← Chapters

ကျေးဇူးပြု၍ ဘိုးဘေးများ သံသရာစက်ဝန်းသို့ ဝင်ရောက်နိုင်ပါပြီ

Vol. 16 Ch. 196

ကျေးဇူးပြု၍ ဘိုးဘေးများ သံသရာစက်ဝန်းသို့ ဝင်ရောက်နိုင်ပါပြီ

Vol. 16 Ch. 196

ဓားနတ်ဆိုးသည် လှုပ်ရှားမှုကြီးတစ်ခုကို ဖြစ်ပွားစေခဲ့သော်လည်း အသက်တစ်ချောင်းမျှ ဆုံးရှုံးခဲ့ခြင်းမရှိဘဲ အရုဏ်တက်နတ်ဧကရီလည်း ထိခိုက်ဒဏ်ရာမရခဲ့ပေ။ ပြည်သူ့သဘောထားကို လှည့်ဖြားရန် ကြိုးပမ်းမှုအားလုံး လုံးဝ ပျက်ပြယ်သွားခဲ့ပြီး ခိုင်မာစွာ ရပ်တည်နေသရွေ့ သူမ၏ ဂုဏ်သတင်းသည် ပို၍သာ မြင့်မားလာလိမ့်မည်။ ယခု အဇူရာ သစ်ရွက် အဖွဲ့၏ လိမ်လည်ဖန်တီးထားသော နအမိန့်တော်သည် ကြီးလေးသော အပြစ်မအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မဟာကျောင်းတော် သူတော်စင်က စကားအနည်းငယ်သာ မှားသွားခဲ့သော်လည်း တိုက်ရိုက် ကွပ်မျက်ခံလိုက်ရ၏။

"ဆုတ်ခွာကြ"

ရဲ ချင်းထျန်က သူ၏ လက်ကို ဝှေ့ယမ်းပြီး လီ ရှီရှီအား လှမ်းပြောသည်။

"နတ်ဆိုးဧကရာဇ် သုံးပါးနဲ့ ခရမ်းရောင်ဧကရာဇ်ကို ဆင့်ခေါ်လိုက်"

"မင်းတို့ ထွက်ပြေးနိုင်မယ်လို့ ထင်လား"

စကားပြောခဲ့သူမှာ အရုဏ်တက်နတ်ဧကရီ မဟုတ်ဘဲ ​ကောင်းကင်မှ ယွမ်ရှောင် ဖြစ်ပြီး ရဲချင်းထျန် နောက်သို့ လှည့်ကြည့်လိုက်ရာ ယွမ်ရှောင်၏ အကြည့်နှင့် တိုက်ဆိုင်သွားသည်။

"အမိန့်တော်ကို လုပ်ကြံဖန်တီးခြင်း၊ ဓားတာအိုကျောက်တိုင်ကို ဖြိုလှဲခြင်း၊ ငါတို့ရဲ့ ဘိုးဘေးများကို စော်ကားခြင်း၊ မင်းတို့ ကောင်းကင်ရဲ့ အမျက်ဒေါသနဲ့ ကံကြမ္မာ၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်လိုက်စမ်း"

လက်တုံ့ပြန်မှု ရောက်ရှိလာခဲ့ပြီး ယွမ်ရှောင် ပတ်လည်တွင် ဝေ့ဝဲနေသော ဝိညာဉ်များ၏ စွမ်းအားမှာ မပျောက်ကွယ်သေးဘဲ ထို အခိုက်အတန့်တွင် သူ၏ ဓားဝိညာဉ်ကို ကောင်းကင်သို့ မြှင့်တင်လိုက်သောအခါ ကောင်းကင်ဘုံကို ခွဲခြမ်းနိုင်သော ဓားတစ်ချောင်းပမာပင်။ ဓားနယ်မြေ ဘိုးဘေးများမှ စွမ်းအင်များသည် ၎င်းနှင့် အပြည့်အဝပေါင်းစပ်သွားကာ

ဒေါသ မျက်နှာများ ဓားဝိညာဉ်ပေါ်တွင် ပေါ်ထွက်လာသည်။ သို့သော် ဤတစ်ကြိမ်၌ သူတို့က ဝမ်းနည်းပူဆွေးနေခြင်း မရှိဘဲ ရှင်းလင်း ဖြောင့်မတ်သော ဒေါသဖြင့်သာ တောက်လောင်နေသည်။

"သွေးအတွက် သွေးကြွေး"

ဤဝိညာဉ်များကို သေဆုံးခြင်းသို့ ပို့ဆောင်ခဲ့သူများမှာ ကောင်းကင်နယ်မြေ၏ ရဲ၊ မူ၊ ဟန်၊ နှင့် ယို မျိုးနွယ်များ ဖြစ်ကြပြီး သူတို့၏ မျိုးဆက်များမှာလည်း ဓားကျင့်ကြံသူများကို ဆက်လက် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်သည်။ ဓားဝိညာဉ်သည် ဓားနှလုံးသားများ၏ စွမ်းအားကို စုပ်ယူ၍ မျိုးဆက်များကြားမှ ကွာဟမှုကို ပေါင်းကူးပေး၍ ဘိုးဘေးများ၏ ဆန္ဒနှင့် ဓားတာအို၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည်။ ထိုအချိန်တွင် ဓားတာအိုကျောက်တိုင်မှ ထွက်ခွာသွားသော ဝိညာဉ်များသည် အလွန် အစွမ်းထက်လာပြီး ယွမ်ရှောင်၏ ဓားဝိညာဉ်သို့ ဝင်ရောက်သွားသည်။

သွေးပင်လယ်တစ်ခုပမာ စွမ်းအင်များကြောင့် ယွမ်ရှောင်၏ အပြာရောင် ဓားဝိညာဉ်က ပထမဆုံးအကြိမ်အဖြစ် အနီရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံး သွေးရောင်သန်းနေပြီး ဆံပင်နှင့် အဖြူရောင်ဝတ်ရုံကိုပင် အနီစွန်းထင်းနေ၏။ သူက သူကိုယ်တိုင် မဟုတ်တော့ဘဲ ဒေါသထွက်နေသော ဝိညာဉ် ဘီလီယံချီ၏ ပြန်လည်ဝင်စားခြင်း ဖြစ်ကာ ဓားဝိညာဉ်မှတစ်ဆင့် သက်ရှိလောကသို့ ပြန်လည်ရောက်ရှိလာပြီး သူတို့ကိုယ်တိုင်နှင့် ဓားကျင့်ကြံသူ အားလုံးအတွက် တရားမျှတမှုကို ရှာဖွေခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ယွမ်ရှောင်က နတ်ဆိုးတစ်ကောင် ဖြစ်သွားပြီလား"

မဟာကျောင်းတော်မှ ကျောင်းသား သောင်းပေါင်းများစွာနှင့် အားရပါးရ ရယ်မောခဲ့ကြသူများ ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး ဘိုးဘေးကျောင်းတော် အစောင့်များလည်း ပါဝင်သည်။

"စိတ်မပူနဲ့။ ငါတို့ရဲ့ အဇူရာသစ်ရွက်အဖွဲ့ကို နတ်ဆိုးဧကရာဇ်တွေက ကာကွယ်လိမ့်မယ်"

"ငါတို့က အင်မော်တယ်နတ်ပြည်ထောင်၏ အနာဂတ် တိုင်တွေပဲ။ ငါတို့မရှိရင် ပြည်ထောင် ပြိုလဲသွားလိမ့်မယ်"

ဤ အခိုက်အတန့်တွင်ပင် သူတို့က သာမန်ပြည်သူများထက် သာလွန်သည်ဟု ထင်မှတ်နေကြဆဲ ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်မှ ပုံရိပ်သည် သွေးဓားတစ်ချောင်းနှင့် ထွက်ပြေးနေသော မဟာကျောင်းတော်သားများ တစ်ဖြစ်လည်း မိမိကိုယ်ကို အင်မော်တယ်နတ်ပြည်ထောင်၏ အနာဂတ် တိုင်များဟု ကြွေးကြော်သူများ အပေါ် ပစ်မှတ် သတ်မှတ်လိုက်သည်။

"တာအို နှလုံးသား မရှိတဲ့ ကျင့်ကြံသူတွေ။ တကယ်လို့ အင်မော်တယ်နတ်ပြည်ထောင်ကို မင်းတို့လိုလူတွေ အုပ်ချုပ်မှ တကယ် အနာဂတ်မဲ့သွားလိမ့်မယ်"

ယွမ်ရှောင် ဘီလီယံချီသော ဝိညာဉ်များကိုယ်စား စကားပြောလိုက်သည်။ သူ၏ အနီရောင် ဓားဝိညာဉ်က ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်သတ်ဓားသိုင်း ကြယ်ကြွေ မိုးရွာခြင်းဖြင့် ပြေးထွက်လာခဲ့သည်။ ၎င်းကြောင့် ကောင်းကင်၌ အနီရောင်အက်ကြောင်းကြီးပင် ဖြစ်တည်လာကာ မဟာကျောင်းတော်သားများထံ ဝင်ရောက်ခဲ့သည်။ သစ္စာဖောက်မျိုးနွယ်ဝင်များက ဓားတစ်ချက်အဝေ့တွင် သွေးနှင့် အသား လွင့်စင်သွားပြီး ခြေပြတ်လက်ပြတ်များနှင့် ဦးခေါင်းများ လေထဲ လွင့်ပျံသွားကာ ၎င်း ဖြတ်သန်းသွားသည်နှင့် တပြိုင်နက် မဟာကျောင်းတော်သား သောင်းပေါင်းများစွာ ပျောက်ကွယ်သွားသည်။ မြေပြင်ပေါ်တွင် သွေး၊ အသား၊ နှင့် အရိုးများ အလွှာလိုက် ကျန်ရစ်ခဲ့ပြီး မရေမတွက်နိုင်သော ရတနာများ၊ ကျောက်စိမ်း နှင့် ဝိညာဉ် ကျောက်တုံးများ သိုလှောင်အိတ်များအတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ၎င်းက များပြားလှသော ဝိညာဥ်များကို ဝါးမျိုထားသဖြင့် အတွင်း၌ နာကျင်စွာ မြည်တမ်းနေသည့် လူငယ်မျက်နှာများ တွေ့မြင်နိုင်သည်။ အဇူရာ သစ်ရွက် အဖွဲ့သည် ထောင်စုနှစ်များစွာ ကြာမြင့်အောင် မျိုးဆက်သစ်များ ပိုင်ဆိုင်ထားခဲ့သော်လည်း တခဏအတွင်း အသတ်ခံလိုက်ရသည်။

“အား”

ရဲချင်းထျန်၊ ယိုဖုန်း၊ မူတန်းရှီ၊ နှင့် အခြားသူများ ဤမြင်ကွင်းကြောင့် နေရာ၌ အေးခဲသွားကြသည်။ ယွမ်ရှောင်က ဓားကို ဖမ်းယူလိုက်ပြီး ရက်စက်ပြတ်သားလွန်းကာ နတ်ဧကရီပင် ပြုလုပ်ဝံ့မည် မဟုတ်ပေ။

“စိတ်အေးအေးထား။ မင်းတို့အလှည့်လာပြီ”

သူက ဓားပျံကို စီးနင်း၍ လျှပ်တပြက်လသိုင်းကွက်ဖြင့် ဘိုးဘေးကျောင်းတော် အစောင့် ငါးသိန်း၏ ဦးခေါင်းများပေါ်သို့ ကြယ်ကြွေတစ်စင်းအလား ထိုးကျလာသည်။ ထိုအစောင့်များလည်း ခဏအတွင်း အလောင်းပင် မကျန်အောင် ချေမှုန်းခံလိုက်ရပြီး ဝိညာဉ်များ ဓားဝိညာဉ်မှ စုပ်ယူခံလိုက်ရသည်။

ဓားပျံက ကြိုတင်ခန့်မှန်းမရနိုင်အောင် ရွေ့လျားနေပြီး ဘိုးဘေးကျောင်းတော် အစောင့် ငါးသိန်းကြားတွင် ခုနစ်ကြိမ်တိုင်တိုင် ဝင်ထွက်သွားသည်။ ဘီလီယံချီသော ဓားနယ်မြေ ဘိုးဘေးဝိညာဉ်များ၏ ဒေါသက ဤအစောင့်များအပေါ် ကျရောက်နေပီး ထပ်ခါထပ်ခါ သတ်ဖြတ်လျက်ရှိရာ သွေးစွန်းသော ငရဲတစ်ခု ဖြစ်သည်။ ဤ ငရဲ၌ ယွမ်ရှောင်သည် သေမင်းတမန် ဖြစ်ကာ ထိုဘိုးဘေးကျောင်းတော် အစောင့်များ ထွက်ပြေးရန် အချိန် မရှိခဲ့ဘဲ ဓားဝိညာဥ်အတွင်း ဝါးမျိုခံလိုက်ရပြီး ခန္ဓာကိုယ်များမှာ ရထားဘီးဖြင့် ပုရွက်ဆိတ်များကို ကြိတ်ချေသကဲ့သို့ စုတ်ပြတ်ကုန်သည်။

ဤဝိညာဥ်များ၏ မကျေနပ်မှု မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်း သိရှိကြပြီး သူတို့ အမုန်းဆုံး နတ်ဆိုးများအဖြစ်သို့ ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။

"ကောင်းကင်ဘုံ"

လူအများ ထိတ်လန့်မှုဖြင့် တောင့်တင်းနေကြ၍ ယွမ်ရှောင်သည် ဘီလီယံချီသော ဘိုးဘေးများကိုယ်စား ဓားကို ကိုင်ဆွဲ၍ ဘိုးဘေးကျောင်းတော် အစောင့် ငါးသိန်းအား သတ်ဖြတ်နေသည်ကို ကြည့်နေမိကြသည်။ အားလုံး သေဆုံးသွားကာ ဤ အစောင့်များသည် ဘိုးဘေးကျောင်းတော်၏ အဓိက မျိုးရိုး ဖြစ်ကြပြီး အများစုက မဟာကျောင်းတော်မှ မကြာသေးမီက ဘွဲ့ရခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ သေဆုံးမှုနှင့် မဟာကျောင်းတော်သားများ၏ သေဆုံးမှုကြောင့် အဇူရာသစ်ရွက် အဖွဲ့၏ မျိုးဆက်သစ်အင်အား လုံးဝ သုတ်သင်ဖယ်ရှားခံလိုက်ရသည်။ ရဲ ချင်းထျန်၊ ယိုဖုန်း၊ မူတန်းရှီ၊ ရဲ ချင်းလီ၊ နှင့် အပေါင်းအပါများ ဒူးထောက်ကျသွားကာ မျက်လုံးများ ကြောင်စီစီဖြစ်နေကြ၏။ သစ္စာဖောက်ဝိညာဥ် တစ်သန်းကျော်က ဓားဝိညာဥ်အတွင်း အကျဥ်းခံနေရပြီး မျက်နှာများအထက်တွင် ဓားဒဏ်ရာများ တည်ရှိနေသည်။

"ယွမ်ရှောင်၊ သေစမ်း"

မူတန်းရှီ၏ မိသားစုတွင် ရဲ ချင်းလီ တစ်ဦးတည်းသာ ကျန်ရှိပြီး လူတိုင်း သေဆုံးခဲ့ပြီးဖြစ်သောကြောင့် သူက ရူးသွပ်သွားကာ ပြေးဝင်တိုက်ခိုက်လိုက်သည်။ ယွမ်ရှောင်၏ ဓားသိုင်းကျွမ်းကျင်မှုက ကောင်းကင်နယ်မြေ၌ ပြိုင်ဘက်ကင်းဖြစ်ပြီး လုံလောက်သော စွမ်းအားဖြင့် ထောက်ပံ့မှုရထားသောအခါ လျှပ်တပြက်အတွင်း သူ၏ ဦးခေါင်း လေထဲ မြှောက်တက်သွားခဲ့၏။ သွေးနီရောင် ဓားမြှောင်က အဇူရာ သစ်ရွက် အဖွဲ့၏ အင်အားကြီးသူများအကြား တခဏအတွင်း ဝေ့ဝဲသွားကာ မျိုးနွယ် ခေါင်းဆောင် ဒါဇင်ပေါင်းများစွာ ကောင်းကင်သို့ ပျံတက်သွားသည်။ မူတန်းရှီ၊ ယိုဖုန်း၊ ရဲချင်းလီနှင့် အခြားခေါင်းပြတ်များ ရဲချင်းထျန်ရှေ့မှောက်သို့ သပ်ရပ်စွာ.ပြုတ်ကျလာပြီး ခံနိုင်ရည်ရှိရန် မလွယ်ချေ။

"မဟုတ်ဘူး"

သူက လက်မခံနိုင်ဟန်ဖြင့် အော်ဟစ်နေစဥ် သွေးအရိပ်တစ်ခု သူ့ထံ ခုန်ဝင်တိုက်ခိုက်လာကာ ယွမ်ရှောင် ဖြစ်ပြီး ကြယ်သတ်ဓားသိုင်း ကြယ်တံခွန်ဓားချက် ထုတ်ဖော်လိုက်၏။ ၎င်းသည် နက္ခတ်တာရာများအတိုင်း လှုပ်ရှားမှုများ ရှုပ်ထွေးသောကြောင့် သူ့အနေဖြင့် အပြောင်းအလဲများကို နားလည်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ဓားသွား​က ခန္ဓာကိုယ်အား ဒေါင်လိုက်နှစ်ပိုင်းဖြတ်သွားရာနတ်ဆိုးဧကရာဇ်များနှင့် ခရမ်းရောင်ဧကရာဇ်ကို တမ်းတရင်း အသက်ထွက်သွားခဲ့သည်။ ဓားချက်က ဤမျှဖြင့် ရပ်တန့်မသွားဘဲ နတ်ဆိုးတိုက်ကြီးနှင့် ပူးပေါင်းမှု သင်္ကေတဖြစ်သော ပျော်စရာတည်းခိုခန်းကိုပါ ဖျက်ဆီးပစ်လိုက်၏။

ဤသို့ဖြင့် အဇူရာ သစ်ရွက် အဖွဲ့၏ အဓိက အင်အားနှင့် ပါရမီရှင်များ လုံးဝ ချေမှုန်းခံလိုက်ရပြီး ယွမ်ရှောင်၏ လက်ချက်ဖြင့် ဓားကျင့်ကြံသူ ဘိုးဘေးများ၏ ဒေါသထွက်နေသော ဝိညာဉ်များအောက်တွင် သေဆုံးခဲ့ကြသည်။ နောက်ဆုံးတိုက်ကွက်အပြီးတွင် ဓားဝိညာဥ်က အပြာရောင်အဖြစ် ပြန်လည် ပြောင်းလဲသွားကာ သူ့အနေဖြင့် အိပ်မက်မှ နိုးထလာသကဲ့သို့ အင်အားနည်းပါးစွာ လဲကျသွားခဲ့သည်။ ဘိုးဘေးဝိညာဥ်များသည် အဖြူရောင် မြူခိုးအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ ယွမ်ရှောင်ကို ပြုံးပြရင်း ဖြည်းညှင်းစွာ ကောင်းကင်ဘုံသို့ လွင့်မျောတက်သွား၏။

"သံသရာစက်ဝန်းကို ဝင်ရောက်လိုက်ပါ ဘိုးဘေးတို့"

ယွမ်ရှောင်၏ နဖူးက သွေးစွန်းသော မြေပြင်ကို ထိတွေ့သွား မျက်ဝန်းများအတွင်း အရည်လဲ့နေသည်။ ဓားကျင့်ကြံသူ တစ်သိန်းကလည်း ငိုကြွေးရင် ဒူးထောက်ကြလိုက်ကြပြီး ၎င်းဝိညာဥ်များကို ငြိမ်းချမ်းစွာ အနားယူခွင့် ပေးရန် လိုက်ပါပို့ဆောင်ပေးခဲ့သည်။

"ဘိုးဘေးကျောင်းတော်နဲ့ အဇူရာသစ်ရွက်အဖွဲ့က အမိန့်တော်တစ်ခုကို လုပ်ကြံဖန်တီးခဲ့ပြီး ငါ့အမည်ကို ညစ်ညမ်းစေရုံသာမက လူသား သူရဲကောင်းများရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ဖြိုလှဲတယ်။ ငါတို့ရဲ့ ဘိုးဘေးများကို မျိုးဆက်သစ်များကို သတ်ဖြတ်ရန် နတ်ဆိုး အဖြစ် အတင်းအကျပ် ပြုလုပ်ခဲ့တယ်။ သူတို့ရဲ့ အပြစ်က ကြီးလေးပြီး ခွင့်လွှတ်မရနိုင်ဘူး။ ဘိုးဘေးကျောင်းတော်ကို ဖျက်သိမ်းပြီး ရဲ၊ မူ၊ ဟန်၊ ယို၊ မော့၊ လင်း၊ ချိုင်၊ နှင့် ရှ မျိုးနွယ်များကို သုတ်သင်ရှင်းလင်းရန် အမိန့်ထုတ်ပြန်လိုက်တယ်။ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ချမ်းသာခွင့် မရစေရ"

အရုဏ်တက်နတ်ဧကရီက အမိန့်တော် ထုတ်ပြန်လိုက်ပြီး ပျော်စရာတည်းခိုခန်း၏ အပျက်အစီးများ နောက်ကွယ်တွင် အမှောင် ပုံရိပ် လေးခု ရပ်နေသည်ပြီး ကူ နတ်ဆိုးဧကရာဇ်၊ ကြာနီ နတ်ဆိုးဧကရီ၊ လငပုပ် နတ်ဆိုးဧကရာဇ်၊ နှင့် ခရမ်းရောင်ဧကရာဇ် ဖြစ်ကာ ရဲချင်းထျန်၏ အဆုံးသတ်ကို မြင်ခဲ့ရသည်။ သူတို့ကို မျက်နှာမူရင်း အရုဏ်တက်နတ် ဧကရီက သြဇာအာဏာ လွှမ်းမိုးသော အသံဖြင့် ဆက်လက် ကြေညာသည်။

"အခုအချိန်ကစပြီး ကောင်းကင်နယ်မြေရဲ့ တံခါးကို သစ္စာဖောက်မျိုးနွယ်ဝင်တိုင်း သုတ်သင်ရှင်းလင်းခံရသည်အထိ ယာယီ ပိတ်ထားမယ်"

ထို့အပြင် ချက်ချင်း အကောင်အထည်ဖော်ရန် အမိန့်တော်သုံးခု သီးခြား ထုတ်ပြန်ခဲ့ပြီး ပထမအမိန့်၊ ကောင်းကင်နယ်မြေ၏ တံခါးဝတွင် ဓားတာအိုကျောက်တိုင်ကို ပြန်လည် တည်ဆောက်ပြီး ယဇ်ပလ္လင်တစ်ခု တည်ထောင်ရန်ဖြစ်ကာ ယနေ့ကို သူရဲကောင်းများနေ့အဖြစ် သတ်မှတ်ပေးခဲ့သည ကောင်းကင်နယ်မြေရှိ အိမ်ထောင်စုတိုင်း ဤနေ့တွင် နှစ်စဉ် အမွှေးတိုင် ပူဇော်ပြီး ဘိုးဘေးများကို ဂုဏ်ပြုရမည်။ ဒုတိယအမိန့်အရ၊ ဓားလမ်းစဥ်ကို အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင်တွင် အဓိက လမ်းစဉ် အဖြစ် သတ်မှတ်ပြီး ပြည်ထောင်တစ်ဝှမ်း ဓားကျင့်ကြံရန် အရည်အချင်းရှိသူများကို ရှာဖွေရပေလိမ့်မည်။ ရှေးဟောင်း ဓားကျင့်ကြံသူများ၏ လူသား မျိုးနွယ်အပေါ် သမိုင်းဝင် ပံ့ပိုးမှုများကို အသိအမှတ်ပြုပြီး မည်သူမဆို သမိုင်းကို လှည့်ဖြားရန် စုဝေးလျှင် ကွပ်မျက်ခံရမည် ဖြစ်သည်။တတိယအမိန့်တွင် ကောင်းကင်နယ်မြေကို စနစ်တကျမှုကို ပြန်လည် ထူထောင်ပြီး ဓား သူတော်စင် စွန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကာ နန်းကုန်းရှီး၊ ရောင်ယွဲ့ နှင့် စု လန်လန်ကို မဟာကျောင်းတော်၏ အကြီးအကဲများအဖြစ် အင်မော်တယ်နတ်ပြည်ထောင်၏ အမွေအနှစ်ကို ပူးတွဲ စီမံခန့်ခွဲရန် တာဝန်ပေးလိုက်၏။ ထို့နောက် ၎င်းကျောင်းတော်၏ ကန့်သတ်ချက်များကို ပယ်ဖျက်ကာ အရည်အချင်းရှိသူတိုင်း ဝင်ရောက်နိုင်ကြောင်း ပြောင်းလဲပေးခဲ့သည်။ ဤ နန်းစဉ် အမိန့်တော် သုံးခု၏ သက်ရောက်မှုက မြေငလျင်ကဲ့သို့ ပြင်းထန်ကာ ကြားရသူတိုင်း တုန်လှုပ်သွား ပြည်ထောင်တစ်ခုလုံးကို အမြစ်မှ ဆွဲလှန်၍ ပြောင်းလဲလိုက်ခြင်းပင်။ အနာအကျိတ်တစ်ခုကို ဖယ်ရှားခြင်း က နာကျင်သော်လည်း အနာဂတ်ကို မြင်တွေ့နိုင်ရန်နှင့် အသက်ရှင်ကျန်ရစ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ အကျိုးသက်ရောက်မှုလည်း အထူး ကောင်းမွန်ခဲ့ပြီး သာမန် ပြည်သူများ ဤ စကားများကို ကြားသောအခါ အော်ကြီးဟစ်ကျယ် အောင်ပွဲခံနေကြသည်။

"နိမ့်ချတဲ့ ဇာစ်မြစ် ဖြစ်ရင်တောင် မဟာကျောင်းတော်သို့ ဝင်ရောက်နိုင်တာလား။ ငါတို့ရော အရာရှိမ ဖြစ်လာနိုင်ပြီလား"

"ဧကရီ အဓွန့်ရှည်ပါစေ"

ဤနေရာတွင် ဖြစ်ပျက်ခဲ့သောအရာများက ကောင်းကင်နယ်မြေတစ်ခွင် မြေငလျင် လှိုင်းလုံးများကဲ့သို့ ပဲ့တင်ထပ်နေပြီး လူသား သန်းပေါင်းများစွာ လှုပ်ရှားသွားကာ အမိန့်တော် သုံးခု ပျံ့နှံ့သွားသည်နှင့် ဘီလီယံချီသော ဓားနယ်မြေ၏ ဘိုးဘေး ဝိညာဉ်များ အဖြူရောင် တိမ်တိုက်များအဖြစ်သို့ ဖွဲ့စည်းသွားပြီး နောက်ဆုံးတွင် လွတ်မြောက်မှု ရှာတွေ့၍ ငြိမ်းချမ်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ယွမ်ရှောင်သည် ဘိုးဘေးများကို နှုတ်ဆက်ရန် မော့ကြည့်နေပြီး နတ်ဆိုးလက်ပါးစေများ သတ်ဖြတ်ခံလိုက်ရကာ ကောင်းကင်နယ်မြေသည် ဓားကျင့်ကြံသူများကို ပေါ်ပေါ်တင်တင် လေးစားမှုပြခြင်းမှာ နတ်ဆိုးတိုက်ကြီး၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်ခြင်းဖြစ်၏။

အရုဏ်တက်နတ်ဧကရီသည် ယွမ်ရှောင်၏ ဓားဝိညာဥ်အတွင်း ရှိနေသော အဇူရာ သစ်ရွက် အဖွဲ့ဝင်များ၊ ဘိုးဘေးကျောင်းတော် အစောင့်များ နှင့် မဟာကျောင်းတော်သားများ၏ စိတ်ပျက်အားငယ်နေသော ဝိညာဉ်များကို စိုက်ကြည့်ရင်း အေးစက်စက် ရယ်မောကာ ဓားကျင့်ကြံသူ တစ်သိန်းကို အမိန့်ပေးလိုက်သည်။ တစ်နာရီအတွင်း ခွေးခေါင်းနှင့် လူခန္ဓာကိုယ် ရုပ်တုတစ်ခု တည်ဆောက်ရန် ဖြစ်ပြီး ဓားကျောက်တိုင်ရှေ့တွင် ဒူးထောက်လျက်သား ရှိရမည်။ ထို့နောက် ဤသစ္စာဖောက် လက်ပါးစေ ခွေးဝိညာဉ်များကို ၎င်းအတွင်း ထာဝရ အကျဥ်းချကာ လောင်ကျွမ်းပစ်ပေလိမ့်မည်။ အနာဂတ် မျိုးဆက်များက ဓားတာအိုကျောက်တိုင်ကို ဝတ်ပြုကိုးကွယ်လျှင် ထိုရုပ်တုအပေါ် တံတွေးထွေးရမည်ဖြစ်ပြီး မလုပ်ရဲလျှင် သူမကိုယ်တိုင် ပါးရိုက်မည်ဟု တည်ငြိမ်စွာ ကြေညာလိုက်လေသည်။

All Chapters