ငါးခူရောင် ကျောက်တုံး
Vol. 118 Ch. 1648
သူမသည် စံတင်အထွဋ်ကျွမ်းကျင်သူ နှစ်ယောက်ကြောင့် ထိုနေရာတွင် အမြစ်တွယ်ကာ လှုပ်မရတော့ပေ။ ထိုသည်မှာ အဆင့်မြင့်ခြင်း၏ စွမ်းအားပင် ဖြစ်သည်။
မင်း ဘယ်လောက်ပဲ စီမံချက်တွေဆွဲပြီး လှည့်ကွက်တွေဆင်ထားပါစေ ဖိနှိပ်ခံရရုံပဲတတ်နိုင်တယ်။
ရှီမာယူဘူသည် ရုတ်တရက် ရင်လင်းနှင့် တခြားသူများ ပြောဖူးသည့် အခြေအနေဆိုးကြီးကို သတိရသွားသည်။ သူမတွင် ဘေးဒုက္ခကိုရင်ဆိုင်ရမည့် ကံကြမ္မာပါလာပါက ယနေ့ဖြစ်တော့မည်လား။ သူမ သေသွားလျှင် ဖခင်နှင့် တခြားသူများက ဝမ်းနည်းပက်လက်ဖြစ်သွားမည်လား။
သူမသည် ရုတ်တရက် ဖခင်နှင့် ဆရာတို့၏ သွေးလွှမ်းသောအကြည့်ကို မြင်လိုက်ရကာ သူတို့၏ တင်းမာနေသောမျက်နှာနှင့် အဆက်အစပ်မရှိ အော်သံများကို ကြားလိုက်ရသည်။
တကယ်တော့ သူမ အဆင်ပြေသည်ဟု သူတို့ကိုပြောချင်မိသည်။ ဝူလင်းယူသည် သူမဘေးတွင် ကြက်ဖအိုကြီးထားခဲ့ပေးသည်။ ဤကမ္ဘာတွင် သူမ အသက်ကိုယူနိုင်မည့်သူ တစ်ယောက်မှရှိမည်မဟုတ်ပေ။ သို့သော် သူမ နှုတ်ခမ်းလှုပ်လိုက်ချိန်တွင် အသံမှာထွက်မလာတော့ပေ။
“ဟူး”
မရင်းနှီးသောအသံသည် သူမ နားဘေးတွင် ထွက်လာကာ လူတစ် ယောက်သည် သူမပခုံးမှဆုပ်ကိုင်လိုက်သလို ခံစားရလေသည်။ ထိုဝိညာဉ် စွမ်းအင် သူမကိုမထိခင် တစ်စက္ကန့်အလိုတွင် လူတစ်ယောက်သည် သူမကို ခေါ်သွားတော့လေသည်။
အဖြစ်အပျက်များမှာ စက္ကန့်ပိုင်းအတွင်းသာဖြစ်သည်။ သူမသည် သေရန် ကြမ္မာဖန်လာသည်ဟု အားလုံးထင်လိုက်ကြသည်။ သို့သော် လူတစ်ယောက် ထွက်လာပြီး သူမကိုကယ်လိမ့်မည်ဟု ထင်မထားကြပေ။
သူမကို ကယ်လိုက်သူကို အားလုံးမြင်လိုက်ချိန်တွင် မှင်တက်သွားကြ လေသည်။ အထူးသဖြင့် ရှီမာယူယူပင်။
သူမသည် ထိုလူနှင့် မရင်းနှီးပေ။ သို့သော် အရင်ကတွေ့ဖူးသည်။ ထိုစဉ် က ပျော်ရွှင်ဖွယ် မကောင်းသော တွေ့ဆုံမှုသာဖြစ်သည်။ အကြောင်းမှာ သူ သည် ဖက်တီးကျူး၏ အသက်ကိုယူလုနီးပါးဖြစ်သွားခြင်းကြောင့်ပင်။
“ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ တုလေးရော” သူမသည် သူမကို ငှက် ကလေးကြက်ကလေး တစ်ယောက်ကဲ့သို့ ကိုင်နေသောလူကို မသိစိတ်မှကြည့် နေမိသည်။
ထိုလူသည် သူမကို လွှတ်ပြီး နှာမှုတ်လေသည် “ငါရော လုပ်ချင်တယ်လို့ ထင်နေလို့လား”
“အစ်မကြီး” ရင်းနှီးသော အသံမှာ သူမဘေးမှထွက်လာသည်။ ရှီမာယူယူ ၏ အမူအရာတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာပြီး ခေါင်းမော့ကြည့်လိုက်ရာ အနောက်မှ အရွယ်ရောက်လာသော တုလေးပျံလာသည်ကို မြင်လိုက်ရသည်။
“တုလေး” သူမသည် ပျံသွားပြီး တုလေး၏ လက်မောင်းကို ဆုပ်ကိုင် လိုက်သည်။
သူ့ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားပေ။ ဤအချိန် သူမ ဆရာကိုတွေ့ပြီးနောက်တွင် နောက်ထပ် အောင်ပွဲခံစရာတစ်ခု ထပ်ရှိသွား ပြီဖြစ်သည်။
တုလေးသည် အရွယ်ရောက်လာကာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ သူသည် အရင်ကထက်ပို၍ ပင် ကြည့်ကောင်းလာသည်။ သို့သော် မျက်နှာကျမှာတော့ ငယ်ငယ်ကအတိုင်း ပင်ဖြစ်သည်။
“အစ်မကြီး အဆင်ပြေရဲ့လား” တုလေးသည် သူမလက်ကို ဆွဲပြီး ဟိုဟိုဒီဒီကြည့်လေသည်။ အစောပိုင်းက အခြေအနေသည် လန့်၍သေတော့ မလိုပင်ဖြစ်သွားသည်။ သူ အချိန်မှီရောက်လာပြီး မျိုးနွယ်အကြီးအကဲကို ကယ် ခိုင်းလိုက်၍ တော်သေးသည်။
“ငါ အဆင်ပြေပါတယ်” ရှီမာယူယူသည် သူ့လက်ကို ပုတ်ပြီး ပြောလိုက် သည် “ဒီမှာဘာလာလုပ်တာလဲ”
“အစ်မကြီးက ဒီကိုလာတယ်ဆိုတာသိလို့ တစ်ခုခုဖြစ်မှာစိုးတာနဲ့ လာရှာ တာလေ၊ အမြန်လာလိုက်လို့ တော်သေးတာပေါ့” တုလေးသည် ပျော်ရွှင်စွာ ပြောလေသည်။
“ငါတို့ ဒီရောက်နေတယ်ဆိုတာ ဘယ်လိုသိတာလဲ” ရှီမာယူယူ ခေါင်း ညိတ်လိုက်သည် “မင်း ဘေဂုံတို့ကို သွားရှာခဲ့တာလား”
“အစတုန်းကတော့ အစ်မကြီးဘေဂုံတို့ကိုသွားရှာတော့ အစ်မကြီးက ရှီမာမျိုးနွယ်ကို သွားတယ်ဆိုတာသိလိုက်တာ၊ အဲဒါကြောင့် ရှီမာမျိုးနွယ်ကို သွားတော့လည်း အစ်မကြီးက ဒီရောက်နေတယ်လို့ ပြောကြတယ်၊ ဒီနေရာက ကျွန်တော်တို့ နေတဲ့နေရာနဲ့ မဝေးဘူး၊ အစ်မကြီးသာ ဒီရောက်နေမှန်းသိရင် ဒီလောက် ကွေ့ပတ်မနေပါဘူး” တုလေးသည် ပြုံးပြီး ပြောလေသည်။
“သူတို့က မင်းကို ဘယ်လိုများလွှတ်တာပါလိမ့် ဘေဂုံတို့ကတော့… ထား လိုက်ပါတော့ စကားပြောနေဖို့အချိန်မရှိဘူး ငါတို့ဒါပြီးမှပဲ အေးဆေးပြောကြ တာပေါ့” ရှီမာယူယူသည် စကားပြောရန် အချိန်ကောင်းမဟုတ်သည်ကို သိ သည်။ သူတို့ သတိလွတ်သွားပါက ရှုံးသွားနိုင်သည်။
“ဟုတ်တယ် သူတို့ကိုရှင်းပြီးမှပဲ ပြောကြတာပေါ့” တုလေးသည် ပြော ပြီးသည်နှင့် ရှီမာယူယူကို ဆွဲပြီး အရှုပ်အထွေးများကြား ဝင်သွားသည်။
တုလေးသည် သူမထက်ပင် အားကောင်းနေသည်ကို ရှီမာယူယူ သတိ ထားမိသည်။ သူ၏ သွေးသားသည် အပြည့်အဝစီးဆင်းကာ ပို၍အားကောင်း လာသည်နှင့်တူသည်။
အသေအချာစဉ်းစားကြည့်လျှင် အံ့ဩစရာတော့မရှိပေ။ ပြီးခဲ့သည့် တစ် ခေါက် သူတို့တွေ့စဉ်က ဖန်ရူယ်နှင့်ရှိသည့်လူ၏ ပြောစကားအရ သူတို့သည် တစ်ဦးနှင့်တစ်ဦး သိကြသည်။ သခင်ကြီးဖန်ရူယန်နဲ့ ရင်းနှီးတဲ့သူက ပေါ့သေး သေးတော့ဖြစ်မလား။
သို့သော် တုလေးနှင့် သူ၏ မျိုးနွယ်အကြီးအကဲများ ထပ်ပေါင်းလျှင် တောင် နှစ်ဖက်ကြားမှ စွမ်းအားဟန်ချက်သည် ပြောင်းလဲပုံမပေါ်ဘဲ အားနည်း နေသေးသည်။
ထိုအချိန်တွင် ဝူမျိုးနွယ်သည် သူတို့၏မျိုးနွယ်အကြီးအကဲများကို ဦးဆောင်ကာ တိုက်ပွဲကို ဝင်ပါလာသည်။ သို့သော် ဟောမျိုးနွယ်ကို ကူညီခြင်း မဟုတ်ဘဲ ရှီမာယူယူတို့ကို ကူညီပေးခြင်းဖြစ်သည်.
ထိုအခိုက်တွင် သူတို့သည် အရေအတွက်မများသော်လည်း အားကောင်း ကြသည်။ ဝင်လာသော ဝူမျိုးနွယ်မှာ မများသော်လည်း ဟောမျိုးနွယ်၏ စွမ်းအားကို အတိုင်းအတာတစ်ခုထိတော ဖိနှိပ်နိုင်သည်။
“ဝူနာမည်နဲ့လူတွေ ဘာလုပ်တာလဲ” ဟောကျိသည် ခေါင်းဆောင်ဝူအား အော်ပြောလေသည်။
“ဟောနာမည်နဲ့လူတွေ မမြင်ဘူးလား မင်းတို့ကျရှုံးနေတုန်းကို ရိုက်ချ မလို့ပဲ” အကြီးအကဲဝူ၏ စကားများသည် ရှီမာယူယူ၏ ဒူးပင်ထောက်လု မတတ် ဖြစ်သွားသည် “မင်းတို့တွေက ဒီလိုမကောင်းတာတွေ အများကြီးလုပ် နေတာ၊ ငါတို့ကျွန်းရဲ့ ဂုဏ်သိက္ခာကို မင်းတို့ကို ဖျက်ဆီးခွင့်မပြုနိုင်ဘူး ငါတို့က ကျွန်းရဲ့ အနာပုပ်ကို သန့်ရှင်းပစ်ရမှာပဲ”
အားလုံး - ……
အိုး ခေါင်းဆောင်ရယ်… အိမ်တစ်အိမ်ကို မီးရှို့ချင်ရင်တောင် သေချာတဲ့ အကြောင်းအရင်း လိုဦးမှာမလား။ နောက်ဆုံး စကားမှာ အကျိုးအကြောင်းသင့် နေ၍တော်သေးသည်။
“ဟင်း ဝူမျိုးနွယ်တွေ မင်းတို့က ငါတို့ဟောမျိုးနွယ်ကို ချေမှုန်းပြီး လိပ်မည်းမြို့တော်ကို အပိုင်စီးချင်နေတာလား၊ အဲဒါကလည်း မင်တို့အစွမ်းအစ ပေါ်မူတည်သွားပြီ မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမှာတဲ့လား အဲအစား နှစ်ဆ မဆုံးရှုံးအောင်သာ ဂရုစိုက်လိုက်”
ထိုသို့ပြောပြီးနောက် ဟောကျိသည် ဖန်ဘောလုံးကဲ့သို့ ပစ္စည်းကိုထုတ် ပြီး ခေါင်းပေါ်သို့ ပစ်မြှောက်လိုက်သည်။
သူ ထုတ်ယူလိုက်သော ပစ္စည်းကို အားလုံးမြင်သောအခါ ထိတ်လန့်သွား ကြသည်။ ဝူမျိုးနွယ်များမှာလည်း ဘေးသို့ ရှောင်လိုက်ကြသည်။ ခေါင်းဆောင် ဝူ၏ မျက်နှာမှာ အလွန်မည်းနက်နေသည်။
“ဟောကျိ မင်း တကယ်ပဲ ဒီပစ္စည်းကိုရထားတာပဲ”
“ဟားဟား ဝူမျိုးနွယ် မင်း အဲလူတွေကို ဝင်ကူညီပြီး ငါတို့ကို ဖိနှိပ်ဖို့ အခွင့်အရေးယူချင်တယ်မလား အခုလုပ်ရဲသေးလား” ဟောကျိသည် ကျယ် လောင်စွာ ရယ်မောလေသည်။
ဖန်ကျောက်တုံးသည် မျိုးစုံသောအရောင်များနှင့် ကွန့်မြူးကာ လေထဲ တွင် ပေါ်လောပေါ်နေပြီး မြင့်မားသော စွမ်းအင်နှင့်အတူ အလွန်ဖြူစင်မြင့်မြတ် ပုံပေါ်သည်။ သို့သော် ကျွန်းသားများအတွက်တော့ ထိုအရာသည် အလွန် အရေးကြီးသည်။
“အဲဒါဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဟောမျိုးနွယ် ပြန်ဆုတ်သွားရာ နှစ်ဖက်လုံးသည် ယာယီ ရပ်ဆိုင်းသွား ကြသည်။ သို့သော် ဟောမျိုးနွယ်မှ လူများ၏ အမူအရာကိုကြည့်ရသည်မှာ ရှီမာယူယူတို့ဘက်သည် ကျရှုံးတော့မည်ဟုထင်ရသည်။
“ဒါက ငါးခူရောင်ကျောက်ပဲ ကျွန်းနက်ထဲမှာတွေ့ရတဲ့ ဝိညာဉ်ကျောက်ပဲ အဲဒါက တစ်ဖက်လူရဲ့ ဝိညာဉ်စွမ်းအင်ကို သက်ရောက်စေနိုင်တယ် အထူးသဖြင့် အပြင်လူတွေပဲ” ခေါင်းဆောင်ဝူ ရှင်းပြလေသည်။
ရှီမာယူယူသည် ထိုလျှံထွက်နေသော အရောင်များကို ကြည့်လိုက်သည်။ ထိုရောင်ခြည်များသည် အမှန်တကယ်ပင် သူမ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင် များကို ကန့်သတ်ထားသည်။ အပြင်လူများ ဘာကြောင့် ကျွန်းပေါ်တွင် ကျင့်ကြံ ၍မရကြောင်းကို သူမ ခန့်မှန်းမိသွားသည်။
ဤအခြေအနေသည် အနည်းငယ် ခက်ခဲသည့်ပုံပေါ်သည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များ အသုံးပြု၍မရပါက ကျွန်းသားများရှေ့တွင် သူတို့သည် အသုံးမဝင်သူများဖြစ်သွားမည်လား။
သူမသည် ခေါင်းမော့ပြီး မိုးပေါ်သို့ကြည့်လိုက်သည်။ ဖန်ရှင်းနှင့် တခြား သူများသည် ထိုနေရာတွင် တိုက်ခိုက်နေကြသည်။ အခြေအနေကို အကဲဖြတ် ကြည့်ရာ သူတို့သည် တိုက်ပွဲမှာပြီးဆုံးသေးမည့် ပုံမပေါ်ပေ။ ထို့ကြောင့် ထိုပစ္စည်းသည် ဖန်မျိုးနွယ်ဝင်များအပေါ် သက်ရောက်မှုမရှိသည်ကို ပြသနေ သည်။
သူမ စဉ်းစားကြည့်ပြီး ခန္ဓာကိုယ်မှ ရောင်ဝါကို တဖြည်းဖြည်းပြောင်းလဲ လိုက်ပြီး ဖန်မျိုးနွယ်ရောင်ဝါထုတ်လိုက်သည်။ ထိုရောင်ခြည်တန်းများ သူမ ခန္ဓာကိုယ်အား ထိလိုက်ချိန်တွင် အစောပိုင်းကလောက် မဆိုးသည်ကို သိလိုက် ရသည်။
“ဒါလည်း အလုပ်ဖြစ်တာပဲ” သူမသည် လက်ကိုလှုပ်ကြည့်ကာ ဟောကျိ ကို ပြုံးပြလိုက်သည်။ ဟောကျိ ထိုအပြုံး၏ အဓိပ္ပာယ်ကို မသိခင်မှာပင် သူမ သည် မူလနေရာမှပျောက်ကွယ်သွားသည်။
သူမသည် ချက်ချင်းပင် ဟောကျိ၏ ရှေ့သို့ ပြန်ပေါ်တော့မည့်အတိုင်းပင်။ သူ အာရုံမစိုက်မိခင်မှာပင် သူမ အနားကပ်လာပြီး တိုက်ခိုက်လေသည်။ တစ် ခဏအတွင်းမှာပင် သူမသည် ငါးခူရောင်ကျောက်ကို လုပြီး ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်သည်။
“ဘယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟောကျိသည် သူမ ထုတ်လွှတ် လိုက်သော ရောင်ဝါကိုကြည့်ပြီး ချက်ချင်း မျက်နှာပျက်သွားသည် “မင်းက ဘယ်လိုလုပ် ဖန်မျိုးနွယ်ကဖြစ်ရမှာလဲ”
ဖန်ရှင်းနှင့်တခြားသူများသည် ရောက်လာကတည်းကပင် မိုးပေါ်တွင် နေရာယူထားကြခြင်းကြောင့် ဟောကျိသည် သူတို့၏ သရုပ်မှန်ကို သတိမထား မိခြင်းဖြစ်သည်။ ယခု ရှီမာယူယူမှ ဖန်မျိုးနွယ်ရောင်ဝါကို ထုတ်လိုက်မှပင် သူတို့၏ အမူအရာများ ပြောင်းလဲပြီးရင်း ပြောင်းသွားကြတော့လေသည်။
***