လနတ်သား၏ အကြံ
Vol. 16 Ch. 199
ချန် ကောင်းကင်စံအိမ်တွင် အရုဏ်တက် ခြံဝန်း၊ နောက်ဆက်တွဲ အဆောက်အအုံရှိ မြေအောက် လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ ယွမ်ရှောင် အံ့ဩတကြီး ရပ်နေပြီး သူ၏ ရှေ့တွင် ရတနာများ တောင်ပုံရာပုံ ရှိနေသည်။ ဘယ်ဘက်တွင် ဆေးလုံးများ ရှိပြီး အများစုကို ကျောက်စိမ်းပုလင်းများထဲတွင် ထည့်ထားကာ သွေးများ စွန်းထင်းနေဆဲပင်။ အလင်းစက်ကွင်း အဆင့် လေမီး ကပ်ဘေး ဆေးလုံး တစ်သန်းကျော် အရေအတွက် ရှိပြီး သူတို့၏ တန်ဖိုးမှာ သူတော်စင် ကျောက်တုံး သန်းရာပေါင်းများစွာဖြစ်သည်။ ညာဘက်တွင် သွေးစွန်း သူတော်စင် ကျောက်တုံးများ ရှိနေကာ အရေအတွက် သန်းနှစ်ရာ ဖြစ်၍ ခန်းမဆောင်တစ်ခုလုံးကို သလင်းကျောက်တောင်ပမာ ထွန်းလင်းစေသဖြင့် ပြိုးပြက်တောက်ပပြီး ခမ်းနားထည်ဝါနေသည်။ ပတ်ပတ်လည်တွင် ဝေ့ဝဲနေသော သွေးမြူခိုးပင် သူတို့၏ ဆွဲဆောင်မှုကို မလျှော့ချနိုင်ခဲ့ပေ။
ဆေးလုံးများနှင့် သူတော်စင် ကျောက်တုံးများအပြင် အလယ်တွင် အမျိုးမျိုးသော မှော်ရတနာများ၊ ချပ်ဝတ်တန်ဆာများနှင့် ကျင့်ကြံမှု အရင်းအမြစ်များ ပြည့်နှက်နေပြီး နဂါးငွေ့တန်း အဆင့် နိုင်ငံတော်ရတနာဖြစ်သော တော်ဝင်တံဆိပ်ပင် ယွမ်ရှောင်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုက ယခု အနည်းဆုံး သူတော်စင် ကျောက်တုံး သန်းလေးရာမှ သန်းငါးရာအထိ ရှိလာ၏။
"မနက်ဖြန် အင်မော်တယ်စစ်ပွဲ ပြီးဆုံးရင် ဝိညာဉ်ရတနာနန်းတော်ကလည်း နောက်ထပ် သန်းတစ်ရာ ရဦးမယ်။ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလိုက်သလဲ"
ဓားတာအိုကျောက်တိုင် ပြဿနာကို ဖြေရှင်းပုံ ကြမ်းတမ်းခဲ့သော်လည်း အကျိုးအမြတ် ကြီးမားခဲ့ပြီး ယွမ်ရှောင် နှင့် အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင် နှစ်ဖက်လုံး အကြီးအကျယ် အမြတ်ထွက်ခဲ့ကြသည်။
"ဒီအားနည်းတဲ့ သားရဲလေးကို အားကောင်းအောင် လုပ်ဖို့ ဝိညာဉ်ရတနာနန်းတော်ရဲ့ ဆုလာဘ်ကို စောင့်ဆိုင်းဖို့ စီစဉ်ထားခဲ့တယ်။ အခု မလိုအပ်တော့ဘူး"
သူက ရေရွတ်၍ အိပ်စက်နေသော သားရဲလေး တစ်ဖြစ်လည်း အနက်ရောင်ခေါင်းတလားငယ်ကို သူတော်စင်ကျောက်တုံးပုံအတွင်း ပစ်ထည့်လိုက်ရာ အသူတရာချောက်နက်ပမာ ကျယ်ဝန်းနက်ရှိုင်းသော ပါးစပ်တစ်ခု အလိုအလျောက် ပွင့်လာ၍ စတင်ဝါးမျိုနေခဲ့သည်။ သူတော်စင် ကျောက်တုံးများက ရေကဲ့သို့ တဝေါဝေါ စီးဆင်းလာပြီး ရှေးဟောင်း ကြေးခေါင်းတလားထဲသို့ တဂျွတ်ဂျွတ်မြည်သံဖြင့် လိမ့်ဝင်သွားသည်။လနီ စားသုံးနေစဉ် ခေါင်းတလားမှာ ကြီးထွားလာပြီး ခဏအကြာတွင် ကျင့်ကြံရေး အခန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ခေါင်းတလား အဖုံးပေါ်ရှိ ထူးဆန်းသော အပြာရောင် မျက်လုံးများနှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင် မျက်လုံးများ နေမင်းထက်ပင် ပို၍ တောက်ပလာသဖြင့် စွမ်းအား ပြည့်လာကြောင်း သိနိုင်၏။
"စားမယ် ဝါးမယ်"
လနီက အော်ဟစ်ရင်း ကျယ်ပြန့်စွာ ဖွင့်ထားသော ပါးစပ်ပေါက်ဖြင့် သွေးစွန်းနေသည့် သူတော်စင် ကျောက်တုံးများကို ရေစီးကြောင်းတစ်ခုအသွင် ဖြစ်စေသည်အထိ စုပ်ယူနေသည်။
" လုံးဝ စိတ်လှုပ်ရှားစရာပဲ"
ကြယ်ပြာက သေလုနီးပါး အခြေအနေမှ အသက်ဓာတ်ပြည့်ဝသော အနေအထားသို့ တက်ကြွစွာ ရောက်ရှိလာ၏။ သူတို့က ယွမ်ရှောင်ကို လျစ်လျူရှုထားပြီး
တောက်ပနေသည့် မျက်လုံး လေးလုံးမှာ သူတော်စင် ကျောက်တုံးများအပေါ်တွင်သာ ကျရောက်နေ၏။ သားရဲလေး အသက်ဝင်လာသောကြောင့် သူက စိတ်အေးသွားပြီး ကျေနပ်နေစဥ် မျက်နှာထား အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
"ဟေ့ကောင်တွေ ရပ်လိုက်စမ်း"
သူတို့၏ စားသုံးနှုန်းက မြန်ဆန်လာပြီး သူတော်စင် ကျောက်တုံး နှစ်ရာသန်းနီးပါးကို တစ်ချက်တည်း မျိုချလိုက်ကြသည်။ အင်မော်တယ်ပြည်ထောင်များထက် ပို၍ ကြွယ်ဝသူဟု ကြွေးကျော်ခဲ့သော ယွမ်ရှောင်မှာ ကြွက်စုတ်တစ်ကောင်ကဲ့သို့ မွဲပြာကျသွားပြန်၏။
"ကုန်သွားပြီလား"
သူတော်စင် ကျောက်တုံး အပုံလိုက်ကြီး ရှိနေခဲ့ဖူးသော ကွက်လပ်နေရာကို သူက ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။
"မင်း ဘာမှ မသိဘူး။ ငါတို့ရဲ့ ဗိုက်က ဗလာဖြစ်လေလေ ပိုပြီး ဖြည့်ဆည်းဖို့ လိုအပ်လေလေပဲ"
ကြယ်ပြာက ပြုံးလိုက်သည်။
"ငါ့အတွက်ကော"
ယွမ်ရှောင်က ခွန်းတုံ့ပြန်လိုက်၏။
"လုံခြုံရေးက မင်းအတွက် ပိုအရေးကြီးတယ်။ မင်း ဖြည်းဖြည်းချင်း လေ့ကျင့်နေပါ။ ငါ အရင် ထွက်သွားလိုက်ဦးမယ်"
ကြယ်ပြာက ဖြောင့်မတ်မှန်ကန်သော ဟန်ပန်ဖြင့် ကြေညာသည်။
"စားဦးမယ်"
ဆာလောင်မှုဖြင့် ရူးသွပ်နေသော လနီက အနီးအနားမှ ဆေးလုံးများထံ ခုန်အုပ်ကာ ချောက်နက်ကြီးကဲ့သို့ ပါးစပ်ဖြင့် အရာအားလုံးကို မျိုချလိုက်ရာ ပုလင်းများပါမကျန်ဘဲ အဖုံးတစ်ဖုံးကိုပင် မချန်ထားခဲ့ပေ။
"အကုန် မစားနဲ့ဟ။ ငါက လေမီး ကပ်ဘေးကို ဖြစ်ပေါ်စေဖို့ သူတို့ကို လိုအပ်နေသေးတယ်"
ယွမ်ရှောင်၏ အမြင်အာရုံ မှောင်မိုက်သွားသည်။
"အရူးကောင်၊ ငါတို့အစ်ကိုကြီး အတွက် နည်းနည်း ချန်ထားလိုက်"
"ဘယ်လောက်လဲ ချန်ထားရမှာလဲ။ တစ်လုံးဆို လုံလောက်ရဲ့လား"
လနီက တွန့်တို့ဟန်ဖြင့် လေမီး ကပ်ဘေး ဆေးလုံးတစ်လုံး ထွေးထုတ်လိုက်သည်။
"ဒီကနေ ထွက်သွားစမ်း"
ယွမ်ရှောင်က ပြေးတက်၍ ရှေးဟောင်း ကြေးခေါင်းတလားကို ဘေးသို့ တွန်းထုတ်လိုက်ရာ လေမီး ကပ်ဘေး ဆေးလုံး နှစ်သိန်းခန့်ကို ထိုပါးစပ်ကြီးအတွင်းမှ ကယ်တင်နိုင်ခဲ့သည်။
"ငါ့ရဲ့ ရှေးဦးဟင်းလင်းပြင် ကျင့်စဉ်က မြင့်မြတ်ချီအဖြစ် ပြောင်းလဲဖို့ လေမီး ကပ်ဘေးကို ခံယူရန် လိုအပ်တယ်။ ဒီ လုပ်ငန်းစဉ်က ပုံမှန်ထက်ပိုတဲ့ လေမီး ကပ်ဘေး ဆေးလုံးများ လိုအပ်တယ်။ ဒီနှစ်သိန်းက လုံလောက်ကောင်းပါရဲ့"
ဆေးလုံးများဖြင့် ကပ်ဘေးများကို ကျော်ဖြတ်ခြင်းက ကြယ်ပြာ နှင့် လနီ၏ စွမ်းအား တိုးမြှင့်မှုကြောင့် ယွမ်ရှောင်အတွက် လေမီးတောက် ကပ်ဘေးများက ကြောက်စရာ မကောင်းတော့သော်လည်း တစ်ခုတည်းသော မေးခွန်းမှာ မဟာကပ်ဘေး ဆက်လက် ကျရောက်လာဦးမည်လော။
"ကြယ်ပြာ နဲ့ လနီက ပိုပြီး အားကောင်းနေပြီ။ နောက်တစ်ကြိမ် ကြိုးစားကြည့်ရမယ်။ တကယ်လို့ မဟာကပ်ဘေး နောက်တစ်ကြိမ် ရောက်လာရင်လည်း နတ်ဆိုးတိုက်ကြီးအတွက် လက်ဆောင် ပို့ပေးလိုက်တာပေါ့"
ယွမ်ရှောင်က ကြုံးဝါးလိုက်ပြီး လူတစ်ယောက်နှင့် သားရဲနှစ်ကောင်အတွက် သူတို့၏ ခွန်အားမှာ သော့ချက်ဖြစ်နေခဲ့သည်။
"လုပ်လိုက်ကြစို့"
သူတော်စင် ကျောက်တုံး အားလုံး နှင့် ဆေးလုံးများ၏ ငါးပုံလေးပုံကို မျိုချပြီးနောက် ရှေးဟောင်းကြေးခေါင်းတလားသည် သေးငယ်သော အနက်ရောင် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယွမ်ရှောင်၏ အမြင်တွင် သူတို့ အနည်းငယ် ပို၍ ဝဖြိုးလာပုံရသည်ကို ရှင်းလင်းစွာ တွေ့နိုင်သည်။ ၎င်းက အမှန်တကယ်ပင် အစားကြူးပြီး ဤအခြေအနေမျိုးဖြင့်ဆိုလျှင် သူအနေဖြင့် မည်သူမှ ဂရုမစိုက်ဘဲ နောက်တစ်ကြိမ် စိတ်ကြိုက် ပြုမူနိုင်သည်။ ငွေနှင့် ရတနာများက သူ၏ တိုက်ပွဲများနှင့် အောင်နိုင်မှုများမှတစ်ဆင့် ရရှိနိုင်ပေသည်။ သူက
တည်ငြိမ်သော နှလုံးသားဖြင့် ရှေးဟောင်း ရေတွင်းကဲ့သို့ ငြိမ်သက်စွာ လျှို့ဝှက်ခန်းထဲတွင် ခြေထောက်ချိတ် ထိုင်လိုက်သည်။ ကြီးမားသော ပရမ်းပတာ တိုက်ပွဲများ မဖြစ်ခင် နောက်ဆုံး နာရီဝက်အတွင်း သူက လေမီး ကပ်ဘေး ဆေးလုံး အများအပြား စားသုံးခဲ့ပြီး ဒုတိယ လေမီးတောက် ကပ်ဘေးနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထား၏။
"နောက်ထပ် မဟာကပ်ဘေး လာမှာလား"
ယွမ်ရှောင်က အတွေးနက်နေစဥ် ဆေးလုံးများ၏ စွမ်းအားသည် ခန္ဓာကိုယ်အတွင်း စီးဆင်း၍ သူ၏ ချီစွမ်းအား၊ အသွေးအသား နှင့် အရိုးများကို လှုပ်နှိုးလိုက်သည်။ သူက ချန်ကောင်းကင်စံအိမ်၏ ကောင်းကင်အထက်ကို စိုက်ကြည့်နေပြီး အသက်ရှုချိန် နှစ်ဆယ်ခန့်အယကြာသည်အထိ ကောင်းကင်မှာ တည်ငြိမ်နေဆဲပင်။
"တာအို နယ်မြေရဲ့ နိယာမတွေက ငါ့ကို သေဆုံးသွားပြီလို့ ထင်နေပုံရတယ်"
သူက စိတ်ထဲမှ ကောက်ချက်ချလိုက်ပြီး နတ်ဆိုးတိုက်ကြီးကို နောက်တစ်ကြိမ် မထိုးနှက်နိုင်သော်လည်း ဘေးအန္တရာယ်ကင်းခြင်းသည်လည်း နောက်ဆုံးတွင် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ မဟာကပ်ဘေး မရှိလျှင်ပင် သူ ရင်ဆိုင်ခဲ့ရသော ဒုတိယအကြိမ်မြောက် လေမီးတောက် ကပ်ဘေးသည် သေမျိုးများအတွက် အမြင့်ဆုံး ကန့်သတ်ချက်တွင် ရှိနေခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် ၎င်းက ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ပြီး သူသည် လေနှင့်မီးအကြား သေခြင်းနှင့် ရှင်ခြင်းကို လွန်ဆွဲ၍ ယိမ်းထိုးနေသည်။ဤကပ်ဘေးကြောင့် အင်မော်တယ်လမ်းကြောင်း၏ ခက်ခဲမှုကို သူ အမှန်တကယ် နားလည်နိုင်ခဲ့ပြီး ခဏအကြာတွင် အလယ်အဆင့် လေမီး ကပ်ဘေး နယ်ပယ်သို့ ချောမွေ့စွာ တက်ရောက်သွားသည်။
"အချိန်ရှိသေးတယ်"
ယွမ်ရှောင်က လေမီး ကပ်ဘေး ဆေးလုံး အသုတ်တစ်ခုကို နောက်တစ်ကြိမ် စားသုံးလိုက်ပြီး ဤတစ်ကြိမ်တွင် အရေအတွက် သုံးသောင်း ယခင်ကထက် နှစ်ဆ ဖြစ်သည်။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော တတိယအကြိမ်မြောက် လေမီးတောက် ကပ်ဘေးက သူ့အပေါ် ဆင်းသက်လာသည်။ ၎င်းက ပို၍ ရက်စက်ကြမ်းကြုတ်ပြီး သူ၏ အသွေးအသားနှင့် အရိုးများ အကြိမ်ကြိမ် မီးရှို့ခံနေရပြီး လေပြင်းများအောက် နာကျင်နေသော်လည်း
ကံကောင်းစွာဖြင့် ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဉ်၏ အသက်ဓာတ်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသဖြင့် ပျက်စီးသွားသော ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ကုသပေးနေပြီး နာကျင်မှုမှ သက်သာစေခဲ့သည်။
"ယင်ဟင်းလင်းပြင် စွမ်းအားနဲ့ ပေါင်းစပ်မှုက အမှန်တကယ် ဟန်ချက်ညီစေခဲ့တယ်။ ပြင်းထန်မှု နည်းပါးပေမယ့် ပိုနက်ရှိုင်းပြီး တည်ငြိမ်တာပဲ"
အင်မော်တယ်စစ်ပွဲ၏ အောင်မြင်မှုကို တွေးတောနေရင်း ယွမ်ရှောင်သည် တတိယအကြိမ် ယင်ဟင်းလင်းပြင် စွမ်းအားကို စုပ်ယူရန် အကြောင်း စဥ်းစားမိသောအခါ ချောင်းဆိုးလိုက်မိသည်။ စတုတ္ထအကြိမ်မြောက် လေမီးတောက် ကပ်ဘေးကို ကျော်ဖြတ်ရန် အချိန်မရှိတော့သဖြင့် သူက ချက်ချင်းထရပ်၍ ဓားပျံဖြင့် ကောင်းကင်သို့ ပျံတက်သွားကာ တက်လှမ်းခြင်း တံခါးထံ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။
"ဓားကျင့်ကြံသူတိုင်း ဓားကို ရဲရဲဝံ့ဝံ့ မကိုင်စွဲနိုင်ခဲ့တဲ့ အချိန်ကစလို့ အခု ဓား သူတော်စင် စွန်းက ဝန်ကြီးချုပ်အဖြစ်၊ ငါ့အဒေါ် သုံးယောက်က မဟာကျောင်းတော်ရဲ့ ကျောင်းအုပ်အဖြစ် အမှုထမ်းနေတဲ့အတွက် ကောင်းကင်နယ်မြေ ပြောင်းလဲသွားခဲ့ပြီ… အရာအားလုံးက ဓားကြောင့်ပဲ။ နတ်ဆိုးတိုက်ကြီးရဲ့ အမှိုက်တွေ မင်းတို့က တိုက်ပွဲကို ရွေးချယ်ခွင့်မရှိဘူး"
သူက စစ်မြေပြင်သို့ လှမ်းကြည့်ရင်း ကျေနပ်စွာ ရယ်မောလိုက်သည်။
ဘိုးဘေးကျောင်းတော် ဖျက်သိမ်းခံလိုက်ရသော်လည်း အဆောက်အအုံက ရှိနေဆဲဖြစ်ပြီး ကောင်းကင်နယ်မြေရှိ နတ်ဆိုးတိုက်ကြီး၏ အဓိက အခြေစိုက်စခန်းဖြစ်နေသည်။ ဝန်းရံနေသော နတ်ဆိုး မြူခိုးအကြားတွင် ငွေရောင် ဆံပင်နှင့် နတ်ဆိုးက အမှောင်ကျနေသည့် အိမ်တစ်လုံးဆီသို့ လျှောက်လှမ်းလာသည်။
"ဆက်ရှာစမ်း။ လိုအပ်ရင် မြေကြီးကို သုံးပေအထိ တူးရမယ်ဆိုရင်တောင် သူမကို ရှာတွေ့ရမယ်"
လနတ်သား မဝင်ရောက်မီ အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။
ဘန်း
ကြီးမားသော ဝံပုလွေ နတ်ဆိုးတစ်ကောင် အပြင်ဘက်သို့ လွင့်ထွက်လာပြီး သွေးများ ပန်းထွက်နေသော်လည်း အမြှီးကုပ်၍ လျင်မြန်စွာ ထွက်ပြေးသွားသဖြင့် အတွင်းမှ ပုဂ္ဂိုလ်၏ ဒေါသ ပြင်းထန်ပုံကို သက်သေပြနေသည်။
"လနတ်ဆိုး ဧကရာဇ်…"
လနတ်သားက အခန်းအတွင်း ဝင်ရောက်၍ ဦးခေါင်းကို ငုံ့ထားလိုက်သည်။ သူ၏ ရှေ့တွင် အနက်ရောင်ဝတ် လူငယ်က လက်နောက်ပစ်၍ ရပ်နေသော်လည်း မျက်လုံးများ သွေးနီရောင် သန်းနေသည်။
ဝှစ်
သူက လနတ်သားရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လည်ပင်းမှ ဆုပ်ကိုင်၍ ကြောက်မက်ဖွယ်မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားရာ အစွယ်တဖွေးဖွေး ထွက်ပေါ်နေ၏။
"မင်း ငါ့ညီမကို နောက်ဆုံး ဘယ်တုန်းက တွေ့ခဲ့တာလဲ"
လနတ်ဆိုး ဧကရာဇ်က ဆိုးညစ်သော လေသံဖြင့် မေးသည်။
"အရှင်က လ မီးလျှံ ချပ်ဝတ်တန်ဆာကို ွကျုပ်ဆီ ချီးမြှင့်ခဲ့တုန်းကပါ"
စကားအဆုံးတွင် သူက နတ်ဆိုးသူတော်စင်များအကြားရှိ အားနည်းပြီး ဆွဲဆောင်မှုရှိသော ဟွာလျန် သခင်မထံ လှည့်ကြည့်လိုက်သည်။
"သူမကို နှုတ်ဆက်ပြီးနောက်၊ ကျုပ်က ဆရာနဲ့အတူ ကျင့်ကြံဖို့ ထွက်သွားခဲ့ပါတယ်"
လနတ်သားက တည်ငြိမ်စွာ ပြောသည်။
"ဟုတ်ပါတယ်"
ဟွာလျန် သခင်မက ခေါင်းညိတ်၍ အတည်ပြုပေးခဲ့သည်။
"မင်းက အစေခံဖြစ်ပြီး ငါ့ညီမနောက် လိုက်မသွားဘူးလား"
လနတ်ဆိုး ဧကရာဇ်က လနတ်သားကို မြေပြင်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။
"သူမ ကျုပ်ကို လိုက်ခွင့် မပြုခဲ့ပါဘူး။ သူမ ဘာဖြစ်သွားလို့လဲ။ အခု ဒုက္ခရောက်နေတာလား"
"ငါ့ညီမ ပျောက်နေတယ်။ ဒီလိုအချိန်မှာ ပျောက်ကွယ်နေတာ အန္တရာယ်တွေ့နေပြီလို့ ဆိုလိုတာပဲ"
"ဒုက္ခပါပဲ။ ကျုပ် သူမကို သွားရှာပေးမယ်"
လနတ်သားက အားယူ၍ ထရပ်လိုက်ပြီး စိုးရိမ်ပူပန်သော မျက်နှာထား ဖြစ်ပေါ်နေ၏။
"ထွက်သွားစမ်း"
လနတ်ဆိုး ဧကရာဇ်က သူ့ကို ဒေါသတကြီး ကန်ထုတ်လိုက်ပြီး အိမ်တော်အပြင်ရှိ မြေထက်တွင် လဲကျသွားစေသည်။
"မင်းတို့ကရော ဘာကို စောင့်နေတာလဲ။ လူတိုင်း၊ ထွက်ပြီး သူမကို ရှာကြစမ်း"
"ထျန်းအာ သူမကို ရှာဖို့ လိုအပ်ပေမယ့် ငါတို့ အတူတူရှိနေရမယ်။ အရုဏ်တက်နတ်ဧကရီက ရဲချင်းထျန်ရဲ့ နောက်လိုက်တွေကို ချေမှုန်းနေတယ်။ ရန်သူကို အခွင့်အရေးပေးလိုက်လို့ မဖြစ်ဘူး"
ကြာနီ၏ နူးညံ့သော အသံ ထွက်ပေါ်လာသည်။
"ရဲ ချင်းထျန်ရဲ့ သတင်းပေးတွေ သေသွားတာ နှမြောစရာပဲ။ ဒီလိုမှမဟုတ်ရင်ကောင်းကင်နယ်မြေမှာ တစ်စုံတစ်ယောက်ကို ရှာဖွေရတာ ခက်ခဲမှာ မဟုတ်ဘူး"
ကူဧကရာဇ်က ခေါင်းယမ်း၍ မှတ်ချက်ချလိုက်ပြီး သူတို့၏ အတွေ့အကြုံများအရ ဤသို့သော အချိန်တွင် အဓိက ပုဂ္ဂိုလ်တစ်ဦး ပျောက်ကွယ်သွားခြင်းသည် မကောင်းသော နိမိတ် ဖြစ်ကြောင်း နားလည်ကြသည်။ နတ်ဆိုးသူတော်စင် အများအပြားက သက်ပြင်းချလိုက်ကြပြီး လနတ်ဆိုး ဧကရာဇ် သူ၏ ညီမငယ်ကို မည်မျှ တန်ဖိုးထားသည်ကို သူတို့အားလုံး သိရှိထားကြသည်။
"တကယ်လို့ သူမသာ တစ်ခုခု ဖြစ်သွားရင် ငါက ကောင်းကင်နယ်မြေရဲ့ လူသားတွေအသက်နဲ့ ပေးဆပ်စေရမယ်"
လဧကရာဇ်က စိတ်ဆိုးမာန်ဆိုး ကြုံးဝါး၍ ကြမ်းတမ်းစွာ ထွက်ခွာသွားသောအခါ လနတ်သားလည်း ထရပ်လိုက်ပြီး သွေးရောင်သန်းနေသော မျက်ဝန်းများဖြင့် အံကြိတ်၍ လိုက်ပါသွားခဲ့သည်။
"လနတ်သား၊မင်း ဘယ်သွားမလို့လဲ။ အပြင်ဘက်မှာ အရမ်း အန္တရာယ်များတယ်"
ဟွာလျန်သခင်မက အလောတကြီး တားမြစ်လိုက်၏။
"ဆရာ သူမ ပျောက်ဆုံးသွားရင် ကျုပ်ဘဝမှာ အဓိပ္ပါယ်မရှိတော့ဘူး"
လနတ်သား၏ အသံတွင် ရှိုက်သံအချို့ စွက်နေပြီး မုန်တိုင်းတစ်ခုအလား ဘိုးဘေးကျောင်းတော်အပြင်ဘက်သို့ ခပ်ကြမ်းကြမ်း ပြေးထွက်သွားလေသည်။