ဘယ်သူ့တပ်က ပိုအင်အားကြီးလဲ
Vol. 118 Ch. 1647
နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး ကြာရှည်စွာ နှိပ်စက်ခံလာရ သဖြင့် အကျဉ်းသားများသည် သူတို့၏ အလောင်းများကိုမြင်သော်လည်း စကားတစ်ခွန်းနှစ်ခွန်းလောက်နှင့် ကျေနပ်ခြင်းမရှိကြပေ။
သူတို့၏ စိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ခံစားလာရသော နာကျင်မှု များ မုန်းတီးမှုများကို သိမ်းထားခဲ့ရပြီး ဟောမျိုးနွယ်ဆီမှ သေချာပေါက် အကြွေးပြန်ယူမည်ဖြစ်သလို သွေးနှင့်ပြန်ဆပ်ခိုင်းမည်ဖြစ်သည်။
“ဒါပေမဲ့ ဒီနေရာက လာဖို့လည်းမလာဘူးလေ” လူတစ်ယောက် ပြော လေသည် “ရေထဲမှာက ရက်စက်တဲ့ ပင်လယ်သားရဲတွေအများကြီးပဲ ဒီနေရာ ကနေထွက်သွားချင်ရင် မင်းအကူအညီပေးတဲ့အပေါ်မှာပဲ မူတည်နေဦးမှာပဲ”
အစောပိုင်းက သူတို့သည် ဖန်ရှင်းတို့နှင့် ဟောမျိုးနွယ်မှ အကြီးအကဲတို့ တိုက်ခိုက်ပုံကိုမြင်ခဲ့ကြသည်။ ဖန်ရှင်းတို့သာ သူတို့ကို ကူညီလိုပါက ဤနေရာ မှ ချောချောမွေ့မွေ့ ထွက်သွားနိုင်မည်မှာ သေချာသည်။
“ကျွန်မက လူကြီးမင်းတို့ကို ကယ်ခဲ့မှတော့ သေချာပေါက် ဒီမှာထားသွား လို့မဖြစ်ဘူးလေ ပြီးတော့ ဟောမျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုပဲ၊ သူတို့ကို နိုင်ဖို့ ဆိုရင် အကုန်အတူလက်တွဲဖို့လိုတယ်” ရှီမာယူယူသည် အားလုံးကို ပြောလိုက် သည်။
“မေးခွင့်ပြုပါ မြင့်မြတ်တဲ့ သခင်မလေး… မိန်းကလေးနာမည်က ဘာလဲ မသိဘူး နောက်ဆိုရင် ကျုပ်တို့ ပြန်ဆပ်ရတာပေါ့”
“ကျွန်မက ရှီမာယူယူလို့ခေါ်ပါတယ်၊ ဒါပေမဲ့ ကျွန်မက နည်းနည်းပဲ အားထုတ်လိုက်တာပဲရှိတာပါ ပြန်ဆပ်ဖို့မလိုပါဘူး၊ ဒါပေမဲ့ ပြည်နယ် ၆၄ က ရှီမာမျိုးနွယ်နဲ့ အသည်းကွဲတောင်ကြားကလူတွေနဲ့ တွေ့လို့ သူတို့ အမှား တစ်ခုခုလုပ်မိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ရှီမာယူယူသည် သူတို့ကိုအရိုအသေပြုလိုက်သည် “နောက်ကျနေပြီဆိုတော့ လှုပ်ရှားကြတော့ မလား၊ လူကြီးမင်းတို့မှ သားရဲပျံတွေရှိလား”
တချို့မှာရှိသလို တချို့မှာမရှိကြပေ။ သို့သော် အားလုံးသည် အဖွဲ့လိုက် စုသွားကြသည်။
ရှီမာယူယူသည် ဖန်ရှင်းနှင့် တခြားသူတို့ကို ပြန်ရန်မပြောပေ။ ထိုအစား သူမသည် သူတို့ကိုသူမနှင့်အတူ ရှေ့မှသွားခိုင်းသည်။ အောက်ရှိရေထဲတွင် ပင်လယ်သားရဲများစွာရှိသည်။ သူတို့ လမ်းပြသည်နှင့် သားရဲများသည် တစ် နည်းနည်းတော့ တုံ့ဆိုင်းသွားချည်းသာ ဖြစ်သည်။
သေချာသည်မှာ သူတို့သည် စည်းကမ်းမဲ့ပြီး အထိန်းအချုပ်မဲ့သည့်သူများ ကိုလည်း တွေ့ခဲ့သေးသည်။ ဤတစ်ကြိမ်တွင် ပင်လယ်သားရဲအုပ်စုသည် အဖွဲ့လိုက်ဖြစ်ကာ အရေအတွက်ပေါ်မူတည်ပြီး အားကိုစုထားကြသည်။ သူတို့ သည် ကောင်းကင်ပေါ်မှ လူများကို ဟပ်လိုက်ချင်သော်လည်း မိုးပေါ်မှ မိုးကြိုး သွားကျည်များ ကျလာလိမ့်မည်ဟု ထင်မထားကြပေ။ အပြေးမြန်သူများသည် လွတ်မြောက်ကြသည်။ အကြိမ်ရေထပ်လာသောအခါ ကျန်ပင်လယ်သားရဲများ သည် ဆတ်ဆော့ပြီး မတိုက်ခိုက်ရဲကြတော့ပေ။ သည်လိုနှင့် သူတို့သည် သူတို့၏ ပိုင်နက်တွင်သာ နေရပြီး လူများထွက်သွားသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်တော့လေသည်။
ရက်အနည်းငယ် ဆက်တိုက်ခရီးသွားပြီးနောက်တွင် သူတို့သည် ပျောက်ဆုံးနေသည့် နယ်မြေကိုမြင်ရလေသည်။
ရှီမာယူယူသည် သူတို့ကို ဟောမျိုးနွယ်ဆီသို့ တိုက်ရိုက်ခေါ်သွားလိုက် သည်။ လှေသမားထွတ်၏ မြေပုံကျေးဇူးကြောင့်ပင် သူမသည် ဦးတည်ဘက် မမှားပေ။ သူမသည် ဟောမျိုးနွယ်၏အိမ်တော်ကို မြင်သောအခါ အားလုံး၏ ဒေါသမှာ ဆူပွက်လာကြသည်။ သူတို့သည် မချုပ်တည်းနိုင်တော့ဘဲ ဟော မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းပစ်ချင်နေကြသည်
“မလောနဲ့” ရှီမာယူယူသည် သူတို့ကို တားကာ မိုးကြိုးသွားကျည်တချို့ ပေးလိုက်သည်။ “အဲဒါက အများကြီးရှိသေးတယ် အဲဒါကြောင့် အရင်ဆုံး ပင်မ အဖွဲ့နဲ့ ဒါကိုသုံးကြတာပေါ့ ကျန်တာကို ဖြည်းဖြည်းချင်း တိုက်ခိုက်သွားမယ်”
“ကျေးဇူးအများကြီးတင်ပါတယ်”
အားလုံးသည် မိုးကြိုးသွားကျည်များယူပြီးနောက် မိုးပေါ်သို့ ပျံတက်သွား ကာ ဟောမျိုးနွယ်၏အိမ်တော်ရှိရာသို့ ပစ်ပေါက်ကြလေသည်။ ပေါက်ကွဲနေ စဉ်တွင် အိမ်တော်တစ်ဝက်လောက်မှာ ပျက်စီးကျသွားလေသည်။
ဟောမျိုးနွယ်၏ ရာထူးမြင့်သူများသည် ထိုနေရာ၏ အဖြစ်ကို သတင်းရ ထားပြီးဖြစ်သည်။ သို့သော် သူတို့ မပြင်ဆင်ရသေးခင်မှာပင် ထိုလူများ ရောက် လာလိမ့်မည်ဟု ထင်မထားကြပေ။
အခြေအနေကို မသိသေးသော လူငယ်မျိုးဆက်များသည် မပြင်ဆင်ထား ရသဖြင့် အများစုမှာ ပေါက်ကွဲမှုတွင် သေဆုံးကြလေသည်။
ဟောမျိုးနွယ် တုံ့ပြန်နိုင်ချိန်တွင် မိုးပေါ်သို့ ပျံတက်ကာ ကြည့်လိုက်ရာ တစ်ဝက်လောက်မှာ ပျက်စီးနေပြီဖြစ်သည်။
မျိုးနွယ်သည် ခပ်မြန်မြန်ပင် တုံ့ပြန်ကာ ကာကွယ်ရေးတည်ဆောက်မှု လုပ်လိုက်သည်။ သူတို့သည် တိုက်ပွဲအလယ်တွင် ရောက်နေခြင်းမဟုတ်သဖြင့် တည်ဆောက်မှုများသည် သူတို့ကို ကာကွယ်ရန် လုံလောက်သည်။
“ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်” လူအများစုသည် သူတို့ အိမ် ပေါ်သို့တက်ကြပြီး သူတို့၏ကာကွယ်ရေးတည်ဆောက်မှု မြဲသည်မမြဲသည်ကို စစ်ဆေးလိုက်ကြသည်။
“ဟောမျိုးနွယ်က ဘယ်လိုလုပ် အပြင်လူတွေနဲ့တိုက်ခိုက်နေတာလဲ ငါတို့ ကျွန်းမှာ ဘယ်တုန်းက ဒီလောက်များတဲ့ အပြင်လူတွေရှိနေတာလဲ”
လိပ်မည်းမြို့တော်မှလူများသည် အလွန်အံ့ဩနေကြသည်။ သို့သော် တချို့မှာ အဖြစ်အပျက်ကို တိတ်တိတ်လေး ခန့်မှန်းနေကြသည်။
သူတို့သည် ဟောမျိုးနွယ်မှ အပြင်လူများကို လုပ်သည့်လုပ်ရပ်ကို ကြား ထားသည်မှာ ကြာပြီဖြစ်သည်။ ထိုသည်မှာ အမှန်ဖြစ်နေသည်ကို သိလိုက်ရ သည်။
ဟောမျိုးနွယ်၏ အစွမ်းအစကို အခြေခံလျှင် ထိုလူများသည် အချုပ်ခံ ထားရာမှ လွတ်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် ထိုကိစ္စသည် နှစ်ရာချီကြာမည် မဟုတ်ပေ။ သူတို့သည် အပြင်လူတပ်ဖွဲ့ကိုမြင်သောအခါ ပိတ်လှောင်နေသော လူတစ်စုမှာ ထွက်ပြေးလာသည်ဟု ခန့်မှန်းရသည်။
ရုတ်တရက်ပင် ထိုအဖွဲ့မှာ ရင်းနှီးသော မျက်နှာများဖြစ်နေကြသည်ကို အားလုံး သိလိုက်ကြသည်။ သူတို့စွဲမြဲမှတ်မိသည်မှာ ရှီမာယူယူ၊ ရှုဂျင်းနှင့် ဟော်လန်တို့ဖြစ်ကြသည်။
ရှုဂျင်းနှင့် ဟော်လန်တို့သည် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲသို့ တက် ရောက်သည်မှာ မကြာသေးပေ။ အပြင်လူများမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်း ပေါ်မှ လူများကို အနိုင်ရခဲ့ခြင်းကြောင့် အားလုံးသည် သူတို့ကို မှတ်မိနေခြင်း ဖြစ်သည်။ ရှီမာယူယူကတော့ လွန်ခဲ့သည့်ရက်ပိုင်းကပင် ပြီးသွားသည့် ပြိုင်ပွဲမှ အနိုင်ရသူဖြစ်သောကြောင့် ပြောရန်ပင်မလိုပေ။
ခေါင်းဆောင်ဝူသည် ရှီမာယူယူနှင့် ဟော်လန်တို့ အတူရှိနေသည်ကိုမြင် သောအခါ သူမ ရှာနေသောလူကိုရှာနိုင်ပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ သူတို့မည်သို့ ထွက်ပြေးလာနိုင်ကြောင်းကို သူ သိချင်ရုံသာဖြစ်သည်။
ဟောမျိုးနွယ်အားလုံး လှုပ်ရှားလာကြသည်ထင်သည်။ ထိုကြက်ဖအိုကြီး များကို ဖန်ရှင်းတို့ ချုပ်နှောင်ထားသော်လည်း အများအပြားကျန်နေတုန်းပင် ဖြစ်သည်။
“ယူယူ ဒီလိုဆိုရင် အကုန်လုံးရှုံးကုန်လိမ့်မယ်၊ အဲလူသုံးယောက်ကို ခေါ် ပြီး မြန်မြန်ပြေးတော့” ရှုဂျင်းသည် ရှီမာယူယူကို အော်လိုက်သည်။
ရှီမာယူယူ စဉ်းစားကြည့်ရာ ဘေးသို့ထွက်ပြီး သူမ၏ လောကအသေးကို ဖွင့်လိုက်သည်။ သူမသည် သွေးမိစ္ဆာမြို့တော်မှ သန်မာသောလူများကို ခေါ်ပြီး အကူအညီတောင်းလိုက်သည်။
“သေစမ်း ဒီလူတွေက ဘယ်ကပေါ်လာတာလဲ” သူတို့သည် ရုတ်တရက် ပေါ်လာသော လူများကိုမြင်သောအခါ ဟောမျိုးနွယ်ဝင်များသည် ကျိန်ဆဲမိကြ လေသည်။
သွေးမိစ္ဆာမြို့တော်မှလူများပါ ထပ်ပေါင်းလိုက်သောအခါ အပြင်လူများ ဆီအား ဖိနှိပ်ထားသောအားသည် လျော့ကျသွားကာ အသက်ရှုချောင်းသွား တော့သည်။ သို့သော် သူတို့ အောင်ပွဲမခံခင်မှာပင် လေထဲတွင် ရုတ်တရက် လှုပ်ခတ်မှုဖြစ်သွားကာ လေဟာပြင်ဝင်ပေါက်မှ လူတစ်စုထွက်လာကာ ဟော မျိုးနွယ်အား ချက်ချင်းပင် အကူအညီပေးလေသည်။
တစ်ဖက်အဖွဲ့မှာ မည်သည့်မြို့မှလာသည်ကို ရှီမာယူယူမသိပေ။ သို့သော် သူတို့ ရောက်လာပြီး ချက်ချင်းဟောမျိုးနွယ်ကို ကူညီသည်မှာ သူတို့သည် သင့်တော်သော အင်အားစုတော့မဟုတ်ပေ။ ထို့ကြောင့် သူမသည် သည်းမခံ တော့ဘဲ သူတို့နှင့် တိုက်ခိုက်တော့သည်။
အစပိုင်းတွင် နှစ်ဖက်လုံးသည် ဟန်ချက်ညီခဲ့သည်။ သို့သော် တစ်ဖက် မျိုးနွယ်မှ လာကူညီသဖြင့် စံတင်အထွဋ်ကျွမ်းကျင်သူ တချို့ကို ထပ်ပေါင်း လိုက်ပြီးနောက် အခြေအနေမှာ ပြောင်းလဲသွားတော့သည်။
သူတို့သည် ဟောမျိုးနွယ်၏ အကူအညီတောင်းသည်ကို လက်ခံလိုက်ရ ခြင်းဖြစ်နိုင်သည်။ ရှီမာယူယူတို့တွင် ကျွမ်းကျင်သူအများအပြားရှိနေသည်ကို သိသဖြင့် သူတို့လည်း ကျွမ်းကျင်သူများကိုပါ ခေါ်ခဲ့ကြသည်။
သည်လိုနှင့် တစ်ဖက်မှ ကျွမ်းကျင်သူများသည် ဖန်ရှင်းနှင့်တခြားသူများ ကို ဖိနှိပ်နိုင်သွားလေသည်။
အပြင်လူများ ရှုံးနိမ့်နေစဉ်တွင် လူတစ်ယောက်သည် အခွင့်အရေးယူကာ ရှီမာယူယူကို ချောင်းမြောင်းတိုက်ခိုက်လေသည်။ သို့သော် သူမ ခန္ဓာကိုယ်မှ ရုတ်တရက် ထလာသော မီးတောက်ကြောင့် ထိုလူပြာကျသွားလေသည်။
“အား…”
စူးရှသော အော်သံပြီးနောက်တွင် အံ့ဖွယ်ပဒါးငှက်သည် ရှီမာယူယူရှေ့ တွင် ပေါ်လာသည်။ သူသည် ရှီမာယူယူကို ဝန်းပတ်ပြီး သူမအနားမှလူများကို ပြာဖြစ်အောင် မီးမြှိုက်လိုက်သည်။
“အံ့… အံ့ဖွယ်ဟင်္သပဒါးငှက်လား”
ပွဲကြည့်နေသူများသည် ရိုးရှင်းစွာ ကြည့်မနေနိုင်တော့ပေ။ ထိုနေရာ သည် အံ့ဖွယ်မျိုးနွယ်များနှင့် အဆက်အစပ်ရှိကာ သူတို့သည် မြို့ကြီးလေးမြို့မှ လာသူများဖြစ်ကြသဖြင့် ဟင်္သပဒါးငှက်၊ အဇူရာနဂါး၊ ကျားဖြူနှင့် လိပ်မည်းတို့ ၏ တည်ရှိမှု အရေးကြီးပုံကိုသိထားကြသည်။ သူတို့သည် အံ့ဖွယ်သားရဲများ ပျောက်ကွယ်သွားပြီဟု ထင်ထားကြသည်။ သို့သော် ကိုယ်တိုင်မျက်လုံးဖြင့် မြင်ရသည့်နေ့ရောက်လာမည်ဟု ထင်မထားကြပေ။
အထူးသဖြင့် ကူညီရန်လာသော အင်အားစုဖြစ်သည်။ သူတို့သည် ဟင်္သ ပဒါးငှက်ကိုမြင်သောအခါ ချက်ချင်းပင် မှင်တက်သွားကြလေသည်။
“ဟင်္သပဒါးငှက်က အဲလောက် အားမကောင်းဘူး အားလုံးပဲ ကြောက်ဖို့ မလိုဘူး၊ တစ်ဖွဲ့က ဟင်္သပဒါးငှက်ကို တောင့်ခံထား၊ မင်းတို့နှစ်ယောက်က အဲဒီ ကလေးကိုသွားတိုက်ခိုက် သူမ သေရင် ဟင်္သပဒါးငှက်လည်း သေမှာပဲ”
ယနေ့ အဖြစ်အပျက်များမှာ နောက်ပြန်လှည့်ရန် နည်းလမ်းမရှိတော့ သည်ကို ပြသနေသည်။ သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ရှေ့သို့တက်ရန် သာတတ်နိုင်တော့ကာ သူတို့လမ်းကို လာရပ်သူတိုင်းကို ရှင်းပစ်ရုံသာရှိတော့ သည်။
စံတင်အထွဋ် ကျွမ်းကျင်သူများသည် ညွှန်ကြားချက်ကို ရသောအခါ ရှီမာယူယူကို ချက်ချင်း တိုက်ခိုက်ကြလေသည်။ သူမသည် အနည်းငယ် ကြီးထွားလာခဲ့သော်လည်း အားနည်းနေတုန်းပင်ဖြစ်သည်။ စံတင်အထွဋ် ကျွမ်းကျင်သူများသည် သူမ ကိုင်တွယ်နိုင်သူများမဟုတ်ကြပေ။
သူတို့၏ တိုက်ခိုက်မှုများ သူမအပေါ် ကျသည်နှင့် မျက်စိတစ်မှိတ် အတွင်းတွင်….
***