← Chapters

သူတို့အားလုံးက စံတင်အထွဋ်တွေပဲ

Vol. 118 Ch. 1644

သူတို့အားလုံးက စံတင်အထွဋ်တွေပဲ

Vol. 118 Ch. 1644

အမွှာများသည် လိင်တူအမွှာနှင့်ယှဉ်လျှင် လိင်ကွဲအမွှာများသည် မတူ တတ်ကြပေ။ လိင်ကွဲအမွှာအများစုမှာ မတူကြပေ။ ထို့ကြောင့် စူးလျိုနျန်နှင့် သူ သည် တူသည်ဟု ပြောဆိုရခက်သည်။

သို့သော် သူသည် သူမကို စိတ်ကိုအရမ်းဖွင့်မပြဘဲ တစ်ဖက်လှည့်ကာ မျက်နှာကို ပြောင်းလဲပစ်လိုက်သည်။

“အဲဒါကို ရှင်းရှင်းလင်းလင်း မြင်ရလို့လား” သူ့အသံသည် အနည်းငယ် ကွဲပြားသည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ရှင်က ဘာလို့အဒေါ်ဟော်နဲ့ အဲလောက်တောင် မတူရတာလဲ”

“မင်းက လျိုနျန်နဲ့ရင်းနှီးတာလား” စူးယန် မေးလေသည်။

“အင်း အဒေါ်ဟော်က ကျွန်မကိုကောငး်ပေးတယ်၊ ကျွန်မက စူးမျိုးနွယ် နဲ့တော့ မဆက်သွယ်ဖူးဘူး၊ ဪ စူးယူနဲ့လည်းသိသေးတယ်” ရှီမာယူယူ ပြော လိုက်သည်။

“စူးယူ… သူ ရောအဆင်ပြေရဲ့လား”

“သူက အဆင်ပြေပါတယ် သူက အပြင်မှာ နာမည်ကြီးတယ်လေ” ရှီမာယူယူ ဆက်ပြောလေသည် “ရှင်နဲ့သူက….”

“သူက ငါ့သားလေ”

ရှီမာယူယူ ခန့်မှန်းမိပြီးသားဖြစ်သည်။ ထို့ကြောင့် သူမ မအံ့ဩတော့ပေ။ သူမသည် သူ့ကို နှစ်ချက်ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်သည် “ရှင်တို့က သားအဖလို့ပြောရအောင်လည်း လုံးဝမတူဘူး၊ သူက အဒေါ်ဟော်နဲ့တူတယ်”

သူ၏ ငြင်းဆန်သော မျက်လုံးများကို ကြည့်ပြီး သူ့ကို သဝန်မတိုစေချင် သဖြင့် မေးလိုက်သည် “ပြောရင်းနဲ့ ရှင့်ကို ဦးလေးယန်းလို့ခေါ်ရမှာပေါ့၊ ဦးလေးယန်း ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

“အနှစ် သုံးရာလောက်ရှိပြီ”

“အဒေါ်ဟော်နဲ့ စူးယူတို့ရောသိရဲ့လား”

စူးယန် ခေါင်းခါလိုက်သည် “ငါ ဒီကိုလာတာ မိသားစုတွေကို မပြောခဲ့ဘူး”

သူမကို မသိဘဲနှင့် ဘာကြောင့် ကူညီရသလဲဟု ရှီမာယူယူ မေးချင်သည်။ သို့သော် သူမ မမေးခင်တွင် အပြင်ဘက်မှ အကြီးအကဲ ၁၀ ၏ အသံကိုကြား လိုက်ရလေသည်။

ရှီမာယူယူသည် စူးယန်ကို ဆေးတစ်လုံးပေးလိုက်ပြီး လေထဲသို့ အမှုန့် တချို့ဖြူးလိုက်သည်။ စူးယန်သည် ဆေးကိုမြင်သည်နှင့် စားလိုက်သည်။

ရှီမာယူယူ ဖြူးလိုက်သောအမှုန့်အနံ့သည် ခပ်ဖျော့ဖျော့ဖြစ်သဖြင့် သွေးနံ့ အောက်တွင် ထိုအနံ့ကိုမရနိုင်ပေ။

“စူးယန် ဟိုကြွက်စုတ်လေး ဘယ်မှာလဲ” အကြီးအကဲ ၁၀ သည် ဝင်လာ သည်နှင့် မေးလေသည်။

စူးယန်သည် သူ့ကိုလျစ်လျူရှုပြီးနောက် တစ်ချက်ကြည့်လိုက်သည်။

အကြီးအကဲ ၁၀ သည် သူ့ကို ဒေါသမထွက်ဘဲ ရှီမာယူယူဘက်သို့ ကြည့် ကာ ဆိုးယုတ်စွာ ရယ်မောလိုက်သည် “ကြွက်စုတ်လေး မင်းက အဲလောက် အစွမ်းအစရှိတာလား ဒါဆိုလည်း မီးရှို့လိုက်လေ မင်း ဒါကိုလည်း မီးရှို့နိုင်လား”

သူသည် ရတနာဆောင်၏ တာဝန်ခံဖြစ်ရာ သူမ မီးရှို့လိုက်သဖြင့် ပြင်းထန်စွာ အပြစ်ပေးခံရတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရှီမာယူယူကို မြင်လျှင် သတ်ခြင်နေခြင်းဖြစ်သည်။ သို့သော် သူသည် ခွင့်ပြုချက်မရဘဲ မျိုးနွယ်၏ဆုံးဖြတ်ချက်ကိုလည်း မဆန့်ကျင်ရဲပေ။

သူမ အသက်ရှင်နေသရွေ့မျိုးနွယ်က ဘာမှမပြောဘူးမလား။ အဲဒါကြောင့် သူ သူမနဲ့ ကစားပေးမှာပေါ့။ သူမ အသက်ရှင်နေရင်ပြီးတာပဲလေ။

“အစတုန်းကတော့ မင်းကို အသားလံဒးဖြစ်အောင်လုပ်ချင်နေတာ ဒါပေမဲ့ လက်တွေကိုလည်း ချန်ထားရဦးမယ်ဆိုတော့ လုပ်ရမဘူး ဒါပေမဲ့ ငါ ပိုကောင်းတာကို စဉ်းစားထားတယ်” သူပြောပြီးနောက် သွေးနီရောင်ပိုက်ကွန် တစ်ခုကိုထုတ်လိုက်သည် “မင်းကို ဒါဝတ်ခွင့်ပေးမယ်၊ ဒါက မင်းကိုအစိတ်စိတ် ဖြစ်အောင် ဖြတ်ပေးလိမ့်မယ်၊ ငါ မင်းကိုတစ်ပိုင်းပိုင်းတိုင်း ဆေးတိုက်ပေးမယ် အဲလိုဆိုရင် မင်း မသေပါဘူး ဟုတ်တယ်မလား၊ ငါ တစ်ဖက်ကကိစ္စပြီးရင် နောက်တစ်ဖက်ကိုပြောင်းပြီး နာကျင်မှုကိုပေးခံစားမယ်၊ အိုး… ငါ တခြားသူကို မင်းရဲ့ အသားနဲ့ အသားလုံးလုပ်ခိုင်းလို့ရတယ် ဘယ်လိုထင်လဲ”

“သေချာရဲ့လား” ရှီမာယူယူသည် ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ကို စိတ်ဝင် စားသည့်အကြည့်ဖြင့်ကြည့်ပြီး ထိုကိုင်းညွှန်နေသော ခန္ဓာကိုယ်ကို မြင်ပြီး နောက် ခေါင်းခါယမ်းလိုက်သည်။

“ဟင်း မင်းက သတ္တိရှိတာပဲ”

“ကျွန်မမှာ သတ္တိရှိတာ မဟုတ်ဘူး ရှင့်ဘာသာချလိုက်တဲ့ ဆုံးဖြတ်ချက် ကို ကျွန်မက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းဘာပြောလိုက်တယ်…. မင်းက ဘာလုပ်လိုက်တာလဲ” အကြီးအကဲ ၁၀ သည် တစ်ခုခုမှားနေသလိုခံစားရကာ ခြေကုန်လက်ပန်းကျလာသည်။ သူသည် အဆိပ်နှင့်ကစားပါက မည်သို့ဖြစ်မည်ကို သူ သိသည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်နှင့် အဆိပ်ကို ထိန်းချုပ်ရန်ကြိုးစားသော်လည်း ထိုအစား အဆိပ်မှာ ပို၍ပင် စီးဆင်းသွားလေသည်။

သူ့ခန္ဓာကိုယ်ထဲမှ ခံနိုင်စွမ်းသည် မခံနိုင်တော့ကာ မြေပေါ်သို့ကျသွား လေသည်။

ရှီမာယူယူသည် မြေပေါ်တွင် ကြံ့ကြံ့ရပ်ကာ သူ့ကိုကြည့်ပြီး ပြောလိုက် သည် “တကယ်တော့ ကျွန်မက အဆိပ်သုံးရတာအရမ်းကြိုက်တယ်၊ အချိန် မကုန်ဘဲ လုပ်ချင်တာကို မြန်မြန်လုပ်လို့ရတယ်”

သူမသည် အဆိပ်ခတ်လိုက်သည်ကို ဝန်ခံလေသည်။

“မင်းရဲ့ မှော်ဝင်လက်စွပ်ကို ယူလိုက်ပြီလေ မင်းမှာ ဘယ်လိုလုပ် အဆိပ် ရှိနေတာလဲ” အကြီးအကဲ ၁၀ သည် သူမပြောသည်ကို မယုံနိုင်ပေ။

“ဒါကိုပြောတာလား” ရှီမာယူယူသည် လက်ချောင်းတွင်ဝတ်ထားသော နောက်ထပ် မှော်ဝင်လက်စွပ်ကို ပြလိုက်သည်။

“မဖြစ်နိုင်ဘူး….”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ရှီမာယူယူ လျှောက်သွားပြီး သူ့ကိုကန် လိုက်ရာ သူသည် ချက်ချင်းပင် မြေပေါ်သို့ ကျသွားလေသည်။ “ရှုဂျင်းနဲ့ ဟော်လန်တို့ အခုလိုဖြစ်တာ ရှင်လုပ်တာမလား”

“မင်းက ဘယ်သူလဲ” အကြီးအကဲ ၁၀ သည် တစ်ခုခုမှားနေပြီကို သိလိုက် သည်။ သူမက ရှုဂျင်းနဲ့ ဟော်လန်ကို ဘယ်လိုလုပ် သိတာလဲ။

“ကျွန်မက ဘယ်သူလဲဟုတ်လား ရှုဂျင်းက ကျွန်မဆရာဖြစ်ပြီး ဟော်လန် က ဆေးပညာဆရာပဲ” ရှီမာယူယူသည် ရပ်ပြီးနောက် သူ့လက်ထဲမှ ပိုက်ကွန် ကို ယူလိုက်သည် “ပိုးမျှင်ထုတ်ပိုးကောင်တွေရဲ့ သွေးကထုတ်မှ အနီရောင်ရှိတဲ့ ပိုးသားဖြစ်လာတာ ကြည့်ရတာ ရှင်က ဒါကိုတော်တော်လေးသုံးတယ်ထင် တယ်”

သူမသည် ပိုက်ကွင်ကို စူးယန်ဆီသို့ အထင်သေးစွာ ပစ်ပေးလိုက်သည် “ဒီလူကို ဦးလေးကိုအပ်ထားလိုက်ပြီ အပြင်ဘက်ကလူတွေကို ကျွန်မအတွက် ထားလိုက်တော့”

စူးယန်သည် ပိုက်ကွန်ကို ဖမ်းပြီး ပြောလိုက်သည် “အပြင်မှာလူတွေ အရမ်းများတယ်”

ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်သည် “ကျွန်မလည်း လူတွေအများကြီး ခေါ်လာပါတယ်”

သူမ ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

စူးယန်သည် လက်ထဲမှပိုက်ကွန်ကို ကြည့်လိုက်သည်။ သို့သော် သူမ၏ ယုံကြည်ချက်အပြည့်ရှိပုံကိုကြည့်ပြီး ထွက်မသွားတော့ဘဲ အကြီးအကဲ ၁၀ ဆီ သို့သွားကာ လက်ထဲမှပိုက်ကွန်နှင့်….

ရှီမာယူယူ ထွက်သွားပြီး ဝိညာဉ်စေတီအတွင်းမှ လူများကိုခေါ်ထုတ် လိုက်သည်။ ထို့နောက် သူမသည် လောကအသေးကိုထုတ်ပြီး ဖန်ရှင်းနှင့် တခြားသူများကိုပါ ခေါ်ထုတ်လိုက်သည်။

“အဒေါ်ဖန် ဒီအတွက် ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ဖန်ရှင်းကို ပြောလိုက်သည်။

ဖန်ရှင်းနှင့် တခြားသူများသည် ဟော်မျိုးနွယ်အတွင်းသို့ အဖမ်းခံရသည် ကို ကြားသိပြီးနောက် ဒေါသထွက်ကြလေသည်။ “ဟောမျိုးနွယ်က အရင်တုန်း က ဒီလိုမဟုတ်ပါဘူး အခုဒီနေ့အထိ အမွေဆက်ခံပြီးတော့ ယုတ်ညစ်တဲ့ မျိုးနွယ်ဖြစ်လာတာပဲ”

“အဒေါ်ရျင်း ဟောမျိုးနွယ်က အရည်အချင်းရှိတဲ့လူအများကြီးကို ဖမ်း ထားတယ်၊ ကျွန်မရဲ့ဆရာတို့ကိုလည်း နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့တယ်၊ သူတို့ ကို ဒီအတိုင်းလွှတ်မပေးချင်ဘူး”

“ဒီလိုလူတွေကို သည်းခံနေလို့မရဘူး” ဖန်ရှင်းသည် သူမ၏ နည်းလမ်းကို သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ သူတို့မှာက စံတင်အထွဋ်ကျွမ်းကျင်သူတွေ အများကြီးပဲ”

“သခင်မလေး…” ဖန်ရှင်းသည် ဆွံ့အသွားကာ သူမကိုကြည့်လေသည်။ “ကျွန်မတို့အားလုံးကလည်း စံတင်အထွဋ်အဆင့်တွေပဲဆိုတာ မသိဘူးလား”

“ရှင်” ရှီမာယူယူသည် ပျာယာခတ်သွားသည်။ သူတို့အကုန်လုံးကလည်း စံတင်အထွဋ်တွေလား။

“ဖန်မျိုးနွယ်က အရင်တုန်းကနဲ့ အရမ်းကွာသွားပေမဲ့ စံတင်အထွဋ် အဆင့်တွေ အများကြီးရှိတယ် သခင်က သခင်မလေးကို ကာကွယ်ဖို့ကို ဘယ်လိုလုပ် အားနည်းတဲ့သူကို ရွေးမှာလဲ”

ရှီမာယူယူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။  ဖန်ရှင်း၏ စွမ်းအားမှာ အလွန်သန်မာသည်ကို သူမ သိသော်လည်း သူတို့သည် စံတင်အထွဋ်အဆင့်ထိ ရောက်လိမ့်မည်ဟု ထင်မထားပေ။ ဖန်ရူယန်သည် သူမအပေါ် ကောင်းလွန်း သည်

သူမ သိချင်သည်မှာ စံတင်အထွဋ်အဆင့်ရှိသူတွေက သူမရဲ့ ကိုယ်ရံ တော်ဖြစ်ရလို့ မပျော်မရွှင်မဖြစ်ဘူးလား။

တကယ်ကို နှမြောစရာကောင်းတဲ့ အရည်ချင်းတွေပဲ။

“သခင်မလေး ကျွန်မတို့က ကိုယ့်စိတ်နဲ့ကိုယ် လုပ်ကြတာပါ” ဖန်ရှင်း သည် သူမအတွေးများကို နားလည်သည့်အလား ပြုံးပြလေသည်။

သူတို့စိတ်သဘောအတိုင်း လုပ်ခဲ့သော်လည်း ဖန်ရူယန် အမိန့်ပေးလျှင် လည်း လုပ်ဦးမည်ဖြစ်သည်

“အဒေါ်ဖန် ဒီအကျဉ်းသားကိစ္စကို အရင်ဖြေရှင်းကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒီနှိပ်စက်တဲ့အခန်းကို ဖျက်ဆီးနေတုန်းမှာ ဆရာတို့ကို သွားခေါ်လိုက်ဦးမယ်”

“ဟုတ်ပြီ”

ဖန်ရှင်း လှုပ်ရှားသည်နှင့် ကျွန်းပေါ်မှလူများကို အဆုံးသတ်ပြီးလေသည်။

ထိုအချိန်တွင် ရှီမာယူယူသည် နှိပ်စက်သည့်အခန်းသို့ ပြန်သွားသည်။

***

All Chapters