← Chapters

ကြမ်းတမ်းရက်စက်သော

Vol. 015 Ch. 1477

ကြမ်းတမ်းရက်စက်သော

Vol. 015 Ch. 1477

“မင်း အရမ်းလွန်သွားပြီ”

ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် ရီဖူရှင်း၏ အရှိန်အဝါက မည်မျှ ပြင်းထန်သည်ကို မြင်လိုက်ကြလျှင် ဒေါသတကြီးဖြင့် ပြေးဝင်လာကြ၏။

“ပြန်လည်မွေးဖွားခြင်းအဆင့်” ရီဖူရှင်းက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုတန်ခိုးရှင်များကြား၌ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင် ပါဝင်နေသည်အား တွေ့လိုက်ရသည်။ သူတို့သည် တစ်ချိန်တည်းတွင် ရှေ့သို့ ချီတက်လာကာ သူတို့၏ ရွှေရောင်အရှိန်အဝါများကို ထုတ်လွှတ်ကာ ရီဖူရှင်းရှိနေသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။ ကြွက်များ၏ ကြီးမားသော ပုံရိပ်များက ဒုန်းစိုင်းလာနေသည့် နတ်ဆင်များကို ဖျက်ဆီး၏။

ကြွက်နတ်ဆိုးသားရဲများ သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်ပြီးနောက် နတ်ဆင်တစ်ကောင်၏ ကြောက်မက်ဖွယ် အရိပ်တစ်ခုက သူ့အထက်တွင် ပေါ်ပေါက်လာသည်။ ဆင်များ၏ အော်မြည်သံကို သူ၏ အထက်မှ ကြားလာရပေသည်။ လေဟာနယ်က တုန်ခါနေပြီး သူ့အတွင်းရှိ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးက ပေါက်ကွဲထွက်လာကာ လေဟာနယ်ကို တုန်ခါလာစေသည်။

ဘုန်း...

ရီဖူရှင်းက နောက်တစ်ခါထပ်၍ ခြေလှမ်းလိုက်သည်တွင် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ဆင်များက ကောင်းကင်ထက်တွင် တစ်ဟုန်ထိုး ဒုန်းစိုင်းကာ ပြေးလွှားလာသည်။ ကြွက်များ၏ အရိပ်များက တစ်ဟုန်ထိုး ပြေးဝင်လာသည့် နတ်ဆင်များ၏ ခြေထောက်အောက်တွင် နင်းချေဖျက်ဆီးခံရ၏။

ထို့အပြင် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များမှာ မွန်းကျပ်မှုကို ခံစားလိုက်ကြရသည်။ သူတို့၏ ဝိညာဉ်များက ပြင်းထန်သည့် ဖိအားအောက်တွင် ရောက်နေသည့်အလား...။

ရီဖူရှင်းက နောက်တစ်ခါ ခြေလှမ်းလိုက်ပြန်၏။ သူသည် လေထဲတွင် မားမားမတ်မတ်ရပ်နေလျှင် နတ်ဆင်များ၏ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရကာ ကြွက်များအကြားမှ ပြန်လည်မွေးဖွားခြင်းအဆင့်သည်ပင် သူ့အပေါ် ကျရောက်လာသော ဖိအားကြီးကို ခံစားမိလေသည်။

ထိုကြွက်များက လှုပ်ရှားခြင်းကို ရပ်တန့်သည်။ ရီဖူရှင်းက ခြေထောက်ကို မြှောက်၍ စတင်လျှောက်လှမ်းလိုက်သည့်အခါ ချောမောသည့် ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် နတ်ဘုရားတစ်ပါးကဲ့သို့ အလွန် ခမ်းနားထည်ဝါလှသည်ဟု ထင်မြင်ရပေသည်။ နတ်ဆင်များ၏ အရိပ်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူနှင့် ကပ်လျက်မှ ရွေ့လျားနေသည်။

ရီဖူရှင်းက နောက်တစ်ခါ ခြေလှမ်းလိုက်လျှင် တစ်ချိန်တည်း၌ နတ်ဆင်များကလည်း တူညီစွာ လုပ်ဆောင်ကြပေသည်။ ထောင်ချီသည့် ဆင်များက အော်မြည်နေကာ သူတို့သည် ကောင်းကင်ကို ဖြတ်သန်းစုတ်ဖြဲသွား၏။

ဘုန်း...

ကြွက်တစ်ကောင်သည် အဝေးသို့ လွင့်စဉ်သွားကာ သွေးများ အန်ထုတ်လိုက်ရသည်။ ကြည့်ရသည်မှာ သူ၏ ခုခံမှုက အလုပ်မဖြစ်ခဲ့ပုံရလေသည်။ သူ့ခန္ဓာအတွင်းမှ သွေးများ အော်မြည်ကာ ဆူပွက်နေပြီး သူ၏ အရိုးများက တဂျွတ်ဂျွတ် ကျိုးနေခဲ့သည်။

ဘုန်း ...

ဘုန်း ...

ဘုန်း ...

တုန်ခါနေသည့် ဆူညံသံများကို ကြားလိုက်ရပြီး တစ်ချိန်တည်းနီးပါးမှာပင် ကြွက်တစ်ကောင်ပြီး တစ်ကောင် လွင့်စဉ်သွားခဲ့သည်။ ကြွက်များကြားထဲမှ ပြန်လည်မွေးဖွားခြင်းအဆင့် ကြွက်တစ်ကောင်က ရှေ့သို့ ဆက်တိုးလာ၏။ ရီဖူရှင်းက သူ့ကို ကြည့်လိုက်ကာ လက်သီးတစ်ချက် ပစ်သွင်းသည်။

ထိုလေဟာနယ်သည် ခဏအတွင်းမှာပင် ပေါက်ကွဲထွက်တော့မတတ် တုန်ခါလာသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းတိုက်ခိုက်မှု ပြန်လည်မွေးဖွားခြင်းအဆင့် ကြွက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ့ကို နာကျင်စွာ ညည်းညူလိုက်စေသည်။ သူ၏ အရိုးများ ကျိုးကြေသွားပြီး သွေးတို့ အန်ထွက်လာကာ အဝေးသို့ လွင့်ထွက်သွား၏။

အချိန်ခဏလေးအတွင်းမှာပင် ရီဖူရှင်း ရှေ့၌ ကြွက်များအားလုံးကို အတွင်းဒဏ်ရာများ ရသွားစေသည်။ အားလုံး ပြုတ်ကျကုန်ကြပြီး သူ့ရှေ့တွင် ရပ်ကျန်နေခဲ့သူ မည်သူမှ ရှိမနေတော့ပေ။

“အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုး” ပြန်လည်မွေးဖွားခြင်းအဆင့် ကြွက်နတ်ဆိုးက ရီဖူရှင်း ရှိနေရာသို့ ကြည့်၍ အေးစက်စွာ ပြောသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်က လေထဲသို့ တက်သွားပြီး ရီဖူရှင်းဆီသို့ လျှောက်လာခဲ့ပြန်သည်။ သူ့လက်မှ ထွက်ပေါ်လာသည့် ပြင်းထန်သော နတ်ဆိုးစွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုသည်မှာ သူ ကိုင်ဆောင်ထားသည့် ရန်ဟောင်အဆင့် လက်နက်မှ ဖြစ်ကာ အလွန် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်ပေးစေသည်။

သူက ခြေလှမ်းထွက်လာကာ ရီဖူရှင်းထံသို့ လျှောက်လာ၍ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

ရီဖူရှင်းက ကောင်းကင်၌ ရပ်နေရင်းမှ ထိုကြွက်အား ငုံ့ကြည့်သည်။ တောက်ပနေသော်လည်း နက်မှောင်သည့် မျက်လုံးများအတွင်း အထင်အမြင်သေးခြင်းတို့ ရှိနေခဲ့သည်။ နတ်အလင်းများက ပေါက်ကွဲထွက်လာပြီး ယင်းတို့သည် တိမ်တိုက်များဆီသို့ ထိုးတက်သွားသည်။ နတ်ဝိညာဉ်သည် ခဏအတွင်း သူ့အထက်တွင် ပေါ်ပေါက်လာ၏။

ထိုအချိန်၌ ရီဖူရှင်း၏ မျက်လုံးများက ညို့မှိုင်းသွား၏။ အထက်သို့ ထိုးတက်လာသည့် ကြွက်သည် ထိုဝိညာဉ်၏ ခြိမ်းခြောက်မှုကို ခံစားမိလိုက်သည့်အခါ အနည်းငယ် ရှောင်တိမ်းသည်။

ရီဖူရှင်းက ကြွက်တစ်ကောင်ကို ကြည့်လိုက်ပြီး သူက ထိုကြွက်၏ စိတ်အတွင်းသို့ ကျူးကျော်သည်။ ကြွက်သည် လင်းလက်တောက်ပလာကာ အလွန် ကြီးမားသည့် ကြွက်အရိပ်ကြီး ပေါ်ပေါက်လာ၍ သူ၏ဝိညာဉ်ကို ဖုံးလွှမ်းသွားသည်။

ဘုန်း...

ရီဖူရှင်းက ကြွက်ဆီသို့ လျှောက်သွားခဲ့ကာ အနီးကပ်လက်သီးတစ်ချက် ပစ်သွင်းသည်။ ဧရာမကြွက်သည် အလားတူပင် သူ့လက်သည်းများကို ဆန့်ထုတ်ကာ ရီဖူရှင်း၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသည်။ ပြင်းထန်သည့် မုန်တိုင်းတစ်ခုက ကောင်းကင်တစ်ခွင်တွင် လွှမ်းခြုံသွားကာ သူတို့အားလုံး အနီးရှိ လေဟာနယ်ကို ဖျက်ဆီးသွားခဲ့၏။

ထိုကြီးမားသော ကြွက်အရိပ်ကြီးအတွင်း ပုံရိပ်ယောင်တစ်ခုကို မြင်တွေ့ရပေသည်။ ယင်းသည် ထိုကြွက်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါလာစေကာ ဧရာမကြွက်ခန္ဓာကြီးက အချိန်များ ရပ်တန့်သွားသကဲ့သို့ လေထဲတွင် မလှုက်မယှက် ဖြစ်နေခဲ့သည်။

ရီဖူရှင်းသည် ထောက်ထားညှာတာခြင်းမရှိ နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်သည်။

ဖူး.....

ထိုကြွက်၏ ပါးစပ်မှ သွေးများ အန်ထွက်လာကာ သူသည် လွင့်စဉ်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။ ကြွက်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေပြီး သူ့ကို ကြည့်ရသည်မှာ အလွန် ဖရိုဖရဲ ဖြစ်နေခဲ့သည်။  သူ၏ ဝိညာဉ်သည်လည်း ထိခိုက်မှုပေါင်းများစွာ ဖြစ်နေခဲ့သည်။

သူ ကိုင်ဆောင်ထားသည့် ရန်ဟောင်အဆင့် လက်နက်အား အမှန်တကယ်အားဖြင့် အသုံးပင် မပြုလိုက်ရ။ သူ၏ဝိညာဉ်က လွှမ်းမိုးခံရကာ ထိခိုက်သွားခဲ့ရသည်။ သူတို့သာ ဆက်ပြီး တိုက်ခိုက်လျှင် ရီဖူရှင်းက သူ့အား သတ်ဖြတ် အဆုံးသတ်ပစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထို ပြန်လည်မွေးဖွားခြင်းအဆင့် ကြွက်က ရီဖူရှင်း၏ အရှေ့၌ ကူကယ်ရာမဲ့ ဖြစ်နေသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းက ထိုနေရာ၌ မရပ်တန့်ခဲ့ပေ။ သူက ဆက်လက်ကာ ခြေကို လှမ်းလာပြန်သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် ခရမ်းရွှေကြွက်အား ဒဏ်ရာအများအပြား ရရှိစေကာ အခြားသူများကို ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရင်ဆိုင်ရမည့် အရေးမှ လွတ်သွားစေရန် လုပ်ဆောင်နေသည်။

အခြားတစ်ဖက်တွင် သူသည်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများကို မည်သည့် ဆန့်ကျင်မှုမှ မပြုလုပ်ခဲ့ပေ။

သူက အစီအစဉ်ထဲမှ အတိုင်း အားလုံး လုပ်ဆောင်နေသည်။

“တော်လောက်ပြီ” ကြွက်နတ်ဆိုးများထဲမှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က ပြောသည်။ သူ၏ အသံက နေရာတစ်ခုလုံးကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားသည်။ သူ၏ စွမ်းအားက တိုက်ပွဲနေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကြည့်ရသည်မှာ ဤနေရာသို့ ကြွက်ကလန်မှ ရှန့်ထိုအဆင့်များသာ ရောက်လာခြင်း မဟုတ်သည့်ပုံပင်။ အားလုံးသော အင်အားစုများမှ ရန်ဟောင်နှင့် နတ်ဆိုးအင်ပါယာများသည် လက်ရှိတွင် ရောက်နေကြပြီး သူတို့အားလုံးက အလွန် အစွမ်းထက်ကြသည်။

ကြွက်များအကြားမှ နတ်ဆိုးအင်ပါယာ ထွက်ပေါ်လာသည်ကို ကြည့်ကာ ကောင်းကင်နတ်တံခါးမှ ရန်ဟောင်များက သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ကောင်းကင်နတ်တံခါးနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်ကြား ဖြစ်ပွားလုဆဲဆဲ တိုက်ပွဲသည်လည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

လူတိုင်းသည် သူတို့၏ အကြည့်များကို တစ်နေရာထဲသို့ ပို့ဆောင်လိုက်ကြသည်။ လေထဲ၌ ထည်ဝါစွာ ရပ်နေသည့် ထို ငွေရောင်ဆံပင်နှင့် ပုံရိပ်က အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူ့ကို ကြည့်ရသည်မှာ အလွန် တောက်ပနေပေသည်။ သူက တစ်ယောက်တည်းနှင့် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များအား တိုက်ခိုက်ကာ ရှုံးနိမ့်စေခဲ့သည်။

မည်သည့် ကြွက်ကမှ သူ့ကို ဆန့်ကျင် မတိုက်ခိုက်နိုင်ခဲ့ဘဲ ရလဒ်အနေဖြင့် ယခု ထိုနေရာမှ မြင်ကွင်းအတိုင်းပင် ဖြစ်သည်။

ရီဖူရှင်းက သူ၏ အကြည့်များကို ကြွက်နတ်ဆိုးအင်ပါယာထံသို့ ပို့လိုက်ကာ ပြောသည်။ “ခင်ဗျားတို့ ကြွက်တွေ အစကတည်းက ဒီလိုဖြစ်ချင်နေခဲ့တာ မဟုတ်ဘူးလား”

သူ၏ အမူအရာက ခရမ်းရွှေကြွက်ကလန်မှ သတိပေးနေသည်နှင့် ဆင်တူပေသည်။ ကောင်းကင်နတ်တံခါးနှင့် ကောင်းကင်အာဏာစက် ပြည်ထောင် အကြားမှ တိုက်ခိုက်မှုသည် ကြွက်များနှင့် သက်ဆိုင်သည့် ကိစ္စမဟုတ်ပေ။ အကယ်၍ ကြွက်များက ဤကိစ္စ၌ ဝင်စွက်ဖက်ချင်သည် ဆိုလျှင် သူက သူတို့အား သင်ခန်းစာကောင်းကောင်း ပေးရလိမ့်မည် ဖြစ်သည်။

ထိုအချိန်၌ လဲကျနေကြသည့် တန်ခိုးရှင်များသည် သူတို့ လုပ်ခဲ့သည့် အပြုအမူများက စော်ကားခံရမှုကို တောင်းဆိုမိသလို ဖြစ်သွားကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ကြရသည်။

“ပြန်ဆုတ်” ကြွက်နတ်ဆိုးအင်ပါယာက ပြောသည်။ ကြွက်တစ်ကောင်ပြီး တစ်ကောင်က အလွန် မကျေမနပ်နှင့် နောက်သို့ ဆုတ်ခွာသွားတော့သည်။

ထိုတိုက်ပွဲသည် ဟာသသက်သက်ပင် ဖြစ်သွားခဲ့ရကာ သူတို့ အားလုံးသည် တစ်ဦးတစ်ယောက်တည်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး တိုက်ပွဲဟုပင် ပြောမလွယ်လောက်အောင် ရယ်ရွှင်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ ထိုနေရာ၌ ကြည့်ရှုနေသည့် အင်အားစုများအားလုံးက ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ ထိပ်သီးပါရမီရှင်များ မရှိသည့် အင်အားစုတစ်ခုက တစ်ယောက်ပြီးတစ်ယောက် ဖိနှိပ်ခံရကာ အဆုံးသတ်ခဲ့သည်။

ယခင်က ချင်းဟယ်သည် မည်သည့်အတွက် ရီဖူရှင်းအား ဘုံ၏ ရန်ဟောင်အဆင့်အောက်၌ အတောက်ပဆုံး လူတစ်ယောက် ဖြစ်လာရန် အဆင့်မီသည်ဟု ဆိုခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ တန်ခိုးရှင်များသည် သူ့ကို သေချာစွာ ကြည့်နေကြ၏။ တိုက်ပွဲက အလျင်အမြန် တိုက်ခိုက်ပြီးဆုံးသွားခဲ့သော်လည်း ရီဖူရှင်း မကြာခင်က ထုတ်ပြခဲ့သော စွမ်းရည်ကြောင့် သူတို့က သူ့အား အလေးအနက်ထားလာကြသည်။ ရှန့်ရှောင်းနတ်ဘုရားနန်းတော်ကဲ့သို့သော နေရာ၌ပင် သူ့ကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိသည့်သူမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေမည်။

ကြွက်များအားလုံးက မည်သည့် စကားမှမဆိုဘဲ တိုက်ပွဲနေရာမှ ထွက်ခွာသွားကြသည်။ သူတို့အားလုံးက ရှုံးနိမ့်သွားသည်မှာ သေချာနေပေသည်။

တိုက်ခိုက်မှုက ခဏလေးသာ ဖြစ်ပွားခဲ့သော်လည်း ကိစ္စများက သံသယဖြစ်ရန်ပင် မလိုအောင် ပြင်းထန်လှပေသည်။

***

All Chapters