ရောင်ပြန်ဟပ်ခြင်း
Vol. 28 Ch. 411
ဆန်နီက သူ့ရဲ့အရိပ်ပုံစံနဲ့ ဘယ်တုန်းကမှ မတိုက်ခိုက်ဖူးခဲ့ပေ။ပြီးတော့ သူဘယ်လိုတိုက်ခိုက်ရမယ် မှန်းလည်းမသိပါဘူး။သူမှာရှိတာဆိုလို့ အလိုလျောက်တုန့်ပြန်တဲ့စိတ်သာဖြစ်ပြီး ဒါကလည်းမလုံလောက်ခဲ့ပေ။တကယ်တော့ မင်းရဲ့ အလိုလျောက်သိစိတ်ကို အရမ်းယုံကြည်တာက မင်းအသတ်ခံရဖို့ အတွက် အသေချာဆုံးနည်းလမ်း ပါပဲ။
လူသားတစ်ယောက် ပိုင်ဆိုင်ထားတဲ့လက်နက်တွေထဲမှာ အသိဥာဏ်ပညာဆိုတာက အန္တရာယ်အရှိဆုံးလက်နက်ပါ။ပြီးတော့ ဆန်နီရဲ့ ဒီစိတ်ကပဲ သူ့ကို ကယ်တင်ခဲ့ပါတယ်။
သူ့ရဲ့ ရန်သူက မမြင်ရဘူးဆိုတာကို သူအစောကတည်းက သိထားခဲ့ပေမယ့် သူ့လိုပဲ အရိပ်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ဒီသားရဲ သူ့အပေါ်ကို မရောက်ခင် စက္ကန့်ပိုင်း အလိုကြမှ သိခဲ့ရတာပါ။ဒီစက္ကန့်အပိုင်းအခြားလေးမှာလည်း ဆန်နီက သေခြင်းတရားကနေ လွတ်မြောက်မယ့်လမ်းကို ရှာဖွေနိုင်ခဲ့တယ်။
စူးရှတဲ့နာကျင်မူက သူ့ခန္တာကိုယ်တစ်ခုလုံးကို ထိုးဖောက်လာတဲ့ အချိန်မှာ တော့ သူ ရှေ့ကိုခုန်ထွက်ပြီး အရိပ်တွေထဲကနေ လွတ်မြောက်အောင်လုပ်လိုက်ပါတယ်။ယင်နောက် မြက်ခင်းပြင်တွေဆီကို လှိမ့်သွားခဲ့တယ်။ဆန်နီ ပြန်ထလာခဲ့တဲ့ အချိန်မှာတော့ သူ့ရဲ့လက်ချောင်းတွေ ကြားထဲမှာ သွေးတွေစိုရွှဲနေခဲ့ပါပြီ။
“အား..”
ဘာကောင်မှန်းမသိတဲ့ အရိပ်က သူ့နောက်ကနေ ဆက်လိုက်လာပြီး သူ့ရဲ့ခန္တာကိုယ်ကို အသုံးမဝင်စွာတိုက်ခိုက်လိုက်ပေမယ့် ဘာထိခိုက်မူမှ ဖြစ်ပေါ်မလာခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် သူက ဒီတိုင်း အရိပ်တစ်ခုသာပါ။
စုပ်ပြဲသွားတဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်နဲ့ သူ့ရဲ့နက်ရှိုင်းတဲ့ ဒဏ်ရာကို ကြည့်ရင်း ဆန်နီ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ သူက အရိပ်တွေကို သူ့ရဲ့ အကာအကွယ် အောက်မှာ ပုန်းကွယ်ပြီး သူ့ကိုအားဖြည့်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မူတွေက အရိပ်တွေကို မထိခိုက်နိုင်ပါဘူး ..။သိူ့ပေမယ့် အရိပ်တွေကလည်း သက်ရှိတွေကို ထိခိုက်အောင်လုပ်နိုင်စွမ်း မရှိကြပေ။ဒါက သူ့ကို ကယ်တင်လိုက်တဲ့ အတွေးစလေးပါ။တကယ်လို့ သူသာ လူသားပုံစံကို အချိန်မှီ ပြန်မပြင်နိုင်လိုက်ရင် အခုချိန်ဆိုရင်သေနေလောက်ပါပြီ။
သူပြောင်းလဲနိုင်ခဲ့တဲ့အတွက် သူနဲ့ အရိပ်သားရဲက အခုချိန်မှာ သံသယဖြစ်နေတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။
မျှော်လင့်ခြင်းကျွန်းက မာစတာက သူ့ကိုအကြိမ်အနည်းငယ် ထပ်တိုက်ခိုက်ဖို့အတွက်ကြိုးစားလိုက်ပေမယ့် တိုက်ခိုက်မူတစ်ခုခြင်းစီတိုင်းက ပထမအကြိမ်တွေလိုပဲ အလဟသ အဆုံးသတ်သွားခဲ့ပါတယ်။ယင်းနောက် ဒီသတ္တဝါက အခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားခဲ့တယ်။
ဆန်နီ ကတော့ နောက်ဆုံးမှာ ဒီ အရိပ်ကို သေချာကြည့်ဖို့အတွက် အခွင့်အရေးရသွားခဲ့ပါပြီ။
ဒါက အရိပ်တစ်ခုလိုမျိုးပါပဲ။မြက်ခင်းပေါ်မှာ ရေးဆွဲထားတဲ့ အနက်ရောင် လူရိပ်တစ်ရိပ် နဲ့ပဲ တူနေခဲ့ပါတယ်။ဒီသတ္တဝါမှာလည်း လက်နှစ်ချောင်း ၊ ခြေထောက်နှစ်ချောင်း နဲ့ ခေါင်းတစ်လုံးရှိနေခဲ့တယ်။ဒီအကောင်က ဘာလဲဆိုတာကိုသာ ဆန်နီ မသိထားခဲ့ရင် ဒီအရာကို သာမန်လူတစ်ယောက်ရဲ့ အရိပ်လို့ပဲ ထင်နေမိမှာပါ။
မြင်ကွင်းထဲမှာလည်း ဘယ်သူမှ မတွေ့ရပေ။
ဆန်နီဟာ ဒဏ်ရာကနေဖြစ်ပေါ်လာတဲ့ နာကျင်မူကြောင့် မျက်နှာကို ရှုတ်မဲ့ကာ နောက်ဆုတ်ရင်း ၊ ရန်သူကို အတွေးနက်စွာ ကြည်နေခဲ့ပါတယ်။
:
‘မဟုတ်ဘူး ။ တစ်ခုခုတော့ မှားနေပြီ’
အရိပ်သတ္တဝါက သူလိုလူတစ်ယောက် အတွက် တကယ်ပဲ သေလောက်အောင် အန္တရာယ်များပါတယ်။
သိူ့ပေမယ့် ချိန်းကျွန်းစုပေါ်က လူသားတွေအတွက်ကတော့ တကယ်ကို ထိခိုက်ဒဏ်ရာဖြစ်အောင် မလုပ်နိုင်တဲ့ အရာပါပဲ။
ဒါဆိုရင် ဒီကောင်က လူတွေအများကြီးကို ဘယ်လို သတ်နေတာလဲ။ပြီးတော့ အိပ်မက်ဆိုးသားရဲ တွေကိုရောပဲ။ဒီအရိပ်က သက်ရှိတွေ အများကြီးကို ဘယ်လိုမျိုးသတ်ဖြတ်နေတာလဲ။
သူ့မျက်လုံးတွေ အနည်းငယ်ပြူကျယ်သွားခဲ့တယ်။
ဆန်နီဟာ သူ့လက်ကိုဆန့်တန်းပြီး သန်းခေါင်ယံအမြုတေကို ခေါ်ထုတ်ဖို့လုပ်လိုက်တယ်။ပြီးတော့ အဲ့အချိန်လေးမှာပဲ။
နောက်ထပ်မြင်တွေ့လိုက်ရတဲ့ အရာက သူ့ကို တုန်လှုပ်သွားစေခဲ့ပါတယ်။
သတ္တဝါက နောက်ထပ်တစ်ကြိမ် ရွေ့လျားသွားခဲ့ပြီး အနက်ရောင်မီးတောက်နှစ်ခုက အမှောင်ထဲမှာ ပေါ်လာခဲ့တယ်။ခနအကြာမှာတော့ လူတစ်ယောက်ရဲ့ ပုံရိပ်က အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ ဖြူဖျော့တဲ့အသားအရေ ၊ အတွေ့အကြုံရှိတဲ့ လူသတ်သမားတစ်ယောက်ရဲ့ အေးစက်ပြီး ရက်စက်တဲ့မျက်လုံးတွေနဲ့ လူငယ်လေးတစ်ယောက်ပါ။သူ့မျက်လုံးရဲ့ အတွင်းပိုင်းမှာတော့ ရူးသွပ်မူတွေက တောက်လောက်နေခဲ့တယ်။
တစ်ဖက်လူက နက်မှောင်တဲ့ဆံပင်နဲ့ ပေါ့ပါးတဲ့ အနက်ရောင် ပိုးချည်အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပါတယ်။သူ့ရဲ့လက်ထဲမှာတော့ ရှည်လျားပြီး ပေါ့ပါးတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့တယ်။
ဆန်နီ သူ့ရှေ့မှာ ရှိနေတဲ့မျက်နှာကို ကောင်းကောင်းမှတ်မိပြီး သူ့နှလုံးသားထဲကို ကြောက်လန့်မူတွေ ဝင်ရောက်လာခဲ့တယ်။
ဒါပေါ့ သူမှတ်မိမှာပေါ့ ။ဘာပဲဖြစ်ဖြစ် ရှေ့ကမျက်နှာက သူ့ရဲ့မျက်နှာ ဖြစ်နေခဲ့တာပါ။
.
မျှော်လင့်ခြင်းကျွန်း ရဲ့ နတ်ဆိုးကို ကြည့်နေရတာက သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်နေရသလိုပါပဲ။
‘ဒါက ..အာ ..ငါက ဘယ်တုန်းက ဒီလောက်ကြောက်ဖို့ကောင်းသွားရတာလဲ’
ဆန်နီ ထိပ်လန့်စွာမေးလိုက်တယ်။
“သောက်ကျိုးနဲ မင်းက ဘာကောင်လဲ”
သတ္တဝါက သူ့ရဲ့ အမူအရာအတိုင်းပဲ ပါးစပ်ကိုဖွင့်လာခဲ့တယ်။သူ့ရဲ့ ပါးစပ်တွေက လှုပ်လာခဲ့တယ်။သိူ့ပေမယ့် ဒီအရာက ဆွံ့အနေသလိုမျိုး ဘာအသံမှ ထွက်ပေါ်မလာခဲ့ပါဘူး။
ဆန်နီအတွက်ကတော့ ဒီကောင်ဘာပြောတာလဲ ဆိုတာကို သိရဖို့အတွက် ပြသနာမရှိခဲ့ပေ။
“သောက်ကျိုးနဲ မင်းက ဘာကောင်လဲ”
“ဘာတွေဖြစ်နေတာလဲ…”
သူဒီအတွေးကို အဆုံးမသတ်နိုင်ခင်သေးမှာပဲ ၊ ရန်သူရဲ့ လျင်မြန်လှတဲ့ ဓားချက်ကို ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် လိုအပ်နေခဲ့ပါပြီ။
ဆန်နီ ကြောက်လန့်စရာ တိုက်ခိုက်မူကို ရင်ဆိုင်လိုက်တဲ့အချိန်မှာ နောက်ကို ယိုင်ထွက်သွားခဲ့တယ်။သူ့ရဲ့လက်တွေကတော့ သက်ရောက်လာတဲ့ အားကြောင့် တုန်ရီနေခဲ့ပါတယ်။
“ချီးပဲ “
ဒီခွေးသားက ဆန်နီနဲ့ တစ်ပုံစံတည်းဆိုပေမယ့် သူက အရမ်း အရမ်းကို ပိုသန်မာပါတယ်။ကျရှုံးမူအဆင့် နတ်ဆိုးတစ်ကောင်လာက် သန်မာတာတောင် ဖြစ်နိုင်တယ်။
ဆန်နီ ဟန်ချက်ထိန်းဖို့ အချိန်မရှိနိုင်သေးခင်မှာပဲ သူ့ရဲ့နတ်ဆိုးကိုယ်ပွားက နောက်တစ်ကြိမ်တိုက်ခိုက်လာခဲ့ပါပြီ။သူ့ရဲ့တိုက်ခိုက်မူက နာကျင်စွာပဲ သူ့ရဲ့တိုက်ပွဲဟန်ပန်နဲ့ တစ်ထပ်တည်း ဖြစ်နေခဲ့တယ်။ဒီတစ်ကြိမ်မှာတော့ ဓားထိပ်ဖျားက ဆန်နီရဲ့မျက်လုံးနားက စင်တီမီတာ အနည်းငယ်အကွာကသာ ဖြတ်သန်းသွားခဲ့ပါတယ်။
ကိုယ်ပွားရဲ့မျက်နှာမှာတော့ ရက်စက်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်။
သတ္တဝါက သူ့လမ်းကြောင်းအတိုင်း ဆက်တိုက်ရက်စက်စွာ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ဆန်နီက နာကျင်မူကို အံတုပြီး ပြန်လည်ခုခံဖို့အတွက် ရုန်းကန်နေရပါတယ်။
သူ့ရဲ့လှည့်ကွက်တွေကို အကုန်သိနေပြီး ၊ သူ့ထက်လည်း အဆမတန် သန်မာနေတဲ့ အရာတစ်ခုကို သူဘယ်လို တိုက်ခိုက်ရမှာလဲ။အရိပ်ကခုန်မူကတောင် အသုံးမဝင်ပါဘူး။သူ့ရဲ့ နည်းစနစ်တွေကို တစ်ထပ်တည်း ကူးယူနေတဲ့ သတ္တဝါတစ်ကောင်ကို ပုံတူကူးယူလို့လည်း ဘာထူးမှာလဲ။
အခြေအနေကတော့ လုံးဝကို မကောင်းတော့ပါဘူး။အထူးသဖြင့် ဆန်နီရဲ့ ခန္တာကိုယ်က သွေးတွေဆက်တိုက် ကျဆင်းနေတဲ့အချိန်မှာပါ။
တိုက်ခိုက်မူနှစ်ခုကြားမှာပဲ သူက နောက်ဘက်ကို ခုန်ဆုတ်လိုက်ကာ ၊ ကိုယ်ပွားကို ဒေါသတကြီး အကြည့်နဲ့ ကြည့်လိုက်တယ်။
“မင်း…သနားစရာ ခွေးသားလေး …မျက်နာတွေအများကြီးရှိတဲ့အထဲမှာမှ မင်းက ငါ့ကိုရွေးချယ်ထားတာလား။အရူး ..ငါမသိတဲ့တစ်ခြား အရပ်ရျည်တဲ့ တစ်ယောက်ယောက်ကို ရွေးလို့မရဘူးလား အရူးကောင် “
စိတ်ထဲမှာတော့ သူက အကူအညီမဲ့စွာပဲ တွေးနေခဲ့တယ်။
“လိမ်ပြေတာတော့ မဟုတ်ဘူး။ငါ့ရဲ့ နတ်ဆိုး ဗားရှင်းက အတော်လေး အံ့ဩစရာကောင်းတာပဲ။အစစ်အမှန်ဘဝမှာလည်း ငါက အဲလိုပုံစံ ဖြစ်နေတာလား”
ဒီဟာကို ဘယ်လိုခံစားရမလဲဆိုတာကို ဆန်နီ မသိတော့ပေ။
ဒါပေါ့ သူက ဒီသတ္တဝါကို စကားပြောချင်လို့ပြောနေတာ မဟုတ်ပါဘူး။
သူက သူတော်စင် လေးကိုဆွဲနေတဲ့ အချိန်ရအောင် ဖန်တီးပေးနေခဲ့တာပါ။
ခနအကြာမှာတော့ အနက်ရောင်မြားတစ်စင်းက လေကိုခွင်းပြီး ၊ နတ်ဆိုးရဲ့နှလုံးသားကို ဦးတည်ပြီးရောက်လာခဲ့တယ်။
သိူ့ပေမယ့် လူငယ်လေးက ရက်စက်တဲ့မျက်လုံးတွေနဲ့ ဘေးဘက်ကိုရိုးရှင်းစွာ ရှောင်လိုက်ပြီး မြားကို သူ့ရဲ့ဓားနဲ့ ဖယ်ရှားလိုက်ပါတယ်။
ဆန်နီ ကျိန်ဆဲလိုက်တယ်။
သူ့ကိုတကယ် အံ့ဩစေတဲ့အရာက ၊ ခနအကြာမှာ သတ္တဝါရဲ့ ခန္တာကိုယ်က လှိုင်းတွေဖြစ်ပေါ်လာခဲ့တာပါ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပုံသဏ္ဌာန်က ပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့မျက်နှာက အဖြူရောင်ကျောက်သား အဖြစ်ပြောင်းလဲသွားခဲ့ပြီး လူသားမဟုတ်တဲ့ အလှအပ တစ်ခုဖြစ်ပေါ်လာခဲ့တယ်။ပတ္တမြားရောင် မျက်လုံးတွေ၊ မြင့်မားတဲ့ မေးရိုးတွေ ၊ နှုတ်ခမ်းတွေနဲ့အတူပဲ နူးညံ့တဲ့ပိုးချည်အကာအကွယ်က အနက်ရောင်မဟူရာ ကျောက်တုံးအကာအကွယ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဆန်နီတောင် မတုန့်ပြန်နိုင်ခင်မှာပဲ သူက သူ့ရဲ့ကိုယ်ပိုင် ကိုယ်ပွားနဲ့တွေ့နေရတာ မဟုတ်တော့ပါဘူး။
အဲဒီအစား သူက သူတော်စင်နဲ့ ရင်ဆိုင်တွေ့နေခဲ့ရတယ်။
ခရက်
ဆန်နီရဲ့ တစ်ကိုယ်လုံးမှာရှိနေတဲ့ ဝိဥာဥ◌်က ဖြည်းဖြည်းချင်း အက်ကွဲလာသလိုခံစားနေရတုန်းမှာပဲ၊တိတ်ဆိတ်တဲ့ သူတော်စင်က သူ့ရဲ့ လေးကိုမြောက်ကာ သူ့ရဲ့နှလုံးသား တည့်တည့်ကို မြားနဲ့ချိန်ရွယ်ပြီး ပစ်လွတ်လိုက်ပါတယ်။