ရှေ့မှာရှိတဲ့ အံ့ဩစရာ သေတ္တာ
Vol. 28 Ch. 420
ဆန်နီဟာ လေးလံတဲ့ တံခါးအနားကို ကပ်သွားပြီး..တစ်ဖက်ခြမ်းမှာ လှုပ်ရှားမူတွေ ရှိနေလားဆိုတာကို အာရုံခံဖို့ကြိုးစားလိုက်တယ်။
ဘာမှရှိမနေခဲ့ပါဘူး။
ဘဏ္ဍာတိုက်ထဲမှာ သူ့အတွက် အန္တရာယ်များတဲ့တစ်စုံတစ်ခု စောင့်ဆိုင်းနေတယ်လို့ မခံစားရပေ။ဆန့်ကျင်ဖက်အနေနဲ့..လတ်ဆတ်တဲ့လေထု ၊ သန်းရှင်းနေတဲ့ ကြမ်းပြင်တွေကြောင့်..ဘဏ္ဍာတိုက်က သူ့ကို ဖိတ်ခေါ်နေသလိုတောငိ ဖြစ်နေပါသေးတယိ။
သို့ပေမယ့် သူက အရမ်းကြီးတော့ ဆွဲဆောင်ခြင်းမခံရပေ။
ဆန်နီ ခနလောက် တွေးတောလိုက်ပြီး..သူ့ရဲ့ အရိပ်တစ်ခုကို ခန္တာကိူယ်ကနေ ခွဲထွက်ကာ..တံခါးအောက်ဘက်ကနေ ဝင်ကြည့်ဖို့ ညွှန်ကြားလိုက်တယ်။ဒီအရာက သူ့ရဲ့အနီးနားမှာပဲ ရှိနေမှာဖြစ်တာကြောင့်..သူ့အတွက် ခနလောက် အားနည်းသွားတာက အဆင်ပြေပါတယ်။
'ဒီအရာကို ငါ ဘယ်လိလုပ်ပြီး ဖွင့်ရပါ့မလဲ..'
ခနတာလောက်..ဆန်နီရဲ့ မျက်နှာရှုံ့မဲ့သွားပြီး မျက်နှာကို လက်နဲ့အုပ်ထားခဲ့တယ်။
'ငါ ဘယ်တုန်းက ဒီလောက်တုံးအသွားတာလဲ..'
ပျော်ရွှင်နေတဲ့အရိပ်ရဲ့ မျက်လုံးထဲကနေ ကြည့်လိုက်တဲ့အချိန်မှာတော့..သူက အကာအကွယ်တွေရှိတဲ့ အခန်းတစ်ခန်းကို တွေ့လိုက်ရပါတယ်။
ဒါက..မြင့်မားတဲ့မျက်နှာကျတ်နဲ့ ကျယ်ဝန်းတဲ့ အခန်းတစ်ခန်းဖြစ်ပြီး..သူ့ရဲ့အလယ်မှာတော့ ကြီးမားတဲ့ သေတ္တာသုံးခု ရှိနေခဲ့တယ်။
ဘဏ္ဍာအခန်းရဲ့ နောက်ဘက်နံရံတစ်ခုလုံးက ပျက်စီးနေပြီး..များပြလှတဲ့နေရောင်တွေက အပေါက်ထဲကနေ ဝင်လာနေခဲ့ပါတယ်။
'ဒါပေါ့..ဘယ်ရှိပါ့မလဲ..'
ဘာပဲဖြစ်ဖြစ် ချိန်းပိုးကောင်ကလည်း ဒီနေရာကို တစ်နည်းနည်းနဲ့ ရောက်လာခဲ့ပါသေးတယ်။နတ်မိစ္ဆာက ဘဏ္ဍာခန်းရဲ့ တံခါးကို အေးအေးဆေးဆေး ဝင်ရောက်လာပြီး..ယဥ်ယဥ်ကျေးကျေးပြန်ပိတ်သွားမယ်လို့တော့ ဆန်နီ မထင်မ်ိပေ။
သူ သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းလိုက်ကာ..သူ့ရဲ့ တစ်ခနလောက် သတိလစ်ဟင်းမူက..အဆိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ နာကျင်မူကြောင့်လို့ သတ်မှတ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ မှားယွင်းမူကို လှောင်ပြောင်ဖို့အတွက် ကြည့်နေတဲ့လူ တစ်ယောက်မှ ရှိမနေခဲ့ပေ။
ခိုင်ခံ့တဲ့တံခါးရဲ့ တစ်ခြားတစ်ဖက်က အခန်းမှာ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးသားရဲလည်း စောင့်ဆိုင်းမနေခဲ့ပါဘူး။သူအထဲကို ဝင်သွားမယ်ဆိုရင် ဘယ်အရာကမှ..သူ့ကို တိုက်ခိုက်မှာမဟုတ်ပေ။
ဆန်နီဟာ သင်္ဘောရဲ့အပေါ်ဘက်ကို ပြန်တက်ပြီး အနောက်ဘက်မှာ ရှိနေတဲ့အပေါက်ကနေဝင်ဖို့ နည်းလမ်းကို စဥ်းစားလိုက်တယ်။ယင်းနောက် ရိုးရှင်းစွာပဲ အရိပ်တွေထဲကနေ တဆင့် အထဲကို ဝင်လာနိုင်ခဲ့ပါတယ်။သူက အချိန်တွေကို ထပ်ပြီးဖြုန်းဖို့အတွက် စိတ်မရှည်နိုင်တော့သလို ၊ အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့ပါပြီ။သူဒီမှာကြာကြာပိုပြီး ရှိနေလေလေ..ဆိုးဝါးတာ တစ်ခုခုဖြစ်လာနိုင်လေလေ ဆိုတာကိုတော့ ပြောစရာတောင် မလိုအပ်တော့ပေ။
တကယ်လို့ ဒီသေတ္တာတွေထဲမှာသာ ဒင်္ဂါးပြားတွေ ရာပေါင်းများစွာ ရှိနေမယ်ဆိုရင် ဒီအရာက တစ်ခြားဆုလာဒ်တွေ အားလုံးကိုတောင် အရှက်ရစေနိုင်လောက်တဲ့ ဆုလာဒ်တစ်ခုဖြစ်လာတော့မှာပါ။တစ်ဘဝလုံးစာရှာတွေ့မူကြီးပဲ..။
ဆန်နီဟာ စက္ကန့်အနည်းငယ်လောက် စောင့်ဆိုင်းလိုက်ပြီး သူ့ရဲ့မျက်လုံးတွေကို နေရောင်ခြည်ရဲ့ တောက်ပတဲ့အလင်းရောင်နဲ့ အသားကျအောင် လုပ်လိုက်တယ်။ယင်းနောက် အခန်းရဲ့အလယ်မှာ ရှိနေတဲ့ သေတ္တာသုံးခုကို လေ့လာလိုက်ပါတယ်။
သုံးခုစလုံးက ပွင့်နေခဲ့တယ်။သေတ္တာနှစ်လုံးက ဘာမှရှိမနေခဲ့ပါဘူး..။ဒါပေမဲ့ တတိယ တစ်လုံးကတော့...
သူ့မျက်လုံးတွေက အံ့ဩမူကြောင့် ပြူးကျယ်နေခဲ့ပါပြီ..။
တတိယသေတ္တာက ရှည်လျားပြီး၊ မာကျောကာ သူ့ရဲ့အနက်ရောင်သစ်သားကို..သတ္တုနဲ့ ပေါင်းစပ်ထားခဲ့ပါတယ်။ဒါက လူကြီးတစ်ယောက်လောက် ဝင်ဆံ့နိုင်လောက်အောင်တောင် ကြီးမားနေခဲ့တယ်။
ပြီးတော့..အထဲမှာ လေးလံတဲ့ ရွှေဒင်္ဂါးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။တစ်ချို့က သေတ္တာပေါ်ကနေ လျှံကျနေခဲ့ပြီး..ဆန်းကျယ်တဲ့လူရဲ့ လှပတဲ့မျက်နှာ ဒါမှမဟုတ်..တစ်ဖက်မှာ ရှိနေတဲ့ ရှေးဟောင်းသင်္ဘောရဲ့ ပုံကို ဖော်ပြနေခဲ့တယ်။
'ထောင်ချီ...ဒီမှာ ထောင်နဲ့ချီပြီး ရှိနေတယ်...'
ဆန်နီဟာ သူ့ရဲ့နှလုံးခုန် မြန်လာသလိုခံစားရပြီး..အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။
သူ့အတွက် တတိယအမြုတေ ဖန်တီးနိုင်လောက်တဲ့ ရတနာ ပမာဏက သူ့ရဲ့ရှေ့တည့်တည့်မှာ ရှိနေခဲ့တာပါ။ဒီလောက် များပြားဆန်းကျယ်တဲ့ ဒင်္ဂါးပြားတွေနဲ့ဆိုရင်..ဆန်နီက သူနဲ့ နစ်ဖီရဲ့ကြားထဲက ကွာဟချက်ကို လျော့ချနိုင်ပါလိမ့်မယ်..။ဖြစ်နိုင်တာက သူမကိုတောင် ကျော်တက်သွားနိုင်လောက်မှာပါ။
'ဒါက..ဒါက မဖြစ်နိုင်တာ..'
ဒီအရာက အရမ်းကိုလွယ်ကူတာပဲ..လို့ သူတွေးလိုက်ချင်မိပေမယ့်..အမှန်တကယ်တော့ အဲလိုမဟုတ်ပါဘူး။မှန်သားရဲ နဲ့တိုက်ခိုက်တဲ့အချိန်မှာ သူ သေမလိုဖြစ်ခဲ့ရတယ်..။သင်္ဘောသားအရုပ်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူတော်စင်က ဒဏ်ရာရရှိခဲ့တယ်။ရှေးဟောင်းသင်္ဘောထဲကို ဝင်ရောက်လာတဲ့ အချိန်မှာလည်း အဆိပ်တွေမိခဲ့ပြီး..ဝီဗာသွေးကြောင့်သာ မဟုတ်ရင် သူက သေဆုံးနေလောက်ပါပြီ။
လူတွေဘယ်လောက်ကများ သူတို့ရဲ့ သွေးကြောထဲမှာ ဒဲလ်မွန်တစ်ကောင်ရဲ့ သွေးကြောတွေ စီးဆင်းနေတယ်ဆိုပြီး ကြွားဝါနိုင်မှာလဲ..။တစ်ခြားသူတွေအတွက်ဆိုရင် ဒီခရီးစဥ်က သေလောက်အောင် အန္တရာယ်များလှပါတယ်။ဒီလိုရှာဖွေတွေ့ရှိမူတွေ အများကြီး နဲ့ နည်းလမ်းကျတဲ့ အဖြေထုတ်မူတွေကနေ ဒီကိုရောက်လာနိုင်တဲ့လူက အရမ်းကို နည်းပါးတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။
ဒီတော့..သူ လက်ရှိမတ်တတ်ရပ်နေတဲ့နေရာကို ရောက်လာနိုင်ကြဖို့တောင် မလွယ်ကြပေ။ဒါက လုံးဝကို မလွယ်ကူပါဘူး။ဘာပဲဖြစ်ဖြစ်..ဆန်နီက အတော်လေး ကံကောင်းပြီး ရောက်လာခဲ့တာပါ။လတ်တလောမှာတော့ သူ့ရဲ့ အခြေအနေတွေက လွယ်ကူခဲ့တယ်ဆိုတာ မရှိခဲ့ပေ။ဥပမာ ခွေးသားအရှုပ်တော်ပုံ ဒါမှမဟုတ် ကြက်သွေးရောင် ထိပ်ဖျားမှာ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်နိုင်ပါတယ်။
လေးလံတဲ့ သေတ္တာကြီးက..တိတ်တဆိတ်ရှိနေပြီး နေရောင်က ဝန်းရံထားခဲ့တယ်။ရွှေရောင်ဒင်္ဂါးပြားတွေကတော့ အလင်းရောင်အောက်မှာ တောက်ပနေကြပြီး ..သူ့ကို လာရောက်ယူဆောင်ဖို့အတွက် ဆွဲဆောင်နေသလိုပါပဲ။
ဆန်နီ တံတွေးမြိုချလိုက်တယ်။ဒီမြင်ကွင်းက အရမ်းကို လှပပါတယ်။သူ့ရဲ့ မျက်လုံးတွေက အလိုရမ္မက်တွေနဲ့ တောက်ပနေခဲ့တယ်။
'အဲလိုဖြစ်သွားရင် စိတ်မရှိပါနဲ့..'
သူ ရှေ့ကိုခြေလှမ်း အနည်းငယ်လှမ်းပြီး သေတ္တာနားကို ကပ်သွားခဲ့တယ်။
'ရွှေတွေက အတော်လေးတယ်..။ငါ ဒီဟာအကုန်လုံးကို ခံတပ်ဆီကို ဘယ်လိုပြန်သယ်သွားရမှာလဲ။ချီးတဲ့မှပဲ..။ဒီလောက် ပမာဏနဲ့ဆိုရင်..ငါကဘအရိပ်ထဲကနေလည်း သွားလာလို့မရဘူး .။ဒါက ပြသနာပဲ..'
သူ ဒင်္ဂါးပြားတွေဆီကို လက်လှမ်းလိုက်ပေမယ့်..ရုတ်တရက် ရပ်တန့်လိုက်တယ်..။သူ့လက်တွေကပွင့်နေတဲ့ သေတ္တာရဲ့ အပြင်ဘက်နားလေးမှာ ရပ်တန့်နေခဲ့ပါတယ်။
တစ်ခုခု..တစ်ခုခုက မူမမှန်ဘူး..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
'ဘာလဲဟ...အာ...ငါက ဒီသေတ္တာကို မြုပ်ထားခဲ့ပြီး အကြိမ်အနည်းငယ် သွားလိုက်ပြန်လိုက် လုပ်နိုင်တာပဲ..။ခနလေး..မဟုတ်သေးဘူး..ဒီမှာ ဘာမှားနေတာလဲ..'
သူ့ရဲ့ မျက်ခုံးတွေ ပိုမိုတွန့်ကွေးလာခဲ့တယ်။
ရတနာတွေထားတဲ့ အခန်းထဲမှာ အန္တရာယ်မရှိသလို အပြင်ဘက်မှာလည်း လှုပ်ရှားမူတစ်ခုမှ မရှိပေ။ရှေးဟောင်းသင်္ဘောရဲ့ ကိုယ်ထည်ထဲမှာ အိပ်မောကျနေတဲ့ ကြောက်မက်ဖွယ်ရာသားရဲက အခုထိ အိပ်ပျော်နေတုန်းပါပဲ။သင်္ဘောသားအရုပ်တွေကလည်း..အနားမှာရှိမနေခဲ့ပေ။ဒီတော့ သူ့ကို စိတ်အနှောက်အယှက် ဖြစ်နေစေတာက ဘယ်အရာလဲ။
'ချိန်း..ချိန်းပိုးကောင်...'
ချိန်းပိုးကောင်က..ဒင်္ဂါးပြားတွေ အများအပြား ဝါးမြိုခဲ့တယ်..။သူ့ရဲ့အစာအိမ်ထဲမှာ..သေတ္တာအပိုင်းအစ ၊ သစ်သားစတွေနဲ့ ကြေမွနေတဲ့ သတ္တုတွေကို တွေ့ခဲ့ရပါတယ်။
ဒီသားရဲက သေတ္တာမှာရှိနေတဲ့ သတ္တုကို ကိုက်ဖြတ်ပြီး ဒင်္ဂါးပြားတွေကို ဝါးမြိုခဲ့တဲ့အတွက် သူ အတော်လေး ကံကောင်းတယ်လို့တောင်..ဆန်နီ တွေးခဲ့မိပါသေးတယ်။
ဒီတော့ တကယ်လို့ သူက သေတ္တာကို ကိုက်ဖြတ်ခဲ့တယ်ဆိုရင်..ဘာလို့ သေတ္တာကအကောင်းအတိုင်း ရှိနေရတာလဲ..
ပြီးတော့..ချိန်းပိုးကောင် ကိုဘယ်အရာက ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ..။
ဆန်နီ စိတ်ရှုပ်ထွေးစွာပဲ သေတ္တာအလွတ်နှစ်ခုကို ကြည့်လိုက်တယ်။သူတို့နှစ်ခုကလည်း လုံးဝ အကောင်းအတိုင်း ရှိနေကြပြီး..ဘာအစိတ်အပိုင်းမှ ထိခိုက်တာ မရှိပါဘူး။ယင်းနောက် သူ့ရှေ့မှာရှိနေတဲ့ သေတ္တာကို ပြန်ကြည့်လိုက်တယ်..။သူ့ရဲ့လက်ကတော့ ဒင်္ဂါး ပုံကြီးနဲ့ စင်တီမီတာ အနည်းငယ်လောက် အကွာမှာ ရှိနေတုန်းပါပဲ။
သေတ္တာကလည်း အစိတ်အပိုင်း အပြည့်အစုံရှိနေခဲ့ပါတယ်။
..သူတို့ထဲက တစ်ခုကတော့..အရောင်အနည်းငယ် ကွဲထွက်နေခဲ့တယ်..။ဒါက ဒဏ်ရာကနေ ပေါ်ထွက်လာတဲ့ အရည်ပြားအသစ်လိုဖြစ်နေခဲ့ပြီး..ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ မကိုက်ညီလှပါဘူး။
ဘယ်တုန်းက သေတ္တာတွေက ပြန်ပြီး ပြုပြင်နိုင်စွမ်းတွေ ရှိသွားတာလဲ...
'သောက်.ကျိုး...'
ဆန်နီ သူ့ရဲ့အတွေးတွေကို အဆုံးမသတ်နိုင်လိုက်ခင်မှာပဲ..သေတ္တာက သူ့ရဲ့တွေဝေနေမူကို အာရုံခံမိသွားပုံရပါတယ်။ဒါက ရုတ်တရက် ရှေ့ကိုတိုးလာခဲ့ပြီး ကြီးမား ချွန်ထက်တဲ့ သွားတွေက ရွှေတွေရဲ့အောက်ဘက်ကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။သေတ္တာရဲ့ အဖုံးက အရိုးကျိုးသံတစ်ခုနဲ့ အတူပဲ
ဆန်နီရဲ့လက်ကိုပါ..ပိတ်သွားခဲ့ပါတယ်။