← Chapters

ဖောက်ခွဲခြင်း

Vol. 118 Ch. 1646

ဖောက်ခွဲခြင်း

Vol. 118 Ch. 1646

ပေါက်ကွဲမှု သုံးလေးကြိမ်ပြီးသောအခါ ဟောမျိုးနွယ်ဝင်များတင် မှင်တက်နေခြင်းမဟုတ်ပေ။ ဟန့်မြောင်ရွှမ်နှင့် တခြားသူများပါ ကြက်သေသေ နေကြသည်။

“ဂျူနီယာညီမလေး အဲဒါကိုလုပ်တာ မင်းပဲလား” စူးရှောင်ရှောင်သည် ငေးငိုင်ရင်း မေးလေသည်။

“မြက်ကိုမွှေပြီးတော့ မြွေကိုလန့်အောင် လုပ်လို့မရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား” ဟန့်မြောင်ရွှမ်သည်လည်း ရှုပ်ထွေးသွားသည်။

“အဲတုန်းက ကိုယ်တိုင်မဖောက်ခွဲရတာကို နောင်တရတယ်လို့ပဲပြောတာ လေ အဲဒီနေရာကို မဖောက်ခွဲဘူးလို့ မပြောပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ညီမက နီရဲပျားတွေကိုလွှတ်ပြီး ဖောက်ခွဲဖို့ အမိန့်ပေးလိုက်တာပါ၊ မိုးကြိုးသွား ကျည်ကို သူတို့တွေဖောက်ခွဲရလောက်အောင် အဆင့်မြှင့်ထားတာလေ”

“….”

“ဟောမျိုးနွယ်တွေ လာနေကြပြီ” စူးယန်သည် စကားပြောနေသည့် သူတို့ကို သတိပေးလိုက်သည်။

လာနေသူမှာ ဟောမျိုးနွယ်မှ အကြီးအကဲနှင့် အစောင့်များတင်မကပေ။ စံတင်အထွဋ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ပါ ပါလေသည်။

“ငါတို့ဘာလုပ်ကြမလဲ”

“လုပ်ရမှာက တကယ်တော့ ရိုးရှင်းပြီးသားပါ” ရှီမာယူယူသည် အရင်ဆုံး ဖန်ရှင်းနှင့် တခြားသူများကို ခေါ်ထုတ်လိုက်သည် “အဒေါ်ဖန် ခဏနေ လူတွေ ရောက်လာလိမ့်မယ် အဒေါ်တို့ကိုပဲ ဒုက္ခပေးရတော့မယ်”

“ပြဿနာမရှိဘူး” ဖန်ရှင်း ပြန်ဖြေလိုက်သည်။

“ဂျူနီယာညီမလေး ငါတို့ဘာလုပ်ရမယ်ဆိုတာ မပြောရ…” ဟန့်မြောင် ရွှမ် ပြောလိုက်သည်နှင့် သူမ သတ္တုလုံးများထုတ်သည်ကို မြင်ပြီးနောက် ဆက် ပြောမည့်စကားများကို မျိုချလိုက်ကာ ဝမ်းပန်းတသာယူလိုက်သည်။ “ငါတို့ အတားအဆီးလုပ်ကြမလား မဟုတ်ရင် ကျွန်းတစ်ခုလုံး ဖွတ်ဖွတ်ညက်ညက် ကြေသွားမယ်”

ရှီမာယူယူ စဉ်းစားကြည့်ရာ ဖြစ်နိုင်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူမသည် ဖန်ရှင်းနှင့် တခြားသူများကို အတားအဆီးပြုလုပ်ခိုင်းကာ ပေါက်ကွဲ အားကို ထိန်းချုပ်ရန်သုးလိုက်သည်။

“ဦးလေးက ကျွန်မတို့နဲ့တကယ်ပဲ လိုက်ချင်တာလား” ရှီမာယူယူသည် မိုးကြိုးကျည်တချို့ကို စူးယန်လက်ထဲသို့ ထည့်လိုက်သည်။

“ဒါကဘာလဲ ဘယ်လိုသုံးရမှာလဲ” စူးယန် မေးလိုက်သည်။

ရှီမာယူယူသည် မိုးကြိုးကျည်များကို အသက်သွင်းသည့်နည်းလမ်းကို ပြောပြလိုက်သည်။

“နှိပ်စက်တဲ့အခန်းကို ဖောက်ခွဲဖို့ ဒါသုံးခဲ့တာလား” စူးယန်သည် သိချင် စိတ်ဖြင့် မေးလေသည်။

“ဟုတ်တယ်လေ” ရှီမာယူယူသည် သူ့ကိုအနည်းငယ်ထပ်ပေးကာ သူမ သည် မိုးပေါ်သို့ပျံသွားပြီး အောက်ရှိခြံဝန်းထဲသို့ အနည်းငယ်ပစ်ချလိုက်သည်။

“ဘုန်း”

ပေါက်ကွဲမှုသည် ခြံဝန်းကို မီးတောင်ပေါက်ဝအဖြစ် ပြောင်းလဲပစ်လိုက် သည်။

“ငါလည်း လုပ်ဦးမယ်” ဟန့်မြောင်ရွှမ်သည်လည်း တစ်ခုချလိုက်ရာ ခြံဝန်း၏ တစ်ဝက်မှာ ပြောင်သလင်းခါသွားလေသည်။

စူးရှောင်ရှောင်နှင့် ကျန်းကျူးရှန့်တို့လည်း နှစ်လုံးပစ်ထည့်လိုက်သည်။ စူးယန်သည်လည်း ပထမဆုံးအကြိမ် ထိုအရာနှင့် ကစားဖူးခြင်းဖြစ်ကာ ပျော်ဖို့ ကောင်းသည်ဟု ခံစားမိသဖြင့် နောက်ထပ် နှစ်လုံးပစ်ထည့်လိုက်သည်။

ခဏအကြာတွင် ခြံဝန်းတစ်ခုလုံးသည် ပြာဖြစ်သွားလေသည်။

သူတို့ မိုးကြိုးသွားကျည်များ ပစ်ချကတည်းကပင် စံတင်အထွဋ်တချို့ ရောက်လာပြီး သူတို့ကိုသတ်ချင်မိသည်။ သို့သော် သူတို့အနားမကပ်ခင်မှာပင် ဖန်ရှင်းနှင့် တခြားသူများက တားလိုက်ကြသည်။ ထို့ကြောင့်ပင် ရှီမာယူယူ တို့သည် စိတ်တိုင်းကျ ကစားရခြင်းဖြစ်သည်။

နှိပ်စက်အခန်းသို့ လွှတ်လိုက်သော အကြီးအကဲဆီမှ သတင်းပြန်မရသလို ထိုနေရာ၏ အခြေအနေကိုလည်း ဘာမှမကြားသိရပေ။ သူသည် အစောင့်များ နှင့် အလျင်စလိုသွားလိုက်ရာ သူ့မျိုးနွယ်နှင့် လူအများအပြားမှာ တိုက်ခိုက်နေ ကြသည်ကို တွေ့လိုက်ရသည်။

သူ့မျိုးနွယ်မှ အကြီးအကဲများ မည်မျှအားကောင်းကြသည်ကို သူ ကောင်းကောင်းသိသည်။ ရောက်လာသူများမှာ သူတို့ကို ရှေ့မတိုးသာ နောက် မဆုတ်သာ အခြေအနေသို့ တွန်းပို့လိမ့်မည်ဟု ထင်မထားပေ။ မဟုတ်ပေ တစ် ဖက်လူများမှာ အားသာနေသလိုပင်။

ထိုလူများမှလွဲပြီး နေရာတစ်ခုလုံးကို ဝိုင်းထားသော နောက်ထပ်လူတစ် စုရှိကာ သူတို့ကို အနီးကပ်တားဆီးထားသည်။

ထို့အပြင် နှိပ်စက်သည့်အခန်းထဲတွင် ရှိရမည့်ရှီမာယူယူသည် လူတစ်စု ကို ဦးဆောင်ကာ သူတို့၏ ပင်တိုင်အဆောက်အဦးကို ဖောက်ခွဲနေသည်။

“ရှီမာယူယူ မင်းလုပ်ရဲတယ်” အကြီးအကဲ ၅ အော်လိုက်ရာ ရှီမာယူယူ ကြည့်မိသွားသည်။

သူမသည် ရပ်တန့်လိုက်ကာ အဖွဲ့၏ရှေ့သို့သွားကြီး အကြီးအကဲ ၅ နှင့် တိုက်ရိုက်ပင် မျက်နှာချင်းဆိုင်လိုက်သည်။

“ငါတို့နှိပ်စက်တဲ့အခန်းကို ဖောက်ခွဲတာ မင်းလား” အကြီးအကဲ ၅ ၏ အမူအရာသည် မှောင်မည်းနေကာ ထိုမျှမည်းနက်သည့်အရာမရှိတော့သလို ပင်။

ရှီမာယူယူသည် ပြန်မဖြေသော်လည်း သူ၏ အသံမှသူ ခန့်မှန်းနိုင်ပြီဖြစ် သည်။

“ဟုတ်တယ်” ရှီမာယူယူသည် ခေါင်းညိတ်ပြီးနောက် မိုးကြိုးသွားကျည် ထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်ပြီး အပျက်အစီးများအကြားသို့ပစ်လိုက်ရာ ပြာပင်မကျန်တော့ပေ။

အကြီးအကဲ ၅ သည် ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်ပေ။ သူသည် သူမကို လက်ညှိုးထိုးပြီး မရပ်တန်း တုန်ယင်နေသည်။

ဒီ စုန်းမတော့…

“ရှင်က ကျွန်မကိုသတ်ချင်တာလား လာခဲ့လေ” ရှီမာယူယူသည် လက်ချောင်းကွေးကာ ခေါ်လိုက်ပြီး သူ့ကိုရန်စလိုက်သည်။

“မင်းက ဘယ်သူလဲ”

“ကျွန်မလား ကျွန်မကအကျဉ်းသားမဟုတ်ဘူးလား”

“မဖြစ်နိုင်တာ မင်း တမင်လုပ်တာပဲ” အကြီးအကဲ ၅ သည် နောက်ဆုံးမှ ပင် သူမ ကျွန်းသို့ရောက်လာကတည်းက ဆက်တိုက်ပြဿနာများဖြစ်သည်ကို သတိထားမိတော့သည်။ သူမက ဒီကိုအစီအစဉ်ချပြီးလာတာပဲ။

“ရှင် မှန်းမိသားပဲ ကျွန်မ တမင်လုပ်တာဟုတ်တယ်၊ ကျွန်မကို ဒီကိုခေါ် လာပေးတဲ့အတွက် ကျေးဇူးပဲ မဟုတ်ရင် ကျွန်မရဲ့ဆရာတို့ကိုဘယ်လိုလုပ် သွားရှာနိုင်မလဲ”

“မင်းဆရာဟုတ်လား”

“ဟုတ်တယ် ကျွန်မဆရာနဲ့ ဆေးပညာဆရာပဲ”

“သူတို့က ဘယ်သူတွေလဲ”

“ဟိုမှာ သူတို့လာနေကြပြီ” ရှီမာယူယူသည် နေအိမ်များကို ဖြတ်ပြီးပျံလာ သော လူများကို ညွှန်ပြလိုက်သည်။

သူတို့သည် ဤနေရာတွင် အကျဉ်းချခံရသူများဖြစ်သည်။ ရှေ့မှလူများ သည် ရှုဂျင်းနှင့် ဟော်လန်တို့ဖြစ်ကြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အကြီးအကဲ ၅ အော်လိုက်သည်။ ဒီလူတွေ ဘယ်လိုလွတ်လာကြတာလဲ။ သူတို့တွေ အတားအဆီးကို ဖြတ်နိုင်စရာ အကြောင်းမရှိပါဘူး။

“ဘာမဖြစ်နိုင်စရာရှိလို့လဲ ရှင်တို့အတားအဆီးက ဖျက်လို့မရတာမဟုတ် ဘူး၊ သော့ ရှိတာနဲ့ ဘာလို့မထွက်နိုင်ရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့က သူတို့ရဲ့ မှော်ဝင်လက်စွပ်ကို သိမ်းထားပြီးသားလေ ဘယ်လိုဖြစ် ပြီး သူတို့က… မင်းပဲလား” အကြီးအကဲ ၅ သည် ရှီမာယူယူကို စိုက်ကြည့်လိုက် သည်။ သူသည် သူမအဖြေပင် မလိုပ်ပေ။ သူမ၏ မျက်နှာထားသည် သူသိချင် သည့်အရာများ လုံလောက်နေပြီဖြစ်သည်။

ရှီမာယူယူသည် ငှက်လေးကိုခေါ်ထုတ်ကာ စူးရှောင်ရှောင်နှင့် တခြားသူ များကို ခေါ်ခိုင်းလိုက်သည်။ သူမသည် ဟောမျိုးနွယ်ဝင်များဆီမှ အကြွေးယူ နေကြသည့်လူများကိုသာ ကြည့်နေခဲ့သည်။

သူမ ထွက်မသွားခင်တွင် သူမဖော်စပ်ထားသော အဆိပ်ဖြေဆေးကို ပန်းလေးတို့အားပေးခဲ့ပြီး ရှုဂျင်းနှင့် ဟော်လန်တို့ကို ပေးခိုင်းလိုက်သည်။ ထို့နောက် သူမ ပြဿနာရှာနေစဉ်တွင် အဖမ်းခံထားရသောလူများကိုလွှတ်ပေး လိုက်သည်။

ကြာရှည်စွာ ပိတ်လှောင်ခံထားရသော ထိုလူများ၏ ဟောမျိုးနွယ်ကို မုန်းတီးမှုသည် မိုးအထိထောင်တက်သွားသည်။ သူတို့သည် လွတ်လပ်မှုရသည် နှင့် အကြွေးတောင်းမည်မှာ သဘာဝပင်ဖြစ်သည်။ သူတို့အားလုံး ဤနေရာသို့ လာကြသည်ကိုသိသည်နှင့် ရောက်လာခြင်းဖြစ်သည်။

ထိုအခိုက်တွင် သူတို့၏ အားကောင်းလှသည်မဟုတ်ပေ။ သို့သော် သူတို့ ၏ မုန်းတီးမှု၊ ဖန်မျိုးနွယ်၏ ဖိအားပေးမှုနှင့်အတူ လက်စားချေရန်မခက်ခဲခဲ့ပေ။

ထို့ကြောင့် ထိုအချိန်တွင် သူမ ဝင်ပါရန်ပင်မလိုပေ။ သူမသည် သူတို့ စိတ်တိုင်းကျ ထွက်ပေါက်ရှာခွင့် ပေးထားသည်။

ဖန်ရှင်းနှင့် တခြားသူများသည် စံတင်အထွဋ် ကျွမ်းကျင်သူများကို ရှင်းပြီး နောက် ထပ်မပါတော့ပေ။ သူတို့သည် ရှီမာယူယူဘေးသို့လာကာ ဟောမျိုးနွယ် အားမနိုင်သည့်လူကိုတွေ့မှသာ ရံဖန်ရံခါဝင်ပါလေသည်။

နာရီဝက်ကြာပြီးနောက် ကျွန်းပေါ်တွင် ဟောမျိုးနွယ်ဝင်များ တစ်ယောက်မှ မကျန်တော့ပေ။

ထိုအခါမှသာ ထိုလူများသည် လွတ်လပ်မှုပြန်ရသည်ကို ယုံနိုင်တော့၏။

“ဆရာ” ရှီမာယူယူသည် ရှုဂျင်းကို မှော်ဝင်လက်စွပ်ကို ပစ်ပေးလိုက် သည်။ ရှုဂျင်းသည် အထဲမှပစ္စည်းများကို မြင်သောအခါ ပျော်ရွှင်သွားပြီး တစ်ယောက်ကို တစ်ခုစီပေးလိုက်သည်။

ထိုအခိုက်တွင် ရှီမာယူယူသည် ထူထဲသော ကာကွယ်ရေးအတားအဆီး ကို လွှတ်လိုက်ရာ အားပြင်းသော ပေါက်ကွဲမှုဖြစ်သွားလေသည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

ထိုလူများသည် ကျွန်းပေါ်သို့ မိုးကြိုးသွားကျည်များပစ်လိုက်သည်နှင့် ပေါက်ကွဲအားသည် ကျွန်းတစ်ခုလုံးကို တုန်ခါသွားသည်။ ယခုအချိန်မှစပြီး ဤနေရာသည် သူတို့၏ အကျဉ်းထောင်မဟုတ်တော့ပေ။ ဤကဲ့သို့ သေးငယ် သောနေရာတွင် သူတို့၏ မှောင်မိုက်‌သော ဘဝများကို ဖြတ်သန်းရန်မလိုတော့ ပေ။

ထွက်ပြေးရန် လက်လျော့ခဲ့ကြသူများသည် ကျွန်းကြီး တဖြည်းဖြည်း ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေကြ သည်။ အမျိုးသမီးတစ်ချို့သည် အသံထွက်၍ပင် ရှိုက်လေသည်။

သူတို့က ဒီမှာပိတ်မနေတော့ဘူး…

ရှီမာယူယူသည် သူတို့ စိတ်ငြိမ်သည်အထိ စောင့်ပြီးပြောလိုက်သည် “ရှင်တို့ ဆက်ပျော်နေဦးမယ်ဆိုရင် ဒီနေ့ပြန်လို့ရမှာမဟုတ်တော့ဘူး ဟော မျိုးနွယ်က သတင်းရပြီး ဒီဘက်ကိုလာနေကြာပြီ သူတို့က အပြန်လမ်းမှာ ချောင်းတိုက်ဖို့ စောင့်နေလောက်ပြီ ဒီရေကိုတောင် ဖြတ်လို့မရမှာစိုးတယ်၊ ဟောမျိုးနွယ်က ရှင်တို့ကို ဒီလောက်အကြာကြီးပိတ်လှောင်ထားတာ လက်စား ချေချင်ကြလား”

“ချေချင်တယ်” ပြိုင်တူပြောလိုက်သောအသံသည် ရေကိုဖြတ်ပြီး ပဲ့တင် ရိုက်သွားတော့သည်။

***

All Chapters