← Chapters

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1639

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1639

သူမသည် အသုံးပြုရန် လိုအပ်သည့် ပစ္စည်းများကို ဝိညာဉ်လေးအား ပြောပြလိုက်သည်။ ဝိညာဉ်လေးသည် ချက်ချင်းပင် သူမအတွက် ပြင်ဆင်ပေး လေသည်။

ရှီမာယူယူ ထိုပစ္စည်းများကို စစ်ဆေးနေချိန်တွင် သူ ထွက်မသွားပေ။ သူမ ထုတ်လိုက်သော အမှုန့်ကို သူမြင်သောအခါ မေးလိုက်သည် “ဒီအမှုန့်က အတားအဆီးကို ဖွင့်ဖို့သုံးလို့ရတာလား”

“အဲလူတွေ ဝင်လာတဲ့အချိန်မှာ သူတို့ကိုယ်မှာ အမှုန့်ပေနေတယ်၊ အဲဒါ ကြောင့် ဒါက အတားအဆီးကို ဖွင့်ရင် သော့ချက်ဖြစ်မယ်လို့ မှန်းလိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “ဟိုးတုန်းက ယန်းမျိုးနွယ်က အတားအဆီးဖွင့်ဖို့ အတွက် သေဆုံးခြင်းရောင်ဝါကိုသုံးခဲ့တယ်၊ ဒီလူတွေက အမှုန့်သုံးကြတယ်၊ အဲဒါကြောင့် ဒါဖြစ်နိုင်တယ်၊ အဲဒါက ဘာနဲ့လုပ်ထားတာလဲလို့ စမ်းသပ်ရုံပဲ ဒါဆိုရင် ဆရာတို့လည်း အတားအဆီးကိုဖြတ်နိုင်မှာ”

ဝိညာဉ်လေးသည် ဘာမှထပ်မပြောတော့ဘဲ သန့်စင်သည့်အခန်းတွင် ဆယ်ရက်လုံးလုံး အဖော်ပြုပေးသည်။ သူမ ထွက်လာချိန်တွင် အမှုန့်များစွာ ထုတ်လုပ်ပြီးစီးလေသည်။

သူမ ဝိညာဉ်စေတီမှထွက်လာသည်နှင့် မီအာနှင့်ပေါင်းစပ်ပြီး ခန္ဓာကိုယ် ကိုခါလိုက်ရာ အစောကဝင်လာသော လူအဖြစ်ပြောင်းသွားလေသည်။ သူမ၏ ရောင်ဝါပင် ထပ်တူကျလေသည်။

သူမသည် ဟိန်းသံထောင်ချီကို ဤနေရာတွင် နေရန်ပြောခဲ့သည်။ လိုအပ်လျှင် သူတို့၏ စာချုပ်အဆက်အသွယ်ကို အသုံးပြုပြီး ဆက်သွယ်ကာ သူမဘေးသို့ ပြန်လာမည်ဖြစ်သည်။ ထို့နောက် သူမသည် အမှုန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ် ဖြူးပြီး အတားအဆီးဆီသို့ သွားလိုက်သည်။

သူမ အတားအဆီးကို ဖြတ်သည့်အချိန်တွင် အားနည်းသည့် ခုခံမှုကို ခံစားမိသော်လည်း ချောချောမွေ့မွေ့ပင် ထွက်နိုင်သွားသည်။

သူမ ခန့်မှန်းချက်မှာ မှန်သည့်ပုံပင်။ အမှုန့်သည် ထွက်သွားရန်အတွက် သော့ချက်ဖြစ်သည်။

ထိုလူ၏ မှတ်ဉာဏ်အရ ထိုကြက်ဖအိုကြီးများသည် ဤနေရာတွင် လူများ ကျင့်ကြံသည် မကျင့်ကြံသည်ကို ဂရုမစိုက်ုကြပေ။ ကြီးမားသော အခြေအနေကြီး မဖြစ်သရွေ့ သူတို့ထွက်လာမည်မဟုတ်ပေ။ ထို့အပြင် ည မှောင်လာကာ ထိုလူများ ကင်းလှည့်မည့်အချိန်ရောက်ရန် နာရီအနည်းငယ် လိုသေးသေးသည်။

သည်လိုနှင့် သူမထွက်သည့်အချိန်တွင် ခါတိုင်းကဲ့သို့ လှည့်ပတ်မနေ တော့ပေ။ ထိုအစား သူမသည် ရှုဂျင်း၏အိမ်သို့ တခြားလမ်းမှသွားလိုက်သည်။

ရှုဂျင်းနှင့် ဟော်လန်တို့၏ ခြံဝန်းသည် ဆက်ထားသည်။ သူတို့ နှိပ်စက် သည့်ကိစ္စပြီးစီးသည်နှင့် သူတို့သည် ရှုဂျင်း၏ ခြံဝန်းကိုအရင်ပြန်ခေါ်လာသည် ဟု ဆိုသည်။ သူတို့သည် ဒဏ်ရာအောင် သင်ခန်းစာပေးကာ အပြစ်ကို ပြန် သုံးသပ်စေသည်ဟုဆိုသည်။ သူတို့၏ ဒဏ်ရာများ ပျောက်သွားမှပင် ထွက်သွား ကြသည်။

သူမ ရှုဂျင်း၏ ခြံဝန်းသို့ရောက်သောအခါ နှစ်ယောက်လုံးပြန်မရောက် သေးပေ။ ခြံဝန်းမှာ မည်းမှောင်နေပြီး သူမသည် အခက်အခဲမရှိ ဝင်သွားနိုင် လိုက်သည်

သူမသည် ရှုဂျင်း၏ ခြံဝန်းအား စစ်ဆေးလိုက်သည်။ သူမ ခြံဝန်းကဲ့သို့ပင် ထပ်တူညီသည်။ သို့သော် သွေးနံ့မျှင်းမျှင်းရသည်။

သူမ၏ စိတ်များ နာကျင်သွားသည်။ သူတို့က မကြာခဏ ဒဏ်ရာရတတ် တာလား။

သူမ အတွေးနယ်မချဲ့ခင်မှာပင် အပြင်မှ ခြေသံများကြားရသည်။ သူမ သည် ချက်ချင်းပင် စိတ်ငြိမ်အောင်လုပ်ကာ အမှောင်ထဲတွင် ပုန်းအောင်းလိုက် သည်။

သူမသည် ခြံဝန်းထဲရောက်နေသည်မှာ သေချာသော်လည်း သူမကို မရှာ လျှင် သတိထားမိမည်မဟုတ်ပေ။

သူတို့နှစ်ယောက်လုံး၏ အဝတ်များမှာ စုတ်ပြဲနေကြပြီး သူမဝတ်ထား သည့် အင်္ကျီနှင့်ဆင်တူသည်။ သူတို့သည် တစ်ယောက်စီကိုတွဲပြီး လျှောက်ဝင် လာကြသည်။ နှစ်ယောက်လုံးသည် မလှုပ်နိုင်တော့ဘဲ ဆွဲခေါ်ခံလာရသည်။ သူတို့သည် လက်လွတ်စပယ်ပင် နှစ်ယောက်ကို ပစ်လိုက်ရာ မြေပေါ်သို့ကျ သွားကြလေသည်။

မှောင်မည်းနေသော်လည်း သူမသည် သူတို့ကိုမြင်ရကာ ရောင်ဝါကို လည်း အာရုံခံမိသည်

သူတို့နှစ်ယောက်လုံးမှာ မေ့မြောသွားခြင်းမရှိသော်လည်း ဒဏ်ရာမရှိ သည့်နေရာဟူ၍ မရှိပေ။

အစပိုင်းက နှစ်ယောက်လုံးသည် အဆင့်အတန်းမြင့်မြင့်နေခဲ့ကြသည်။ သို့သော် ဤအခြေအနေသို့ ရောက်လာခဲ့ရသည်။ သူမသည် မျက်ရည်များ စတင်ကျလာပြီး ဒေါသမှာလည်း ထိန်းချုပ်မဲ့စွာ ကျလာသည်။ သူမ၏ အေးစက်နေသော ရောင်ဝါသည် တစ်အိမ်လုံးကို ရိုက်ခတ်သွားပြီး လေများပါ တိုက်ခတ်သွားရာ ခြံဝန်းထဲမှလူများ၏ အာရုံကို ဆွဲဆောင်သွားလေ၏။

“ဘယ်သူလဲ” အစောင့်နှစ်ယောက်သည် ရှီမာယူယူရှိရာဘက်သို့ အော် လိုက်သည်။

ရှီမာယူယူသည် အရိပ်များအကြားမှ ထွက်လာပြီး သူတို့ကို လူသတ်မည့် အကြည့်ဖြင့်ကြည့်လေသည်။ ထိုလူသတ်မည့် ရောင်ဝါကြောင့် ရှုဂျင်းနှင့် ဟော်လန်တို့ အလိုလိုကြည့်မိကြလေသည်။

အစောင့်လား။ သူ ဘာလုပ်တာလဲ။ သူတို့သိတဲ့လူတော့ ဟုတ်ပုံမရဘူး။

“မင်းက ဟုန်လိုင်လက်အောက်က မဟုတ်ဘူးလား” အစောင့်နှစ်ယောက် သည် သူမ၏ ဝတ်စုံကိုမြင်သည်နှင့် သရုပ်မှန်ကို မှတ်မိသည်။ “ဒီမှာဘာလုပ် နေတာလဲ”

“သူတို့ကို ဒဏ်ရာရအောင်လုပ်တဲ့သူတွေ အကုန်သေရမယ်” ရှီမာယူယူ သည် အေးစက်စွာပြောပြီးနောက် ပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာ ချိန်တွင် ထိုလူ၏ လည်ပင်းကိုဆုပ်ကိုင်ပြီး တစ်ချက်တည်းနှင့် ချိုးလိုက်သည်။ သူ၏ခေါင်းသည် ၁၈၀ ဒီဂရီနောက်ပြန်လန်သွားတော့သည်။

တခြားအစောင့်မှာ ချက်ချင်းတုံ့ပြန်ပြီး သူမကို တိုက်ခိုက်မည်ပြု သော်လည်း သူ၏ မြန်ဆန်မှုမှာ မလုံလောက်ပေ။ သူ ဝိညာဉ်စွမ်းအင်မထုတ်ခင် မှာပင် ဓားတစ်ချောင်းသည် သူ၏ ရင်ဘတ်ကိုထိုးဖောက်သွားလေသည်။

သူတို့နှစ်ယောက်ကို သတ်ရန်မှာ အသက်ရှုတစ်ရှိုက်စာလောက်သာ ကြာ သည်။ အဖြစ်အပျက်မှာ မြန်ဆန်ကာ သူမ၏ လှုပ်ရှားမှုမှာ သေသပ်သည်။ မြေပေါ်မှ လူနှစ်ယောက်ကို မှင်တက်စေသည်။

အရေးအကြီးဆုံးမှာ သူတို့ မပြင်ဆင်ထားမိသော မြင်ကွင်းပင်ဖြစ်သည်။

ဒီလူတွေက တစ်ဖက်တည်းသားမဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် ကြီး အဲနှစ်ယောက်ကို သတ်လိုက်တာလဲ။

ရှီမာယူယူ သူတို့ကိုသတ်ပြီးနောက် ထိုလူနှစ်ယောက်၏စိတ်အတွင်းသို့ ဝင်ကြည့်လိုက်သည်။ သူမ ခေါင်းမော့လိုက်ရာ ဆရာဖြစ်သူတို့၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရသည်။ သူတို့သည် နီးကပ်နေကာ သူတို့ကိုရှင်းရှင်း လင်းလင်းမြင်ရသည်။ သူတို့၏ မျက်နှာ ခန္ဓာကိုယ်တို့တွင် ကောင်းသည့်နေရာ ဟူ၍မရှိပေ။ နေရာအများစုမှာ အရိုးပေါ်နေသည်။ သူမ၏ မျက်ရည်များ ပြင်းထန်စွာ ကျလာသည်။

သူမသည် သူတို့နှစ်ယောက်ရှေ့တွင် ဒူးထောက်ပြီး အရိုအသေပေးလိုက် သည်။ သူတို့၏ မျက်လုံးများမှာ ရှုပ်ထွေးသွားကြသည်။

ဒီလူက ရူးသွားတာမဟုတ်ဘူးမလား။

“ဆရာတို့ တောင်းပန်ပါတယ် ကျွန်မက ဆရာတို့ကို ဒုက္ခရောက်စေပြီ” သူမသည် သူမကိုယ်သူမ အပြစ်တင်သည့်လေသံဖြင့် ပြောလေသည်။

“မင်း မင်းက…” သူတို့မျက်လုံးထဲတွင် ရှုပ်ထွေးခြင်းများဖြစ်သွားကာ လွန့်လူးပြီး ထလိုက်သည်။

ရှီမာယူယူသည် မြေပြင်မှထပြီး သူတို့နှစ်ယောက်ကို ထူပေးလိုက်သည်။

“ဒဏ်ရာတွေက ပြင်းတယ် မလှုပ်ပါနဲ့”

“မင်းက… ယူယူလား” ဟော်လန်၏ အသံမှာ တုန်ယင်နေသည်။ သူတို့ နှိပ်စက်ခံရသည့်အချိန်မှစပြီး ဤကဲ့သို့ မဖြစ်ဖူးပေ။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသသည် မီအာနှင့်‌ ပေါင်းစပ်မှု ဖြည်လိုက်ရာ မူလအသွင်သို့ပြောင်းသွားလေသည်။

“တကယ်ပဲ မင်းပဲ ဒီကိုဘာလာလုပ်တာလဲ” ရှုဂျင်း၏ အသံမှာ ဒေါသသံ ပါနေသည်။

“ကျွန်မ တစ်ယောက်တည်းမဟုတ်ပါဘူး စီနီယာတွေလည်းပါတယ်” တွေးလိုက်သည်နှင့် ကျန်းကျူးရှန့်နှင့် တခြားသူများပါ ခြံဝန်းထဲတွင်‌ ပေါ်လာ ကြသည်။

ဟန့်မြောင်ရွှမ်သည် ရှုဂျင်းနှင့် ဟော်လန်တို့အခြေအနေကို မြင်သောအခါ မျက်ရည်များကျလာတော့သည်။ ကျန်းကျူးရှန့်နှင့် စူးရှောင်ရှောင်တို့၏ မျက်လုံးများပင် နီရဲလာကာ အမူအရာမှာလည်း ခက်ထန်နေသည်။

“စီနီယာအစ်ကို အစ်မ ဆရာတို့က ဒဏ်ရာရားကြတယ် အဲတော့ သူတို့ကို အရင်ခေါ်သွားရအောင်” ရှီမာယူယူသည် ထမ်းစင်နှစ်ခုထုတ်ကာ သူတို့ကို တင် လိုက်သည်။ ထို့နောက် သူမသည် အိမ်ထဲသို့ ပို့လိုက်သည်။

“စီနီယာအစ်ကိုကြီး စီနီယာအစ်ကို ၃ သူတို့ဒဏ်ရာတွေကို သန့်စင်ပေး လိုက်ပါဦး” ရှီမာယူယူသည် ဒဏ်ရာသန့်စင်သည့် ကိရိယာများကို စားပွဲပေါ်သို့ တင်လိုက်သည်။ ဒဏ်ရာရားသော နှစ်ယောက် မှင်တက်ဆဲဖြစ်နေသည်ကို တွေ့သောအခါ ပြောလိုက်သည် “ဆရာ ဆရာဟော်လန် ရှုပ်နေသေးရင်လည်း နောက်မှထပ်ပြောကြတာပေါ့၊ ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ရင် နည်းနည်း တော့နာလိမ့်မယ် အဲဒါကြောင့် အရင်မေ့ဆေးပေးရမယ်”

သူမ ပြောပြီးးသည်နှင့် ဆေးပုလင်းတစ်ပုလင်းထုတ်ကာ သူတို့၏ နှာခေါင်းရှေ့သို့ တေ့ပေးလိုက်သည်။ သူတို့သည် ဘာမှမပြောနိုင်ခင်မှာပင် မေ့လဲသွားတော့သည်။

“ဒီကကိစ္စတွေကို စီနီယာတို့ကိုပဲ အပ်လိုက်တော့မယ်” သူမ မတ်တတ် ရပ်ပြီး ကျန်းကျူးရှန့်နှင့် စူးရှောင်ရှောင်တို့ကို ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ခေါင်းညိတ်ပြသည်နှင့် ဟန့်မြောင်ရွမ်နှင့် သူမတို့ သည် အပြင်တွင်စောင့်ကြလေသည်။

တစ်နာရီကြာပြီးနောက်တွင် စူးရှောင်ရှောင်တံခါးဖွင့်လာကာ သူတို့နှစ် ယောက်ကို ဝင်ခိုင်းလေသည်။

အိပ်ယာပေါ်တွင် သတိမေ့မြောနေသော ဆရာနှစ်ယောက်ကိုကြည့်ပြီး သူတို့လေးယောက်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

“ဒီနေရာကို ဖျက်ဆီးပစ်လိုက်ရအောင်” ဟန့်မြောင်ရွှမ် ပြောလေသည်။

“သေချာပေါက် လုပ်ရမှာပေါ့၊ သူတို့ ဆရာတို့ ထွက်ခဲ့တဲ့သွေးလောက်ကို သွေးကြွေးပြန်ဆပ်ခိုင်းမှာ” စူးရှောင်ရှောင်သည် ပထမဆုံးအကြိမ်အဖြစ် လူသတ်မည့် အမူအရာပြလေသည်

“ဒီနေရာကို ဖျက်ဆီဂတော့ရော ဘာအသုံးဝင်မှာလဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို မံမီများကဲ့သို့ ကြည့်လိုက်သည် “ဒီအကြွေးကို သူတို့ ဟော မျိုးနွယ်တစ်ခုလုံးနဲ့ ဆပ်ရမယ်”

သူတို့သုံးယောက်သည် မှင်တက်သွားပြီးမှ ခေါင်းညိတ်လေသည်။ သူမ ပြောလိုက်လျှင် ဟောမျိုးနွယ်သည် ထွက်ပြေးရန် အခွင့်အရေးရှိမည်မဟုတ် ပေ။

***

All Chapters