ပြီးပြည့်စုံတဲ့ ရန်သူ
Vol. 28 Ch. 412
“ကောင်းပြီ…အနည်းဆုံးတော့ ဆန်းကျယ်မူတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပါပြီ”
မျှော်လင့်ခြင်းကျွန်းရဲ့ နတ်ဆိုးက နိုးထသူတွေအများကြီးကို ဘယ်လိုမျိုးသတ်ဖြတ်သွားတာလဲ ဆိုတာကို သူနာကျင်စွာပဲ သိလိုက်ရတယ်။ပြီးတော့ ဘာကြောင့် ဘယ်အိပ်မက်ဆိုးသားရဲကမှ ဒီကျွန်းမှာ မရှင်သန်နိုင်ရတာလဲဆိုတာကို ရောပါပဲ။
တကယ်လို့ ဒီခွေးသားက ရန်သူတိုင်းရဲ့ ပုံစံကို ကူးယူနိုင်ပြီး နိုးထခြင်းအဆင့်နတ်ဆိုးတစ်ကောင်လို သန်မာနေမယ်ဆိုရင် အရာအချို့လောက်ကပဲ သူ့ရဲ့လက်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါလိမ့်မယ်။
ပြီးတော့ ကံကောင်းထောက်မပြီး လွတ်မြောက်နိုင်လာခဲ့ကြတဲ့ နိုးထသူတွေကလည်း သူတို့ရဲ့အပေါင်းအပါတွေက အမြင်အာရုံကို လှည့်စားနိုင်တဲ့ သားရဲကြောင့်သေဆုံးသွားတယ်ပဲ ထင်ထားခဲ့ကြတာပါ။လူတစ်ယောက်ကို နောက်ထပ်တူညီတဲ့ လူတစ်ယောက်က သတ်နေတာကို မြင်ပြီးတဲ့အချိန်မှာ သူတို့ဘာကို တွေးနိုင်ဦးမှာလဲ။
ကောင်းပြီလေ…ဘာလို့ဘယ်သူကမှ ဒီအရာက အမြင်အာရုံကိုလှည့်စားထားတာ မဟုတ်ပဲ တကယ်ပုံတူကူးထားတယ်လို့ မတွေးမိရတာလဲ။
တကယ်လို့ ဒီလိုအခြေအနေမှာ ဆန်နီတွေမိတာ တစ်ခုရှိမယ်ဆိုရင် အဲတာက ခံတပ်မှာရှိနေတဲ့လူတွေက စိတ်ကူးယဥ◌်နိုင်စွမ်း နိမ့်ကျကြတယ် ဆိုတာပါပဲ။
ဒီအတွေးတွေ စိတ်ထဲမှာရှိနေတုန်းမှာပဲ သူက အရိပ်ခြေလှမ်းကို သုံးလိုက်ပြီး သတ္တဝါရဲ့အနောက်ဘက် မီတာအနည်းငယ်အကွာကို ရောက်သွားကာ…မြားချက်ကနေ လွတ်သွားခဲ့ပါတယ်။
‘ကောင်းတယ်…ဒါပေမဲ့ အခုဘာလုပ်မှာလဲ’
အစောတုန်းကတော့ ဆန်နီက ဒီတိုက်ပွဲကို ဆက်မတိုက်တော့ပဲ ဒီတိုင်ထွက်ပြေးဖို့ စိတ်ကူးနေခဲ့တာပါ။ဒီသတ္တဝါ တိုက်ခိုက်ဖူးတဲ့ အရင်လူတွေနဲ့မတူတာက သူ့မှာ အသုံးမဝင်တဲ့ မာန်မာနတွေ ၊ ဂုဏ်သိက္ခာတွေ မရှိပါဘူး။တကယ်လို့ အခြေအနေက သွေးကြောင်စွာထွက်ပြေးပြီး လွတ်မြောက်နိုင်မယ် ဆိုရင သူထွက်ပြေးဖို့အတွက် အမြဲတမ်း အဆင်သင့်ရှိပါတယ်။
သိူ့ပေမယ့် အခုတော့ ဒီခွေးသာက သူတော်စင်ပုံစံပြောင်ပြီး လေးတစ်လက်ကို ကိုင်ထားတာကြောင့် ထွက်ပြေးဖို့အကြံဥာဏ်က သိပ်တော့မကောင်းမွန်လှပေ။
‘စဥ◌်းစားစမ်း…စဥ◌်းစား ‘
ဒါတောင် တွေးတောနေဖို့ အချိန်မရှိခဲ့ပေ။
သူတော်စင်ရဲ့ အတုအယောင်က သူ့ဆီကို တက်လာခဲ့တယ်။ဆန်နီက နောက်ထပ်တစ်နေရာကို ပြောင်းသွားတဲ့အချိန်မှာပဲ၊ သတ္တဝါကြီးက ရုတ်တရက်လှည့်ပြီး ရှေးဟောင်းသစ်ပင်ကြီးရဲ့ ပင်စည်ကို တိုက်ခိုက်လိုက်တယ်။
ဆန်နီ အရိပ်ထဲက ထွက်လာပြီး ခနအကြာမှာတော့ ကြီးမားတဲ့သစ်ပင်ကြီးက သူ့အပေါ်ကိုလဲကျ လာနေတာကို အလန့်တကြားမြင်လိုက်ရတယ်။
ဆန်နီ အရိပ်အဆီအနှစ်တွေကို လောင်ကျွမ်းစေလိုက်ရင်း ၊ ခန္တာကိုယ်ကို တတ်နိုင်သမျှခွန်အားဖြည့်ကာ..လက်တွေကို မြောက်ပြီး ပြုတ်ကျလာတဲ့ သစ်ပင်ကြီးကို ဖမ်းထားဖို့လုပ်လိုက်တယ်။သူ့ရဲ့ ပါးစပ်က ညဦ််းညူသံထွက်ပေါ်လာတဲ့အချိန်မှာတော့ သူ့ရဲခြေထောက်က ကျွန်းရဲ့မြေဆီလွှာထဲကို နစ်မြုပ်သွားခဲ့ပါတယ်။တစ်နည်းအားဖြင့်တော့ သစ်ပင်ကြီး သူ့အေပါ်ကို ပြုတ်ကျနိုင်မယ့် အရေးကနေ တားဆီးနိုင်လိုက်တယ်။
အဲ့အချိန်မှာပဲ ဒုတိယမြာတစ်စင်းက သူ့ရဲ့နှလုံးသားဆီကို ဝင်ရောက်လာခဲ့ပြန်ပါပြီ။
လေထဲမှာပျံသန်းလာတဲ့ နောက်ထပ်မြားတစ်ချောင်းကပဲ ဒီမြားချက်ကို တားဆီးနိုင်လိုက်တယ်။
အဝေးတစ်နေရာမှာတော့ သူတော်စင်အစစ်က သူမရဲ့လေကို သိမ်းပြီး ဓားကိုမြောက်ကာ ရှေ့ကိုပြေးတက်လာခဲ့ပါတယ်။
‘ဒါကို စားလိုက် ခွေးသားလေး ‘
ဆန်နီ အံကိုကြိတ်ထားရင်း ကြွက်သားတွေကို အစွမ်းကုန်အထိဆန့်တန်းကာ…ကြီးမားတဲ့သစ်ပင်ကြီးနဲ့ သားရဲဆီကို လှမ်းပစ်လိုက်တယ်။သူက ဝိဥာည်အဆီအနှစ်ကို အသုံးပြုပြီး အရိပ်နှစ်ခုရဲ့အားဖြည့်မူကို ရထားတဲ့အချိန်မှာ သူ့ရဲ့ ခွန်အားက လူသားတစ်ယောက်လို မဟုတ်တော့ပါဘူး။
ဒီခွေးသားက ဒီကနေ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ။
သတ္တဝါက ဂရုမစိုက်စွာပဲ ပုခုံးကိုနိမ့်လိုက်ပြီး အရိပ်တွေထဲကို တိုးဝင်ပျောက်ကွယ်သွားကာ ၊ပင်စည်ရဲ့တစ်ဖက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ယင်းနောက် ဒါက သူတော်စင်ကို ပြင်းပြင်းထန်ထန် ဝင်ပြီး တိုက်ခိုက်လိုက်တယ်။
သူတော်စင်ရဲ့ မဟူရာအကာအကွယ်က အက်ကွဲသွားခဲ့ပြီး နောက်ကိုလွင့်စင်သွားကာ နောက်ထပ်သစ်ပင်တစ်ပင်ကို အပိုင်းပိုင်းအစစ ဖြစ်စေခဲ့ပါတယ်။
ဆန်နီ ဖြူဖျော့သွားခဲ့တယ်။
‘အ..အရိပ်ခြေလှမ်း..မကောင်းတော့ဘူး’
ပုံရိပ်က သူ့ဘက်ကို လှည့်လိုက်ပြီး လှောင်ပြောင်စွာကြည့်လိုက်တယ်။
ဒီအရာက…ဒီအရာက တစ်ခုခုတော့ အတော်လေးမှားယွင်းနေပါပြီ။ဒီအရာက မိစ္ဆာဆန်ပြီး လုံးဝရူးသွပ်နေတယ်လို့ ခံစားရပေမယ့် တစ်ချိန်တည်းမှာလဲ ပြီးပြည့်စုံမူမရှိပြန်ပါဘူး။နတ်ဆိုးရဲ့ စိတ်ဆန္ဒနဲ့ ကြောက်စရာ သတ်ဖြတ်လိုစိတ်ရဲ့ နောက်မှာ တစ်ခြား ကျယ်ပြန့်တဲ့ ခံစားချက်တွေ ရှိနေပါသေးတယ်။
ဒီနက်ရှိုူင်းပြီး မဖော်ပြနိုင်လောက်တဲ့ ခံစားချက်တွေကို အရင်ကခံစားဖူးနေတာကြောင့် ဆန်နီ ဖြည်းဖြည်းချင်း ပြန်မှတ်မိလိုက်တယ်။
ဟောလိုးတောင်တန်းရဲ့အောက်မှာရှိတဲ့ မြစ်နှစ်စင်းရဲ့ ကြားထဲက ကျောက်တုံးဝက်ပါထဲမှာ သူက အရိပ်တွေရဲ့ ပျောက်ဆုံး ၊ ဒေါသထွက်ပြီး ၊ စိတ်ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ခံစားမိခဲ့တာပါ။ဒါကတော့ ပထမအရှင်သခင်နဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ အရိပ်တွေပါပဲ။
‘ဒီအရာကရော ဘာကြီးလဲ’
ဒီသတ္တဝါရဲ့ သဘောသဘာဝကို တွေးနေဖို့ သူ့မှာအချိန်မရှိပေ။ဘာလို့လဲဆိုတော့ သတ္တဝါက နောက်တစ်ကြိမ် ဖြူဖျော့တဲ့ လူငယ်လေးအဖြစ်ပြန်ပြောင်းသွားပြီး သူ့ဆီကို ရက်စက်တဲ့ အပြုံးနဲ့တိုးဝင်နေလို့ပါပဲ။
ဆန်နီ ကြက်သီးထသွားခဲ့ပြီး ၊ ဒီတိုက်ပွဲမှာ သူနိုင်မှာ မဟုတ်ဘူးဆိုတာကို သိလိုက်တယ်။ပြီးတော့ သူက ပုံရိပ်ယောင်ကျွန်းကနေလည်း အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ဒီတစ်ကြိမ်တော့ သူက တကယ်ကို အန္တရာယ်နဲ့ တွေ့နေရပါပြီ..။
သူက ဒီအေးချမ်းပြီး လှပတဲ့ကျွန်းလေးမှာ တကယ်ကို သေဆုံးရတော့မယ်။ပြီးတော့ သူသေဆုံးခြင်းရဲ့ပွေ့ဖက်မူကို ခံရတဲ့အချိန်မှာ နောက်ဆုံးမြင်ရမယ့်အရာက သူ့ရဲ့ ကိုယ်ပိုင်ပုံရိပ်ပါ။
မဟုတ်ရင်…
ဆန်နီဟာ သူတော်စင်ကို ဝိဥာည်ပင်လယ်ထဲကို ပြန်ပို့လိုက်ပြီး ပုံရိပ်ရဲ့တိုက်ခိုက်မူကို တားဆီးလိုက်တဲ့ အချိန်မှာ သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်။
ဆန်နီက မျှော်လင့်ခြင်းကျွန်းရဲ့ နတ််ဆိုးကို အရိပ်အဖြစ်ယူဆခဲ့ပေမယ့် အမှန်တော့ အဲလိုမဟူတ်ပါဘူး။ပထမဆုံးအခြေအနေမှာ ဆန်နီက အရိပ်ပုံစံကို ပြောင်းထားလို့သာ ဒီကောင်ကလည်း အရိပ်ပုံစံ ဖြစ်နေခဲ့တာပါ။ပြီးတော့ သူက လူပုံစံပြောင်းတဲ့အချိန်မှာ နတ််ဆိုးကလည်း လူပုံစံဖြစ်သွားခဲ့ပါတယ်။
လူသတ််သမားတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့လူငယ်လေးက ရှေ့ကိုတိုးပြီး ဓားကိုမြောက်ကာ ဆက်လက်တိုက်ခိုက်လာခဲ့တယ်။သိူပေမယ် ဆန်နီက သူ့ရဲ့တိုက်ခိုက်ရေးစတိုင်ကို ကောင်းကောင်းသိနေတာကြောင့် ဒီအရာက ထောင်ခြောက်ဆိုတာကို သိထားပါတယ်။ဒီအရာက ဟန်ပြသက်သက်ဆိုတာကို သိနေတာကြောင့် သူက ဓားကို အောက်ဘက်ကိုသာ ရွေ့လျားလိုက်တယ်။ဒါက နောက်ကလိုက်လာတဲ့ ဓားချက်ကို တားဆီးနိုင်လိုက်တယ် ဆိုယုံလေးပါပဲ။သူက စက္ကန့်အပိုင်းအခြားလေးလောက် နောက်ကျသွားခဲ့ကာ သူ့ရဲ့ပေါင်မှာ ဒဏ်ရာတစ်ခုပေါ်လာပြီး သွေးတွေထွက်လာခဲ့ပါတယ်။
သတ္တဝါက အရိပ်ဆိုတာထက် ရောင်ပြန်ဟပ်နေတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။သူက ရန်သူအကြောင်းအကုန်လုံးကို မှန်လိုပဲ တန်ပြန်နေခဲ့တာပါ။သူတို့ရဲ့ အသွင်အပြင် ၊ သူတို့ရဲ့လက်နက် ၊ သူတို့ရဲ့ တိုက်ပွဲနည်းစနစ် အကုန်ပါပဲ။သူတို့ရဲ့ စွမ်းအားတွေကို တောင်မှပါ။မဟုတ်ရင် သူက အရိပ်ခြေလှမ်းကို ဘယ်လို အသုံးပြုလို့ ရနိုင်မှာလဲ။ဒါက ပြီးပြည့်စုံတဲ့ ရန်သူတစ်ယောက်ပါပဲ။သိူ့ပေမယ့် ဒါအကုန်မဟုတ်သေးပေ။
ဆန်နီ မျက်နှာရှုတ်မဲ့နေတုန်းမှာပဲ ပုံရိပ်က သူ့ရဲ့ဓားကို လွင့်ပစ်လိုက်ပြီး သူ့ရဲ့အရိုးတွေကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေနိုင်လောက်တဲ့ ကန်ချက်တစ်ခုကို ထုတ်ဖော်လာခဲ့တယ္။ဆန်နီသာ သူ့ရဲ့အဆီအနှစ်တွေ အားလုံးကို ခြေထောက်ဆီကို ပို့မထားဘူးဆိုရင် ဒီဖျက်ဆီးနိုင်စွမ်းပြင်းတဲ့ တိုက်ခိုက်မူကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။သိူ့ပေမယ့် အခုချိန်မှာ သူ့ရဲ့ အဆီအနှစ်တွေက ကုန်ခမ်းနေပြီး ၊ သူ့ရဲ့ရန်သူကတော့ ပိုသန်မာလာနေခဲ့ပါတယ်။ဒါက ဆန်နီ သွေးပိုထွက်လာလေလေ လူငယ်လေးက ပိုသန်မာလာလေ မို့လို့ပါပဲ။
နတ်ဆိုးက ရန်သူရဲ့ မှတ်သားမူတွေကိုတောင် ကူးယူနိုင်စွမ်းရှိနေပါတယ်။အစတုန်းကတော့ သူက ကျိုးပျက်ကျိန်စာကို ကူးယူထားတဲ့ ဝိဥာည်တိုက်ခိုက်မူကို ခံစားရပြီး အခုတော့ သတ္တဝါက သိသာစွာပဲ သွေးပန်းပွင့်ရဲ့ အားဖြည့်မူကို ရရှိနေခဲ့ပါတယ်။
သူက သန်းခေါင်ယံအမြုတေနဲ့ အကြိမ်အနည်းငယ်တိုက်ခိုက်နေရင်း တွေးတောလိုက်တယ်…
ပုံရိပ်က ကျိုးပျက်ကျိန်စာရဲ့သက်ရောက်မူကို ခံရတဲ့ပုံစံလည်း မရှ်ိပါဘူး။ဒါက သူက ဝိဥာည်တိုက်ခိုက်မူတွေကို ခံနိုင်ရည်ရှိတဲ့ သူတော်စင်ရဲ့ပုံကို ယူထားလို့လား။ဒါဆိုရင် နတ်ဆိုးက ခွန်အား နဲ့ မှတ်သားမူတွေကိုတင်မကပဲ စွမ်းရည်တွေကိုပဲ ယူထားတာလား။
သတ္တဝါက ဆန်နီရဲ့တိုက်ခိုက်မူကို လွယ်ကူစွာဖယ်ရှားပြီး နောက်ဆုံးတိုက်ခိုက်မူကို ပြုလုပ်ဖို့ရှေ့ကိုတက်လာခဲ့တယ်။ဆန်နီ လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က နောက်ကို ခုန်ဆုတ်လိုက်တာပါ။
ဒါပေမယ့် သတ္တဝါက ဘာတွေကို ကူးယူထားသေးလဲ။ဒီကောင်က သူ့ကို ပြီးပြည့်စုံအောင် ကူးယူထားတာလား။
ဒါက အဖြေရှာဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ။
ဆန်နီ နောက်ကိုခုန်ဆုတ်ရမယ့်အစား ရှေ့ကိုတက်သွားလိုက်ပြီး ပုံရိပ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။သူက ရန်သူရဲ့ဓားအောက်မှာ လုံးဝရောက်သွားပြီး လွတ်မြောက်ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။
သေစေနိုင်လောက်တဲ့တိုက်ခိုက်မူ ရောက်မလာသေးခင်မှာပဲ သူက ရှေ့ကိုတိုးကာ နတ်ဆိုးရဲ့နားနားကို ကပ်ပြီး တီးတိုးပြောလိုက်ပါတယ်။အရမ်းကို ညှင်သာလွန်းတာကြောင့် သူပြောတာကို သူတို့နှစ်ယောက်က လွဲပြီး ဘယ်သူမှ မကြာရနိုင်ပေ။
“ရပ်လိုက် …အလင်းမှပျောက်ဆုံးသူ “
ယင်းနောက်နတ်ဆိုးက အေးခဲသွားပြီး ရုတ်တရက် ကျောက်ရုပ်ပုံစံပြောင်းလဲသွားခဲ့တယ်။
ဆန်နီ သဘောကျစွာပြုံးလိုက်ပါတယ်။
ဒါက တကယ်ကို ပြီးပြည့်စုံတဲ့ ပုံတူကူးယူမူ ပါပဲ။
အပိုင်း ( ၄၁၂ ) ပြီး၏။