အိုး...နိုး...
Vol. 28 Ch. 408
ဆန်နီဟာ ပုံရိပ်ယောင်သေတ္တာကနေ ထွက်လာပြီး အေးစက်တဲ့ ကြမ်းပြင်ပေါ်မှာ အချိန်အတော်ကြာအောင် လဲလျောင်းကာ..လေးလံစွာအသက်ရူနေခဲ့တယ်။
'ပုံရိပ်ယောင် တိုက်ပွဲတွေက ဘယ်လိုလုပ် ဒီလောက်ပင်ပန်းရတာလဲ..'
အိပ်မက်ရူခင်းရဲ့ ဒီဇိုင်နာတွေက အတော်လေးကို ထူးဆန်းပါတယ်။တိုက်ပွဲကွင်းပြင်ကိုလာကြတဲ့ လူတွေက ပိုပြီးတောင် ထူးဆန်းကြသေးတယ်။ဆန်နီကတော့ သူတို့ရဲ့ အပြုအမူတွေကို တကယ်နားမလည်နိုင်တော့ပါဘူး။
'စိတ်ဝင်စားမူကွဲပြားတဲ့ လူတွေက ဒီလိုပဲထင်တယ်..'
အတော်ကြာပြီးတဲ့နောက်မှာတော့ သူ မတ်တတ်ထရပ်လိုက်ပြီး..အပေါ်ထပ်ကိုတက်သွားကာ..ဒီ ခက်ထန် ၊ ကြမ်းတမ်းတဲ့နာရီတွေမှာ သူ ကုန်ဆုံးခဲ့ရတဲ့ ခွန်အားတွေကို ပြန်ဖြည့်ဖို့အတွက် အစားအသောက်အချို့ကို ပြင်ဆင်လိုက်ပါတယ်။
ဆန်နီ သူ့အတွက် ပေါ့ပါးတဲ့ ညစာကိုပြင်ဆင်လိုက်ပြီး ဆာလောင်စွာ စားသောက်လိုက်တယ်။ပြီးတာနဲ့ ထိုင်ခုံပေါ်မှာထိုင်ကာ..အရသာရှိတဲ့ လဖက်ရည်ကို သောက်နေခဲ့ပါတယ်။
သူ အနားယူနေတုန်းမှာပဲ..သူ့ရဲ့ ဆက်သွယ်ရေးစက်က မြည်လာခဲ့တယ်။
သူ လဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ..အယ်ဖီသူ့ကို ပို့လိုက်တဲ့ မက်ဆေ့ကို ဖွင့်ကြည့်လိုက်တယ်။
"ဟေး အရူးလေး..။နင် ဒါကိုမြင်ပြီးပြီလား..။ငါကတော့ နင့်ရဲ့ကောင်မလေး အတွက် ..ကောင်လေးအသစ်ကို တွေ့ပြီလိူ့ ထင်တာပဲ..'
မက်ဆေ့ကို မျက်လုံးတစ်ဖက်မှိတ်တဲ့ အီမိုဂျီနဲ့ အဆုံးသတ်ထားခဲ့ပြီး ဗီဒီယို လင့်ဒ်တစ်ခု ကိုတွဲပေးထားခဲ့တယ်။
အံ့ဩသင့်စွာပဲ ဆန်နီ လင့်ဒ်ကိုနိပ်လိုက်တဲ့ အချိန်မှာ လဖက်ရည် သီးသွားခဲ့ပါတယ်။
သူ့ရဲ့ ပါးစပ်တွေကိုတောင် သုတ်ဖို့မေ့နေခဲ့ရင်း..သူ့ရှေ့က စခရင်ကို မျက်လုံးပြူးစွာစိုက်ကြည့်နေခဲ့တယ်။
"ဘာလဲ...ဒါက ဘယ်လို ငရဲလဲ.."
ဗီဒီယိုက သူ့ရဲ့ ဗီဒီယိုပါ..။
အတိအကျပြောရရင်..အိပ်မက်ရူခင်းမှာ တိုက်ခိုက်နေတဲ့ သူ့ရဲ့ ဗီဒိီယိုပါပဲ။
***
သူနဲ့ အဇူရာအကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လူငယ်လေး တိုက်ခိုက်ကြတာကို အံ့ဩသင့်စရာ အရည်အသွေးနဲ့ ဖမ်းယူထားခဲ့ပါတယ်။နောက်ခံကိုတော့ တကယ်ကိုကောင်းမွန်တဲ့ သီချင်းသံကို ထည့်ထားခဲ့တယ်။ခေါင်းစဥ်ကတော့ " ခွေးသားရဲ့ အောင်နိုင်မူများ " ။ဆန်နီ အတော်ကြာအောင် စိုက်ကြည့်နေပြီးကာမှ အောက်မှာရှိနေတဲ့ ကြည့်ရူသူ ရေတွက်မူကို ကြည့်လိုက်တယ်။
'ခု..ခုနှစ်....သုည ခုနှစ်လုံးတောင်လား..'
လီယိုစထရိုက်ကာ က ကျော်ကြားတဲ့တစ်ယောက်လား..။
ဆန်နီဟာ သူ့ရဲ့ အားနည်းချက်ရဲ့ဖိအားကြောင့်သာ အသိစိတ်ပြန်ဝင်လာခဲ့ပါတယ်။သူ အံကိုကြိတ်ထားပြီး အယ်ဖီကို မက်ဆေ့ပြန်ပို့လိုက်တယ်။
"ငါ ဒါကို မကြည့်ရသေးဘူး.."
'ဘယ်လို သောက်ကျိုးနဲတွေ ဖြစိနေတာလဲ..'
စိုးရိမ်စိတ်တွေနဲ့ သူက ရှာဖွေမူနေရာကိုသွားပြီး "ခွေးသား အိပ်မက်ရူခင်း " လို့ ရိုက်ရှာလိုက်တယ်။ချက်ချင်းဆိုသလိုပဲ..ကြောက်လန့်စရာ ဝီဗာမျက်နှာဖုံးနဲ့ ပုံတွေနဲ့အတူ ရလာဒ်ထောင်ပေါင်းများစွာ ကျဆင်းလာခဲ့ပါတယ်။
ဆန်နီ တံတွေးမြိုချလိုက်တယ်။
"အိုး..နိုး..။အိုး..နိုး.."
သူ ပထမဆုံး လင့်ဒ်ကို ဝင်ကြည့်တဲ့အချိန်မှာတော့ သွေးအန်ခါနီး တောင်ဖြစ်သွားခဲ့တယ်။
"ခွေးသားက လီယိုစထရိုက်ကာ..၊ တာအိုဆိုင်ဖာ နဲ့ အရူး တို့ကို သုံးချက်ထဲနဲ့ အနိုင်ယူပြသွားခဲ့တယ်.."
ပြီးတော့ သူတို့တိုက်ခိုက်တဲ့ ဗီဒီယိုကို ထည့်သွင်းထားခဲ့ပြီး ဒီတစ်ခုက ပိုပြီးတောင်ကြည့်ရူသူ များပါသေးတယ်။
'ဒါက အဓိပ္ပါယ်မရှိဘူး..။သူတို့နှစ်ယောက်ကလည်းကျော်ကြားတာပဲလား..။ဘာကို သုံးချက်တည်းလဲ..။ဒုတိယငနဲကို ငါ နှစ်ချက်တိုက်ခိုက်လိုက်တာလေ..'
ခေါင်းကိုက်ပြီး ထိပ်လန့်လာသလို ခံစားရင်း..ဆန်နီ ဆက်ဆွဲကြည့်တဲ့ အချိန်မှာ တစ်စက္ကန့်ချင်းစီတိုင်း ဖြူဖျော့လာခဲ့ပါတယ်။
ဒီမှာတော့ မရေမတွက်နိုင်တဲ့ ဗီဒိီယိုတွေ ၊ ခေါင်းစဥ်တွေ နဲ့ ဆွေးနွေးမူတွေ ရှိနေခဲ့တယ်..။လူထောင်ပေါင်းများစွာက သူ့ရဲ့တိုက်ပွဲတွေ ၊ သူ့နောက်ခံနဲ့ သူ့စကားလုံးတွေရဲ့ လျိုဝှကိအဓိပ္ပါယ်တွေကို ငြင်းခုန်နေခဲ့ကြပါတယ်။သူတို့က သူ့ကို ပညာဥာဏ်နဲ့ပြည့်စုံတဲ့ သူတော်စင်တစ်ယောက်နဲ့ မှားယွင်းနေကြပြီး သူ့ရဲ့ စကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ဆိုနေကြတာပါ။
သူ့ရဲ့ သင်ကြားမူ တွေကို အနက်ဖွင့်ဖို့အတွက် သီးသန့်ဆွေးနွေးမူ အဖွဲ့တွေကိုတောင် ဖွဲ့ထားခဲ့ကြတယ်။
"အိုး..နိုး.."
ဆန်နီ သူ့ရဲ့ ဦးခေါင်းကိုကိုင်ထားရင်း..ကဖေးထဲမှာ ဆွေးနွေးနေကြတာကို ကြားခဲ့ရတဲ့ လူပျက်အကြောင်းက သူဖြစ်နေတာကို နားလည်လိုက်ပါတယ်။သေချာတွေးကြည့်လိုက်တော့..ရိမ်း ရဲ့ အတန်းဖော်တွေ အများကြီးကလည်း ဒီအကြောင်းကို ပြောနေခဲ့ကြတာပါ။
သူမရော ဒီအမှိုက်ကို မြင်သွားသေးတာလား..။
သူ ညည်းညူလိုက်တယ်။
..အနည်းဆုံးတော့ ခွေးသားက ဘယ်သူလဲဆိုတာကိုသိကြတဲ့ပုံ မပေါ်ပါဘူး။ဝီဗာရဲ့ မျက်နှာဖုံးနဲ့ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ဖို့ကြိုးစားမူက အလုပ်ဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် အဆိုးဆုံးအရာက မလာသေးပါဘူး။
ဆန်နီ သူလုပ်ထားတဲ့ အရှုပ်ထုတ်တွေကိုကြည့်နေတုန်းမှာပဲ..အချက်ပေးမူ အသစ်တွေက ထပ်ပေါ်လာခဲ့တယ်။
"ခွေးသား ပြန်လာပြီ.."
"ခွေးသားက တိုက်ခိုက်ရေးကွင်းပြင်ကို ဖျက်ဆီးလိုက်တယ်..."
"မိနစ်ခြောက်ဆယ်အတွင်းမှာ ပွဲ ၇၀ ကို အနိုင်ရခဲ့တာလား..။သခင် ခွေးသားရဲ့ ထိပ်လန့်စရာ စွမ်းဆောင်ရည်ပဲ.."
"ခွေးသားက သူတော်စင် အနိီရောင်ဟန်ဆောင်မူ ရဲ့ တရားမဝင်သားပဲ..။အတည်ပြုပြီးပြီ..."
သူ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။
'ဘာတွေဖြစ်ကုန်တာလဲ..'
ကြုံရာလင့်ဒ်တစ်ခုကို ဖွင့်ကြည့်ပြီး သူ ထိပ်လန့်စွာ ဖတ်လိုက်တယ်။
ခွေးသား#1 အမြင်တူသူ : "ငါ အဲဒီမှာရှိခဲ့တယ် ကောင်လေးတို့ ။ဒါက မယုံနိုင်စရာပဲ..။သူက သဘာဝကပ်ဆိုးတစ်ခုလိုပဲ..။အရမ်းမိုက်တယ်.."
ကျပမ်းဖိနပ် : " သူပြောတာ မငိးကြားလိုက်လား.."
ခွေးသား #1 အမြင်တူသူ: "စကားလုံးတွေက တန်ဖိုးမရှိဘူး။တိတ်ဆိတ်မူက ရွှေပဲ..။အရမ်းနက်ရှိုင်းတယ်။ငါ့ရဲ့ ဘဝအမြင်တစ်ခုလုံး ပြောင်းသွားပြီ"
ကျပမ်းဖိနပ် : "ဝိုး..ငါ့အဖေက ငါကျောင်းက ပြန်လာတိုင်း ဒီစကားကို အမြဲပြောနေကြပဲ.."
ခွေးသား#1 အမြင်တူသူ : " ခနလေး..။ဖိနပ်..မင်းက ခွေးသားရဲ့ သားလား..."
"အသုံးပြုသူ ကျပမ်းဖိနပ်ဟာ သူ၏ နာမည်ကို ခွေးသား ရဲ့ သား အဖြစ်ပြောင်းလိုက်သည် "
ခွေးသားရဲ့သား : "ငါတို့အားလုံးက ခွေးသားရဲ့ ကလေးတွေ မဟုတ်ဘူးလား.."
ဆန်နီ လင့်ဒ်ကိုပိတ်ပြီး နောက်ထပ်စာမျက်နှာကိုဟသွားလိုက်တယ်။
"တိတ်ဆိတ်မူက ရွှေပဲ..။ဓားတစ်ချက်က စကားလုံးထောင်ပေါင်းများစွာထက် တန်ကြေးရှိတယ်။ခွေးသားရဲ့ နက်ရှိုင်းတဲ့ postneonihilist ဒဿန အကြောင်း လေ့လာစမ်းစစ်ချက် "
' Postneo ...ဘာဖြစ်တယ်...'
အံ့ဩတုန်လှုပ်စွာပဲ သူ နောက်ထပ် လင့်ဒ်တစ်ခုကို ဖွင့်လိုက်တယ်။
"ခွေးသားရဲ့ ပွဲ ၇၀ အနိုင်ရမူကို တုန့်ပြန်မူ ။မင်းအသက်ရူရပ်ရင် ရှုံးသွားလိမ့်မယ်.."
နောက်တစ်ယောက်..
"ခွေးသားက..ဟန်ပန်တွေကို မယုံကြည်ဘူး..။ဟန်ပန်တွေက လူတွေကို ဝေးကွာစေလိမ့်မယ်.."
နောက်တစ်ယောက်
"ငါ ခွေးသားနဲ့ တစ်ညကုန်ဆုံးခဲ့တယ်။ယခင်က အိုင်ဒေါ သင်တန်းသူတစ်ယောက်ရဲ့ ဝန်ခံချက် "
ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး ၊ သူအတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ညဥ်းညူလိုက်တယ်။
"..မဖြစ်နိုင်တာ.."
***
ခွေးသားရဲ့ အံ့ဩစရာစွမ်းဆောင်ရည်တွေက လျင်မြန်စွာပဲ ပျံ့နှံ့နေခဲ့တယ်..။ဒီ နတ်ဆိုးဆန်တဲ့ တိုက်ခိုက်ရေးသမား အကြောင်း သတင်းအသစ်တွေ မျှော်နေကြတဲ့လူတွေကတော့ ဆက်သွယ်ရေးစက်တွေမှာ မျက်လုံးတွေ ကပ်နေခဲ့ကြပါတယ်။
အနည်းဆုံးတော့ သူတို့က သူတို့မြင်ရတာကို စိတ်မပျက်ကြပါဘူး။
ခွေးသားက..နာမည်ကြီးတဲ့ လူတစ်ယောက်ဖြစ်နေပြီလို့ ပြောလို့ရနေပါပြီ။ဒါက မေးသူအပေါ်မှာ မူတည်ပြီး ပြောဆိုမူတွေလည်း ရှိလာခဲ့ကြတယ်။
ဆန််နီက မြို့ပြင်မှာမွေးဖွားလာတာကြောင့်..အင်တာနက်ပေါ်မှာမပါဝင်ဖူးသလို ၊ အိပ်မက်ရူခင်းရဲ့ ပရိတ်သတ်အကြောင်းကိုလည်း မသိပါဘူး။ဒါကြောင့် သူက တိုက်ပွဲကွင်းပြင်အပေါ် လူတွေရဲ့အာရုံစိုက်မူကို လျော့တွက်ခဲ့မိတာပါ။
သူက နောက်တစ်ဆင့်ကိုတက်ဖို့ကိုသာ အာရုံစိုက်ထားခဲ့တာကြောင့် တစ်နာရီအတွင်း ပွဲ ၇၀ အနိုင်ယူလိုက်တာက လူတွေကို ဘယ်လိုဖြစ်သွားစေမလဲဆိုတာကို တွက်ချက်ဖို့မေ့သွားခဲ့ပါတယ်။
အထူးသဖြင့် သူက တစ်ဒါဇင်လောက်ကို လက်နက်အသုံးမပြုပဲ လက်ဗလာနဲ့တင် သတ်ဖြတ်ခဲ့တာပါ။နောက်ဆုံးတိုက်ပွဲအနည်းငယ်က ကြည့်ရတာ အတော်လေး ကြမ်းတမ်း ၊ အထင်ကြီးဖို့ကောင်းပြီး ၊ ရက်စက်ပါတယ်။
အရင်က လူတွေက သူ့ကို ဓားနတ်ဆိုးလို့ခေါ်ကြရင် အခုဆို သူတို့ရဲ့မျက်လုံးထဲမှာ သူကိုယ်တိုင်က နတ်ဆိုးတစ်ယောက်ဖြစ်လာပါပြီ။
သူက နောက်ဆုံးပိုင်းတွေနားမှာ ဓားကို ရုတ်သိမ်းလိုက်ပြီး..ခေါင်းခါယမ်းတဲ့အချက်ကိုပါ ထည့်တွက်ရရင်..ခွေးသားက နတ်ဆိုးတစ်ယောက်တင် မဟုတ်ပဲ တစ်ခြားတိုက်ခိုက်ရေးသမားတွေကိုလည်း အထင်သေးနေခဲ့ပါတယ်။
ခွေးသားက သူတို့အပေါ်ကို စိတ်ပျက်သွားခဲ့ပါပြီ။
ဒီစိတ်ပျက်မူက အိပ်မက်ရူခင်းထဲက တိုက်ခိုက်ရေးသမားတွေရဲ့ နှလုံးသားထဲကို ဝင်ရောက်သွားခဲ့ပြီး သူတို့ကို ပိုလေ့ကျင့်ဖို့ ၊ အမြင့်ကိုပိုရောက်ဖို့ ၊ သန်မာလာဖို့အတွက် တွန်းအားဖြစ်စေခဲ့တယ်။
ခွေးသားရဲ့ အဆင်ိ့အတန်းက သူတို့ရဲ့ရှေ့မှာ အမြဲတမ်းရှိနေပြီး..လူငယ်လေးတွေအတွက် သူတို့ရဲ့ရည်မှန်းချက်ကို သတိပေးနေစေပါတယ်။
"ခွေးသား"
"အောင်မြင်မူ : 100 "
"ရှုံးန်ိမ့်မူ : 0 "
ပြီးတော့ ဒါပေါ့ သူတို့အားလုံးက သူ့ရဲ့ သရုပ်မှန်ကိုလည်း သိချင်နေကြပါသေးတယ်။
မကြာခင်မှာပဲ တစ်စုံတစ်ယောက်က လောဂျစ်တစ်ခုကို ဖော်ပြလာခဲ့တယ်။မေ့ပျောက်ကုန်းမြေပေါ်က ရှင်သန်ရစ်တဲ့ လူတစ်ရာကျော်ပြန်ရောက်လာပြီးတဲ့ အချိန်မှာ..အိပ်မက်ရူခင်းထဲမှာ သူရဲကောင်းစစ်သည်တစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။
သိသာစွာပဲ..ခွေးသားက..ဒီ လူတစ်ရာထဲက တစ်ယောက်ပါ။
ဒါပေမဲ့ ဘယ်သူလဲ။
ဒီဆန်းကျယ်မူကို ဖြေရှင်းဖို့ လူတွေက အချိန်အများကြီး မယူခဲ့ရပေ။
အင်တာနက်ပေါ်က ဆွေးနွေးမူတွေထဲမှာ အမည်မသိ အသုံးပြုသူတစ်ယောက်က ရေးသားထားခဲ့တယ်။
"ကောင်လေးတို့ ဒါက သိသာနေတာ မဟုတ်ဘူးလား..။မေ့ပျောက်ကုန်းမြေရဲ့ စစ်သည်တော်တွေထဲမှာ ဘယ်သူက အကောင်းဆုံးတွေထဲက အကောင်းဆုံးလဲ..။ပြီးတော့ သရုပ်မှန်ကို လျိူဝှက်ထားဖို့ ဘယ်သူ့မှာ ကြီးမားတဲ့ အကြောင်းပြချက်ကြီး ရှိတာလဲ.."
နောက်တစ်ယောက်က ပြန်ဖြေလိုက်တယ်။
"ခနလေး..ခနလေး..။မင်းပြောတာ မှန်တယ်။ဒါက ငါတို့ရှေ့မှာ တစ်ချိန်လုံးရှိနေတာပဲ.."
ယင်းနောက် အံ့ဩစရာသတင်းတစ်ခုက အင်တာနက်ပေါ်မှာ မီးတောက်တစ်ခုလို ပျံ့နှံ့လာခဲ့ပြန်ပါတယ်။
"ခွေးသားရဲ့ သရုပ်မှန်က ..."
နိုက်တင်ဂေး ရဲ့ ကိုင်..။