လူသားမျိုးနွယ်၏ ထိပ်တန်း အင်မော်တယ်
Vol. 16 Ch. 198
ပျော်စရာ တည်းခိုခန်း၏ အပျက်အစီးများ နောက်ကွယ်ရှိ အမှောင်ထဲတွင် နတ်ဆိုးများ စုဝေးနေကာ သရဲတစ္ဆေ ပုံရိပ်များ လေထုအတွင်း ပြည့်နှက်ခဲ့သည်။
ခရမ်းရောင်ဧကရာဇ် နှင့် နတ်ဆိုးဧကရာဇ် သုံးပါး၏ မျက်လုံးများ အေးစက်စက်နှင့် အလောင်းတောင်နှင့် သွေးပင်လယ်ထိပ်မှ အဖြူရောင်ဝတ် လူငယ်နှင့် နတ်ဧကရီကို စိုက်ကြည့်နေကြသည်။
"အခု ရှင်းသွားပြီ၊ သူမရဲ့ သရုပ်မှန်က ချန် ကောင်းကင်စံအိမ်ရဲ့ သခင်မလေး ချန်ရီ ဖြစ်တယ်"
ကူဧကရာဇ်သည် အသားအရေ အစိမ်းရောင်ရှိ၍ ပုပုဝဝ အမျိုးသားတစ်ဦးအဖြစ်သယ ပြောင်းလဲသွားခဲ့ပြီး အရေပြားအောက်တွင် သွေးပြန်ကြောများ ပိုးကောင်များကဲ့သို့ တွားသွားလှုပ်ရှားနေသည်။
"အံ့ဩစရာကောင်းလောက်အောင် အရည်အချင်းရှိတဲ့ စစ်သူကြီးချန်ရဲ့ သမီးက ပလ္လင်အထက် တက်လှမ်းဖို့ အခြား သရုပ်တစ်ခုကို ပါးနပ်စွာ အသုံးပြုခဲ့တာလား။ တကယ် ထူးချွန်တာပဲ"
ကြာနီက သူမ၏ ရင်ခွင်အတွင်း ပွေ့ထားသော ကလေးအလောင်းတစ်ခု၏ သွေးစွန်းသော ဆံပင်ကို ညင်သာစွာ ပွတ်သပ်၍ စိတ်ညစ်ညူးဖွယ်အသံနှင့် ပြောလိုက်၏။
"သူမက မူလ သရုပ်မှန်ကိုတောင် အလှည့်အပြောင်းတစ်ခု ထပ်တိုးခဲ့ပြီး စေ့စပ်ကြောင်းလမ်းမှုတစ်ခုကို ဖျက်သိမ်းခြင်းကြောင့် ချန်ရီရဲ့ ကိုယ်ပိုင် ဇာတ်လမ်းကို မှောင်မိုက်သွားစေတယ်။ တကယ်လို့ သူမသာ ယွမ်ရှောင်ကို နှစ်သက်ခြင်း မရှိရင် ဒီနှစ်ယောက်က တစ်ယောက်တည်းဆိုတာ ငါတို့ လုံးဝထင်ထားမှာ မဟုတ်ဘူး။ တော်တော်ကောက်ကျစ်တယ်"
လဧကရာဇ်၏ မျက်နှာက မည်းနက်နေကာ ရေရွတ်လိုက်သည်။
"မိခင်၊ ဒါဆိုရင် အင်မော်တယ်စစ်ပွဲကို လက်ခံကျင်းပတဲ့ စစ်မှန်သော ရည်ရွယ်ချက်က ငါတို့ကို ချေမှုန်းပြီး နတ်ဆိုးတိုက်ကြီးရဲ့ အနာဂတ်ကို အဆုံးသတ်ဖို့ မဟုတ်လား"
သွေးရောင်ဆံပင်နှင့် လူငယ်က မေးလိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်"
ကြာနီက နူးညံ့စွာ ခေါင်းညိတ်သည်။
" ရက်စက်ကြမ်းကြုတ်လိုက်တဲ့ အစီအစဉ်။ ငါတို့ သူမကို မတိုက်ခိုက်ရသေးခင်၊ အရင်ဆုံး တိုက်ခိုက်ရဲတာလား"
ခရမ်းရောင်ဧကရာဇ်၏ ဘေးမှ မင်းသမီး ရှောင်ချီက အေးစက်စက် ပြောလိုက်သည်။ လူအများက သူမကို ဒုတိယ အရုဏ်တက်နတ်ဟု ခေါ်ကြသော်လည်း ၎င်းကို မနှစ်သက်ပေ။ သူမက အင်မော်တယ်စစ်ပွဲတွင် အအရည်အချင်းအရှိဆုံး လူသားမျိုးနွယ် ပါရမီရှင် ဖြစ်သည်ဟု ဆိုကြသော်လည်း အရုဏ်တက်နတ် ဧကရီ၏ အရိပ်အောက်တွင် ရှိနေဆဲဖြစ်သည်။ ထို့အပြင် ဧကရာဇ်များ၏ သားသမီးများ၊လက်ပါးစေ လူသားများနှင့် နတ်ဆိုးများက ကြောက်ရွံ့မှု အနည်းငယ် ခံစားနေရပြီး အရုဏ်တက်နတ် ဧကရီသည် ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် မည်မျှ မောက်မာပါစေ၊ သူမကို ရင်ဆိုင်ရန် သတ္တိ မရှိခဲ့ကြပေ။
"ငါတို့ ဘာလုပ်သင့်လဲ။ တိုက်ပွဲက ထွက်ရမှာလား"
သွေးရောင် ဆံပင်နှင့် လူငယ်က ထပ်မေးသည်။
"သေချာပေါက် ထွက်ရမှာပေါ့။ ဓားတာအိုကျောက်တိုင်နဲ့ ပတ်သက်တဲ့ ပြဿနာ လမ်းလွဲသွားခဲ့ပြီး အရုဏ်တက်နတ်ဧကရီအတွက် ကောင်းကင်နယ်မြေကို လွှမ်းမိုးနိုင်ဖို့ အခွင့်အရေး ဖြစ်သွားခဲ့တယ်။ သူမရဲ့ နယ်မြေတွင်မှာ ငါတို့ တိုက်ခိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး"
ကူဧကရာဇ်က မဲ့ပြုံးတစ်ချက်ဖြင့် ရှင်းပြလိုက်ပြီး လက်ရှိတွင် တစ်ဖက်လူ၏ ဂုဏ်သတင်းနှင့် အင်အားမှာ လူထုထောက်ခံမှုကြောင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
"မင်းတို့အားလုံးက နတ်ဆိုးတိုက်ကြီးရဲ့ အနာဂတ် ဖြစ်တယ်။ မင်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အသေခံဖို့ မဖြစ်နိုင်ဘူး။ ငါတို့အနေနဲ့ ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ပြီးပြီမို့ သူမရဲ့ အကြံအတိုင်း လျှောက်လှမ်းပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ သေချာပေါက် မလုပ်နိုင်ဘူး။ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က ယခင်ကထက် များစွာ ပိုပြီး အားကောင်းနေပြီ။ ငါတို့ရဲ့ အင်အားကို စုစည်းဖို့ ဒီဘေးရန်ကနေ ရှောင်ရှားရန်သာ လိုအပ်တယ်။ ငါတို့ကို ကောင်းကင်နယ်မြေသို့ ဝင်ခွင့်ပြုထားတဲ့အတွက် စစ်မြေပြင်နှစ်ဖက် အဖွင့်ခံရမှာကို ပြင်ဆင်ထားလောက်တယ်"
ခရမ်းရောင်ဧကရာဇ်က နတ်ဆိုးတိုက်ကြီးအတွက် စိုးရိမ်ပူပန်နေခဲ့သည်။
"သူမရဲ့ အကြံအစည်ကို သိထားတဲ့အတွက် ငါတို့က သည်းခံဖို့ လိုအပ်တယ်။ တားမြစ်ကံကြမ္မာ ပိုအားကောင်းလာခြင်းက အဆုံးမဲ့ငရဲပြည်မှာ ငါတို့အတွက် လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးခဲ့တယ်။ ရက်အနည်းငယ်အတွင်း နတ်ဆိုးတိုက်ကြီးဆီ အံ့ဩဖွယ်ရာ အသစ်တွေ ယူဆောင်လာနိုင်မှာပါ"
ကြာနီက သားဖြစ်သူ၏ ပါးစပ်အတွင်း သွေးစွန်းနေသော လက်ချောင်းတစ်ချောင်း ထည့်သွင်းနေရင်း ပြောလိုက်သည်။
"ကောင်းပြီ"
နတိဆိုးတိုက်ကြီး၏ ပါရမီရှင်များ ခေါင်းငုံ့နေကြပြီး ကောင်းကင်နယ်မြေသို့ လာရောက်ခြင်း၏ မူလ ရည်မှန်းချက်မှာ လူသားပါရမီရှင်များကို ချေမှုန်းပြီး နတ်ဘုရားတိုက်ကြီးအပေါ် လွှမ်းမိုးမှုကို အခိုင်အမာ ပြသရန် ဖြစ်သည်။ သို့သော် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲ မစတင်မီကပင် စွမ်းဆောင်ရည်ပြသရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ကြရသည်။ သူတို့ထဲမှ အများစုက ဤသည်ကို လက်ခံရန် ဝန်လေးနေကြစဥ်
ထောင့်တစ်နေရာရှိ မျက်လုံးဟောက်ပက်တွင် မီးလျှံတောက်လောင်နေသည့် အရိုးစုတစ်ခုက စကားပြောလာသည်။
"နတ်ဆိုးဧကရာဇ် သုံးပါးနဲ့ ခရမ်းရောင်ဧကရာဇ်၊ ကျုပ်မှာ ပြောစရာ တစ်ခု ရှိတယ်"
အရိုးစု၏ ရှတသော အသံ မြည်ဟီးလာသည်။
"ဘာလဲ၊ အရိုးလေး။ ပြော"
လဧကရာဇ်က ခွင့်ပြုလိုက်သည်။
"အင်မော်တယ်စစ်ပွဲ စစ်မြေပြင် ပိတ်လိုက်ရင် အတွင်းကနေ ပြန်လည်ဖွင့်လှစ်ဖို့ အလွန် ခက်ခဲတယ်လို့ ကျုပ် ကြားဖူးတယ်။ အရုဏ်တက်နတ်ဧကရီအနေနဲ့ သူမရဲ့ သရုပ်မှန် ဖော်ထုတ်ခံလိုက်ရတာကို မသိတဲ့အတွက် အခြေအနေကို ပြောင်းပြန်လှန်နိုင်လောက်တယ်။ ကျုပ်တို့က သူမကို အတွင်းမှာ တားဆီးထားရင် ခင်ဗျားတို့က အပြင်မှာ သူမရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပြီး မဟာမိတ်တွေကို အရင် ချေမှုန်းပစ်လိုက်။ အထူးသဖြင့် သူမရဲ့ ဖခင်၊ ချန်ရှောင်ပေါ့။ သူ့ကို ဖမ်းဆီးထားလိုက်ရင် အရုဏ်တက်နတ်ဧကရီကို အကျပ်ကိုင်နိုင်လောက်တယ်"
အရိုးစုက တစ်ချက်စဥ်းစား၍ အကြံပြုလိုက်သည်။
"မင်း ပြောတာ အဓိပ္ပာယ် ရှိတယ်။ အပြင်ဘက်ကနေ ငါတို့ လှုပ်ရှားရင် သေချာပေါက် အောင်မြင်နိုင်ပေမယ့် မင်းတို့အားလုံးကတော့ သေချာပေါက် ပျက်စီးလိမ့်မယ်။ မင်းတို့ထဲက တစ်ဦးတစ်ယောက်တောင် အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး"
လဧကရာဇ်က ပါရမီရှင်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"အရိုးလေး၊ ဒါက အမှန်တကယ် အခွင့်အရေးတစ်ခု ဖြစ်ပေမယ့် ငါတို့ အလျင်စလို လုပ်လို့မရဘူး။ မင်းတို့က နတ်ဆိုးတိုက်ကြီးရဲ့ ရတနာတွေ ဖြစ်ကြတယ်။ ဒါကြောင့် ငါတို့အနေနဲ့ အရာအားလုံးကို စွန့်စားဖို့ မလုပ်နိုင်ဘူး"
ကြာနီကလည်း နူးညံ့စွာ ပြောသည်။
"ဒီနေ့အတွက် အကြီးမားဆုံး အောင်မြင်မှုက အရုဏ်တက်နတ်ဧကရီမှာ ကျောထောက်နောက်ခံ မရှိကြောင်း အတည်ပြုခြင်း ဖြစ်တယ်။ ဒါက ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုပဲ"
ကူဧကရာဇ် အေးစက်စွာ ပြုံးလိုက်ပြီး နောက်ထပ် အကြံအစည်များ ပေါ့ပေါ့တန်တန် မကြံစည်ဝံ့တော့ပေ။
"ဟုတ်ကဲ့"
အရိုးစုက ခေါင်းညိတ်၍ သရဲတစ္ဆေဆန်သော မီးလျှံများမှာ ၎င်း၏ မျက်လုံးဟောက်ပက်အတွင်း တောက်ပနေသည်။
"ဒါပေမယ့် ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရပြီးနောက်၊ ငါတို့ တစ်ခုခု လုပ်ရမယ်"
လဧကရာဇ်၊ ကူဧကရာဇ်၊ ကြာနီ၊ နှင့် ခရမ်းရောင်ဧကရာဇ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်းနားလည်စွာ ပြုံးလိုက်ကြသည်။
"ငါတို့ရဲ့ လူတွေကို ဆင့်ခေါ်လိုက်။ အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ တော်ဝင်မျိုးနွယ် ဓားစာခံ သုံးပုံတစ်ပုံကို ကွပ်မျက်ရမယ်"
လဧကရာဇ်က ဆိုးယုတ်စွာ ရယ်မော၍ အမိန့်ပေးခဲ့သည်။ သူတို့က ရဲချင်းထျန် သေဆုံးပြီးနောက် အရုဏ်တက်နတ်ဧကရီကို အုပ်စုဖွဲ့ တိုက်ခိုက်ရန် အမှန်တကယ် စိတ်ကူးခဲ့ကြသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်ခဲ့ကြသည်။ အကြောင်းအရင်းမှာ အရုဏ်တက်နတ်ဧကရီအပြင် အခြား အုပ်စုတစ်စုကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
"အရုဏ်တက်နတ်ဧကရီကြောင့် ဒီကောင်တွေရဲ့ အတွေးအခေါ်တွေ လမ်းလွဲကုန်ပြီ။ ဓားစာခံ သုံးပုံတစ်ပုံကို သတ်ဖြတ်လိုက်ရင် သူတို့ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးပြီး အေးအေးဆေးဆေး ဖြစ်သွားလိမ့်မယ်"
"ကျန်တဲ့လူတွေကိုတော့ ငါတို့က ဖြည်းဖြည်းချင်း သတ်ဖြတ်နိုင်တယ်"
ထို့နောက် အင်အားကြီး နတ်ဆိုးကျင့်ကြံသူများနှင့် ပါရမီရှင် အုပ်စုသည် ပျော်စရာတည်းခိုခန်းမှ ထွက်ခွာသွားပြီး လက်အောက်ခံ နတ်ဆိုးသန်းပေါင်းများစွာကို ပြန်လည်စုစည်းရန် ဖြစ်သည်။ သူတို့က အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင်၏ အင်မော်တယ်စစ်ပွဲမှ နတ်ဆိုးတိုက်ကြီး နှင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ ပါရမီရှင်အားလုံး နုတ်ထွက်မည်ဟု တရားဝင် ကြေညာတော့မည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် စိတ်လှုပ်ရှားဖွယ် သတင်းတစ်ပုဒ် နယ်မြေတစ်ခွင် ပျံ့နှံ့သွားသည်။
"ခင်ဗျားတို့ ကြားပြီးပြီလား။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင် နဲ့ ယွမ်ရှောင်ကလွဲလို့ ငါတို့၏ နတ်ဘုရားတိုက်ကြီးရဲ့ လူသားပါရမီရှင်တိုင်း တိုက်ပွဲက နုတ်ထွက်လိုက်ကြပြီ"
"မဖြစ်နိုင်ဘူး။ ဒါဆိုရင် ယွမ်ရှောင်က ခရမ်းရောင်ကောင်းကင် နဲ့ နတ်ဆိုးတိုက်ကြီးရဲ့ ပါရမီရှင် အားလုံးကို တစ်ကိုယ်တော် ရင်ဆိုင်ရမှာပေါ့။ သူတို့ရဲ့ အရေအတွက် ထောင်ချီတယ်လေ"
"ဘာတွေ ဖြစ်နေတာလဲ။ ယွမ်ရှောင်က အဇူရာ သစ်ရွက် အဖွဲ့ကို အနိုင်ယူဖို့ ဓားနယ်မြေ ဘိုးဘေးတွေရဲ့ စွမ်းအားကို ချေးငှားခဲ့တယ်လို့ ငါ ကြားတယ်။ သူက ရန်သူ ပါရမီရှင်တွေထက် သိုင်းပညာသာလွန်ရင်တောင် အရေအတွက် ထောင်ပေါင်းများစွာကို တစ်ယောက်တည်း တကယ် ရင်ဆိုင်နိုင်မှာလား"
"ဧကရီတစ်ယောက်တည်းသာ ဒီလို လုပ်နိုင်မှာပါ"
ကောင်းကင်နယ်မြေရှိ လူသား အားလုံး မင်သက်သွားကြပြီး ဤသည်မှာ မည်သို့သော မဟာဗျူဟာမျိုး ဖြစ်သနည်းဟူ၍ မေးခွန်းထုတ်နေကြသည်။ နတ်ဆိုးတိုက်ကြီး နှင့် ခရမ်းရောင်ကောင်းကင်နတ်ပြည်ထောင်ဘက်တွင် ပို၍ပင် နားမလည်နိုင် ဖြစ်သွားကြပြီး သူတို့က နုတ်ထွက်ရန် ကြံစည်ထားသော်လည်း တစ်ဖက်မှ လက်ဦးနေသည်။
သတင်း သူတို့ထံသို့ ရောက်ရှိသည်နှင့်၊ ကူဧကရာဇ် နန်းစဉ် သားသမီးများကို တင်းကျပ်စွာ ပြောသည်၊ "မေ့လိုက်တော့။ ငါတို့လည်း နုတ်ထွက်မယ်။ ငါတို့အတွက် လုပ်ဆောင်ဖို့ လိုအပ်တာက တားမြစ်ကံကြမ္မာ စစ်တပ်တစ်ခု စုစည်းပြီး တိုက်ခိုက်လာတာကို စောင့်ဆိုင်းဖို့ပဲ။ ရန်သူရဲ့ ထောင်ချောက်က ဘယ်လောက် ဆွဲဆောင်မှုရှိရှိ၊ ငါတို့ ဝင်တိုးမှာ မဟုတ်ဘူး"
ထိုသတင်း ရလိုက်သောအခါ ကူဧကရာဇ်က ပါရမီရှင်များကို ချက်ချင်း တားမြစ်လိုက်သည်။
"ဒါဆိုရင် အစစ်အမှန်တိုက်ပွဲမှာ ယွမ်ရှောင် တစ်ယောက်တည်းပေါ့"
ကြာနီ၏ သားတော်က စိတ်ပျက်စွာ တီးတိုးရေရွတ်လိုက်ပြီး အားလုံးတွင် အလွန် ထူးဆန်းသော မျက်နှာထားတစ်ခု ရှိနေကြသည်။ အင်မော်တယ်စစ်ပွဲ၏ အမျှော်လင့်ဆုံး နောက်ဆုံးတိုက်ပွဲတွင် လူတစ်ဦးတည်း တိုက်ခိုက်ရန်ရှိနေသည်မှာ စကားလုံးများဖြင့် ဖော်ပြမရနိုင်အောင် ထူးဆန်း၏။ နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ဖက်လုံးမှ ယွမ်ရှောင်ကို အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် အင်မော်တယ် ပါရမီရှင်အဖြစ် သရဖူဆောင်းပေးရန် စုပေါင်း ဆုံးဖြတ်ခဲ့ကြသကဲ့သို့ ထင်မှတ်ရသည်။
"နတ်ဆိုးဧကရာဇ် သုံးပါး"
ပါရမီရှင်လူငယ်များအတွင်းမှ ကျောချမ်းဖွယ် ပုံရိပ်တစ်ခု ရှေ့သို့ ခြေလှမ်းတက်လာသည်။ သူက ပိန်လှီပြီး ဖျော့တော့သော လူငယ်တစ်ဦး ဖြစ်ကာ အရေပြားနှင့် အရိုးသာ ရှိပြီး ကျောအထက်တွင် စက္ကူရုပ် အမျိုးသမီးတစ်ဦးကို သယ်ဆောင်ထားသည်။ သူမသည် မျက်နှာချေများ ထူထဲစွာ လိမ်းခြယ်ထားပြီး မျက်လုံးအသေဖြင့် မလှုပ်မယှက်ရှိနေသောကြောင့် စိတ်ညစ်ညူးဖွယ် ဖြစ်သည်။ စစ်မှန်သော နတ်ဆိုးမှာ မည်သူဖြစ်သည်ကို ပြောရန် ခက်ခဲပြီး သယ်ပိုးထားသော လူငယ်လော သို့မဟုတ် စက္ကူရုပ် အမျိုးသမီးလော။
ထူးခြားဆန်းပြားသော ဤနတ်ဆိုးသည် တားမြစ်ကံကြမ္မာကဲ့သို့ပင် မကျေနပ်မှုမှ မွေးဖွားလာခဲ့ပြီး အရိုးစုသည်လည်း မကျေနပ်မှု၏ ဝိညာဉ်တစ်ဦး ဖြစ်သည်။
အမှန်တကယ်တွင် ဤပါရမီရှင်များအကြားတွင် အသန်မာဆုံး သုံးဦးလုံး မကျေနပ်မှုမှ မွေးဖွားလာခဲ့ကြပြီး တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ တပည့်များ ဖြစ်ကြသည်။ အရိုးစုက ဒုတိယသန်မာသူ ဖြစ်ပြီး မင်္ဂလာပွဲသရဲဟု လူသိများသော ဤ နတ်ဆိုးက ပထမအဆင့် ရှိသည်။ သူက နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးတွင် နတ်ဧကရီမှလွဲလျှင် အသန်မာဆုံး လူငယ် ပါရမီရှင် ဖြစ်သည်။ သူ၏ ထူးခြားဆန်းပြားသော အမည်သည် သူ၏ မကျေနပ်မှုမှ မြစ်ဖျားခံလာခြင်းပင်။
"ပြောပါ"
နတ်ဆိုးဧကရာဇ် သုံးပါးက လူငယ်၏ နောက်ကျောမှ စက္ကူရုပ် အမျိုးသမီးထံ အာရုံစိုက်လိုက်ကြပြီး အစစ်အမှန် သတ္တဝါ အဖြစ် သဘောထားနေကြ၏။
ထို့နောက် သူမ၏ မျက်နှာက ထူးဆန်းစွာ တွန့်လိမ်သွားကာ ကျောပိုးထားသော လူငယ်သည် ရုပ်သေးတစ်ရုပ်ပမာ စကားးပြောလာသည်။
"ဒီတိုက်ပွဲမှာ နတ်ဧကရီရဲ့ ယောကျ်ားကို အနိုင်ပေးလိုက်ရင် နတ်ဆိုးတိုက်ကြီးအတွက် မျက်နှာပျက်စရာဖြစ်လိမ့်မယ်"
"ဒါဆိုရင် မင်း ဘယ်လိုလုပ်ချင်လို့လဲ"
ကူဧကရာဇ်က စက္ကူရုပ် အမျိုးသမီးအပေါ် တော်တော်လေး ယဉ်ကျေးပုံရသည်။
"တခြားနတ်ဆိုးတွေ မတိုက်ခိုက်နိုင်ရင်တောင် ငါ တိုက်ခိုက်မယ်။ တကယ်လို့ အောင်မြင်သွားရင် အရုဏ်တက်နတ်ဧကရီရဲ့ ခင်ပွန်းကို သတ်ပြီး ထိပ်တန်းအင်မော်တယ်နေရာကို ယူရင်း နတ်ဆိုးတိုက်ကြီးရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြှင့်တင်နိုင်လိမ့်မယ်။ ငါရှုံးသွားရင်လည်း ငါတစ်ယောက်တည်း သေရမှာဖြစ်လို့ ကိစ္စမရှိဘူး။ နတ်ဆိုးတိုက်ကြီးရဲ့ အခြေခံ အင်အားအုတ်မြစ်ကိုလည်း မထိခိုက်စေဘူး"
မင်္ဂလာပွဲသရဲ၏ အသံသည် တစ်စုံတစ်ယောက်က သူ၏ ကိုယ်တွင်း၌ ငိုကြွေးနေသကဲ့သို့ ညည်းတွားပုံပေါ်သည်။
"တော်လောက်ပြီ။ မင်းတို့အားလုံး စိတ်အားထက်သန်နေတာကို ငါ သိပေမယ့် နတ်ဆိုးတိုက်ကြီးတွင် ကိုယ်ပိုင် စည်းမျည်းရှိတယ်။ ဒီည သည်းခံလိုက်ရင် မနက်ဖြန်က ငါတို့အတွက်ပဲ။ မင်းတို့အားလုံးက အနာဂတ်ထောက်တိုင်တွေ ဖြစ်ကြလို့ တစ်ယောက်မှ အဆုံးရှုံးမခံနိုင်ဘူး"
သို့သော် ကူဧကရာဇ်က အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး တားမြစ်လိုက်သောကြောင့် နတ်ဆိုးပါရမီရှင်များ ခေါင်းငုံ့သွားကာ သူတို့၏ နှလုံးသားများ မလိုလားမှုဖြင့် တောက်လောင်နေသည်။ သို့သော် ကူဧကရာဇ်၏ အမိန့်အောက်တွင် သူတို့အနေဖြင့် ဒေါသကို မျိုချရန်သာ တတ်နိုင်ပြီး တစ်နာရီအကြာတွင် အခြားသတင်းတစ်ပုဒ် ပျံ့နှံ့ ထွက်ပေါ်လာလေ၏။
"ခရမ်းရောင်ကောင်းကင် နှင့် နတ်ဆိုးတိုက်ကြီးလည်း တိုက်ပွဲမှ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီ"
"ယနေ့ည သန်းခေါင်ယံတွင် လူသားမျိုးနွယ်၏ ထိပ်တန်း အင်မော်တယ် မွေးဖွားလာပေလိမ့်မည်…"