ရတနာ အမဲလိုက်မူ
Vol. 28 Ch. 409
"နိုက် & ဂေး ကိုယ်စားပြုအေဂျင်စီမှတရားဝင်စာထုတ်ပြန်လိုက်သည် : ပေါ်ပြူလာ အိုင်ဒေါနဲ့ ဖက်ရှင်အိုင်ကွန် နိုက် သည် ၊ နာမည်ပြောင် ခွေးသား အမည်ဖြင့် မည်သည့်လုပ်ငန်းဆောင်တာများမှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ "
ဆန်နီဟာ ဆက်သွယ်ရေးစက်ကနေ တဆင့် နောက်ဆုံးရသတင်းကို ဖတ်နေရင်း..မျက်နှာကိုလက်နဲ့ အုပ်ထားခဲ့တယ်။
"အိုး..ဘုရားရေ.."
သနားစရာ ကိုင် က ဒီအရှုပ်ထုတ်ထဲကို ဘယ်လိုလုပ်ပါဝင်ပတ်သက်လာပြန်တာလဲ..။ကမ္ဘာကြီးက လုံးဝ ရူးသွပ်သွားတာလား..။
သူက..မက်ဆေ့နေရာကိုကြည့်ပြီး သူ့ရဲ့ သူငယ်ချင်းဆီကနေ ဒေါသတကြီးစာဝင်လာမလား ဆိုတာကို စိုးရိမ်တကြီး ကြည့်နေခဲ့တယ်။ဒါမှမဟုတ် ဆန်နီက အရင်ကြိုပြီး တောင်းပန်စကားပြောထားသင့်လား..။ဘာပဲဖြစ်ဖြစ် သူ မြေအောက်ကမ္ဘာရဲ့ဝတ်လုံတော်ကို ဝယ်ယူတဲ့အချိန်တုန်းက ကိုင်က မြင်ထားခဲ့ပါတယ်။မဟူရာအကာအကွယ်က ပြန်လည်ပြင်ဆင်ပြီးတဲ့နောက်မှာ ..စစ်မှန်တဲ့ ကျောက်တုံးကနေ..ထူးဆန်းတဲ့ကျောက်တုံးပုံစံ သံမဏိအဖြစ်ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေမယ့်..သူ ဒါကိုမှတ်မိဖို့ ဖြစ်နိုင်ချေတွေ အများကြီး ရှိနေဆဲပါပဲ။
'အာ..ဘာလို့ဘဝက အရမ်းခက်ခဲနေတာလဲ..'
ဆန်နီ နောင်တရစွာ ခေါင်းခါယမ်းလိုက်ပြီး မျက်နှာကျတ်ကို စိုက်ကြည့်လိုက်တယ်။
...ပြီးတော့..ရိမ်း နဲ့ပတ်သက်တဲ့ ကိစ္စကလည်း ရှိနေပြန်ပါသေးတယ်။
ဆန်နီက သူမ အိမ်ကိုလမ်းလျောက်ပြန်နေတာကို အရိပ်ရဲ့မျက်လုံးကနေတဆင့် ကြည့်နေခဲ့တယ်။သူ့စိတ်ထဲမှာတော့ နောက်တစ်ကြိမ် မရေရာမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။သူ ကြားဝင်ပြီး ပတ်သက်ဖို့အတွက် လိုအပ်လား..။သူမကို ကူညီဖို့အတွက် အကောငိးဆုံးနည်းလမ်းက ဘာဖြစ်မလဲ..။သူမကရော သူ့ရဲ့ အကူအညီကို လိုအပ်လား..။
ဒီမေးခွန်းတွေအားလုံးအတွက် အဖြေဆိုတာ မရှိပါဘူး။
သူ..ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး..အမှောင်ထဲမှာ အချိန်အတော်ကြာအောင် ထိုင်နေကာ..မတ်တတ်ရပ်ပြီး..မီးဖိုထဲကို လျောက်သွားခဲ့တယ်။ပျက်စီးနေတဲ့ ရေခဲသေတ္တာထဲကနေ ထုတ်လို့ရတာကို အကုန်ထုတ်လိုက်ပြီး ဆန်နီ သူ့အတွက် ကောင်းမွန်တဲ့ ညစာကိုချက်ပြုတ်ကာ တိတ်တဆိတ်စားသောက်လိုက်ပါတယ်။
'....ငရဲလိုပဲ..။ဒီအရာတွေအကုန်လုံးကို သင်္ဘောပျက်ကျွန်းကနေ ပြန်လာတဲ့အချိန်ကျမှ ဖြေရှင်းတော့မယ်။ငါ အဲဒီကို ရောက်တာ ၊ ထောက်လှမ်းတာ နဲ့ ပြန်လာတာက အရမ်းမကြာလောက်ဘူး..။အများဆုံးတစ်ပတ်လောက်ပဲ.."
အိပ်မက်ကမ္ဘာထဲမှာ ရတနာပုံကြီးက စောင့်နေတဲ့အချိန်မှာ သူကဘာလို့ ဒီမှာ အဓိပ္ပါယ်မရှိတာတွေနဲ့ အချိန်ကုန်ခံနေမှာလဲ..။
ဆန်နီက အကယ်ဒမီရဲ့ဒေတာဘေ့စ်ကနေ တဆငိ့ သူလိုအပ်တဲ့ အချကိအလက်မှန်သမျှကို ယူထားပြီးပါပြီ..။နိုးထသူတွေအားလုံးက အိပ်မက်ကမ္ဘာနဲ့ အိပ်မက်ဆိုးသားရဲတွေအကြောင်း အခြေခံမျှဝေထားတဲ့ အချက်အလက်တွေကို ဝင်ကြည့်ခွင့်ရှိကြပါတယ်။သို့ပေမယ့် တောတွင်းရှင်သန်မူ ဌာနက ခန့်အပ်ထားတဲ့ လက်ထောက်တစ်ယောက်အနေနဲ့ သူက သူများတွေထက်ပိုပြီး ဝင်ကြည့်ခွင့်ရှိနေခဲ့တယ်။
ဒီလို အန္တရာယ်များတဲ့ စူးစမ်းရှာဖွေမူအတွက် လုံလောက်တဲ့ အချကိအလက်တွေ မဟုတ်ပေမယိ့..အနည်းဆုံးတော့ သူ့ကို ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေခံနားလည်မူကို ရရှိစေပါတယ်။ကျန်တာကတော့ သူက ချိန်းကျွန်းစုက ဒီအပိူင်းတွေကိုသွားလာဖူးတဲ့ အမှန်အကယ်အတွေ့အကြုံရှိတဲ့ မြင့်မြတ်နယ်မြေက လူတွေဆီကနေ သင်ယူရပါလိမ့်မယ်။
ပြီးရင်တော့..ကတ်စီ လည်းရှိနေပါသေးတယ်..။သူမဆိုရင် သူ့ကို ပိုပြီးတော့တောင် ကူညီပေးနိုင်ဦးမှာပါ။
သုန်မှုန်တဲ့ မျက်နှာအမူအရာနဲ့ ဆန်နီ ပန်းကန်ဆေးလိုက်တယ်..။ပြီးတဲ့နောက်မှာတော့..အိပ်မက်ကမ္ဘာထဲမှာ ရှည်ကြာစွာနေထိုင်ဖို့အတွက် ပြင်ဆင်ပါတော့တယ်။
မကြာခင်မှာပဲ သူက မြေအောက်ခန်းကို ဝင်ရောက်သွားခဲ့ပြီး..လုံခြုံရေးအဆင့်ကို အမြင့်ဆုံးမှာ ထားထားလိုက်တယ်။ပြီးတာနဲ့ အိပ်စက်ခြင်းသေတ္တာထဲကို တက်ပြီး ဝင်ရောက်လိုက်ပါတယ်။
အဖုံးပြန်ပိတ်သွားတာနဲ့ တစ်ပြိုင်နက် သူက သက်ပြင်းချပြီး တွေးလိုက်တယ်။
'တစ်ပတ်...တစ်ပတ်ဆိုရင်တော့ လူတိုင်းက ခွေးသားအကြောင်းရူးသွပ်နေကြတာကို မေ့စွားကြမယ် ထင်တာပဲ..'
သူ့ရဲ့ မကြည်လင်တဲ့အရိပ်က စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ပါတယ်။
***
သူ စကားပြောဖို့လိုအပ်တဲ့လူတွေနဲ့ ပြောပြီး..သင်္ဘောပျက်ကျွန်းရဲ့ အခြေအနေတွေကို သိရဖို့အတွက် တစ်ရက်လုံးနီးပါး ကြာခဲ့တယ်။ပြီးတော့ ဘယ်လမ်းကြောင်းကနေ သွားပြီးရနိုင်မလဲ ဆိုတာမျိုးပါ။
ရလာဒ်အနေနဲ့ ဒီခရီးစဥ်က သူထင်ထားတာထက် ပိုပြီး ခက်ခဲနေခဲ့ပါတယ်။နိုးထသူတွေက ချိန်းကျွန်းစုရဲ့ အဲလောက်ဝေးတဲ့ နေရာမျိုးတွေကို တစ်ယောက်တည်း သွားလေ့မရှိကြပါဘူး။မုဆိုးအဖွဲ့တွေတောင်မှ..အဲဒီအပေါက်ကြီး အနားကို မသွားရဲကြပေ။
အဲဲဒီမှာရှိနေတဲ့ အိပ်မက်ဆိုးသားရဲတွေကလည်း ကြမ်းတမ်းသန်မာကြာကာ..အဲဒီက ကျွန်းတွေကနယ်မြေရဲ့အစွန်းမှာ ရှိနေတဲ့ ကျွန်းတွေထက်ပိုပြီး အန္တရာယ်များပါတယ်။
...ဒီလူတွေကတော့ သူ့လို ကဏ္ဍစွမ်းရည် မရှိကြတဲ့ လူတွေပါ။ဆန်နီက အတွေးအကြုံရှိတဲ့ နိုးထသူ တစ်ဖွဲ့လုံးထက် ပိုပြီး သန်မာတယ်လို့ မယူဆနိုင်ပေမယ့်..သူ့ရဲ့ စွမ်းရည်တွေက..ထောက်လှမ်းဖို့ ၊ သွားလာဖို့ နဲ့ ထွက်ဖြေးဖို့အတွက် အရမ်းကို လွယ်ကူပါတယ်။အကယ်၍ သူက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရန်သူနဲ့တွေ့မယ်ဆိုရင်တောင်..သူ့ရဲ့စွမ်းရည်နဲ့ အနည်းဆုံးတော့..ထွက်ပြေးနိုင်စွမ်းရှိမယ်ဆိုတာ သေချာပါတယ်။
ထပ်ပြောရရင် သူ့မှာက သူတော်စင်လညိး ရှိနေပါသေးတယ်။တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက..သူမတစ်ယောက်တည်းနဲ့တင် မုဆိုးအဖွဲ့ရဲ့ တစ်ဝက်စာလောက် သန်မာပါတယ်။
ကောင်းကင်ထက်က နေလုံးကျဆင်းလာတဲ့ အချိန်မှာတော့..သူက အခန်းထဲမှာနေပြီး ချိန်းကျွန်းစုရဲ့ မြေပုံကို ကြည့်နေခဲ့တယ်။ဒီအပေါ်မှာတော့ ဆန်နီက သင်္ဘောပျက်ကျွန်းကို သွားနိုင်တဲ့..လမ်းကြောင်းတွေကို ရေးမှတ်ထားခဲ့ပြီး..အလားတူစွာပဲ လမ်းမှာတွေ့နိုင်တဲ့ အန္တရာယ်တွေကိုပါ မှတ်သားထားခဲ့တယ်။
ဒါပေါ့..ဒီလိုမြေပုံတွေက လုံးဝ စိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။အိပ်မက်ဆိုးသားရဲတွေက ဖိနိပ်မူဒဏ်ကို ရှောင်ရှားဖို့အတွက် ကျွန်းတွေကြားထဲမှာ ကူးသန်းတာမျိုးတွေ ရှိကြပါတယ်။သို့ပေမယ့်..တကယ်ကြောက်စရာ ကောင်းတဲ့အရာက တစ်ခြားမှာပါ။
သူသွားမယ့်လမ်းကြောင်းမှာရှိနေတဲ့ ကျွန်းတွေက အထက်ကို တက်မယ့်အချိန်နဲ့ကြုံမှာကို ထည့်သွင်းစဥ်းစားထားတာတောင်..သူက သင်္ဘောပျက်ကျွန်းကို သုံးလေးရက်အတွင်း လုံလုံခြုံခြုံနဲ့ သွားနိုင်မယ်ဆိုတာကို ဆန်နီ သေချာပြောနိုင်ပါတယ်။
...တစ်ခုက လွဲလို့ပေါ့..။
ဘယ်လိုပဲကြည့်ကြည့်..သူက ခံတပ်ကနေထိုင်သူတွေကြားထဲမှာ မျှော်လင့်ခြင်းလိူ့ လူသိများတဲ့ ကျွန်းကို ဖြတ်သန်းသွားရမှာပါ။
ထိုနေရာမှာအကြောင်းကို အများကြီး မသိရပေမယ့်..အဖွဲ့တစ်ချို့က အဲဒီနေရာမှာ အဖွဲ့ဝင်တွေပျောက်ဆုံးတာရှိပြီး တစ်ချို့က ဘယ်တော့မှ ပြန်မလာကြတာကို သိခဲ့ရတယ်။သိသာစွာပဲ ဒီကျွန်းစုမနေထိုင်တဲ့ သားရဲက အတော်လေးကို ကြောက်မက်ဖို့ကောင်းကာ..လူတစ်ယောက်ရဲ့အမြင်အာရုံကို ရှုပ်ထွေးအောင် လုပ်ဆောင်နိုင်ပါတယ်။
သို့ပေမယ့် ဒါက ဘာလဲဆိုတာကို ဘယ်သူမှ မသိကြပေ။ဆန်နီ သိရှိရသလောက်တော့..ဒီသားရဲက ပျက်ပြားခြင်း အဆင့်တော့ မဟုတ်လောက်ပါဘူး။လူအများစုကတော့ ဒီအရာကို ကျရှုံးမူအဆင့် အဖြစ်သာ..ထင်မြင်ချက်ပေးထားကြခဲ့တယ်။အနည်းဆုံးတော့ ဒါက တိုင်းရန့် အမျိုးအစား မဟုတ်ပါဘူး။
'ငါ့ရဲ့ အမြင်အာရုံကို မမြင်ရအောင်လှည့်စားမူတွေလုပ်ရင်တောင် ငါက ကောင်းကောင်းတိုက်ခိုက်နေနိုင်ဦးမှာပဲ..။ပြီးတော့ ငါက ဒီအရာကို အနိူင်ယူဖို့ ၊ ဒါမှမဟုတ် တိုက်ခိုက်ဖို့ မလိူအပ်ဘူး။ငါက ဒီတိုင်း ကျော်ဖြတ်ပြီး ကိုယ့်လမ်းကို ဆက်သွားဖို့ပဲ..'
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး..မြေပုံကိုလိပ်ကာ..သူ့ရဲ့ အိတ်ထဲမှာထားလိုက်တယ်။ရှည်လျားတဲ့ခရီးအတွက် အစားအသောက်တွေနဲ့ လိုအပ်တာတစ်ချို့ကလည်း အဆင်သင့်ဖြစ်နေပါပြီ။သူအရိပ်တွေထဲကို ဝင်ပြီးသွားလာတဲ့အချိန်မှာ သယ်ဆောင်နိုင်တဲ့ပမာဏက အကန့်အသတ်ရှိတာကြောင့် သူအများကြီးတော့ ယူလို့မရပါဘူး။
သူက သက်ရှိမဟုတ်တဲ့ အရာတွေကိုပဲ သယ်ဆောင်သွားနိုင်ပါတယိ..။အနည်းဆုံးတော့ အခုချိန်အထိပါ။ဒီအရာက အနာဂတ်မှာပြောင်းလဲနိုငိမလား ဆိုတာကိုတော့ သူမသိပေ။
နောက်ဆုံးတော့ သူက သေတ္တာကိုဖွင့်ပြီး ချိန်းပိူးကောင်ရဲ့ ဦးချိုကို ထုတိယူလိုက်တယ်။
ဆန််နီဟာ ဦးချိုကို အတော်ကြာအောင်ကြည့်ပြီး အမူအရာနက်မှောငိနေခဲ့ပါတယ်။
ကတ်စီက မကြာခင်မှာ ခံတပ်ကိုလာတော့မှာပါ။ဒီအရာနဲ့ သူမရဲ့ ရှေးဖြစ်ဟောနိုင်စွမ်းသာ ပေါင်းစပ်လိုက်ရင်..ဆန်နီရဲ့ စူးစမ်းရှာဖွေမူတွေက ပိုပြီး လုံခြုံသွားတော့မှာပါ။ရတနာတွေကို ရှာတွေ့နိူင်တဲ့ သူ့ရဲ့အခွင့်အရေးကို တိုးမြင့်ဖို့ဆိုရင် ပြောနေစရာတောင် မလိုအပ်တော့ပေ။
...ဒါမှမဟုတ်..သူက သူမကို အကူအညီမတောင်းပဲ..စွန့်စားမူကို ပိုယူလို့ရပါတယ်။ဒါက အောင်မြင်ဖို့အတွက်လည်း အာမခံချက် မရှိပါဘူး။
အတော်ကြာပြီးတဲ့နောက်မှာတော့ ဆန်နီက ဦးချိုကို သေတ္တာထဲ ပြန်ထည့်လိုက်ပြီး..အဖုံးကိုပိတ်လိုက်တယ်။
'အသေပဲ ခံလိုက်တော့မယ်..အရိုးသားဆုံးဆိုရင်..'
သူ ပြုံးလိုက်ပြီး သေတ္တာကို သော့ခတ်ကာ..အထုတ်အပိုးကိုယူရင်း..ထွက်ပေါက်ဆီကို ဦးတည်သွားခဲ့တယ်။
နေလုံးကြီးက အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားတာနဲ့..သူက လုံခြုံတဲ့ ခံတပ်ကိုစွန့်ခွာလာပြီး ကျွန်းရဲ့ အစွန်းဆီကိုထွက်ခွာလာခဲ့တယ်။ယင်းနောက် ကောင်းကင်ချိန်းကြိုးတွေထဲက တစ်ခုဆီကို ခုန်ချလိုက်ပါတယ်။