← Chapters

အမွှာ

Vol. 118 Ch. 1643

အမွှာ

Vol. 118 Ch. 1643

သူတို့ မည်သည့်နည်းလမ်းကို သုံးစေကာမူ သူမ ပိုင်ဆိုင်သည့် အပ်စိုက် ကုသနည်းကို သေချာပေါက် ရရမည်ဖြစ်သည်။

သူမ ကျေနပ်ပြီးပျော်ရွှင်နေသည်ကို မြင်သောအခါ သူတို့သည် ဒေါသ ထွက်လွန်းသဖြင့် သွေးပင်အန်ချင်မိသည်။ သို့သော် သူတို့သည် သူမကို မသတ် ရဲပေ။

“သူမကို နှိပ်စက်တဲ့အခန်းထဲ ထည့်ထားလိုက်၊ သူမကို အရှင်ထားရမယ် လို့ပြောလိုက်” ပထမပြောသောသူသည် ညွှန်ကြားလေသည်။

“ကောင်းကောင်းလုပ်၊ သူမကို နုတ်နုတ်စင်းပြီး လက်တွေခြေတွေကို ဖြတ်လိုက်၊ သူမကို ပါးစပ်ပဲချန်ထားလိုက်”

“နုတ်နုတ်စင်းမယ်ဟုတ်လား သေချာလား” ရှီမာယူယူ၏ မျက်လုံးများ တောက်ပသွားကာ ထိုစကားပြောသူသည် သူမမျက်လုံးကိုကြည့်လိုက်ချိန်တွင် စိတ်ထဲမှ အေးစိမ့်သွားလေသည်။

“ဟုတ်ပြီ သူမကို အခုခေါ်သွားလိုက်တော့” ရှေ့မှတစ်ယောက် လက်ဝှေ့ ယမ်းလိုက်သည်နှင့် သူ့လူများသည် ချက်ချင်းပင် ရှေ့တိုးလာသည်။

ရှီမာယူယူသည် ထိုလူများကို မထိစေလိုသဖြင့် သူတို့နောက်မှ လိုက်သွား လိုက်သည်။

သူမ ထွက်သွားသည်နှင့် ရှေ့မှတစ်ယောက်သည် ချက်ချင်းပင် ညွှန်ကြား လေသည် “ဒီအဖြစ်ကို မျိုးနွယ်ကို တင်ပြပြီး ခေါင်းဆောင်က ဘယ်လို ဖြေရှင်း ချင်လဲလို့ မေးလိုက်၊ အဲဒီညွှန်ကြားချက်တွေကို နှိပ်စက်တဲ့သူတွေကို ပြော လိုက်၊ သူမကို နှိပ်စက်လို့ရတယ် ဒါပေမဲ့ အဲဒီဘက်က သတင်းမရမချင်း သတ် လို့မရဘူးလို့”

“ဟုတ်ကဲ့ပါ အကြီးအကဲ ၅”

အစောင့်သည် အမိန့်ရပြီးနောက် ထွက်သွားလေသည်။ ရှီမာယူယူအား နုတ်နုတ်စင်းမည်ဟု ပြောသေသာတစ်ယောက်သည် မတ်တတ်ထကာ ပြော လိုက်သည် “ရှီမာယူယူက ရှောင်ထွက်နိုင်တယ်၊ ငါစိတ်ပူတယ် ငါလည်းလိုက် ကြည့်မယ်”

“အကြီးအကဲ ၁၀ အရမ်းကြီးမလုပ်ပါနဲ့ အနည်းဆုံးတော့ သူမလက်ကို တော့ ချန်ထားပေးပါ” အကြီးအကဲ ၅ သည် သူ၏အကျင့်ကို သိသဖြင့် သတိပေး လိုက်သည်။

“ငါသိပါတယ်” အကြီးအကဲ ၁၀ သည် အခန်းမှ ပျောက်ကွယ်သွားလေ သည်။

ရှီမာယူယူသည် အနောက်မှရုတ်တရက်ပေါ်လာသော အကြီးအကဲ ၁၀ ကို မြင်သောအခါ မျက်လုံးလှိမ့်ပြီး လျစ်လျူရှုလိုက်သည်။

အကြီးအကဲ ၁၀ သည် လျှောက်လာကာ ပြောလိုက်သည် “ငါ မင်းကို ကိုယ်တိုင်လိုက်ပို့မယ်”

ရှီမာယူယူသည် ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်ကာ သူ့ကို တစ်ချက်မှပင် မကြည့်ပေ။

“ဟင်း အဲအချိန်ကျရင် မင်း ထောင်လွှားနိုင်ပါစေလို့ မျှော်လင့်ပါတယ်” အကြီးအကဲ ၁၀ သည် အေးစက်စွာ နှာရှုတ်လေသည်။ သူမ အဆုံးသတ်တော့ မည်ဟု သူ တွေးလိုက်ချိန်တွင် သူ၏ ပါးစပ်မှာ သွေးဆာသောအပြုံးဖြစ်သွား လေသည်။

“ရွှေ့မယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား” ရှီမာယူယူသည် ဘေးမှ အစောင့်ကို ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ သူတို့က မင်းကိုခေါ်ဖို့ လူလွှတ်လိုက်လိမ့်မယ်” အကြီးအကဲ ၁၀ ပြောပြီးနောက် ဘေးရှိ အစောင့်ဆီသို့လှည့်လိုက်သည် “သူမကို အရင် ဆေး ကျွေးလိုက်”

“ဟုတ်ကဲ့ပါ အကြီးအကဲ ၁၀” အစောင့်သည် ဆေးတစ်လုံးထုတ်ပြီး နောက် ရှီမာယူယူ၏ ပါးစပ်ထဲသို့ ထည့်ရန်ဟန်ပြင်လိုက်သည်။

ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ ယူလိုက်သည်။ ပြီးနောက် သူမ နှာခေါင်းအောက်သို့တေ့ကာ ရှုပြီးနောက် ပြောလိုက်သည် “ရှင်တို့က အကြိမ် တိုင်း ဒီလိုအဆိပ်ပဲသုံးနေတာ၊ တခြားဆန်းသစ်တာမရှိတော့ဘူးလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဤနေရာရှိ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမစားလိုက်ပြီး အရသာဆိုးကြောင်းကိုပါ ပြောဆို နေလိုက်သေးသည်။

လျင်မြန်စွာပင် သူမသည် မူးဝေမှုကိုခံစားလိုက်ရပြီး မြေပေါ်သို့ကျသွား လေသည်။

ထိုလူများသည် ညှာတာမှုတစိုးတစိမျှမရှိကာ သူမ၏ ကိုယ်ကို မြေပေါ်သို့ ပစ်ချလိုက်သည်။ မြေပေါ်သို့ ကျသွားသူသည် သတိမေ့ဟန်ဆောင်ကာ စိတ်ထဲ မှ ကျိန်ဆဲမိသည်။

သူတို့သည် ခေတ္တမျှစောင့်လိုက်ရာ သင်္ဘောတစ်စင်းသည် ဖြည်းညင်းစွာ ကပ်လာလေသည်။ အစောင့်တချို့သည် ဒဏ်ရာများဖြင့်ပြည့်နေသော လူများ ကို သယ်ကာ သူတို့ကိုမြေပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူတို့သည် ရှီမာယူယူကို မြင်သောအခါ ပြောလိုက်သည် “ဒီတစ်ခါက ဒီတစ်ယောက်ပဲလား”

“သူမက မီးရှို့တာကို ဝန်ခံပြီးပြီ၊ အကြီးအကဲ ၅ ပြောတာတော့….” အစောင့်သည် အခြေအနေအား ရိုးရိုးရှင်းရှင်းပင် ရှင်းပြပြီး သတိပေးလိုက်သည် “မင်းတို့ သူမကို ကြိုက်သလို လွတ်လွတ်လပ်လပ်လုပ်လို့ရတယ် ဒါပေမဲ့ သတ် လို့တော့မရဘူးလို့ အကြီးအကဲ ၅ ကသတိပေးလိုက်တယ်၊ ပြီးတော့ သူမရဲ့ လက်နဲ့ ပါးစပ်ကိုတော့ ချန်ထားပေးရမယ်”

“ဟုတ်ပြီ ဟုတ်ပြီ ငါ မင်းတို့နဲ့အတူ လိုက်မယ် ဒီမှာ ဘာတွေလေပေါဖို့ လိုသေးလို့လဲ” အကြီးအကဲ ၁၀ သည် စိတ်မရှည်စွာပြောလိုက်သည်။

အစောင့်သည် ပါးစပ်ပိတ်ကာ မျက်လုံးလှိမ့်လိုက်သည်။ သူက နှိပ်စက်သူ တွေကို အများကြီးပြောပြီး ဆရာလုပ်တော့မှာ သေချာနေတာပဲ။

နှိပ်စက်သူသည် ရှီမာယူယူကိုသယ်ကာ လှည့်ထွက်သွားပြီး သင်္ဘောပေါ် သို့ တက်လိုက်သည်။ အကြီးအကဲ ၁၀ သည် သူတို့နောက်လိုက်သွားကာ ဘာမှ မပြောဘဲ သင်္ဘောထွက်ရန် ပြောလိုက်သည်နှင့် သင်္ဘောသည် ကမ်းမှ တဖြည်း ဖြည်းဆုတ်ခွာသွားတော့သည်။

ရှီမာယူယူကို ကုန်းပတ်ပေါ်သို့ သာမာန်ကာလျှံကာပင် ပစ်လိုက်ပြီး ထိုလူ သည် သင်္ဘောထိပ်ပိုင်းတွင်ရပ်ကာ နှုတ်ဆိတ်နေသည်။ အကြီးအကဲ ၁၀ သည် သူ၏ အကျင့်ကိုသိသဖြင့် ခရီးစဉ်တစ်လျှောက်တွင် မည်သည့်စကားမှ မပြော တော့ပေ။ သူတို့သည် လျင်မြန်စွာပင် နှိပ်စက်သည့်အခန်းသို့ ရောက်လာသည်။

ရှီမာယူယူသည် တိတ်တိတ်ကလေး အစီအစဉ်စဆွဲတော့သည်။ ထို နှိပ်စက်သည့် အခန်းသည် သူတို့ကိုအကျဉ်းချထားသည့် နေရာနှင့် ဝေးသည်ဟု ဆိုမရပေ။ သင်္ဘောလေးသည် တစ်နာရီဝန်းကျင်သာ သွားလိုက်ရသည်။ နှိပ်စက်သည့် အခန်းမှာ ကာကွယ်ရေးအတားအဆီးအတွင်း၌ ရှိသည်မှာ သေချာသည်။ မဟုတ်လျှင် သူတို့သည် ပင်လယ်သားရဲအများအပြားရှိသည့်‌ နေရာတွင် သင်္ဘောဖြင့် ခရီးသွားရဲကြမည်မဟုတ်ပေ။

သူမကို လူတစ်ယောက်မှ ကမ်းစပ်ဆီသို့သယ်သွားပြီး ကျောက်အိမ်တစ် အိမ်ဆီသို့ ပစ်ချလိုက်သည်။ သူတို့သည် သူမကို ဤနေရာသို့ ပစ်ချရဲသည်မှာ မထူးဆန်းတော့ပေ။ ထိုအိမ်များမှာ အားလုံးကျောက်နှင့် တည်ဆောက်ထား ခြင်းဖြစ်သည်။ သူမသည် မီးရှို့၍မရနိုင်ပေ။

အကြီးအကဲ ၁၀ သည် တစ်စုံတစ်ခုလုပ်မည့်ပုံပေါ်သော်လည်း နောက်ဆုံးတော့ အခန်းထဲတွင် နှိပ်စက်သည့်ပစ္စည်းများနှင့်အတူ သူမ တစ် ယောက်တည်း ကျန်ခဲ့လေသည်။

“ငါတို့ရောက်နေပြီ မင်းက ဘာလို့သတိမေ့ချင်ယောင်ဆောင်နေသေး တာလဲ” လူတစ်ယောက်၏ အသံသည် နားထောင်ရန် သာယာလွန်းသည်။

သူ ပြောသည့်စကားကို ရှီမာယူယူ ကြားသောအခါ လူမိသွားကြောင်းကို သူမ သိလိုက်သည်။ သူတို့သည် နှိပ်စက်သည့်အခန်းကို ရောက်နေပြီးဖြစ် သဖြင့် ဆက်ဟန်ဆောင်နေရန်မလိုတော့ပေ။ ထို့ကြောင့် သူမသည် မျက်လုံး ဖွင့်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း ပန်းပုကဲ့သို့ အချိုးအစားကျသော မျက်နှာကို မြင်လိုက်ရသည်။

သူသည် အမှောင်ထဲတွင် နေသည်မှာ ကြာ၍လားမသိ ထိုလူ၏ မျက်နှာ မှာ ဖြူဖျော့နေသည်။ သူ၏ အမည်းရောင်အဝတ်အစားများကြောင့် သူသည် ပို၍ပင် ဖြူဖျော့နေသည်။

သူသည် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရှုပ်ထွေးပတ်သက်နေခြင်းကြောင့် သူ့တွင် သွေးနံ့များနှင့် လူသတ်သည့် အနံ့အသက်ပင်ရနေသည်။

သူမသည် လူမိသွားသောကြောင့် စိုးရိမ်ခြင်းမဖြစ်ဘဲ ထထိုင်ကာ သူ့ကို ကြည့်ကာ မေးလိုက်သည် “ဘယ်တုန်းက သိသွားတာလဲ”

ထိုလူသည် သူမအကြည့်ထဲမှ ကြောက်ရွံ့စိုးရိမ်မှုကို မမြင်ရသောအခါ မျက်လုံးများအရောင်တောက်သွားပြီး ပြောလေသည် “မင်းက သရုပ်ဆောင် ကောင်းသားပဲ၊ ဒါပေမဲ့ ငါ့မျက်လုံးထဲကနေတော့ ဘာမှမလွတ်ဘူး မင်းရဲ့ အသက်ရှုသံက သာမာန်သတိမေ့နေတဲ့လူထက် နည်းနည်းပေါ့တယ်”

သူ့အကြားအာရုံမှာ ထိုမျှအားကောင်းလိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ သူမသည် နံရံကိုမှီကာ မေးလိုက်သည်။ “အစကတည်းက ရှင်က သတိ ထားမိမှတော့ ကျွန်မကို စားပွဲပေါ် နည်းနည်းသာသာလေး ပစ်ချပေးသင့်တာ မဟုတ်ဘူးလား”

ထိုအမျိုးသားသည် မှင်တက်သွားကာ ပြောလေသည် “ဒါကပိုပြီး အစစ်နဲ့ တူမှာမဟုတ်ဘူးလား”

သူက သူမကို ကူညီနေတာလား

“ကျွန်မကို ဘာလို့မဖော်လိုက်တာလဲ”

“ဘာလို့ မင်းကိုဖော်ရမှာလဲ”

“ဒီနေရာကို ကျွန်မက တစ်စစီလုပ်လိုက်မှာကို မကြောက်ဘူးလား”

“ဒါဆိုလည်း တစ်စစီလုပ်လိုက်လေ” သူ့အသံမှာ ပေါ့ပါးသည်။ သို့သော် သူ၏ မုန်းတီးမှုကို ရှီမာယူယူ အာရုံခံမိသည်။

“ရှင့်မျိုးနွယ်က ရှင့်ကို အပြစ်ပေးမှာမကြောက်ဘူးလား” ရှီမာယူယူ မေး လိုက်သည်။

“ဒါကငါ့မျိုးနွယ်ပါလို့ ငါ ဘယ်တုန်းကပြောလို့လဲ”

“ရှင်က ဟောမျိုးနွယ်ကမဟုတ်ဘူးလား”

“ငါက အဲလူတွေနဲ့အတူတူပဲ ငါလည်း ဒီနေရာမှာ ပိတ်မိနေတာပဲ၊ အဲလူ တွေက ငါ့ကို ဒီနယ်ပယ်မှာ ငါ့အစွမ်းအစကို သဘောကျသွားလို့ အထူးတလည် ဆက်ဆံခံရတာပဲရှိတာ”

“….”

အမှန်တကယ်ပင် ထိုကဲ့သို့ ကိစ္စရှိသည်။ ထိုအရာသည် သူမ မျှော်လင့် ထားသည့်အတိုင်းတော့ မဟုတ်ပေ။ ထိုလူသည် ဟောမျိုးနွယ်မှလူဖြစ်လိမ့် မည်ဟု သူမ တကယ်ထင်ထားသည်။

“ရှင်က ကျွန်မကို ကယ်စေချင်တာလား” သူမသည် ယုံကြည်ချက်အပြည့် ဖြင့်ပြောလိုက်သည်။

ထိုအမျိုးသားသည် ဘာမှမပြောဘဲ သူမ စကားကိုလည်း ငြင်းဆန်ခြင်း မပြုပေ။

“ရှင့်နာမည်က ဘယ်လိုခေါ်လဲ” ရှီမာယူယူမတ်တတ်ထလိုက်သည်။ သူသည် အရင်က ဒီလိုအပြောင်းအလဲကို မတွေ့ဖူးပေ။

“စူးယန်”

“စူးယန်ဟုတ်လား စူးမျိုးနွယ်လား ရှင်စူးလျိုနျန်ကိုသိလား”

“မင်းက စူးလျိုနျန်ကိုသိတာလား သူမက ငါ့ရဲ့ညီမလေးလေ” စူးယန်၏ အသံသည် လုံးဝတုန်လှုပ်ခြင်းမရှိခဲ့သော်လည်း စူးလျိုနျန်၏ နာမည်ကိုကြား ချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားသံပေါက်သည်။

“ရှင်က သူမရဲ့ အစ်ကိုကြီးလား သူမက ဘာလို့တစ်ခါမှ မပြောဖူးတာပါ လိမ့်” သူသည် စူးလျိုနျန်နှင့် အနည်းငယ်ခပ်ဆင်ဆင်ဖြစ်သဖြင့် ရှီမာယူယူ သူ့စကားကို ယုံမိသည်။

အဲဒါကြောင့် သူ့ကို တစ်ယောက်ယောက်နဲ့ တူတယ်လို့ထင်တာကိုး။

စူးယန်သည် မည်သို့အမူအရာပြရတော့မည်ကိုမသိတော့ဘဲ သူ့မျက်နှာ မှာ ပြောင်းလဲနေသည်။ မျက်နှာမှာ အနည်းငယ်ပြောင်းလဲမှုဖြစ်သော်လည်း အကုန်ပေါင်းလိုက်သောအခါ ကြီးမားသော ပြောင်းလဲမှုပင်ဖြစ်သည်။

“ရှင်က…” သူမသည် ရုတ်တရက် ထိုအမျိုးသား၏ မျက်နှာကို မြင်သော အခါ အနည်းငယ် လျှာပင်ခလုတ်တိုက်သွားသည်။

“စူးလျိုနျန်နဲ့ ငါက အမွှာတွေပဲ” စူးယန်ပြောလိုက်သည်။

***

All Chapters