်ငါ မေ့လောက်အောင်ကို ကြာနေပြီ” ထိုအဘိုးကြီး၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုများရှိနေသည်။

“အဘိုး ဒီနေရာအကြောင်း ကျွန်မကို ပြောပြလို့ရမလား” ရှီမာယူယူ‌ မေး လိုက်သည်။

“ရတယ်လေ ငါတို့လည်း စကားပြောဖို့ အားနေတာပဲ ဘေးက ခြံနှစ်ခုက လတ်တလောလွတ်နေတာ၊ အဲဒီဖက်တီးပြင် ဘယ်သူမှအသက်မရှင်ဘူး၊ ဒါပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့လူပဲ စကားမပြောဘူး၊ ဒီအဘိုးကြီးနဲ့ စကားပြောပေးမယ့်သူ မရှိတာတောင် ကြာနေပြီ”

သူ ပြောပြီးနောက် စားပွဲတစ်လုံး၊ ထိုင်ခုံနှင့် လက်ဖက်ရည်အိုးများကို ထုတ်ကာ လက်ဖက်ရည်ငှဲ့လေသည်။

ထိုပစ္စည်းများသည် နေရာနှင့် ကွက်တိဖြစ်နေသဖြင့် ပြန်ပြုပြင်ထားခြင်း ဖြစ်သည်ကို ရှီမာယူယူ သိလိုက်သည်။

ရှီမာယူယူ သူ၏ စားပွဲကို စိုက်ကြည့်နေသည်ကို အဘိုးကြီးမြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “ကောင်မလေး ငါ တစ်ယောက်တည်းသောက်ရတာကို စိတ်မရှိပါနဲ့ ဒီမှာက အရမ်းပျင်းဖို့ကောင်းတယ်၊ မင်းကို လက်ဖက်ရည်ပို့ပေးလို့ မရဘူး”

ရှီမာယူယူသည် နှုတ်ဆိတ်နေကာ သူ့လိုပင် ခုံတစ်ခုံထုတ်ကာ အဘိုးကြီး ၏ ဤနေရာအမှောင်ဘဝအကြောင်းကို နားထောင်တော့သည်။

သူမသည် အဘိုးကြီး၏ ဇာတ်လမ်းမှ ဤနေရာအကြောင်းကို တိတ်တိတ် လေး လော့လာမသိည်။ အနည်းဆုံးတော့ သူမသည် မြေပုံဆွဲကြည့်ပြီး ပျောက် ဆုံးနေသော နယ်မြေ၏ မည်သည့်နေရာတွင်ဖြစ်သည်ကို ခန့်မှန်းနိုင်သည်။

ဤကျွန်းသည် မြေပုံပေါ်တွင် အမည်မရှိသလို ဤနေရာအကြောင်းကို လည်း မည်သူမှမသိကြပေ။ သို့သော် ဤကျွန်းသည် ပျောက်ဆုံးနေသော နယ်မြေ မြောက်ပိုင်းရှိ ကျွန်းငယ်တစ်ခုဖြစ်မည်ဟု ရှီမာယူယူ ခန့်မှန်းမိသည်။

ရိုးရှင်းလှသည်။ ပင်လယ်၏ မြောက်ပိုင်းတွင် ရေခူများစုတတ်သည်ဟု ပြောကြသည်။ ပြီးနောက် ကျွန်းငယ်ပတ်ပတ်လည်တွင် ရေခူများ ရာချီလာစု ကြသည်။

များစွာသော ပင်လယ်သားရဲများ ဝန်းရံထားသော ဤနေရာမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။ ကျွန်းတချို့ရှိသော်လည်း ပင်လယ်သားရဲနှင့် သားရဲပျံများရှိနေသေးသည်။

ဟော်မျိုးနွယ်သည် ဤလောက်များပြားသော ပင်လယ်သားရဲများ ကျွန်းငယ်အား ဝန်းရံစေရန် မည်သို့ပြုလုပ်ားသည်ကို မသိပေ။ လေပြင်မှ လွတ်မြောက်ရန် ကြိုးစားသူများရှိသော်လည်း သူတို့သည် လေဟာပြင် ပိတ် ထားသေးသည်။

လေဟာပြင်ပိတ်ထားမှုကို တိုက်ခိုက်လိုက်ပါက ထိုလူများ၏ အာရုံကို ဖမ်းစားသွားမည်။ သူတို့ထွက်လာသည်နှင့် ထွက်ပြေးရန်မဖြစ်နိုင်တော့ပေ။

ဤနေရာမှ ကံကောင်းပြီး ထွက်သွားနိုင်သူများမှာလည်း ပင်လယ်သားရဲ ထောင်ချီနှင့်ရင်ဆိုင်ရသဖြင့် ထွက်ပြေးမည့် ယုံကြည်ချက်များကို လက်လွတ် လိုက်ရသည်။

တစ်ခါက လူတစ်ယောက်သည် တခြားသူများ ပြဿနာရှာနေချိန်တွင် ကျွန်းငယ်မှ အခွင့်အရေးယူထွက်ပြေးသည်။ သို့သော် သူသည် အားလုံးရှေ့တွင် ပျံပြေးသော်လည်း ပင်လယ်သို့ထွက်လိုက်သည်နှင့် ပင်လယ်သားရဲ၏ ဝါးမျို ခြင်းကိုခံလိုက်ရတော့သည်။

ထိုအဖြစ်အပျက်ပြီးနောက်တွင် မည်သူမှ ထွက်မပြေးရဲကြတော့ပေ။

ရှီမာယူယူသည် ထိုကိစ္စများကို ကြားပြီးနောက် သက်ပြင်းချလိုက်သည်။ အဲဒါကြောင့် ဒီနေရာကနေ ဘယ်သူမှ ထွက်မပြေးကြတာကိုး။ ဒီနေရာကနေ ထွက်ပြေးဖို့က တကယ်ခက်တာကိုး။

ဆရာသာ ဒီမှာအချုပ်ခံထားရရင် ဘယ်လောက်များ စိတ်ဓာတ်ကျနေ လိုက်မလဲ။

“အဘိုး အဲတော့ ကျွန်မတို့က ဒီခြံထဲမှာပဲ နေရမှာလား” ရှီမာယူယူသည် စိတ်ဓာတ်ကျသွားပုံ ပေါ်လေသည်။

“အဲလိုတော့ မဟုတ်ဘူး သုံးလေးရက်တစ်ခါလောက်တော့ ခြံဝန်းကနေ ထွက်ပြီး လမ်းလျှောက်လို့ရတယ်”

နေ့တိုင်းသာ အိမ်ထဲတွင် ပိတ်လှောင်ခံထားရပါက လူများရူးသွားမည်စိုး သဖြင့် ဟောမျိုးနွယ်သည် လေညှင်းခံခွင့်တော့ပြုထားသည်။

“ဒီမှာ တခြားလူတွေကိုရောသိလား” ရှီမာယူယူ မေးလိုက်သည်။

“ဒီကျွန်းမှာတော့ သူတို့ကို သိတာမသိတာက ဘာမှကွာခြားမှုမရှိဘူး” အဘိုးကြီး၏ အတွေးကိုမသိနိုင်ပေ။ သူသည် နောင်တများဖြင့် သက်ပြင်းချ လိုက်သည်။

“ဒီကျွန်းမှာ နာမည်ကြီးတဲ့လူရှိလား”

“ရှိတယ်၊ အဲလူနှစ်ယောက်က အမြဲတမ်း ထွက်ပြေးဖို့ စဉ်းစားနေပြီး ကျွန်းက အဲလူတွေနဲ့တောင် တိုက်ခိုက်တယ်လို့ ကြားတယ် သူတို့နာမည်တွေ က ရှုဂျင်းနဲ့ ဟော်လန်ဆိုလားပဲ”

***

All Chapters