← Chapters

ဘုန်းကြီးဟုန်ကျိ။

Vol. 21 Ch. 245

ဘုန်းကြီးဟုန်ကျိ။

Vol. 21 Ch. 245

စုဟုန်လီက ဟုန်ရှန့်ရှန် လျှောက်လှမ်း လာနေသည်ကို မလှုပ်မယှက် ထိုင်ကြည့်နေ၏။

“ ထိုင်ပါ ... ။ ”

ဟုန်ရှန့်ရှန်မှ ထိုသို့သော အမူအရာကို အလေးအနက် မထားချေ။ တာအိုဝတ်လုံနှင့် အဘိုးအိုထံ ဦးညွှတ်ပြီး၊

“ တာအိုမိတ်ဆွေ၊ မတွေ့တာကြာပြီ။ ”

-ဟု နှုတ်ဆက်လေသည်။

တာအိုဝတ်လုံနှင့် အဖိုးအိုက ခေါင်းညိတ်ပြုံးကာ၊

“ ဧကရာဇ်ဥသျှောင် ... မင်းက ယခင်ထက် ပိုပြီး ယဉ်ကျေးလာတယ်။ ”

-ဟု အသိအမှတ်ပြုလိုက်၏။

ဟုန်ရှန့်ရှန်က အမှတ်တမဲ့ ထိုင်ခုံတစ်ခုလုံးကို ရှာပြီး ဝင်ထိုင်လိုက်သည်။

“ ငါဒီကို ညဥ့်နက်မှ ရောက်တာ ကိစ္စနှစ်ခုကြောင့်ပဲ။ ”

“ ပြောပါ အစ်ကိုဟုန် ... ။ ”

ဟုန်ရှန့်ရှန်က စုဟုန်လီကို ရွှေရောင်ဖျော့ဖျော့ မျက်ဝန်းများဖြင့် ကြည့်ပြီး၊

“ ရက်အနည်းငယ် အတွင်းမှာ ... သားဆိုးစုရီက မြို့တော်ကို ရောက်လာလိမ့်မယ် ဧကရာဇ်က ဒီကိစ္စနဲ့ပတ်သက်ပြီး စုမိသားစုရဲ့ သဘောထားကို မေးမြန်းဖို့ ... ငါ့ကို တောင်းဆိုခဲ့တယ်။ ”

“ ဒါက ငါ့စုမိသားစုအရေးပါ ... အချိန်တန်ရင် မင်းရဲ့ဧကရာဇ် သိရပါလိမ့်မယ်။ ”

ထိုအဖြေကြောင့် ဟုန်ရှန့်ရှန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ အဆုံး၌ ခေါင်းညိတ်လိုက်ပြီး၊

“ ဒုတိယတစ်ချက်က ... မဟာချင်နဲ့ မဟာဝေရဲ့ သံတမန်တွေ ငါတို့မဟာကျိုးကို ခုနစ်ရက်အတွင်း ရောက်လာဖို့ရှိတယ်။ ”

-ဟု ပြောကြားလာ၏။

စုဟုန်လီက မျက်ခုံးပင့်လျက်၊

“ ထူးခြားချက်ရှိလား ။ ”

“ ရှိတယ် ... မဟာဝေမင်းဆက် သံတမန်တွေက လစက်ဝန်းဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် ယွင်ကျန့်ချီဖြစ်ပြီး ... ချင်မင်းဆက်ကတော့ ရှန့်လင်ဘုံကျောင်းရဲ့ ဆရာတော်ကျိဟဲပဲ။ ”

စုဟုန်လီတစ်ယောက် မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားပြီး၊ ‘ဒါက တကယ် မလွယ်ဘူးပဲ၊’-ဟု ညည်းညူလိုက်၏။

တစ်ချိန်လုံး တိတ်ဆိတ်နေသော တာအိုဝတ်ရုံဝတ်အဖိုးအိုက၊

“ စုရီအတွက် သူတို့ဒီကို လာတာ ဖြစ်နိုင်မလား။ ”

-ဟု ဝင်မေးသည်။

“ ဖြစ်နိုင်ပါတယ် ... အရိပ်နဂါး အစောင့်တွေဆီကရတဲ့ အချက်အလက်တွေ အရတော့ စုရီက လစက်ဝန်းဂိုဏ်းရဲ့ ...

... သူတို့ရဲ့ အမာခံတပည့်ချာကျင်ကို အစေခံခေါ်ယူပြီး ပြင်ပအကြီးအကဲ လျူဟုန်ချွီ ဆိုသူကို သတ်ခဲ့ဖူးတယ်၊ ...

... နောက်ပြီး ရတနာဘုံကျောင်း နတ်ဆိုးတောင်တန်းမှာ ဆရာတော်ကျင်းဟီနဲ့ ဘုန်းကြီး (၁၈)ပါးကို သတ်ခဲ့တယ်လို့ သံသယရှိသေးတယ်။ ”

ထိုစကားကြောင့် စုဟုန်လီမှ မျက်ခုံးပင့်လိုက်သည်။

“ ဒါဆို သူတို့က ... ငါ့ကို ဘာလုပ်စေချင်တာလဲ အပြစ်တင်ချင်တာလား။ ”

“ ဘယ်ဟုတ်မလဲ၊ သူတို့က တစ်ခုခု မှားနေပြီလို့ သံသယဖြစ်ပြီး စုရီရဲ့ကံကြမ္မာကို သိမ်းယူဖို့အတွက် လာတာ ဖြစ်နိုင်မယ်။ ”

“ ကံကြမ္မာလား ... ။ ”

“ မှန်တယ် ... စုဟုန်လီ မင်းရဲ့ အရည်အချင်းနဲ့ စုရီကို မမြင်နိုင်ဘူးလား။ ”

“ ငါ့သားဆိုးက ... ငါနဲ့တူတယ်လို့ မင်းသံသယရှိနေတာ မဟုတ်လား ဒါပေမယ့် သူ မဟုတ်ဘူးလို့ ငါပြောနိုင်ပါတယ်။ ”

စုဟုန်လီ အဖြေကြောင့် ဟုန်ရှန့်ရှန်တစ်ယောက် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် မတ်တပ်ထရပ်ပြီး၊

“ ကောင်းပြီ ... ငါပြောပြီးသွားပြီဆိုတော့ အခုထွက်သွားတော့မယ်။ ”

-ဟုဆိုကာ လှည့်ထွက်သွား၏။

စုဟုန်လီမှ လိုက်ပို့ရန် မရည်ရွယ်ချေ။ ၎င်းပုံရိပ် ပျောက်ကွယ်သွားသော် တာအိုဝတ်ရုံ နှင့် အဖိုးအိုထံ ပြန်ကြည့်ကာ၊

“ မင်းဘယ်လိုထင်လဲ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

တာအိုဝတ်ရုံဝတ် အဖိုးအိုက ပြုံးပြီး၊

“ ဧကရာဇ်ဥသျှောင်ရဲ့ မေးခွန်းတွေ မေလ(၄)ရက်နေ့ကျရင် ရှင်းသွားပါလိမ့်မယ် ကျောက်စိမ်းမြို့တော်က မကြာခင် စည်ကားလာမှာ အမှန်ပါပဲ။ ”

-ဟု ပြန်လည်ဖြေကြားလာ၏။

“ ဒါပမေယ့် အဲဒီအရာတွေနဲ့ ယှဉ်ရင် ‌ရွှေခေတ်ဘယ်တော့ ရောက်လာမလဲ ဆိုတာကို ငါပိုစိတ်ဝင်စားတယ်။ ”

“ ဟမ့် ‌‌‌ရွှေခေတ်ရောက်လာရင် ကမ္ဘာကြီးကဖရိုဖရဲဖြစ်ဖို့ သေချာပါတယ်။ ”

တာအိုဝတ်ရုံဝတ် အဖိုးအိုက သက်ပြင်းချလျက်၊

“ ပင်လယ်ဘုရင် ပြောတာကို မှတ်မိသေးလား ... ရွှေခေတ်ရောက်လာတဲ့အခါ မိုးပြာတိုက်ကြီးမှာ ပိတ်လှောင်ထားတဲ့ အရာအားလုံး ပြန်လည် လွတ်မြောက် လာလိမ့်မယ်ဆိုတာ ... ။ ”

စုဟုန်လီက ပြုံးသည်။ ကျန်ရှိနေသော ဝါကျတိုများ သူ့ခေါင်းထဲ ဆက်၍ ထွက်ပေါ်လာ တော့၏။ ခဏအကြာတွင်၊

“ ငါစောင့်မျှော်နေပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

ထိုညတွင် စုရီသည် လန်လင်ရှောင် မိသားစု၏ ခြံဝင်းထဲ ပျင်းရိစွာ လဲလျောင်းနေ ခဲ့သည်။

ညဦးပိုင်းအချိန်တွင် အရက် အလွန်အကျွံ သောက်ခဲ့မိသဖြင့် ခေါင်းအနည်းငယ် မူးနေ၏။ ထိုအချိန်မျိုးတွင် ချာကျင်ကို သတိရမိသည်။

“ ချင်းဝမ်။ ”

အဆုံးတွင် ဘူးသီးခြောက်ကို ပုတ်ယူလိုက်ရာ အနီရောင်အလင်းတန်းတစ်ခု တိုးထွက်ပေါ်လာခဲ့သည်။

“ တာအိုသခင် အမိန့်ရှိပါ။ ”

“ ငါ့ပခုံးကို နှိပ်ပေး ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းဝမ်က ချက်ချင်းပင် သူ့နောက်ရောက်လာ၏။

“ ငါသင်ပေးခဲ့တဲ့ ကျင့်ကြံမှု နည်းစနစ် ဘယ်လိုရှိလဲ။ ”

“ တစ္ဆေဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ ”

ချင်ဝမ်မှ မျက်ဝန်းများ တောက်ပလျက် ပြန်ဖြေသည်။ အနည်းငယ် ပျော်ရွှင်နေပုံပေါ်၏။

“ အလျင်စလို မလုပ်နဲ့ ... တစ္ဆေကျင့်ကြံသူလမ်းက အရမ်းအန္တရာယ် များလွန်းတယ် ... မင်းရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင်လုပ်ပါ။ ”

စုရီက မှာကြားလိုက်သည်။ တစ္ဆေဖြစ်လာသောအခါ လူသားကျင့်ကြံသူ မူလတာအိုခွန်အားများ ပိုင်ဆိုင်ပေမည်။

ထိုအဆင့်တွင် အန္တရာယ်များလှသည့် ‘အသွင်ပြောင်းခြင်း’ကပ်ဘေးကို ကြုံတွေ့ရမည် ဖြစ်၏။ သာမာန် သရဲတစ္ဆေများအတွက် လွတ်မြောက်ရန် အခွင့်အလမ်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံသည် သရဲတစ္ဆေများအပေါ် မျက်နှာသာ မပေးခြင်းကြောင့်ဖြစ်သည်။

“ မင်းအသွင်ပြောင်း ကပ်ဘေးကို ဖြတ်သန်းတဲ့အခါ စကြာဝဠာနိယာမကနေ ငါကာကွယ်ပေးမယ်။ ”

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

ချင်းဝမ်တစ်ယောက် ဝမ်းသာသွားသည်။

“ ဆရာစု၊ မင်းကိုတွေ့ချင်နေတဲ့ ဘုန်းကြီးတစ်ပါး ရောက်နေပါတယ်။ ”

ရုတ်တရက် ခြံဝင်းအပြင်ဘက်မှ ဇီကျင်း အသံကို ကြားလိုက်ရသည်။ စုရီက ချင်းဝမ်ကို ဘူးသီးခြောက်အတွင်း ပြန်​ဝင်စေကာ၊

“ ဝင်ခွင့်ပြုလိုက်။ ”

-ဟု ပြန်အော်လိုက်သည်။

များမကြာခင် ခြံဝင်းတံခါးကို တွန်းဖွင့်သံကြားလိုက်ရပြီး ဘုန်းကြီးတစ်ပါး ဝင်ရောက်လာ၏။

ဘုန်းကြီးက ကြိမ်ကုလားထိုင်တွင် လဲလျောင်းနေသော စုရီကို မြင်သောအခါ ပြုံးကာ နှုတ်ဆက်တော့သည်။

“ ဘုန်းကြီးဟုန်ကျိက ... ဆရာစုကို နှုတ်ဆက်ပါတယ်။ ”

စုရီက ပြုံးပြီး သူ့ရှေ့က ဘုန်းကြီးကို ကြည့်ကာ၊

“ ငါ့ဆီက ဘာလိုချင်လို့လဲ။ ”

-ဟု တိုက်ရိုက် မေးလေသည်။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ... ရှစ်ဖန်းခန်းမကိုယ်စား ဒီနေ့မင်းကို ဝေစုပေးဖို့ ငါလာခဲ့ရတာပါ ... ပြီးတော့ ငါမင်းနဲ့တစ်ခုခု ဆွေးနွေးချင်ပါတယ်။ ”

စကားဆုံးသည်နှင့် ရတနာအိတ်ကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် လွှဲပေးလိုက်သည်။

“ ဒါ ... မင်းရသင့်တဲ့ အဆင့် (၅) ဝိညာဉ်ကျောက်တုံး (၂၀)ပဲ ... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။ ”

“ ဟမ့် ... ရှစ်ဖန်းခန်းမက လူတွေနဲ့ ဆက်သွယ်ဖို့ လျှပ်စီးငှက်တွေကို အမြဲသုံးခဲ့တာ မဟုတ်လား ... အခု မင်းကိုယ်တိုင်လာတာ ဘာကြောင့်လဲ။ ”

စုရီက ရတနာအိတ်ကို လက်ခံယူကာ ပြန်မေးလိုက်သည်။ ဘုန်းကြီး ဟုန်ကျိမှ ပြုံးပြီး၊

“ ဆရာစု၊ မင်းက သာမန်လူမဟုတ်ဘူး၊ ဒါကြောင့် ငါတို့ ဝတ်ကျေတန်းကျေ မဆက်ဆံ သင့်ပါဘူး ...

... ငါတို့အတိတ်က နာကျည်းမှုတွေကို ဖယ်ထားပြီး ရှစ်ဖန်းခန်းမအပေါ် အထင်မလွဲဖို့ တောင်းပန်ချင်ပါတယ်။ ”

ဘုန်းကြီးဟုန်ကျိ အမူအရာကြောင့် စုရီမှ ရယ်ချင်လာခဲ့သည်။

“ စိတ်ဝင်စားစရာပဲ ... အင်ပါယာသုံးခုကို လွှမ်းမိုးနိုင်တဲ့ နာမည်ကြီး ငါတို့ရှစ်ဖန်းခန်းမက ဒီလောက် ယဉ်ကျေးနေတာလား။ ”

ထို့စကားကြောင့် ဘုန်းကြီး ဟုန်ကျိမှ အသက်ပြင်းပြင်းရှူရှိုက်လျက် လေးနက်လာ တော့သည်။

“ ဆရာစု၊ ရှစ်ဖန်းခန်းမထဲဝင်ဖို့ မင်းစိတ်ဝင်စားလား ... မင်းပါဝင်မယ်ဆိုရင် အကြီးအကဲရာထူးကို တိုက်ရိုက်ယူနိုင်ပြီး ...

... ငါတို့ဆီကနေ လစဉ် စတုတ္ထတန်း ဝိညာဉ်ကျောက်တုံး (၁၀၀)နဲ့ ... စတုတ္ထတန်း ဝိညာဉ်ဆေး (၅၀)ကို ရရှိနိုင်ပါတယ်။ ”

ဤပမာဏသည် မြေကြီးအဆင့် အင်မော်တယ်များကိုပင် စိတ်လှုပ်ရှားစေမည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အကြီးအကဲ တစ်ဦးအနေဖြင့် ပြိုင်ဘက်များ၏ လျှို့ဝှက်ချက် များကို အလွယ်တကူ ရှာနိုင်ပေလိမ့်မည်။

“ ဘာလို့ ရုတ်တရက် ငါ့ကို ဖိတ်ခေါ်ချင်ရတာလဲ။ ”

စုရီက တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။

“ ရိုးရိုးသားသားပြောရရင် ဒါက အမိန့်ကြောင့် ငါလာတာပါ ... ဒီတစ်ကြိမ်လည်း ငါ့သူဌေးရဲ့ ဆုံးဖြတ်ချက်ပါပဲ၊ သူက မဟာကျိုး အတွက် ရှစ်ဖန်းခန်းမရဲ့ တာဝန်ခံဖြစ်ပြီး ငါတို့လို အကဲအကဲ ခုနစ်ယောက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ”

“ ရှီဖန်းခန်မရဲ့ ... အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ မင်းရာထူးနဲ့ လုပ်ပိုင်ခွင့်က ဘယ်လိုလဲ။ ”

“ ရှစ်ဖန်းခန်းမက အင်ပါယာတိုင်းမှာ ခေါင်းဆောင်တစ်ယောက်နဲ့ ... အကြီးအကဲ ခုနစ်ပါး ထားပါတယ်။ ”

“ ဟမ့် ... အကြီးအကဲရာထူးက ထူးခြားတယ် ထင်နေတာ ဒါဆိုအများကြီး ရှိနေတာပဲ။ ”

စုရီစကားက ဘုန်ကြီးဟုန်ကျိကို မျက်နှာ ပျက်ယွင်းသွားစေ၏။ အခြားတစ်ယောက်သာ ထိုသို့ပြောသော် ပါးရိုက်မိပေမည်။

ဤကမ္ဘာကြီးတွင် ရှစ်ဖန်းခန်းမ၏ အကြီးအကဲကို မည်သူမဆို အလေးအနက် မထားဘဲ မနေဝံ့ကြချေ။

“ ဆရာစု ... ရှစ်ဖန်းခန်းမရဲ့ အကြီးအကဲတစ်ယောက်ရဲ့ ရာထူးက ... မင်း ထင်သလောက်လည်း မဆိုးသေးပါဘူး ...

... ဥပမာ ကျောက်စိမ်းမြို့တော်ကို သွားမယ်ဆိုရင် ပထမတန်း မိသားစုတွေက ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြပါလိမ့်မယ် ...

... လက်ရှိဧကရာဇ်ကျိုးနဲ့ ဆုံတွေ့ခဲ့ရင်တောင် ငါ့ကိုဧည့်သည်အနေနဲ့ လေးစားပါလိမ့်မယ်။ ”

“ တော်ပြီ၊ ထပ်မပြောနဲ့တော့ မင်းငါ့ကို ရှန်ဖန်းခန်းမတစ်ခုလုံး ပေးမယ်ဆိုရင်တောင် ငါ စိတ်မဝင်စားဘူး။ ”

စုရီက လက်ကာပြလိုက်သည်။ ဘုန်းကြီးဟုန်ကျိခမျာ ထိတ်လန့်မိသော်လည်း ချက်ချင်း လေးလံသောဝန်တစ်ခု ပစ်ချလိုက် သကဲ့သို့ ပေါ့ပါးသွားသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းကာ၊

“ မျှော်လင့်ထားသလိုပဲ ... ဆရာစုလို ကြီးမြတ်တဲ့လူက ဒီလိုရာထူးကို လက်မခံဘူး ဆိုတာ ငါသိတယ်။ ”

-ဟု ရေရွတ်လိုက်၏။

ထို့နောက် အနားခဏယူကာ၊

“ ဆရာစု၊ မင်းငြင်းခဲ့ရင် ... ငါတို့ ရှစ်ဖန်းခန်းမအပေါ် အကျိုးဆောင်ချင်လားလို့ သူဌေးက ဆက်မေးခိုင်းပါတယ်။

“ ပြောပါဦး ... ဘယ်လိုအကျိုးဆောင်ရမလဲ။ ”

“ ဒါက ဒီလိုပါ ... ဆရာစုအနေနဲ့ အချက်အလက်တချို့ သိချင်လာရင် ငွေပေးစရာ မလိုဘဲ ငါတို့ဆီမှာ မေးမြန်းနိုင်ပါတယ် ...

... တစ်ဖက်မှာလည်း ငါတို့အတွက် အကူညီလိုတဲ့အခါ မင်းအဆင်ပြေရင် ကူညီပါ ... အကျိုးအဆောင်ခ ပေးပါ့မယ် ... ဒါပေမယ့် မင်း ငြင်းလို့လည်း ရပါတယ်။ ”

“ အိုး ... မင်းရဲ့ သူဌေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ”

“ အဟမ်း ... ။ ”

စုရီ၏ မှတ်ချက်ကြောင့် ဘုန်းကြီးဟုန်ကျိတစ်ယောက် ချောင်းခြောက် ဆိုးပြလိုက်ပြီး ၊

“ အမှန်အတိုင်း ပြောရရင် ... ငါတို့ရဲ့သူဌေးက အရမ်းနုပျိုပြီး ကောင်းကင်က နတ်သမီးလေးလို လှပါတယ်၊ သူ့အလှက မြို့တွေနဲ့ တိုင်းပြည်ကို ...

... မှောက်လှန်ပြီး လူတိုင်းရဲ့ အသိဉာဏ်အပေါ် ဇောက်ထိုးလှန်ပစ်ဖို့ လုံလောက်တဲ့ အလှတရားမျိုးပါပဲ ... ။ ”

-ဟု ချီးမွန်းခန်းဖွင့်တော့၏။

စုရီက အံ့ဩသွားသည်။ ဘုန်းကြီးတစ်ပါးသည် အမျိုးသမီများအပေါ် ဤသို့ချီးမွှမ်းခန်းဖွင့်နိုင်သည်လော။

“ ဒီအနားမှာ ... လျှပ်စီးငှက် တစ်ကောင်လောက်များ ပျံဝဲနေသလား။ ”

စုရီက ရေရွတ်လျက် ပတ်ဝန်းကျင်၌ လျှပ်စီးငှက်များ နားထောင်နေခြင်း ရှိ၊မရှိ လှည့်ပတ်ကြည့်လေည်။

ထိုအမူအရာကြောင့် သူဌေးအပေါ် ပါးနပ်စွာချီးမွမ်းနေသော ဘုန်းကြီးဟုန်ကျိခမျာ ကိုးရိုးကားရား အမူအရာဖြစ်သွားပြီး၊

“ ဆရာစုက မင်းက ထက်မြက်ပါပေတယ်။ ”

-ဟု ပြန်လည် တုန့်ပြန်လာ၏။

“ ဟား ဟား ဟား ... ။ ”

အဆုံးတွင် စုရီတစ်ယောက် သဘောကျစွာဖြင့် ရယ်မောလိုက်တော့သည်။ ဤဘုန်းကြီးသည် နှစ်လိုဖွယ် ကောင်းချေပြီ။ ဘုန်းကြီး မဖြစ်သင့်ချေ။

***

All Chapters