ခေါင်းစဉ်မဲ့
Vol. 118 Ch. 1645
စူးယန်သည် လက်ထဲတွင် ဓားကိုင်ထားသည်။ ဓားသွားမှာ ပုစဉ်း တောင်ပံကဲ့သို့ ထက်ရှနေသည်။ ဓားသွားသည် သွေးမစွန်းဘဲနှင့် အသားထဲသို့ နစ်ဝင်သွားလေသည်။
သူဖြတ်လိုက်သော အသားတစ်လွှာချင်းစီသည် အလွန်ပါးလွှာကာ ပန်းကန်ထဲသို့ သပ်သပ်ရပ်ရပ်ထည့်လိုက်သည်။
ရှီမာယူယူသည် လောလောဆယ် အနာဂတ်တွင်တော့ အသားမစားနိုင် တော့ဟု တွေးနေမိသည်။
အကြီးအကဲ ၁၀ သည် မြေပေါ်တွင်လှဲနေပြီး သေဆုံးမည်ကို ကြောက်ရွံ့သည်ထက် မျက်လုံးတွင် မုန်းတီးမှုအပြည့်ဖြစ်နေသည်။
“အရမ်းကြီးမလှုပ်နဲ့” ရှီမာယူယူ လျှောက်လာသည် “ရှင့်ရဲ့ သွေးကြော တော်တော်များများက ပြတ်နေပြီ၊ ရှင်လှုပ်လိုက်တာနဲ့ သွေးကပိုလျှံထွက်ပြီး နှလုံးအလုပ်လုပ်တာကို သွားသက်ရောက်မှာ အဲအချိန်ကျရင် ရှင်သေဖို့နီးသွား ပြီ”
“ငါ သိမ်းငှက်နှုတ်သီးနဲ့ အဆိတ်ခံရမယ့်နေ့ ရောက်လာမယ်လို့ ထင် မထားဘူးပဲ” အကြီးအကဲ ၁၀ သည် အံကြိတ်ပြီးပြောလေသည်။
“ညမှာ အကြာကြီးလမ်းလျှောက်ရင် သရဲနဲ့တွေ့တတ်တယ်ဆိုတာကို ကြားဖူးလား” ရှီမာယူယူသည် တိုးညင်းစွာပြောလိုက်သည် “ရှင် သူများကို ရန်သွားစလို့မရဘူး”
“မင်းက အဲလိုလူလို့ ထင်နေတာလား” အကြီးအကဲ ၁၀ သည် သူမ၏ အဆင့်အတန်းကို သိသည်။ သူမသည် အပြင်လူဖြစ်ပြီး အဆင့်ပင်မတက်နိုင်သူ ဖြစ်သည်။
“မဟုတ်ဘူးလား” ရှီမာယူယူ ပြုံးလိုက်သည် “ရှင့်ရဲ့ ပြိုင်ဘက်နဲ့တွေ့ရတဲ့ အရသာကို ပေးသိပေးမယ်”
“ဟင်း မင်းက ငါ့ကို ထောင်ချောက်ဆင်နိုင်တာနဲ့ ငါ့မျိုးနွယ်ကို တစ်ခုခု လုပ်လို့ရမယ်လို့ တွေးဖို့တောင် မကြိုးစားနဲ့၊ မင်းက ဒီမှာဘာမှမဟုတ်ဘူး” အကြီးအကဲ ၁၀ သည် သူ၏မျိုးနွယ်နှင့် ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိနေ သည်။
“ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မကိုယ်တိုင် လက်နဲ့လုပ်မယ်လို့ မပြော လိုက်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ရှင်တို့က အရည်အချင်းရှိတဲ့လူ တွေကို ဒီလောက်အကြာကြီး ဖမ်းပြီးနှိပ်စက်ထားတာ၊ သူတို့က သေချာပေါက် ညှာတာမှုမရှိ လက်စားချေမှာပဲ”
“ဟား သူတို့က နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာပဲ အရည်အချင်းရှိတဲ့လူ တွေဖြစ်ရုံ သက်သက်ပဲ၊ အင်အားနဲ့ပြောရရင် သူတို့က ဘာအဆင့်ရှိလို့လဲ”
“ရှင် ဒေါသရဲ့စွမ်းအားကို လျော့တွက်လို့မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ မျိုးနွယ် ပျက်စီးမယ့်နေ့ကို ရှင်မမြင်ရတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ထိုအချိန်တွင် ဖန်ရှင်း လျှောက်ဝင်လာပြီး ပြောလေသည် “သခင်မလေး ပြီးပါပြီ”
“အင်း သိပြီ” ရှီမာယူယူ သူမကို ခေါင်းညိတ်ပြလိုက်သည်။
ဖန်ရှင်းကို မြင်ပြီးနောက် အကြီးအကဲ ၁၀ ၏မျက်လုံးများသည် ကြောက်ရွံ့မှုများ ဖြစ်လာသည်။
“ဘယ်လို… ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ”
“ဘယ်လိုလုပ် ဟောမျိုးနွယ်က ဖန်မျိုးနွယ်ရဲ့ သခင်မလေးကို ထိရဲတာ လဲ” ဖန်ရှင်းသည် နှာမှုတ်လိုက်သည်။
“သူမက ဖန်မျိုးနွယ်က သခင်မလေးလား မဖြစ်နိုင်တာ သူမက အပြင် ဘက်က မျိုးနွယ်ငယ်လေးတစ်ခုက အဖွဲ့ဝင်တစ်ယောက်ပဲ၊ ဘယ်လိုလုပ် ဖန်မျိုးနွယ်က သခင်မလေးဖြစ်နိုင်မှာလဲ၊ သူမက ဖန်မျိုးနွယ်ကမှမဟုတ်တာ” အကြီးအကဲ ၁၀ သည် ကြောက်လန့်တကြားအော်လေသည်။
“ဟင်း နောက်ဘဝကျမှ ရှင့်မျက်လုံးကို ဖွင့်လိုက်တော့” ဖန်ရှင်းပြော လိုက်ပြီးနောက် ရှီမာယူယူဘက်သို့လှည့်ကာ “သခင်မလေး ဟောမျိုးနွယ်က တခြားမျိုးနွယ်နဲ့ ပူးပေါင်းထားတယ်လို့ကြားတယ်၊ လုံခြုံရေးအရ ကျွန်မ တစ်ဖက်က မျိုးနွယ်ကို ဆက်သွယ်ထားတယ်” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်ဖန်” ရှီမာယူယူသည် ကျေးဇူးတင်စကား ပြောလိုက်သည်။
ဖန်ရှင်းသည် ပြုံးပြီး ဘေးတွင်သွားရပ်နေလိုက်သည်။
စူးယန်သည် အရင်ကဖန်မျိုးနွယ်ကို မတွေ့ဖူးပေ။ သို့သော် သူတို့၏ နာမည်ကိုတော့ ကြားဖူးသည်။ ဖန်မျိုးနွယ်သည် သာမာန်မျိုးနွယ်မဟုတ်သည် ကို သူသိသည်နှင့် အကြီးအကဲ ၁၀ ၏ မျက်နှာတွင် ကြောက်ရွံ့မှုအပြည့်ဖြစ် သွားတော့သည်။
သူသည် ရှီမာယူယူကို တစ်ချက်ကြည့်လိုက်သည်။ အဲဒါကြောင့် သူမက အကုန်လုံးကို နှင်ထုတ်ဖို့အတွက် အဲလောက်ယုံကြည်ချက်ရှိနေတာကိုး။
ရှီမာယူယူ လျှောက်လာပြီး အကြီးအကဲ ၁၀ ဘေးတွင် ဆောင့်ကြောင့် ထိုင်ချပြီး လက်ဆန့်ထုတ်ကာ စူးယန်၏ ဓားကိုတောင်းလိုက်သည်။
“တကယ်တော့ ရှင့်ကို ဒီလောက်မြန်မြန် မသေစေချင်ဘူး” သူမသည် မလိုလားစွာ ပြောလိုက်သည် “ဒါပေမဲ့ ဒီကနေ သတင်းရမှဖြစ်မှာ ရှင့်အတွက် ကံကောင်းသွားတာပေါ့”
သူမ ပြောပြီးနောက် အကြီးအကဲ ၁၀ ၏ခန္ဓာကိုယ်ကို ဓားသွားဖြင့် ထိုး လိုက်သည်။
ရှီမာယူယူသည် အမှန်တကယ်ပင် သူ့ကိုသတ်လိုက်မည်ဟု စူးယန် ထင် မထားပေ။ သူသည် စကားပြောဟန်ပြင်လိုက်သော်လည်း သူမသည် အလောင်းကိုမ,ကာ အံ့ဖွယ်အသိစိတ်ကို သူ၏ မှတ်ဉာဏ်ထဲထည့်လိုက်သည် ကို မြင်လိုက်ရသည်။
သူမ လိုချင်သည့် အချက်အလက်များရပြီးနောက် အလောင်းကို မြေပေါ် သို့ ပစ်လိုက်ကာ သူ့ခန္ဓာကိုယ်မှ ဓားကိုထုတ်ပြီး စူးယန်အား ပြန်ပေးလိုက် သည်။
“ဒီဓားက မဆိုးဘူးပဲ၊ အပြစ်ပေးတဲ့နေရာမှာ သုံးလို့ကောင်းတယ်”
“….”
စူးယန်သည် ချီးကျူးပေးသည့်အတွက် သူမကို ကျေးဇူးတင်သင့်သည်ဟု ထင်မိသည်။
“သွားကြမယ်” ရှီမာယူယူသည် အလောင်းကို နင်းကျော်ကာ အပြင်သို့ ထွက်သွားရာ ဖန်ရှင်းသည် အမြန်ပင် သူမနောက်လိုက်သွားတော့သည်။
ထိုမိန်းကလေးအကြောင်းကို သူ အတိအကျမသိပေ။ ဤနေရာမှ ထွက် သည့်အခါမှပင် ညီမဖြစ်သူကို မေးရမည်။
အပြင်တွင် လဲနေသောလူများကို သူ ဖြတ်သွားရင်းနှင့် ဓားနှင့်ထိုးကာ ငရဲ သို့ပို့ပေးလိုက်သည်။
သူတို့ ထွက်လာချိန်တွင် စံတင်အထွဋ်အုပ်စုနှင့်တွေ့လေသည်။ သူသည် အလွန် ထိတ်လန့်သွားကာ ဓားကိုပင် အသေအချာမကိုင်နိုင်တော့ပေ။
“တကယ်တော့ ဒီနေရာကို ကိုယ်တိုင် ဖျက်ဆီးချင်တာ ဒါပေမဲ့ ရန်သူကို သတိပေးလိုက်သလိုဖြစ်မှာစိုးလို့ ထားလိုက်ပါတော့” ရှီမာယူယူသည် ကျန်းကျူးရှန့်ကို ပြောလိုက်သည်။
ရှုဂျင်းနှင့် ဟော်လန်တို့သည် ဤနေရာတွင် အကြိမ်ပေါင်းများစွာ ဒဏ်ရာ ရခဲ့သည်။ သူမသည် ဤနေရာကို အမှန်တကယ်ပင် ဖျက်ဆီးပစ်ချင်သည်။
“ဆရာက သဘောတူမှာမဟုတ်ဘူး” ကျန်းကျူးရှန့် ဆက်ပြောလေသည် “ဒါပေမဲ့ အဲဒီကိုမြန်မြန်သွားတာ ပိုကောင်းမယ်၊ အဲဒီကအဖြစ်တွေကို သူတို့ သိသွားရင် ဆရာ့ကို ထိခိုက်အောင် လုပ်ဖို့ကြိုးစားနိုင်တယ်”
“အာ သွားကြမယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“လှေက လူအများကြီး မသယ်နိုင်ဘူး” စူးယန် ပြောလိုက်သည်။
ပြီးနောက် နေရာမှာ ကြီးလွန်းသည်။
ရှီမာယူယူသည် လောကအသေးထုတ်ပြီး ကျန်းကျူးရှန့် ဟန့်မြောင်ရွှမ် နှင့် စူးရှောင်ရှောင်တို့ကို ချန်ထားကာ အားလုံးကို ထည့်လိုက်လိုက်သည်။
သူတို့ ကမ်းစပ်သို့ရောက်သောအခါ သင်္ဘောငယ်သည် ရေပေါ်တွင် ပေါ်လောပေါ်နေသည်။ သူတို့သည် သင်္ဘောပေါ်တက်လိုက်ပြီး အကျဉ်းခန်း များရှိသည့် ကျွန်းဆီသို့သွားလိုက်သည်။
သူတို့ ရောက်အံ့ဆဲဆဲတွင် စူးယန်သည် ပြောလာသည် “ငါတို့ အဲဒီကို သွားလိုက်ရင် လူမိသွားလိမ့်မယ် ငါ လျှို့ဝှက်နေရာကိုသိတယ် အဲဒီကနေသွား ရအောင်”
ထိုအခိုက်တွင် သူတို့သည် တစ်ဖွဲ့တည်းဖြစ်နေကာ သူနောက်ပြောင်မည် ကို စိုးရိမ်ရန် မလိုပေ။ သူတို့သည် သူပြောသည့်နေရာသို့ လှေလှော်ခဲ့လိုက်ကြ သည်။
သူတို့သည် လျင်မြန်စွာပင် ပင်လယ်အော်ဘက်သို့ ရောက်လာကြပြီး ပျံဝင်လာသည့်အခိုက်တွင် မည်သည့်အစောင့်ကင်းကိုမှ မမြင်ရပေ။
“ဒီလမ်းကို ဘယ်လိုသိတာလဲ ဦးလေးက သူတို့နဲ့အမြဲရှိနေတာမဟုတ်ဘူး လား”
စူးယူသည် နှိပ်စက်သည့်အခန်းကို တာဝန်ယူထားရသော်လည်း သူ့ဘေး တွင် လူတစ်ယောက် အမြဲရှိသည်။ သူ့အတွက် လက်တိုလက်တောင်းခိုင်းရန် ဟု ပြောသော်လည်း အမှန်တကယ်တော့ သူ့ကိုစောင့်ကြည့်နေခြင်းဖြစ်သည်။
“တစ်ခါက လူတစ်ယောက် ထွက်ပြေးတော့ ဒီမှာဖမ်းမိတာပဲ အဲတုန်းက ဒီနေရာကိုမှတ်ထားလိုက်တာ” စူးယန် ပြောလိုက်သည်။
“ဒီလောက်နှစ်တွေကြာသွားပြီးတော့ ထွက်ပြေးဖို့ကိုလက်လျော့လိုက် တာလား” ရှီမာယူယူ ပြောလိုက်သည်။
စူးယန်သည် ပင်လယ်ဘက်သို့ ကြည့်လိုက်သည်။ ဟောမျိုးနွယ်သည် သူ့ ကိုအကျိုးအမြတ်များစွာ ပေးမည်ဟု ဆိုသော်ငြား သူသည် ဤနေရာတွင် နေရန် တစ်ခါမှမစဉ်းစားခဲ့ပေ။
“ဂျူနီယာညီမလေး ဆရာ့ကိုသွားရှာတော့မှာလား” ဟန့်မြောင်ရွှမ် မေး လိုက်သည်။
“မဟုတ်ဘူး ဟောမျိုးနွယ်ရဲ့ အကြွေးကိုအရင်ရှင်းရမယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဆရာ့အတွက်က ညီမစီစဉ်ပြီးသားပါ”
သို့သော် ရှီမာယူယူ ဦးတည်သွားနေသည်မှာ ဟောမျိုးနွယ်အိမ်တော် မဟုတ်သည်ကို စူးယန် သတိထားမိသည်။
“ငါတို့ဘယ်သွားမလို့လဲ” သူ မေးလိုက်သည်။
“ဟောမျိုးနွယ်က ဒီမှာရတနာတွေ ထားတာမလား သူတို့အရင်းအမြစ်ကို ဖျက်ဆီးမလို့လေ” ရှီမာယူယူ ရယ်မောလိုက်သည်။
သူတို့ အရင်းအမြစ်ကို ဖျက်ဆီးမယ်ဟုတ်လား။ စူးယန်သည် ရှီမာယူယူ ၏ အပြုံးကိုမြင်ပြီးနောက် ဤလူသည်အလွန် ညှာတာမှုကင်းမဲ့သည်ဟု တွေးမိ လေသည်။ သူမသည် ဤနေရာအား ထပ်မံအသုံးပြု၍မရအောင် အကွက်ကျကျ စီစဉ်ထားခြင်းဖြစ်သည်။
ရှီမာယူယူသည် အကြီးအကဲ ၁၀ ၏မှတ်ဉာဏ်အတိုင်း လျှောက်သွားပြီး နောက် ကျွန်းအစပ်ရှိ သာမာန်ခြံသို့သွားလိုက်သည်။
“ဒီမှာလား မဝင်ဘူးလား” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“နည်းနည်းလောက် ကြာအောင်စောင့်လိုက်” ရှီမာယူယူ ပြောလိုက် သည်။
သူမ စကားဆုံးသည်နှင့် နှိပ်စက်အခန်းရှိသည့် ကျွန်းဘက်မျ ပေါက်ကွဲသံ ကြားလိုက်ရလေတော့သည်။
***