မြို့တော်အတွင်းရှိ မုန်တိုင်း။
Vol. 21 Ch. 244
ဧပြီလ ဆယ်ရက်နေ့တွင် မိုတိမ် တပ်စခန်းတိုက်ပွဲသည် မဟာကျိုးမင်းဆက် သမိုင်း၌ မှတ်တမ်းဝင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က မဟာသခင်တစ်ပါးသည် မြေကြီးအဆင့် အင်မော်တယ်ကို သတ်နိုင်ခြင်းမရှိခဲ့ချေ။
ဤသည်မှာ မဟာကျိုးသမိုင်းအတွက် စံနမူနာဖြစ်သည်။ တော်ဝင်မြို့တော်သည် ထိုတိုက်ပွဲသတင်းကြောင့် ကမောက်ကမ ဖြစ်ကုန်၏။
“ ဒီစုမိသားစုရဲ့ သားဆိုးလေးက အရမ်းသန်မာသလား။ ”
“ အဲဒီစုရီဟာ ... ခန္ဓာကိုယ် သိမ်းပိုက် ခံထားရဖို့များတယ် ဒါသာအမှန်ဆိုရင် သူ့ခန္ဓာ ကိုယ်ထဲက ဝိညာဉ်က အလွန်အစွမ်းထက်မှာ အသေအချာပဲ။ ”
“ မဟာရှမှာ လီဟန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ် ရှန်ရှင်းနယ်ပယ်နဲ့ မြေကြီးအဆင့် အင်မော်တယ်ကို သတ်နိုင်တယ် သူကို ဘယ်နတ်ဆိုးမှ မပိုင်ထားဘူး။ ”
“ ဟမ့်၊ ဒါဆို ...ဒီကမ္ဘာကြီးက ပိုပိုမှားလာနေတယ် ... ။ ”
ကျောက်စိမ်းမြို့တော်တွင် အမျိုးမျိုးသော ဆွေးနွေးသံများနှင့်အတူ အဓိက အင်အားစုများ အားလုံး သက်ဝင်လှုပ်ရှားလာကြ၏။
နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံ နေထိုင်ခဲ့သော သက်ကြီးရွယ်အို အချို့သည်ပင် စိတ်ဝင်စားလာကြသည်။
ဤတိုက်ပွဲတွင် ပြသခဲ့သော စုရီ၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
အသက် (၁၇)နှစ်တွင် တတိယ မဟာသခင်ဖြစ်လာပြီး မဟာချင်အင်ပါယာမှ မြေကြီးအဆင့် အင်မော်တယ်ကို သတ်ပစ်ခဲ့သည်။
“ ရက်အနည်းငယ်နေရင် ကျောက်စိမ်း မြို့တော်ကို သူရောက်လာမယ် စုမိသားစုက ဒါကို ဘယ်လိုတုံ့ပြန်မလဲ သိချင်သား။ ”
ကျောက်စိမ်း မြို့တော်ရှိ အဓိက အင်အားစုများ အားလုံးက ခန့်မှန်းနေကြသည်။ ယခင်က စုရီသည် တိမ်မြစ်မြို့၌သာ နာမည်ကြီး သဖြင့် သူတို့လို သန်မာသူများ မျက်စိထဲ မဝင်ချေ။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ မြို့တော်သည် ကျောက်စိမ်းမြို့တော်နှင့် အရမ်း ဝေးလွန်းပြီး ကျေးတောဆန်လှ၏။
ယခုမူ စုရီဓားသည် မြေကြီးအဆင့် အင်မော်တယ်များကို နှိမ်နင်းနိုင်နေပြီဖြစ်ရာ မည်သူမျှ လျှော့မတွက်ဝံ့ကြချေ။
ဤတိုက်ပွဲအပြီးတွင် မဟာကျိုး၏ မျိုးဆက်သစ်လူငယ်များအနက် မည်သူတစ်ဦး တစ်ယောက်မျှ စုရီ၏ ပြိုက်ဘက် မဖြစ်နိုင် တော့ကြောင်း နားလည်လာသည်။
“ တတိယသခင်လေးက အသက် ဆယ့်လေးနှစ်မှာ အိမ်ကနေထွက်ပြီး ... အသက် ဆယ့်ခြောက်နှစ်မှာ ရုတ်တရက် ကံဆိုးမှု ကြုံခဲ့ရတယ် ...
... ဒါပေမယ့် တစ်နှစ်အတွင်းမှာ မြေကြီးအဆင့်အင်မော်တယ်ကို သူ သတ်ပစ် နိုင်နေပြီ နည်းနည်း ထူးဆန်းမနေဘူးလား။ ”
“ တတိယသခင်လေးက မိသားစုမှာ လျစ်လျူရှုခံခဲ့ရတာ အခု သူ သန်မာလာတော့ အမုန်းတွေကို ဖြေရှင်းဖို့ သူပြန်လာပြီ။ ”
“ ဟမ့်... မင်းအသံကို လျှော့ပြောပါ။ ”
စုမိသားစုတွင် ကျွန်နှင့် အိမ်ဖော်များသည်ပင် ထိုသတင်းကိုကြားပြီး ထိတ်လန့်ကုန်ကြသည်။
စက္ကူထီးကလေး စံအိမ်တော်သည် စုဟုန်လီနေထိုင်ရာ စံအိမ်ဖြစ်၏။ ကောင်းကင် တခွင် မည်းမှောင်လျက် ကြယ်များ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသည်။
စက္ကူထီးကလေးစံအိမ် အပြင်တွင် စုမိသားစု၏ အရေးပါသော လူတစ်စုသတင်းကို စောင့်မျှော်နေ၏။
ဤလူကြီးများအနက်မှ မည်သူမဆို ခြေတလှမ်းဖြင့် ပြည်နယ်တစ်ခုကို လှုပ်ခါ နိုင်စွမ်းရှိလေသည်။
သို့သော် လက်ရှိအချိန်တွင် မည်သူမျှ အသံမထွက်ဝံ့ဘဲ ရွှံ့ရုပ်များကဲ့သို့ တိတ်ဆိတ် နေကြ၏။
စံအိမ်အတွင်း၌ စုဟုန်လီသည် အင်္ကျီလက်ရှည်ဝတ်ဆင်ထားပြီး သက်တောင့် သက်သာ အနားယူနေ၏။
သူ့ရှေ့တွင် လူသုံးယောက် ရှိနေသည်။ ၎င်းတို့သည် စတုတ္ထဇနီး ယွီချင်းဇီ၊ သူမသား စုပိုင်ရင်နှင့် တာအို၀တ်စုံဝတ်ထားသော အဘိုးကြီးတစ်ဦးတို့ဖြစ်သည်။
“ ယောကျ်ား ... ၊ ဒီတစ်ခါသေသွားတာ လီချန်နင်အပြင် ... ငါ့တူလေး ယွီရှင်းလင်လည်း ပါသွားတယ် ဒါက ... ”
သို့သော် စုဟုန်လီက သူမကို စိုက်ကြည့်နေသဖြင့် တစ်ကိုယ်လုံး အေးစက် တုန်ရင်သွားကာ စကားလည်း မပြောနိုင်တော့ချေ။
“ ထက်သွား ... ကောင်းကင်က ပြိုမကျသေးဘူးဆိုတာ အဲဒီလူတွေကိုပြောပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ။ ”
“ နားလည်ပါပြီ ... ။ ”
စုဟုန်လီက လက်ဝှေ့ရမ်းကာ မောင်းထုတ်တော့သည်။ ယွီချင်းဇီတစ်ယောက် အသက်ပြင်းပြင်းရှူလျက် ဝမ်းနည်းပူဆွေးမှုကို ဖိနှိမ်ပြီး ခေါင်းညိတ်လိုက်ရ၏။
သို့သော် စုပိုင်ရင်က အရိုအသေပြုပြီး၊
“ ဖေဖေ၊ ဒီလိုကိစ္စ ကြီးကြီးမားမား ဖြစ်သွားမှတော့ အခုကျောက်စိမ်းမြို့တော်မှာ ငါတို့စုမိသားစုကို ရယ်မောနေတဲ့ လူတွေ ဘယ်လောက်ရှိမှန်း မသိတော့ဘူး။ ”
-ဟု ခေါင်းငုံ့ကာ ပြောကြားတော့၏။
ယွီချင်းဇီ မျက်နှာ ပြောင်းသွားပြီး၊
“ ပိုင်ရင် ... ၊ မင်းအဖေကို ဒီလိုမျိုး ဘယ်လိုပြောရဲလဲ မင်းအဖေက ဆုံးဖြတ်ထား ပြီးပြီ ... မင်းသူ့ကို မေးခွန်း ထုတ်ပိုင်ခွင့်မရှိဘူး၊ အခု ငါနဲ့ပြန်လိုက်ခဲ့စမ်း ... ။ ”
-ဟုဆိုကာ သူ့သားလက်ကို ဆွဲလျက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
စုဟုန်လီသည် အစမှအဆုံးတိုင် စကားမပြောဘဲ ထိုမြင်ကွင်းထံ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
သားအမိနှစ်ယောက် ပျောက်ကွယ် သွားပြီးနောက်တွင် သူ့မျက်နှာပေါ်၌ စိတ်ပျက် လက်ပျက် အရိပ်အယောင်များ ပေါ်တော့၏။
“ ဒီကလေးက အရမ်း အလျင်လို နေတာကလွဲရင် အရာရာ ထက်မြက်လွန်းတယ် ဒါပေမယ့် သူ့မှာ ... သူ့အမေအကျင့်စရိုက်တွေ ရှိနေတယ်။ ”
“ သူက လူငယ်တစ်ယောက်ပဲ ... ဒါကို ခေါင်းထဲမထားနဲ့ အနာဂတ်မှာ မင်းသူ့အတွက် ပိုအာရုံစိုက်ပဲ လိုပါတယ်။ ”
အထက်ပါ စကားကြောင့် သူ့ဘေးရှိ တာအို၀တ်စုံဝတ် အဖိုးအိုက ပြုံးပြီး တိုးညှင်းစွာ ပြောလာသည်။
စုဟုန်လီ၏ ခေါင်းညိတ်ပြလျက် တာအိုဝတ်လုံနှင့် အဘိုးအိုထံ ပြန်ကြည့်ကာ၊
“ တာအိုအစ်ကို ... မင်းရော ဒါကို ဘယ်လိုထင်လဲ။ ”
-ဟု မေးမြန်းလိုက်၏။
တာအိုဝတ်ရုံဝတ် အဖိုးအိုက ပြုံးပြီး၊
“ မူလတာအို နယ်ပယ်မှာဆိုရင် ... လီချန်နင်ကို ထိပ်တန်းသုံးယောက်ထဲ အဆင့် သတ်မှတ်ခံထားရတယ် မဟာချင်အင်ပါယာမှာ သူ့ကိုသတ်နိုင်တဲ့လူ ... ဆယ်ယောက်ထက် မပိုနိုင်ဘူး။ ”
ထို့နောက် ခေတ္တအနားယူလိုက်ကာ မျက်ဝန်းများ မှေးစင်းလျက်၊
“ ဒါက နည်းနည်းထူးဆန်းတယ် ထင်ရပေမယ့် ... သတိထားကြည့်မယ် ဆိုရင် တွက်ဆလို့ရတဲ့ အကြောင်းရင်း နှစ်ရပ် ရှိပါသေးတယ်။ ”
စုဟုန်လီက သူ့လက်ကို ဝှေ့ယမ်းပြီး၊
“ သူခန္ဓာကိုယ် အသိမ်းခံရတဲ့ ... အကြောင်းရင်းကို ပြောနေစရာ မလိုပါဘူး တခြားအကြောင်းအရင်းကို ပြောကြည့်ရအောင်။ ”
သူ့လေသံတွင် ငြင်းဆိုခြင်းနှင့် ရွံရှာဖွယ်အရိပ်အမြွက်များ ပါဝင်သည်။ တာအို ဝတ်ရုံဝတ်အဖိုးအိုက ခေါင်းညိတ်ကာ၊
“ ကောင်းပြီ ... ဒုတိယဖြစ်နိုင်ခြေကတော့ တခြားကမ္ဘာရဲ့ ... တန်ခိုးကြီးသူတစ်ယောက်ဆီ ကနေ အမွေဆက်ခံခွင့်ရထားတာပဲ ...
... သန်မာတဲ့ အင်မော်တယ်အချို့က ... ဝိညာဉ်တာအိုနယ်ပယ်ကို ရောက်တဲ့အခါ သူတို့ ကျွမ်းကျင်မှုတွေကို လက်ဆင့်ကမ်းနိုင်တယ်လို့ ရှေးစာအုပ်တွေမှာ မှတ်တမ်းတင်ထားတယ်၊ ...
... တာအိုမိတ်ဆွေ စစ်မှန်တဲ့ ကျင့်ကြံသူတွေအတွက် ခြေလှမ်းတိုင်းက လျှို့ဝှက် ဆန်းကြယ်ကြပါတယ် ...
... စုရီက အဲဒီလို အမွေမျိုးရရှိခဲ့ရင် သူပိုင်ဆိုင်တဲ့ တိုက်ပွဲဝင်စွမ်းအားမျိုး ... သာမန် ကျွမ်းကျင်သူတွေ လက်လှမ်းမမီတာ သဘာဝအတိုင်းပါပဲ။ ”
ထိုစကားကြောင့် စုဟုန်လီက တိတ်ဆိတ်သွားလေသည်။ တာအိုဝတ်ရုံဝတ် အဖိုးအိုမှ ဆက်လက်ပြီး၊
“ တခြားကမ္ဘာရဲ့ ကျွမ်းကျင်သူတွေ အမြင်မှာတော့ လီချန်နင်က မိုးပြာတိုက်ကြီးမှာ နေထိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ။ ”
-ဟု စကားကို အဆုံးသတ်လိုက်၏။ စုဟုန်လီက မျက်ဝန်းများ မှေးစင်းသွားကာ၊
“ မှန်တယ် ... စုရီနဲ့ပတ်သတ်ရင် အလားတူအမြင်မျိုး ငါ့မှာလည်း ရှိပါတယ် ဒါပေမယ့် ဒီသားဆိုးလေးက အမွေကို ဘယ်ကရသွားမှန်း ငါ မသိဘူး ...
... သူ သွားခဲ့တဲ့နေရာက သွေးနတ်ဆိုး တောင်တန်းနဲ့ ... ရတနာဘုံကျောင်း နတ်ဆိုး တောင်တန်းဆိုတဲ့ နေရာနှစ်ခုပဲ ရှိတယ် အဲဒီမှာ အာကာသဆုံမှတ်က လွဲလို့ တခြားဘာမှ မရှိပါဘူး။ ”
တာအိုဝတ်ရုံဝတ် အဖိုးအိုက ရုတ်တရက် ပြုံးလိုက်ပြီး၊
“ ပင်လယ်ဘုရင် ကူချန်လင်ရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ တပည့်ကို မင်းမှတ်မိ သေးလား။ ”
“ ကူချင်း ... ။ ”
“ မှန်တယ် ... ။ ”
တာအိုဝတ်ရုံဝတ် အဖိုးအိုက ခေါင်းညိတ်လျက်၊
“ အဲဒီကောင်လေးမှာ ... လျှို့ဝှက်ချက်ကြီးတစ်ခု ဝှက်ထားတယ် ကြည့်ရတာ တန်ခိုးကြီးတဲ့ သူဆီကနေ အမွေဆက်ခံသွားပုံပဲ ...
... ဒါပေမယ့် သူက အလွန်သတိကြီးပြီး သူ့ကိုယ်သူ မူမမှန်မှုတွေကို ဖုံးကွယ်ထားခဲ့တယ် အဲဒီတုန်းက ငါရောက်နေမှန်းသိတော့ သူ ရှောင်ထွက်သွားတယ်။ ”
“ တာအိုအစ်ကို ... အဲဒီကလေးကူချင်းမှာ အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်ရဲ့ အမွေကို ဆက်ခံထားတယ်လို့ မင်းထင်နေတာလား။ ”
တာအိုဝတ်ရုံဝတ် အဖိုးအိုက ပြန်မဖြေချေ။ ယင်းအစား၊
“ စုရီက ... မကြာခင် မြို့ကို ရောက်လာလိမ့်မယ် ... ဘာဆက်လုပ်မှာလဲ။ ”
-ဟု ပြန်မေးလိုက်သည်။
“ သူ ... လီချန်နင်ကို သတ်ပြီး လုပ်ချင်တာမှန်သမျှ လုပ်နိုင်မယ်လို့ထင်နေရင် လုံးဝမှားသွားလိမ့်မယ်။ ”
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ မိသားစု ခေါင်းဆောင် ... ဧကရာဇ်ဥသျှောင် မိသားစုခေါင်းဆောင်ကို တွေ့ဖို့ ရောက်ရှိလာပါပြီ။ ”
အစေခံ၏ စကားကို စုဟုန်လီမှ အံ့သြပုံမပြဘဲ သူ့ဘေးရှိ တာအိုဝတ်ရုံဝတ် အဖိုးအိုထံလှည့်ကြည့်ကာ၊
“ ကြည့်စမ်း၊ ဟုန်ရှန့်ရှန်က သူ့ဒေါသကို မထိန်းနိုင်တော့ဘူး။ ”
-ဟု ပြောကြားလိုက်တော့သည်။
တာအိုဝတ်ရုံဝတ်အဖိုးအိုက ပြုံးပြီး၊
“ ဒီလူက စုရီမှာ တစ်ခုခုမှားနေပြီလို့ အမြဲသံသယရှိနေတာ၊ အခု သူ ဆက်မထိန်းနိုင် တော့တာ သဘာဝကျပါတယ်။ ”
-ဟု ပြန်လည် မှတ်ချက်ပေးလိုက်သည်။
များမကြာခင် ထင်းရှူးပင်ကဲ့သို့ အရပ်ရှည်ရှည် အသွင်အပြင်နှင့် မီးခိုးရောင်ဝတ် အဖိုးအိုတစ်ဦး လှမ်းဝင်လာ၏။
စိတ်နေစိတ်ထားသည် ထူးခြားသော အသွင်အပြင်မျိုးရှိကာ ကျောက်စိမ်းဆံထိုးဖြင့် ဆံပင်များကို ချည်နှောင်ထား၏။
သူ့မျက်ဝန်းများသည် ရွှေရောင် ဖျော့ဖျော့ဖြစ်ပြီး တစ်ဖက်လူ၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ခံစားရစေသည်။
***