← Chapters

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1641

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1641

ရှုဂျင်းနှင့် ဟော်လန်တို့သည် သူမ သူတို့ကိုကာကွယ်ပုံကို မြင်ပြီး ရင်ထဲ တွင် နွေးထွေးသွားတော့သည်။

“မင်းရဲ့ ခန္ဓာကိုယ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့နည်းလမ်းမရှာနိုင်တာ တော့ နှမြောစရာပဲ” ဟော်လန်သည် ကြင်နာသော အသံဖြင့်ပြောလေသည်။ သူ ရှီမာယူယူကို ကြည့်သောအကြည့်သည် စိုးရိမ်မှုအဖြစ်ပြောင်းသွားလေ သည်။

“မင်းရဲ့ ခန္ဓာကိုယ်က အခုဘယ်လိုနေလဲ” ရှုဂျင်း၏ မျက်ခုံးများသည် တင်းကြပ်စွာ ကြုတ်သွားသည်။ ထိုစဉ်က သူတို့ဤနေရာသို့လာရခြင်းမှာ သူမ ၏ ခန္ဓာကိုယ်ကို ဖြေရှင်းရန် နည်းလမ်းရှာရန်အတွက် ဖြစ်သည်။ အခု သူမ သည် သူတို့ကိုကယ်နိုင်သည်ဖြစ်စေ မကယ်နိုင်သည်ဖြစ်စေ သူမ၏ ခန္ဓာကိုယ် မှာ ရှုပ်ထွေးဆဲပင်ဖြစ်သည်။

သူမသည် များစွာသန်မာလာပြီး သူမခန္ဓာကိုယ် ပြဿနာသည် ပို၍ ထင်ရှားလာမည်ဖြစ်သည်။ သူတို့ အဖြေမရှာနိုင်ရင် ဘာဖြစ်မလဲ။ အဲလိုဆိုရင် သူမက ဘာလုပ်မလဲ။

သူတို့ ဤနေရာသို့ ရောက်သည်မှာ နှစ်ပေါင်းဆယ်ချီပြီဖြစ်သော်လည်း ထိုကိစ္စကို သတိတရရှိဦးမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူတို့သည် ဤနေရာမှ ထွက်ခွာမည့် သူမ၏အစီအစဉ်ကို အခုချိန်ထိ မမေးပေ။ ထိုအစား သူမ၏ ခန္ဓာကိုယ်ကို စိုးရိမ်နေသည်။

“ဆရာတို့ စိတ်ချပါ ဒီပြဿနာကို ရှင်းဖို့ ကျွန်မမှာ နည်းလမ်းရှိပါတယ်၊ အခုက ကျွန်မ အားမကောင်းသေးလို့ ဘာမှမလုပ်နိုင်ဖြစ်နေတာပါ” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား”

“ဟုတ်တာပေါ့ ကျွန်မက ဘယ်လိုလုပ် ကိုယ့်အသက်နဲ့ ကစားမလဲ” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုဆိုလည်း ကောင်းတာပါပဲ” နောက်ဆုံးတွင် ဟော်လန်နှင့် ရှုဂျင်းတို့ သည် ထိုနှစ်များအတွင်း ဖြစ်ခဲ့သော စိုးရိမ်မှုများ လျော့ကျသွားတော့သည်။

“ယူယူ ဖြစ်နိုင်ရင် ဒီကလူတွေအကုန်လုံးကိုလည်း ကယ်လိုက်ပါ” ဟော်လန် ပြောလိုက်သည်။

ဤနေရာတွင် ပိတ်မိခံဖူးမှသာ သူတို့စိတ်အတွင်းရှိ မျှော်လင့်ချက်ကင်းမဲ့ ခြင်းကို သိမည်ဖြစ်သည်။ အားလုံးသည် အပြင်လူများဖြစ်သောကြောင့် တတ် နိုင်လျှင် သူတို့ကိုပါ ကူညီသင့်သည်။

“အဲဒီကြက်ဖအိုကြီးတွေက နိုင်ဖို့မလွယ်ဘူး ယူယူ ယုံကြည်ချက်ရှိလား” ရှုဂျင်း မေးလိုက်သည်။

စံတင့်အထွဋ်အဆင့်များဖြစ်ကြသည်။ ထိုအဆင့်သည် အနိုင်ယူရန် မလွယ်ကူပေ။ သူတို့နှင့် ဟောမျိုးနွယ်တို့၏ ဆက်နွယ်မှုကိုပါ ထပ်ပေါင်းလိုက် လျှင် သူတို့ကို အနိုင်ယူချင်လျှင်တောင် လွယ်သည့်ကိစ္စမဟုတ်ပေ။

“ဆရာ ဒီအချိန်အတွင်း ဆရာ့မစ်ရှင်က ခန္ဓာကိုယ်ကို အရင်ကျန်းမာရေး လိုပြန်ဖြစ်အောင်လုပ်ဖို့ပဲ၊ ကျန်တာကို ကျွန်မကိုသာ အပ်ထားလိုက်ပါ၊ ကျွန်မ က ဝင်နိုင်ရင် ပြန်ထွက်ဖို့လည်း နည်းလမ်းရှိတယ်၊ အခုက ဆရာတို့ ခန္ဓာကိုယ် တွေက အားနည်းနေသေးတယ် အဲဒါကြောင့် တခြားကိစ္စတွေကို စိတ်မပူပါနဲ့” ရှီမာယူယူ ပူညံပူညံပြောလိုက်သည်။

ရှုဂျင်းသည် ဟော်လန်အား အကူအညီမဲ့စွာ ကြည့်လိုက်သည် “ငါတို့တွေ ဒီလိုမျိုး ယောက်ယက်ခတ်ရမယ့်နေ့ရောက်လာမယ်လို့ ထင်ကိုထင်မထားဘူး”

“ပြီးတော့ အထင်သေးခံရတယ်” ဟော်လန် ရယ်မောလိုက်သည်။

“ဒါပေမဲ့ ဒီခံစားချက်က ဆိုးလွန်းတာတော့ မဟုတ်ဘူး” ရှုဂျင်းသည် အသာအယာရယ်မောလိုက်သည်။ သူသည် ခံစားချက်ကောင်းနေပုံရကာ ယောက်ယက်ခတ်ရခြင်းကို စိတ်ညစ်ပုံမပေါက်ပေ။

“မင်းတို့တွေ အကုန်အရွယ်ရောက်လာကြပြီ” ဟော်လန် သက်ပြင်းချ လိုက်သည်။

“ခင်ဗျားကလည်း အဘိုးကြီးလေသံအတိုင်းပဲ” ရှုဂျင်းသည် နှုတ်ခမ်းတွန့် လိုက်သည်။

သူတို့သည် အရင်ကထက် အခြေအနေပိုဆိုးသော်လည်း ရုပ်ရည်သန့်ပြန့် ကာ ဆွဲဆောင်မှုရှိကာ အကန့်အသက်မရှိသော အမြော်အမြင်ရှိတုန်းပင်ဖြစ် သည်။

ရှီမာယူယူသည် သူတို့၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို မြင်နေရကာ သူတို့ကို အိမ်ထဲတွင်သာ နလန်ထူခိုင်းရသည်။

သူတို့ ဘေးကင်းစေရန်အတွက် ကျန်းကျူးရှန့်နှင့် တခြားသူများကို ဝိညာဉ်စေတီအတွင်းသို့သာ ထည့်လိုက်သည်။ သူမသည် အပြင်တွင် တစ် ယောက်တည်းကျန်ခဲ့ကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ရှုဂျင်း နှင့် ဟော်လန်တို့ကို အသိပေးပြီးနောက် ပန်းလေးနှင့် အိပ်မက်လေးတို့ကို ခြံဝန်းတွင် ထားပေးလိုက်သည်။

သူမ ပြန်မလာခင်တွင် ရတနာအဆောင်ကို တိတ်တဆိတ်ခိုးဝင်ကာ မီးရှို့ ထားခဲ့သည်။ သူမ ထိုနေရာမှထွက်လာသည့်အချိန်တွင် ဆူဆူညံညံဖြစ်နေပြီ ဖြစ်သည်။

သူမသည် လူသတ်ချင်သည့် ရောင်ဝါကို သိမ်းထားကာ တခြားလူတစ် ယောက်အသွင် လုံးဝပြောင်းလဲလိုက်သည်။ သူမသည် ရတနာများကို ကြည့်ပြီး ဝင်မပါလဲ လှည့်ထွက်ခဲ့လိုက်သည်။

ထိုရတနာဆောင်တွင် ဆေးပစ္စည်းများနှင့် အကျဉ်းသားများ၏ ဆေးပညာအထောက်အကူပစ္စည်းများစွာရှိသည်။ ထိုပစ္စည်းများသည် အပြင်က လောက် ရှေးမကျသော်လည်း တန်ဖိုးမနည်းပေ။

သည်လိုနှင့် ရတနာများ မီးလောင်သောအခါ အားလုံးထိတ်လန့်ပျာပျာ ဖြစ်သွားကြသည်။ သတ္တဝါအိုကြီးများပင် သွေးရူးသွေးတန်းဖြစ်သွားကြသည်။

ထို့အပြင် ထိုမီးသည် အလွန်ထူးဆန်းသည်။ သူတို့ မည်သို့ပင်လုပ်စေကာ မူ မီးကိုငြှိမ်းသက်၍မရပေ။ စံတင်အထွဋ်ကျွမ်းကျင်သူများသည် ပင်လယ်ထဲမှ ရေများကိုယူကာ တစ်ဝက်ခန့်ကို လောင်းလိုက်သည်။ သို့သော် ရေများ တရဟောလောင်းကျသွားသော်လည်း မီးသည် ဆက်လက်လောင်ကျွမ်းတုန်း ပင်ဖြစ်သည်။

ရှီမာယူယူသည် ဖြည်းဖြည်းချင်း မီးလောင်တိုက်သွင်းကာ ရတနာများ တဖြည်းဖြည်းပြာကျသွားသည်ကို ဟောမျိုးနွယ်ဝင်များကို ကြည့်စေသည်။ သူမသည် သူတို့ကို ရင်နာအောင်လုပ်သည်။

ရတနာအားလုံးသည် တစ်နေ့တာလုံးလုံး လောင်ကျွမ်းသည်။ မီးငြိမ်းသွား သည့်အခါတွင် ပြာများသာကျန်လေသည်။

ဒီကမ္ဘာမှာ ငြှိမ်းလို့မရတဲ့ မီးရှိသေးတာလား။ အဖြေမှာ သေချာပေါက် အကောင်းဘက်မှ မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ သူတို့ကို လာရှုပ်သည့် လူတစ် ယောက်ရှိနေပြီဟု ဆိုလိုသည်။

စံတင်ကျွမ်းကျင်တချို့သည် ဒေါသထွက်ကာ ထိုလူများကို ချက်ချင်း စုံစမ်းခိုင်းသည်။ အထူးသဖြင့် ရောက်သည်မှာ မကြာသေးသော ပြဿနာရှာ တတ်သည့် စွမ်းအားကြီးသော လူကိုဖြစ်သည်။

သေချာသည်မှာ ထိုစစ်ဆေးရမည့်အထဲတွင် ရှီမာယူယူ တစ်ယောက် အပါအဝင်ဖြစ်သည်။ သို့သော် သူမဖြစ်လိမ့်မည်ဟု မည်သူမှ မထင်မိပေ။ အကြောင်းမှာ သူမသည် အလွန်ငယ်ရွယ်ကာ ရောက်သည်မှာလည်း ရက်ပိုင်း မျှသာရှိသေးသည်။ သူမ ဖြစ်နိုင်ချေမရှိပေ။

ထို့ကြောင့်ပင် သူမခြံဝန်းဆီသို့လာသူမှာ ရှားပါးသည်။ သူတို့သည် ထိုနေရာတွင် ကျိုးနွံစွာထိုင်နေ‌သော ဟိန်းသံထောင်ချီကို မြင်သောအခါ သူမ ကို ဖြစ်နိုင်ချေထဲမှ ထုတ်ထားလိုက်သည်။

သူတို့ထွက်သွားပြီး ခဏအကြာတွင် ရှီမာယူယူသည် ခြံဝန်းဆီသို့ပြန်လာ ရာ ဟိန်းသံထောင်ချီသည် သူ၏ မစ်ရှင်ပြီးပြီဟု မှတ်ယူလိုက်သည်။

ရှီမာယူယူသည် သူ့ကို ဝိညာဉ်စေတီအတွင်း ထည့်ထားလိုက်သည်။ ထို့နောက် ကျောက်ခုံတစ်ခုံထုတ်ကာ ခြံဝန်းတံခါးရှေ့တွင် ချထားလိုက်သည်။ သူမသသည် ခုံပေါ်တွင် လှဲကာ ရတနာအား တက်ကြွစွာ စစ်ဆေးလေသည်။

ဘေးမှ အဘိုးကြီး ရောက်လာကာ ရှီမာယူယူမကို မြင်သောအခါ အံ့ဩနေ လေသည်။

“ကောင်မလေး အခုတလောဘာလို့ထွက်မလာတာလဲ”

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဤနေရာတွင်ရှိနေသူမှာ ဟိန်းသံ ထောင်ချီဖြစ်သည်။ သူသည် သူမကို ထိုရက်ပိုင်းတွင် အော်ခေါ်သော်လည်း သူမမှာ ထွက်မလာပေ။

“ပြီးခဲ့တဲ့ရက်ပိုင်းက နည်းနည်းလေး ပြဿနာရှိလို့ပါ” ရှီမာယူယူသည် သူ့ကို ထိုမျှသာ ပြောပြကာ အသေးစိတ်ရှင်းမပြပေ။

အဘိုးကြီးသည် သူမ၏ အနေအထိုင်နှင့် ပျင်းရိမှုကိုမြင်သောအခါ တစ်စုံတရာ ပြောင်းလဲသွားသည်ဟု ခံစားရသည်။ သူမသည် ယခင်ကကဲ့သို့ နမော်နမဲ့မဖြစ်တော့ဘဲ ပို၍ခံစားမှုကင်းနေသလိုပင်။

“ကောင်မလေး မင်းက ဒီကိစ္စတွေကို အတွေးများနေတဲ့ပုံပဲ” သူသည် နှုတ်ဆိတ်ကာ ကျွတ်သပ်လိုက်သည်။ ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ ဒီလို မျိုး မျက်နှာထားရှိတာပဲ။ သူရဲ့ ရောင်ဝါက အပြင်လူရဲ့ရောင်ဝါဖြစ်နေလို့သာ မဟုတ်ရင် သူမကို ဒီကျွန်းကမျိုးနွယ်တစ်ခုခုကလို့ ထင်မိတော့မှာ။

ရှီမာယူယူသည် ပြုံးရုံသာပြုံးသည်။ သူမ၏ အရင်နမော်နမဲ့ပုံစံမှာ အတု အယောင်သာဖြစ်သည်။ ထို့အပြင် အခုချိန်မှာ သူမ၏ ဆရာများကို ရှာတွေ့ပြီ ဖြစ်သဖြင့် စိုးရိမ်ပူပန်စရာမလိုတော့ပေ။

“အဘိုး ဒီလူတွေက ဘာလို့ အဘိုးကိုဖမ်းပြီး မစစ်ဆေးတာလဲ” သူမသည် ရတနာဆောင်ဘက်သို့ မေးထိုးကာ ညွှန်ပြလိုက်သည်။

အဘိုးကြီးသည် လက်ဖက်ရည်စသောက်ပြန်သည်။ ရှီမာယူယူ မေးသံကို ကြားသောအခါ ကျွတ်သပ်ပြီး သက်ပြင်းချလိုက်သည်။

“သေချာတာတော့ သူတို့က ငါ့ကို နာခံတယ်လို့ တွေးလို့လေ” အဘိုးကြီး ပြောလိုက်သည် “ငါက သူတို့နဲ့ ဘယ်တော့မှ မဆန့်ကျင်ဘူး၊ အဲဒါကြောင့် ဒီလို ကိစ္စတွေဖြစ်တော့ ငါဖြစ်မယ်လို့ သူတို့တွေ မတွေးကြဘူး”

“အဘိုးက အဘိုးရဲ့ပညာကို ပေးလိုက်တာလား”

“ပေးလိုက်ပြီလေ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ပညာက အရမ်းတော်တဲ့ ဆရာက ပေးထားတာမဟုတ်ဘူး သူက ဘယ်သူ့ကိုမှ မသင်ပေးဖို့ကိုလည်း ကတိမပေး ဖူးဘူး၊ ငါက ဘာမဟုတ်တာအတွက် ဘာလို့နှိပ်စက်ခံနေရမှာလဲ” အဘိုးကြီး သည် ဂရုမထားဘဲ ပြောလိုက်သည်။

“ဒါဆိုရင် ဒီမှာ ဘာလုပ်နေသေးတာလဲ” သူ့လိုလူသည် ဟောမျိုးနွယ်ကို ရောက်နေရမှာမဟုတ်ဘူးလား။

“ငါက သူတို့ကို ပညာပဲပေးတာ သစ္စာခံလိုက်တာမဟုတ်ဘူး၊ ဒီကမ္ဘာကြီး ကကျဉ်းရင်တောင် ငါ့စိတ်က ငါ့အပိုင်ပဲ” အဘိုးကြီးသည် နှစ်ကြိမ်မျှရယ်မော လေသည်။ သို့သော် သူ့ခံစားချက်များသည် ရှုပ်ထွေးနေတုန်းပင်

ရှီမာယူယူ ရင်ထဲထိသွားသည်။ သူမသည် သူ့အကြည့်ကိုကြည့်ပြီး မသိ စိတ်မှ သူ့ကို လေးစားမှုအပြည့်ဖြစ်သွားသည်။

“အဘိုး ဒီနေရာကနေ ထွက်သွားနိုင်ရင် မျိုးနွယ်ကိုပြန်မှာလား”

အဘိုးကြီးသည် ခေါင်းခါယမ်းလိုက်သည် “ငါ့မှာ အိမ်မရှိတော့ဘူး ဒီ နေရာကနေ ထွက်သွားလို့ရမယ်ဆိုရင် အလေလိုက်ရုံပဲရှိတော့တယ်၊ ဘယ်ဟာ ကမှ ငါ့ကိုဆုပ်ကိုင်ထားလို့မရဘူး အဲဒါကပဲ ငါ ဒီနေရာမှာ လွတ်လွတ် လပ်လပ်နေလို့ရတဲ့ အကြောင်းအရင်းပဲ မဟုတ်ဘူးလား”

***

All Chapters