← Chapters

ဉာဏ်အလင်းရခြင်း။

Vol. 21 Ch. 247

ဉာဏ်အလင်းရခြင်း။

Vol. 21 Ch. 247

‌

နောက်တစ်နေ့မနက်တွင် လန်လင်ရှောင်မိသားစုကို နှုတ်ဆက်ကာ ကျောက်စိမ်းမြို့သို့ ခရီးဆက်ခဲ့သည်။

ရှောင်တျန်းချွယ်မှ မြင်းရထား ပေးအပ်လာသော်လည်း ခြေလျင်သွားရန်သာ ရွေးချယ်လိုက်သည်။

ကြယ်ရောင်စုံ ကောင်းကင်အောက်တွင် တစ်ယောက်တည်း လျှောက်လှမ်းနေလျက်မှ တိုက်ပွဲများအကြောင်း ပြန်လည် တွေးတောနေမိ၏။

အထူးသဖြင့် လီချန်နင်နှင့် တိုက်ပွဲသည် သူ့အပေါ် ခြိမ်းခြောက်မှု မဖြစ်စေသော်လည်း အကျိုးကျေးဇူးရရှိစေသည်။

ဓားတာအို လမ်းစဉ်သည် ပို၍ ပြတ်ထင်ရှင်းလင်းလပြီးနောက် အတားအဆီး အချို့ကို ဖြတ်ကျော်သွားခဲ့၏။

ဓားဟူသည် အန္တရာယ်ရှိသော လက်နက်ဖြစ်၏။ ဓားတာအို ရှာဖွေခြင်းသည် တိုက်ပွဲဝင်ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ့အတွက် စိတ်ကျေနပ်စရာ ကောင်းသော တိုက်ပွဲတစ်ပွဲ ရရှိရန် မလွယ်ချေ။

ဤကမ္ဘာကြီးတွင် သူ့အတွက် ထိုက်တန်သည့် ပြိုင်ဘက်မျိုး ရှားပါးချေပြီ။ ထို့ကြောင့် ရွှေခေတ်ရောက်ရှိလာခြင်းကို သူ စောင့်မျှော်နေမိသည်။

နှစ်ရက် ကုန်လွန်ပြီးနောက် ငှက်မွှေးတောင်ထိပ်သို့ ရောက်ရှိလာသည်။ ကောင်းကင်မှ မိုးများ တဖွဲဖွဲကျလာ၏။

စုရီက တောင်ပေါ်ရှိ ပြိုပျက်နေသော ဘုံကျောင်းတစ်ခုအတွင်း မိုးခိုရန် ဝင်ရောက် လိုက်သည်။

ထို့နောက် ချင်းဝမ်ကို ဘူးသီးခြောက် အတွင်းမှ ထွက်လာစေပြီး ထင်းခြောက်များ ကောက်ကာ မီးဖိုတစ်ခု ပြုလုပ်ရန် တာဝန်ပေးမိ၏။

ရာသီဥတုသည် လွမ်းမောဖွယ် ကောင်းနေသည်။ လေထုအတွင်း စိုထိုင်းဆ သိပ်သည်းကာ မိုးများ တစိမ့်စိမ့်ရွာနေ၏။

စုရီက မီးပုံဘေးတွင် ကြိမ်ကုလားထိုင် ခင်းပြီး စိတ်ဝိညာဉ်ကို မိုးရေစက်များနှင့်အတူ လွင့်မျောစေလိုက်သည်။

လောကကြီးကို နတ်အာရုံဖြင့် ကြည့်ရှုသောအခါတွင် အမြင်နှင့် အနှစ်သာရမှာ အလွန်ကွာခြားချေ၏။

မိုး၊ လေ၊ သစ်ရွက်လှုပ်သံများနှင့် အင်းဆက်ပိုးမွှားများ၏ သိမ်မွေ့စွာ လှုပ်ရှားသံ များသည် ရှင်းလင်းနေကာ လေစီးကြောင်း အပြောင်းအလဲကိုပင် ဖမ်းယူနိုင်သည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံး၏ သိမ်မွေ့သော အငွေ့အသက် များနှင့်အတူ ပျော်ရွှင်မှုများ ခံစားလာရ၏။

ယင်းသည် နတ်အာရုံပေတည်း။ ၎င်းကို သည့်ထက်ပို၍ စုစည်းနိုင်သော် စကြာဝဠာကြီး အပေါ်ပင် ကြည့်ရှုနိုင်သည်။

အဆုံးတွင် သိမ်မွေ့မှုတစ်ခုသည် ခြေလက်များနှင့် အရိုးများကို ဖြတ်သန်းကာ စွမ်းအင်လမ်းကြောင်းများအတိုင်း အတွင်းအင်္ဂါ ငါးခုထဲသို့ စိမ့်ဝင်သွားသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ မိုးအေးအေးဖြင့် မီးဖိုဘေးတွင် မှိန်းကျနေသော ချင်းဝမ်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိသွားကာ စုရီထံ မော့ကြည့်သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် အနီ၊အစိမ်းနှင့် ရွှေရောင် အလင်းတန်းသုံးမျိုး တောက်ပနေချေ၏။

များမကြာခင် ထိုအလင်းရောင်များမှာ ဘုံကျောင်းအပြင်သို့ တရွေ့ရွေ့ ပျံ့ကားသွား ခဲ့သည်။

ပေတစ်ရာ၊ ပေသုံးရာ၊ ပေငါးရာ ... အဆုံးတွင် အကွာအဝေးမည်မျှ ရောက်ရှိသွား သည်ကို မခန့်မှန်းနိုင်တော့ချေ။

“ ဝူး ... ။ ”

ကြည့်နေဆဲမှာပင် စုရီခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာပြီး ကောင်းကင်ပေါ် ပျံတက်သွား၏။

ဤသည်မှာ အိပ်လျက်ဖြင့် အဆင့် ချိုးဖြတ်ခြင်းမည်၏။ မိုးရွာပြီး မျှစ်စို့ကြီးများ တိုးထွက်လာကဲ့သို့ စုရီ၏အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာသည်။

ချင်းဝမ်တစ်ယောက် အနည်းငယ် မျက်လုံးပြူးသွားတော့၏။ ဤနည်းဖြင့် တစ်ည ကုန်လွန်သွားသည်။

ကောင်းကင်၌ အနီရောင်၊ အစိမ်းရောင်၊ ရွှေရောင်နှင့် အနက်ရောင် အလင်းတန်းများက လွင့်မျောတောက်ပနေ၏။

နံနက်ခင်း ရောင်နီဝင်လာသည်အထိ ထိုအရောင်များမှာ ဆက်၍ တောက်ပနေဆဲ ဖြစ်သည်။

အဆုံးတွင် ကြိမ်ကုလားထိုင်ပေါ်၌ အိပ်ပျော်နေခဲ့သော စုရီက မျက်လုံးများ ဖွင့်ကြည့်လာတော့၏။

တစ်ညလုံး ဉာဏ်အလင်းထဲ နစ်မျောနေပြီးနောက် မိုးရွာနေသောညတွင် ပျက်စီးနေသည့် ဘုရားကျောင်း၌ စတုတ္ထ အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ချေပြီ။

ယင်းသည် မထင်မှတ်ထားသော အခွင့်အရေးဖြစ်၏။ ကျောက်ကပ်သည် ရေနှင့် သက်ဆိုင်ပြီး ၎င်းအရောင်မှာ အနက်ရောင် ဖြစ်သည်။

နတ်အာရုံသည် ကောင်းကင်နှင့် မြေကြီးကြားရှိ လျှို့ဝှက်နက်နဲသော နိယာမကို ခံစားနိုင်ပြီး ကိုယ်ပိုင်တာအိုသို့ ပေါင်းထည့် ပေးနိုင်သည်။

ထိုအချိန်အခါသမယကို ‘ဉာဏ်အလင်း’ရသည် ဟူသော ဝေါဟာရဖြင့် တင်စားကြပေ၏။

သို့သော် ဉာဏ်အလင်းသည် ဆန္ဒရှိသည့်အချိန်တိုင်း ရှာတွေ့နိုင်သောအရာ အဟုတ်ချေ။ ကံကြမ္မာဖြင့်သာ တွေ့ရှိနိုင်မည်။

လက်ရှိအချိန်၌ ရောင်စဉ်လေးပါး ဝိညာဉ်ရောင်ဝါကို ပိုင်ဆိုင်နေသဖြင့် တိုက်ပွဲဝင် စွမ်းအားနှင့် အုတ်မြစ်သည် အဆင့်သစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

မဟာသခင် ပဉ္စမအဆင့် ရောက်ပြီး ‘ဒြပ်ငါးပါးဝိညာဉ်ရောင်ဝါ’ကို သန့်စင်နိုင်ပါက နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းပေမည်။

“ ဒြပ်ငါးပါးဝိညာဉ်ရောင်ဝါ’ကို ပိုင်ဆိုင်ခြင်းသည် ရှန်ရှင်းအဆင့် ရောက်ချိန်၌ ရှန်ရှင်းရောင်ဝါကို အလွယ်တကူ ဖွဲ့စည်း အသုံးချနိုင်၏။

ရှန်ရှင်းရောင်ဝါသည် တစ်စုံတစ်ဦး၏ အရည်အချင်းဖြစ်၏။ ၎င်းကို အဆင့်သုံးဆင့် ခွဲခြားထားသည်။

အစောပိုင်း ရောင်ဝါကို အဆင့်နိမ့်ဟု ခေါ်တွင်ကာ အဆတ်မပြတ် သန့်စင်ခြင်းဖြင့် ပိုမိုသိပ်သည်းလာမည်ဖြစ်၏။

ရှန်ရှင်းရောင်ဝါသည် အလွန်အမင်း အရည်အသွေးညံ့ဖျင်းသော် အဆင့်နိမ့်ဖြင့်သာ အချိန်ကုန်ဆုံးရပေလိမ့်မည်။

သေသည်အထိ အလယ်အလတ် ရှန်ရှင်းရောင်ဝါကို ရနိုင်မည်မဟုတ်ချေ။ ဥပမာ မီးဘုရင်နှင့် တိမ်ဘုရင်တို့ကဲ့သို့သော ရှန်ရှင်း ကျွမ်းကျင်သူများဖြစ်သည်။

၎င်းတို့၏ ရှန်ရှင်းရောင်ဝါ အရည်အသွေး သိမ်ဖျင်းလွန်းသောကြောင့် အလယ်အလတ်သို့ မတတ်နိုင်ခဲ့ကြချေ။

ထူးခြားသော အရည်အချင်း ရှိသူများသာလျှင် ထိုသို့သော အလယ်အလတ် ရှန်ရှင်းရောင်ဝါမျိုး ပိုင်ဆိုင်နိုင်သည်။

၎င်းတို့သည် ပါရမီရှင်များ ဖြစ်၏။ ဥပမာအားဖြင့် တောင်တန်းဘုရင် မုရှီနှင့် နင်စစ်ဟွာတို့ပေပင်။

မိုတိမ်တောင်တန်း၌ သူသတ်ခဲ့သော လီချန်နင်သည် သူ့ကို သတ်ပစ်ကာ အဆင့်မြင့် ရှန်ရှင်းရောင်ဝါ သန့်စင်နိုင်ရန် ကြံရွယ်ခဲ့သည်။

ဤအဆင့်သည် မိုးပြာတိုက်ကြီးရှိ ရှန်ရှင်းသိုင်းသမားကြား ထိပ်တန်းစွမ်းအား ပေပင်။

အရိုင်းမြေကိုးပါး၌မူ ဒဏ္ဍာရီလာ တာအိုရှန်ရှင်း‌ရောင်ဝါဟူသည့် အဆင့်ရှိသည်။ ဤရောင်ဝါတွင် တာအိုကျက်သရေပါရှိ၏။ အဆန်းကြယ်ဆုံးပေပင်။

သို့သော် ရှေးခေတ်မှ ယနေ့ထိတိုင် ထိုသို့သော ရောင်ဝါမျိုး ရယူနိုင်သူ မရှိသေးချေ။ ယင်းကြောင့် လက်ရှိဘဝ၌ စုရီ၏ပန်းတိုင်းမှာ တာအိုရှန်ရှင်းရောင်ဝါ ဖြစ်သည်။

“ သွားရအောင် ... ။ ”

အချိန်အတော်ကြာ သူ့ကိုယ်သူ ချိန်ညှိပြီးနောက် စုရီက ဖြည်းညှင်းစွာထရပ်ကာ ကြိမ်ကုလားထိုင်ကို သိမ်းလျက် ဘုံကျောင်း အပြင်သို့ လျှောက်လှမ်းသွားတော့၏။

မိုးတဖွဲဖွဲ ရွာသွန်းနေဆဲဖြစ်သဖြင့် လတ်ဆတ်သော လေထုနှင့်အတူ စိတ်လက် ပေါ့ပါးလာခဲ့သည်။

ဤနည်းဖြင့် လူတစ်ယောက်၊ တစ္ဆေတစ်ကောင်သည် တောင်တန်းတလျှောက် တရွေ့ရွေ့ ခရီးနှင်နေတော့သည်။ များမကြာခင် လူသွားလမ်းပေါ် ရောက်ရှိလာ၏။

၎င်းတို့သည် အနီးဆုံး မြို့ငယ်လေးထံ ဦးတည်သည်။ ယာဉ်တန်းများ၊ ကုန်သည်များ၊ ခရီးသွားများ စသည်တို့ကို မြင်လာရ၏။

သာမန်ပြည်သူများအတွက် ကျောက်စိမ်းမြို့တော်သည် တော်ဝင်မြို့တော် သာမက အချမ်းသာဆုံးနှင့် အစည်ကားဆုံး သုခဘုံဖြစ်သည်။

စုရီအတွက်မူ ပြန်လည်မွေးဖွားရာ အရပ်ဖြစ်ပြီး စုမိသားစုနှင့် ရန်ကြွေးဖြေရှင်းရန် နှောင်ကြိုးဖြစ်သည်။

ထိုအတွက်ကြောင့်သာ မဟုတ်ပါက ဤသို့သော သေမျိုးကမ္ဘာ၏ မြို့တော်ခရီးစဉ်ကို စိတ်ဝင်စားမိမည် မဟုတ်ချေ။

၎င်းအစား နတ်ဆိုးတောင်တန်း ရှစ်လုံးသည်သာ စူးစမ်းရန် ထိုက်တန်ပေမည်။ မိုင်အနည်းငယ် လျှောက်လှမ်းပြီးနောက် ချင်းလန်မြစ်ကို မြင်လာရသည်။

ချင်းလန်မြစ်သည် အဖြူရောင် ပြည်နယ်ရှိ အကြီးဆုံးမြစ်ဖြစ်သည်။ ကျယ်ပြန့်သောရေပြင်၊ ရေစီးနှုန်းတို့သည် မိုင်ထောင်ပေါင်းများစွာ ရှည်လျား၏။

“ ဒီသခင်လေးက ချင်လန်မြစ်ကို ဖြတ်သန်းသွားဖို့ စိတ်ကူးရှိလား။ ”

ရုတ်တရက် အနက်ဝတ် ထင်းခုတ်သမားတစ်ဦး ပေါ်လာပြီး အပြုံးဖြင့် မေးမြန်းလေသည်။

“ အင်း ... ။ ”

စုရီက သူ့ကို ပြန်ကြည့်ကာ ခေါင်းညိတ်သည်။

“ ငါ့မှာ သင်္ဘောရှိတယ် မင်းလိုက်ချင်လား ... ။ ”

“ သဘာဝအတိုင်းပါပဲ။ ”

“ ဒါဆို သင်္ဘောစီးနင်းခ၊ ရွှေတစ်ထောင် ဒါမှမဟုတ် ဒုတိယတန်း ဝိညာည်ကျောက်တုံး ဆယ်လုံး ပေးတောင်ရမယ်။ ”

“ ဟမ့် ရွှေစတစ်ထောင်တောင်လား ... မင်းဟာက ဓားပြတိုက်နေတာနဲ့ ဘာကွာလဲ။ ”

ထိုမှတ်ချက်ကြောင့် ထင်းခုတ်သမားက ပြုံးသည်။

“ ရိုးရိုးသားသား ဝန်ခံရရင် ... ငါ လုယက်ဖို့ ဒီကိုလာတာပဲ။ ”

“ အိုး ... ဒီလိုဝေးလံခေါင်သီတဲ့ အရပ်မှာ မင်းဘယ်သူ့ကို လုယက်ချင်နေရတာလဲ။ ”

“ မင်း ... ။ ”

ထင်းခုတ်သမားက ပုစိန်ဖြင့် စုရီကို ညွှန်ပြလိုက်လေသည်။ လမ်းတစ်လျှောက်တွင် လူများစွာကို လုယက်ခဲ့ဖူး၏။ သို့သော် ဤမျှ မိုက်မဲသော လူငယ်မျိုး မတွေ့ဖူးချေ။

“ မင်းရဲ့ အဖိုးတန်ပစ္စည်းတွေကို ပေးအပ်ပြီးရင် မြစ်တစ်ဖက်ကမ်းဆီ အသက် ရှင်လျက် ပို့ဆောင်ပေးမယ်။ ”

“ ငါ မလုပ်ရင် ဘာဖြစ်လဲ။ ”

စုရီမှ ပြန်မေး၏။ သစ်ခုတ်သမားက ခေါင်းကုတ်ပြီး သက်ပြင်းချကာ၊

“ ဒါက နည်းနည်းတော့ ... ခေါင်းကိုက်စရာပါပဲ မင်းလိုမောက်မာလွန်းတဲ့ ငါသတ်ခဲ့တာ မနည်းတော့ဘူး။ ”

“ ကောင်းပြီ ... မင်းမှာ သင်္ဘော တကယ်ရှိလား ... ရှိရင် ဝိညာဉ်ကျောက်တုံးတွေ ငါပေးနိုင်ပါတယ်။ ”

ထိုစကားကြောင့် ထင်းခုတ်သမားက မျက်ဝန်းများ တောက်ပလာပြီး၊

“ ငါ မင်းကို မလိမ်ပါဘူး။ ”

-ဟု ပြန်ဖြေ၏။

“ ဘယ်မှာလဲ ... ။ ”

ထင်းခုတ်သမားက သူ့လက်ကို ဖြန့်ပြလိုက်ပြီး၊

“ ဝိညာဉ်ကျောက်တုံး အရင်ပေး။ ”

-ဟု တောင်းဆိုသည်။

စုရီက ပြုံးလျက် တတိယတန်း ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူ လိုက်စဉ်၊

“ မင်း သူ့ကို မပေးရဘူး။ ”

-ဟူသော စူးစူးဝါးဝါး အော်သံဟန့်တားသံ တစ်သံ ထွက်ပေါ်လာတော့သည်။

အပြာရောင်အင်္ကျီ ၀တ်ဆင်ထားသည့် သူရဲကောင်းဆန်သော မိန်းကလေးတစ်ယောက် ခါးတွင် ဓားတစ်လက်ချိတ်ဆွဲလျက် သူတို့ထံ လျှောက်လှမ်းလာနေခဲ့ချေပြီ။

***

All Chapters