← Chapters

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1640

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1640

သူတို့ နိုးလာချိန်တွင် ဒဏ်ရာများသည် ၇၀ မှ ၈၀ ရာခိုင်နှုန်း တက်သွား ပြီဖြစ်သည်။

သူတို့ မေ့မသွားခင်က ဖြစ်ခဲ့သည့်အဖြစ်အပျက်ကို တွေးမိချိန်တွင် ချက်ချင်းပင် အိပ်ယာပေါ်မှထထိုင်မိသည်။ သူသည် ဘေးတွင်အိပ်နေသော ဟော်လန်ကိုပင် နှိုးမိသည်။

“လောင်ရှု ကျုပ်တို့ အိပ်မက်မက်နေတာလား” ဟော်လန် မေးလိုက် သည်။

“အခု ငါ့ပုံစံကြည့်ရတာတော့ အိပ်မက်မဟုတ်ဘူးဆိုတာတော့ သိတယ်” ရှုဂျင်းသည် အိပ်ယာပေါ်မှ ဆင်းလိုက်သည်။ သူသည် ခြံဝန်းမှထွက်ကြည့်ရာ မည်သူမှ မရှိသည်ကို တွေ့လိုက်ရသည်။

ဟော်လန်လည်း ထွက်လိုက်ကာ ဘာမှမရှိသော ခြံဝန်းကိုကြည့်ပြီး “ယူယူနဲ့ တခြားသူတွေက ဒီကိုတကယ်ပဲ ရောက်လာတာလား”

“ငါတို့တွေ ကယောင်ကတမ်းဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်” ရှုဂျင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူတို့ ဤနေရာတွင် နေရသည့်နေ့ရက်များသည် အလွန်ကြမ်းတမ်းကာ ထိုအရာကို အပြည့်အဝနားလည်ပြီးဖြစ်သည်။ သူတို့ သည် တပည့်များကို သူတို့နှင့်အတူ ပိတ်လှောင်ခံရမည်ကို မလိုလားပေ။ ရောက်လာလျှင် ထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

“ခင်ဗျား သူတို့ကို ယုံပေးရမှာပေါ့” ဟော်လန် ပြောလိုက်သည် “ယူယူ အဲကလေးကတော့ မသေချာတာကို ဘယ်တော့မှမလုပ်ဘူး၊ သူ ဒီကိုလာရဲတာ ကလည်း လွတ်အောင်ပြေးဖို့ နည်းလမ်းရှိတယ်ဆိုတဲ့သဘောပဲ အဲဒါကြောင့် သူမက ကျုပ်တို့ကို လာကယ်တာပဲ”

ထိုအချိန်တွင် အစောင့်တစ်ယောက်သည် အပြင်မှဝင်လာသည်။ အတားအဆီးသည် သူမအတွက် အသုံးမဝင်ပေ။

တံခါးတွင်ရပ်နေသော ရှုဂျင်းနှင့် ဟော်လန်ကို သူမမြင်သောအခါ ပျော်ရွှင်စွာ ပြောလေသည် “ဆရာ ဆရာဟော် နိုးလာပြီလား”

“ယူယူလား” ဟော်လန်သည် မရင်းနှီးသော မျက်နှာကိုမြင်နေရသဖြင့် မဝံ့မရဲအော်ပြောလိုက်သည်။

ရှီမာယူယူသည် ခေါင်းညိတ်ကာ သူမ၏ မူလပုံစံသို့ ပြောင်းလိုက်သည်။ သူမသည် ပြုံးပြီးပြောလိုက်သည် “တပည့်ပါ”

“ဒီမှာ ဘာလုပ်နေတာလဲ” ရှုဂျင်းသည် သူမကို စိုက်ကြည့်လေသည်။

“ကျွန်မ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကို ဝင်ပြိုင်ပြီးတော့ ဟော မျိုးနွယ်က ကျွန်မကို ဖမ်းလိုက်တာပဲ”

ရှုဂျင်း ကြားလိုက်သောအခါ ဒေါသထွက်သွားပြီး သူမကို ပြစ်တင်ကြိမ်း မောင်းလေသည် “ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သိရဲ့လား၊ ဒီကိုလာပြီး တော့ ထွက်မသွားနိုင်တဲ့လူ ဘယ်နယောက်ရှိလဲသိရဲ့လား ဘယ်လိုဖြစ်ပြီး ဒီလောက် သတိမဲ့ရတာလဲ”

သူ ကြိမ်းမောင်းနေစဉ်မှာပင် ရှီမာယူယူ လျှောက်သွားပြီး ပြောလိုက် သည် “ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သိလို့ ပိုပြီးလာသင့်တာလေ ဆရာ စိတ်ချပါ ကျွန်မ ဆရာတို့ကို ဒီကနေခေါ်ထုတ်သွားမယ်”

“မင်း…”

“ဆရာ ဆရာတို့က ကျွန်မကြောင့် ဒီနေရာမှာ နှစ်ပေါင်းများစွာ ပိတ်မိ နေတာလေ၊ အဲဒါကို ကျွန်မက ဘယ်လိုလုပ် လျစ်လျူရှုရမှာလဲ” ရှီမာယူယူ သူ့ကို စကားဖြတ်ပြောလိုက်သည် “ဆရာတို့ ဒီမှာ ဒီလိုဘဝနဲ့နေနေရတာ စောစောသိရင် တပည့်က စောစောလာမှာပါ”

ရှီမာယူယူသည် သူတို့ကို မျက်ရည်များဝဲကာ ကြည့်ပြီး ပြောမည့်ကျန် စကားများကို မျိုသိပ်လိုက်သည်။

“ဟုတ်သားပဲ လောင်ရှုကလည်း အခြေအနေတွေက ဒီအထိဖြစ်နေပြီပဲ သူမကို ဆက်ဆူနေလည်း အသုံးမဝင်ဘူး၊ မျက်နှာကြီးကလည်း အဲလောက် မခက်ထန်ပါနဲ့ ခင်ဗျားဒီလိုပုံစံဖြစ်နေတာကို ခင်ဗျားရဲ့ ကျောင်းသားတွေ မြင် သွားလို့လား အဲဒါကဘာမှရှက်စရာမဟုတ်ပါဘူး” ဟော်လန်သည် သူ့ကို တွေဝေခြင်းမရှိ စနောက်လေသည်။

ရှုဂျင်းသည် နှုတ်ခမ်းတွန့်ကာ သူ့ကိုကြည့်လိုက်သည်။ ထို့နောက် သူ လှည့်ထွက်ပြီး အိမ်ထဲမှထွက်သွားလိုက်သည်။

တစ်ဖက်မှာ အလွန်အားကောင်းသော ရန်သူမဟုတ်ဘဲ ခေါင်းမာသော ရဲဘော်ရဲဘက်ဖြစ်သည်။ ဟော်လန်သည် သူ့ကို ဆွဲချနေသည်မှာ သေချာနေ သည်။

ရှီမာယူယူသည် ကျန်းကျူးရှန့်နှင့် တခြားသူများကို ခေါ်ထုတ်ကာ အိမ် ထဲသို့ ဝင်သွားလိုက်သည်။ တစ်နေရာမှ ပေါ်လာသော လူများကိုကြည့်ပြီး ရှုဂျင်းနှင့် ဟော်လန်တို့သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသော်လည်း ဘာမှထပ်မမေးပေ။

“ဆရာ ဆရာဟော် ကျွန်မ စမ်းသပ်ကြည့်ဦးမယ်” ရှီမာယူယူ လျှောက် သွားပြီး သူတို့သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည်။

“ငါတို့တွေ သတိမေ့သွားတာ ဘယ်လောက်ကြာလဲ” ရှုဂျင်း မေးလိုက် သည်။

“ဆယ်ရက်”

“အဲလူတွေ မလာကြဘူးလား” ဟော်လန်သည် နားမလည်နိုင်စွာ မေး လေသည်။

ရှီမာယူယူသည် သူတို့ မည်သူကိုရည်ညွှန်းသည်ကို သိသဖြင့် ပြောလိုက် သည် “သူတို့က ဒီနေရာကို ဂရုစိုက်ဖို့တောင် မအားဘူး”

“မင်း ဘာလုပ်လိုက်တာလဲ” ရှုဂျင်း မေးလိုက်သည်။

“ဘာမှတော့ မဟုတ်ပါဘူး၊ ဒီနေရာကို အာရုံစိုက်ဖို့ အချိန်မရှိအောင်လို့ အလုပ်များအောင်ပဲလုပ်ပေးလိုက်တာပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာ ဆရာလည်း သက်သာနေပြီ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဒဏ်ဖြစ်ထားတော့ ပြန် ကောင်းဖို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ် အဲဒါကြောင့် ဘေးထွက် ဆိုးကျိုးနည်းနည်းတော့ ရှိလိမ့်မယ် ကျွန်မတို့ပြန်ရောက်တာနဲ့ နလန်ထူဖို့ ကူညီပေးပါမယ်”

ထိုသို့ ပြောပြီးနောက် သူမသည် ဟော်လန်၏ သွေးခုန်နှုန်းကို စမ်းကြည့် ရာ စိုးရိမ်သော အကြည့်ဖြစ်သွားသည်။ သူမ လုပ်မည့်အရာကို သူတို့ကို ပြော ရန်အစီအစဉ်မရှိပေ။

ရှုဂျင်းသည် တစ်စုံတစ်ရာပြောမည်အပြုတွင် ကျန်းကျူးရှန့် စကားဖြတ် ပြောလေသည် “ဆရာ… ဆရာ့ရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် ပြန်ကောင်းဖို့ ကိုပဲ အာရုံစိုက်ထားသင့်တယ်”

ရှီမာယူယူသည် သူ့ကို အားပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ စီနီယာကြီးသည် တစ်ဖက်လူကို နားလည်သည့်နေရာတွင် တော်နေသေး သသည်။

ရှုဂျင်း….

ရှီမာယူယူ၏ မျက်နှာမှာ မကောင်းလှသဖြင့် ဟော်လန်သည် ဘေးတွင် တိတ်တိတ်သာနေနေသည်။

“ငါ့ခန္ဓာကိုယ်အခြေအနေကို ငါ သိတယ်၊ အခုက ပြင်းထန်တဲ့ပုံပေါက်နေ ပေမဲ့ နည်းနည်းလောက် ဂရုစိုက်လိုက်တာနဲ့ အဆင်ပြေသွားမှာ” သူသည် ရှီမာယူယူ၏ အကြည့်အောက်တွင် ညှိုးနွမ်းသွားကာ အဆုံးတွင် အသံတိုးသွား တော့သည်။

သို့သော် ရှီမာယူယူသည် သူ့ကို စကားလုံးများနှင့် မတိုက်ခိုက်တော့ပေ။ သူမသည် သူ့ကိုပြန်ကောင်းလာရန် ကူညီပေးရုံသာလုပ်ပေးသည်။

သူတို့နှစ်ယောက်လုံးကို စမ်းသပ်ပြီးနောက်တွင် သူတို့သည် ရှီမာယူယူ နှင့်တခြားသူများမှ လာရှာရန် မည်သို့တွေးမိသည်ဟု မေးကြလေသည်။

“စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့က ဆရာတို့ကို အမြဲတမ်းစိတ်ပူနေ တာ၊ ဒီနှစ်တွေမှာ ကျွန်မလည်း အလုပ်တွေများနေခဲ့တာ၊ အစတုန်းကတော့ အစွမ်းအစလည်းမရှိခဲ့ဘူး အဲဒါကြောင့် နည်းနည်းကြန့်ကြာပြီးမှ လာနိုင်တာပါ” ရှီမာယူယူသည် စဉ်းစားရင်းနှင့် အပြစ်မကင်းသလို ခံစားရသည်။ ဆရာနှင့် ဆရာဟော်တို့သည် သူမအတွက် ဤနေရာသို့လာခြင်းဖြစ်ကာ ယခုလိုပင် ခံစားရသည်။ သို့သော် သူမသည် အခုချိန်မှပင် လာနိုင်ကြလေသည်။

“ဟင်း မင်းမှာ အစွမ်းအစရှိလို့ ဒီနေရာထိလာရဲတာလား” ရှုဂျင်းသည် ကျန်းကျူးရှန့်ကို ကြည့်လိုက်သည် “အထူးသဖြင့် မင်းပဲ…. စီနီယာအစ်ကိုကြီး တစ်ယောက်အနေနဲ့ ဂျူနီယာတွေကို မစောင့်ရှောက်ဘဲ သူတို့နဲ့အတူတူတောင် ဒီအထိလာပြီး ရှုပ်နေသေးတယ်”

“ဆရာ ဆရာ့ကိုလာရှာတာက အရှုပ်တွေလုပ်တာမဟုတ်ပါဘူး” ဟန့်မြောင်ရွှမ်သည် တိုးညင်းသောအသံဖြင့် ရှင်းပြလေသည်။

“ဒါဆိုဘာလဲ” ရှုဂျင်းသည် သူမကိုပါ စိုက်ကြည့်လိုက်သည် “မင်းတို့ဆရာ က ကိုယ့်ဘာသာပြန်လာနိုင်မှာကို အဲလောက်တောင် ယုံကြည်မှုနည်းတာလား”

ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မျက်လွှာချထားကာ သူတို့၏ ခံစားချက်များကို ဖုံးကွယ်ထားသည်။

သူတို့သည် ဆရာတို့ကို အသေးသေးခြင်းမဟုတ်ပေ။ အမှန်တကယ် တော့ ရှီမာယူယူကဲ့သို့ နောက်ခံမရှိလျှင် သူတို့၏ အစွမ်းအစပေါ်မှီခိုလျှင် တောင် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

“ဆရာ ဒီကျွန်းမှာ ဘာလုပ်ကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူတို့က အမျိုးအစားစုံတဲ့ဆေးတွေကို ငါတို့ကိုသန့်စင်ခိုင်းတယ် ပြီးတော့ ငါတို့နည်းလမ်းကို သူ့တို့ကို သင်ပေးစေချင်တယ်” ရှုဂျင်း ပြောလိုက် သည် “အကြာကြီး နှိပ်စက်ခံရတဲ့သူတွေက အရှုံးပေး၊ စကားနားထောင်ပြီး ပေးလိုက်ရတာပဲ ငါတို့ကကျတော့ နည်းနည်းလောက် အပြစ်ပေးလိုက်ရင် တောင် ငါတို့စိတ်တွေက ပြိုကွဲမသွားဘူးလေ”

“ဆရာ ကျွန်မတို့ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲမှာတုန်းက ဆရာတို့ နည်းလမ်းအတိုင်း ဆေးသန့်စင်တဲ့လူတချို့ကို တွေ့ခဲ့သေးတယ်၊ ဆရာတို့က…” ဟန့်မြောင်ရွှမ်သည် နှုတ်ခမ်းတွန့်ပြီး စကားဆုံးအောင်မပြောပေ။

“ငါ မသင်ဘူး ဒါပေမဲ့ ငါတို့က အမြဲတမ်း ထူးခြားတဲ့နေရာကို ခေါ်သွားခံရ ပြီး အဲဒီမှာဆေးသန့်စင်ကြတယ် အဲဒါကြောင့် သူတို့ပုံတူလိုက်လုပ်တာဖြစ်မယ်” ရှုဂျင်း ပြောလိုက်သည်။

“ဒါပေမဲ့ အဲလူတွေက အပြင်လူတွေပဲ”

“ဒီက နှိပ်စက်မှုတွေကို မခံနိုင်ဘဲ လိုက်လျောလိုက်ရတာပဲ” ဟော်လန် ပြောလေသည်။

“ဆရာ ဆရာဟော် သူတို့နှိပ်စက်မှုကြောင့် လက်လျော့လိုက်တာတော့ မဟုတ်ပါဘူးနော်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

ရှုဂျင်းသည် ပြုံးရုံပြုံးပြီး သူမ စကားများကို မငြင်းဆန်ပေ။

“ယူယူ… ဒီရက်တွေမှာ ဘာတွေလုပ်ထားလဲဆိုတာ အခု ပြောလို့ရပြီ လား” ရှုဂျင်းသည် ကုလားထိုင်ကို မှီလိုက်သည်။

“ဟုတ်ကဲ့ တကယ်တော့ ဘာမှတော့မဟုတ်ဘူး  သူတို့ ရတနာဆောင်က စာအုပ်တွေအကုန်လဲလိုက်ပြီး အဆောက်အဦးတစ်ခုလုံးကို မီးရှို့ပေးလိုက်တာ” ရှီမာယူယူသည် ပျော်ရွှင်စွာရယ်မောလိုက်သည် “အဲဒါကြောင့် သူတို့တွေက အခု အဲဒီအပြစ်သားကိုရှာဖို့ ကျွန်မတို့ကိုဂရုစိုက်ဖို့ အချိန်မရှိဘူး”

“မင်းက သူတို့ရတနာတွေကို မီးရှို့လိုက်တယ် ဟုတ်လား” ဟော်လန်နှင့် ရှုဂျင်းတို့သည် သူမအား အလန့်တကြားကြည့်လေသည်။

“ဟုတ်တယ်လေ ဆရာတို့ကို ဒီလိုမျိုးဆက်ဆံလို့ သူတို့ကိုဘယ်သူက ပြောလဲ၊ ရတနာက ဒီအတိုင်းပထမအဆင့်ပဲရှိသေးတာ” ရှီမာယူယူသည် အေး စက်စွာ နှာရှုတ်လိုက်သည်။

ဟောမျိုးနွယ်.. သူမ ဒေါသကို ခံယူဖို့သာပြင်ထားတော့။

***

All Chapters