← Chapters

မှန် သားရဲ

Vol. 28 Ch. 413

မှန် သားရဲ

Vol. 28 Ch. 413

.

ဆန်းကျယ်တဲ့ပုံရိပ်က ဆန်နီရဲ့ တိတ်ဆိတ်တဲ့ညွှန်ကြားမူကြောင့်..အေးခဲသွားပြီး ခံစားချက်မဲ့စွာရပ်နေခဲ့တယ်..။ဒီသတ္တဝါရဲ့ မျက်လုံးထဲမှာမြင်နေရတဲ့ သူ့ရဲ့မျက်နှာက..ခါတိုင်းထက်ဖြူဖျော့ပြီး..နေရောင်အောက်မှာ ချွေးတွေစီးကျနေခဲ့တယ်။သတ္တဝါကတော့ ဒီအတိုင်းသာရှိနေခဲ့ပြီး..သူ့ရဲ့ကြမ်းတမ်းလွန်းတဲ့ ခွန်အားတွေက..ဆန်နီရဲ့ရိုးရှင်းတဲ့ စကားလေးလုံးကြောင့်..ချုပ်နှောင်ခံနေရပါပြီ။

သူက ကျွန်ပြုခြင်း ခံခဲ့ရပြီ။ထူးဆန်းတဲ့သားရဲက ဘယ်လောက်ပဲ သန်မာလှပါစေ..သခင်အသစ်ရဲ့ အမိန့်ကို ငြင်းဆန်ဖို့အတွက် ဘယ်လိုခွန်အားကမှ မစွမ်းသာပါဘူး။

..ဆန်နီ...

သူ့ရဲ့ မျက်နှာနဲ့ စွမ်းအားတွေကို ခိုးယူခြင်းအားဖြင့် သားရဲက သူ့ရဲ့ အတွင်းစွမ်းရည်ဖြစ်တဲ့ အရိပ်ချည်နှောင်မူကိုပါ..အမွေဆက်ခံသွားခဲ့ပါတယ်။ဆန်နီက ဒီချည်နှောင်မူကိုအသုံးပြုကာ ထိန်းချုပ်ထားခဲ့ပြီးအခုတော့..ဒီအရာက သူ့ရဲ့ သနားညှာတာမူကို လိုအပ်နေပါပြီ။

အနည်းဆုံးတော့ အခုချိန်မှာပေါ့။

ဆန်နီ နာကျင်တဲ့မျက်နှာအမူအရာနဲ့..မြေကြီးပေါ်လဲကျသွားခဲ့ပြီး ပြင်းထန်စွာ အသက်ရူနေခဲ့ရတယ်။

'ဒါက..ဒါက အရမ်းနီးစပ်တယ်..'

သူ့ရဲ့ပေါင်မှာရှိနေတဲ့ ဒဏ်ရာက သိပ်တော့..မလေးနက်ပါဘူး။သို့ပေမယ့် အရိပ်ပုံစံနဲ့ သူရရှိခဲ့တဲ့ ဒဏ်ရာက အတော်ရှည်လျားပြီး နက်ရှိုင်းပါတယ်။ဝီဗာရဲ့သွေးက..သွေးထွက်မလွန်အောင်ထိန်းပေးထားပြီး..မြန်ဆန်တဲ့ကုသမူအတွက် အာမခံထားတယ် ဆိုပေမယ့်..သူ့မှာလည်း အကန့်အသတ်တွေ ရှိနေပါသေးတယ်။ဒဏ်ရာတွေက..ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုပေမယ့်..အခုတော့..အာရုံမစိုက်နိုင်သေးပါဘူး။

အခုချိန်မှာ ဆန်နီက မျှော်လင့်ခြင်းရဲ့ အုပ်ချုပ်သူကို ဘယ်လိုလုပ်မလဲဆိုတာကို ဆုံးဖြတ်ချက်ချရမှာပါ။လူသားတွေအများကြီး နဲ့ အိပ်မက်ဆိုးသားရဲတွေ ဘယ်လောက်တောင် သတ်ခဲ့လဲဆိုတာကိုတော့ ဘုရားပဲ သတ်ပါလိမ့်မယ်။အခုတော့ ဒီအကောင်က သူ့ရဲ့ ထိန်းချုပ်မူအောက်မှာ အပြည့်အဝ ရောက်နေပါပြီ။

ဒီလိုသန်မာတဲ့ သတ္တဝါ...။တကယ်လို့ ဒီကောင်သာ သူ့ရဲ့ ကျွန်ဖြစ်လာပြီး အမိန့်တိုင်းကိုနာခံမယ် ဆိုရင် အတော်လေးကို အသုံးဝင်လာမှာ အသေအချာပါပဲ။

သူ ရပ်တန့်နေတဲ့သတ္တဝါကို ကြည့်ပြီး ကြက်သီးထသွားခဲ့တယ်။

သူ့ကိုကြည့်နေရတာက..မှန်တစ်ချပ်ကို ကြည့်နေရတာနဲ့တောင် တူနေခဲ့ပါပြီ။သူ့ရှေ့မှာရှိနေတာက အိပ်မက်ဆိုးသားရဲမှန်း သိနေတာတောင်..၊ ဖြူဖျော့တဲ့ အသားအရေ ၊ နက်မှောင်တဲ့ မျက်လုံးတွေနဲ့လူငယ်လေးကို မြင်ပြီး ကိုယ့်ကိုကို ပြန်ကြည့်နေရသလို ခံစားနေရပါတယ်။

ဟုတ်တယ်..သူ့ရဲ့ လုပ်ဆောင်စရာတွေကို ကျရှုံးမူအဆင့် နတ်ဆိုးတစ်​ကောင်ကို လုပ်ဆောင်ခိုင်းတာက အတော်လေးကို အကျိုးများမယ့်အရာပါ။အထူးသဖြင့် ဒီအရာက သူနဲ့တစ်ပုံစံတည်း တူနေလို့ပါပဲ။အနည်းငယ် တွက်ချက်ပြီး ၊ ကြိုတင်ပြင်ဆင်လိုက်မယ်ဆိုရင်..ဆန်နီကို တစ်ချိန်တည်းမှာတင် နေရာနှစ်နေရာမှာ တွေ့ရနိုင်တော့မှာပါ။ဒါဆိူရင် သူက ခွေးသား မဟုတ်ကြောင်းသက်သေပြနိုင်ပြီ ဖြစ်သလို ၊ တစ်ခြားအရာတွေကိုလည်း သံသယအဝင်မခံရပဲ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ဒါက ပြီးပြည့်စုံတဲ့နည်းလမ်း တစ်ခုဖြစ်ပြီး..အသုံးဝင်တဲ့နေရာတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါသေးတယ်။

ဒါပေမဲ့ အဲဒီမှာပြသနာရှိနေတယ်။

ဒီသတ္တဝါကို ကျွန်ပြုလို့ရနေတယ် ဆိုတာက..ဒါက သူ့ရဲ့ ပုံစံကို အသွင်ပြောင်းထားလို့ပါ။ဒီသားရဲသာ တစ်ခြားပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်..သူ့ရဲ့စွမ်းရည်တွေအပြင် ၊ အရိပ်ချည်နှောင်မူကနေပါ လွတ်မြောက်သွားပါလိမ့်မယ်။ဒါဆိုရင်တော့ သူက ချုပ်နှောင်မူကနေ လွတ်မြောက်သွားမှာဖြစ်ပြီး..သူလုပ်ချင်တာလုပ်တော့မှာပါ။ဆန်နီ အပေါ်ကို ဒေါသထုတ်ဖော်တာလည်း အပါအဝင်ပါပဲ။

ဒါကြောင့်ပဲ..သူက..ပုံရိပ်ကို မထိန်းချုပ်ခင်မှာ သူတော်စင်ကို ပြန်ပြီး သိမ်းထားလိုက်တာပါ။ဒီအရာက သူ့ရဲ့ ပုံစံကိုပဲ ကူးယူထားရမှာဖြစ်ပြီး..ဘယ်သူ့ကိုမှ ကူးယူထားလို့ရမှာမဟုတ်ပါဘူး။

ဟူတ်ပါတယ်..ဒီအရာကို ထိန်းချုပ်မူတွေကနေ လွတ်ထွက်မသွားအောင် အမိန့်ပေးမူတွေရှုပ်ထွေးစွာပြုလုပ်ပြီး..ထိန်းထားလို့ ရကောင်းရနိုင်မှာပါ။သို့ပေမယ့် လုံးဝမှားယွင်းမူမရှိအောင်..တားမြစ်မူတွေ လုပ်ဆောင်ဖို့ဆိုတာက..ခက်ခဲ့တဲ့အရာတစ်ခုပါပဲ။ဒီအရာက အလုပ်ဖြစ်နိုင်တယ်လို့တောင် ဆန်နီ မထင်မိပေ။

သူက တူညီတဲ့ကံတရားကနေ လွတ်မြောက်နိုင်ဖို့ နည်းလမ်းပေါင်းများစွာကို တွေးထားတာကြောင့် တစ်ခြားလူတွေထက် ပိုကောင်းကောင်း သိထားပါတယ်။စိတ်ဆန္ဒမပါတဲ့ ကျွန်တစ်ယောက်ကို ထိန်းသိမ်းထားရတာက ဘယ်လောက်တောင် ခက်ခဲတဲ့အရာလဲ..။အထူးသဖြင့် ကျွန်ပြုထားတဲ့သက်ရှိက သခင်ထက်ပိုပြီး သန်မာနေတဲ့အချိန်မှာပါ။

အဲဒီမှာအမြဲတမ်း လှည့်စားတဲ့စကားလုံးတွေ ၊ အားနည်းချက်တွေနဲ့ သခင်ရဲ့အမိန့်ကို ပြောင်းပြန်လုပ်လို့ရတဲ့အချိန်တွေက အမြဲတမ်းရှိနေပါလိမ့်မယ်။ဒီအရာကိုတော့ ဆန်နီ သေချာသိပါတယ်။

ဒီတော့..သူ ဒီ ရပ်တန့်နေတဲ့ သတ္တဝါကို ဘာလုပ်ရမလဲ။

ဆန်နီ မျက်နှာရှုပ်မဲ့စွာ ထရပ်လိုက်ပြီး..သူ့ရဲ့ပုံတူကို မျက်နှာချင်းဆိုင်လိုက်ကာ..နောင်တတွေနဲ့ကြည့်နေခဲ့တယ်။

သူ လုပ်တော့မယ့်အရာအတွက် အကြောင်းပြချက်က သိပ်တော့ မရှုပ်ထွေးပါဘူး။သူက ရိုးရှင်းစွာပဲ သခင်တစ်ယောက်မဖြစ်ချင်ခဲ့ပေ။သူက သက်ရှိအရာတစ်ခုကို ပိုင်ဆိုင်နေတာမျိုးကိူ သဘောမကျပါဘူး။

ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ ပြောလိုကိတယ်။

"မကြောက်ပါနဲ့..။ငါမင်းကို ကျွန်တစ်ယောက်အဖြစ် မသတ်မှတ်ပါဘူး။ဒါက အတော်ဆိုးဝါးတဲ့ ကံတရားတစ်ခူဖြစ်လာလိမ့်မယ်..အဲလိုမထင်ဘူးလား..။မင်းလို...မင်းလို..အိပ်မက်ဆိုးသားရဲတစ်ကောင် အတွက်တောင်မှပေါ့..."

ဒီလိုပြောပြီးတာနဲ့ သူ လက်ကိုမြောက်ပြီး လူငယ်လေးရဲ့ ပါးကို ဂရုတစိုက်ထိတွေ့ဖို့လုပ်လိုက်တယ်..။ယင်းနောက် သူ့ရဲ့ လက်တွေကို လည်ပင်းနားကိူ လွဲချလိုက်ပါတယ်။

တောက်ပတဲ့အလင်းရောင်အောက်မှာ မမြင်ရလောက်အောင်ပဲ..လအမြုတေရဲ့ တစ္ဆေဓားက ရုတ်တရက်ပေါ်လာခဲ့ပြီး..မြက်ခင်းပြင်ပေါ်ကို ကြက်သွေးရောင်သွေးစက်တွေ ကျဆင်းနေခဲ့ပါတယ်။

လူငယ်လေးဟာ မလှုပ်ရှားခဲ့ပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ ပြူးကျယ်သွားခဲ့တယ်။ခနအကြာမှာတော့ သွေးတွေက သူ့နှုတ်ခမ်းကြားထဲကနေ စီးကျလာပြီး..ဖြူဖျော့တဲ့အသားအရည်ကို အနီရောင်ပြောင်းလဲသွားစေခဲ့ပါတယ်။

ဆန်နီ သူ့ရှေ့မှာရှိနေတဲ့ သေအံ့ဆဲဆဲဖြစ်နေတဲ့ ပုံရိပ်ကို မြင်ရတာ အတော်လေး စိတ်အနှောက်ယှက်ဖြစ်နေခဲ့ပါတယ်။

..ကိုယ်သေဆုံးတာကို ပြန်မြင်နေရတာက..နေတိုင်းကြုံတွေ့နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။

'ဒါ...ဒါက...'

သူ အနည်းငယ်ဖြူဖျော့နေပေမယ့် အကြည့်ကိုမလွှဲခဲ့ပေ။

သူ့ရဲ့ရှေ့မှာတော့ သူနဲ့တစ်ပုံစံတည်းတူတဲ့လူက သွေးအိုင်ထဲမှာနစ်နေပြီး..သူ့ရဲ့ ပြတ်ရှနေတဲ့လည်ပင်းကလည်း သွေးတွေဆက်တိုက်စီးကျနေခဲ့တယ်။

ခနအကြာမှာတော့..သတ္တဝါက သေမင်းရဲ့တံခါးဝကို ရောက်သွားပြီး သူ့ရဲ့ခန္တာကိုယ်က ရုတ်တရက် တုန်လှုပ်သွားခဲ့ပါတယ်။သူ့မျက်နှာပေါ်မှာ နာကျင်ခံစားနေရတဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်။

ပုံရိပ်ရဲ့ နှုတ်ခမ်းတွေက လှုပ်ရှားသွားခဲ့ပေမယ့် အရင်ကအတိုင်းပဲ ဘာအသံမှ ထွက်ပေါ်မလာခဲ့ပါဘူး။သို့ပေမယ့် ဆန်နီကတော့ ဒီစကားလုံးတွေကို ဖတ်နိုင်နေခဲ့ပါတယ်။

"...ငါတို့...ဘယ်တော့မှ..မရှာဖွေခဲ့ကြဘူး..."

ဒါက..ပုံရိပ်က ပြောဖို့ကြိုးစားနေတဲ့အရာပါ။

ယင်းနောက် သူ့ရဲ့မျက်လုံးထဲက အလင်းတွေက မှေးမှိန်သွားခဲ့တယ်။လူငယ်လေးရဲ့ ခန္တာကိုယ်မှာ လှိုင်းတွေ ဖြစ်ပေါ်လာပြီး..ခနကြာတော့ အက်ကွဲကြောင်းတွေ ပေါ်လာခဲ့ပါတယ်။

တစ်စက္ကန့်၊ နှစ်စက္ကန့်လောင်ကြာပြီးနောက်မှာတော့ သတ္တဝါက ငွေရောင်မြက်ပင်တွေအပေါ်ပြိုလဲကျသွားခဲ့ပြီး အလင်းစက်လေးတွေအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

မြက်ခင်းပေါ်မှာတော့..မှန် အပိုင်းအစလေးတစ်ခုတည်းသာ ကျန်ရစ်နေခဲ့ပြီး..အေးစက်တဲ့အမှောင်ထုကိုသာ အလင်းပြန်နေခဲ့တယ်။

ဆန်နီ ဒီအရာကို အံ့ဩသင့်စွာကြည့်နေတုနိးမှာပဲ အခိုက်အတိုက်ရဲ့ တီးတိုးရေရွတ်တဲ့ အသံ ထွက်ပေါ်လာခဲ့ပါတယ်။

[ သင်က တက်ရောက်မူအဆင့် ပုံရိပ်ထင်ဟပ်ခြင်း ၊ မှန်သားရဲ ကို သတ်ဖြတ်လိုက်ပါပြီ ]

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

'ခနလေး..အဲတာက ဘာကိုပြောသွားတာလဲ..'

သို့ပေမယ့် အခိုက်အတန့်ရဲ့ ပြောကြားမူက မရပ်တန့်ခဲ့ပေ။

[ ...သင်က မှတ်သားမူတစ်ခု ရရှိပါသည် ]

All Chapters