← Chapters

ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲ။

Vol. 21 Ch. 248

ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲ။

Vol. 21 Ch. 248

“ နင်က ဉာဏ်ကောင်းပေမယ့် ရှုပ်ချင်နေတုန်းပဲ ... ဒီလူကိုဓားပြမှန်းသိနေ တာတောင် ယုံနေသေးတယ်။ ”

သူမက တည်ငြိမ်စွာ လျှောက်လှမ်းလျက် သစ်ခုတ်သမားထံ လှမ်းကြည့်ကာ၊

“ သူက ငါ့သူငယ်ချင်းပဲ ... နင်မသေချင်ရင် ဒီကနေ ထွက်သွား။ ”

-ဟု အော်ငေါက်လိုက်၏။

ထင်းခုတ်သမားက မျက်ဝန်းများ တဖျပ်ဖျပ်တောက်ပလာပြီး ကောင်မလေးကို ကြည့်သည်။

“ ကောင်မလေး မတရားမှုတွေ့ရင် တခြားသူတွေကို ကူညီတာ ကောင်းပါတယ်၊ ဒါပေမယ့် မင်းအသက် ဆုံးရှုံးရင် ... ။ ”

“ ဝှစ် ... ။ ”

ရုတ်တရက် အဝေးမှ မြှားတစ်စင်း ပျံသန်းလာပြီး လျှပ်စီးသကဲ့သို့ လေဟာနယ်ကို စုပ်ဖြဲကာ သစ်ခုတ်သမား၏ ဘယ်ဘက်ပခုံး အပေါ် ထိုးဖောက်သွား၏။

ကြောက်စရာကောင်းသော အရှိန်အဟုတ်ကြောင့် သစ်ခုတ်သမားခမျာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။

“ ညီမလေး၊ ကောက်ကျစ်လွန်းတဲ့ မြေခွေးအိုကြီးတွေကို ချောင်ပိတ် မရိုက်ပါနဲ့။ ”

​အဆုံးတွင် မျက်နှာ ပြောင်းလဲလျက် တောင်တန်းဆီသို့ ပြည်လှည့် ပြေးသွား၏။ ကောင်မလေးမှ လိုက်ရန်ပြင်သော်လည်း ဟန့်တားသံတစ်သံ ပဲ့တင်ထပ်လာသည်။

ကောင်းကင်မှ အဖြူရောင်ဝတ် လူငယ်တစ်ဦး ဆင်းသက်လာ၏။ လေးကိုင်းကို လက်တွင်ကိုင်လျက် မြှားကျည်တောက် နောက်ကျောတွင် လွယ်ထားသည်။

ကောင်မလေးက မကျေမနပ်ဖြစ်လာပြီး၊

“ စီနီယာအစ်ကို၊ ဘာလို့ တစ်ခါတည်း ပစ်မသတ်ရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

သူမ မေးခွန်းကြောင့် အဖြူရောင်ဝတ် လူငယ်က ကူကယ်ရာမဲ့စွာဖြင့် စုရီကို ရှက်ရွံ့စွာ တစ်ချက်ငဲ့ကြည့်ပြီး၊

“ သူဟာ မဟာသခင်တစ်ယောက်ပဲ ... ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပစ်သတ်နိုင်မှာလဲ။ ”

-ဟု ပြန်ဖြေသည်။

ထို့နောက် လေးကိုင်းကိုဖယ်လျက် စုရီထံပြုံးကာ နှုတ်ဆက်လေသည်။

“ ခင်လေး၊ ငါတို့ပြန်တွေ့ကြပြီနော် ဒီမြင်ကွင်းက ... မင်းကို မကြောက်စေဘူး မဟုတ်လား။ ”

ထိုအချိန်တွင် ထွက်ပြေးသွားသော ထင်းခုတ်သမားသည် သူတို့နှင့် ပေတစ်ရာ အကွာ တောအုပ်အတွင်း၌ အကြောင်းပြချက် မရှိဘဲ ​လဲကျသေဆုံးသွားခြင်းပေပင်။

ဤသည်မှာ စုရီအတွက် နတ်အာရုံ သွားနိုင်သော အကွာအဝေးဖြစ်၏။ သူ့ထံမှ လုယက်လိုပြီးနောက် အသက်ရှင်လျက် လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

စုရီ ခေါင်းခါလိုက်သည်။ လမ်းတွင် စားသောက်ဆိုင်တစ်ခု၌ ဤနှစ်ယောက်ကို ဆုံတွေ့ထားဖူး၏။

တစ်ယောက်နှင့် တစ်ယောက် မသိကြသော်လည်း ထိုတွေ့ဆုံမှုဖြင့် အချင်းချင်း မှတ်မိနေကြသည်။ ကောင်မလေးက စုရီကိုကြည့်ပြီး၊

“ သူခိုးတစ်ယောက်ရဲ့ စကားကို ဘယ်လိုများ ယုံနိုင်တာလဲ ဝိညာဉ်ကျောက်တုံး ပေးလိုက်ရင် သေချာပေါက် နင်ကို လုယက်လိမ့်မယ်။ ”

-ဟု ဆုံးမတော့၏။

စုရီက ရှုံ့မဲ့သွားလေသည်။ ဤမိန်းကလေးသည် သူ့ကိုယ်သူ စီနီယာ တစ်ယောက်ကဲ့သို့ ပြုမူနေ၏။

“ ကောင်းပြီ ... နင့်မှာ ... အတွေ့အကြုံ မရှိတာ ငါနားလည်ပါတယ် နင့်ကိုငါတို့နဲ့အတူ ခေါ်သွားပေးမယ်။ ”

ကောင်မလေးက လက်ဝှေ့ယမ်းပြီး ရက်ရက်ရောရော ကူညီပေးရန် ပြောကြားလာ တော့သည်။ အဖြူရောင်ဝတ် လူငယ်မှ ပြုံးကာ၊

“ သခင်လေး ... မင်းလည်း ကျောက်စိမ်း မြို့တော်ကို သွားနေတာ မဟုတ်လား ... ငါတို့ အတူတူသွားလို့ရပါပြီ ...

... ငါ့ညီမနဲ့ ငါက အမျာကြီး သန်မာတာမျိုးမဟုတ်ပေမယ့် ... ဒီလိုဓားပြတွေ ကိုတော့ ရင်ဆိုင်နိုင်ပါသေးတယ်။ ”

-ဟု ရှင်းပြဖိတ်ခေါ်လေသည်။

“ ဟား ဟား ဟား ... ကောင်းပြီ သွားရအောင်။ ”

စုရီက ရယ်မောလျက် မငြင်းချေ။ ဤသိုင်းမောင်နှမ နှစ်ယောက်သည် ကိုယ်ရည် ကိုယ်သွေး ကောင်းမွန်ပြီး ရိုးသားကြ၏။

မတရားမှုကို မြင်သောအခါ တုန့်ဆိုင်းခြင်းမရှိ ကူညီရန် ဆန္ဒရှိနေသည်။ သုံးယောက်သား မြစ်ကြောင်းတစ်လျှောက် သင်္ဘောဆိပ်ထံ ဦးတည်လာခဲ့၏။

“ သခင်လေး၊ မင်းဘယ်က လာတာလဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ ... မင်းကျောက်စိမ်း မြို့တော်ကို ဘာလာလုပ်တာလဲ။ ”

လမ်းတွင် ကောင်မလေးမှ မေးခွန်းပေါင်းစုံဖြင့် စပ်စုတော့၏။ သူမသည် ရိုးရှင်းပြီး တက်ကြွမှုအပြည့် ရှိနေသည်။

ထိုအပြုအမူများက ဝမ်လင်ရွယ်ကို သတိရမိစေ၏။ ယင်းကြောင့် ကောင်မလေးထံ နူးညံ့စွာ ပြန်ကြည့်လျက်၊

“ ကျောက်စိမ်းမြို့တော်ကို ကိစ္စတစ်ခုနဲ့ ငါလာတာပါ ငါ့နာမည်သိချင်ပါနဲ့ ဒီမေးခွန်းကို မဖြေဘဲ ထားလိုက်ရအောင်။ ”

-ဟု ဖြေကြားလိုက်တော့သည်။

ကောင်မလေးက ပြုံးရယ်လျက်၊

“ သခင်လေး မင်းနာမည်သိရင် ... မင်းကိုငါခင်ပွန်းအဖြစ် လာတောင်းမှာ ကြောက်နေတာလား။ ”

-ဟုမေးမြန်းတော့၏။

သူမ အမူအရာနှင့် စကားကြောင့် သုံးယောက်သား ရယ်မောလိုက်ကြသည်။ အဆုံးတွင် စုရီက ပြုံးလျက်၊

“ မင်းတို့ကို ဒုက္ခပေးမိမှာ စိတ်ပူတယ်။ ”

-ဟု ရှင်းပြလိုက်၏။

“ အို ... ဒုက္ခလား၊ နင်ဒုက္ခရောက်နေတာလား သခင်လေး။ ”

ကောင်မလေးက မျက်ခုံးပင့်လျက်၊

“ ငါတို့ကို ဘာလို့ မပြောရတာလဲ ... ငါတို့နင့်ကို ကူညီနိုင်ပါတယ်။ ”

“ မဟုတ်ဘူး ... ငါကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။ ”

စုရီက ငြင်းဆန်လိုက်၏။ မိန်းကလေးမှ နောက်ထပ်မေးခွန်းများ ဆက်မေးရန် ပြင်နေရာ အဖြူရောင်ဝတ် လူငယ်က သူမကို ဟန့်တားလိုက်သည်။

“ ညီမလေး၊ သူ့မှာ ပြောပြလို့မရတဲ့ အခက်အခဲရှိနေတာပါ နောက်ထပ် မေးခွန်းတွေ မမေးပါနဲ့ ... ညီအစ်ကို မင်းအကူအညီလိုရင် ငါတို့ကူညီနိုင်သမျှ ငါတို့ငြင်းမှာမဟုတ်ဘူး။ ”

သူ့အမူအရာသည် တည်ငြိမ်ပြီး ယုံကြည်မှု အပြည့်ရှိနေ၏။ စုရီ​မှ ပြုံးကာ ခေါင်းညိတ်လိုက် မိသည်။

ဤမောင်နှစ်မ နှစ်ယောက်သည် ကြောင်သူတော်များ မဟုတ်ချေ။ ရှားရှားပါးပါး ဖြောင့်မတ်ခြင်း နှလုံးသားရှိချေ၏။

သူတို့၏ ပြောကြားချက်အရ အဖြူရောင်ဝတ်လုံဝတ်ထားသည့် လူငယ်သည် ဖူချင်းယွမ်ဖြစ်သည်။

မိန်းကလေးအမည်မှ ကူစန်းနင်ဖြစ်၏။ ၎င်းတို့နှစ်ဦးသည် ကြယ်အလင်း အကယ်ဒမီ၏ တပည့်များပေပင်။

ချင်းလန်မြစ်ကမ်း သင်္ဘောဆိပ်သို့ ရောက်လာသောအခါ ကြီးမားသော လှေကြီး တစ်စင်းကို မြင်တွေ့လိုက်ရသည်။

၎င်းသည် မီတာသုံးဆယ် ရှည်လျားပြီး တောအုပ်တစ်ခုလို ရွက်တိုင်များ တလူလူ ဖြစ်နေ၏။

“ ဝုန်း ... ။ ”

မြစ်ပြင်ရှိ ရေလှိုင်းများက ကမ်းစပ်သို့ တဟုန်ထိုးဝင်ရောက်လာကာ နှင်းများကဲ့သို့ ပျက်ပြယ်သွား၏။

“ အစ်ကိုချင်းယွမ် ... မိန်းကလေးစန်းနင် နောက်ဆုံးတော့ ... မင်းတို့ ဒီကိုရောက်လာပြီ။ ”

သင်္ဘောပေါ်တွင် အနက်၀တ် လူငယ်တစ်ယောက်က ပြုံးလျက် လက်ဝှေ့ယမ်း ပြကာ နှုတ်ဆက်လာသည်။

ဖူချင်းယွမ်က တုန့်ပြန်ပြုံးပြီး လက်သီးဆုပ်ကို လက်ဖဝါး ဖိကပ်ပြလိုက်ကာ သင်္ဘောပေါ်တက်သွားခဲ့၏။

“ အစ်ကိုချင်းယွမ်၊ သူက ဘယ်သူလဲ။ ”

အနက်ဝတ်လူငယ်က စုရီကိုကြည့်ကာ အပြုံးဖြင့် မေးသည်။

“ လမ်းမှာတွေ့လာတဲ့ သူငယ်ချင်း တစ်ယောက်၊ ငါတို့ ကျောက်စိမ်းမြို့တော်ကို သွားမှာမို့ အတူတူခေါ်လာခဲ့တာ။ ”

ထို့နောက် စုရီဘက်လှည့်ကာ၊

“ သခင်လေး ... သူက ယန်ဝမ်ဖူပဲ ခုန်ထုံအကယ်ဒမီရဲ့ အမာခံတပည့်ပါ ငါတို့လို မျိုးဆက်သစ် လူငယ်တွေကြားမှာ ပါရမီရှင်ပဲ ...

... အသက် (၁၉)နှစ်ပဲ ရှိသေးပေမယ့် မဟာသခင်ဖြစ်နေပြီ သူ့ကို ခုန်ထုံအကယ်ဒမီက အရမ်းတန်ဖိုးထားတယ်။"

ထိုမိတ်ဆက်စကားကြောင့် အနက်ဝတ် လူငယ်က ပြုံးပြီး၊

“ အစ်ကို ချင်းယွမ်၊ မင်းရဲ့ ချီးကျူးစကားတွေကို ကျေးဇူးတင်ပါတယ်၊ ငါ့နောက် လိုက်ခဲ့ပါ .. ငါတို့လိုပဲ ...

... ဆောင်းဦးရာသီ ကိုယ်ခံပညာ စမ်းသပ်မှုမှာပါဝင်မယ့် လူငယ်တွေ အများကြီး ဒီသင်္ဘောပေါ်မှာ ရှိနေပါတယ်။ ”

လူငယ်က ပြောပြီးသည်နှင့် လမ်းကိုဦးဆောင်ကာ သင်္ဘောအပေါ်ထပ်သို့ ဦးတည်သွားခဲ့သည်။

သင်္ဘောသည် သုံးထပ်ဖြစ်၏။ အပေါ်ဆုံးထပ်တွင် ကျောက်စိမ်းရင်ပြင်များ ပါရှိသော မဏ္ဍပ်များရှိသည်။

လက်ရန်းကို မှီပြီး အဝေးရှိ ရှုခင်းများထံမျှော်ကြည့်ကာ ချင်းလန်မြစ်၏ အလှတရားအပေါ် ရှုစားနိုင်သည်။

ထိုအချိန်တွင် မဏ္ဍပ်တစ်ခုအတွင်း၌ လူငယ်အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ကျော် ထိုင်ကာ အရက်သောက် စကားစမြည် ပြောနေကြသည်ကို မြင်လိုက်ရသည်။

စားပွဲဝိုင်းထိပ်တွင် ငှက်မွေးသရဖူနှင့် အဝါရောင်၀တ်စုံကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်ထိုင်နေသည်။

မဏ္ဍပ်များအတွင်း၌ ထိုင်ခုံများစွာ မကျန်တော့ဘဲ ၎င်းနှင့်အနည်းငယ်ဝေးသော တံစက်မြိတ်အနားမှ ထိုင်ခုံများသာ ကျန်တော့၏။

ယန်ဝမ်ဖူက ဤကိစ္စအတွက် အနည်းငယ်တောင်းပန်ပြီး

“ အစ်ကိုချင်းယွမ် ... ငါတို့တွေ နည်းနည်းနောက်ကျသွားပြီ၊ ဒါကြောင့် ဒီမှာပဲ ထိုင်ရအောင်။ ”

-ဟု ပြောကြားတော့သည်။

ဖူချင်းယွမ်က ပြုံးပြီး ခေါင်းညိတ်၏။ စုရွအတွက်မူ သဘာဝအတိုင်း ဂရုမစိုက်ချေ။ သူသည် ဤအခြေအနေတွင် အသားကျ နေထိုင်တတ်၏။

“ စားပွဲထိပ်မှာ ထိုင်တဲ့လူက လုယန်အကယ်ဒမီရဲ့ အမာခံ တပည့်ဝမ်ယွီချုံးပဲ၊ အသက်နှစ်ဆယ်ကျော်သာ ရှိသေးပေမယ့် တတိယအဆင့် မဟာသခင်ဖြစ်နေပြီ ...

... လက်ရှိဧကရာဇ်ကျိုးက ... ဒီနှစ် ဆောင်းဦးရာသီ ကိုယ်ခံပညာ ပြိုင်ပွဲမှာ သူ့ကို ထိပ်တန်းသုံး​ဦး စာရင်းဝင်မယ်လို့ မှတ်ချက်ပေးထားတယ်။ ”

ကူစန်းနင် လေသံသည် သဘောကျ လေးစားသည့် အရိပ်အမြွက်များ ရောယှဥ်ပါဝင် နေခဲ့သည်။ ယနေ့ပွဲသည်လည်း ထိုလူငယ်မှ အိမ်ရှင်အဖြစ် အစပြုခဲ့ခြင်းဖြစ်၏။

ကြွရောက်လာသော အမျိုးသားများနှင့် အမျိုးသမီးများအားလုံသည် ဝမ်ယွင်ချုံးနှင့် စကားပြောချိန်တွင် လေးစားမှုများ ပြသနေကြသည်။

စုရီက မဏ္ဍပ်အပြင်ဘက်ရှိ ကျယ်ပြောလှသော မြစ်ရေပြင်နှင့် မှင်ပြာရောင် ကောင်းကင်ကြီးထံ တစ်ချက်ကြည့်ပြီးနောက် သတိရသွားကာ၊

“ ဒါနဲ့ ... စကားမစပ်၊ ဒီဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲက ဘာအတွက်လဲ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

***

All Chapters