ခေါင်းစဉ်မဲ့
Vol. 117 Ch. 1638
ရှုဂျင်းနှင့် ဟော်လန်တို့၏ နာမည်ကိုကြားသည်နှင့် ရှီမာယူယူ ရင်မှာ ဒိန်းကနဲဖြစ်သွားသည်။
သူမ ဆရာတွေက ဒီမှာပဲ။
“အဲလူတွေက သန်မာကြလား” သူမ မေးလိုက်သည်။
“သန်မာတာပေါ့ မဟုတ်ရင် အဲတုန်းက ကင်းသမားတွေ အများကြီးထိမှာ မဟုတ်ဘူး” အဘိုးအိုသည် ထိုလူနှစ်ယောက်ကို လေးစားပုံပေါက်သည်။
ဒီကိုရောက်ပြီးတော့ ထွက်သွားဖို့ ဘယ်နယောက်ကများ လက်လျော့ လိုက်ပြီလဲ။ အနည်းဆုံးတော့ သူ လက်မလျော့ခဲ့ပေ။
“အဲလူနှစ်ယောက် ဘယ်မှာနေတာလဲဆိုတာ သိလား” ရှီမာယူယူသည် အတတ်နိုင်ဆုံး ပုံမှန်လိုဖြစ်အောင်နေသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူမ စိတ်လှုပ်ရှားနေမိသည်ကို သိသည်။
“သိတယ် သိတာပေါ့” အဘိုးအိုသည် သိပ်မဝေးသော ခြံဝန်းနှစ်ခုကို ညွှန်ပြသည်။ “သူတို့က အရင်က အဲဒီခြံဝန်းတွေမှာနေသွားတာလေ”
သို့သော် သူမ၏ ပျော်ရွှင်မှုမဆုံးသေးခင်မှာပင် အဘိုးကြီး၏ နောက်ဆက် တွဲစကားများမှ ဖျက်ဆီးလိုက်လေသည်။
“ကံမကောင်းစွာနဲ့ပဲ သူတို့ခေါ်သွားခံလိုက်ရတယ် ဒီ့ထက်ပိုဆိုးတဲ့နေရာ ပဲဖြစ်မယ်” အဘိုးကြီးသည် နှမြောတသဖြင့် ပြောလေသည်။
“ဘာလို့လဲ သူတို့က အခု အဲဒီခြံဝန်းမှာမနေတော့ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း သူတို့ကို မနေ့ကခေါ်သွားကြတယ်”
“ခေါ်သွားတယ်ဟုတ်လား၊ ဘယ်ကိုလဲ ဒါကလူတွေကို ချုပ်တဲ့နေရာ မဟုတ်ဘူးလား”
“သူတို့ကို ညှဉ်းပန်းတဲ့အခန်းကို ခေါ်သွားတယ်” အဘိုးကြီးသည် နှုတ်ခမ်းနှင့် ခွက်ကို တေ့လိုက်သည်။ ပြောပြီးနောက်တွင် သူသည် လက်ဖက် ရည်ခွက်ကို ပြန်ချလိုက်ရာ လက်ဖက်ရည်ပမာဏမှာတော့ အရင်အတိုင်းပင်။
“ညှဉ်းပန်းတဲ့အခန်းဟုတ်လား အဲဒါက ဘယ်လိုနေရာလဲ” ရှီမာယူယူ သည် ကြားလိုက်ရသောအခါ နမိတ်မကောင်းသလို ခံစားရသည်။ သူမသည် သူတို့အတွက် စိုးရိမ်မိသည်။
“ညှဉ်းပန်းတဲ့အခန်းမှာ နှိပ်စက်တဲ့ကိရိယာတွေနဲ့ ပြည့်နေတာ၊ အပြစ် ကျူးလွန်တဲ့ ဘယ်သူမဆို ညှဉ်းပန်းတဲ့အခန်းကို ခေါ်သွားခံရပြီး အကျဉ်းပိုင်ဆီ ကိုပို့လိုက်ကြတယ်၊ ညှဉ်းပန်းအခန်းကို ရောက်သွားတဲ့သူကတော့ သင်ခန်းစာ ကောင်းကောင်းအပေးခံရပြီး ထွက်လာရင် အရေခွံစုတ်လာတာပဲ၊ အပြစ်ကြီး လုပ်မိရင်တော့ ပြန်ကိုမလာနိုင်ကြတော့ဘူး”
ရှီမာယူယူ ထိတ်လန့်သွားသည် “ရှုဂျင်းနဲ့ ဟော်လန်က အဲဒီကိုခေါ်သွားခံ ရလောက်အောင် ဘာလုပ်လိုက်တာလဲ”
“ဘာဖြစ်ဦးမှာလဲ လူတွေနဲ့ထွက်ပြေးတာပေါ့” အဘိုးကြီး ပြန်ဖြေလေ သည် “ဒီတစ်ခါ သူတို့ ဘာဖြစ်မလဲ ငါလည်းမသိဘူး”
“ဒီတစ်ခါဟုတ်လား”
“သူတို့က အရင်ကလည်း ခဏခဏထွက်ပြေးဖို့ကြိုးစားဖူးပြီး သုံးလေး နှစ်တိုင်းဖြစ်နေတာပဲ အချိန်တိုင်းလည်း ဝင်လိုက်ထွက်လိုက်ပဲ….” အဘိုးကြီး သည် ခေါင်းခါယမ်းလေသည် “ငါအရင်က အကြိမ်ပေါင်းများစွာ မြင်ဖူးတယ် တကယ်ကို ဆိုးတယ်၊ ဒီတစ်ခေါက်တော့ ဘယ်လိုဖြစ်မလဲမသိဘူး”
“အသက်ကို ခြိမ်းခြောက်တာလား မဟုတ်ရင် ကိုယ်လက်အင်္ဂါမပြည့်စုံ တော့တာလား” ရှီမာယူယူသည် မသိစိတ်မှ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ သူမ၏ လက်သည်းမှာ အရေပြားကိုပင် ဖောက်ထွက်မတတ်ဖြစ် နေသည်။
“အဲလိုတော့မဟုတ်ဘူး” အဘိုးကြီး ပြန်ဖြေလေသည် “ဟောမျိုးနွယ်က ငါတို့ကို ဘာလို့ ဒီမှာချုပ်ထားလဲသိတယ်မလား ငါတို့ကိုယ်လက်အင်္ဂါချို့တဲ့ အောင်တော့ သူတို့မလုပ်ဘူး”
သူတို့သာ ကိုယ်လက်အင်္ဂါချို့တဲ့သွားပါက ရှုဂျင်းသည် ဆေးစပ်နိုင်မည် မဟုတ်သလို ဟော်လန်သည်လည်း ကျောင်းသားများကို ဆေးပညာသင်နိုင် တော့မည်မဟုတ်ပေ။
စဉ်းစားကြည့်ရာ ရှီမာယူယူသည် ချက်ချင်း စိတ်သက်သာရာရသွား သည်။ မဟုတ်လျှင် သူမသည် ကျွန်းကို ချက်ချင်းပင် ပြောင်းပြန်လှန်ပစ်မည်။
“ဒါနဲ့ အဘိုး ညှဉ်းပန်းတဲ့အခန်းက ဘယ်မှာလဲ”
“ငါမှ အဲဒီကိုမရောက်ဖူးတာ ဘယ်လိုလုပ်သိမှာလဲ”
“သူတို့က ဘယ်တော့ပြန်လာမှာလဲ”
“သုံးရက်”
“အဘိုးက ဘယ်လိုလုပ်သိတာလဲ”
“အကြိမ်တိုင်း သူတို့ကို ငါးရက်လောက်ခေါ်သွားတတ်တယ် ဒီတစ်ခါကို မှန်းလို့တော့မရဘူး” အဘိုးကြီးပြောလေသည် “ဒါပေမဲ့ ကံကောင်းတာက သူတို့နှစ်ယောက်ကိုတော့ အထူးတလည်ဂရုစိုက်ကြတယ်၊ သူတို့ အကြိမ်ပေါင်း များစွာ ထွက်ပြေးကြပေမဲ့ အသက်ကိုခြိမ်းခြောက်တာမရှိဘူး၊ သာမာန်လူသာ ဆိုရင် သူတို့တွေ သေတာကြာနေပြီ”
“အဘိုးမှာ အခွင့်အရေးရှိရင် သူတို့ကိုမေးကြည့်ပါလား အကြောင်းအရင်း တော့ရှိမှာပါ ကျွန်မတို့ အဲဒါကိုသိထားရင် အသက်ကိုကာကွယ်လို့ရတာပေါ့” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
“အိုး ကောင်မလေး မင်း အထီးကျန်တာကို ကြံ့ကြံ့ခံနိုင်ရမယ်၊ ဒီမှာက လူရှာပြီး စကားပြောရတာတင်ပဲ ဇိမ်ခံတာဖြစ်နေပြီ၊ တော်တော်များများက တော့ အထီးလို့ ပျင်းကြတာချည်းပဲ” အဘိုးကြီးပြောလေ၏။
“အဘိုးက စိတ်ဓာတ်မာတာပဲ” ရှီမာယူယူ ရယ်မောလိုက်သည်။
“ဟားဟား ငါတို့ကို တစ်ယောက်ယောက်တော့ လာကယ်မယ်ဆိုတာ သိ နေတယ် အဲဒါကြောင့်စောင့်နေတာ မျှော်လင့်ချက်ရှိနေမှတော့ ဒီအထီးကျန်မှု ကိုလည်း ကျော်ဖြတ်နိုင်တာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် လူတွေက မျှော်လင့်ချက် ကို လက်မလွှတ်သင့်ဘူး”
ရှီမာယူယူသည်လည်း အကျိုးအကြောင်းသင့်သည်ဟု ထင်သည်။ သူမ သည် သူ့စကားများကို သံယောင်လိုက်ကာ မေးခွန်းများဆက်မေးသည်။
သူတို့နှစ်ယောက်သည် မှောင်စပြုသည်အထိ စကားပြောကြသည်။ တခြားသူနှင့် စကားမပြောရသည်မှာ ကြာ၍လားမသိပေ၊ အဘိုးကြီးသည် သာမာန်လူထက် စကားများသည်။
ရှီမာယူယူသည် ကျွန်းမှအခြေအနေကို နားလည်လိုသဖြင့် နားထောင် ပေးသူဖြစ်သည်။
နှစ်ယောက်သား လမ်းခွဲပြီးနောက် သူမသည် အိမ်ထဲသို့ပြန်ဝင်လာလိုက် သည်။ သူမ၏ မျက်နှာမှာ ပျက်နေပြီး အပြုံးမှာလည်း ပျောက်ကွယ်သွားသည်။
သူမ၏ ဆရာများ နှိပ်စက်ခံနေရမည်ကို စဉ်းစားမိသည်နှင့် ဟောမျိုးနွယ် ကို ဖျက်ဆီးချင်မိသည်။
ဟောမျိုးနွယ်က သူတို့နှစ်ယောက်ကို ကောင်းကောင်းထားတာ ကောင်း မယ်။ မဟုတ်ရင် သူမ ဘာလုပ်မိမယ်မသိဘူး။
“ငါ့ကို ညှဉ်းပန်းတဲ့အခန်းရဲ့နေရာကို သွားကြည့်စေချင်လား” မီအာသည် အသံထွက်မေးလေသည်။
“အင်း ဂရုစိုက်နော်” ရှီမာယူယူသည် ဤတစ်ကြိမ်တွင် သူ၏ ကမ်းလှမ်းမှု ကိုမငြင်းဆိုပေ။
“မင်းအဘိုးကို ဘယ်လိုတောင် လာချုပ်ထားရဲတာလဲ လုပ်ခွင့်မရှိဘူး” မီအာသည် မာန်ဟိန်းလေသည်။ သူသည် မီးခိုးလုံးအဖြစ်ပြောင်းသွားကာ မြေ ထဲသို့ နစ်ဝင်သွဦးသည်။ သူသည် မြေကြီးထဲသို့ ဝင်သွားသော်လည်း ပြန်ထွက် နိုင်သည်။
မီအာသည် တစ်ညလုံးထွက်သွားရာ ညှဉ်းပန်းသည့်အခန်းကို ရှာမတွေ့ ဘဲ ကင်းသမားများထံသို့ မိလုနီးပါးပင်ဖြစ်သည်။ သူသည် သူတို့နှင့် ရင်ဆိုင်ရ သည်ကို မကြောက်ပေ။ သို့သော် ရှီမာယူယူ၏ အစီအစဉ်ကို သက်ရောက်သွား မည်ကိုတော့ စိုးရိမ်သည်။ သူသည် ထိုလူများကို ရှောင်ရန် နေရာရှာရတော့ သည်။
မီအာ အခန်းကိုရှာမတွေ့သည့် အကြောင်းအရင်းမှာ ကျွန်းသည် မသေး မကြီးဖြစ်ကာ လျှို့ဝှက်နေရာလည်း များလှသည်။ မီအာသည် အခုမှရောက်ဖူး သဖြင့် ရှာမတွေ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။
“မင်းတောင် မရှာနိုင်မှတော့ ငါတို့စောင့်ရုံပဲရှိတာပေါ့” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“ငါတောင်းပန်ပါတယ်” မီအာသည် အနည်းငယ် စိတ်ဓာတ်ကျသွား သည်။ သူသည် လုပ်နိုင်မည်ဟု ထင်ထားသည်။
“အဲလိုမျိုးတွေ မပြောနဲ့” ရှီမာယူယူသည် သူ၏ခေါင်းကို ပွတ်ပေးလိုက် သည် “မင်းရှာမတွေ့မှတော့ ဒီမှာမရှိလို့ပဲနေမှာ”
“ဒီမှာမဟုတ်ဘူးလား”
“ငါမှန်းကြည့်တာပါ” ရှီမာယူယူ ပြောလိုက်သည်။ မီအာ ထပ်ထွက်သွား ချင်သော်လည်း သူမ မတားလိုက်ပေ “အပြင်ကျွန်းတွေက ထောင်ချီရှိတာ တစ်ခုချင်းစီရှာရင် ဘယ်လောက်ကြာမှာလဲ အချိန်ကုန်သလို လေူလည်းမိသွား ဖို့လွယ်တယ်”
“ယူယူက ဘာလုပ်မလို့လဲ”
“တစ်ယောက်ယောက် အချက်ပေးလာတာကို စောင့်မယ်”
“….”
ဒီလို ထုံတဲ့သူ ရှိသေးတာလား။
မီအာ မယုံကြည်ခဲ့ပေ။ သို့သော် နောက်တစ်နေ့တွင် အမှန်တကယ်ပင် လူတစ်ယောက် ရောက်လာသည်။
ရှီမာယူယူသည် ထိုလူဝင်လာသောအခါ တိတ်တဆိတ် ဝိညာဉ်အတား အဆီးစီမံလိုက်သည်။ သူမသည် ထိုလူကို စကားပြုခွင့်မပြုဘဲ မီအာကို သတ် ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ထိုလူ၏ မှတ်ဉာဏ်ထဲသို့ အံ့ဖွယ်အသိ စိတ်ွသွင်းလိုက်သည်။
ထို့နောက် သူမသည် ဟိန်းသံထောင်ချီကို ခေါ်ထုတ်ကာ ရုပ်ပြောင်းလိုက် ပြီး ဝိညာဉ်စေတီထဲသို့ ဝင်သွားလိုက်သည်။
“ဘာလုပ်မလို့လဲ” ဝိညာဉ်လေးသည် သူမ အဂ္ဂိရတ်အခန်းတွင်ပေါ်လာ သည်။
“ဝိညာဉ် အတားအဆီးကို ဖျက်နိုင်မယ့်ဟာ သန့်စင်မလို့”
***