နတ်ဆိုးတိုက်ကြီး၏ ပါရမီရှင်များကို ရှင်းလင်းရန်
Vol. 16 Ch. 197
မည်မျှပင် ဆွဲဆောင်မှုရှိစေကာမူ၊ အရုဏ်တက်နတ်ဧကရီ၏ အလှတရားသည် သွေးနီရောင် လျှပ်စီးမြွေများ၏ ဖုံးလွှမ်းမှုအောက်တွင် ပုန်းကွယ်နေသည်။ သူမ၏ ရင်သပ်ရှုမောဖွယ် မျက်နှာ သို့မဟုတ် သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်ကို မမြင်နိုင်ပေ။ နန်းဝတ်ရုံနှင့် သရဖူကို ဆင်မြန်းထားသောကြောင့် ပုံမှန် မြင်တွေ့ရသည်ထက် ပို၍ မြင့်မားသော အလှတရားတစ်ခု ထုတ်လွှတ်နေသည်။
" အမိန့်တော်ကို နာခံပါတယ်"
ဓားကျင့်ကြံသူ တစ်သိန်းက ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ယုံကြည်မှုဖြင့် နီမြန်းတောက်လောင်နေသည်။ ဆယ်စုနှစ်များစွာကြာအောင် သူတို့က ဓားကျွမ်းကျင်မှုများကို သွေးခဲ့ကြသော်လည်း ပြင်းပြသော စိတ်အားထက်သန်မှုအတွက် ထွက်ပေါက်မရှိဘဲ သူတို့၏ ဘဝသာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ဓားများက ချွန်ထက်နေဆဲဖြစ်သော်လည်း သူတို့၏ နှလုံးသားများ ဝမ်းနည်းမှုဖြင့် သံချေးတက်နေခဲ့သည်။
မတိုက်ခိုက်ရသော ဓားတစ်လက် ဖြစ်ရခြင်းသည် ခါးသီးသော ကံကြမ္မာဖြစ်ကာ သူတို့၏ ဓားများကို မထုတ်နိုင်ခဲ့ကြပေ။ သို့သော် ဓားဂူများအတွင်း သူတို့က နေ့ရောညပါ လေ့ကျင့်ခဲ့ကြပြီး ပြည်ထောင်အပေါ် ပြင်းပြသော စိတ်နှလုံးဖြင့် အမှုထမ်းရန် ဤအခိုက်အတန့်ကို အိပ်မက်မက်ခဲ့ကြ၏။ ဆယ်စုနှစ်များစွာ ဓားသွေးခဲ့ခြင်း၏ ရလဒ်သည် ယနေ့တွင် တောက်ပမှုစွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ဤ ဓားကျင့်ကြံသူ တစ်သိန်းသည် ဘိုးဘေးကျောင်းတော်၏ အစောင့် ငါးသိန်းကို လွှမ်းမိုးနိုင်ခဲ့ကြပြီး အဘိုးအိုတစ်ဦး နှင့် အမျိုးသမီး သုံးဦးက အဇူရာသစ်ရွက် အဖွဲ့၏ အင်အားကြီး ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့ကြသည်။တိတ်ဆိတ်နေရန် မလိုအပ်တော့သော သူတို့၏ ကြုံးဝါးသံက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။
ယခုအချိန်မှ စတင်၍ ဓားကျင့်ကြံသူများသည် အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင်၏ ဝန်ကြီးချုပ် နှင့် မဟာကျောင်းတော်၏ ကျောင်းအုပ် သုံးဦးလက်အောက်၌ အမှုထမ်းကြလိမ့်မည်ဖြစ်ရာ ကောင်းကင်နယ်မြေ၏ ပြည်သူ အားလုံး ကြီးမားသော မျှော်လင့်ချက်များ ထားရှိကြသည်။
"သူတို့ နောက်ဆုံးတော့ ဘဝ ရည်ရွယ်ချက်ကို ရှာတွေ့ခဲ့ကြပြီ"
ယွမ်ရှောင်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး ဓား သူတော်စင် စွန်း နှင့် သူ၏ အဒေါ် သုံးဦးအတွက် အပျော်ရွှင်ဆုံး အခိုက်အတန့် ဖြစ်ကြောင်း နားလည်ကာ သူတို့ကို မျက်ရည်များဖြင့် မြင်တွေ့ရသဖြင့် သူ၏ မျက်လုံးများပင် အနည်းငယ် နီမြန်းလာသည်။ထို့နောက် သူက လေးနက်သော ခြေလှမ်းများဖြင့် ယွမ်ရှောင် သွေးစွန်းသော စစ်မြေပြင်သို့ လျှောက်လှမ်းသွားသည်။
"ကျုပ်က ဒီလူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ရတနာတွေက ကျုပ် အပိုင် ဖြစ်တယ်။ ဘယ်သူမှ မထိရဘူး"
လူအုပ်က ဆွံ့အသွား၍ မင်သက်ရင်း စောင့်ကြည့်နေကြစဥ် ယွမ်ရှောင်သည် အရုဏ်တက်နတ် ဧကရီ၏ စောင့်ကြည့်မှုအောက်တွင် ပျော်ရွှင်ဖွယ် ရတနာအမဲလိုက် ခရီးစဉ်တစ်ခုကို အချမ်းသာဆုံး ပုဂ္ဂိုလ် ရဲချင်းထျန်မှ စတင်ခဲ့သည်။ မှော်ရတနာများ၊ သူတော်စင် ကျောက်တုံးများ၊ သို့မဟုတ် အခြား ကျင့်ကြံမှု အရင်းအမြစ်များ ဖြစ်စေ သူတို့အားလုံးက သွေးများအကြားတွင် ပြန့်ကျဲနေသည်။ ပြိုးပြက်တောက်ပသော သူတော်စင် ကျောက်တုံးများက တောက်ပနေပြီး ထိုသို့သော အံ့ဩဖွယ် မြင်ကွင်းကို စကားလုံးများဖြင့် ဖော်ပြမရနိုင်ပေ။ အလောင်းများအကြားတွင် ရတနာများ တည်ရှိနေပြီး သွေးနှင့် တောက်ပမှုချင်း ယှဉ်ပြိုင်နေကြသည်။ ဤကား အမှန်တရားတစ်ခုကို ပို၍ သက်သေပြနိုင်ပြီး အင်မော်တယ် လမ်းစဉ်၏ အနှစ်သာရမှာ ရတနာအတွက် သတ်ဖြတ်ခြင်းပင်။
"သူက တကယ် ဘာမှ ဂရုမစိုက်ဘူးပဲ"
"သူက ဧကရီဆီမှာတောင် ခွင့်ပြုချက် မတောင်းခဲ့ဘူး"
ပြည်သူများ ရယ်ရခက် ငိုရခက် ဖြစ်နေကြသည်။ သူတို့ကို သတ်ဖြတ်ခဲ့သူများမှာ ဓားနယ်မြေ၏ ဘိုးဘေးများ ဖြစ်ကြသော်လည်း အကျိုးအမြတ်မှာ ယွမ်ရှောင်ထံ ရောက်ရှိလာသည်။ ဓားနတ်ဆိုးက အရုဏ်တက်နတ် ဧကရီကို ဖိနှိပ်ခဲ့သည့်အခါ ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အခြေအနေများကို လူတိုင်း သိရှိကြသည်။ သို့သော် သူက မတရားခံရသော ဝိညာဉ်များကို နိုးထစေနိုင်ခဲ့ပြီး မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် စစ်မြေပြင်ရှိ ရန်သူများအား တစ်ကိုယ်တော် သုတ်သင်ဖယ်ရှားသွားသည်ကို မြင်တွေ့ခဲ့ကြရသည်။
" ဒီကောင်က ကပ်စေးနဲတစ်ကောင်မှ ပြန်ဝင်စားလာတာလား။ သူတော်စင် ကျောက်တုံးတွေ ယူတာကို ငါ နားလည်တယ်၊ ဒါပေမယ့် သူက ဝိညာဉ် ကျောက်တုံး တစ်တုံးကိုတောင် အလွတ်မပေးဘူးလား"
"သေစမ်း။ ငါက နောက်ကျရင် အကြွင်းအကျန် အနည်းငယ် ကောက်ယူဖို့ မျှော်လင့်နေခဲ့တာ"
"ကိုယ့်လူတို့၊ ပြန်ကြစို့"
"ယွမ်ရှောင်"
အရုဏ်တက်နတ် ဧကရီက လျှပ်စီးများ ယှက်သန်းနေသည့် မျက်လုံးများဖြင့် ထိုလူငယ်ကို စိုက်ကြည့်နေသည်။
"ရတနာတွေက မင်းအပိုင်လို့ ငါ ဘယ်တုန်းက ပြောခဲ့ဖူးသလဲ။ သစ္စာဖောက်များရဲ့ ပိုင်ဆိုင်မှုတွေက ပြည်ထောင်ရဲ့ ပစ္စည်းဥစ္စာ ဖြစ်တယ်"
"လက်မခံနိုင်ဘူး၊ ဓားကျင့်ကြံသူ ဘိုးဘေးတွေက ရတနာတွေဟာ ငါ့အတွက် ဆုလာဘ်လို့ ခုလေးတင် ပြောခဲ့တယ်။ တကယ်လို့ အရှင်မသာ ကျုပ်တောင်းဆိုချက်ကို ငြင်းပယ်ရင် ဓားလမ်းစဥ်ကို ဆန့်ကျင် ဖိနှိပ်တာပဲ။ ကျုပ်က ဓားတာအိုကျောက်တိုင်မှာ တရားမျှတမှုအတွက် တောင်းဆိုရလိမ့်မယ်"
အရုဏ်တက်နတ် ဧကရီက ပြောစရာ စကားမဲ့သွား၍ ခပ်ကြာကြာ တိတ်ဆိတ်အပြီးတွင် နှာခေါင်းရှုံ့၍ ဖြည်းညှင်းစွာ ပြောသည်။
"ကောင်းပြီ၊ သူတို့ သယ်ဆောင်ထားတဲ့ ပိုင်ဆိုင်တွေက မင်းအပိုင်ပဲ။ ဒါပေမယ့် အဇူရာ သစ်ရွက် အဖွဲ့ရဲ့ ဘဏ္ဍာတိုက်၊ ပစ္စည်းဥစ္စာ နဲ့ သတ္တုတွင်းတွေကတော့ ငါ့အပိုင် ဖြစ်တယ်"
"ခင်ဗျားက တကယ့် ကပ်စေးနည်းပဲ"
အရုဏ်တက်နတ် ဧကရီ လိုချင်ခဲ့သည်မှာ တကယ့် ရွှေအိုး ဖြစ်ပြီး သူက အလျင်စလို ဖြစ်ခဲ့သောကြောင့် လက်ခံရခက်နေသည်။ ကောင်းကင်နယ်မြေ၏ လူထု နှင့် ဓားကျင့်ကြံသူ တစ်သိန်းကမူ ရတနာများကို သူတို့ နှစ်ဦး ပျော်ရွှင်စွာ ခွဲဝေနေသည်ကို ကြည့်ရင်း ကျေနပ်နေကြပုံပေါ်သည်။
"ငါ့စိတ်ထဲမှာ အရှင်မ နဲ့ သူက ပိုပြီး လိုက်ဖက်တယ်လို့ ခံစားရတယ်"
"တကယ်လို့ ယွမ်ရှောင်သာ လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အင်မော်တယ် ဖြစ်လာရင် ဒါ တကယ် ဖြစ်လာလိမ့်မယ်"
"မိန်းမပျို နှစ်ယောက်က ယောက်ျားတစ်ယောက်တည်းကို ပြုစုရမှာလား။ လခွမ်းကွာ"
လူအုပ်ကြီးက ထိုအကြောင်း အသေးစိတ်အချက်အလက်များကို စိတ်ကူးယဥ်နေစဥ်
ကောင်းကင်နယ်မြေသည် အဇူရာ သစ်ရွက် အဖွဲ့၏ အကြီးအကဲများနှင့် ပါရမီရှင်များ သေဆုံးမှုကြောင့် တုန်လှုပ်နေခဲ့သည်။
"မင်းအလုပ် ပြီးရင် ချန်ကောင်းကင်အိမ်တော်ကို ချက်ချင်း ပြန်ပါ"
အရုဏ်တက်နတ် ဧကရီက လေးနက်စွာ အမိန့်ပေးလိုက်ပြီး သူမ၏ လေသံအရ ငြင်းခုံရန် အခွင့်မရှိပေ။
"ခင်ဗျားရော တခြားကိစ္စနဲ့ အလုပ်များနေတာလား"
ယွမ်ရှောင်က နူးညံ့စွာ မေးလိုက်သည်။
"ဟုတ်တာပေါ့၊ ငါ အလုပ်များနေတယ်။ မင်းက ကျင့်ကြံသူတွေနဲ့ ပါရမီရှင်တွေကို ခုလေးတင် သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် အဇူရာသစ်ရွက် အဖွဲ့ဝင် အများစုက အင်မော်တယ်နတ်ပြည်ထောင်ရဲ့ အာဏာ ဖွဲ့စည်းပုံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး တကယ့် စိန်ခေါ်မှုပဲ။ သူတို့ကို အမြစ်က ဆွဲနုတ်ပြီး ကွပ်မျက်ပစ်ဖို့ အချိန်ယူရလိမ့်မယ်။ ပြီးတော့ ငါ မျှော်လင့်ထားတဲ့အတိုင်း သူတို့က မကြာခင် နတ်ဆိုးတွေဆီ ခိုလှုံကြလိမ့်မယ်"
ယွမ်ရှောင်က သူမ၏စကားကို ကောင်းစွာ နားလည်ပြီး ဘိုးဘေးကျောင်းတော် အစောင့်များ၏ အသက်အရွယ်မှာ နှစ်ဆယ်မှ သုံးဆယ်အကြားဖြစ်သည်။ ဤမျိုးဆက်များက မဟာကျောင်းတော် နှင့် ဘိုးဘေးကျောင်းတော်၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်များကို ခံစားပြီးနောက် အင်မော်တယ်နတ်ပြည်ထောင်၏ အမြင့်ဆုံး ရာထူးနန္တရများသို့ တက်လှမ်းကြလိမ့်မည်။ အရုဏ်တက်နတ် ဧကရီသည် ဘိုးဘေးကျောင်းတော်က အစောင့် ငါးသိန်းကို ဤနေရာသို့ စေလွှတ်ခြင်းအကြောင်း မသိခဲ့ရသည်မှာ ရိုးရှင်းပြီး သူလျှို၊ ထောက်လှမ်းရေး နှင့် ကောင်းကင်နယ်မြေအပေါ် ထိန်းချုပ်မှုအရ အဇူရာ သစ်ရွက် အဖွဲ့၌ သူမထက်ပင် ပို၍ကြီးမားသော သြဇာအာဏာ ရှိနေ၏။
သူမက ကင်းလှည့်ရန်အတွက် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်ကိုသာ အားကိုးနိုင်ပြီး အမှန်တကယ်တွင် သူမ၏နောက်ခံနှင့် အရင်းအမြစ်များမှာ အလွန်နည်းပါးနေသည်။ ကောင်းကင်နယ်မြေတွင် လမ်းပေါ်မှ ဖြတ်သန်းသွားလာသူတိုင်း၊ တည်းခိုခန်းများမှ စားပွဲထိုးတိုင်း၊ ပျော်တော်ဆက် အိမ်များမှ အောင်သွယ်တိုင်း၊ အဇူရာ သစ်ရွက် အဖွဲ့မှ ပြုစုပျိုးထောင်ထားသော သူလျှိုတစ်ဦး ဖြစ်နိုင်သောကြောင့် ထိုသို့သော ထိန်းချုပ်မှု နည်းလမ်းဖြင့် သူမ၏ လုပ်နိုင်စွမ်း အလွန် ကန့်သတ်ခံခဲ့ရခြင်း ဖြစ်သည်။
အဇူရာ သစ်ရွက် အဖွဲ့၏ အထက်ပိုင်းအကြီးအကဲများ သေဆုံးသွားခဲ့ပြီး သူတို့၏ အနာဂတ်မျိုးဆက်များ တစ်ချက်တည်းဖြင့် အမြစ်ဖြတ်ခံလိုက်ရသည်။ ၎င်းက ထိန်းချုပ်ရန် ဦးခေါင်းမရှိသော ခန္ဓာကိုယ်၌ ကိုယ်ထည်နှင့် ခြေလက်အင်္ဂါများသာ ကျန်ရစ်ခဲ့သကဲ့သို့ ဖြစ်သည်။ ကိုင်တွယ်ရ အနည်းငယ်ခက်သော်လည်း အချိန်ပေးလျှင် တဖြည်းဖြည်း အနိုင်ယူပစ်နိုင်ပေ၏။
အရုဏ်တက်နတ်ဧကရီက နတ်ဆိုးတိုက်ကြီးနှင့် စစ်ပွဲအတွက်လည်း ပြင်ဆင်နေသဖြင့် ဤအတွင်းပြဿနာကို ဖယ်ရှားရမည်။ သူမက အမှန်တကယ်ပင် အချိန်တိုင်း အလုပ်များနေပြီး မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းရန် အမိန့်တော် ထုတ်ပြန်လိုက်သောအခါ ကောင်းကင်နယ်မြေရှိ သစ္စာဖောက် အိမ်တော် အားလုံး ချက်ချင်း ခုခံလာကြသည်။ မျှော်လင့်ထားသည့်အတိုင်း အင်မော်တယ်ပြည်ထောင်၏ သစ္စာဖောက်များနှင့် တိုက်ပွဲများ နယ်မြေတစ်ခွင် ဖြစ်ပွားနေပြီဖြစ်သည်။
"ငါ အခု သွားရတော့မယ်"
အရုဏ်တက်နတ်ဧကရီက ထွက်ခွာသွားရန် နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ သရုပ်မှန် အခု ပေါ်သွားပြီလား"
ယွမ်ရှောင်က မေးခွန်းထုတ်လိုက်၏။
"အခြေအနေတွေက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ရင် ဒီနေ့အပြီးမှာ အသိပေးလိုက်တော့မယ်"
သူမက တည်ငြိမ်စွာ ပြန်ဖြေ၍ ဆက်လက်ဖုံးကွယ်ထားရန် စိုးရိမ်နေပုံ မရချေ။
"မင်း သေချာလား"
" သေချာတယ်။ ငါ ထာဝရ ပျော်ရွှင်ခြင်းကို သတ်ဖြတ်တဲ့ကိစ္စမှာ နင်လည်း ပါဝင်ပတ်သက်ခဲ့တယ်။ နတ်ဆိုးဧကရာဇ်တွေက မကြာခင် သံသယဝင်လာလောက်တယ်။ ဒီနေ့ကိစ္စကြောင့် ပိုပြီးတော့ အတည်ပြုပေးလိုက်သလိုပဲလေ"
ချန်ရီက ရှင်းပြ၍ ဆိုလိုရင်းမှာ ရှင်းလင်းပြီး သရုပ်နှစ်ခုလုံးနှင့် ဆက်နွယ်နေသော ယွမ်ရှောင်ကြောင့် ဆက်စပ်တွေးတောရန် ဖြစ်နိုင်ပေသည်။ လနတ်သားက နတ်ဆိုးတိုက်ကြီး၏ အဆင့်မြင့် အလွှာသို့ မထိုးဖောက်နိုင်သေးဘဲ ဟွာလျန် သခင်မကို သိမ်းသွင်းရန် ကြိုးစားပမ်းစား လုပ်ဆောင်နေခဲ့သော်လည်း အဓိက ကိစ္စများတွင် သူမက ပါးစပ်ပိတ်နေဆဲဖြစ်သည်။
"ဒါဆိုရင် အင်မော်တယ်စစ်ပွဲရဲ့ နောက်ကွယ်ကရည်ရွယ်ချက် အခု ပေါ်သွားပြီလို့ ဆိုလိုတယ်။ ဒီတိုက်ပွဲက အသုံးမဝင်တော့ဘူး"
ယွမ်ရှောင်က စိတ်ပျက်နေဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
"မတတ်နိုင်ဘူးလေ။ အကြံတွေက အမြဲတမ်း အပြောင်းအလဲကို အမီလိုက်နိုင်မှာ မဟုတ်ဘူး။ တကယ်တော့ နင်က ခန့်မှန်းမရနိုင်တဲ့ အချက်တစ်ချက်ပဲလေ"
အရုဏ်တက်နတ်ဧကရီက သူ့ကို ကြည့်၍ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
"မင်း စိတ်ညစ်နေပုံတော့ မရဘူး"
ယွမ်ရှောင်က စုံစမ်းမေးမြန်းသည်။
"ဘာကြောင့် ဖြစ်ရမှာလဲ။ နတ်ဆိုးတိုက်ကြီးရဲ့ လူငယ် ပါရမီရှင်တွေကို သုတ်သင်ရှင်းလင်းဖို့ ကနဦး အစီအစဉ် ပျက်ခဲ့ပေမယ့် အဇူရာ သစ်ရွက် အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီး ငါ့ရဲ့ အုပ်ချုပ်မှုအာဏာကို ခိုင်မာစေတာက ရေရှည််မှာ အကျိုးအမြတ် ပိုများတယ်"
သူမက တစ်ချက်ပြုံး၍ ရှင်းပြပြီး ကိုယ်တွင်းရှိ ၎င်း အဓိက ရောဂါတစ်ခုကို အရင် ကုသခြင်းကဲ့သို့ ဖြစ်သည်။ ပြင်ပရောဂါ လက္ခဏာ အနည်းငယ်ကို ဂရုစိုက်ခြင်းသည် ကောင်းမွန်သော်လည်း အကယ်၍ နာတာရှည် နာမကျန်းဖြစ်နေလျှင် အခြေခံအားဖြင့် ဘာမှ မဖြေရှင်းနိုင်ပေ။
"ဒါဆိုရင် အင်မော်တယ်စစ်ပွဲကို ရပ်လိုက်တော့မှာလား"
"ဟုတ်တယ်"
ယွမ်ရှောင်၏အမေးကို သူမက ခေါင်းညိတ်ပြသည်။
"ကျုပ်မှာ သူတို့ကို ကစားပွဲထဲ အတင်းအကြပ် ပြန်ဆွဲထည့်ဖို့ နည်းလမ်းတစ်ခု ရှိတယ်။ ရပ်လိုက်စရာ မလိုဘူး"
သူက ခပ်ညစ်ညစ်ပြုံးကာ ပြောလိုက်သောအခါ နတ်ဧကရီ၏ မျှော်လင့်ချက်များ ပြန်လည်ဖြစ်တည်လာခဲ့လေသည်။