← Chapters

မှန်းဆချက်

Vol. 28 Ch. 410

မှန်းဆချက်

Vol. 28 Ch. 410

ဆန်နီဟာ မြောက်ဘက်ကိုဦးတည်ပြီး..ညဘက်အချိန်မှာ သူရောက်နိုင်သလောက်အထိ ရောက်အောင်သွားနေခဲ့ပါတယ်။သူက ကြီးမားတဲ့ သံကြိုးတွေပေါ်ကနေအရိပ်အဖြစ် သွားလာကာ ကျွန်းပေါ်ကို ခုန်တက်လိုက်တယ်။ကျွန်းပေါ်မှာတော့ ခြေထောက်နဲ့သွားပြီး..တစ်ခြားတစ်ဖက်ကိုရောက်တဲ့အချိန်မှာတော့ အမှောင်ထုထဲ ပြန်ဝင်သွားခဲ့ပါတယ်။

သူက ချိန်းကျွန်းစူတွေပေါ်မှာ အရမ်းကိုလျငိမြန်တဲ့ အရှိန်နဲ့ သွားနေတာဖြစ်ပေမယ့်..ပျံသန်းနိုင်တဲ့ လူတွေလောက်တော့ မမြန်ပါဘူး။အရိပ်ခြေလှမ်းကို အသုံးပြုရတာက အရိပ်အဆီအနှစ်တွေ အများကြီး ကုန်ဆုံးစေတာကြောင့်..သူက ကောင်းကင်ချိန်းကြိုးတွေပေါ်ကနေ ရှေ့ဆက်ပြီးသွားနိုင်ဖို့အတွက် မကြာခန ပြန်ဖြည့်နေရပါတယ်။

သို့ပေမယ့် ဒါက သူ့ကိုအတော် အန္တရာယ်များစေပါတယ်။ကျွန်းပေါ်က အိပ်မက်ဆိုးသားရဲတွေက..အမျိုးအစားစုံပြီး..၊ သေစေနိုင်တဲ့ သဘာဝတွေရှိနေကြတယ်..။ကောင်းပြီလေ..သဘာဝအတိုင်းမဟုတ်တဲ့..ခြိမ်းခြောက်မူတွေရောပါ။ဆန်နီက အရိပ်တစ်ခုကို ခန္တာကိုယ်မှာရစ်ပတ်ပြီး တစ်ခုကို ရှေ့မှာ ထောက်လှမ်းခိုင်းကာ တစ်ချိန်လုံးသတိနဲ့နေနေရပါတယ်။

သူက အရိပ်ထဲမှာပုန်းအောင်းပြီး..လှည့်လှည်နေတဲ့ သားရဲတွေကို တိုင်ခိုက်ရမယ့်အရေးကို ရှောင်တိမ်းရပါတယ်။ဒါမှမဟုတ် ရွေးချယ်စရာမရှိတော့ဘူးဆိုရင်..သူက နောက်ထပ် အရိပ်ဆီကို ခုန်ကျော်ပြီး ကူးလိုက်တယ်..။သို့ပေမယ့် ဒီလိုအသုံးပြုမူက သူ့ရဲ့ အဆီအနှစ်တွေကို အများကြီးအသုံးပြုရတာပါ။ဒါ​က အနားယူဖို့အတွက် တွန်းအားတစ်ခုဖြစ်လာစေပြီး..ဝိဥာဥ်မြွေရဲ့ ရစ်ပတ်မူနဲ့ အမြုတေကို ပြန်ပြည့်အောင် စောင့်ဆိုင်းရပါတယ်။

အချိန်အများစုကိုတော့..သူ့ရဲ့ အသက်ကိုခြိမ်းခြောက်နိုင်လောက်တဲ့ အရာ မရှိဘူးလို့ သူ ခံစားနေခဲ့ရတယ်။ဆန်နီ ရဲ့ တွက်ချက်မူတွေနဲ့ စွမ်းရည်တွေက..သူ့ကို အမဲလိုက်ဖို့အတွက် ခက်ခဲစေပါတယ်။ဘယ်လို ထိပ်လန့်စရာ သားရဲက သူ့ကို အမဲလိုက်ဖို့ကြိုးစားပါစေ..အမြဲတမ်းလွတ်မြောက်သွားတာ ချည်းပါပဲ။အနည်းဆုံး..အခုချိန်အထိပေါ့..။

သူတကယ်ကို အန္တရာယ်များတဲ့ အိပ်မက်ဆိုးသားရဲတွေ , ဥပမာ ကျွန်းတွေကိုပိူင်ဆိုင်ကြတဲ့ ပျက်ပြားခြင်းအဆင့် သတ္တဝါ တွေ ဒါမှမဟုတ် အမှောင်ဘက်ခြမ်းမှာရှိတဲ့ သတ္တဝါတွေနဲ့ မတွေ့သ၍ ၊ သူ့ရဲ့ အဆီအနှစ်တွေကို သေချာဂရုစိုက်သုံးစွဲနိုင်မယ်ဆိုရင် အဆင်ပြေမှာပါ။ဒီလိုအားကောင်းတဲ့ သတ္တဝါတွေနဲ့ တွေ့ဆုံရပြီဆိုရင်တော့..အရိပ်တစ်ခုဖြစ်နေတာကလည်း လုံခြုံမူ မရှိတော့ပါဘူး။

သူက အမှောင်မြို့တော် ဘုရားကျောင်းပျက်ရဲ့ မြေအောက်ခန်းက သရဲမီးတောက် နှစ်ခုကို အခုထိအမှတ်ရနေဆဲပါပဲ။

လမ်းတစ်လျောက်မှာတော့ ဆန်နီဟာ သူအရင်က ရောက်ခဲ့ဖူးတဲ့ ကျွန်းတွေရော..မရောက်ဖူးတဲ့ ကျွန်းတွေရော..ဖြတ်ကျော်လာခဲ့ပါတယ်။တစ်ခုချင်းစီတိုင်းက သူ့နည်းသူ့ဟန်နဲ့သူ အန္တရာယ်များနေခဲ့ပြီး ဆန်းကျယ်မူတွေကို ဖုံးကွယ်ထားခဲ့ကြတယ်။ဒါပေါ့ အများစုကတော့ မလွတ်မြောက်နိုင်တဲ့ ထောင်ခြောက်တွေချည်းပါပဲ။သူက သူ့ရဲ့သိချင်စိတ်ကို ဖိနိပ်ပြီး ရှေ့ကိုသာ ဆက်သွားနေခဲ့တယ်။

ကောင်းကင်နှစိခုစလုံးမှာ ကြယ်တွေနဲ့ပြည့်နှက်နေတာကြောင့်..ချိန်းကျွန်းစုက ညဘက်အချိနိမှာ အံ့ဩစရာ ကောင်းလောက်အောင် လှပနေခဲ့ပါတယ်။ရှေ့ကိုခရီးဆက်ပြီး..သွားလာနေတဲ့ အိပ်မက်ဆိုးသားရဲတွေကို ပုန်းအောင်းနေရတဲ့ အခိုက်အတန့်လေးမှာပဲ၊ ဆန်နီက မတတ်နိုင်စွာပဲ ဒီအလှအပကို ခံစားနေမိတာပါ။

သို့ပေမယ့် လှပတဲ့အရာတွေ..လှပတဲ့အရာတွေ ဆိုတာက ပိုပြီး အန္တရာယ်များပါတယ်။အခုချိန်မှာတော့ သူ ဒီသင်ခန်းစာကို ကောင်းကောင်းကြီး သင်ယူနေခဲ့ရပါပြီ။

အာရုံတက်ချိနိမှာတော့ ဆန်နီဟာ နောက်ဆုံးမှာ သူ့ခရီးရဲ့ ပထမဆုံးရပ်နားမယ့် နေရာကို ရောက်လာခဲ့တယ်။ဒါက ဘယ်သက်ရှိမှမရှိတဲ့ ပျက်စီးနေတဲ့နေရာကြီးတစ်ခုပါ။ကျောက်တုံးကျောကိဆောင်တွေနဲ့ ​ဘေးနားကကျွန်းတွေရဲ့ အပျက်အစီးတွေက သက်ရောက်မူကြောင့်..သေးငယ်တဲ့ ချိုင့်ဝှမ်းတွေ အများကြီး ရှိနေခဲ့ပါတယ်။

ဒီကျွန်းကို တည်ရှိအောင် ထိန်းထားပေးတဲ့ ချိန်းကြိုးတွေကတော့ အတော်ကြာကတည်းက ကျိုးပျက်သွားခဲ့ပါပြီ..။ရလာဒ်အနေနဲ့..ထိန်းထားပေးမယ့်အရာ ဘာမှမရှိပဲ အပေါ်မြင့်မြင့်ကြီးအထိ တက်သွားကာ..ဖိနိပ်မူကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေခဲ့တယ်။

ဘေးနားပတ်ဝန်းကျင်က ကျွန်းတွေက သိပ်ပြီးမထူးခြားပဲ..ဒီနေရာက သူ အနားယူဖို့ကောင်းတဲ့နေရာတစ်ခုပါ။

ချိုင့်ဝှမ်းတစ်ခုမှာ ပုန်းအောင်းရင်း..ဆန်နီ မနက်စာကိုစားသုံးကာ..အဆုံးမရှိစမ်းချောင်းကို သောက်လိုက်တယ်။ယင်းနောက် မြင့်တက်လာတဲ့နေလုံးကိုကြည့်ပြီး..မြေပုံကို မိနစ်အနည်းငယ်ကြည့်ကာ..သူတော်စင်ကို ထုတ်လိုက်ပါတယ်။

သူတော်စင်က သူ့ရဲ့အရိပ်ထဲကနေ ထွက်လာခဲ့တယ်။ဒါပေါ့ ကျိုးပျကိကျိန်စာရဲ့ ဝိဥာဥ်တိုက်စားခြင်း သက်ရောက်မူကို မခံရနိုင်တဲ့ အဝေးတစ်နေရာမှာပါ။ဆန်နီ သူမကိုကြည့်ကာ မျက်နှာကိုပွတ်ရင်း ပြောလိုက်တယ်။

"ငါ အိပ်လိုက်ဦးမယ်..။မင်းကတော့ ကျေးဇူးပြုပြီး ကင်းစောင့်ပေးပါဦး.."

အရိပ်ဟာ သူ့ကို စက္ကန့်အနည်းငယ်လောက် အလေးအနက်မထားစွာကြည့်ပြီး..သူမရဲ့လေးမှာ မြားတစ်ချောင်းကို တပ်လိုက်ကာ တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်။

ဆန်နီ သက်ပြင်းချလိုက်တယ်။

သူ ရက်အနည်းငယ်လောက် မအိပ်ပဲသွားလာနိုင်တယ်ဆိုပေမယ့်..သူကိုယ်သူ အကောင်းဆုံးပုံစံ ထိန်းထားဖို့ လိုအပ်ပါတယ်။ဘာပဲဖြစ်ဖြစ် အိပ်မက်ကမ္ဘာထဲမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကိုဘယ်သူမှ မသိနိုင်ပေ..။

သူ့ရဲ့ အိပ်ကို ခေါင်းအုံးအဖြစ်အသုံးပြုပြီး ဆန်နီလဲလျောင်းကာ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။

' နာရီ အနည်းငယ်လောက်ပဲ...'

***

တစ်ရက်ကြာပြီးတဲ့နောက်မှာတော့..သူက မျှော်လင့်ခြင်း ကျွန်းကို ရောက်လာခဲ့တယ်။

ခံတပ်က လူတွေအများကြီးက ကြောက်ရွံ့ကြရတဲ့ ဒီကျွန်းက ကြီးမားပြီး..ကီလိုမီတာ ဆယ်နဲ့ချီကာ ကျယ်ဝန်းပါတယ် ။ပိုပြီးဆိုးဝါးတာက..ဒီကျွန်းကို ချိန်းကြိုးနှစ်ကြိုးတည်းနဲ့ ဆက်သွယ်ထားပြီး..၊ တစ်ခုနဲ့တစ်ခုက ဆန့်ကျက်ဘက်နီးပါးမှာ ရှိကြတယ်။နောက်တစ်နေရာကို ရောက်ဖို့အတွက်ဆိုရင်တော့ ဆန်နီက ရွေးချယ်စရာမရှိပဲ..ဒီကျွန်းတစ်ခုလုံးကို ကျော်ဖြတ်သွားရမှာပါ။

အဲဒီမှာတော့ မြေကြီးတွေပေါ်မှာ မြက်တွေလွှမ်းမိုးနေပြီး..အဝေးတစ်နေရာမှာ..သစ်ပင်တွေနဲ့စိမ်းစိုနေတဲ့ သစ်တောတစ်ခုကို မြင်နေခဲ့ရတယ်။ကျောက်တုံးတွေထူထပ်တဲ့ တောင်ကုန်းတစ်ခုနဲ့ ရေတံခွန်တစ်ခုကိုလည်း တွေမြင်ရပါသေးတယ်။ချိန်းကျွန်းစုပေါ်က တစ်ခြားနေရာတွေလိုပဲ..ဒီမှာလည်း ရေတွေက ဘယ်နေရာကနေထွက်ပေါ်လာပြီး..ဘယ်နေရာကို စီးဆင်းသွားလဲဆိုတာကို မသိရပါဘူး။ဆန်နီက ဒီကုန်းမြေတွေရဲ့ ထူးဆန်းမူတွေ အပေါ်မှာအသားကျနေပြီ ဖြစ်တာကြောင့်..သိပ်ပြီး..ဂရုမစိုက်တော့ပါဘူး။

မျှော်လင့်ခြင်းကျွန်းက လှပပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုလို့ ပြောနိုင်ပါတယ်။

သို့ပေမယ့် အရိပ်တွေရဲ့ မျက်လုံးကနေ တဆင့်ကြည့်လိုက်တဲ့အချိန်မှာ..ဆန်နီ အကူညီမဲ့စွာပဲ မသက်သာမူကို ခံစားလိုက်ရတယ်။တစ်ခုခု..ဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခုက မှားယွင်းနေပါပြီ။

ဒါက အရမ်းကိုလှပတယ်ဆိုပေမယ့်..ဒီကျွန်းပေါ်က သက်ရှိတွေကို မြင်လည်းမမြင် ၊ ကြားလည်းမကြားရပါဘူး။လေတိုးသံကလွဲပြီး တစ်ခြားဘာအသံတစ်ခုမှ ကြားရတာ မရှိပေ။သစ်ပင်တွေ ဖြည်းညှင်းစွာ လှုပ်ခတ်နေတာကလွဲပြီး တစ်ခြားလှုပ်ရှားမူတွေကို မမြင်ရပါဘူး။ဒီမှာ သားရဲတွေ ၊ ပိုးမွှားတွေ ဒါမှမဟုတ် တစ်ခြားသက်ရှိတွေ တစ်ခုမှ မရှိပေ။

အိပ်မက်ဆိုးသားရဲတစ်ကောင်ကမှ ဒီငြိမ်းချမ်းတဲ့ ကျွန်းကြီးပေါ်မှာသွားလာနေတာကို မတွေ့ရပါဘူး။

အိပ်မက်ဆိုးသားရဲတွေတောင် ဒီကိုမလာရဲလောက်အောင် ဘယ်လိုဆိုးဝါးတဲ့အရာက ရှိနေလို့လဲ..။ဒါမှမဟုတ်သူတို့ကို ဒီကျွန်းရဲ့ ပိူင်ရှင်က သတ်ဖြတ်လိုက်တာလား..။ဒါဆိူရင်..အရိူးတွေက ဘယ်မှာလဲ..။ဒါမှမဟုတ်လည်း အနည်းဆုံး အရိုးပြာတွေပေါ့။

'..ငါ ဒါကြီးကို မကြိုက်ဘူး..'

အစကတော့ ဆန်နီက မျှော်လင့်ခြင်းကျွန်းကို ခါတိုင်းလိုပဲ..​လမ်းလျောက်ပြီးဖြတ်သန်းဖို့ စိတ်ကူးထားတာပါ။သို့ပေမယ့် အခုတော့ သူ စိတ်ပြောင်းသွားခဲ့တယ်။ဒီနေရာက အုပ်ချုပ်သူနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး စွန့်စားမူ ယူတာထက်..အရိပ်အဆီအနှစ် ပမာဏအချို့ကို အကုန်ခံလိုက်တာက ပိုပြီးကောင်းပါလိမ့်မယ်။

တကယ်လို့..သူ့မှာ မျက်နှာရှိမယ်ဆိုရင်ပေါ့..

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး အရိပ်ခြေလှမ်းကို သုံးကာ..ကောင်းကင်ချိန်းကြိုးတွေနားကနေ ပျောက်ကွယ်သွားပြီး..ကျွန်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ဒါက သူ ကင်းထောက်ချထားတဲ့ အရိပ်ရဲ့ အနီးနားမှာပါ။ဆန်နီက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခန္တာကိုယ်ကို မထုတ်ဖော်ပဲ အရိပ်အဖြစ်သာ ရှိနေခဲ့တယ်။

ဒီနည်းလမ်းနဲ့ သူက မျှော်လင့်ခြင်းကျွန်းရဲ့ တစ်ခြားတစ်ဖက်ကို မမြင်ရပဲ ရောက်သွားပါလိမ့်မယ်။

'ဒါနဲ့ ကြောက်စရာ သားရဲက ဘယ်မှာလဲ.'

သူက ဒီကောင်ရဲ့အရိပ်အယောင်ကို ဘယ်မှာမှ မမြင်ရပါဘူး။

စိုးရိမ်မူတွေအပြည့်နဲ့ သူက အမြဲစိမ်းသစ်တောကြီးကနေ ဖြစ်ပေါ်နေတဲ့ အရိပ်တွေကြားထဲမှာ တဖြည်းဖြည်းရွေ့လျားနေခဲ့တယ်။

သူဘယ်လောက်ပဲကြည့်ကြည့် သူ့အနားမှာ လုပ်ရှားမူတွေကို မမြင်ရပါဘူး။

ကျွန်းရဲ့နာမည် မျှော်လင့်ခြင်းကို သူ့နာမည် အစွဲပြုပြီးပေးထားတဲ့ ကျရှုံးမူအဆင့် သားရဲက ပျောက်ကွယ်သွားတဲ့ အတိုင်းပါပဲ။

'သူ့ကို မမြင်ရတာ ဖြစ်နိုင်မလား..'

ဆန်နီ သူ့ရဲ့ အမြင်အာရုံကို ဖြတ်တောက်လိုက်ပြီး အရိပ်အာရုံခံမူမှာ အာရုံစိုက်ထားလိုက်တယ်။

သူ့ရဲ့ အရိပ်တွေကို အာရုံခံစားမူက..အာရုံစိုက်လိုက်တဲ့အချိန်မှာ..အဝေးကိူရောက်ပြီး ကျယ်ပြန့်လာခဲ့ပါတာ်။

ပြီးတော့..အဲဒီမှာ..

'အဲတာက ဘာလဲ..'

အဲဒီမှာ..ဘယ်အရာနဲ့မှ မသက်ဆိုင်တဲ့ အရိပ်တစ်ခုရှိနေခဲ့ပြီး သူ့ဆီကို အရမ်းမြန်တဲ့ အမြန်နှုန်းနဲ့ ချည်းကပ်လာနေခဲ့ပါတယ်။

'ဒီ..ဒီခွေးသားက မမြင်ရဘူး..'

ဆန်နီ အေးခဲသွားပြီး မလှုပ်မယှက် ရပ်နေခဲ့တယ်။ဒီအခြေအနေမှာ..သူက အရိပ်တွေထဲကတစ်ခုသာ ဖြစ်ယုံတင်မကပဲ..သူ ပုန်းနေတဲ့အရိပ်နဲ့လည်း ခွဲခြားနိုင်မှာ မဟုတ်ပါဘူး။သူက အစစ်အမှန်ခန္တာကိုယ်လည်း ရှိမနေတာကြောင့်..ဒီအခြေအနေမှာ သူ့ကို ထိခိုက်နာကျင်အောင် လုပ်နိုင်မှာမဟုတ်ပေ။အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ အရပါ..။

မမြင်ရတဲ့ သားရဲက သူရှိနေတဲ့ နေရာကို အရင်ကထက် ပိုမိုလျင်မြန်စွာ ရွေ့လျားလာနေခဲ့တယ်။

'ခနလေး..မဟုတ်သေးဘူး..။တစ်ခုခုတော့ အဓိပ္ပါယ်မရှိဘူး..'

ဒီသားရဲက မမြင်ရဘူးဆိုရင်တောင် ဘာလို့အသံက မကြားရပြန်တာလဲ..။ဘာလို့ သူ့ခြေထောက်အောက်က မြက်ပင်တွေက..ကိုင်းညွတ်မသွားတာလဲ။

မျှော်လင့်ခြင်းကျွန်းမှာ နေထိုင်တဲ့ အိပ်မက်ဆိုးသားရဲက တကယ်ပဲ..တကယ်ပဲ..

အရိပ်တစ်ကောင်ပဲ..။

ဆန်နီတောင် မတုန့်ပြန်နိုင်သေးခင်မှာပဲ မျှော်လင့်ခြင်းကျွန်းရဲ့ ပိုင်ရှင်က သူ့အပေါ်ကို ရောက်နေခဲ့ပါပြီ။

ပြီးတော့ သူ သိလိုက်ရတာက...

အရိပ်တွေကလည်း နာကျင်မူကို ခံစားရတယ်။

All Chapters