← Chapters

ဒီစကားကို ငါစောင့်နေတာ။

Vol. 21 Ch. 243

ဒီစကားကို ငါစောင့်နေတာ။

Vol. 21 Ch. 243

စုရီက အမှောင်နတ်ဓားကို ပြန်သိမ်းပြီး လက်နှစ်ဖက်နောက်ပို့ကာ လီချန်နင်ထံ ငုံ့ကြည့် နေခဲ့သည်။

“ ကံကောင်းနေရင် ကောင်းကင်နဲ့ မြေကြီးဟာ မင်းဘေးမှာအမြဲရှိတယ်၊ ကံဆိုးရင် သူရဲကောင်းတွေကိုတောင် ...

... ကမ္ဘာကြီးက ငြင်းပယ်တတ်တယ်၊ ဒီဓိပ္ပါယ်ကို လူဘယ်နှစ်ယောက်များ နားလည် နိုင်မှာလဲ။ ”

စုရီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ စွမ်းအင်ချေးငှားယူခြင်းသည် ကျင့်ကြံသူများ အတွက် မရှောင်လွှဲနိုင်သော အရာဖြစ်၏။

ထိုနည်းဖြင့် လူတစ်ဦး၏ ကြီးမြတ်မှု ပြသနိုင်သည်။ သို့သော် အချိန်ကုန်လွန်သွား ခဲ့ပါက အကြင်သူသည် အန္တရာယ်ကြီးစွာ ကြုံရပေလိမ့်မည်။

ချေးငှားခြင်းသည် အမှားဟု မဆိုချေ။ သို့သော် အရေးကြီးသည့် အခိုက်အတန့်များ၌ ပြင်ပအရာများအပေါ် အားကိုးခြင်းကိုမူ ကန့်ကွက်မိပေမည်။

၎င်းသည် လူတစ်ဦး၏ ဝိညာဉ်နှင့် နှလုံးသားဖွံ့ဖြိုးမှုကို ရေရှည်တွင် ထိခိုက်စေမည် ဖြစ်သည်။

“ ဦးလေးဆရာ ... ။ ”

ယွီရှင်းလင်းက ကောင်းကင်မှ ပြုတ်ကျလာသော လီချန်နင်အလောင်းကို ပြေးဖမ်းလိုက်သည်။

အဝေးရှိ တိမ်ဘုရင်ခမျာ ခြေဖျား လက်ဖျားများ အေးစက်လာ၏။ ဤရက်များ အတွင်း ယုံကြည်မှု အပြည့်ဖြင့် စုရီရောက်ရှိ လာမည့်အချိန်ကို သူ မျှော်နေခဲ့သည်။

“ ဘယ်သူ ထင်မှာလဲ ... ။ ”

သို့သော် လီချန်နင်ကဲ့သို့ တန်ခိုးကြီးသော မြေကြီးအဆင့် အင်မော်တယ်ပင် သေဆုံးသွား ခဲ့ချေပြီ။

စခန်းအတွင်းရှိ သောင်းနှင့်ချီသော စစ်သည်များသည်လည်း တုန်လှုပ်နေခဲ့ကြပြီး စိတ်နှလုံး ကမောက်ကမ ဖြစ်ကုန်သည်။

“ မင်းမျိုးရိုးက ယွီပဲ ... ယွီချင်းဇီနဲ့ ဘယ်လိုပတ်သတ်လဲ။ ”

စုရီက ယွီရှင်းလင်ကို မေးလိုက်သည်။

“ ငါ ... ။ ”

ယွီရှင်းလင်တစ်ယောက် တစ်ခုခု မှားယွင်းနေမှန်း တွက်ဆနိုင်ကာ တုန်လှုပ်လျက် ချက်ချင်းမဖြေနိုင်ချေ။

“ ငါ့အဒေါ်ပဲ၊ ငါ့အဖေက ယွီမိသားစုရဲ့ မိသားစုခေါင်းဆောင် ယွီယွမ်တု ... ငါ့ဆရာက ရွှမ်ရွယ်ကျောင်းရဲ့ မဟာအကြီးအကဲ ငါတို့က မဟာချင်မှာ တော်ဝင်မိသားစုဝင်တွေ ... ။ ”

“ ဒါဆို မင်းနဲ့လီချန်နင်က ... ယွီချင်းဇီကြောင့် ငါ့ဆီလာတာလား။ ”

တစ်ဖက်လူသည် ဟင်းအမည်များကို ဖတ်ပြနေသကဲ့သို့ ပြောကြားနေသဖြင့် စုရီက ကြားဖြတ်မေးလိုက်ရသည်။

“ ဘာလို့ မေးခွန်းတွေ မေးနေရတာလဲ၊ မင်းငါ့ကိုသတ်ရင် မဟာကျိုး ဧကရာဇ်တောင် မင်းကို မကယ်နိုင်ဘူးလို့ ငါပြောနိုင်တယ်။ ”

“ ဟုတ်လား ... ။ ”

စုရီက ပြုံးပြီး လက်ပြလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြား ဓားအလင်း တစ်လက် ဖြတ်ပြေးသွား၏။

သို့သော် ယွီရှင်းလင်က ထိတ်လန့်ခြင်း မရှိခဲ့ဘဲ လှောင်ပြုံးဖြင့် ရုပ်ခန္ဓာမှေးမှိန်လာပြီး ချက်ချင်း ပျောက်ကွယ်သွား‌တော့သည်။

“ လွတ်မြောက်အဆောင် ... ။ ”

စုရီက မျက်ခုံးပင့်ကာ ရုတ်တရက် လေထဲလှမ်းဆွဲလိုက်၏။ မူလစွမ်းအင်များက အရပ်ရပ်မှ တိုးဝင်လာပြီး လှိုင်းဂယက်သဖွယ် စုရီလက်အတွင်း ဆင်းသက်လာသည်။

“ ဒုန်း ... ။ ”

ပေရာဂဏန်းခန့် အကွာတွင် လေဟာနယ်လှိုင်းထလျက် ပုံသဏ္ဍာန်တစ်ခု ယိမ်းထိုးပြုတ်ကျသွား၏။

“ ဒီအချိန်ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အသုံးချလို့ အကောင်းဆုံးအချိန်ပဲ ကံမကောင်းစွာနဲ့ပဲ ဒီလိုလှပတဲ့ မြင်ကွင်းကို လီချန်နင် မြင်ခွင့်မရခဲ့ဘူး ...

... မဟုတ်ရင် စွမ်းအင်ငှားယူခြင်း ပညာရပ်မှာ သူက ကြက်တစ်ကောင်အဆင့်ပဲ ရှိသေးတယ်ဆိုတာ နားလည်သွားမယ်။ ”

စုရီက စိတ်မကောင်းကြီးစွာဖြင့် ရေရွတ်လိုက်သည်။ ယွီရှင်းလင် တစ်ယောက် အလွန်ထိတ်လန့်သွားကာ ဝိညာဉ် ခုန်ထွက်လု နီးပါးဖြစ်သွား၏။

“ စုရီ ... ငါရှုံးနိမ့်တာကို ဝန်ခံပါတယ်၊ မင်းငါ့ကို လွှတ်ထားသရွေ့ ငါကတိပေး ... ။ ”

“ ရွှပ် ... ။ ”

သူ့စကားမဆုံးခင်မှာပင် ဓားအလင်း တစ်လက်သည် ကောင်းကင်မှ ကျဆင်းလာပြီး နဖူးထဲဝင်ရောက်ကာ စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲလိုက်တော့သည်။

“ ဝုန်း ... ။ ”

အဆုံးတွင် ထက်ရှလွန်းသော ဓားအလင်းသည် ပြန်လည် တိုးထွက်လာပြီး မြေပြင်ပေါ်ကျဆင်းသွား၏။

“ မင်း ... ။ ”

ဤသွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသောအခါ တိမ်ဘုရင်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွား၏။

“ အင်း ... ငါ ဘာဖြစ်လဲ ပြောပါဦး။ ”

စုရီက ပြန်မော့ကြည့်ပြီး မေးလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သောင်းနှင့်ချီသော စစ်သည်တော်များပင် အသက်အောင့်ထားမိ၏။

“ တတိယသခင်​လေး ငါမှားခဲ့ပါတယ် ဒါပေမယ့် ငါက အမိန့်အတိုင်း လုပ်နေရတာပါ ခွင့်လွှတ်နိုင်ရင် ငါ့ဘဝကို မင်းအတွက် ကျွန်ဖြစ်နိုင်ပါတယ်။ ”

ရှစ်လန်ရှန့်မှ ချက်ချင်း ဒူးထောက်ချလိုက်သည်။ စုရီက မျက်ခုံးပင့်၏။ စစ်သည်တော်များမှာ ခေါင်းငုံ့ထားကြသည်။

ဤလူသည် မိုးတိမ်တပ်ရင်း၏ ခေါင်းဆောင်ဖြစ်သည်။ တစ်စုံတစ်ဦးရှေ့တွင် ဒူးထောက်နေသည့်နောက် မည်သူမျှ မကြည့်ဝံ့တော့ချေ။

“ ငါဒီကိုလာခဲ့တာ မင်းရဲ့ခေါင်းကို ယူပြီးတော့ ... ငါ့ရန်သူတွေကို ခြိမ်းခြောက်ဖို့လို့ ပြောခဲ့တာ မမေ့နဲ့၊ ငါ့ကတိကို ဖျက်လို့မရဘူး။ ”

စကားဆုံးသည်နှင့် စုရီမှဓားအလင်းနှင့် တိုက်ခိုက်လာသဖြင့် ရှစ်လန်ရှန့်တစ်ယောက် ရတနာတစ်ခုကို အသက်သွင်းလိုက်ရသည်။

“ ဘန်း ... ။ ”

သွေးရောင်ဝါဒိုင်းတစ်ခု သူ့ရှေ့၌ ပေါ်လာတော့၏။ ဓားအလင်းက သွေးဒိုင်းကို ထိမှန်သွားလေသည်။

ယင်းကြောင့် ရှစ်လန်ရှန့်အတွက် အခွင့်အရေး ရသွားခဲ့၏။ ၎င်းမှ ကောင်းကင်ပေါ် ခုန်တက်ပြီး၊

“ မြန်မြန် ... ဒီသားဆိုးကို သတ်။ ”

-ဟု အော်ဟစ် အမိန့်ပေးတော့သည်။

သို့သော် မည်သူမျှ မလှုပ်ချေ။ ယင်းအစား တိုက်ပွဲမြေပြင်၌ သူ့တစ်ယောက်တည်းထားပြီး လူတိုင်းဆုတ်ခွာလိုက်ကြသည်။

အသိစိတ်ရှိနေသည့် လူအများသည် စုရီကိုရင်ဆိုင်ခြင်းသည် မီးလျှံထဲပျံသန်းသော ပိုးဖလံသာဖြစ်ကြောင်း နားလည်ထား၏။

ထို့အပြင် ဤအရာသည် ရှစ်လန်ရှန့်၏ ကိုယ်ရေးကိုယ်တာ အာဃာတသာ ဖြစ်သည်။ သူတို့သည် အမိန့်နာခံရမည်မှာ မှန်သော်လည်း စုမိသားစုအတွက် မဟုတ်ချေ။ မဟာကျိုး အင်ပါယာအတွက်သာ ဖြစ်သည်။

ရလဒ်အနေဖြင့် ရှစ်လန်ရှန့် အမိန့်သည် အလွန်ရှက်စရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။

“ မင်းတို့ ... ။ ”

ရှစ်လန်ရှန့်တစ်ယောက် လေထုအလယ် ယက်ကန်ယက်ကန်ဖြင့် မျက်လုံးပြူးသွားသည်။ ထိုမြင်ကွင်းကြောင့် စုရီမှ ခေါင်းရမ်း၏။

“ ဒီလောကကြီးမှာ အဆင့်အတန်းနဲ့ ရာထူးဆိုတာ အဓိပ္ပါယ်မရှိတဲ့ အခွံတစ်ခုလိုပါပဲ ဒါကိုဘာလို့များ သဘော မပေါက်ရတာလဲ၊ အခု မင်းဘယ်သူ့ကို အားကိုးဦးမှာလဲ။ ”

ဤတစ်ကြိမ် စုရီ၏တိုက်ခိုက်မှုသည် ရှစ်လန်ရှန့်ဦးခေါင်းကို ချက်ချင်း ဖြတ်တောက် သွားတော့သည်။

ထို့နောက် လှည့်၍ပင် အကြည့်တော့ဘဲ ထွက်ခွာသွားချေပြီ။ တည်ငြိမ်ပြီး ထူးကဲသော အသွင်အပြင်မျိုးနှင့် ကြီးစိုးလွန်းလှသည်။

အရပ်မြင့်မြင့် လူငယ်တစ်ယောက်။ ကျောက်စိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထား၏။ လက်နှစ်ဖက်နောက်ပို့လျက် လေညင်းခံ ထွက်လာသည်။

သူ ဖြတ်သန်းသွားရာ လမ်းတလျှောက် မိုးတိမ်တပ်ရင်းမှ စစ်သည်တော်များက ဖယ်ရှား ကုန်ကြသည်။

စုရီပုံရိပ် ပျောက်ကွယ်သွားချိန်တွင် လေးလံသောဝန်ကို ပခုံးပေါ်မှ ရုတ်သိမ်းလိုက် သကဲ့သို့ လူတိုင်းသက်တောင့်သက်သာ ဖြစ်သွားတော့၏။

ထိုမှသာ သံချပ်ကာ အင်္ကျီများအောက်၌ ချွေးများဖြင့် စိုစွတ်နေမှန်း သူတို့ သိလိုက်ကြ လေသည်။

“ ဆရာစု ... နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”

စောင့်မျှော်နေသော ရှောင်တျန်းချွယ်သည် အဝေးမှ အထီးကျန်ဆန်သော အရပ်မြင့်မြင့်နှင့် ချဉ်းကပ်လာနေသည့် လူငယ်ကိုမြင်ချိန်၌ ချက်ချင်း ရွှင်လန်းသွား၏။

“ ပြီးသွားပြီ၊ ပြန်ကြရအောင်။ ”

စုရီသည် သာမန်ကိစ္စတစ်ရပ်ကို ဖြေရှင်းလိုက်သကဲ့သို့ တည်ငြိမ်စွာပြုံးလျက် ပြောကြားလာသည်။

“ ကောင်းတယ် ... ။ ”

ရှောင်တျန်းချွယ်က နောက်ထပ် မေးခွန်းများမမေးတော့ဘဲ အလိုက်သင့်လိုက်ပါ လာခဲ့သည်။

တိုက်ပွဲကို မမြင်ခဲ့ရချေ။ သို့သော် ထူးထူးခြားခြား တိုက်ပွဲတစ်ပွဲ ဖြစ်မည်မှန်း ရှင်းရှင်းလင်းလင်း သိထားသည်။

မဟုတ်သော် ကောင်းကင်နှင့်မြေကြီး၌ ထူးခြားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။

“ ဆရာစု၊ ငါတို့ ပြန်ရောက်ရင် မင်းကို အရက်သောက်ဖို့ ... ငါဘယ်လို ခေါ်ရမလဲ။ ”

“ ဒီစကားကို ငါလည်းစောင့်နေတာ ။ ”

“ ဟားဟားဟား ... ကောင်းပြီ၊ ငါ့မှာ ဝိုင်ကောင်းတွေ အများကြီး စုဆောင်းထားတယ် ဆရာစုနဲ့ ကောင်းကောင်း သောက်နိုင်ပြီ။ ”

နှစ်ယောက်သား ဝေးရာသို့ လျှောက်လှမ်းသွားလေရာ ရယ်မောသံများသာ ပဲ့တင် ကျန်ရစ်ခဲ့တော့၏။

ယနေ့သည် ဧပြီလ (၁၀)ရက်နေ့ ဖြစ်ချေသည်။ စုရီသည် ဤနေ့တွင် တိမ်ဘုရင်၊ ယွီရှင်းလင်နှင့် မြေကြီးအဆင့် အင်မော်တယ် တစ်ပါးကို မိုးတိမ်တောင်၌ သတ်ပစ်ခဲ့၏။

ထိုသတင်းသည် လျင်မြန်လွန်းသော အရှိန်ဖြင့် ချက်ချင်း ပျံ့နှံ့သွားပြီး မြို့တော်ကို ရုတ်ရုတ်သဲသဲ ဖြစ်စေချေပြီ။

“ ဒီသားဆိုးက ... မြေကြီးအဆင့် အင်မော်တယ်ကို သတ်နိုင်လောက်အောင် အစွမ်းထက်နေပြီလား။ ”

မရေမတွက်နိုင်သော အင်အားစုများသည် ထိတ်လန့်တုန်လှုပ်ကာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

“ အသက်(၁၇)နှစ်အရွယ် မဟာသခင် တစ်ပါးက မြေကြီးအဆင့် အင်မော်တယ်ကို သတ်နိုင်တာလား မယုံနိုင်စရာပဲ။ ”

“ ဒါက အလိမ်အညာ မဟုတ်ဘူး ... လူသောင်းဂဏန်းလောက်က ဘယ်လိုလုပ် တစ်သံတည်းထွက်လာမှာလဲ။ ”

သက်ကြီးရွယ်အိုအချို့က နှလုံးသားများ တုန်လှုပ်ခြောက်ခြားပြီး မငြိမ်မသက် ဖြစ်ကုန် တော့၏။

အဖြူရောင် မြို့တော်ဟူသည် မဟာကျိုးမင်းဆက် တော်ဝင်မြို့တော်ဖြစ်သည့် ကျောက်စိမ်းမြို့တော်ကို စောင့်ရှောက်ရန် တည်ဆောက်ထားသော မြို့ဖြစ်သည်။

ထို့ကြောင့် အထက်ပါသတင်းသည် ကျောက်စိမ်းမြို့တော်သို့ ချက်ချင်းပင် ပျံ့နှံ့သွား ချေခဲ့ပြီ။

***

All Chapters