အိပ်မက်ရူခင်း အရည်အချင်းများ
Vol. 28 Ch. 407
သူကြည့်ဖို့လိုအပ်တာ မှန်သမျှကို ကြည့်ပြီးတဲ့နောက်မှာတော့ ဆန်နီ ကဖေးကနေထွက်လာခဲ့ကာ အိမ်ကိုဦးတည်လိုက်တယ်။ပျော်ရွှင်နေတဲ့အရိပ်က ကျောင်းကနေပြန်ထွက်လာခဲ့ပြီး ၊ သတိမထားမိစွာပဲ မကြာခင်မှာသူ့ရဲ့ခန္တာကိုယ်ကို ရစ်ပတ်လာခဲ့ပါတယ်။သို့ပေမယ့် ဒါက သူ့ရဲ့ပြီးပြည့်စုံတဲ့ လုပ်ဆောင်မူတွေကို ကျေနပ်ဂုဏ်ယူပြီးမှပါ။
‘ဟုတ်တယ် ဟုတ်တယ် ။မင်းအကောင်းဆုံး လုပ်ခဲ့တယ်’
သူအိမ်ပြန်တဲ့လမ်းမှာတော့ ၊ ဆန်နီက သူ ရိမ်း ဆီကနေ သိခဲ့ရတဲ့ အခြေအနေတွေကို ပြန်စဥ◌်စားနေခဲ့ပါတယ်။သူ့ရဲ့ ညီမလေးက ဥာဏ်ကောင်းပြီး ကိုယ့်ကိုကိုထိန်းသိမ်းနိုင်ပါတယ်။ပြီးတော့ ကလေးအများစု အိပ်မက်မက်ယုံသာ တတ်နိုင်တဲ့ ပညာရေးကို သင်ကြားခွင့် ရနေခဲ့တာပါ။
‘ သိူ့ပေမယ့် ဒါက လုံလောက်ပါ့မလား ‘
သူလည်းမသိပါဘူး။အမှန်တကယ်တော့ ဘယ်သူမှ မသိနိုင်ပေ၊
သူမေ့ပျောက်ကုန်မြေကနေ ပြန်လာပြီးတဲ့အချိန်မှာ လူတွေအများကြီးက သူတို့ဆိုရင် ဒီလိုငရဲမှာရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ပြောလာခဲ့ကြပါတယ်.။သိူ့ပေမယ့် ဆန်နီအတွက်တော့ ဒီစကားလုံးတွေက အနှစ်မပါတဲ့စကားလုံးတွေပါပဲ။ဘာလို့လဲဆိုတော့ သူတို့က ဘယ်လိုမျိုးသိသွားကြတာလဲ။လူတစ်ယောက်က ဒီလိုနေရာကို မရောက်မချင်း သူတို့က အာလုံးပြီးဆုံးတဲ့အထိရှင်သန်နိုင်ကြမလားဆိုတာကို ပြော လို့မရပါဘူး။
.
သန်မာတဲ့လူတွေက ပျက်ဆီးသွားကြပြီး ၊ အားနည်းတဲ့လူတွေက သူတို့ရဲ့ခန္တာကိုယ်ထဲမှာ ရှိနေမှန်းတောင်မသိတဲ့ခွန်အားတွေကို တွေ့ရှိသွားကြပြီး သန်မာလာခဲ့ကြပါတယ်။ကြင်နာတဲ့လူတွေက ရက်စက်လာြကတယ်။ရက်စက်တတ်တဲ့လူတွေက လမ်းပျောက်သွားခဲ့ကြပါတယ်။အိပ်မက်ဆိုးမှန် မှာ ကြည့်မှာသာ သူတို့ရဲ့မျက်နှာ အမှန်ကို မြင်ကြရမှာပါ။
ဆန်နီ မေ့ပျောက်ကုန်းမြေကို မဝင်ရောက်ခင်တုန်းကလည်း သူ့ကိုယ်သူ သန်မာတယ်လို့ ထင်နေခဲ့ဖူးပါတယ်။သိူ့ပေမယ့် အဲဒီကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ခွန်အားတွေက အားနည်းပြီး ထင်ယောင်ထင်မှားဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ်။ဒါက ဖိအားသေးသေးလေးရဲ့ အောက်မှာတင် ကွယ်ပျောက်သွားနိုင်ပါတယ်။ရှင်သန်ဖို့အတွက် သူက ခွန်အားအမျိုးအစား အသစ်ကိုဖန်တီးဖို့လိုအပ်ခဲ့ပြီး ၊ ဒီအရာကို ဘယ်အရာကမှ သို့မဟုတ် ဘယ်သူကမှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်တော့ပါဘူး။
ဒါက သူရှင်သန်လာခဲ့တဲ့ ပုံစံပါ။
အခိုက်အတန့်ရဲ့ ထိပ်လန့်ဖွယ်အခြေအနေကို ရိမ်းက ဘယ်လောက်အထိခံနိုင်မလဲ ဆိုတာကို သူ ဘယ်လိုလုပ်သိမှာလဲ။ပြီးတော့ သူမ စမ်းသပ်မူကို ကျော်လွှားနိုင်ဖို့အခွင့်ကောင်းတွေ ရှိလာအောင် သူကဘယ်လိုလုပ်ပေး ရမှာလဲ။
ဒီအတွေးတွေနဲ့ နစ်မြုပ်ရင်း ၊ ဆန်နီ သူ့အိမ်ကို ပြန်ရောက်လာခဲ့ကာ သူ့ရဲ့စိတ်တွေကို ရှင်းလင်းအောင်လုပ်ဖို့ လုပ်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် ဒီအရာက သူအလျင်အမြန်ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ပါဘူး။အခုတော့ သူ့မှာတစ်ခြားလုပ်စရာတွေ ရှိနေပါသေးတယ်။
အိပ်မက်ရူခင်းသေတ္တာကို အသက်သွင်းလိုက်ပြီး ဆန်နီ အပေါ်ကိုတက်ကာ မျက်လုံးတွေကို မှိတ်လိုက်တယ်။
‘နည်းနည်းလောက် အပန်းဖြေရမယ့် အချိန်ပဲ’
အနည်းဆုံးတော့ အိပ်မက်ရူခင်းထဲက အခြေအနေတွေက ရိုးရှင်းပါတယ်။သူက ဒီတိုင်း တိုက်ခိုက် ၊ သင်ယူ ပြီး အနိုင်ယူရုံပါပဲ။
တိုက်ပွဲကွင်းပြင်ကို သူ့ရဲ့ အရင်တစ်ခေါက် အလည်အပတ် သွားမူက ကျရှုံးမူဖြစ်ခဲ့ပါတယ်။သို့ပေမယ့် ဆန်နီကတော့ အဆင့်ပြိုင်ပွဲတွေ အတွက်ပဲ မျှော်လင့်ချက်မြင့်မြင့် ထားလိုက်ပါပြီ။သူက အဆင့်နိမ့် ပရော်ဖက်ရှင်နယ်တိုက်ခိုက်ရေး ပြိုင်ပွဲကို ဝင်ရောက်ဖို့အတွက် လုံလောက်တဲ့အနိုင်ရလာဒ်တွေကိုပဲ လိုအပ်တာပါ။
သိပ်တော့ မခက်ခဲဘူး…
လူသစ်တွေနဲ့တိုက်ခိုက်မူကိုတော့ သူက လုံးဝစိတ်ပျက်သွားခဲ့ပါပြီ။ပြီးတော့ သူ့ကိုမရေမတွက်နိုင်တဲ့ တိုက်ခိုက်ရေးစတိုင်တွေ သင်ပေးနိုင်တဲ့ ပြိုင်ဖက်တွေကို တွေ့ဆုံရဖို့အတွက် မစောင့်နိုင်တော့ပါဘူး။
‘အာ…အမြန်လုပ်တာ ပိုကောင်းမယ်’
တိုက်ပွဲကွင်းပြင်သဲမြေထဲမှာ ရောက်တဲ့အခါမှာတော့ ၊ ဆန်နီဟာ မျက်နှာဖုံးအောက်ကနေ သက်ပြင်းချလိုက်ပြီး ဝိဥာဥ◌်အမြုတေကို အိုဒါချီဓားအဖြစ် ပြောင်းလဲခိုင်းလိုက်ပါတယ်။
‘အာ..ဒါက ထူးဆန်းတယ်’
ဒီနေ့တော့ အကြောင်းပြချက်တစ်ချို့ကြောင့် လူတွေအများကြီးက သူ့ကို စိန်ခေါ်ချင်နေခဲ့ကြတယ်။နိုးထသူအုပ်စုတွေက ဆန်နီရဲ့ အနာကို တစ်မိနစ် အတွင်းမှာပဲ ရောက်လာခဲ့ကြပါတယ်။ဒီလူတွေက သူ့ကို စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေခဲ့ကြတယ်။ပြီးတော့ လာပြိုင်ကြတဲ့ လူတွေကလည်း စကားများလာကြသလိုပါပဲ။
‘ဒီအရူးတွေက ဘာဖြစ်နေကြတာလဲ’
“ဟေး ခွေးသား ။မင်းရဲ့ နာမည်အရင်းက ဘာလဲ “
ဆန်နီ သူ့ကိုစိုက်ကြည့် နေတဲ့ လူငယ်အမျိုးသမီးကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
‘ခွေးသား “
သူမက သိနေတဲ့ပုံနဲ့ ပြုံးလိုက်ပြီး ..ဆန်းကြယ်တဲ့ ဥာဏ်အလင်းပွင့်သွားသလို ပုံစံနဲ့
“နင်က ဘယ်လို စတိုင်မျိုးကို လေ့ကျင့်တာလဲ “
ဆန်နီ မျက်နှာဖုံးနောက်ကနေ မျက်မှောင်ကျုတ်လိုက်ပြီး
“ငါ ဘယ်စတိုင်ကိုမှ မလေ့ကျင့်ဘူး “
မိန်းကလေးဟာ တစ်ခုခုကိုပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် စိန်ခေါ်ဖို့ရှေ့ကိုတက်လိုက်တာနဲ့ စကားစကို ဖြတ်လိုက်ပါတယ်။
နှစ်စက္ကန့်လောက်ကြာပြီးနောက်မှာတော့ မိန်းကလေးရဲ့ အလောင်းက အလင်းစက်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
“ဒီနေ့ဘာလို့ စကားများနေကြတာလဲ။ငါ့မှာက အချိန်သိပ်ရှိတာ မဟုတ်ဘူး။နောက်တစ်ခေါက်ကျရင် ပရော်ဖက်ရှင်နယ်အဆင့်ကို ဝင်ချင်တယ်ဆိုရင် ငါမြန်မြန်လုပ်မှ ရမယ်”
နိုးထသူ အုပ်လိုက်ကြီးကို ကြည့်လိုက်ပြီ ဆန်နီ သက်ပြင်းချကာ အော်ပြောလိုက်တယ်။
“စကားလုံတွေဆိုတာက တန်ဖိုးမရှိဘူး ။တိတ်ဆိတ်ခြင်း ဆိုတာက ရွှေပဲ။ငါ့ရဲ့ အချိန်တွေကို မဖြုန်းနဲ့ “
စိန်ခေါ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဥာဏ်အလင်းရတဲ့ အမူအရာတွေနဲ့ ကြည့်လိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်။
‘ဒါမှ ပိုကောင်းသွားပြီ ။အနည်းဆုံးတေ့ သူတို့က နားလည်ကြတဲ့လူတွေပဲ ‘
.
အခုတော့ ဒီငနဲတွေက တိုက်ခိုက်မူတိုင်းမှာ အပိုစကားတွေ မပြောကြတော့ပါဘူး။အခြေအနေတွေက ပိုမိုမြန်ဆန်လာခဲ့တယ်.။ဒီနေ့တော့ ဆန်နီက ဒီလူသစ်တွေရဲ့ စတိုင်တွေကို ကူးယူဖို့ စိတ်ထဲမထားခဲ့ပေ။ဒါကြောင့် သူက မြန်နိုင်သမျှ မြန်မြန်လုပ်ဆောင်နေခဲ့ပါတယ်။
ဒါက သူ့ကိုယ်သူ အားမပြည့်စိုက်ထားဖို့အတွက် လိုအပ်နေပါသေးတယ်။ဘာပဲဖြစ်ဖြစ် သူတို့တွေက နိုးထသူတွေပါ။အနက်ရောင်မျက်နှာဖုံးရဲ့ အောက်ဘက်မှာတော့ ဆန်နီက ချွေးသီးချွေးပေါက်တေွကျပြီး တီးတိုးကျိန်ဆဲ နေခဲ့ပါတယ်။
သိူ့ပေမယ့် သူ ဘာလုပ်နိုင်ဦးမှာလဲ။သူက ပြီးဆုံးတဲ့အထိ ဆက်လုပ်နေရုံပါပဲ။
တိုက်ခိုက်နေစဥ◌် အတွင်းမှာ သူကလုံးဝ အနာမယူတာကြောင့် သူ့ရဲ့အဆီအနှစ်တွေက အန္တရာယ်များတဲ့ အခြေအနေအထိ ကျဆင်းလာခဲ့ပါပြီ။ဆန်နီဟာ ဝိဥာဥ◌်မြွေကို ခန္တာကိုယ်ထဲကို ပြန်လွတ်လိုက်ပြီး အဆီအနှစ်တွေကို ပြန်ဖြည့်စေကာ ကုန်ဆုံးတာကို နှေးကွေးအောင်လုပ်စေခဲ့ပါတယ်။
.
သူ့ရဲ့ဓားကို သိမ်းလိုက်တာကြောင့် နိုးထသူတွေက သူဆက်ပြီး မတိုက်ခိုက်တော့ဘူးလို့ ထင်ကာ စိတ်ပျက်သွားခဲ့ကြပါတယ်။
သူတို့ကို ကြည့်လိုက်ပြီး ဆန်နီ အံကိုကြိတ်ကာ ပြောလိုက်တယ်။
“နောက်တစ်ယောက် “
သူက ဒီနေ့အတွက် သူ့ရဲ့ပန်းတိုင်ကို ပြည့်မြောက်ဖို့အတွက် မလိုအပ်တော့ပေ။ပြီးတော့ မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော်ကလည်း လက်နက်တစ်ခုလိုပါပဲ။အထူးသဖြင့် သူက ဒီအရာရဲ့ အလေးချိန်ကို အသုံးပြုပြီး တောင်ကြီးတစ်တောင်နဲ့ တိုက်ခိုက်သလိုမျိုး ဖန်တီးလို့ရပါတယ်။
နာကျင်နေတဲ့ကြွက်သားတွေက ဆန့်ကျင်နေခဲ့ပေမယ့် သူသည်းခံပြီး ရှေ့ဆက်လိုက်တယ်။
“နောက်ထပ် နည်းနည်းပဲ “
စိန်ခေါ်သူ အသစ်က ရှေ့ကိုတက်လာခဲ့တယ်။ဆန်နီ သူ့ဆီကို သွားပြီး သူ့ရဲ့တိုက်ခိုက်မူကို ကာကွယ်လိုက်ကာ ..လူငယ်လေးရဲ့ မျက်နှာကို ရှိသမျှခွန်အားနဲ့ ရိုက်ချလိုက်ပါတယ်။မဟူရာအကာအကွယ်က လေထဲမှာ ပြင်းထန်တဲ့အလေးချိန်နဲ့ အတူ လွင့်ပျံလာခဲ့ပြီး လူငယ်လေးရဲ့ ဦးခေါင်းကိုကွဲကြေသွားစေခဲ့တယ်။
ဆန်နီ တိတ်တဆိတ်ပဲ အမောတကောနဲ့ ကျိန်ဆဲလိုက်တယ်။
‘ဒါက ..အာ..ငါ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး”
ကံကောင်းချင်တော့ သူက အနိုင်ရဖို့အတွက် အနည်းငယ်တိုက်ခိုက်ဖို့ပဲ လိုတော့တာပါ။
.
တိုက်ပွဲကွင်းပြင်ကို ရောက်ပြီး တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ …ဆန်နီက ပိုကောင်းတဲ့ပြိုင်ပွဲအတွက် လုံလောက်တဲ့ နိုင်ပွဲတွေကို ရရှိသွားခဲ့တယ်။အဲ့အချိန်မှာတော့ သူက အရမ်းပင်ပန်လွန်းလို့ အန်ချင်သလိုတောင် ဖြစ်နေခဲ့ပါပြီ။
‘ချီးပဲ ..ဒါကအတော်ခက်ခဲပါလား ။ပုံမှန် လုပ်နေကြတွေလိုပဲ …ထင်တာပဲ ‘
တိတ်ဆိတ်နေတဲ့ နိုးထသူအုပ်လိုက်ကြီးကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။
‘ဘယ်လို ထူးဆန်တဲ့ကောင်တွေလဲ’
ဒီလိုပြောပြီးတာနဲ့ သူက အိပ်မက်ရူခင်း ကိုအမိန့်ပေးပြီး ပုံရိပ်ယောင်ကနေထွက်ခွာလိုက်တယ်။သူ့ဆီမှာ မောပန်းမူရော ကျေနပ်မူရော တစ်ဆက်တည်းဖြစ်ပေါ်နေခဲ့ပါတယ်။
…တိုက်ပွဲသဲပြင်ပေါ်မှာ ကျန်နေခဲ့တဲ့ စိန်ခေါ်သူတွေကတောာ့ ခနလောက်တိတ်ဆိတ်နေခဲ့ကြတယ်။
အတော်ကြာပြီးကာမှ သူတို့ထဲက တစ်ယောက်က ပြောလာခဲ့ပါတယ်။
“သူ ခေါင်းခါယမ်း ခဲ့တယ်”
နောက်ထပ်နိုးထသူ တစ်ယောက်ကလည်း လေးလံစွာ သက်ပြင်းချလိုက်ပြီး ဂရုတစိုက်ပြောလိုက်တယ်။
“ဟုတ်တယ် ။ ငါတို့က လုံလောက်တဲ့ ထိုက်တန်မူ မရှိကြဘူး “