ပညာရေး ခန့်မှန်းချက်များ
Vol. 28 Ch. 406
နာရီအချို့ကြာပြီးနောက်မှာတော့..ဆန်နီက ဆက်ပြီးမကြည့်ချင်တော့ပါဘူး။
ဒါက ရိမ်း သင်ကြားနေတဲ့ သင်ခန်းစာတွေက ပျင်းစရာကောင်းလို့မဟုတ်ပေ..။ဒါက အခန်းထဲက နီးကပ်တဲ့နေရာမှာရှိနေတဲ့ ကလေးတစ်သိုကိကြောင့်ဖြစ်ပြီး..သူတို့က တစ်ခြားသူတွေ သင်ကြားရတာခက်ခဲအောင် လုပ်နေကြပါတယ်။
အဆင့်မြင့်ကျောင်းတွေက သင်ကြားရေးနေရာတစ်ခုနဲ့ ဆင်တူပေမယ့်..အမှန်တော့ တိုက်ပွဲကွင်းပြင်နဲ့တောင် ပိုပြီးတူပါသေးတယ်။ကျောင်းသားတွေကြားထဲက လျိုဝှက်ပြိုင်ဆိုင်မူတွေနဲ့ များပြားလှတဲ့အဖွဲ့ငယ်တွေရဲ့ အဆင့်အတန်းခွဲခြားမူတွေက..တောက်ပတဲ့ရဲတိုက်မှာရှိတဲ့ အုပ်စုကြီးတွေရဲ့ ပြိုင်ဆိုင်မူထက်တောင် ပိုပြီးရှုပ်ထွေးပါသေးတယ်။သူတို့ရဲ့အပြုအမူတွေကို ကြည့်ရသလောက်ကတော့ တကယ်ကို အပြင်းအထန်ပါပဲ။
...သို့ပေမယ့် ဒါက အဲလိုမဟုတ်ပါဘူး။
ဒီနေရာမှာ ဘဟ်သူ့အသက်မှမသေဆုံးနိုင်သလို ၊ အမှားလုပ်မိလို့လည်း ထုတ်ပယ်ခံရပြီး အစာငတ်နေရမှာမဟုတ်ပါဘူး။ဒါတွေအကုန်လုံးက ရိုးရှင်းစွာပဲ..ဂုဏ်သိက္ခာ ၊ အတ္တ နဲ့ ရပ်တည်ချက် တွေကြောင့်ဖြစ်နေခဲ့တာပါ။
ဒါက လုံးဝကို တုံးအလွန်းတယ်။
သို့မေယ့် ဆန်နီ နည်းနည်းထပ်တွေးကြည့်လိုက်တဲ့ အချိန်မှာ..ဒီလိုမဟုတ်ပြန်ဘူးဆိုတာ နားလည်လိုကိတယ်။သူတို့အတွက်တော့ မဟုတ်ဘူး..။ပြီးတော့ လုံးဝ မဟုတ်တာဖြစ်နိုင်တယ်။
ဒီကလေးတွေက များပြားလှတဲ့ ဖိအားတွေအောက်မှာ အထားခံနေရပြီး ၊ ကိန်းဂဏန်းတန်ဖိုးတစ်ခုနဲ့ အကဲဖြတ်ခံရကာ..တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ဖို့ တွန်းအားပေးခြင်းခံနေကြရပါတယ်။ရလာဒ်အနေနဲ့..သူတို့က သူတို့ရဲ့ပြိုင်ဖက်တွေအပေါ်မှာပြင်းထန်တဲ့ ရန်ငြိုးတွေဖြစ်ပေါ်လာခဲ့ပြီး ၊ ဒီစနစ်ရဲ့ မလုံခြုံမူတွေက သူတို့ရဲ့ရန်ငြိုးကို ပိုနက်ရှိင်းလာစေခဲ့ပါတယ်။
သူတို့က တစ်ယောက်ကိုတစ်ယောက် စိတ်အနှောက်ယှက်ဖြစ်နေကြတာ အံ့ဩစရာမရှိတော့ဘူး။
ကျောင်း ဆိုတာက တကယ်တော့..ကလေးတွေကို အသက်ရှင်ဖို့ လိုအပ်တဲ့ကျွမ်းကျင်မူတွေနဲ့ အစစ်အမှန်ကမ္ဘာအကြောင်းကို သင်ကြားပြသပေးနိုင်ဖို့အတွက်တင်မကပဲ..ဆန်နီ လွန်ခဲ့တဲ့ နာရီအနည်းငယ်ထဲက တွေးနေခဲ့တဲ့ နူးညံ့မူကိုလည်း ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားခဲ့တာပါ။
ဒါတွေအားလုံးရဲ့အဆုံးသတ်မှာ အကောင်းဆုံးနဲ့ခံနိုငိရည်အရှိဆုံး ကျောင်းသားတွေက..ကြမ်းတမ်းပြီး စိတ်ကုန်သွားကြကာ ၊ ကျန်တဲ့လူတွေကတော့ ကျိုးပဲ့ပျက်ဆီးသွားကြမယ်ဆိုတာကို မြင်ယောက်ကြည့်ဖို့မခက်ခဲပေ။
အသုံးမဝင်တဲ့ စနစ်တစ်ခု နဲ့ သက်ရောက်မူတွေအတွက် မေးခွန်းထုတ်နိုင်လောက်တဲ့ အရာပါ။
ဆန်နီ လဖက်ရည်ကို တိတ်တဆ်ိတ်သောင်နေခဲ့ပြီး ခေါင်းခါယမ်းလိုက်တယ်။
' လူချမ်းသာတွေ...'
သူ့အတွက်ကံကောင်းတာကတော့..ရိမ်း က သူ့အတန်းဖော်တွေရဲ့ သက်ရောက်မူကိုမခံရပဲ..စာလေ့လာတာကို ပိုပြီးတော့တောင် စိတ်ဝင်စားနေပါသေးတယ်။သူမက အတန်းရဲ့နောက်ဆုံးခုံမှာ တည်ငြိမ်စွာထိုင်နေခဲ့ပြီး..ဘယ်အရှုပ်တွေထဲကိုမှ
မပါဝင်ပဲ..ဆရာတွေရှင်းပြတဲ့ အရာတိုင်းကို သင်ယူနေခဲ့ပါတယ်။
သင်ခန်းစာတွေကတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ စိတ်ဝင်စားဖို့ကောင်းနေခဲ့တယ်။ဆန်နီတောင်မှ ဒီနာရီပိုင်းတွေကို ကျေနပ်အားရနေမိပါတယ်။အခုထိ တိုက်ခိုက်ရေးသင်ခန်းစာတွေ မလာသေးပေမယ့်..သူက ဒီကျောင်းရဲ့ တောတွင်းရှင်သန်ရေး သင်ခန်းစာကို ကြည့်ပြီးပါပြီ..။အလားတူစွာပဲ အိပ်မက်ကမ္ဘာထဲကို အစောပိုင်းစူးစမ်းရှာဖွေမူတွေကို စိတ်ဝင်စားဖွယ်နားထောင်ခဲ့ပါတယ်။သူက များပြားလှတဲ့ အိပ်မက်ဆိုးသတ္တဝါတွေ ၊ သူတို့ရဲ့ဇီဝဗေဒဆိုင်ရာတွေ ၊ စွမ်းဆောင်နိုင်စွမ်းတွေနဲ့ အားနည်းချက်တွေကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။
မေ့ပျောက်ကုန်းမြေပေါ်က ပထမလတွေမှာသာ သူ ဒီလောက်အထိ သိရှိထားမယ်ဆိုရင်..ကောင်းပြီလေ..ဒါက အများကြီးလည်း ပြောင်လဲနိုင်မှာ မဟုတ်ပါဘူး။လူတစ်ယောက်က ဒီအကြောင်းအရာတွေကို ဘယ်လောက်ပဲသိထားပါစေ..အိပ်စက်သူတစ်ယောက်က ဒီလောက်ကြီးမားတဲ့ စိန်ခေါ်မူတွေကို ရင်ဆိုင်ဖို့ မရည်ရွယ်ထားကြပေ။
ဒါတောင်မှ သူက မတတ်နိုင်စွာပဲ..အနည်းငယ်စိတ်မကောင်းဖြစ်မိပါသေးတယ်။သူ ကလေးဘဝတုန်းက ဒီလို တန်ဖိုးရှိတဲ့ အသိပညာတွေကို တစ်ခုမှမရရှိခဲ့ပါဘူး။မဟုတ်ရင် သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဘယ်သူသိမှာလဲ..။အနည်းဆုံးတော့ ဒါက ပိုစိတ်ဝင်စားဖွယ်ကောင်းပြီး ၊ ပိုပျော်ဖို့ကောင်းပါလိမ့်မယ်..။
အခုချိန်မှာ သူက ရိမ်း ရဲ့ အသိပညာနဲ့ အိပ်မက်ဆိုးအခိုက်အတန့်အတွက် အဆင်သင့်ဖြစ်မူကို အကြမ်းဖျင်းနားလည်လိုက်ပေမယ့်..သူက သေချာလေ့ကျင့်ထားရဲ့လား ဆိုတာကို သူ မသိသေးပေ။ဒီအရာအတွက်ကတော့ သူမရဲ့ တိုက်ခိုက်ရေး သင်ခန်းစာမှာ စောင့်ကြည့်ရမှာပါ။
အတော်ကြာပြီးနောက်မှာတော့ ဆန်နီ အနည်းငယ်ပျင်းလာခဲ့တယ်။စပဲလ်နည်းပညာအကြောင်း ပြောနေတဲ့ သင်ခန်းစာကို စိတ်မပါစွာနားထောင်ရင်း..သူက ကဖေးဆိုင်ကို ကြည့်လိုက်ပါတယ်။
ဒီအချိန်မှာ လူတွေအများကြီး မရှိပေမယ့် တဖြည်းဖြည်းနဲ့လူတွေ ဝင်လာကြပါပြီ။ပတ်ဝန်းကျင်အဆောက်အဦးတွေက အလုပ်သမားတွေက သူတို့ရဲ့နေ့လည်စာ ရပ်နားချိန် ဖြစ်သလို ၊ စီနီယာကျောင်းသားတွေ အတွက်လည်း အတူတူပါပဲ။များပြားလှတဲ့ဆူညံသံတွေနဲ့အတူပဲ သူ့ဘေးနားက စားပွဲတွေကို ရောက်လာကြတာကြောင့် ဆန်နီ အကူညီမဲ့စွာပဲ..သူတို့ရဲ့စကားသံတွေကို ကြားနေရပါတယ်။
"မဖြစ်နိုင်တာ..ဘယ်တော့ထွက်မှာလဲ.."
"နောက်လအနည်းငယ်မှာလို့ ထင်တာပဲ.."
"ဒါဆို အမျိုးသမီးဇာတ်ကောင်နေရာမှာ ဘယ်သူသရုပ်ဆောင်မှာလဲ..။မဟုတ်ဘူး ခနလေး..ငါ ခန့်မှန်းကြည့်မယ်.."
ဒီငနဲတွေက နောက်ထွက်လာမယ့်ဇာတ်ကားအကြောင်း ဆွေးနွေးနေကြပြီး ဇာတ်ကောင်နေရာကို စိတ်ဝင်စားနေကြပါတယ်။သူတိူ့ရဲ့ တစ်ချို့စကားလုံးတွေက ထူးဆန်းနေပေမယ့် ဆန်နီ သိပ်ပြီးအာရုံစိုက်မထားခဲ့ပါဘူး။
"...မဟုတ်ဘူး..။ဒါက စစ်မှန်တဲ့တိုက်ပွဲမာစတာ တစ်ယောက်ရဲ့ စိတ်နေစိတ်ထားပဲ.."
"သူဒီဟာကိုပြောတာ မဖြစိနိုင်ဘူး..။မင်း သခင်ခွေးသားကို ဘယ်လိုထင်လဲ..ဘယ်သူမှမဟုတ်ဘူးလား..။ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ။သူက အဆင့်အတန်းတွေနဲ့ကျော်ကြားမူတွေကို ဂရုမစိုက်လို့ ဒီစကားမျိုးပြောတာ။စစ်သည်တော်တစ်ယောက်ရဲ့ မျက်လုံးထဲမှာ..ဒီလိုအရာက ပြောဖို့တောင်မထိုက်တနိဘူး။တစ်ခုတည်းသော အရေးပါတဲ့အရာက မင်းရဲ့ခွန်အားပဲ..။ဒါကြောင့်လည်း သူက သူ့ရဲ့ ဂုဏ်ရှိတဲ့ကြီးပြင်းရှင်သန်မူကို ဖုံးကွယ်ထားခဲ့တာ.."
ဆန်နီဟာ အပြင်းအထန်ငြင်းခုန်နေကြတဲ့ လူငယ်လေးတွေကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်။
'တကယ် ပျော်နေကြတာပဲ..။အခွင့်အရေးဘယ်လောက်ရှိနိုင် မလဲ...'
သိသာစွာပဲ တစ်နေရာရာမှာ သူနဲ့ဆင်တူတဲ့နာမည်ရှိနေတယ်ပေါ့..။ပြီးတော့ ဒီငနဲက ၊ ဆန်နီကြားရသလောက်တော့..လုံးဝကို အရူးတစ်ယောက်ဖြစ်ယုံတင်မကပဲ..သူ့ကိုယ်သူလည်း သခင်လို့ သုံးနှန်းထားပါသေးတယ်။ပြီးတော့ သူက ကိုယ့်ကိုကို အတွေးအခေါ်ပညာရှင်တစ်ယောက်လို ဟန်ဆောင်ကာ..လူတွေကို 'စစ်မှန်တဲ့ စစ်သည်တော်' အကြောင်း သင်ကြားပေးနေခဲ့တာပါ။
'ဘယ်လိုအရူးတွေလဲ..ကောင်းပြီလေ..။ဘာပဲဖြစ်ဖြစ်အရူးတစ်ယောက်ကပဲ ဒီလိုနာမည်ပြောင်ကိုရည်ရွယ်ချက်ရှိရှိ ရွေးချယ်မှာပါ။ဒီလူမှာ ဘယ်လိုပြသနာရှိနေတာလဲ..။သူက တစ်ခုခုကို မလုံမခြုံဖြစ်နေတာ သေချာပါတယ်..'
ယင်းနောက် သူက ရိမ်းကိုပဲ ပြန်ပြီးအာရုံစိုက်ထားလိုက်တယ်။ဘာလို့လဲဆ်ိုတော့ သူမက နောက်ဆုံးတော့ ကျောင်းရဲ့ ဒိုဂျိုကို ဦးတည်ပြီးသွားနေလို့ပါ။
တိုက်ခိုက်ရေး သင်ခန်းစာက စတင်ပါတော့မယ်။
အံ့ဩစွာပဲ..နည်းပြက တကယ့်အစစ်အမှန် နိုးထသူတစ်ယောက်ပါ။ဒီလူက အသက် ၃၀ နှောင်းပိုင်းလူတစ်ယောက်ဖြစ်ပြီး..ခန္တာကိုယ်ကြံ့ခိုင်ကာ..အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်လို..အေးစက်တဲ့ မျက်လုံးတွေရှိပါတယ်။ဒီလူမှာ ဘာစွမ်းရည်တွေရှိလဲဆိုတာကို ဆန်နီမပြောနိုင်ပေမယ့် သူက ကျိန်းသေ တိုက်ခိုက်ရေးမှာ အတွေ့အကြုံမရှိတဲ့သူ မဟုတ်ပါဘူး။
ရိမ်းရဲ့ နည်းပြက တကယ့်လူတစ်ယောက်ပါ။သူက အစစ်အမှန်ကမ္ဘာမှာ တစ်ရက်တောင် အလုပ်လုပ်ဖို့မလိုလောက်အောင် ပိုက်ဆံရှိနိုင်ပါတယ်။ဒါကြောင့် သူက ကျောင်းကကလေးတွေကို လာသင်ပြပေးနေခဲ့တာဖြစ်နိုင်ပါတယ်။ဒါက သူ့ရဲ့ စည်းမျဥ်းစည်းကမ်းတွေလား ဒါမှမဟုတ် သူတို့ရဲ့မိဘတစ်ယောက်ယောက်က်ို ကျေးဇူးတင်နေလို့လားတော့ မသိပါဘူး။
ဘာပဲဖြစ်ဖြစ် ဒါက ရိမ်းအတံက်ကောင်းပါတယ်။
နောက်ထပ်နာရီအနည်းငယ်မှာတေူ့..ရိမ်း နဲ့တစ်ခြားကျောင်းသားတွေ လက်နက်အမျိူးမျိူးနဲ့တိုက်ခိုက်နေတာကို ဆန်နီကြည့်နေခဲ့တယ်။သူတိူ့က လက်နက်အတုတွေနဲ့ လေ့ကျင့်ကြမယ်လိူ့ထင်ထားခဲ့ပေမယ့် အံ့ဩသင့်စွာပဲ နိုးထသူနည်းပြက ကလေးတွေကို လေးလံတဲ့အကာအကွယ် ဝတ်စုံကို ဝတ်ဆင်စေပြီးလက်နက်အစစ်တွေနဲ့ လေ့ကျင့်ခိုင်းခဲ့တယ်။သို့ပေမယ့် လက်နက်တွေကို အန္တရာယ်မရှိအောင် ထိပ်ချွန်တွေကို ဖြတ်ထားခဲ့ပါတယ်။
'ကောင်းမွန်တဲ့ ချည်းကပ်မူ ..အဲလိုထင်တာပဲ..'
ရိမ်း ရဲ့အခြေအနေက သူထင်ထားတာထက် ပိုပြီးကောင်းမွန်ပါတယိ။ဒါက ကတ်စတာ ဒါမှမဟုတ် နစ်ဖီကို မယှဥ်နိုင်ပေမယ့်..သူမရဲ့အသက်အရွယ်မှာ သူလုပ်ပြနိုင်တာထက်စာရင်တော့ အသာကြီးပါပဲ။သူမက လျင်မြန် ၊ ထက်မြက်ကာ ၊ ဗျူဟာချနိုင်ပြီး...ရန်သူပ ပေးတဲ့အခွင့်အရေးတိုင်းကို အမိအရအသုံးချနိုင်စွမ်းရှိပါတယ်။
သူမက အဝေးကနေတိုက်ခိုက်ရတာကို နှစ်သက်တဲ့ပုံပေါ်ပေမယ့်..အနီးကပ်တိုက်ပွဲတွေမှာဆိုရင်..အကွာအဝေးလက်နက်တွေဖြစ်တဲ့ လှံရှည်ကနေ ဆေဘာဓားအထိအသုံးပြုပြီး..ပြန်တိုက်ခိုက်နိုင်ပါတယ်။သူမထက်တော်တဲ့ကလေးတွေ ၊ သူမထက်ပိုဆိုးတဲ့ ကလေးတွေ ရှိပေမယ့်..ဖြတ်ထိုးဥာဏ်ချင်း ယှဥ်ရင်တော့..သူမကိုဘယ်သူမှ မယှဥ်နိုင်ပါဘူး။
ပြီးတော့ ဒါတောင်မှ..သူက မျက်မှောင်ကျုတ်ထားခဲ့ပါသေးတယ်။
' လိုအပ်တာ တစ်ခု ရှိနေတယ်..'
...ရက်စက်မူ
သူ့ရဲ့ ညီမလေးက လုံလောက်အောင် မရက်စက်တတ်သေးပါဘူး။