← Chapters

ငါကမီးရှို့တဲ့သူပဲ ငါ့ကိုဖမ်းလိုက်

Vol. 118 Ch. 1642

ငါကမီးရှို့တဲ့သူပဲ ငါ့ကိုဖမ်းလိုက်

Vol. 118 Ch. 1642

ရှီမာယူယူသည် သူဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သည်။ သူ့တွင် တွယ်တာစရာမရှိသဖြင့် မည်သည့်နေရာတွင် နေစေကာမူ အတူတူပင်ဖြစ်၏။ ထို့ကြောင့်ပင် သူအဖမ်းခံခြင်းဖြစ်သည်။ သူ၏ သဘောထားမှာ မဆိုးလှပေ။ သူသည် ရူးသွားခြင်းမရှိလို အထီးကျန်ခြင်းကြောင့် စိတ်ပျက်ခြင်းမရှိသည့် အပြင် လွတ်လပ်မှု ဆုံးရှုံးလိုက်ရသလိုလည်း မခံစားရပေ။

သူ၏ အကောင်းမြင်သည့် စိတ်ကိုလည်း မဆုံးရှုံးပေ။

သို့သော် ဤနေရာမှ လူတိုင်းသည် ထိုကဲ့သို့မဟုတ်ပေ။ စိတ်ထဲရှိ စိုးရိမ် မှုများကို မှီခိုနေ၍သာ တောင့်ခံနိုင်သူများသည်။ အသက်ရှင်မှသာ အပြင်မှလူ များကို ပြန်တွေ့နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုစိတ်ထားသည် လေးစားထိုက်သည်။

“အဘိုး တခြားနေရာသွားစရာမရှိရင် အသည်းကွဲတောင်ကြားကို သွားလို့ ရပါတယ်၊ အဲဒီမှာဆို ကျွန်မတို့….” ရှီမာယူယူသည် သူ့ကို ဖျားယောင်းတော့ သည်။ ဟောမျိုးနွယ်မှ ဖမ်းထားသော ဤနေရာမှလူများသည် အရည်အချင်းရှိ သူများဖြစ်ကြသည်။ သူမသာ သူ့ကို ထိုနေရာသို့သွားရန် သွေးဆောင်လိုက် သည်ကလည်း မဆိုးလှသောအကြံတစ်ခုပင်ဖြစ်သည်။

အဘိုးကြီးသည် သူမ စကားကိုနားထောင်ပြီး ကြားဖြတ်မပြောပေ။ သူမ ပြောပြီးသည်နှင့် သူ ရယ်မောကာ ပြောလေသည် “ကောင်မလေး မင်းလေသံ က ငါတို့ဒီကနေထွက်သွားရမယ်ဆိုတာကို ယုံကြည်ချက်ရှိနေသလိုပဲ”

“သေချာတာပေါ့” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည် “ဟောမျိုးနွယ်က ဒီတိုင်းပြည်မှာ ဒီလိုမျိုး ကောင်းကင်တစ်ခုလုံးကို လက်ဝါး ကြီးအုပ်ထားလို့တော့မရဘူးလေ ဟုတ်တယ်မလား၊ သူတို့က သူတို့ပြိုင်ဘက် ကိုတော့ တွေ့မှာပဲလေ၊ ကြည့်လေ သူတို့ရတနာတွေ ပြာကျကုန်ပြီ၊ နောက် တစ်ခုက သူတို့နှိပ်စက်တဲ့အခန်းပြိုကျမှာ ဒါမှမဟုတ် ဒီကျွန်းကြီး နစ်ချင်နစ် သွားမှာလေ၊ ဒီလိုနေရာမျိုးပျောက်သွားတာက ပိုတောင်ကောင်းသေးတယ်”

“ဒီနေရာက မင်းလုပ်ချင်ရင်တောင် ပြိုကျမသွားမယ့်နေရာပဲ” အဘိုးကြီး သည် တစ်လုံးချင်းပြောလေသည်။

“ဘာလို့လဲ” သူ့စကားလုံးများသည် ကြားရသည်ထက် ပိုလေးနက်နေ သည်ဟု ရှီမာယူယူ ခံစားရသည်။

“ဒီနေရာက ဟောမျိုးနွယ်ရဲ့ အုတ်မြစ်ပဲ၊ ဒီလိုနေရာကို လုံခြုံရေး တင်းကြပ်ထားရလောက်အောင် ဘယ်လောက်အရေးကြီးလိုက်မလဲ” အဘိုးကြီးသည် ပုံမှန်အတိုင်းပင် လက်ဖက်ရည်သောက်ရင်း ပြောလိုက်သည်။

“ဒီနေရာက ဘယ်လိုလုပ် ဟောမျိုးနွယ်ရဲ့ အုတ်မြစ်ဖြစ်နိုင်ရတာလဲ” ရှီမာယူယူ အံ့ဩသွားသည်။ အစပိုင်းတွင် ဤနေရာမှာ တခြားအကျဉ်းထောင် များနှင့် မတူဟု ခံစားရသည်။ အဲဒါက အကြောင်းအရင်းဖြစ်နေတာကိုး။

“ဒီနေရာမှာက မွေးခါစကလေးတွေရဲ့ အကြောတွေခြင်ဆီတွေကို သန့်စင်နိုင်ပြီး ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်သလို အရည်အချင်းတွေတိုးစေတဲ့ နေရာ ရှိတယ်လို့ ပြောကြတယ်၊ ဟောမျိုးနွယ်ရဲ့ မွေးခါစကလေးတွေကို ဒီမှာ ရေနစ်မင်္ဂလာလုပ်ကြတယ်၊ အရင်တုန်းက ဟောမျိုးနွယ်က ပျောက်ဆုံးနေတဲ့ နယ်မြေမှာ အဆင့်အတန်းမမြင့်ဘူးလို့ ပြောလို့ရတယ် ဒါပေမဲ့ နောက်ပိုင်းကျ တော့ သူတို့က ရုတ်တရက် မြင့်တက်သွားပြီး မကောင်းမှုတွေလုပ်ခဲ့တယ်၊ သူတို့ရဲ့ အရည်အချင်းကို နောက်ပိုင်းမျိုးဆက်တွေကိုပဲ မှီခိုခဲ့တယ်”

“အဲဒါကြောင့် ဒီလိုသာမာန်နေရာကို စံတင်အထွဋ်ကျွမ်းကျင်သူတွေ ကာကွယ်ဖို့လိုတာကိုး” ရှီမာယူယူသည် နားလည်သွားကာ အဘိုးကြီးကိုကြည့် လိုက်သည် “ဒါကို ဟောမျိုးနွယ်က လျှို့ဝှက်ထားမှာပဲ အဘိုးက ဘယ်လိုသိတာ လဲ”

“ငါက ဒီမှာနေတာကြာပြီး ဟိုဟိုဒီဒီပြောတာကြားလို့လေ” အဘိုးကြီး သည် သဲ့သဲ့ရယ်မောကာ သူမ၏ အကြည့်ကိုလျစ်လျူရှုထားသည်

“အဘိုး ဒီနေရာမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ” ရှီမာယူယူသည် စပ်စုချင်စိတ်ဖြင့် မေးလေသည်။

“နှစ်ရာဂဏန်းပတ်လည်တော့ရှိပြီ အစောင့်တွေလည်း ပြောင်းသွားတာ အကြိမ်မနည်းတော့ဘူး” အဘိုးကြီးပြောလေသည်။

ရှီမာယူယူသည် သူ ပြောသည်ကို အစောကပင်ကြားဖူးထားသည်။ သူတို့ သည် အစောင့်များကို အချိန်တစ်ခုကြာလျှင် တစ်ကြိမ် ပြောငး်တတ်သည်။

ဤနေရာတွင် နှစ်ဆယ်ချီနေရန်ပင် သည်းခံနိုင်မည်မဟုတ်ဟု သူမ ခံစား ရသည်။ သို့သော် သူသည် နှစ်ရာချီပင် နေခဲ့သည်။

“အဘိုး ဒီရတနာတွေက အစဖြစ်မယ်လို့ယုံတယ် ဒါကဟောမျိုးနွယ်ရဲ့ သင်ခန်းစာအစပဲ” သူမသည် အဘိုးကြီးအား ပြုံးပြလိုက်သည်။

အဘိုးကြီးသည် သူမကို ယုံသည် မယုံသည် ဘာမှမပြောပေ။ သူသည် လေးကန်သော သက်ပြင်းချရုံမျှချကာ ပြောလေသည် “မင်းသာ ငါတို့ကို ဒီနေရာကနေ ထုတ်ပေးနိုင်ရင် မင်းပြောတဲ့နေရာကို ငါသွားမယ်”

“ဟုတ်ပြီ အဘိုး ပြောထားတာ မှတ်ထားလိုက်ပြီနော်” ရှီမာယူယူ ပြော လိုက်သည်။

“ဒီအဘိုးကြီးက မဟုတ်တာကို မပြောဖူးဘူး” အဘိုးကြီးသည် အရင်အတိုင်းပင်။ သို့သော် သူ့စကားလုံးများသည် စိတ်ရင်းအတိုင်းဖြစ်သည်ဟု ရှီမာယူယူ ခံစားရသည်။

ပြီးနောက်တွင် သူတို့နှစ်ယောက်လုံးသည် နှုတ်ဆိတ်သွားကြသည်။ ရှီမာယူယူ ခေတ္တမျှစောင့်လိုက်ရာ အစောပိုင်းက သူတို့ရှေ့ဖြတ်သွားသော အစောင့်များ ပြန်လာလေသည်။ သူတို့လက်ထဲတွင် လူတချို့ဖမ်းခေါ်လာ သည်။ သူတို့သည် မေးခွန်းစစ်မေးရန် ခေါ်သွားသည့်ပုံပင်။

ရှီမာယူယူသည် မတ်တတ်ကာ အစောင့်များကို ပြောလိုက်သည် “မင်းတို့ တွေ လူမှားဖမ်းနေပြီ”

“မဟုတ်တာ မပြောနဲ့” အစောင့်တစ်ယောက်က အော်လေသည်။

“ငါ မဟုတ်တာ ပြောနေတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ တကယ်ပဲ လူမှားဖမ်းနေတာ”

“ဒါဆိုရင် မီးရှို့တဲ့လူကို မင်းသိလို့လား” နောက်အစောင့်တစ်ယောက်က မေးလိက်သည်။

“သိတယ်” ရှီမာယူယူသည် သူတို့ကို ရယ်ပြလိုက်သည်။

“ဘယ်သူလဲ”

“ငါလုပ်ခဲ့တာ” သူမသည် သူမကိုယ်သူမ ညွှန်ပြလေသည်။

အစောင့်များသည် သူကို ဂရုမစိုက်တော့ဘဲ ဖမ်းထားသည့်လူများကို ခေါ် ပြီးထွက်သွားဟန်ပြုသည်။

“ဟူး ငါ အမှန်ပြောနေတာ မီးရှို့တာ ငါပဲလေ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီမီးကထူးခြားတယ် လူတကာသုံးနိုင်ပါ့မလား”

အစောင့်များသည် ရှီမာယူယူအား မတူညီသော အကြည့်များဖြင့် ကြည့် လာသည်။ ရတနာများလောင်ကျွမ်းသွားသည်မှာ ထူးဆန်းသောမီးကြောင့်ဖြစ် သည်။ သို့သော် ထိုအကြောင်းကို မည်သူမှမသိပေ။ သို့သော် သူမ သိသည်။ သူမက တကယ်ပဲ မီးရှို့တဲ့သူဖြစ်နိုင်မလား။

သို့သော် သူမသည် အားနည်းလွန်းသည်။ ဘယ်လိုလုပ် မီးရှို့တဲ့သူဖြစ်နိုင် မှာလဲ။ တခြားကိစ္စတွေကို မပြောနဲ့ဦး သူမက ဒီအတားအဆီးကိုတောင် ထွက် မသွားနိုင်တာလေ။

သို့သော် ရှီမာယူယူသည် သူတို့ကို စဉ်းစားရန်ပင် အချိန်မပေးပေ။ သူမ လက်တစ်ချက်ဝေ့လိုက်သည်နှင့် အစောကထိုင်နေသော ထိုင်ခုံကိုမီးရှို့လိုက် သည်။ မီးတောက်ရောင်ဝါမှာ ရတနာများကို လောင်သည့်မီးနှင့်အတူတူပင်။

“တကယ်ပဲ မင်းကိုး” အစောင့်သည် ချက်ချင်းပင် သူမကို ယုံသွားသည်။

“မင်းက ဒီအတားအဆီကနေ ထွက်သွားနိုင်တယ်ဆိုတာ မယုံဘူး” တခြားတစ်ယောက်သည် မယုံကြည်သေးပေ။

ရှီမာယူယူသည် ဟိန်းသံလေးကိုထုတ်ပြီး သူနှင့်ပေါင်းစပ်လိုက်သည်။ ပေါ့ပါးသော ခြေလှမ်းနှင့်ပင် သူမသည်  အတားအဆီးကို ဖြတ်နိုင်လေသည်။

သူမသည် အတားအဆီးကို လွယ်လင့်တကူဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားပေ။ အစောင့်များသည် သူမကို အမြန်ပင် ဝိုင်းလိုက်ကြသည်။

“သူမကို မြန်မြန်ဖမ်း ကျန်တဲ့လူတွေကို ပြန်ပို့လိုက်” အစောင့် ခေါင်းဆောင် ညွှန်ကြားလေသည်။

“ငါ့ကိုလာမထိနဲ့ ငါ့ဘာသာသွားမယ်” ရှီမာယူယူသည် သူမကို လာထိ တော့မည့် အစောင့်ကို ပြောလိုက်သည်။ သူတို့သည် လာတော့မည့်ပုံဖြစ်နေ သည်နှင့် သူတို့ကိုစိုက်ကြည့်ပြီး ခြိမ်းခြောက်လိုက်သည် “မင်းတို့ကို မီးနဲ့ရှို့မှာ ကို မကြောက်ရင် လာခဲ့လိုက်လေ”

မီးမှာ ငြှိမ်းသက်မရသည်ကို တွေးပြီး အစောင့်များသည် ကြောက်လန့် သွားကာ ချက်ချင်းပင် နောက်ပြန်ဆုတ်ကြသည်။

“သွားကြမယ်” အစောင့်ခေါင်းဆောင်သည်လည်း သူမကို မထိရဲကာ ပြောလေသည်။

ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေ‌သော အဘိုးကြီးကို ပြုံးပြကာ သူတို့နှင့်အတူ ထွက်သွားလေသည်။

အဘိုးကြီးသည် သူမ အဝိုင်းခံကတည်းကပင် ကြည့်နေခြင်းဖြစ်သည်။ သူမ ထွက်မသွားခင်တွင် ပြုံးပြသွားသည်ကို စဉ်းစားကြည့်ပြီး ကျွတ်သပ်မိ သည်။ အဲဒါကြောင့် သူမကို တွေ့တုန်းက သူ့စိတ်ထဲမှာ လှိုင်းတွေဖြစ်လာတာ ကိုး။ သူမက တကယ်ပဲ….

သူမက တကယ်ပဲ ဒီကျိန်စာသင့်တဲ့ နေရာကနေ ထွက်သွားအောင်လုပ် နိုင်တယ်…

ရှီမာယူယူသည် သူတို့နောက်လိုက်သွားရာ ခြံဝန်းထဲတွင် လူတချို့ထိုင် နေသည်ကို တွေ့လိုက်ရသည်။ ရှီမာယူယူသည် သူတို့ကို ကြည့်လိုက်သည်။ သူတို့သည် မသေနိုင်သော လူအိုကြီးများသာဖြစ်သည်။

“မင်းက မီးရှို့တဲ့လူလို့ ပြောတယ်နော်” အလယ်တွင် ထိုင်နေသောလူ ပြောလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် ရဲဝံ့စွာပင် ဝန်ခံလေသည်။

“ဘာလို့လုပ်တာလဲ”

ရှီမာယူယူသည် မေးခွန်းမေးသောလူကို နားမလည်နိုင်စွာကြည့်လိုက် သည်။ သူမ မျက်လုံးထဲမှ အထင်သေးမှုကို ဖုံးကွယ်မရပေ။

သူမ၏ ဆိုလိုရင်းမှာ သိသာလွန်းသည်။ ဒီလိုမျိုး တုံးအတဲ့ မေးခွန်းကို ဘာလို့မေးနေသေးတာလဲ။

“ရှင်တို့က ကျွန်မကို ဒီမှာအကျဉ်းချထားတာလေ အဲဒါကို ဒေါသတောင် မထွက်ရဘူးလား” သူမ နှာရှုတ်လိုက်ရာ သူတို့သည် ဒေါသကြောင့် နီရဲသွား လေသည်။

“မင်းက ရှီမာယူယူလား”

“ဟုတ်တယ် ရှင်တို့ ဒီနေရာကို ပြာမကျစေချင်ရင် ကျွန်မကိုလွှတ်လိုက် တာကောင်းမယ်” ရှီမာယူယူသည် အေးစက်စွာနှာရှုတ်လိုက်ကာ မောက်မာ သောအကြည့်ဖြင့် ကြည့်လေသည်။

“ဟင်း ငါတို့ မင်းကိုအရင်သတ်လိုက်ရုံပဲ အဲလိုဆိုရင် ဒီနေရာကို ဘယ်လို မီးရှို့နိုင်တော့မှာလဲ”

“ဟား လုပ်ရဲလား” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေ သည် “ရှင်တို့ ကျွန်မကိုသတ်ရဲရင် ကျွန်မတံခါးကဝင်လာကတည်းက သေနေ ပြီ၊ ကျွန်မ ဘာမှမဖြစ်ခင် အပ်စိုက်ပညာယူဖို့ ဟောကျိက အမိန့်ပေးထားတယ် မလား”

သူမ ထိုသို့ပြောလိုက်သည်နှင့် အိမ်ထဲမှလူအားလုံး၏ မျက်နှာများသည် အကျည်းတန်သွားကြလေသည်။

***

All Chapters