← Chapters

စုရီကိုယ်စား အသေခံပါ။

Vol. 21 Ch. 250

စုရီကိုယ်စား အသေခံပါ။

Vol. 21 Ch. 250

“ ချလွမ်း ... ။ ”

စားပွဲများ၊ ခွက်များ၊ ပန်းကန်များ အားလုံးသည် ပြင်းထန်စွာတုန်ခါ လွင့်စဉ်လျက် သင်္ဘောတစ်စင်းလုံး လှုပ်ရမ်းလာ၏။

လူတိုင်း မော့ကြည့်မိစဉ် လှိုင်းလုံးများက ပေပေါင်းများစွာ မြင့်တက်လာပြီး အနက်ရောင် တောင်ကုန်းကြီးတစ်ခု ပေါ်လာ၏။

“ ဘာကြီးလဲ ... ။ ”

တောင်ကုန်ကြီးပေါ် ရေညှိများ၊ ရေမှော်ပင်များ အနည်ကျနေသော ရေနေသားရဲ အခွံမျိုးစုံနှင့် အနက်ရောင် အခိုးအငွေ့များ ရစ်သိုင်းနေ၏။

၎င်း၏ဦးခေါင်းသည် အိမ်တစ်လုံးကဲ့သို့ ကြီးမားလှပြီး မျက်ဝန်းများမှာ ရေကန်များကဲ့သို့ နက်ရှိုင်းအေးစက်နေ၏။

“ ဝုန်း ... ။ ”

မြစ်ရေပြင်သည် တဟုန်ထိုး မြင့်တက်ပြီးရောင်ဝါများ ကောင်းကင်ပေါ် တည့်တည့် တိုးဝင်သွား၏။ လေနှင့်တိမ်များ အရောင်ပြောင်းသွားကာ သင်္ဘောကြီးကို ပြင်းထန်စွာ လှုပ်ခါသွားစေသည်။

“ ဒါ ... ။ ”

ဤသည်မှာ ချင်းလန်မြစ်အောက်တွင် နေထိုင်သော ပင်လယ်လိပ်ကြီးတစ်ကောင် ပေပင်။

လူတိုင်းသည် ဤမျှကြီးမားသော ဝိညာည်သားရဲကြီးတစ်ကောင်ကို မြင်လိုက် ရသောအခါတွင် မျက်နှာများ သိသိသာသာ ပြောင်းလဲသွား၏။

ဤသည်မှာ အဆင့်(၉)ထက် ကျော်လွန်နေသော ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နိုင်ဖွယ် ရှိချေပြီ။

“ မကြောက်ပါနဲ့ ... အန္တရာယ်မရှိဘူး။ ”

စုရီက ကူချင်းနင်ဘေးသို့ လှမ်းတက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောကြား လိုက်လေသည်။

ဤဝိညာဉ်သားရဲသည် ဉာဏ်အလင်း ရရှိထားသော သာမန်ပင်လယ်လိပ်ကြီးမျှသာ ဖြစ်ပြီး မြေကြီးအဆင့် ကျွမ်းကျင်သူ ခွန်အားမျှသာရှိသည်။

ပင်လယ်လိပ်ကြီး၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကြောင့် သင်္ဘော ပိုင်ရှင်မှာ မျက်နှာဖြူဖျော့လာ၏။

“ ရေဘုရင်ကြီး ... စိတ်မဆိုးပါနဲ့ အကောင်းဆုံးစပျစ်ရည်ကို မင်းအတွက် ငါတို့ ချက်ချင်း ပြင်ဆင်ပေးပါ့မယ်။ ”

“ ဟမ့် ... ဒီ​နေ့ ငါ​သောက်​ဖို့​ လာတာ မဟုတ်ဘူး ​ပြောစရာရှိတယ်​။ ”

ပင်လယ်လိပ်အိုကြီး၏ အသံက ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ ပံတင်ထပ် လာတော့၏။ အသံလှိုင်းကြောင့် ရေပြင်သည် တဟုန်ထိုး ပေါက်ကွဲလာခဲ့သည်။

ထို့နောက် ရေကန်နှင့်တူသော မျက်ဝန်းတစ်စုံက သင်္ဘောအပေါ် စိုက်ကြည့်ပြီး အေးစက်စွာ ပြောကြားလာ၏။

“ ငါ ဒီသင်္ဘောနဲ့အတူ ... ရေအောက်ကြမ်းပြင်ကနေ လိုက်လာတာ မင်းရဲ့ သ​င်္ဘောပေါ်က မသိနားမလည်သေးတဲ့ ...

... လူအချို့က ကြီးကြီးကျယ်ကျယ် ပြောနေတာမို့ ငါဒေါသထွက်ရတယ် တကယ် စိတ်ပျက်စရာပါပဲ။ ”

ပင်လယ်လိပ်ကြီး စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားတော့သည်။ သင်္ဘောပိုင်ရှင်ပင် စကားလုံးများ ပျောက်ဆုံးသွား၏။

လမ်းတစ်လျှောက် သူတို့ပြောသမျှကို ဤမျှကြောက်စရာကောင်းသော လိပ်အိုကြီးမှ လိုက်ပါခိုးနားထောင်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။ အရှက်မဲ့လွန်းချေပြီ။

“ ဟမ့် ... ဒီမှာ ဘယ်သူက ဆရာစုရဲ့ ဂုဏ်သိက္ခာကို ပုတ်ခတ်ရှုတ်ချဖို့ ရဲရင့်လွန်းလဲ ထွက်လာပြီး အသေခံစမ်း။ ”

ပင်လယ်လိပ်ကြီးစကားကြောင့် လူတိုင်း မျက်ခုံးပင့်လိုက်မိ၏။ အဆုံးတွင် စုရီအကြောင်း မကောင်းပြောနေသဖြင့် ဤတိရစ္ဆာန်ကြီး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြချေပြီ။

အထူးသဖြင့် ဝေရှန်းသည် အလွန် ထိတ်လန့်သွားကာ ခြေဖျားလက်ဖျားများ တုန်ရင်လာတော့၏။

စုရီမှ အနည်းငယ် အံ့အားသင့် သွားလေသည်။ ဤလိပ်သည် သူ့အတွက် လာခဲ့ သည်မှာ စိတ်ဝင်စားဖွယ်ကောင်းနေ၏။

“ ရေဘုရင် ... ၊ ငါတို့ မင်းကို စော်ကားခဲ့တယ်ဆိုရင် ခွင့်လွှတ်ပါ။ ”

ဝမ်ယွင်ချုံးမှ အသက်ပြင်းပြင်းရှူကာ အခြားလူများအစား ဝင်ရောက် တောင်းပန်ပေး လိုက်၏။

“ ဟမ့် ... ငါ့ကိုစော်ကားရင် ခွင့်လွှတ်လိုက်မယ် ဒါပေမယ် ... ငါရဲ့ဆရာစုကို စော်ကားတာမို့ ခွင့်မလွှတ်ဘူး ...

... ဘေးဥပဒ်တွေက ပါးစပ်ကြောင့် လာတတ်တယ် လူတချို့ရဲ့ပါးစပ်က နံ့စော်ပြီး ရိုင်းစိုင်းတယ် အပြစ်ပေးရမယ်။ ”

ရုတ်တရက် လူတိုင်းက ဝေရှန်းကို သနားသည့် အရိပ်အမြွက်ဖြင့် လှည့်ကြည့်လိုက် တော့သည်။

ကူစန်းနင်က စိတ်ထဲမှ ကျေနပ်သွား၏။ ဤဝေကျန်းကို သူမ ကြည့်မရချေ။ သင်ခန်းစာ တစ်ခု သင်ပေးနေချင်ခဲ့သည်။

ထိုအချိန်တွင် ဝေရှန်းသည် အလွန် ထိတ်လန့်သွားပြီး ဝိညာဉ်ခုန်ထွက်လုနီးပါး ဖြစ်လာ၏။ ချက်ချင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်ချကာ၊

“ ရေဘုရင်သခင် ... ခွင့်လွှတ်ပါ၊ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပါ နောက်တစ်ကြိမ် မဖြစ်စေရပါဘူး။ ”

-ဟုတောင်းပန်တော့သည်။

ဤမျှ ကြောက်ရွံ့နေသော ၎င်း၏အသွင်အပြင်ကြောင့် လူအများက စိတ်ပျက်သွား၏။ ဝမ်ယွင်ချုံးက၊

“ ရေဘုရင် ... ငါတို့အားလုံးက အကယ်ဒမီတွေရဲ့ အမာခံတပည့်တွေပါ ငါ့တို့ရဲ့ ဆရာတွေမျက်နှာကို ထောက်ပြီး ဝေရှန်းကို ခွင့်လွှတ်ပေးနိုင်မလား။ ”

“ ဟမ့် ... ။ ”

ပင်လယ်လိပ်ကြီး၏ နှာမှုတ်သံ ပြုပြီး၊

“ မင်းသာ ... သူ့အတွက် အပြစ်ခံယူဖို့ သတ္တိရှိရင် ... ငါသူ့အသက်ကို နှမြောပေးမယ် ဘယ်လိုလဲ။ ”

-ဟု အေးစက်စွာ မေးခွန်း ထုတ်လိုက်တော့သည်။

ဝမ်ယွင်ချုံးခမျာ မျက်နှာပြောင်းသွားပြီး ချက်ချင်း တိတ်ဆိတ်သွား၏။ တုန့်ဆိုင်းစွာဖြင့် အကြည့်များစွာကို ‌ရှောင်လိုက်ရသည်။

“ ကြောင်သူတော် ... ။ ”

ပင်လယ်လိပ်ကြီးက မှတ်ချက်ပေး၏။ ထိုစကားက ဝမ်ယွင်ချုံးကို ရေထဲ ခုန်ချချင်စိတ် ဝင်ရောက်လာစေသည်။ တိရိစ္ဆာန် တစ်ကောင်မှ သူ့ကို လှောင်ပြောင် အထင်သေးဝံ့သည်လော။

အံကြိတ်လျက် သည်းခံလိုက်ရသည်။ တစ်ဖက်သားရဲသည် မြေကြီးအဆင့် ခွန်အားမျိုး ပိုင်ဆိုင်ချေ၏။ တကျိုက်တည်းဖြင့် သင်္ဘော တစ်စင်းလုံးကို မျိုချနိုင်မည်။

“ ဝေရှန်း၊ ငါမင်းကို ... အနိုင်ကျင့်မှာ မဟုတ်ဘူး ... မင်းအခု ချင်လန်မြစ်ထဲ ဆင်းပြီး ငါနဲ့သုံးကြိမ်တိုက်ပါ မင်းထိန်းထားနိုင်ရင် မင်းအသက်ကို ငါလွှတ်ပေးမယ်။ ”

ထိုတောင်းဆိုချက်ကို ဝေရှန်းမှ ခေါင်းအထပ်ထပ် ခါယမ်းလျက်၊

“ ရေဘုရင် ... မင်းနဲ့ သုံးကြိမ်မပြောနဲ့ အသက်သုံးရှိုက်စာတောင် ငါ မထိန်းနိုင်ပါဘူး ကျေးဇူးပြုပြီး အသက်ရှင်ဖို့ နည်းလမ်းပေးပါ၊ ငါနောင်မှာ ထပ်မပြောတော့ပါဘူး။ ”

“ ဒါဆို ငါကိုယ်တိုင် လှုပ်ရှားရတော့မယ် ထင်တယ်။ ”

ပင်လယ်လိပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်လျက် ပါးစပ်ဟကာ လေစုပ်ဝဲတစ်ခု ဖန်တီးလိုက်သည်။

“ ဝူး ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူမှုစွမ်းအားသည် မုန်တိုင်းကဲ့သို့ ဝေရှန်းကို လုံးလုံးလျားလျား ဖုံးအုပ်သွားခဲ့၏။

“ ချွင် ... ။ ”

ဝေရှန်းတစ်ယောက် လေထဲ လွင့်မျောသွားစဉ် ဓားမြည်သံနှင့် ဓားအလင်း တစ်လက် လွင့်ပျံလာတော့သည်။

“ ဟမ့် ... တိရစ္ဆာန်ကောင် မင်းက နေ့ခင်းကြောင်တောင် လူသားတစ်ယောက်ကို နာကျင်အောင် လုပ်ရဲတယ်လား ... မင်း သေချင်နေတာပဲ။ ”

တစ်ဆက်တည်းမှာပင် ကြီးစိုးလွန်းသော အော်ဟစ်သံနှင့်အတူ မိုးကုပ်စက်ဝိုင်းထံအစပ်မှ မီးလျှံကြိုးကြာငှက်တစ်ကောင် လျှင်မြန်စွာ ပျံသန်းလာ၏။

၎င်းကျောပေါ်တွင် အနက်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လိုက်ပါ လာသည်။ ဓားအလင်းသည် သူ့ထံမှ ဖြစ်၏။

ယင်းကြောင် ဝေရှန်းခမျာ ကယ်တင်ခံလိုက်ရပြီ ဖြစ်ကြောင်း နားလည်ကာ ရွှင်းမြူလာတော့သည်။

“ စီနီယာ ဖုန်းလျူ ... ။ ”

ဝမ်ယွင်ချုံးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ သူ့လေသံနှင့် အမူအရာတွင် လေးစားမှုအပြည့်ရှိနေ၏။

ဤသည်မှာ နှစ်ပေါင်းများစွာ ကျော်ကြားနေခဲ့သည့် လျှိူ့ဝှက်နဂါးဓားဂိုဏ်း၏ မြေကြီးအဆင့်ကျွမ်းကျင်သူ ဖြစ်သည်။

ဒုဂိုဏ်းချုပ် ရာထူးဆက်ခံထားပြီး နဖူးမှသည် ခြေဖျားအထိ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေ၏။

စုရီက မျက်ဝန်းများမှေးစင်းသွားသည်။ ဘုန်းကြီးဟုန်ကျိပြောခဲ့သော စကားများအရ ဤလူသည် အခြားသော ဝိညာဉ်တစ်ခု၏ သိမ်ယူခြင်း ခံထားရသည်။

ထိုစဉ်က သူ့ကိုသတ်ရန်အတွက် လုထောင်လျူ၊ လီစန်းနှင့် လျောင်ယွင်လျူတို့ထံ ညွှန်ကြားခဲ့သူ ဖြစ်သည်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် ပင်လယ်လိပ်ကြီးက ဝေရှန်းကို လွတ်ပြီး လွတ်ရာသို့ တိမ်းရှောင် သွားသည်။ ဝေရှန်းတစ်ယောက် ကြမ်းပြင်ပေါ် ခွေးကျ ကျသွား၏။

“ အွတ် ... ။ ”

တစ်ဖက်တွင် ပင်လယ်လိပ်ကြီး၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းသဖြင့် ရွေ့လျားမှု အကျိုးဆက်မှာ ရေပြင်ကို လှိုင်းထန်သွား စေတော့သည်။

“ ဝုန်း ... ။ ”

တောက်ပသော ဓားအလင်းသည်လည်း တောင်ကြီးတစ်လုံးလို မြစ်ရေပြင်ပေါ် ပြုတ်ကျ လာခဲ့၏။

“ ခရစ် ... ။ ”

ထိုဓားအလင်းကြောင့် လှိုင်းထန်နေသော ရေပြင်တွင် ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ပေပေါင်းများစွာ ပျံ့ကားနေသည်ကို သင်္ဘောပေါ်ရှိ လူတိုင်းမြင်နေရ၏။

ဝေရှန်းက ချက်ချင်းထရပ်ကာ နှာခေါင်းမှ သွေးများသုတ်လျက်၊

“ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ ... ဒီတိရစ္ဆာန်ကို အပိုင်းပိုင်းလှီးပြီး စွပ်ပြုတ်လုပ်သောက်ပါ။ ”

ထိုစကားကြောင့် လူတိုင်း မျက်ခုံးပင့်လိုက်မိ၏။ ဤလူသည် အမှန်ပင် ပါးရိုက်ချင်စရာ ကောင်းချေပြီ။

စုရီက ရေခဲလွှာကို စိုက်ကြည့်ပြီး တစ်ဖက်လူသည် မြေကြီးအလယ်အလတ် အဆင့် ဓားရည်ရွယ်ချက် ပိုင်ဆိုင်ကြောင်း မှန်းဆနိုင်ခဲ့၏။

ထို့ပြင် ရေခဲရည်ရွယ်ချက်ဖြင့် ထပ်မံအားဖြည့်ရန် အနည်းငယ် နီးစပ်နေချေပြီ။ ထို့ကြောင့် ၎င်းဓားတာအိုသည် လီချန်နင်ထက် အနည်းငယ်မျှ ပိုသန်မာ၏။

မူလတာအို နယ်ပယ်အဆင့်တွင် ဓားရည်ရွယ်ချက်ကို အဆင့်သုံးဆင့် ခွဲခြားထား ပေးသည်။

မြေကြီးအဆင့်သည် အနိမ့်ဆုံးဖြစ်ကာ ကောင်းကင်သည် အလယ်အလတ် ဖြစ်ချေ၏။ နက်နဲအဆင့်မှာ အမြင့်ဆုံးပေပင်။

အဆင့်တစ်ခုစီတွင် ကနဦးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဟူ၍ ထပ်မံ ပိုင်းခြားထားသည်။

“ တာအိုမိတ်ဆွေ၊ မင်းဟာ အမှားအမှန်ကို မသိဘဲ .. ငါ့အပေါ်ကို ဓားဆွဲတယ် ဒါအရမ်းကြီး သည်းမခံနိုင်စရာပဲ မဟုတ်လား။ ”

မြစ်ရေပြင် အလယ်ရှိ ပင်လယ်လိပ်ကြီးက ဒေါသတကြီး အပြစ်တင် မေးမြန်းလိုက်၏။

“ ဟမ့် ... မြစ်ကြမ်းပြင်အောက်မှာ ပုန်းအောင်းနေရတဲ့ သားရဲတစ်ကောင်က ငါ့ကို တာအိုမိတ်ဆွေလို့ ... ခေါ်ထိုက်တယ်များ ထင်နေလား။ ”

ရှစ်ဖုန်းလျူက အထင်အမြင်သေးမှု အရိပ်အယောင်များပြသပြီး အေးစက်သော မျက်ဝန်းများဖြင့်၊

“ မင်းအတွက် ဒီအထိရောက်အောင် လေ့ကျင့်ဖို့ဆိုတာ မလွယ်တဲ့အတွက် ငါမင်းကို အခွင့်အရေးပေးမယ် ...

... အခု မင်းအပြစ်တွေကို ဖြေဖို့ ... ငါ့ရဲ့လျှို့ဝှက်နဂါးဓားဂိုဏ်း တောင်တံခါးမှာ သွားပြီးစောင့်ကြပ်နေပါ။ ”

-ဟု ပြောကြားလိုက်တော့သည်။

ထိုစကားက သင်္ဘောပေါ်ရှိ လူပေါင်းများစွာကို အထင်ကြီးစေခဲ့တော့၏။ ဝေရှန်းက ပြုံးရွှင်သွားသည်။ စီနီယာသည် အမှန်ပင် ကြီးစိုးချေပြီ။

“ ဟမ့် ... ဒါက လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ ပုံစံပဲလား ... မင်းငါ့ကို သတ်ရင်တောင် ငါဒီနေ့ ခေါင်းမညွှတ်ဘူး၊ နောင်တမရဘူး။ ”

ပင်လယ်လိပ်ကြီးမှ ခေါင်းမာစွာဖြင့် တုန့်ပြန်ပြောကြားလိုက်၏။ ရှစ်ဖုန်းလျူခမျာ မျက်မှောင်ကြုတ်သွားပြီး၊

“ ဒီမှာ ဘာဖြစ်နေတာလဲ။ ”

-ဟု မေးမြန်းရန် သတိရသွားသည်။

ဝမ်ယွင်ချုံးက လှမ်းတက်လာကာ၊

“ စီနီယာ ... ဒီလိပ်က ငါတို့ စကားစမြည်ပြောနေတုန်း ခိုးနားထောင်ပြီး ဝေရှန်းကို စုရီအကြောင်း မကောင်းပြောလို့ သတ်ချင်တယ် ပြောနေတာပါ။ ”

“ ဟမ့် ... စုရီလား။ ”

ရှစ်ဖုန်းလျူ မျက်ဝန်းများတွင် လျှပ်စီးများ လင်းလက်လာပြီး အဝေးမှ ပင်လယ်လိပ်ကြီးထံ လှမ်းကြည့်ကာ၊

“ ငါမင်းကို အခွင့်အရေးပေးဖို့ ကြိုးစားနေတာ ... ဒါပေမယ့် အခုအဲဒါကို မလိုအပ်တော့ဘူးထင်တယ် ...

... စုရီအတွက် မင်းလာဝံ့နေမှ‌တော့ သူ့အတွက်လည်း မင်းအသက်ကိုပေးဖို့ အသင့် ရှိနေတယ်လို့ ငါယုံတယ် ... ။ ”

စကားဆုံးသည်နှင့် အဝတ်အစားများ တဖျပ်ဖျပ်ခတ်လျက် ကောင်းကင်ပေါ် ပျံတက် သွားကာ ရောင်ဝါများ စုစည်းလိုက်တော့၏။

***

All Chapters