← Chapters

ဓားနတ်ဆိုး

Vol. 16 Ch. 194

ဓားနတ်ဆိုး

Vol. 16 Ch. 194

"အရုဏ်တက်နတ်ဧကရီ"

သွေးနီရောင် မျက်နှာများက ဒေါသကြောင့် လိမ်တွန့်နေပြီး ပုံပျက်ပန်းပျက် အော်ဟစ်သံများဖြင့် ဓားတာအိုကျောက်တိုင်မှ တွားသွား ထွက်လာကြသည်။ သူတို့၏ စူးရှသော ငိုသံများက စုဝေးနေသော လူအုပ်ကို တုန်လှုပ်သွားစေသည်။ သွေးများ စမ်းရေတွင်းပမာ ပေါက်ကွဲထွက်လာပြီး ထူထပ်သော မြူခိုးတစ်ခု ပတ်ဝန်းကျင်လေထုကို လွှမ်းခြုံသွားသည်။ ဘီလီယံချီသော ကြောက်မက်ဖွယ် မျက်နှာများက ဧရာမ ဓားတစ်ချောင်းအဖြစ် ပေါင်းစည်းသွားပြီး ပေ တစ်ထောင် ရှည်လျားကာ သွေးများဖြင့် စိုရွှဲနေသည်။ ဤဓားသည် သတ်ဖြတ်လိုစိတ်ဖြင့် တုန်ခါနေပြီး မုန်တိုင်းထန်နေသယောင် ပြင်းထန်ကာ ဓားသွားပေါ်ရှိ မျက်နှာ တစ်ခုချင်းစီက စူးရှရှ အော်သံကို တရစပ် ထုတ်လွှတ်နေသည်

"အရုဏ်တက်နတ်ဧကရီ၊ ငါတို့ကို တရားမျှတမှု ပေးစမ်း"

သွေးစွန်းသော မျက်နှာများ အားလုံးက တူညီသော စကားကို သံပြိုင်ကြွေးကြော်၍ ဧရာမ ဓားကို တုန်လှုပ်စေပြီး ထူထပ်သည့် သွေးမြူခိုးအောက်တွင် ဓားကျင့်ကြံသူ တစ်သိန်း နှင့် ဘိုးဘေးကျောင်းတော် အစောင့် ငါးသိန်း၏ ခန္ဓာကိုယ်များကို အနီရောင် ထင်ဟပ်စေသည်။ ဤနေရာက ကောင်းကင်နယ်မြေ၏ အစွန်အဖျားဖြစ်ပြီး အရုဏ်တက်နတ်နန်းတော်နှင့် ဝေးကွာသော်လည်း ဧရာမ ဓားပေါ်မှ မရေမတွက်နိုင်သော မျက်လုံးများက နန်းတော်၏ လားရာဘက်သို့ စိုက်ကြည့်ရင်း သူတို့၏ သတ်ဖြတ်လိုစိတ် အားလုံးကို ထုတ်လွှတ်လျက်ရှိ၏။ သူတို့က အရုဏ်တက်နတ် ဧကရီကို သတ်ဖြတ်ရန် ကြိုးပမ်းနေကြပြီးကြောက်မက်ဖွယ် နတ်ဆိုး၏ ရည်ရွယ်ချက်သည် မရေမတွက်နိုင်သော သွေးဓားများကဲ့သို့၊ လူတိုင်း၏ နှလုံးသားအတွင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"အကြံ အောင်မြင်ပြီ"

ရဲချင်းထျန်၏ မျက်လုံးများက ဝမ်းသာလုံးဆို့နေသဖြင့် တောက်လောင်နေသည်။

"ဘိုးဘေးကျောင်းတော် အစောင့်တွေ နဲ့ မဟာကျောင်းတော်သား အားလုံး၊ မင်းတို့က ဒီခေတ်ရဲ့ သူရဲကောင်းတွေ ဖြစ်လာကြပြီ။ ငါ မင်းတို့ကို အမိန့်ပေးတယ် ဆုတ်ခွာကြ"

ယို ဖုန်းက တော်ဝင် အမိန့်တော်ကို လိမ်လည်ကြေညာခြင်းမှ ဓားတာအိုကျောက်တိုင်ကို ဖြိုလှဲခြင်းအထိ အချိန်တိုတစ်ခုသာ ကြာမြင့်ခဲ့သည်။ ဓားကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုက ပြင်းထန်ခဲ့သော်လည်း သူတို့ကို မနှောင့်နှေးစေခဲ့ဘဲ အရာအားလုံးမှာ ရဲ ချင်းထျန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ သူ၏ အမိန့်ဖြင့် ကျောင်းသားများ ဖြစ်စေ၊ အစောင့်များ ဖြစ်စေ၊ အားလုံးက လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ စက်ဆုပ်ဖွယ် ဖြစ်တည်နေ၏။

"ဘီလီယံချီတဲ့ မကျေနပ်မှုတွေနဲ့ အမြင့်မြတ်ဆုံး ဓားနတ်ဆိုး။ မင်းရဲ့ အငြှိုးတရားအတွက် ကောင်းကင်နယ်မြေရဲ့ လူသန်းပေါင်းများစွာကို မင်းရဲ့ ဓားနဲ့ သွေးစွန်းပါစေ။ ပြီးရင် အပြစ်ကို နတ်ဧကရီအပေါ် အကုန်ပုံချပစ်လိုက်"

ယိုဖုန်းက သွေးစွန်းနေသော ဓားကြီးကို စိုက်ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။ ငရဲ မိစ္ဆာ၏ ထိန်းချုပ်မှုအောက်တွင် ဤဓားနတ်ဆိုး၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားနိုင်ခဲ့ကြသည်။ သူတို့၏ အကြံအစည် အောင်မြင်ပြီးနောက် ရယ်မောရင်း ဆုတ်ခွာသွားခဲ့ကြသည်။

ဓားတာအိုကျောက်တိုင် ပြိုလဲသွားသောအခါ ဓားကျင့်ကြံသူ တစ်သိန်း၏ နှလုံးသားများရှိ ယုံကြည်မှုလည်း ထို့အတူ ပြိုလဲခဲ့သည်။ သူတို့ မင်သက်စွာ ရပ်နေမိကြပြီး ကောင်းကင်မှ ဓားနတ်ဆိုးကို စိုက်ကြည့်ရင်း ထူထပ်သော သွေးမြူခိုးအောက်တွင် မျက်လုံးများ နီရဲပြီး ဗလာဟင်းလင်းဖြစ်နေသည်။

"ငါတို့ရဲ့ ဘိုးဘေးတွေက နတ်ဆိုး ဖြစ်သွားပြီ"

သူရဲကောင်း ဝိညာဉ် ဘီလီယံချီ၏ မကျေနပ်မှုက အလွန် ပြင်းထန်လွန်းပေသည်။

"အရုဏ်တက်နတ်ဧကရီ သေရမယ်"

ဧရာမ ဓားနတ်ဆိုးသည် ဓားတာအိုကျောက်တိုင်မှ လက်စားချေလိုသော ဝိညာဉ်များကို ဆက်လက် ဆွဲယူနေပြီး သတ်ဖြတ်လိုစိတ်မှာ ပိုမိုပြင်းထန်လာ၏။

"ဓား သူတော်စင် စွန်း။ တော်ဝင်အမိန့်တော်ကို လိမ်လည် ဖန်တီးထားတာ သေချာတယ်။ သူတို့က ငါတို့ရဲ့ ဘိုးဘေးတွေနဲ့ အရှင်မကို ရန်တိုက်ပေးချင်နေကြတယ်"

နန်းကုန်းရှီသည် ဝမ်းနည်းစွာ ငိုကြွေးရင်း မျက်ဝန်းများ နီရဲနေ၏။

"သူတို့က အကြွင်းအကျန်ဝိညာဥ်သာ ဖြစ်လို့ စစ်မှန်တဲ့ ဝိညာဉ်တွေ မဟုတ်ဘူး။ အမုန်းတရားကလွဲရင် ဘာမှ နားမလည်နိုင်ဘူး။ ဒါပေမယ့် အမုန်းတရားကို ဒီအခြေအနေအထိ လှုံ့ဆော်ပေးဖို့ တစ်ခုခုက ထိန်းချုပ်နေရလိမ့်မယ်"

ဓား သူတော်စင် စွန်းက တုန်တုန်ရီရီဖြင့် ရှင်းပြခဲ့သည်။

"ငါတို့ ဘာလုပ်ရမှာလဲ"

ရောင်ယွဲဲ့က အေးစက်စွာ မေးသည်။

"ဒါကို တားဆီးပြီး အရှင်မကို စောင့်ရမယ်"

ထို့နောက် ဓား သူတော်စင် စွန်းသည် အစွမ်းထက် ဓားသမားများ ခြံရံလျက် ကောင်းကင်သို့ ပျံတက်သွားပြီး ဓားနတ်ဆိုး၏လမ်းကို အသက်နှင့်ရင်းကာ တားဆီးရန်ပင်။

"ငါတို့က ပြည်သူတွေကို ထိခိုက်ခွင့် မပြုနိုင်ဘူး"

ဤပရမ်းပတာအခြေအနေကြောင့် ပြည်သူလူထုက အလွယ်တကူ လမ်းမှားသို့ ဆွဲဆောင်ခံရနိုင်ပြီး အမှန်တရား မည်သို့ပင်ဖြစ်ပါစေ၊ အရုဏ်တက်နတ်ဧကရီ၏ အမည်ကို အော်ဟစ်ရင်း အပြစ်မဲ့သူများကို သတ်ဖြတ်နေသော ဓားနတ်ဆိုးသည် ပြန်လည် ပြင်ဆင်မရနိုင်သော အထင်မှား အမြင်မှား ဖြစ်စေလိမ့်မည်။ လိမ်လည် ဖန်တီးထားသော တော်ဝင် အမိန့်တော်အကြောင်း အမှန်တရားက အရေးမပါတော့ပေ။ အကယ်၍ အရုဏ်တက်နတ်ဧကရီ အသရေဖျက်ခံရလျှင် အဇူရာသစ်ရွက် အဖွဲ့နှင့် ရဲချင်းထျန်သည် အာဏာရ နန်းပလ္လင်သို့ တက်လှမ်းမှုကို ထောက်ခံရန် ပြည်သူ့ သဘောထားကို သေချာပေါက် လှည့်ဖြားနိုင်ပေလိမ့်မည်။ သို့မှသာ အဇူရာ သစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်ကို ပြန်လည် ထူထောင်နိုင်မည် မဟုတ်ပါလော။

အဇူရာ လိဖ် အဖွဲ့၏ သြဇာအာဏာ အလွန် ကျယ်ပြန့်ပြီး ကောလဟာလများ ဖြန့်ကျက်နိုင်သော အစွမ်းမျိုး ကိုင်စွဲထားကြသည်။

"သိပ်မကြာခင်က နတ်ဆိုး တစ်သန်းကျော် ဆူပူသောင်းကျန်းပြီး ဝိညာဉ်ရတနာနန်းတော် နဲ့ ကောင်းကင်နယ်မြေရှိ အဓိက လောင်းကစားရုံတွေကို ပြဿနာရှာနေကြတယ်။ သူတို့က အင်မော်တယ်နတ်ပြည်ထောင်ကိုယ်စားပြု ယွမ်ရှောင်ရဲ့ စစ်မှန်တဲ့ အစွမ်းကို ဖုံးကွယ်ပြီး လောင်းကြေးကို ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲရင်း ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုနေကြတယ်။ ဒါက ပြဿနာ ကြီးကြီးမားမားဖြစ်ပြီး ကိုးကောင်းကင် အင်မော်တယ်စစ်တပ် ဝင်ရောက် ကိုင်တွယ်နေရတယ်။ အရှင်မက ဒီအခြေအနေကို ကိုင်တွယ်နေရလောက်တယ်"

စုလန်လန်က အသေးစိတ် သတင်းပေးလိုက်သည်။

"ဒါက လမ်းလွှဲဖို့ နည်းဗျူဟာတစ်ခုပဲ။ ခွေးကောင်တွေက နတ်ဆိုးတွေနဲ့ သွေးသားချင်း တကယ် ဆက်နွယ်နေကြတယ်"

"ငါတို့ ဘိုးဘေးတွေရဲ့ မကျေနပ်မှုက အမြတ်ထုတ်ခံနေရတယ်။ တကယ်လို့ မှားယွင်းစွာ ကိုင်တွယ်ခဲ့ရင် ကောင်းကင်နယ်မြေမှာ အလောင်း သန်းပေါင်းများစွာ ပြည့်နှက်သွားလိမ့်မယ်။ ခံစစ်စည်းကို ထိန်းထားကြ"

ဓားသူတော်စင် စွန်း၏ အမိန့်​ကြောင့် ဓားကျင့်ကြံသူ တစ်သိန်းသည် ဓားဝိညာဉ်များကို ဆင့်ခေါ်လိုက်ကြသော်လည်း လက်များ တုန်ရီနေပြီး မျက်လုံးများ၌ ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က ဓားနတ်ဆိုးပေါ်ရှိ ဘိုးဘေးများ၏ ရှုံ့မဲ့နေသော မျက်နှာများကို စိုက်ကြည့်ရင်း နှလုံးသားတွင် ဝမ်းနည်းစိတ်ဖြင့် လေးလံနေသည်။

ဘုန်း

ထိုအခိုက်အတန့်တွင် ဓားနတ်ဆိုးက အပြည့်အဝ ပေါ်ထွက်လာပြီး ငိုသံများ ဝမ်းနည်းဖွယ်ကောင်း၍ သတ်ဖြတ်လိုစိတ် ပို၍ ပြင်းထန်လာ၏။ ဓားကျင့်ကြံသူ တစ်သိန်း၏ နောက်ကွယ်တွင် စောင့်ကြည့်နေခဲ့သော လူအုပ်မှာ ထိတ်လန့်တကြား ထွက်ပြေးသွားပြီးဖြစ်သည်။

"အရုဏ်တက်နတ်ဧကရီက ဓားကျင့်ကြံသူ ဘိုးဘေးများကို ဒေါသထွက်အောင် အမှန်တကယ် လုပ်ခဲ့တာလား"

သူတို့က ဤအချက်ကို မယုံကြည်ချင်သော်လည်း ဘီလီယံချီ ဒေါသထွက်နေသော ဝိညာဉ်များ သူမကို ပစ်မှတ်ထားနေသည့်အပြင် ဓားတာအိုကျောက်တိုင်ကို ဖြိုလှဲခဲ့သူများမှာ မဟာကျောင်းတော် ကျောင်းသားများ ဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့ကြသည်။ သို့ရာတွင် ၎င်းကို မမြင်လိုက်ရသူများအတွက် ဤအတိုင်း ဆက်ဖြစ်နေလျှင် ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူ အားလုံး၏ အမြင်တွင် ဓားနတ်ဆိုးက အပြစ်မဲ့သော အသက် သန်းပေါင်းများစွာ သတ်ဖြတ်နေသည်ကိုသာ မြင်တွေ့ပေလိမ့်မည်။ ထိုအချိန်တွင် ဤသက်သေမှာ လူတိုင်း၏ မျက်မြင်ဖြစ်လာကာ နတ်ဧကရီ၏ ဂုဏ်သိက္ခာကို အဆုံးတိုက် ပျက်စီးသွားစေနိုင်သည်။

"လမ်းဖယ်ပေးစမ်း"

ဓားနတ်ဆိုးက ဟိန်းဟောက်၍ မကျေနပ်သော ဝိညာဉ်များ၏ မျက်လုံးများသည် ဓားကျင့်ကြံသူများ အုပ်စုအပေါ် စိုက်ကြည့်နေခဲ့သည်။

"ဘိုးဘေးတို့၊ ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါ။ ကျောက်တိုင်ကို စော်ကားခဲ့သူမှာ ရဲချင်းထျန် ဖြစ်ပြီး အရုဏ်တက်နတ်ဧကရီ မဟုတ်ပါဘူး"

ဓားသူတော်စင် စွန်းက ဖြောင်းဖျရန် အော်ဟစ်လိုက်သည်။ ဓားနတ်ဆိုး၏ ကိုယ်တွင်း၌ အနက်ရောင် မြူခိုး လှိုင်းလုံးတစ်ခု ရှိနေကာ ငရဲ မိစ္ဆာ၏ အသံ အေးစက်စက် ပဲ့တင်ထပ်နေသည်။

"အရုဏ်တက်နတ်ဧကရီကို ကာကွယ်ရင် သတ်ပစ်လိုက်"

ဓားနတ်ဆိုး၏ ဓားကြီး တုန်ခါသွားကာ သွေးမြူခိုးများ ပြည့်နှက်နေသော ကောင်းကင်အောက်တွင် ဓားကျင့်ကြံသူများထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။

"ဘိုးဘေးတို့"

ဓားကျင့်ကြံသူ တစ်သိန်း၏ နှလုံးသားများတွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းစိတ် ပြည့်နှက်နေသော်လည်း သူတို့၏ ဓားဝိညာဉ်များကို ဓားနတ်ဆိုးကို တားဆီးရန် ကိုင်ဆောင်ထားဆဲ ဖြစ်၏။

"ငါတို့ရဲ့ ဘိုးဘေးတွေက သူတို့ရဲ့မျိုးဆက်ကိုတောင် တိုက်ခိုက်ရလောက်အောင် မကျေမနပ် ဖြစ်နေကြပြီလား"

သူတို့၏ နှလုံးသားများ ညှိုးငယ်နေသော်လည်း အနောက်တွင် ကောင်းကင်နယ်မြေ၏ အပြစ်မဲ့သော အရပ်သားများ ရှိနေသဖြင့် တားမြစ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

"ဘိုးဘေးတို့၊ ငါတို့က ဓားလမ်းစဥ်ရဲ့ မျိုးဆက်သစ်တွေဖြစ်ပြီး ငါတို့မှာ အသက်ကလွဲလို့ ဘာမှ မရှိဘူး။ ငါတို့ရဲ့ အသက်က မင်းတို့ရဲ့ စိတ်ကို ပြန်လည်နိုးထလာစေဖို့ မျှော်လင့်ပါတယ်"

"ဓားကျင့်ကြံသူတစ်ယောက်က ဓားကိုမကောင်းဆိုးဝါးနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ ကိုင်စွဲရမယ်။ အပြစ်မဲ့သူကို သတ်ဖြတ်ပြီး ထာဝရ အမှားတွေ ကျူးလွန်ဖို့ လှည့်ဖြားခြင်း မခံရဘူး"

ဓားသူတော်စင် စွန်း၏ မီးခိုးရောင် ဝတ်ရုံက လွင့်ဝဲနေကာ သွေးရောင်သန်းနေသည့် မျက်လုံးများဖြင့် ဓားနတ်ဆိုးထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။ ဓားကျင့်ကြံသူ တစ်သိန်းကလည်း ပျံတက်သွားပြီး အဘိုးအိုနောက်သို့ လိုက်ပါသွားကာ ဓားလမ်းစဥ်ကို ယုံကြည်ထားကြသည်။ ဓားဝိညာဥ်က သူတို့၏ အချင်းချင်း ဆက်သွယ်မှု ဖြစ်ပြီး ဘိုးဘေးများနှင့် မျိုးဆက်သစ်များအကြား နှလုံးသားများ၏ ပဲ့တင်ထပ်သံလည်း ဖြစ်သည်။

ဓားသူတော်စင်စွန်းသည် ငယ်စဉ်ကတည်းက ဓားတာအိုကျောက်တိုင်ကို ပူဇော်ပသခဲ့ပြီး အသက် ကိုးဆယ့်သုံးနှစ်တိုင်အောင် နေ့ရောညပါ မပြတ်လပ်ခဲ့ပေ။

သူတို့၏ ခန္ဓာကိုယ်များသည် ဤဓားနတ်ဆိုးရှေ့တွင် အစက်အပြောက်ငယ်လေးများပမာ ထင်ရသော်ပြီး အသက်ရှုသံတစ်ချက်ဖြင့် လွယ်ကူစွာ အသတ်ခံရနိုင်သော်လည်း မျက်လုံးများတွင် စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေသည်။

"ဒီယင်ကောင်တွေကို သတ်ပစ်လိုက်"

ငရဲမိစ္ဆာက ဓားနတ်ဆိုးကိုယ်တွင်းမှ အဆက်မပြတ် သွေးထိုးပေးနေပြီး ဓားနတ်ဆိုး၏ ဓားကြီး မြောက်တက်လာသော်လည်း ထိုခဏတွင် ၎င်းအပေါ်ရှိ မျက်နှာများ ပြောင်းလဲသွားကြ၏။ သူတို့က ဓားဝိညာဉ်များကို မြင်တွေ့နိုင်ပြီး မျိုးဆက်သစ်များမှာ အတိတ်က သူတို့၏ ပုံစံအတိုင်းဖြစ်ကြောင်း နားလည်လိုက်သည်။

"မဟုတ်ဘူး"

ဓားနတ်ဆိုးက တုန်ခါသွားပြီး ဓား၏ လားရာကို ရုတ်တရက် ပြောင်းလဲလိုက်သောအခါ ဓားကျင့်ကြံသူ တစ်သိန်းအနားမှ ကပ်၍ ဖြတ်သန်းသွားကာ မည်သူ့ကိုမှ မထိခိုက်စေခဲ့ပေ။

"ဘိုးဘေးတွေမှာ အသိတရား ရှိနေတယ်"

မျက်ရည်များ ဓားသူတော်စင်စွန်း၏ မျက်လုံးများထဲတွင် ပြည့်လျှံနေသည်။

"ဘာတွေ ဖြစ်နေတာလဲ။ ငရဲ မိစ္ဆာ ဘာလုပ်နေတာလဲ"

အဝေးမှ စောင့်ကြည့်နေဆဲဖြစ်သော

ရဲချင်းထျန်က လီရှီရှီဘက်လှည့်ကာ အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

"စိတ်ချစမ်းပါ။ ဘီလီယံချီတဲ့ ဝိညာဥ်တွေမှာ စွဲလမ်းမှုအချို့ ရှိနေတာက ပုံမှန်ပဲ။ ဓားနတ်ဆိုးက သူ့ရဲ့မျိုးဆက်ကို မတိုက်ခိုက်ရင်တောင် ကောင်းကင်နယ်မြေရဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်ဖို့နဲ့ အရုဏ်တက်နတ်ဧကရီရဲ့ ဂုဏ်သတင်း ပျက်စီးစေဖို့သာ လိုအပ်တယ်"

လီရှီရှီက ရှင်းပြသည်။

"ဒီအကြံရဲ့ ထိုးနှက်ချက်အားလုံးက သူမအတွက် သေစေနိုင်လောက်အောင် ပြင်းထန်တယ်"

ယိုဖုန်းက အေးစက်စွာ ရယ်မောနေပြီး ထိုအချိန်မှစ၍ ဤနတ်ဆိုးလက်ပါးစေခွေးများသည် သူတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားတော့ပေ။ ဓားနတ်ဆိုးကသာ ကောင်းကင်နယ်မြေတွင် လူသတ်ပြီး အရုဏ်တက်နတ်ဧကရီကို ထိခိုက်သရွေ့ နန်းပလ္လင်ကို သိမ်းပိုက်ရန် နတ်ဆိုးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

"အရုဏ်တက်နတ်ဧကရီ ဒီကို ရောက်နေပြီ"

မူတန်းရှီက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

"သူမက ဝိညာဉ်ရတနာနန်းတော်ကို စွန့်ပစ်ခဲ့တာလား"

ရဲချင်းထျန်က နှာခေါင်းရှုံ့သည်။

"ကိစ္စမရှိဘူး၊ သူမက ဓားနတ်ဆိုးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအစား၊ ဒါကို ဒေါသထွက်သွားစေရင် မကျေနပ်မှု ရှိနေသရွေ့ အင်မော်တယ် ဖြစ်လာနိုင်တယ်"

လီရှီရှီက တစ်လုံးချင်း ပြောသည်။

"ငရဲ မိစ္ဆာက အမှန်တကယ် အဖိုးတန် ရတနာတစ်ခု ဖြစ်တယ်။ အရုဏ်တက်နတ်ဧကရီက အဆုံးမဲ့ငရဲပြည်နဲ့ မပတ်သက်ဘူးဆိုတော့ ဒီရတနာအကြောင်း မသိလောက်ဘူး"

ရဲချင်းလီက လှောင်ပြောင်သည်။

သူတို့က အခြေအနေကို စောင့်ကြည့်နေစဉ်၊ ရွှေရောင် ပုံရိပ်တစ်ခုသည် ဓားနတ်ဆိုးနှင့် တိုက်ခိုက်နေပြီ ဖြစ်လေသည်။

All Chapters